အပိုင်း ၄၈
Viewers 5k

🍬Chapter 48


------------



အရင်ဆုံးတုန့်ပြန်လာတဲ့သူကတော့ ကျန်းသုန့်မဟုတ်၊ ဘီစကွတ်စားနေတဲ့ လုတိ ဖြစ်လေသည်။


သူက ရွှီလော့ယန်အားကြည့်လိုက်ကာ အံဩတုန်လှုပ်သွားရပြီး အထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလာ၏။


"ကျွန်တော်.....ရွှီကော.....ကောက..ချီလူကြီမင်း..."


ရွှီလော့ယန်က ကြင်နာစွာဖြင့်သူပြောချင်သည့်စကားအား စာစီရန်ကူညီပေးလိုက်သည်။


"မင်းရဲ့ရွှီကောက ချီလူကြီးမင်းကို အများကြီးသဘောကျနေတာ"


လုတိမျက်နှာထက်၌ ထူးဆန်းပြီးအံဩနေတဲ့အမှုအရာတစ်ခုရှိနေကာ "သောက်ကျိုးနည်း ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ်"ဟုပြောလိုက်ပြီးနောက် ရွှီလော့ယန်ကိုကြည့်လိုက် ကျန်းသုန်ကိုကြည့်လိုက် လုပ်နေပြီးနောက် ရွှီလော့ယန်အားပြန်ကြည့်လေသည်။


သူ့ပုံပန်းသွင်ပြင်က ဘီစကွတ်အကြေကဲ့သို့ တစ်စစီဖြစ်သွားရပြီး "ဒါပေမယ့် ကောတို့က အနုပညာအသိုင်းအဝိုင်းထဲက သံချေးမတတ်တဲ့ညီအစ်ကိုလိုဆက်ဆံရေးမဟုတ်ဘူးလား"


ထိုမေးခွန်းအားမေးလိုက်သည့် လုတိကစိတ်ထဲမှာတော့ယူကျုံးမရဖြစ်နေသည်။


ရွှီလော့ယန်အနောက်ကိုသူ့သေချာပေါက်နေ့တိုင်းလိုက်နေတာပါ၊ဘယ်လိုလုပ် သူအရိပ်အမြွတ်လေးတောင်မတွေ့ရတာလဲ၊သူပဲကန်းနေတာလား ဒါမှမဟုတ် ရွှီကောကပဲကောင်းကောင်းဖုံးထားနိုင်လို့လား။


လုတိ၏နုနယ်လှတဲ့နှလုံးသားလေးအား ဂရုစိုက်ပေးရန်ဆုံးဖြတ်လိုက်ပြီးနောက် ရွှီလော့ယန်က စကားလှသွားအောင်ပြောလိုက်သည်။ 


"မင်း ဒီလိုမျိုးနားလည်လို့ရတယ်၊ ကောကသံချေးမတတ်တဲ့သံမဏိဖြစ်နေတုန်းပဲ၊ဒါပေမယ့် သံတော့သံပဲ ကောက သံကြိုးခွေတော့ဖြစ်သွားတယ်၊‌ကွေးပြီး စက်ဝိုင်းလိုဖြစ်အောင်လိမ်သွားလို့"


"......" 


လုတိက ခဏလောက်ငြိမ်ငြိမ်လေးနေဖို့ဆုံးဖြတ်လိုက်သည်။


လုတိနှင့်ယှဉ်ရင် ကျန်းသုန့်ရဲ့ပုံစံကအတော်လေးကိုတည်ငြိမ်လှသည်။


သူ အသက်ပြင်းပြင်း၃ခါဆက်တိုက်ရှုလိုက်ကာ"မင်းရဲ့ အင်တနာတိုင်ကို ပြင်ပြီးသွားပြီပေါ့ "


" ? " 


ရွှီလော့ယန် နားမလည်နိုင်သည့်ပုံဖြင့် "ဘာအင်တနာတိုင်လဲ "


သူအံဩနေတာကိုမြင်သဖြင့် ကျန်းသုန့်ကမေးခွန်းပြောင်းလိုက်သည်။ 


"ဟိုတနေ့က ရှိုးပွဲမှာ ရှားနန်နဲ့စင်နောက်မှာတွေ့တယ်လို့ တိဇီဆီကနေငါကြားတယ် "


