အပိုင်း ၃၆
Viewers 5k

🍬Chapter 36


------------


လေယာဉ်ပေါ်မှဆင်းသည်နှင့် ရွှီလော့ယန်က ချီချန်အန်းထံ သူလုံလုံခြုံခြုံနှင့်ရောက်ပြီဖြစ်ကြောင်း မက်ဆေ့ပို့ကာ မနားတော့ဘဲ ရိုက်ကွင်းနေရာသို့ တန်းသွားလိုက်သည်။


လက်ထောက်ဒါရိုက်တာမှ သူ့အားချူးဝေ့ထံခေါ်သွားသည့်အခါ၊ ဒါရိုက်တာက ကုတ်အင်္ကျီရှည် အမဲရောင်ကို ဝတ်ဆင်ထားပြီး အသုံးအဆောင်ပစ္စည်းတစ်ခုအား ဟိုရွေ့ဒီရွှေ့လုပ်နေလေသည်။ သူရောက်လာသည်ကို မြင်သည့်အခါ၊ သူက မျက်လုံးကိုပင့်ကာ လှမ်းကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် သူ့လက်ထောက်ကို ခိုင်းလိုက်သည်။ 


"သူ့ကို အဝတ်အစားလဲခန်းကိုခေါ်သွား နဂါးဝတ်ရုံဝတ်ပြီးတော့မှ သူ့ကို ခေါ်လာခဲ့"


သို့နှင့် ရွှီလော့ယန်၏ 'ဟယ်လို ဒါရိုက်တာချူး၊ ကျွန်တော်က ရွှီလော့ယန်ပါ' ဟူသည့် မိတ်ဆက်စကားမှာ လည်ချောင်းထဲ၌ပင် တစ်သွားရပြီး ထုတ်ပြောရန် အခွင့်အရေးမရလိုက်ပေ။ 


ထုတ်လုပ်ရေးအဖွဲ့တစ်ခုစီတိုင်းတွင် သူတို့ရဲ့ကိုယ်ပိုင်ဒါရိုက်တာ၏ထူးခြားမှုများနှင့်‌အလေ့အကျင့်များ ရှိကြသည်သာ။ သို့နှင့် တစ်နာရီမျှကြာပြီးသည့်နောက် သူ့ဆံပင်ကိုထုံးဖွဲ့ထားပြီး ရွှေသရဖူကိုဆောင်းထားသည့် ရွှီလော့ယန်ကခမ်းနားလှသည့် နဂါးဝတ်လုံကိုဝတ်ဆင်ကာ၊ မှန်ရှေ့တွင်ထိုင်လျက် မိတ်ကပ်ဆရာအား သူ့မျက်နှာထက် ဖီးလိမ်းပြင်ဆင်ခွင့်ပေးထားရသည်။ သူက မနေနနိုင်စွာ သက်ပြင်းခိုးချမိလေ၏။ 


အရမ်းကို ကျွမ်းကျင်လွန်းတယ်။ သူက သူ့ရဲ့ဝတ်စုံအပါအဝင် မိတ်ကပ်နဲ့ဆို ပြင်ဆင်ဖို့အတွက် အနည်းလေး သုံး၊လေးနာရီလောက် ကြာမယ်လို့ထင်ထားခဲ့တာ။ ဒါပေမယ့် သူတကယ်ကို အတွေးလွန်နေမိတဲ့ပုံပဲ။ 


အပ်နှင့်အပ်ချည်ကို ကိုင်ထားပြီး သူ့ဝတ်စုံကိုလိုသလို ပြင်ဆင်ပေးနေသည့် စတိုင်လစ်က သူ့အား ကြင်ကြင်နာနာဖြင့် သတိပေးလာသည်။ 


"ခဏနေ မင်းထွက်သွားတဲ့အခါကျ ဒါရိုက်တာချူးကို နှုတ်ဆက်နေစရာမလိုဘူး ဇာတ်လမ်းထဲစီးမြောပြီး ကင်မရာရှေ့မှာသာ သရုပ်ဆောင်ပြလိုက် ဒါရိုက်တာ ပြောတဲ့အခန်း၊ ဘယ်ဟာဖြစ်ဖြစ်သရုပ်ဆောင်လိုက်နော် သူက ဘယ်အခန်းကိုသရုပ်ဆောင်ရမယ်ဆိုပြီး မပြောလာရင်လည်း မင်းဘာသာမင်း ဘယ်အခန်းကိုသရုပ်ဆောင်မလဲ စဉ်းစားပြီး သရုပ်ဆောင်ပြလိုက်"


