အပိုင်း ၅၀
Viewers 6k

🍬Chapter 50

------------


ကျန့်သုန်းရဲ့ အချိန်ကိုက် တုံ့ပြန်မှုနှင့် ကောင်းမွန်တဲ့ PRရဲ့ကျေးဇူးကြောင့် ရွှီလော့ရန်ရဲ့ 'စကားလုံး တစ်သောင်း တန်ပြန်တိုက်ခိုက်ခြင်း' က ဖြတ်လျှောက်တွေကြားထဲမှာ ကောင်းမွန်တဲ့အမြင် လှိုင်းကို ဖန်တီးပေးရုံတင်မက emoji packများနှင့် joking materialsမျိုးစုံတောင်ရခဲ့သေးသည်။ နေ့ခင်းဘက် branding campaign ပြီးဆုံးတဲ့နောက်၊ အွန်လိုင်းပေါ်ကလူတွေရဲ့ သဘောထားတွေကလည်း လိုက်လျောညီထွေဖြစ်နေပြီဖြစ်သည်။


ကြပ်ညပ်နေတဲ့အချိန်ဇယားကြောင့် သူတို့အတွက်နေ့လည်စာကို ဟိုတည်ကပဲမှာလိုက််ပြီးအနုပညာရှင်တွေအတွက်ပေးထားတဲ့ ဗင်ကားထဲမှာပဲစားလိုက်ရသည်။ 


သုံးယောက်သား သေးငယ်တဲ့စားပွဲလေးဘေးတစ်ဝိုက်စုရုံးနေတဲ့အချိန် ကျန်းသုန့်က ပန်းကန်ခွက်ယောက်တွေကို ရှင်းလင်းပြီး ရွှီလော့ရန် အား ကြိုတင်သတိပေးဖို့အတွက် အချိန်ယူကာ မေးလိုက်၏။


"ကျောင်းသား ရွှီ၊ ဒါက ဘာလဲဆိုတာပြောပြပေးမလား''


ရွှီလော့ရန်က မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။


"ကျန်းကောရာ ကျွန်တော့ကိုယုံလိုက်စမ်းပါ၊ ဟက်တာမခံရစေနဲ့"


သူ့ကို တစ်ချက်စိုက်ကြည့်ပေးပြီးတဲ့နောက် ကျန်းသုန့်က ရယ်မောလိုက်ပြီး "ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန် မင်းမှာ ပြဿနာရှိရင် ငါ့ကို ကြိုပြီးဖုန်းဆက်ဖို့ မမေ့နဲ့ဦး၊ အဲ့တာမှငါ့စိတ်ထဲမှာ ကြိုပြီး အစီအစဉ်ချနိုင်မှာ၊ ကြိုတင်ပြင်ဆင်မှုမရှိတဲ့ တိုက်ပွဲတွေတော့ဘယ်တော့မှ မတိုက်စမ်းပါနဲ့ကွာ''


"အင်း၊ ကျွန်တော် အဲဒါကို သတိထားပါ့မယ်"


 ရွှီလော့ရန်က တုံ့ပြန်ပြီးတဲ့နောက် အနီးနားရှိ လော့ကာအနားကိုသွားလိုက်ပြီး ထောင့်မှန်စတုဂံပုံ သစ်သားသေတ္တာကို ထုတ်ယူလိုက်ပြီး တူတစ်စုံကို ထုတ်ပြလိုက်သည်။


သူ့လက်ထဲမှာ ရှိတဲ့ တူတစ်စုံကို ဆုပ်ကိုင်ရင်း ရွှီလော့ရန်က သူတို့ကို ကျန်းသုန့်နှင့်လုတိ တို့အရှေ့မှာ လှုပ်ယမ်းပြလိုက်ပြီးမိတ်ဆက်လိုက်သည်။


"ဒါတွေက ချန်အန်း ကျွန်တော်အတွက် လုပ်ပေးထားတဲ့ သစ်သားတူလေးတွေလေ သူတို့အပေါ်မှာ ကျွန်တော်နာမည် တောင်ထွင်းပေးထားသေးတယ်"


ကျန်းသုန့်က လုတိ ကို ပေါ့ပါးသောအမူအရာဖြင့်ဆိုလိုက်၏။


"တိဇီ၊ မင်းဒါကို မှတ်တမ်းတင်ပြီးပြီလား၊ သူဒါကို တိတိကျကျနဲ့ ပြတ်ပြတ်သားသား ဘယ်နှစ်ခါတောင်ပြောခဲ့ပြီးပြီလဲ"


လုတိက သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး notepad appကို နှိပ်လိုက်ပြီး "ဒါက ဒီလအတွက် ဆယ့်ခုနစ်ကြိမ်မြောက်ပဲ" ဟု လေးလေးနက်နက် ပြန်ဖြေလိုက်သည်။


ရွှီလော့ရန် : "....''