ကျန်းသုန့်ကရုတ်တရတ်ကြီး ဘာလို့ရှားနန်အကြောင်းပြောလာတာလည်းမသိသော်လည်း သူပြန်ဖြေလိုက်သည်။


 "အင်းလေ သူနားနေခန်းထဲထိလာပြီး ကျွန်တော်ကိုလာတွေ့တော့ စကားပြောတယ်လေ၊ကြည့်ရတာ ကျွန်တော်က ဒါရိုက်တာချူးရဲ့ထုတ်လုပ်ရေးမှာ အကူအညီပေးဖူးတော့ သူက ကျွန်တော်ကိုညစာဖိတ်ကျွေးချင်နေတာ "


"မင်း ခေါင်းညိတ်လိုက်လား "


ရွှီလော့ယန်က လေပြင်းတိုက်တာကိုထိပ်တိုက်တွေ့ရင်တောင်မှ မတုန်မလှုတ်သည့် စံနမူနာကောင်းတစ်ခုဖြစ်သည်။ 


[ *သူများကလာကြိုက်လို့လာလှုတ်တာတောင် မသိလို့မတုန်မလှုတ်ဖြစ်နေတာကိုဆိုလို ]


"သေချာပေါက်ငြင်းလိုက်တာပေါ့ ကျွန်တော်ရဲ့ကျောပေါ်မှာ အိုင်ဒေါလ်ပုံရိပ်ကို ထမ်းထားမယ်လို့ ကောကိုကတိပေးထားတယ်လေ၊ဘာလိုဖြစ်ပြီး ကျွန်တော်က အရသာရှိတာလေးနဲ့ဘယ်လိုဖြစ်ပြီးပါသွားရမှာလဲ ချက်ချင်းငြင်းပစ်လိုက်တယ် "


"....." 


ကျန်းသုန့်က ကျေးဇူးပဲပြေးတင်ရမလား သက်ပြင်းပဲထိုင်ချနေရမလားဆိုတာ မသိတော့၊ကြည့်ရတာ အင်တနာတိုင်ကမပြင်ရသေးဘူးထင်တယ်...။


သူတို့နှစ်ယောက်ဘေးမှာထိုင်နေတဲ့လုတိက ရုတ်တရတ် ပြောလာသည်။ 


"ရွှီကော အရင်က မင်းတို့နှစ်ယောက်ကို အင်တာတိန်းမန့်လောကရဲ့ စံပြသူငယ်ချင်းဆက်ဆံရေးလိုထင်နေခဲ့တာ တကယ်တော့ကောက နေ့ခင်းကြောင်တောင်ကြီး ခွေးစာတွေကျွေးနေတာပေါ့ "


ရွှီလော့ယန်က အပြစ်ကင်းသည့်ပုံဖြင့် ကြည့်လိုက်ပြီး "မဟုတ်ဘူး ငါအဲ့အချိန်တုန်းက ချီချန်အန်းကိုကြိုက်နေမှန်း မသိသေးဘူး"


ခွေးစာကြွေးတာမျိုးလို...တခြားဟာတွေမျိုး မရှိသေးဘူး ဟုတ်ပြီလား။


ကျန်းသုန့်က နားထင်အား နှစ်ချက်လောက် နှိပ်လိုက်ပြီးနောက် အရမ်းအရေးကြီးတဲ့မေးခွန်းကိုမေးလိုက်သည်။ 


"ဒါဆို ချီချန်အန်းကိုသဘောကျနေမှန်း မင်းဘယ်လိုသိလဲ "


"ဒီလိုကိစ္စမျိုးတွေကိုသိတာ ပုံမှန်ပဲမဟုတ်ဘူးလား"


ကျန်းသုန်ရဲ့သံသယမျက်လုံးတွေနဲ့အကြည့်ချင်းဆုံသွားတော့ ရွှီလော့ယန်က မလုံမလဲဖြစ်သွားရသည်။


အမှန်ကိုမပြောပြခင် စက္ကန်အနည်းငယ်လောက် ချီတုံချတုံဖြစ်နေပေမယ့် အဆုံးတွင်အသံတိုးတိုးလေးဖြင့်ဖြေလိုက်သည်။


