အပိုင်း ၁၀၄ (Extra)
Viewers 21k

Chapter 104

Extra 1.3.1




ရှဲ့ယွင်နန်က မြင့်မြတ်မြို့တော်သို့ ပြန်လာလိုက်သည်။ 


တစ်ဖက်အဖွဲ့က သူ့ကို လုပ်ကြံရန် ဤတစ်ကြိမ်တွင် လူအင်အားအများအပြား သုံးခဲ့သည့်တိုင် အကြံအစည် ကျဆုံးခဲ့ဆဲပင်။ 


သူတို့အတွက်လည်း ဤကဲ့သို့ အကြီးအကျယ် လုပ်ကြံသတ်ဖြတ်ရန်မှာ မလွယ်ကူလှရာ သူ့ကို အလွှတ်ပေးနိုင်မည် မဟုတ်ချေ။ 


သူ မသေသေးကြောင်း သိလိုက်ရပါလျှင် နောက်တစ်ကြိမ် ထပ်ရောက်လာကြမည် ဖြစ်သည်။ 


ရှဲ့ယွင်နန်၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လှသည်။ သူ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆရာဝန်က ချက်ခြင်း စမ်းသပ်စစ်ဆေးပေးကာ ဆေးစစ်ချက်အရ သူ အသက်ရှင်နေခြင်းကပင်လျှင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေပြီဟု ပြောလာခဲ့သည်။


သူ့အတွင်းအင်္ဂါအားလုံး ပျက်စီးသွားခဲ့၏။ 


သူ့ကို အရေးပေါ်ခန်းထဲ ဆွဲထည့်ကာ ဆရာဝန်က အသုံးပြု၍ ရသမျှ ဆေးအားလုံးကို ပေးခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာ အနည်းငယ်ပင် ပြန်သက်သာမလာခဲ့။ ထို့ကြောင့် အရေးပေါ်ခန်းမှ ပြန်ထုတ်လာခဲ့ရတော့သည်။ 


ခွဲစိတ်ခန်းတံခါး ပွင့်လာသည့်အခါ ရှဲ့ယွင်နန်က သူ့ကို အပြင်ဘက်တွင် ထိုင်စောင့်နေသူများအား ပြုံးပြလိုက်သည်။ 


ရှချင်၊ လုရှောင်ရန်နှင့် အခြားစောင့်နေသူများအားလုံးမှာ မျက်လုံးများ နီရဲနေကြသော်ငြား သူတို့၏ အမူအယာကို ထိန်းချုပ်ထားကြသည်။ အရူးလေး တစ်ဦးတည်းကသာ ဝမ်းနည်းပက်လက် ငိုကြွေးရင်း သူ့ထံ ပြေးဝင်လာ၏။ 


သို့သော် လုရှောင်ရန်က သူ့အင်္ကျီကော်လာစကို ဆွဲကိုင်ထားသည်။ လုရှောင်ရန်က အရူးလေးကို ရှဲ့ယွင်နန်ထံမှ ဆွဲခွါရန် သူ့ဟက်စကီး အရူးကောင်အား ထိန်းချုပ်ရန် သင်ယူထားခဲ့သည့် နည်းလမ်းများကို အသုံးပြုခဲ့၏။ 


အရူးလေးက အော်ဟစ်နေဆဲပင်။ 


“လာပါ .. ခင် .. ခင်ဗျား မသေရဘူး ...”


အခြားလူများက သူ့ကို ပေါက်ကရများ ပြောနေသည်ဟု ထင်ကြသော်ငြား ရှဲ့ယွင်နန်ကမူ အရူးလေး၏ ဆိုလိုရင်းကို သဘောပေါက်လိုက်ပေသည်။ 


ရှဲ့ယွင်နန်က အရူးလေး စိတ်ချသွားစေရန် သူ့ကို ကြည့်ကာ ပြောလိုက်သည်။ 


“စောင့်နေမလား ...”


အရူးလေးက သူ့ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် တုန့်ဆိုင်းစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


“အင်း ...”