နေ့လယ်စာစားပြီးနောက်မှာ ရွှီလော့ရန်က သူ့ကိုယ်သူ သိုးမွှေးစောင်နှင့် ထုပ်လိုက်ပြီး မိနစ်နှစ်ဆယ်လောက် တစ်ရေးတစ်မော အိပ်လိုက်သည်။ ကားက ဦးတည်ရာဆီ မောင်းပြီးရောက်သွားတဲ့နောက်မှာ သူတို့ သုံးယောက်စလုံး ကားထဲကထွက်လာပြီး ပွဲကျင်းပတဲ့နေရာကို ဝန်ထမ်းတွေနောက်က လိုက်သွားလိုက်သည်။


အတွင်းဘက်မှာ၊ ပစ္စည်းကိရိယာတွေနဲ့ ပထမဆုံး အစမ်းလေ့ကျင့်မှု ပြုလုပ်နေပြီး မီးများ လင်းထိန်နေကာ ကြမ်းပြင်ကို မဆင်ရသေးသဖြင့် ရုပ်ထွေးနေတဲ့ဝါယာကြိုးတွေနှင့် ဖုံးလွှမ်းနေသည်။ ရွှီလော့ရန်က ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ရမှတ်ဘုတ်ပြားကို ချောမွေ့စွာ ပြန်ထောင်ပေးလိုက်ပြီး လုတိ ကို ဝန်ထမ်းတွေအတွက် ယူလာတဲ့ လက်ဆောင်တွေကို အရင်ပေးပေးဖို့အတွက် တောင်းဆိုလိုက်ပြီးနောက်၊ သူတို့ကို ကျေးဇူးတင်စကားပြောဖို့အတွက် မိုက်ကရိုဖုန်းကို ယူလိုက်သည်။


သူနှင့်အကြိမ်ပေါင်းများစွာ အလုပ်တွဲလုပ်ဖူးတဲ့ မုတ်ဆိတ်မွေးတွေဖြင့် ဂီတဆရာက စုတ်ပြတ်သတ်နေတဲ့အပြင် အပေါက်အပြည့်နှင့် ဂျင်းဂျာကင်အင်္ကျီကို ဝတ်ထားပြီး လည်ပင်းတွင် နားကြပ်ကို ချိတ်ထားကာ ပစ္စည်းတွေနောက််မှာရပ်နေလေသည်။


သူကရွှီလော့ရန်ကို ဦးတည်ပြီး


''အလယ်မှာ ရပ်နေတဲ့ လူချောလေး အမြင့်သံနဲ့သီချင်းဆိုကြည့်စမ်းပါ ဘယ်လိုဖြစ်မလဲဆိုတာ ငါကြည့်ဦးမယ်"


"ဟုတ်ပြီလေ" 


ရွှီလော့ရန်က ခေါင်းညိတ်ပြလိုက်ပြီး မိုက်ခရိုဖုန်းကို ယူပြီး noteတစ်ခုကို ဆိုနေရင်းမှ ရုတ်တရက်ရပ်လိုက်ပြီး 'pause' ဟုဂီတဆရာဆီသို့ လက်ဟန်ပြကာ လုတိ ဆီသို့ ပြေးသွားလိုက်သည်။


သူကသူ့ဖုန်းကို အမြန်လေးတွန်းပို့ပေးလိုက်ပြီး "မြန်မြန်လေး၊ ခဏနေသီချင်းဆိုနေတဲ့အချိန် အကောင်းဆုံးအပိုင်းကို မှတ်တမ်းတင်ထားပေး၊ အကောင်းဆုံးရိုက်ချက်ရဖို့သေချာလုပ်ဦးနော်''