 "ကျွန်တော် ဟိုလိုမျိုး အိမ်မက်တွေမက်လို့ "


လုတိက အသံတိုးတိုးဖြင့်ပြန်မေးလာသည်။ 


"ဘယ်လိုမျိုးအိမ်မက်လဲ " 


ပြီးတော့မှသာ သူသဘောပေါက်သွားရ၏။


 "အိုး အဲ့ဒီလိုအိမ်မက်မျိုး လား "


ရွှီလော့ယန် "ဒါကပုံမှန်မဟုတ်ဘူးလား ဒါကလူသားတွေရဲ့အရွယ်ရောက်ကြောင်းပြတဲ့ တစ်စိတ်တစ်ပိုင်းပဲ "


ကမ္ဘာကြီးအပေါ် သူမြင်တဲ့အမြင်ပြန်ပြောင်းလိုက်ပြီးနောက် ထိုကိစ္စကို အမြန်လက်ခံနိုင်သွားတဲ့ လုတိ နှင့် နားရွက်ဖျားတွေနီရဲတွက်နေပြီး တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့ရွှီလောယန် ကိုကြည့်ရင်း ကျန်းသုန့်က အဖေအိုကြီးတစ်ယောက်လိုခံစားလိုက်ရသည်။ 


"ဒါဆို မင်းဘာဆက်လုပ်မလဲ "


"သူ့ကို ပိုးပန်းမယ်လေ "


မျှော်လင့်ချက်မဲ့နေပြီ အတော်လေးကိုမျော်လင့်ချက်မရှိတော့တာဘဲ...ပိုးပန်းမယ် ဟုတ်စ...ဒင်းကဘာကိုပိုးပန်းမှာလဲ။


ကျန်းသုန့်က ဘာစကားမှပြန်မပြောနိုင်တော့သဖြင့် နဖူးကိုသာကိုင်လိုက်ကာ"ကောင်းပြီ သူ့ကိုလိုက် မင်းရဲ့ပထမဆုံးအချစ်အတွက် ဂုဏ်ယူပါတယ် "


"ကောင်းပြီ အဆင်ပြေတယ် "


ရွှီလော့ယန်က ၀မ်းသာလွန်းတာကြောင့် ကျန်းသုန့်အတွက်ခွက်ထဲ black coffeeထည့်ပေးနေတုန်း ကျန်းသုန့်ကပြောလာလေသည်။


 "ချီချန်အန်းရဲ့ နောက်ခံကသာမာန်မဟုတ်ဘူးဆိုတာ မင်းသိတယ်မှတ်လား "


"အင်း"ဟုပြောကာ ခေါင်းညိတ်ပြရင်း၊ဒါကြောင့် လူမျိုးခြားrelationshipတွေကအတော်လေးခက်ခဲတာဟုတွေးနေမိသည်။


"မင်း သူ့ကိုလိုက်ပိုးပန်းတာအောင်မြင်သွားရင်တောင်မှ နောက်ပိုင်း အခက်အခဲတွေအများကြီးတွေ့နိုင်တယ်"


ကျန်းသုန့်တစ်ယောက်ကတော့ ရှေ့ရေးကို ကြိုတွေးပူနေပြီဖြစ်သည်။


ချီမိသားစုက ဆွေကြီးမျိုးကြီးထဲကဆိုတော့ ချီချန်အန်းကလိင်တူကြိုက်နှစ်သက်သူဖြစ်တာကို လက်ခံလား မခံလားကိုမေးခွန်းထုတ်စရာပင်၊၊


သို့သော်လည်း ရွှီလော့ယန် မျက်နှာပေါ်ကအပြုံးကိုမြင်ပြီး သူဆက်ပြီးမပြောနိုင်တော့ပေ။


နောက်ဆုံးမှာ သူတစ်ယောက်ယောက်ကိုသဘောကျသွားပြန်တော့လည်း ဘယ်လိုဖြစ်ပြီးခက်ခဲတဲ့တစ်ယောက်ကိုမှရှာရတာလဲ။


