အပိုင်း ၂၀
Viewers 6k

Chapter 20



အချိန်အတော်ကြာအောင် လေ့ကျင်ခန်းဆင်းခဲ့ရသော်လည်း ဤအရာက ကျန်းဝေရဲ့စကားအများအပြားပြောတာကို ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။


သူက အလေးအနက်ထား၍ပြန်စကားဆိုလိုက်သည်။


"စိတ်မပူပါနဲ့ ကျွန်တော်ဒီပညာကိုမဖြုန်းတီးပါဘူး" 


ကျန်းဝေ က ခေါင်းညိတ်ပြကာ သူ့ဘေးမှ ရွှီလော့ယန် ကို ကြည့်လာသည်။


"မင်းရောက်လာတိုင်း မင်းငါ့ကို လာဘ်ထိုးဖို့ ဝိုင်ပုလင်းယူလာပေးတတ်တယ် ငါကလည်းဘဲ ချီချန်အန်းကို ဂရုတစိုက်နဲ့ သင်ပေးတယ် အခု‌တော့မင်းကိုငါ ဘာမှ ပေးစရာမလိုတော့ဘူးပေါ့ တစ်ခုခုလိုချင်ရင် ချီချန်အန်းကို ကိုယ်တိုင်ရှာပြီးလိုချင်တာကိုပြောခိုင်း လုပ်ပြီးရင် မင်းဆီပို့ပေးလိုက်မယ် “


ရွှီလော့ယန်က မျက်လုံးတွေမှတ်ကျသည်အထိပြုံးလိုက်ကာ-"ဒါဆို...မှတ်ထားလိုက်ပြီနော်"


ကျန်းဝေက စီးကရက်တစ်လိပ်ကိုယူပြီး သူ့ရှေ့တွင် ယဉ်ကျေးပျူငှာသော လူငယ်လေးအား ကြည့်လိုက်ပြီး "ငါမပြောသင့်ဘူးဆိုပေ့မယ် ချန်အန်းက ငယ်သေးတယ် သူရုန်းမထွက်နိုင်တဲ့ အရာဆိုတာမရှိသင့်ဘူး" 


သူက နှေးကွေးလေးလံသည့် အသံဖြင့်ပြောလာခြင်းပင်။


ရွှီလော့ယန်က အံ့ဩသင့်သွားပြီး နောက်ဆုံးတွင် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။


ကိရိယာသေတ္တာနှင့်အတူ ဝင်းတံခါးဆီသို့ လျှောက်သွားသည့်၊ချီချန်အန်းက တဖန်လှည့်၍ တံစက်မြိတ်အောက်တွင် ရပ်နေသော ကျန်းအား လေးနက်စွာ ဦးညွှတ်ပြလိုက်သည်။


ထို့နောက် သူတို့နှစ်ဦးက ရဲစခန်းသို့ လျှောက်လာလိုက်ကြသည်။ ဤသည်က ချီချန်အန်းအနေဖြင့် ရွှီလော့ယန်နှင့်အတူ ရဲသားဟောင်းတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ အခြားတစ်ဖက်မှလူက မဲနက်သော အသားအရည်နှင့် မျက်လုံးထောင့်တွင် နက်ရှိုင်းသော အမာရွတ်ရှိသည်။ သူက တံခါးနားမှာ ဆေးလိပ်သောက်နေတာပင်။ မတ်တပ်ရပ်ရုံဖြင့် ထိူသူ၏ မကောင်းသောစရိုက်လက္ခဏာများအားမြင်နေရသည်။


ရွှီလော့ယန် က လျှောက်၀င်လာကာ အပြုံးလေးဖြင့်ပြောလိုက်သည်။


"ရှန်းကောကတော့ဒီနေ့လည်းပဲ အရမ်းချောနေတော့တာပဲ"


"အရမ်းကြီးဖြစ်နေနေ နည်းနည်းလေးဘဲဖြစ်နေနေ စကားကို ကောင်းကောင်းပြောစမ်းပါကွ" 


ရှန်းကျန်းက စီးကရက်ကို တောက်လိုက်ပြီးနောက် အပြုံးလေးဖြ၈့်ကြိမ်းမောင်းချိန်တွင် သူ့အပြုံးကြောင့် အမာရွတ်က ပို၍ပင် ကြီးမားနက်ရှိုင်းသွားသယောင်ဖြစ်သွား၏။


"မင်းနဲ့ ပက်သက်ပြီး ဘာကိစ္စလေးတွေရှိနေသေးလို့လဲ မင်းကို ကစားဖို့ ငါခေါ်သွားပေးပါတယ်နော် ငါမရိုင်းခဲ့ဘူးမလား“