လုတိက ခေါင်းညိတ်လိုက်ပြီး "ရွှီကော ၊ မင်း ဒါကိုပို့စ်တင်မလို့လား''


ရွှီလော့ရန်က သူ့နှုတ်ခမ်းကိုလက်ဖြင့်ကာပြီး နှစ်ခါလောက်ချောင်းဟန့် လိုက်သည်။


ရွှီလော့ယန်က သူ့အသံကို အနည်းငယ်လျှော့လိုက်ပြီး ''ငါဒါကို ပို့စ်တင်မှာမဟုတ်ဘူး။ မစ္စတာချီဆီကိုပို့ဖို့အတွက်ပါပဲ'' လို့သတိထားပြီး ဖြေလိုက်သည်။


လုတိကစိတ်ထဲမှာ ဝန်ပိသွားသလို ချက်ချင်းခံစားလိုက်ရသည်။


စက်တွေနှင့် စက်ပစ္စည်းတွေရဲ့ အလယ်ဗဟိုစီကို နောက်ပြန်လျှောက်သွားလိုက်ပြီး ရွှီလော့ရန်က လက်ဟန်ခြေဟန်ပြ၍ စက္ကန့်အနည်းငယ်ကြာတဲ့နောက်မှာ နောက်ခံသီချင်းသံ ထွက်လာပေမဲ့သီချင်းအစကနေ အဓိကနေရာရောက်တဲ့အထိ ကျော်သွားတဲ့ဗားရှင်း ဖြစ်နေလေသည်။ ရွှီလော့ရန်က စိတ်ထဲမှာ beatတွေကို ရေတွက်ပြီး ဘယ်လက်ကို အိတ်ကပ်ထဲတွင် ထည့်ကာ အသက်ရှုသံကိုချိန်ညှိလိုက်ပြီး သီချင်းရဲ့ခေါ်ဆောင်ရာနောက်သို့ လိုက်သွားကာ သူ့အသံကလွယ်လင့်တကူပဲ မြင့်တက်သွားလေသည်။


သူ့ရဲ့အမြင့်သံက သဘာဝအတိုင်း ကျယ်တဲ့အသံနှင့်သန်မာပြီးခံနိုင်ရည်ရှိတဲ့ အထူးtone ပေါ်မှာ အခြေခံထားသဖြင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ၏ ပရော်ဖက်ရှင်နယ်ဆန်တဲ့ လေ့ကျင့်မှုကြောင့်၊ အရမ်းမြင့်တဲ့ notesတွေ အဆက်မပြတ်ဆိုနေရင်တောင် သူ့ရဲ့ အသံက ပင်ပန်းခြင်းမရှိပေ။


ဖုန်းကိုကိုင်ထားတဲ့ လုတိရဲ့ လက်တွေက တုန်ခါနေပြီး ရွှီလော့ရန်ရဲ့ အစမ်းလေ့ကျင့်မှုက တရားဝင်ဖျော်ဖြေမှုစံနှုန်းနဲ့တောင် တိုက်ရိုက်ကိုက်ညီတယ်လို့ သူခံစားမိပြီးနောက် ခွေးစာနောက်တစ်ပန်းကန် ကျွေးခံလိုက်ရကြောင်း ရုတ်ခြည်းသတိပြုမိလိုက်သည်။


တစ်ပိုဒ်စာ သီချင်းဆိုပြီးနောက်မှာ၊ ဂီတဆရာက လက်ဟန်ခြေဟန်ပြလိုက်ပြီး၊ ရွှီလော့ရန်က မိုက်ခရိုဖုန်းကိုပိတ်လိုက်ကာ ကပျာကယာထ၍ "အဆင်ပြေလား၊ အဲ့ဒါဘယ်လိုနေလဲ၊ ငါ သီချင်းဆိုတာကောင်းရဲ့လား" လို့ မေးလိုက်သည်။


လုတိ ခေါင်းညိတ်ပြတာကိုမြင်တော့ ဖုန်းကိုယူကာ သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီးနောက် ကျေနပ်သွားကာ ချီချန်အန်း နှင့် chat box ကို နှိပ်ပြီး ဗီဒီယိုကို ပို့ပေးလိုက်သည်။


နည်းနည်းလောက်ထပ် စဉ်းစားပြီးနောက် ရွှီလော့ရန်က နောက်ထပ်စာကြောင်းတစ်ကြောင်းကို ရိုက်လိုက်သည်။