ရွှီလော့ယန်က အနည်းငယ်အံ့ဩသွားပေမယ့် ချက်ချင်းပင် သူကပြန်လည်ပြုံးပြလိုက်ပြီး "သတိပေးတဲ့အတွက် ကျေးဇူးပါ ဖန်းကျဲ ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်"


ထန်ဖန်းက "အင်း" ဟုဆိုကာ စကားဆက်မပြောတော့ပေ။


အဝတ်လဲခန်းမှထွက်လာချိန်တွင် ရွှီလော့ယန်က သူ့ကိုယ်သူ အနည်းငယ် ပြင်ဆင်လိုက်သည်။ ခေါင်းပေါ်မှ လေးလံလှသည့် ရွှေသရဖူကို ပြန်လည်တည့်မတ်ကာ အလားတူလေးလံလှသည့် နဂါးဝတ်လုံနှင့် ဖြည်းဖြည်းချင်း ခြေလှမ်းတိုင်းကို ချောချောမွေ့မွေ့လှမ်းနိုင်ရန် သူ့အရှိန်ကို ထိန်းညှိနေသည်။


စိတ်ထဲမှလည်း တွေးလိုက်မိသည်... 'ကံကောင်းလို့ မနေ့ညက နောက်ကျတဲ့အထိမအိပ်ဘဲ ဇာတ်ညွန်းကို သေသေချာချာချာ နှစ်ခေါက်လောက်ဖတ်လိုက်တာ ပြီးတော့ ဒီနေ့ လေယာဉ်စီးနေတုန်းလည်း တစ်ခေါက်ထပ်ဖတ်လိုက်သေးလို့ သူက စာသားအချို့မှတ်မိနေသေးတယ်'


မဟုတ်ပါက ဒါရိုက်တာချူးစီစဉ်တဲ့ ဒီ'ဗရုတ်သုတ်ခလူရွေးပွဲ'ကြောင့် သူက ကင်မရာအရှေ့တွင် ရပ်နေသည့်တိုင်အောင် မည်သို့လုပ်ရမည်မှန်းမသိ တိုင်ပတ်နေလောက်သည်။


ရုပ်ရှင်အဖွဲ့သားများ ရှိနေသည့် ရှုတင်ကွင်းမှာ ကောင်းယွီ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်၏ အရှေ့ဘက်ခြမ်းရှိ ကြီးမားသော ဧရိယာကို လွှမ်းခြုံထားသော ရှေးဟောင်း အဆောက်အအုံများရဲ့ ဆန့်တန်းထားသော ရှုပ်ထွေးသည့်အဆောက်အအုံတစ်ခုတွင် တည်ရှိသည်။ ရုပ်ရှင်အဖွဲ့၏ပြန်လည်မွမ်းမံခြင်းပြီးနောက်၊ အင်မတန်မှ ပြည့်စုံကုံလုံသည့်ခေတ်မှ ယိုယွင်းပျက်စီးသွားရသည့် ခံစားချက်တစ်မျိုးအား ပေးစွမ်းလေသည်။


ရွှီလော့ယန်က လေသာဆောင်တစ်လျှောက်၊ လျှောက်နေရင်း ကျင်းတို့ရဲ့ ဧကရာဇ်ကျစ်ချူးဖြစ်ရသည့် ခံစားချက်ကို ရှာဖွေနေသည်။