ကိစ္စတွေကိုစဉ်စားကြည့်ပြီးနောက် ကျန်းသုန့်ကစကားလမ်းကြောင်းပြောင်းလိုက်သည်။ 


"နောက်တစ်ခုက မင်းတို့နှစ်ယောက်စလုံးက ဒီအသိုင်းအဝိုင်းထဲကဆိုတော့ ဘာပဲဖြစ်ဖြစ်ပတ်၀န်းကျင်က လိင်တူနှစ်သက်တဲ့သူတွေကို မရှုံ့ချတော့ဘဲ အတော်အများကလက်ခံလာကြပေမယ့် မင်းအဆိုးဆုံးထိတော့ကြိုတင်ပြင်ဆင်ထားရလိမ့်မယ် "


ရွှီလော့ယန်က အလေးအနက်ထားခေါင်းညိတ်ပြလာတာကိုမြင်တော့ ကျန်းသုန့်ကဆက်ပြီး ကောင်ကျိုး၊ဆိုးကျိုးတွေကိုရှင်းပြပေးလိုက်သည်။ 


"တစ်ဖက်ကနေပြီး ဖိအားကမင်းတို့ပရိသတ်တွေဆီကနေလာလိမ့်မယ်၊မင်းက၂၅နှစ် ချီချန်အန်းက၂၆နှစ် မင်းတို့နှစ်ယောက်လုံး ပရိသတ်တွေကသူတို့အိုင်ဒေါလ်တွေရည်းစားထားတာကို လက်မခံနိုင်တဲ့အဆင့်မှာရှိတုန်း၊မင်းတို့ရဲ့အချစ်ရေးကိုသာချပြလိုက်ရင် ပြင်းပြင်းထန်ထန်ကိုတုန့်ပြန်လိမ့်မယ်၊လိင်တူကြိုက်နှစ်သက်တာကိုမုန်းတီးတဲ့လူအုပ်ကြီးကိုလည်းထည့်တွက်လိုက်ဦး သေချာပေါက် အပြင်းအထန်အပြစ်တင်ထာတက်ပိုမှာပဲ၊စိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေက ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး "


ရွှီလော့ယန်၏အမှုအရာကလည်း တလေးတနက်ဖြစ်လာသည်။ 


"အင်း ကျွန်တော်သိတယ် ဒါပေမယ့် ကျွန်တော်ကိုင်တွယ်နိုင်တယ် "


"တခြားနေရာကဖိအားကတော့ အနုပညာအသိုင်းအဝိုင်းကပဲ၊မင်းသိပါတယ် ဆန့်ကျင်ဘက်လိင်ကိုပဲကြိုက်ကြတာ အဓိကဖြစ်နေတုန်းလေ၊အားလုံးကတော့ လိင်တူနှစ်သက်တာနဲ့ပတ်သတ်ပြီး လက်ခံနိုင်မှာမဟုတ်ဘူး၊ဒါကြောင့် အခွင့်အရေးအများကြီးကိုလည်းလက်လွှတ်ဆုံးရှုံနိုင်ရသလို မင်းရဲ့လုပ်ငန်းမှာပရော်ဖက်ရှင်နယ်ကျတာနဲ့ပတ်သတ်ပြီးတောင်မှ မေးခွန်းထုတ်လာနိုင်တယ်"


လွန်ခဲ့တဲ့နှစ်တွေကထက်ပိုပြီး ရင့်ကျက်လာပြီဖြစ်တဲ့ရွှီလော့ယန်ကို ကျန်းသုန့်ကတစ်ချက်ကြည့်လိုက်ကာသက်ပြင်းချလိုက်မိသည်။


 "ဒါကြောင်မို့ လော့ယန် ဒီဆက်ဆံရေးကမင်းရဲ့ အနာဂတ်ကိုသေချာပေါက် ထိခိုက်စေမှာမို့လို့ သေချာလေးစဉ်းစားထား "


"ကျွန်တော်သိပါတယ်" 


ရွှီလော့ယန်ကမူ မတုန်မလှုပ်ဟန်ဖြင့်ပြန်ဖြေဆဲသာ၊သူ့အပြုံးကမူ စိတ်အေးလက်အေးမဟုတ်ပေမယ့် တည်ငြိမ်နေမြဲပင်။