ထို့နောက် ဆေးရုံထဲ ဝင်သွားကြသည်။ 


ယခင်က ဆရာဝန်များက သူ့ကို တိုက်ပွဲသို့ မသွားရန်နှင့် မည်သည့်အရာမှ မလုပ်ရန် မှာခဲ့ဖူးသည်။ 


သို့သော် ယခုမူ ထိုဆရာဝန်များသည်လည်း အသံတိတ်လျက်ဖြင့် သူ့ကို အထူးတလည် စီမံထားသည့် အကိုက်အခဲပျောက်ဆေးများကိုသာ အများအပြား ပေးလိုက်ရတော့သည်။ 


“ရှေ့လျှောက် မင်းလုပ်ချင်တာ လုပ်လို့ရ ...”


ဆရာဝန်၏ စကားမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ 


ရှဲ့ယွင်နန်က သူ့ကို ပြုံးပြလိုက်၏။


“ဟုတ်ကဲ့ ...”


သူသည် ဆရာဝန်၏ အကြောင်းအရင်းကို သိနေ၍ ဖြစ်သည်။ 


ဟိုးယခင်ကတည်းက သူသည် မည်သည့်အရာကိုမှ အရသာ မခံနိုင်၊ ပမာဏအနည်းငယ် ပိုစားမိလာလျှင် အစာအိမ်က ချက်ခြင်း ပုန်ကန်လာခဲ့သည်။ 


သူ့အဖို့ အစားစားခြင်းမှာ အသက်ရှင်သန်ရန်မျှသာ ဖြစ်ကာ စားလိုစိတ် လုံးဝ မရှိခဲ့ပေ။ 


ရှဲ့ယွင်နန်က အရူးလေးကို တွေ့လိုလာ၏။ 


သူက လှဲနေကာ ဆရာဝန်က ဘေးတွင် မတ်တပ်ရပ်နေပြီး အရူးလေးကမူ သူ့ဘေးနားတွင် မျက်ရည်စက်လက်ဖြင့် ရှိနေ၏။ ဤမြင်ကွင်းကို ယခင်ကလည်း ကြုံတွေ့ဖူးသည့်ဟန် အလွန်ရင်းနှီးနေပေသည်။ 


သူက အရူးလေးကို မွေးစားရန် တွေးထားခဲ့ဖူးသည့်အတွက် ရှုပ်ထွေးသော ပတ်သက်မှုမျိုးဖြင့် အဆုံးမသတ်လို။ 


ရှဲ့ယွင်နန် “ဒေါက်တာ .. သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု လုပ်ပေးဖို့ စီစဉ်ပေးပါဦး ခေါင်းစခြေဆုံး စစ်ဆေးပေးနိုင်ရင် ပိုကောင်းတယ်...”


သူ့အသံမှာ အလွန် အက်ကွဲနေကာ စကားတစ်ခွန်းမျှ ပြောနိုင်ရန်ကိုပင် မနည်း အားစိုက်ထုတ်နေရသည်။ 


ထို့နောက် ဆရာဝန်က သက်ပြင်းချကာ ဘာသိဘာသာ ထိုင်နေသည့် အရူးလေးကို လှမ်းကြည့်လိုက်သည်။ 


အရူးလေးက ဆရာဝန်နှင့် ပြသရန် ငြင်းနေသည့်အတွက် ရှဲ့ယွင်နန်က သူ့ကို ချော့မော့ကာ ပြောလိုက်သည်။ 


“လိမ်လိမ်မာမာနဲ့ သွားပြီး စစ်ဆေးလိုက်နော် ကိုယ် ဒီကနေ စောင့်နေမယ် ...”


အရူးလေးက စကားတစ်ခွန်းမှ မပြောဘဲ သူ့ကုတင်ခြေရင်းတွင်သာ ဆက်ပြီး ထိုင်နေသည်။ 


ရှဲ့ယွင်နန်မှာ ဤသို့သာ ပြောလိုက်ရတော့သည်။ 


“ဒါဆို .. ကိုယ်လည်း အတူတူ လိုက်ခဲ့ပေးမယ် ...”