"ကောလိုဆရာမျိုးဒီလောကမှာမရှိတော့တဲ့ပုံပဲ"


ရွှီလော့ယန်က ထိုသို့ပြောလိုက်ပေမယ့် အိတ်ထဲက အနီရောင်အထုပ်တစ်ထုပ်ကို အမြန်ယူလိုက်ပြီး လွှဲပေးလိုက်သည်။


ရှန်းကျန်းက ထိုအရာအား ကိုင်လိုက်တာနှင့် သူက ဘာလဲဆိုတာ သိသွားပြီး သူ့မျက်နှာပေါ်က အပြုံးမှာချက်ချင်းပင် ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလာ၏။


"မင်း ဘာကို ဆိုလိုတာလဲ မော့တိုင်း ပုလင်းနှစ်ပုလင်းကကော ငါတို့ သဘောတူထားတယ်‌လေ “


ရွှီလော့ာန်က ပြုံးနေဆဲဖြစ်ကာ ပုံမှန်အတိုင်း ယုံကြည့်မှုအပြည့်နှင့်ဖြစ်နေဆဲပေ။

"မော့တိုင်းက အရမ်းလေးတယ် ကျွန်တော်ယူလာဖို့အဆင်မပြေဘူး.... ကိုယ်တိုင်သွားဝယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်မှာ ကျန်တာအများကြီးမရှိဘူးဆိုပေမယ့် ပိုက်ဆံတော့အများကြီးရှိတယ် "


သူက နောက်ပြန်ဆုတ်ပြီးပြောလိုက်သည်။


"ကောတကယ်လို့လက်ခံရင် ကောကို အစ်ကိုတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး အားလပ်ရက်တိုင်းမှာ စာတိုပို့မယ် တကယ်လို့များ ကောမယူရင်တော့ ကျွန်တော်ထွက်ပြေးမယ်"


ရှန်းကျန်းက စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးနောက် အသက်ရှုထုတ်ကာ ရွှီလော့ယန်၏ ပုခုံးပေါ်ကို သူ့ရဲ့ ကြမ်းတမ်းသော လက်ဖဝါးဖြင့် ပုတ်လိုက်သည်။


"ကျေးဇူးတင်ပါတယ် ငါ့ညီ"


ညစာစားရမည့် နေရာသို့ရောက်တဲ့အခါ ချီချန်းအန်းက မေးလာသည်။


"မင်းဘာတွေပေးလိုက်တာလဲ"


 "ဘဏ်ကတ်တွေ" 


ရွှီလော့ယန်က သူ့လက်ချောင်းတွေအား ချိုးဆစ်ကာ ရေတွက်လိုက်သည်။


"အကိုကြီးရဲ့ မိသားစုဆီ သွားဖို့ မလွယ်ဘူး.....သူက မူးယစ်ဆေးဝါးဂိုဏ်း နှိမ်နင်းခဲ့ဖူးပေမယ့် နောက်ပိုင်း သူ့အထက်လူကြီးတွေရဲ့ စကားကို နားမထောင်ဘဲ မူးယစ်ဆေးရောင်းတဲ့သူကို သတ်ပစ်လိုက်တယ်လေ...... ဖရိုဖရဲ ဂိုဏ်းကွဲ တော်လှန်မှုတွေကြောင့် သူ့က ဖိနှိမ့်တာ ခံခဲ့ရတယ်လေ..... သူ မူးယစ်ဆေးတိုက်ဖျက်နေတဲ့ အချိန်တုန်းက လူပေါင်းများစွာကို တိုက်ခိုက်ခဲ့ရပြီး ရန်သူတွေ သူ့ဆီရောက်လာမှာကို စိုးရိမ်လို့ သူ့မိသားစုကို ချင်းလီမြို့ကို ခေါ်လာခဲ့ရတယ်လေ..... သူ့အရင်တုန်းကအထက်လူကြီးကဒီနေရာမှာ ရှိနေတုန်းမို့လို့ ရဲစခန်းမှာ အလုပ်နေရာပေး ကူညီပေးလိုက်တယ်လေ လွတ်လွတ်လပ်လပ်နဲ့ သူ့မိသားစုကို ပြုစုစောင့်ရှောက်နိုင်အောင်ပေါ့ “