''ပွဲမှာ အသံစမ်းရင်း ကျပန်းလိုင်းအနည်းငယ်ကို သီချင်းဆိုခြင်း"


ချီချန်အန်းက ဗီဒီယိုကို လက်ခံရရှိချိန်မှာ သူက ဝတ်စုံပြည့်ဝတ်ပြီး ညစာစားပွဲမှာ ရှိနေတာဖြစ်သည်။ 


ရွှီလော့ရန်ထံက စာကိုမြင်သောအခါ၊ သူ့မျက်လုံးတွေထဲမှာ အပြုံးတစ်ခု ပျံ့နှံ့သွားပြီး [Absolute Pursuit] မှ လူဝီးလစ်အား "စိတ်မရှိပါနဲ့ ကျွန်တော့်မှာ အာရုံစိုက်စရာ ကိုယ်ရေးကိုယ်တာကိစ္စလေးရှိနေလို့" လို့ပြောလိုက်သည်။


ချီချန်အန်း ထံမှ ထိုသို့သော အပြုံးမျိုးကို မြင်တွေ့ရခြင်းမှာ ရှားရှားပါးပါး ဖြစ်သောကြောင့် ဝီးလစ်က စပ်စုချင်သွားသော်လည်း အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စပ်စုရန် မသင့်တော်သဖြင့် ခေါင်းညိတ်လိုက်ပြီး "ရပါတယ်၊ ဒါရိုက်တာက မင်းကို နောက်ပိုင်းလာရှာရင် မင်းရဲ့ ချိုမြိန်တဲ့ချစ်သူလေးနဲ့ ဖုန်းပြောဖို့ သွားတယ်လို့ ငါပြောထားလိုက်မယ်"


ထိုတိုတောင်းတဲ့အချိန်လေးအတွင်းမှာ ချီချန်အန်းရဲ့ အံ့အားသင့်နေတဲ့အမူအရာကို မြင်တော့ ဝီးလစ်က "မင်းရဲ့ အမူအရာတွေက မင်းကို သစ္စာဖောက်တယ်" လို့ လျှို့ဝှက်စွာ ပြောလိုက်သည်။ 


ထို့နောက် သူ့ရဲ့ ယုတ်မာတဲ့အပြုံးဖြင့် မျက်နှာအား ညွှန်ပြလေသည်။


ခန်းမထဲက ထွက်လာပြီးနောက် ဝင်းထဲမှာ ချောင်ကျတဲ့ ထောင့်တစ်ခုကို ရှာလိုက်ပြီး ဗီဒီယိုကို မနှိပ်ခင်ချီချန်အန်းက သူ့ရဲ့ နတ်ကတိုင်ကို ဖြည်လိုက်သည်။


ဗီဒီယိုကထွက်လာတဲ့အသံတွေက ဆူညံနေပြီး အလင်းရောင်ချိန်ထားတာက မမှန်တာကြောင့် အနည်းငယ်မှုန်ဝါးနေပေမဲ့ ရွှီလော့ရန်တစ်ယောက် အလယ်ဗဟိုမှာရပ်နေတာကိုမြင်ပြီးတော့၊ ချီချန်အန်းရဲ့မျက်လုံးတွေကသူ့ဆီသို့ချက်ချင်းဆွဲကပ်သွားသည်။


ရွှီလော့ရန်က အဖြူရောင် hoodie နှင့် ကိုယ်ကျပ်ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားတဲ့အတွက် သူ့ခြေတံတွေကို သွယ်လျပြီး ရှည်လျားပုံပေါ်နေစေသည်။ သီချင်းဆိုနေတဲ့အတောအတွင်း ရွှီလော့ရန်က ခေါင်းဆောင်းကိုချွတ်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ကို ဖြစ်သလို ထည့်ထားပြီး လျော့ရဲသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေသော်လည်း ဆွဲဆောင်မှုရှိသော ပုံရိပ်ကို ပြသထားလေသည်။ ပြီးတော့ ခရစ်စတယ်လို ကြည်လင်ပြတ်သားတဲ့ အမြင့်သံကို ကြားလိုက်တာနဲ့ ၊ချီးာချန်အန်းရဲ့နှလုံးခုန်သံတွေပါ ၄င်းတို့နှင့်အတူ လွင့်ပျံသွားသလို ခံစားလိုက်ရသည်။