ဆေးရုံကုတင်ပေါ်တွင် လှဲလျက်နှင့်ပင် စစ်ဆေးမှု သွားလုပ်သည့် အရူးလေး၏ အနောက်သို့ လိုက်လာခဲ့ရတော့သည်။ 


အရူးလေး၏ အတိတ်အကြောင်းကို သိထားသည့် ရှချင်က ရှောင်ဟွားကို ဆက်သွယ်ကာ အရူးလေး၏ သရုပ်မှန်ကို အတည်ပြုလိုက်သည်။ 


သူမ၏ စကားများအရ ထိုကလေးမှာ တစ်နှစ်ကျော်ခန့် ပျောက်နေကာ ရှောင်ဟွား၏ ကြောင်သည်ပင် သူ မည်သည့်နေရာသို့ ရောက်နေမှန်း ရှာမတွေ့ခဲ့။ ဒဏ်ရာရနေသူကို ကယ်တင်ရန် ထိုအရူးလေးက မည်သည့်နေရာမှ ရောက်လာကြောင်းကိုမူ မည်သူမှ မသိကြချေ။ 


သူ ရန်သူများနှင့် တိုက်ခိုက်ခဲ့သည့် နေရာနှင့် အရူးလေးနှင့်အတူ နေခဲ့သည့် လှိုဏ်ဂူမှာ အလွန် ဝေးကွာလှသည်။ သူတို့ကို ရှာတွေ့နိုင်ရန် လုရှောင်ရန်နှင့် သူ့အဖော်သားရဲသည်ပင် နှစ်နာရီဆက်တိုက် အားကုန်သုံးကာ ပြေးလွှားခဲ့ရ၏။ 


ထို့ကြောင့်လည်း သူ့ကို ရှာတွေ့ရန် တစ်ရက်နှင့် တစ်ညတိုင်တိုင် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်။ အားလုံးက ရှဲ့ယွင်နန်ကို သေပြီဟုပင် ထင်ထားခဲ့ကြသည်။


အရူးလေးက သူ့ကျေးဇူးရှင်ပင် ဖြစ်သည်။ သူသည် အိုင်ကျူပိုင်းဆိုင်ရာ၌ ပြဿနာ ရှိနေသည့် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသော ကလေးတစ်ဦးသာ ဖြစ်၏။ လုရှောင်ရန်၊ ရှချင်နှင့် အခြားသူအားလုံးကလည်း သူတို့၏ သံသယစိတ်များကို စွန့်လွှတ်ကာ အရူးလေးကို သူတို့နှင့် တစ်ဖွဲ့တည်းဟု သတ်မှတ်လိုက်ကြတော့သည်။ 


ထို့ကြောင့် အရူးလေး၏ စစ်ဆေးချက် ခံယူရာ အခန်းသို့ ရှဲ့ယွင်နန်သာမက သူတို့အားလုံးပါ လိုက်လာခဲ့ကြသည်။ 


ရှဲ့ယွင်နန်၏ ဆေးစစ်ချက်မှာ လွန်စွာ ရှုပ်ထွေးလှသော်ငြား အရူးလေးကမူ .. သူတို့အားလုံးထက် များစွာ ကောင်းမွန်နေပေသည်။ 


သူ့တွင် အပြစ်အနာအဆာဟူ၍ တစ်ခုမျှပင် မရှိ။ 


ထို့အပြင် သူက ယဇ်ဆရာ သို့မဟုတ် စီနီယာအဆင့် ယဇ်ဆရာအဖြစ် နိုးထနေသည်ဟုပင် စစ်ဆေးတွေ့ရှိခဲ့သေးသည်။ 


မွန်မြတ်ခြင်းကျောင်းတော်၏ ပထမနှင့် ဒုတိယအကြီးအကဲ တစ်ဖြစ်လဲ မြင့်မြတ်မြို့တော်၏ နာမည်ကျော် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးမှာ မရှိကြတော့။ ထို့ကြောင့် လက်ရှိအချိန်တွင် စီနီယာအဆင့် ယဇ်ဆရာဟူ၍ တစ်ဦးမှ မကျန်ရှိတော့ပေ။ 


ထို့အပြင် အရူးလေက စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာလိမ့်မည်ဟုလည်း မည်သူကမှ ထင်မထားကြ။ 


စီနီယာအဆင့် ယဇ်ဆရာသာ ရှိလာပါလျှင် သူတို့၏ ဘက်တော်သား နဝမအဆင့် တိုက်ခိုက်သူများအဖို့ ကုသမည့်သူ မရှိမည်ကို စိုးရိမ်နေရန် မလိုအပ်တော့။ ထို့အပြင် ရန်သူ့ဘက်တော်သား နဝမအဆင့် တိုက်ခိုက်သူများသည်လည်း သူတို့ဘက်သို့ ခိုလှုံလာနိုင်ပေသည်။ 


ဤသည်မှာ အားလုံးအတွက် သတင်းကောင်းဖြစ်ရာ ရှချင်သည် မျက်ရည်များ ကျဆင်းလျက်နှင့်ပင် ဝမ်းသာအားရ ပြုံးမိသွားတော့သည်။ 


“သူ ရှင့်ကို ကယ်တင်နိုင်တာ မထူးဆန်းတော့ပါဘူး .. သူက ကုရော ကုသပေးနိုင်လောက်လား ...”