ဇာတ်ညွှန်းထဲတွင်၊ ကျစ်ချူး၏မိခင်၊ဧကရီစွန်းကနန်းတွင်းတိုက်ပွဲတွင် ကျဆုံးသွားပြီးနောက်၊ ရှစ်နှစ်အရွယ်ကျစ်ချူးအား တော်ဝင်ကြင်ယာတော်ချန်းက ခေါ်ယူမွေးစားခဲ့လေသည်။ သူက မကြာခဏပင် သူမ၏လိင်ပိုင်းဆိုင်ရာအသားယူခံရပြီး၊ တစ်ဖက်လူက သူ့အား ကန့်လန့်ကာနောက်ကွယ်တွင်ပုန်းနေခိုင်းကာ ဧကရာဇ်နှင့်သူမ၏ အိပ်ရာဝင်ဇာတ်ဝင်ခန်းကိုပင် နားထောင်စေခဲ့သည်။


နေ့စဉ်နှင့်အမျှ ကျစ်ချူး၏နှလုံးသားမှာ တဖြည်းဖြည်းနှင့် ရှုပ်ထွေးပွေလီလာခဲ့သည်။ သူက တော်ဝင်ကြင်ယာတော်ချန်းအား မုန်းတီးသော်လည်း တစ်ချိန်တည်းမှာပင် အရွယ်ရောက်သူမိန်းမသားတစ်ဦးဖြစ်သည့် သူမ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် ကိုယ်လုံးကိုယ်ပေါက်အား စွဲလမ်းနေခဲ့သည်။ 


သူ၏အရွယ်ရောက်အခမ်းအနားပြီး မကြာမီပင်၊ ယခင်ဧကရာဇ်မှာ သူ့ပစ္စည်းထောင်မတ်နိုင်သည့် ဆေးလုံးကိုစားကာ အလွန်အကျွံဆက်ဆံပြီး နန်းတော်မှအစေခံတစ်ဦး၏အိပ်ရာထက်၌ ကွယ်လွန်သွားခဲ့သဖြင့်၊ အလျင်စလိုနှင့် ကျစ်ချူးဟာ ဧကရာဇ်အဖြစ် တင်မြှောက်ခံလိုက်ရသည်။ ထိုအချိန်၌၊ ဧကရာဇ်ရဲ့ပတ်ပတ်လည်တွင် ရှိန်လောက်စရာရန်သူများ ဝိုင်းနေလေ၏။ မှူးမတ်များက အုပ်စုဖွဲ့ခြယ်လှယ်နေကာ၊ အနောက်ဆောင်တွင်လည်း ဝရုန်းသုန်းကားဖြစ်နေပေသည်။


ရိုက်ကွင်းနှင့် နီးလာသည်နှင့်အမျှ ရွှီလော့ယန်၏အမူအရာက ပို၍သိမ်မွေ့နက်နဲလာသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်ခုအဖြစ် ပြန့်သွားသော်လည်း ထိုအပြုံးက လူတွေကို နွေဦးလေပြည်အဖြစ်မခံစားရစေဘဲ ထိုအစား ကြက်သီးတဖြန်းဖြန်းထစေလေသည်။ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက အင်မတန်မှတည်ငြိမ်နေသဖြင့် သူ၏ခါးတွင်ချိတ်ဆွဲထားသည့် ကျောက်စိမ်းအဆောင်သည်ပင် ယိမ်းထိုးနေခြင်းမရှိသလောက်ပင်။ အဝါရောင်တောက်တောက်နဂါးဝတ်လုံက သူ၏ဖြူဖွေးသောအသားအရည်နှင့် ကြက်သွေးရောင်နှုတ်ခမ်းတို့နှင့် လိုက်ဖက်နေကာ၊ သူ၏နတ်ဆိုးသဖွယ်အလှက လူတွေရဲ့နှလုံးသားအား တုန်လှုပ်သွားစေသည်။


ဒါရိုက်တာချူးက ယခင်နေရာ၌ရပ်နေကာ၊ မီးထိုးအဖွဲ့နှင့် မီးထိုးရမည့် နည်းစနစ်များကို ဆွေးနွေးနေလေသည်။ အဝတ်အစားလဲပြီးသွားသော ရွှီလော့ယန် လျှောက်လာနေတာကိုမြင်လိုက်ရသည့်အခါ၊ သူ့မျက်နှာက အမူအရာတစ်ချက်ပင်မပြောင်းဘဲ သူက "ကျစ်ချူး" ဟု လှမ်းခေါ်လိုက်သည်။