 ရွှီလော့ယန်က ချီချန်အန်းကို လက်ဖက်ရည်တစ်ခွက်ငဲ့ပေးရန် ကူညီကာ ဆက်ပြောလိုက်သည်။


"ရှန်းကော မှာ ဒဏ်ရာဟောင်းရှိတယ်....ရာသီဥတုပြောင်းသွားတာနဲ့အမျှခံစားရတယ်လေ သူ့အမေကလည်း လေဖြတ်ရောဂါခံစားနေရတာ နှစ်အတော်ကြာနေပြီ သူမကို ပြုစုစောင့်ရှောက်ဖို့က သူ့အပေါ် မူတည်နေတာလေ အကိုကြီးရဲ့ဇနီးသည်က အရင်တစ်ခါက သူ့အိမ်သို့ ရောက်လာတဲ့ မူးယစ်ဆေးရောင်းသူတစ်ဦးဆီကနေ ဓားထိုးခံခဲ့ရတယ်လေ.... သူမကိုယ်တိုင်ကလည််း မြုံသွားပြီး ကျန်းမာရေးချို့တဲ့တယ်....သူမက တစ်ချိန်လုံး ဆေးသောက်နေရတာ.... ပိုက်ဆံပေးရတာထက် ဘာမဆိုလိုတာတွေ ပို့ပေးတာက ပိုကောင်းတယ်လို့ တွေးခဲ့သေးတယ် “


ချီချန်းအန်း၏ မျက်လုံးတွေက သူ့ကိုယ်စေ့စေ့ကြည့်နေတာကို မြင်လိုက်ရတော့ ရွှီလော့ယန်က တိုးတိုးလေးပြောလာသည်။ 


"ကျွန်တော်မြင်တဲ့အတိုင်းဆိုရင်ဝိုင်ပုလင်းအောက်မှာ မင်းလည်း ဘဏ်ကတ် ထည့်ပေးလိုက်တယ်လေ ဟုတ်တယ်မလား"


ချီချန်အန်း က ခေါင်းညိတ်ပြီး ၀န်ခံသည်။


"အင်း ဆရာကြီး ကျန်းက ပစ္စည်းကောင်းတစ်ခုအကြောင်း စဉ်းစားနေပေမယ့် ဝယ်ဖို့ ဝန်လေးနေခဲ့တာ"


 နှစ်ယောက်သား အပြန်အလှန်ကြည့်ပြီး ပြုံးမိလိုက်ကြသည်။


 ရွှီလော့ယန်က လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး"ကျွန်တော်တို့ရဲ့ အတွေ့အကြုံလေ့ကျင့်တဲ့ဘ၀တွေ အောင်မြင်သွားတဲ့ အတွက်ဂုဏ်ယူပါတယ် ပြီးတော့ ပျော်ပျော်ရွှင်ရွှင်လေးပူးပေါင်းဆောင်ရွက်ကြရအောင်"


ချီချန်အန်းကလည်း ခွက်ကို ကောက်ကိုင်လိုက်ပြီးနောက် ဖန်ခွက်တွေဆီမှ ကြည်လင်ပြတ်သားသော ထိတွေ့မိသံပေါ်လာကာ "ကောင်းပြီ၊ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်ကြတာပေါ့"


မင်းနဲ့သာအတူတူဆိုရင် အမြဲတမ်း ပျော်စရာတွေဘဲဖြစ်နေမှာပါ.....


နောက်နေ့မနက်စောစော၌ အဖွဲ့ရဲ့ ဘက်စ်ကားက လာကြိုသည်။ ဘတ်စ်ကားပေါ်တက်ပြီးမှသာ ရွှီလော့ယန်သည် ထိုကာလအတွင်း ဒါရိုက်တာကျန်း၊ ဇာတ်ညွှန်းရေးဆရာနှင့် လက်ထောက်ဒါရိုက်တာအပါအဝင် ဝန်ထမ်းခြောက်ဦးမှာ ချင်းလီမြို့တွင် နေထိုင်ကြောင်း သိလိုက်ရသည်။


သူ့မှာအလွန် အံဩသွားရကာ-"ခင်ဗျားတို့အားလုံးက လူပျောက်တွေလားချင်းလီဆိုတဲ့ မြိုလေးက ကျဉ်းကျဉ်းလေးပါ ဘာလို့တစ်ခါလေးတောင် မတွေ့မိကြတာလဲ“


ဒါရိုက်တာကျန်းက သူ့ကို ရယ်ရယ်မောမောဖြင့်ဆိုလာသည်။ 


"မင်းမျက်လုံးမှာ စားဖို့ဆိုတာကကလွဲလို့ ဘာရှိသေးလို့ တခြားသူကိုမြင်မှာတဲ့လဲ"