ရှဲ့ယွင်နန်က စိတ်စွမ်းအင်ကို အသုံးပြု၍ ပိုမိုတိကျစွာ စစ်ဆေးခြင်းကို လုပ်ဆောင်ရန် ငြင်းဆန်နေသည့် အရူးလေးကို ငေးကြည့်ကာ ပြောလိုက်သည်။ 


“ဒီခန္ဓာကိုယ်က အရမ်းကို ပျက်စီးလွန်းနေပြီ ...”


ဆရာဝန်က သူ့ကို စီနီယာအဆင့် ယဇ်ဆရာပင် ကုသပေးနိုင်မည်မဟုတ်ဟု ပြောခဲ့ဖူးသည်မှာ လွန်စွာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့အပြင် ယခုလက်ရှိ သူ့အခြေအနေမှာ ထိုအချိန်ကထက်ပင် များစွာ ဆိုးရွားနေပေရာ ...


အရူးလေးက သူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခဲ့သည့်တိုင် မကယ်တင်နိုင်ပေ။ 


ထိုအကြောင်းကို ရှချင်လည်း သိထားသည့်အတွက် မျက်ရည်စများကိုသာ အသံတိတ် သုတ်လိုက်ရတော့သည်။ 


အရူးလေးက စစ်ဆေးချက် ပြီးသည့်အခါ ဝမ်းသာအားရ ပြန်ထွက်လာကာ ရှဲ့ယွင်နန်၏ ကုတင်ပေါ် တက်၍ ဘေးတွင် ဝင်လှဲလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ကို လှည့်ကြည့်လိုက်ပြီးနောက် ရှချင်ကို ပြောလိုက်သည်။ 


“သူ ငါနဲ့အတူ နေလို့ရတယ် ....”


အရူးလေးမှာ အလွန် ဝမ်းသာသွားသည့်နှယ် မျက်နှာတစ်ခုလုံး ဝင်းလက်သွားတော့၏။


ရှချင် “နေလို့ရတာပေါ့ ...”


အရူးလေးက ရှဲ့ယွင်နန်ကို မကုသနိုင်သည့်တိုင် ပိုပြီး သက်သာလာအောင် ကူညီပေးနိုင်မည်ဖြစ်သည်။  


ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။ 


“ရှချင် ... ငါ မသေဘူးဆိုတော့ .. အရင်အစီအစဉ်အတိုင်းပဲ ဆက်သွားမယ် ...”


ရှချင်က ကြောင်အသွား၏။ 


ရှဲ့ယွင်နန်က အထူးကြပ်မတ်ဆောင်တွင် ကာလကြာရှည် နေထိုင်ရန် လျှောက်ထားလိုက်သည်။ 


သူတို့နှစ်ဦး အတူတူ နေနိုင်ကြောင်း သိလိုက်ရသည့်အခါ အရူးလေးက အလွန် ဝမ်းသာသွားကာ ရှဲ့ယွင်နန်ကို ဆက်တိုက် ပြုံးပြနေလိုက်တော့သည်။ သို့သော် ရှဲ့ယွင်နန်ကမူ အနည်းငယ် နေရခက်နေ၏။ 


ဘာကြောင့် ထိုသို့ လုပ်ခဲ့မိမှန်း သူ့ကိုယ်သူလည်း သိနေပေသည်။ 


သူက ဤအနွေးဓာတ်ကို တောင့်တနေမိသည်။ 


သူက ထိုအရူးလေးကို အလွန် သဘောကျမိကာ သူနှင့်သာ အတူရှိနေလိုသည်။ 


သူ့ကို အရိုးရှင်းဆုံး သဘောကျတဲ့သူ ပြီးတော့ သူ ရှိနေတဲ့အချိန်မှာ တစ်ခြားနေရာကို တစ်ချက်လေးတောင် အကြည့်မပို့တဲ့သူ .. ဒီလိုမျိုး သန့်စင်တဲ့ ချစ်ခြင်းမေတ္တာက ဘယ်လိုလုပ် သူ့နှလုံးသားကို မလှုပ်ခတ်စေဘဲ နေပါ့မလဲ ....