"ချန်းအန်းကို ကျွန်တော်ရဲ့ခံစားချက်တွေသိအောင် ပြောပြဖို့ကြိုးစားပါမယ်၊ဒါပေမယ့် သူငြင်းလိုက်ရင်လည်း ကျွန်တော်လက်ခံနိုင်ပါတယ်"


ယခုလိုပြောပြီးမှ ရွှီလော့ယန်က နည်းနည်းတော့ရှက်သွားရသည်။ 


"တကယ်တမ်းပြောရရင် ကျွန်တော် ချန်အန်းကိုကြိုက်နေတယ်ဆိုတာကို သိလိုက်ရတော့ ရက်ပေါင်းများစွာ ထပ်ခါ ထပ်ခါ စဉ်စားခဲ့သေးတယ် ဒါပေမယ့် ကျွန်တော် သူ့ကို တော်တော်လေး သဘောကျတာ" 


ထို့ထက်ပိုပြီး သူမည်မျှစိတ်အားထက်သန်နေကြောင်းကိုပြောမပြတတ်ပေမယ့် သူ့မျက်လုံးထဲခေါင်းမာတဲ့အကြည့်တွေဖြင့်ပင် ကျန်းသုန့် နားလည်နိုင်ရန်လုံလောက်တာထက်ပိုပေသည်။


ကျန်းသုန့်ကအလုပ်ဦးစားပေးတတ်သူတစ်ယောက်ဖြစ်ပေမယ့်လည်း ရည်စားတစ်ယောက်စနှစ်ယောက်စတော့ရှိခဲ့ဖူးလေသည်။သို့ပေမယ့် အယောက်တိုင်း နောက်ဆုံးမှာအဆုံးသတ်သွားရစမြဲသာ။ထို့ကြောင့် ရွှီလော့ယန် ဘာကြောင့် ထိုဆက်ဆံရေးကိုအရမ်းတန်ဖိုးထားနေရမှန်း သူတကယ်ကိုနားမလည်နိုင်ချေ။သို့ပေမယ့် သူအနေနှင့် နားလည်ပေးလို့ရအောင် အတတ်နိုင်ဆုံးကြိုးစားပေးမည်ဖြစ်သည်။ 


"မင်း သူ့ကို သဘောအရမ်းကျတာပဲလား "


" အင်း " 


အားတတ်သရော ခေါင်းညိတ်ပြလာသည့် ရွှီလော့ယန်ရဲ့အသံက နည်းနည်းနူးညံသွားပေမယ့် အပြုံးကမူတောက်ပလျက်သာ။ 


"ကျွန်တော် သူနဲ့အတူနေခဲ့ရတဲ့လွန်ခဲ့တဲ့ခြောက်လကို ပြန်တွေးကြည့်မိတော့ အချိန်တိုင်းကအဖိုးတန်လွန်းလို့ မမေ့နိုင်ဘူး ဆိုတာသိလာရတယ်၊သူက တကယ့်ကိုကောင်းတဲ့လူတစ်ယောက်ပါ"


ယခုအချိန်၌ ချီချန်အန်း ဘယ်လောက်ကောင်းကြောင်းဖော်ပြဖို့အတွက် သူစကားလုံးသိပ်မသုံးနိုင်တာကြောင့် စိတ်တိုလာရသည်။


ကျန်းသုန့်က ဘာမှမရှိတော့တဲ့ကော်ဖီခွက်အလွတ်ကိုချကာ သတိပေးလိုက်သည်။ 


" အနာဂတ်မှာမင်းနဲ့သူ ဘာတွေပဲဖြစ်ဖြစ် မင်းအသက်၁၉နှစ် ငါဆီရောက်လာတုန်းက ပြောခဲ့တဲ့စကားတွေကိုမေ့မသွားဖို့ မျှော်လင့်တယ်၊မင်း ဒီနေ့ဒီအချိန် ဒီနေရာကိုရောက်ဖို့ဆိုတာ လွယ်ခဲ့တာမဟုတ်ဘူး၊အရင်တုန်းကမင်းကို ငါ စိတ်ပျက်အောင်မလုပ်နဲ့ "