စိမ်းစိုနေတဲ့ သစ်ပင်ကြီအောက်မှာရပ်နေရင်း"နျောင်နျောင်က ကောင်းကောင်းဆိုနိုင်တာပဲ ပြီးတော့ အရမ်းလဲချောတယ်" ဟု လေးလေးနက်နက်ဖြင့် စာမပြန်ခင် ဗီဒီယိုကို ကြိမ်ဖန်များစွာ ဒါဇင်ကျော်လောက် ကြည့်နေခဲ့မိသည်။


ခန်းမထဲမှာ ဆူညံနေပေမဲ့ ရွှီလော့ရန်က သူ့ဖုန်းတုန်ခါသွားတဲ့မြည်သံကို လျင်မြန်စွာ သတိပြုမိလိုက်ပြီး ချီချန်အန်း ဆီကပြန်စာကို ငုံ့ကြည့်ကာ ခါးထောက်ပြီးရပ်နေတဲ့ လူတစ်ယောက်ပုံစံ အီမိုဂျီတစ်ခုဖြင့် ပြန်မဖြေခင် တစ်ခဏမျှ နှလုံးသားလေးကရုန်းကန်ခဲ့ရသည်။ 


ထို့နောက် "သေချာတာပေါ့" ဟုစာပြန်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ရှက်ကိုးရှက်ကန်းဖြင့် "နောက်တစ်ခေါက်ကျရင် မင်းတစ်ယောက်ထဲအတွက် သီးသန့်ဆိုပြမယ်"လို့ထပ်ပေါင်းထည့်လိုက်သည်။


စက္ကန့်လေးဆယ်လောက်အတွင်းမှာ ပုံရိပ်ယောင် တစ်ခုကို စိတ်ထဲမှာ အမှတ်မထင် ပုံဖော်လိုက်မိပြီးနောက် ရွှီလော့ရန်ရဲ့ နားရွက်များက ထပ်ပြီးပူလောင်သွားကာ ခေါင်းကို အလျင်အမြန် ခါယမ်းပြီး ပုံရိပ်အား ခေါင်းထဲကထုတ်နိုင်ရန် ကြိုးစားလိုက်သည်။


သူ့ဘေးတွင်၊ ကျန်းသုန့်က ညှိနှိုင်းရေးမှူးနှင့် ပွဲအတွက်နေရာချထားမှုများကို ဆွေးနွေးနေပြီး၊ ယင်းကို ရွှီလော့ရန်ကြားတဲ့အခါ ကျန်းသုန့်ကို အမြန် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်လေသည်။


ရွှီလော့ရန်ရဲ့ မျက်လုံးများ နာကျင်လုနီးပါး မှိတ်ပြနေတာကိုမြင်တော့ ကျန်းသုန့်က ပြောလက်စကိုခေတ္တရပ်လိုက်ပြီး ''စင်နဲ့အနီးဆုံး ပရိသတ်တွေအတွက် သက်မှတ်ထားတဲ့ ဧရိယာမှာရှိတဲ့ အတန်းက၊ အလယ်ဆုံး ထိုင်ခုံကို သီးသန့်ထားပြီး အဲ့ခုံကို မရောင်းပဲထားပေးပါ" ဟု ပြောကာ ညှိနှိုင်းပေးလိုက်သည်။


ရွှီလော့ရန်က ချက်ချင်း ခေါင်းကိုတဆက်ဆက်ညိတ်ပြလိုက်ပြီး ထိုထိုင်ခုံက သူ့ရဲ့ချီချီ အတွက်သီးသန့်ထိုင်ခုံဆိုတာကို ကျယ်ကျယ်လောင်လောင် ကြေညာလိုက်ချင်ပေသည်။ သို့ပေမယ့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့စိတ်ထဲမှာ 'သူ့ရဲ့' ဆိုတဲ့ စကားလုံးကို ဝမ်းနည်းစွာ ထုတ်ပစ်လိုက်ရသည်။