အရူးလေးက သူ့သက်တမ်းကို ပိုဆွဲဆန့်ပေးနိုင်မည့်အပြင် ဘဝ၏ နောက်ဆုံးအချိန်များကိုလည်း သက်တောင့်သက်သာ ဖြတ်သန်းနိုင်အောင် လုပ်ပေးနိုင်ပေသည်။ 


ထိုသို့ဖြင့် သူနှင့် အရူးလေး၏ ဆက်ဆံရေးမှာလည်း ကျိုးကြောင်းမဆီလျော်၊ ရှုပ်ယှက်ခတ်နေသည်ဟုဆိုကာ ပျက်စီးသွားပေလိမ့်မည်။ 


သူက မည်သည့်အရာကိုမှ မသိသည့် အရူးလေးကို အနိုင်ကျင့်ကာ လူငယ်လေးကို သူနှင့် အတူ နေရန် ဖျားယောင်းလှည့်စားသည့် လူအိုကြီးတစ်ဦးပင်။ 


သူက .. ဤအရူးလေး၏ အဖေပင် ဖြစ်နိုင်သေး၏။ 


ရှဲ့ယွင်နန်က အိပ်ယာဘေးတွင် လှဲလျက်ဖြင့် သူ့ဘေးတွင် ပတ်ပြေးနေသော အရူးလေးကို ကြည့်နေလိုက်သည်။ 


တစ်ခဏမျှ လှည့်ပတ်ပြေးပြီးနောက် အရူးလေးက သူ့အနီးသို့ လျှောက်လာကာ ခပ်တိုးတိုး ပြောလိုက်သည်။ 


“ခင်ဗျား .. မသေနဲ့နော် ကျွန်တော် ခင်ဗျားကို လိုချင်တယ် ...”


“ဒီနားလာခဲ့ ...”


ရှဲ့ယွင်နန်က လက်ယပ်ခေါ်လိုက်သည်။ 


အရူးလေးက နာနာခံခံဖြင့် အနားသို့ ရောက်လာကာ ကုတင်ပေါ် တက်လိုက်သည်။ 


“ပိုတိုးလာခဲ့ဦး ...”


အရူးလေးက သူ့အနားသို့ တိုးကပ်လာလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။ 


“လာခဲ့ ...”


ထိုကဲ့သို့ မလုပ်သင့်မှန်း သိသော်ငြား သူက ထိုဆက်ဆံရေးအား ထိန်းသိမ်းထားရန်ကိုသာ ရွေးချယ်မိလိုက်သည်။ သူ့အပြုအမူကို စိတ်ပျက်မိသည့်တိုင် မစွန့်လွှတ်နိုင်။


လူငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်လာကာ အနွေးဓာတ်က သူ့ကိုပါ ကူးစက်လာခဲ့သည်။ 


လမ်းတစ်ဝက်မှာပင် အရူးလေးက ရပ်တန့်လိုက်သော်ငြား ရှဲ့ယွင်နန်က သူ့ကို ပွေ့ဖက်ထားကာ ထွက်သွားခွင့် မပြုခဲ့။ 


“ဆက်လုပ် ...”


အရူးလေးက ကြောင်အသွားသည်။ 


“.. ကျွန်တော့်မှာ အားမရှိဘူး ...”


အရူးလေး ဆိုလိုသည့် “အား”မှာ စိတ်စွမ်းအင်ကို ဆိုလိုခြင်း ဖြစ်သည်။ 


ရှဲ့ယွင်နန်က သူ့ကို ပြုံးပြကာ နမ်းရှိုက်လိုက်သည်။ 


“မင်းလည်း မသက်မသာ မဖြစ်ဘူးလား ဆက်လုပ်လေ ...”


အရူးလေးက ရှေ့ဆက်တိုးလိုက်ကာ .. ထို့နောက် အားလုံး ပြီးဆုံးသွားသည့်အခါ သူ့မျက်လုံးများ ဝင်းလက်သွားပြီး အနည်းငယ်လည်း ရှက်ရွံ့သွားတော့၏။ 


“.. ဒါက အိပ်ယာထဲမှာ အပေါ့သွားလိုက်မိသလိုကြီးပဲ ...”


“...”