ချီချန်အန်း၏ ဘေးမှာ ရပ်နေသော ရွှီလော့ယန်က မေးစေ့ကို ပင့်လိုက်ကာ- "ရှိတယ် ကျွန်တော်မိသားစုက ရွှီကျန့်"


"ဟုတ်ပါပြီ၊ စလို့လည်းမကောင်းဘူး" 


ဒါရိုက်တာကျန်းက မီးပြင်းပြင်းဖြင့်ဖိုထားသော ရေနွေးအိုးကြီးတစ်လုံးကို ကိုင်လိုက်ရသလိုဖြစ်တာကြောင့် ခေါင်းစဉ်ကို အမြန်ဖြတ်လိုက်သည်။


"သီချင်းတွေ ဘယ်မှာလဲ မင်းအားလုံးကို အဆုံးသတ်ပြီးပြီလား“


ရွှီလော့ယန်က ချက်ချင်းပင် ချီချန်အန်းကို သူ့အနောက်က ထိုင်ခုံအလွတ်၌ ဆွဲကာထိုင်စေလိုက်သည်။


ယာဉ်မောင်းအပြင် လူကိုးဦးပါ မီနီဘတ်စ်ဖြင့် စီးနှင်းလာကြခြင်းဖြစ်သည်။ သိပ်မကြာခင်မှာပဲ ရွှီလော့ယန်က ထိုင်ပြီး မှိန်းနေတော့သည်။


မနေ့ညကလို သူတစ်ယောက်တည်း မအိပ်ရဲသေးပေမယ့် ကုတင်ပေါ်တက်ပြီး ထပ်မံ ပွတ်သပ်ဖို့ကိုလည်းရှက်နေပြန်သည်။ နောက်နေ့မနက်မှာ သူနိုးလာပြီ ချန်ချန်အန်းကို ရေဘဝဲတစ်ကောင်လို ရင်ခွင်ထဲမှာ ထပ်မံဆုပ်ကိုင်ထားမိပြန်မယ်ဆိုလျှင် သူအငွေ့ပျံသွားသလို အရမ်းရှက်ရွံနေမိမှာသေချာပေါက်ပင်။


ထို့ကြောင့် သူ့ကိုယ်သူ တစ်ယောက်တည်း အိပ်နိုင်အောင်ကြိုးစားရင်း နံနက်ခင်းတွင် စိတ်မကြည်လင်စွာအိပ်ရာထရသည်။ 


မနေ့ညက အိပ်ပျော်သွားသလား မပျော်သွားသလားဆိုသည်ကိုတောင်မသေချာတော့ချေ။


ကားက လမ်းမပေါ်မှာ မှန်မှန်လေး မောင်းနှင်နေချိန်မှာ ဒါရိုက်တာကျန်းက ရုတ်တရက်အော်လိုက်သည်။


"လော့ယန် ငါ B City ကို အရင်တစ်ခေါက်ပြန်သွားတုန်းက မင်းရဲ့ ကိုယ်စားလှယ်က မင်းထွက်သွားတုန်းက မင်းနဲ့အတူ ယူသွားဖို့ တစ်ခုခုမေ့သွားတယ်လို့ ပြောပြီး မင်းအတွက်လာယူပေးဖို့ တောင်းဆိုထားတယ်‌ သူကပြောသေးတယ် အဲဒါမရှိရင် ညဘက်တွေ အိပ်မရဘူးလို့ သေချာပေါက်ကိုထင်နေလိမ့်မယ်တဲ့"


ရွှီလော့ယန်က အံ့ဩသွားပြီး"ဒီလိုအရာတွေရှိနေသေးတာကို ကျွန်တော်ဘာလို့မသိရတာလဲ"


ထို့နောက် ဒါရိုက်တာကျန်းက အိတ်ကြီးတစ်လုံးကို ထုတ်ကာ ပက်ပါပစ် (ပက်ပါ၀က်) အရုပ်လေးတစ်ရုပ်ကို ထုတ်လာတာကို တွေ့လိုက်ရ၏။


•••


ထို၀က်ရုပ်လေးက သူ့အိပ်ရာပေါ်ကဆိုတာတော့ ဟုတ်တယ်..