ရွှီလော့ယန်က ဖြည်းဖြည်းချင်းပင် လှည့်ကာ၊ သူ့မျက်လုံးများက ဒါရိုက်တာချူးအား သဘောမကျဟန်ဖြင့်ကြည့်၍ "မင်း 'ကျန်း'ကို ဘာအတွက်ခေါ်နေတာလဲ" ဟုမေးလိုက်၏။ 


သူ့အသံက ပုရွက်ဆိတ်တစ်ကောင်အား ငုံကြည့်နေသကဲ့သို့ အများထက်သာလွန်သည့် နက်နဲသောလေသံနှင့်၊ သူ့မျက်နှာပေါ်ရှိသိမ်မွေ့သောအမူအရာကလည်း အခြားသူများက သူ့အားအကြောင်းပြချက်မပေးနိုင်ပါက သူတို့၏အသက်အားဆုံးရှုံးသွားစေတော့မည့်အလားပင်။ 


ဒါရိုက်တာချူးက ဘာမျှဆက်ပြောမလာတာကို မြင်ရသောအခါ၊ ရွှီလော့ယန်က ကင်မရာနှင့်ခပ်လှမ်းလှမ်းသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်၌ပင်၊ သတ္တု၊ သားရည်၊ဇာခြည်တို့ဖြင့်ပြုလုပ်ထားသည့် ရှည်လျားသည့်ကုလားထိုင်ရှည်အထက်၌ ဖြစ်သလိုပြုလုပ်ထားသည့် အဖြူရောင်ဖက်လုံးတစ်ခုက တိတ်တဆိတ်လှဲလျောင်းလျက်ရှိနေသည်။


ဒါရိုက်တာချူး၏အသံက အေးစက်စက်နှင့်ပင်။ 


"အဲ့ဒါက တော်ဝင်ကြင်ယာတော်ချန်းပဲ"


"....."


မင်းရဲ့ကြင်ယာတော်က ဒီလိုပုံစံမျိုးကြီးလား...ငါ မင်းရဲ့ ဧကရာဇ်ကို သနားမိတယ်။ 


သို့သော်လည်း ရွှီလော့ယန်မှာ ဤအရာက သူ့အား တော်ဝင်ကြင်ယာတော်ချန်းနှင့်အတူ သရုပ်ဆောင်စေချင်မှန်း နားလည်သွားရသည်။ သို့သော်ငြား သူကယခုထိ စာမေးပွဲမအောင်သေးသဖြင့် တော်ဝင်ကြင်ယာတော်ချန်းနေရာတွင်သရုပ်ဆောင်မည့် သရုပ်ဆောင်မင်းသမီးက ရောက်မလာသေးပေ။ သို့နှင့် ဒါရိုက်တာချူးက သူမည်သည့်နေရာကရှာတွေ့လာမှန်းမသိသည့် ဖက်ခေါင်းအုံးအား အကြင်နာကင်းမဲ့စွာ ပစ်ထည့်လာခြင်းပင်။


ရွှီလော့ယန်က ဝမ်းမနည်းသွားပေ။ အမှန်တော့ ထိုအတွေးများများအားလုံးက သူ့ခေါင်းထဲတွင် ခဏလောက်သာ ဖြတ်သန်းသွားပြီး ချက်ချင်းပင်လျစ်လျူရှုခံလိုက်ရသည်။


အဖွဲ့သားများက တိတ်ဆိတ်သွားပြီး အားလုံးက အလယ်၌ရှိနေသည့် ရွှီလော့ယန်အား အသက်ရှုအောင့်ကာ ကြည့်နေကြသည်။ သူတို့က သည်လေးယောက်မြောက်'ဧကရာဇ်ကျစ်ချူး'က ရုပ်ရှင်ရိုက်ရန် နေခဲ့နိုင်မလားဆိုတာ သိချင်နေကြသည်။ 