သူက သူ့ရဲ့အပိုင် မဟုတ်သေးတဲ့အတွက် စိတ်ထဲမကျေမနပ်ဖြစ်သွားရသည်။


မတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းမှာ အစမ်းလေ့ကျင့်မှု ပြုလုပ်နေခဲ့သည်။ လက်ထဲမှာ မိုက်ခရိုဖုန်းကိုကိုင်ထားရင်းဖြင့် စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ ရွှီလော့ရန်က သံမဏိစတီးလ်ခုံကိုမှီရင်း မှိန်းနေလိုက်သည်။ သူ့ရဲ့ အချိန်ဇယားတွေက အမြဲတမ်းအပြည့်ဖြစ်နေပြီး နေ့စဉ်နေ့တိုင်း အိပ်ရေးပျက်တဲ့ဝေသနာကို ခံစားနေရတာကြောင့် ခဏလောက် အိပ်ဖို့ရတဲ့အခွင့်အရေးကို အပြည့်အဝရယူလိုက်သည်။


ညှိနှိုင်းရေးမှူးဆီက သူ့နာမည်ခေါ်သံကို ကြားလိုက်သောအခါ ချက်ချင်းပင်မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်လုံးများကမူ ကြည်လင်လာကာ အိပ်ငိုက်ခြင်း တွေလဲချက်ချင်းပျောက်သွားရ၏။


 "ယန်ကော ၊ တစ်ခုခုမှားနေလို့လား"


"ငါခေါ်လိုက်တာ မဟုတ်ဘူး မင်းကိုခေါ်နေတာက ကျန်းကောပဲ"


ခေါင်းညိတ်ပြလိုက်ပြီး ရွှီလော့ရန်က သတ္တုနက်နှင့်လုပ်ထားတဲ့ case ကိုကြည့်နေကြတဲ့ ကျန်းသုန့်နှင့် လုတိ တို့ရှိတဲ့နေရာကို မြန်မြန်ပဲ လျှောက်သွားလိုက်သည်။ 


သူလည်း ကြည့်လိုက်ရာ ထူးထူးခြားတာ ဘာမှ မတွေ့ရသဖြင့်မေးလိုက်မိသည်။


"ဟိုတယ်ရဲ့ ပို့ဆောင်မှုအတွက်အတွက် ထုပ်ပိုးမှုက ဒီလိုတင်းကြပ်နေပြီလား"


''.........."


ကျန်းသုန့်က ရွှီလော့ရန်ကို ပြောစရာစကားပျောက်ရှနေပုံဖြင့် စိုက်ကြည့်နေလိုက်ပြီး "ဒါကို မင်းရဲ့ မစ္စတာချီ ပို့ပေးလိုက်တာ" လို့ ခပ်တိုတိုပဲ ပြောလိုက်သည်။


နောက်တစ်စက္ကန့်အကြာမှာပဲ ရွှီလော့ရန်က သူ့မျက်နှာကိုတစ်ဖက်ကိုလှည့်ကာ ရယ်မောပြလိုက်ပြီး "သူက ကျွန်တော့အပိုင်မဟုတ်သေးပါဘူး၊ ဒါပေမယ့် စိတ်မပူပါနဲ့ ကျန်းကော၊ ကျွန်တော်အဲ့အတွက် အကောင်းဆုံးကြိုးစားပြီ ကျွန်တော်အပိုင်ဖြစ်စေရမယ်" 


ညင်သာစွာ လုပ်ချောင်းတစ်ချက်ဆိုးလိုက်ပြီးနောက် ရွှီလော့ရန်ရဲ့ မျက်နှာ အမူအရာကတစ်ဖန်ပြန်လေးနက်လာကာ "အဲဒါကိုဖွင့်ပြီး အထဲမှာ ဘာတွေပါလဲ ကြည့်ရမယ်"


ထိုသို့ပြောလိုက်ရင်း ရွှီလော့ရန်က သူ့လက်ထဲရှိ မိုက်ခရိုဖုန်းကို လုတိကို ကိုင်ထားပေးဖို့ ကမ်းပေးလိုက်ပြီး တောက်ပြောင်နေတဲ့ အနက်ရောင်သတ္တုအိတ်ကို ဖွင့်ဖို့ လက်လှမ်းလိုက်တော့သည်။


"F*ck!"


"ဘယ်လိုတောင်ချမ်းသာတဲ့အာဏာရှင်ကြီးလဲ"


''............''



___


Translated By IQ-Team.