ရွှီလော့ယန်မှာ ရင်ဘတ်ထဲကအလုံးကြီးကျသွားရသည်။


သူက ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော် အမြင်ဆုံးနေရာမှာ ရပ်မှာပါ"


ကျန်းသုန့်က သူပြောနေကျအတိုင်း " ငါမင်းကို ကူညီသွားမှာပါ "


တစ်ဆက်တည်း သူ့နားထင်ကို ထပ်ပွတ်လိုက်ကာ မကြာခဏနှလုံးခုန်မြန်လာရမည့်အချိန်များ၊ရုတ်တရတ်အချိန်ပိုဆင်းရခြင်း နှင့် ဆံပင်ကျွတ်ခြင်းများဖြစ်လာတော့မည်ကို ကြိုတင်မှန်းဆထားလိုက်သည်။


"မင်းလိုက်လို့အောင်မြင်သွားရင်လည်း ငါ့ကိုပြောဦး ဒါနဲ့ မင်းဘယ်တော့စလိုက်မှာလဲ "


"အရင်ဆုံး ပြင်ဆင်စရာတွေရှိသေးတယ် "


ရွှီလော့ယန်က ပြသနာကို သတိရသွားသည်။


"ဒါနဲ့ ကျန်းကော ဒီည ကျွန်တော် ရုပ်ရှင်သွားကြည့်ချင်လို့ "


ကျန်းသုန့်ကသူကိုတစ်ချက်ကြည့်လာကာ "မင်းအချစ်လေးရဲ့ ရုပ်ရှင်ရုံတင်တာကိုသွားကြည့်ချင်တာမှတ်လား "


အချစ်လေးဆိုတဲ့စကားလေးကပင် ရွှီလော့ယန်ကိုနုလုံးခုန်မြန်သွားစေသည်။


ရွှီလော့ယန်က ပြုံးပြလိုက်ရင်း "ဟုတ်တယ် 'Absolute Pursuit'ကိုဒီည၁၂နာရီတိတိမှာစပြီးရုံတင်မှာလေ၊ ရုံတင်တင်ချင်း သွားကြည့်မယ်လို့ ချန်အန်းကို ကတိပေးထားတယ်"


ကျန်းသုန်မှာ ယခုကအစပဲရှိသေးကြောင်း အနာဂတ်မှာ ဆံပင်အများကြီး ကျွတ်ရမယ့်ကိစ္စတွေကစောင့်နေကြောင်း သိလိုက်ရသဖြင့် ခေါင်းသာညိတ်ပြလိုက်နိုင်သည်။


 "မင်းကိုယ့်မင်း ရုပ်ဖျက်တာပဲဖြစ်ဖြစ်လုပ်သွား ဒါပေမယ့် လုံခြုံအောင်နေ မင်းကိုတွေ့သွားရင် ငါ့ကိုချက်ချင်းအကြောင်းကြား..."


အနာဂတ်ကသူ့အတွက်အတော်လေးကိုစိတ်မကောင်းဖြစ်မိနေပြီနော်...။


ရုံတင်တာကိုသွားမကြည့်ခင် ရွှီလော့ယန်က အိမ်ကိုအရင်ပြန်လိုက်သည်။


ရေချိုးလို့ပြီးသွားတော့ သူက ချီချန်အန်းကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။


" ဂွတ်မောနင်း ချီလူကြီးမင်း "


ရွှီလော့ယန်ကရေချိုး၀တ်စုံကို လျော့တိလျော့ရဲသာ ၀တ်ဆင်ထားပြီး ညှပ်ရိုးပေါ်နေတာကြောင့် မျက်စိကျိန်းလောက်တဲ့အသားရည်ဖြူဖြူကိုချက်ချင်းသတိထားမိလိုက်သည်။


သူလည်ချောင်းကခြောက်သွေ့သွားပြီး သူအသံကမူမနက်ခင်းအိပ်ယာကနိုးခါစ အသံကံသို့ ခပ်ဩဩဖြစ်သွားရ၏။


"ဂွတ်မောနင်း မင်းအခုမှရေချိုးလို့ပြီးတာလား "


"အင်း"


ရွှီလော့ယန်ကဖြေရင်း သူဆံပင်ကိုတစ်ချက်သပ်တင်လိုက်သည်။




___


Translated By IQ-Team.