သူတို့အားလုံး ဒါရိုက်တာက ဒီ‌ဇာတ်ကောင်အတွက် အရမ်းချေးများလွန်းသည်ဟု ခံစားနေရသည်။ ယခုအချိန်တွင်၊ ဇာတ်လိုက်မင်းသားနှင့်ဇာတ်လိုက်မင်းသမီးတို့၏ အပိုင်းတော်တော်များများအား ရိုက်ကူးပြီးသွားပြီ‌ဖြစ်သည်။သို့သော်လည်း ကျစ်ချူး၏နေရာတွင် သရုပ်ဆောင်မည့်သူက ပြောင်းလဲနေဆဲပင်။


ထိုအချိန်တွင်၊ နေရာ၌ရပ်နေသော ရွှီလော့ယန်က လှုပ်ရှားလာသည်။


သူကအရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလျှောက်သွားတာကို သူတို့မြင်လိုက်ရသည်။ တံခါးခုံအား ကျော်လိုက်ဟန်နှင့် သူ့ခြေထောက်တစ်ဖက်က အနည်းငယ်မြင့်တက်သွားသည်။ ထို့နောက် သူက ရပ်လိုက်ကာ စကားစပြောလာသည်။ 


"ကြင်ယာတော်မယ်မယ်က ကျန်းကို မကြိုဆိုတော့ဘူးလား"  


လူများ၏နှလုံးအား ထိတ်လန့်ကြောက်ရွံ့သွားစေကာ၊ ဧကရာဇ်မင်း၏ဘုန်းတန်ခိုးအောက် ဝပ်တွားအညံ့ခံစေလို့သည့်၊ သူ့မျက်ဝန်းထဲရှိ ရုတ်ချည်းပေါက်ကွဲထွက်လာသည့် ရန်လိုမှုကလွဲလျှင်၊ သူ့လေသံက မကျေမနပ်၊ညည်းတွားဟန်အပြည့်နှင့်၊သကြားလုံးကို ငြင်းဆန်လိုက်ရသည့် ကလေးလေးတစ်ယောက်ကဲ့သို့ပင်။


တော်ဝင်ကြင်ယာတော်ချန်းက မည်သို့ပြန်ဖြေလိုက်တာကို မသိရ၊ သို့သော် သူ့မျက်နှာထက် အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့ပြီး "ကျန်းက ကြင်ယာတော်မယ်မယ်နေမကောင်းဖြစ်နေမှန်းမသိလိုက်လို့ပါ ကျန်းရဲ့အမှားပဲ" 


ထိုသို့ပြောရင်းသူက ကုတင်ဘေးသို့ ခပ်သွက်သွက်လျှောက်လာကာ ထိုင်ချလိုက်သည်။ သူ့လေသံက အင်မတန်မှ နူးညံ့ညင်သာနေခဲ့သည်။ 


"ကြင်ယာတော်မယ်မယ်က ဘယ်နေရာမှာများ နေလို့မကောင်းဖြစ်နေတာလဲ ကျန်းကို ပြောပြလို့ရမလား"


"မယ်မယ့်ရဲ့ပေါင်တွင်းသားတွေလား ဒါဆို ကျန်းက ‌မယ်မယ့်ပေါင်အတွင်းသားတွေကို ပွတ်သပ်ပေးမယ်လေ ကြင်ယာတော်မယ်မယ်ရဲ့အသားက နှင်းလိုမျိုး ဖြူဖွေးနေတာ တကယ်ကို ခံစားလို့ကောင်းမှာပဲ"


ငြင်းဆန်ခံလိုက်ရသည့်ဟန်ဖြင့် ကျစ်ချူး၏မျက်နှာထက်မှအပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။ သူ့ပုံစံက နာခံသည့်ပုံပေါက်နေသော်လည်း ခက်ထန်နေသည်။ သို့သော်လည်း သူ့လေသံကတော့ နူးညံ့ကာညင်သာနေဆဲပင်။


"ကြင်ယာတော်မယ်မယ်က အလိုမရှိဘူးဆိုမှတော့၊ ကျန်း ကြင်ယာတော်မယ်မယ်ကို တပ်တွင်းပြည့်တန်ဆာအဖြစ်သုံးဖို့ စစ်တပ်ကို ပို့ပေးဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ် အဲ့ဒီစစ်သားတွေက မယ်မယ့်ကို ပွတ်သပ်ပြီးနှိပ်နယ်ပေးဖို့အတွက် ကျန်းအမိန့်ပေးလိုက်ပါ့မယ်"