တခြားသူတွေ၏ရယ်မောသံတွေကို မကြားချင်ယောင်ဆောင်ရင်း ရွှီလော့ယန်က ထို၀က်ရုပ်ကို သူ့ရင်ခွင်ထဲ အေးဆေးတည်ငြိမ်စွာဆွဲယူကာ အေးအေးဆေးဆေး ခပ်ခွာခွာနေပြီး လွယ်လွယ်စကားမပြော့တော့ရန်ဆုံးဖြတ်လိုက်သည်။


သို့သော်လည်း အံ့သြစရာကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိသည်မှာအမှန်ပင်။ ရွှီလော့ယန်က ထို၀က်ရုပ်လေးအား ပွေ့ချီပြီး မိနစ်အနည်းငယ်အကြာမှာပင် အိပ်ပျော်သွားတော့၏။


လက်ထောက်ဒါရိုက်တာက အဖွဲ့သားများ၏ သတင်းအချက်အလတ်များကို မျှဝေရန် ရောက်ရှိလာသောအချိန်တွင် ရွှီလော့ယန်မှာသူ့ရင်ခွင်ထဲတွင် ပက်ပါ၀က်နှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကာ ‌ချီချန်အန်း၏ ပခုံးပေါ်တွင် ခေါင်းမှီတင်ထားသည်ကို တွေ့လိုက်ရသည်။ ချီချန်အန်းက ရွှီလော့ယန်၏ လက်ကိုင်ဖုန်းကို ကိုင်ကာ ဂိမ်းများကို အလေးအနက်ထားကစားနေပြီး ကားလှည့်သည့်အခါတိုင်း၊ သူက ရွှီလော့ယန်၏ ဦးခေါင်းကို ဂရုတစိုက်ထိန်းကိုင်ပေးလိုက်သေးသည်။


ရုတ်ချည်းဆိုသလို လက်ထောက်က အွန်လိုင်းအသုံးပြုသူများတွင် ကုချန်cp ပရိသတ်များ တည်ရှိမှုက အလွန်သင့်လျော်သည်ဟု ခံစားလိုက်ရ၏၊ အနည်းဆုံး ယခုအချိန်တွင် သူက ပရိသတ်တွေဆိုသလို CPဆိုသည့်အနံ့အားတိတ်တဆိတ် ခံစားလိုက်ရ၏။


ယခု တိုက်ရိုက်ထုတ်လွှင့်နေကြောင်း ချီချန်းအန်းအား ရှင်းပြပြီး လက်ထောက်က အသံကို လျှော့ကာ မေးလိုက်သည်။


"မစ္စတာ ချီ၊ မင်း ဘာ‌တွေကစားနေတာလဲ"


ချီချန်အန်းက ရွှီလော့ယန်များ နိုးသွားပြီလားဟု မသိစိတ်က အရင်ဆုံးကြည့်ပြီးမှ၊ အသံနိမ့်နိမ့်လေးဖြင့် ဖြေလာသည်။


"လော့ယန်ရဲ့ဖုန်းထဲက သူခက်နေတဲ့ ဂိမ်းအဆင့်ရဲ့အပိုင်းတွေကူညီပြီးဖြေရှင်းပေးနေတာ..."


ထိုအချိန်တွင် ကားမောင်းသူက ဟွန်းထတီးလေသည်။ ချီချန်းအန်း၏လက်အရှိန်က အလွန်မြန်သည်၊ရွှီ‌လော့ယန်ရဲ့နားရွက်တွေကို သူကဂရုတစိုက် ဖုံးအုပ်လိုက်သည်၊ ထို့နောက် အသံပျောက်သွားသောအချိန်မှ သူ့လက်အား သဘာဝကျကျ ရုတ်လိုက်ပြီး ဂိမ်းကို ဆက်ကစားတော့သည်။


လက်ထောက်က အောက်ကိုငုံပြီးတွေးလိုက်မိ၏။


အရမ်းလုံလောက်သွားပြီ...စတူဒီယိုက ရေဒါတွေကတော့ပေါက်ကွဲထွက်နေလောက်ပြီဟ...


[ ငါက ငါ့တိတိလေး လော့ယန်ကို လက်မောင်းထဲထည့်ထားပြီး ကာကွယ်ပေးမယ့်သူဘဲ ငါနဲ့ဘယ်သူမှလာမရှုပ်နဲ့.... ]


[ ကုချန်CP ဖန်တွေ ရှစ်ပေပတ်လည်ရှိတဲ့ငရုတ်သီး၂တောင့်အစာသွပ်ထားတာကို စားလိုက်ရလို့ လောင်နေရပြီလို့... ]


[ မစ္စတာချီ လော့ယန်တော့မင်းကိုကျေးဇူးတင်နေတော့မှာပဲ ]


____



Translated By IQ-Team.