ရှဲ့ယွင်နန်က သက်ပြင်းချကာ သူ့နှလုံးသားထဲမှ အပြစ်ရှိစိတ်များကို ဖိနှိပ်ရင်း ရှင်းပြလိုက်သည်။ 


“ဒါက အိပ်ယာထဲမှာ ပေါက်ချမိတာမျိုး မဟုတ်ဘူး ...”


သူက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ အရူးလေးအား အသိပညာပေးရန် ကြိုးစားလိုက်သည်။ 


“အာ .. ဒီလိုလား ...”


အရူးလေးက မေးလိုက်သည်။ 


“ဟုတ်တယ် ...”


ရှဲ့ယွင်နန်က သူ့ကို နက်နဲစွာ စိုက်ကြည့်လိုက်သည်။ 


အရူးလေးက အလွန် ဝမ်းသာသွားကာ သူ့ကို မှီချလျက် တရစပ် နမ်းရှိုက်လာတော့၏။ သူ အိပ်ပျော်သည်အထိ ပွေ့ဖက်ထားလိုနေဟန်ပင်။ 


ရှဲ့ယွင်နန်သည် သေခြင်းရှင်ခြင်းကို ကြိမ်ဖန်များစွာ ဖြတ်ကျော်ရလုနီးနီး ဖြစ်ခဲ့သည့်အတွက် သူ့အနီးတွင် လှုပ်ရှားမှု အနည်းငယ် ရှိနေလျှင်ပင် အိပ်မပျော်နိုင်ခဲ့။ သို့သော် ယခုမူ အရူးလေး၏ ပွေ့ဖက်မှုကို ခံယူရင်း အလျင်အမြန် အိပ်မောကျသွားတော့သည်။ နောက်တစ်နေ့မနက် နိုးလာသည့်အခါ ဖြစ်ခဲ့သမျှမှာ အိပ်မက်လေလားဟုပင် ထင်မိတော့သည်။ 


သို့သော် သူ့ကျန်းမာရေးမှာမူ ညံ့ဖျင်းနေဆဲပင်။ 


အရူးလေးက သူ့ထံ စိတ်စွမ်းအင်များ လွှဲပေးကာ ကယ်တင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာ လေလျော့နေပြီဖြစ်သည့် ပူဖောင်းတစ်လုံးနှယ်ပင်။ အရူးလေးက လေများ မည်မျှပင် ထည့်သွင်းပေးနေပါစေ တစ်ဖြည်းဖြည်းချင်းစီ ပြန်ထွက်လာနေတော့သည်။ 


အရူးလေးက အိပ်ယာပေါ်သို့ ဆက်တိုက် တက်လာသည့်တိုင် အလုပ်မဖြစ်။ လုရှောင်ရန်နှင့် ရှချင်က သူ့ကို လာတွေ့သည့်အခါ သူနှင့် အရူးလေးအကြားရှိ ဆက်ဆံရေးကို တွေ့ရှိသွားကြတော့သည်။ 


အရူးလေးက မည်ကဲ့သို့ ဖုံးကွယ်ရမည်မှန်း မသိ။ သူ့အကြည့်တစ်ခုလုံး ရှဲ့ယွင်နန်ဖြင့်သာ ပြည့်နှက်နေကာ အခွင့်အရေး ရလေတိုင်း သူ့ကို ထိတွေ့နမ်းရှိုက်နေတတ်သည့်အတွက် သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ သာမန်မဟုတ်မှန်း မျက်လုံးပါသူတိုင်း မြင်နိုင်ပေသည်။ 


ထို့အပြင် သူကိုယ်တိုင်ကလည်း ဖုံးကွယ်လိုခြင်း မရှိပေ။ 


ရှချင်က လုရှောင်ရန်အား အရူးလေးကို အပြင်ခေါ်ထုတ်သွားရန် ပြောကာ ရှဲ့ယွင်နန်နှင့် သီးသန့် စကားပြောလိုက်သည်။ 


“မြို့အရှင် .. ရှင်နဲ့ သို့သို့က ...”


“ငါတို့က အတူတူ ရှိနေကြပြီ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ရှချင်က အလွန် အံ့ဩသွား၍ ပြောစရာစကားပင် မရှိတော့။ 


“ရှင် .. ရှင် သူ့ကို ကြိုက်နေတာလား ...”


“ဟုတ်တယ် ...”


ရှဲ့ယွင်နန်က ပြုံးပြလိုက်သည်။ 



1.3.1