တော်ဝင်ကြင်ယာတော်ချန်းက ကြောက်လန့်သွားတာကို မြင်သောအခါ၊ သူ့အမူအရာက ပုံမှန်ကြင်နာသည့်ဟန်သို့ ပြန်ပြောင်းသွားပြီး "ကြင်ယာတော်မယ်မယ်၊ ‌ထိတ်လန့်မနေပါနဲ့ ဒါက သေချာပေါက်စနောက်တာလေးပဲလေ ဘယ်လိုလုပ်ပြီးတော့ ကျန်းက အဲ့ဒီညစ်ပတ်ပြီးဆိုးသွမ်းတဲ့လူတွေကို ကြင်ယာတော်မယ်မယ်ကို အနိုင်ကျင့်ခိုင်းမှာလဲ"


ခုံတန်းရှည်၏အစွန်းတွင်ထိုင်နေရာမှ ဖြည်းဖြည်းချင်း ခြေတင်ခုံအပေါ်သို့တိုးလာကာ၊ ကျစ်ချူးက ချွဲနွဲ့ဟန်ဖြင့် တော်‌ဝင်ကြင်ယာတော်ချန်း၏ပေါင်ပေါ်တွင် လှဲလိုက်လေသည်။ စကားပြောနေလျက်နှင့် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားရသည်။


"ကြင်ယာတော်မယ်မယ် ကြည့်လိုက်လေ ကျန်းရဲ့စကားကို နားထောင်နေသရွေ့၊ ကျန်းက မယ်မယ့်ကို အရမ်း၊အရမ်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီးတော့ ကမ္ဘာကြီးတစ်ခုလုံး မယ်မယ့်အရှေ့မှာ ချထားပေးမှာ အဲ့ဒီတော့ မယ်မယ်က လိမ္မာရမယ်နော် ဟုတ်ပြီးလား"


စကားကိုအဆုံးသတ်လိုက်သည့်လေသံက နူးညံ့နေသည်မှာ လေထဲတွင် တိုးဝင်ပျောက်ကွယ်တော့မတတ်ပင်။ မတ်တပ်ထရပ်ကာ၊ ရွှီလော့ယန်ကသူ့အင်္ကျီအနားသပ်များကို ဆွဲဆန့်လိုက်သည်။ တူညီသည့်နဂါးဝတ်ရုံကို ဝတ်ထားဆဲဖြစ်သော်လည်း သူ့ထံတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်အရှိန်အဝါများ မရှိတော့ပေ။ 


သူက ပြုံးကာ "သရုပ်ဆောင်ခန်း ပြီးဆုံးပါပြီ" ဟု ပြောလိုက်၏။


မျက်နှာထက်တွင် ပြုံး‌ပြနေသော်လည်း ရွှီလော့ယန်က အင်မတန်စိုးရိမ်နေသည်။ သူ့သရုပ်ဆောင်ချက်က ဒါရိုက်တာချူး၏စစ်ဆေးမှုကို အောင်မြင်၊မအောင်မြင် မသိရသေးပေ။ သူက ဇာတ်ညွှန်းကို မနေ့ညကမှလက်ခံရရှိခဲ့ပြီး အချိန်က အင်မတန်မှကြပ်နေသေးသည်။ ထို့အပြင် ဒါရိုက်တာချူးကလည်း သူမည်သည့်အခန်းကို သရုပ်ဆောင်ရမည်ဟု တိတိကျကျမပြောထားပေ။ တစ်နည်းအားဖြင့် သူက သရုပ်ဆောင်ရမည့်အခန်းကို ကိုယ်တိုင်ရွေးချယ်စေလိုခြင်းပင်။


ချူးဝေ့က စက်အနောက်တွင်ရပ်နေကာ ရွှီလော့ယန်အား အထက်အောက်၊ အပြန်ပြန်အလှန်လှန်ကြည့်နေသည်။ ရွှီလော့ယန်ကလည်း အပြုံးခပ်ကြီးကြီးတစ်ခုဖြင့် သူ့အား ကြည့်နေစေသည်။


မိနစ်အနည်းငယ်ကြာပြီးသည့်နောက်၊ ဒါရိုက်တာချူးက ပြောလာသည်။ 


"နေလို့ရပြီ အခုအချိန်ကစပြီးတော့ မင်းက ကျစ်ချူးပဲ" 


ထို့နောက် သူက ထပ်ပြောလာသည်မှာ "မင်းက ဝနေတယ် နည်းနည်းလောက် ပိန်အောင်လုပ်ဦး"


"....."


သူ့နှလုံးသားလေး သွေးစိမ်းရှင်ရှင်ထွက်သွားပါပြီနော်...


သို့သော်လည်း လာမည့်ဆယ်ရက်အတွင်းတွင်၊ ရွှီလော့ယန် အတွက် တမင်တကာ ဝိတ်ချနေရန်ပင် မလိုအပ်ပေ။ သူက အလိုလိုနေရင်းဖြင့် ပိန်ကျသွားလေသည်။


သူ ရောက်ရောက်ချင်းညမှာပင် ဇာတ်ညွှန်းဆရာထံအခေါ်ခံရပြီး သူ့လက်ထဲ မတူညီသည့် ဇာတ်ညွှန်းသုံးခုကို ပစ်ထည့်ပေးခံလိုက်ရသည်။ အားလုံးကို အလွတ်မှတ်ထားရန် ညွှန်ကြားချက်လည်း ပါသေးသည်။


ဇာတ်ညွှန်းများကိုပိုက်ကာ သူ့အခန်းသို့ ပြန်ရောက်ခါစပင်ရှိသေးသည်။ ဒါရိုက်တာ၏လက်ထောက်ထံမှ မက်ဆေ့ချ်တစ်စောင်ရောက်လာလေသည်။ ကျစ်ချူးဇာတ်ကောင် သုံးမျိုးလုံးအတွက် ဇာတ်ကောင်အကျဉ်းချုပ်ကို ရေးပေးရန် ဒါရိုက်တာချူးက စေခိုင်းလိုက်သည်။ ဇာတ်ကောင်တစ်မျိုးလျှင် စာလုံးပေါင်းခြောက်ထောင်အောက်မနည်းစေရဘဲ၊ နောက်တစ်နေ့နေ့လည်တွင် အိမ်စာထပ်ရမည်ဖြစ်သည်။ ရွှီလော့ယန်က ဘွဲ့ရရန်အတွက် အလျင်စလို စာတမ်းပြုစုနေရသလိုမျိုးအင်မတန်ထိတ်လန့်သွားရသည်။ သူ့လက်ချောင်းများ ထုံကျင်လာသည်အထိ အခန်းထဲတွင် သူက စာရေးနေခဲ့ရသည်။ တစ်ညလုံးမအိပ်ခဲ့ရသဖြင့် သူက မရပ်မနား သမ်းဝေနေလေသည်။


နောက်တနေ့တွင် သူက ဇာတ်ကောင်စရိုက်အကျဉ်းချုံး အပုံလိုက်ကို ဒါရိုက်တာချူးထံ ပို့ပေးလိုက်သည်။ ထိုအခါမှသာ သူ့ သုံးသပ်ချက်များကိုကြည့်ကာ မည်သည့်ဇာတ်ညွှန်းကိုအသုံးပြုမည်ဟု ဒါရိုက်တာချူးက ဆုံးဖြတ်ထားမှန်း သူသိလိုက်ရသည်။


ရွှီလော့ယန်က သူ့အပေါ်ရှိ စိတ်ပိုင်းဆိုင်ရာဖိအားမှာ ထိုက်တောင်သမျှ လေးလံနေသလို ခံစားလိုက်ရ၏။ 


*ထိုက်တောင် - Mount tai .(UNESCO စာရင်းဝင်၊ တရုပ်နိုင်ငံအရှေ့ဘက်ခြမ်း၊ ရှန်းသုန့်ပြည်နယ်၊ ထိုက်အန်းမြို့မြောက်ဘက်ရှိ အနောင်တောင်-အရှေ့မြောက်ဝင်ရိုးတစ်လျှောက်တွင် တည်ရှိသည်။) 


_____


Translated By IQ-Team.