အပိုင်း ၂၄၇
Viewers 87k

Chapter 247



ကျိလဲ့ယွီက အတန်းထဲတွင် အိပ်ပျော်သွားလေသည်။ 


ဆရာမက ယင်းကို မြင်သော်လည်း ဘာပြောရမည်မှန်း မသိပေ။ ကျိလဲ့ယွီ၏အဆင့်က မကောင်းလျှင် ကျိလဲ့ယွီကို နိုး၍ ဆူပူလို့ရသော်လည်း အဆင့်က ကောင်း‌နေသောကြောင့် ဆူ၍မရပေ။


သင်္ချာဆရာမက ကျိလဲ့ယွီကို မေးခွန်းမေးကာ နိုးတော့မည်ဖြစ်သော်လည်း သူ မမေးမီ လင်းဖေးက လက်ညှိုးကို နှုတ်ခမ်းပေါ် တင်ပြလာလေသည်။


သင်္ချာဆရာမ :"..."


အဆုံးတွင် လင်းဖေးက သူ အကြိုက်ဆုံး ကျောင်းသားဖြစ်သည့်အတွက် ဆရာမက ကျိလဲ့ယွီကို မနိုးတော့ပေ။


အတန်းပြီးသောအခါ ဆရာမက ပြောလိုက်လေသည်။


"လင်းဖေး လာပါဦး..."


ထိုအချိန်တွင် ကျိလဲ့ယွီက နိုးလာပြီဖြစ်ပြီး ထိုအသံကို ကြားသောအခါ ဆရာမက လင်းဖေးကို အပိုမေးခွန်းမေးရန် ခေါ်ခြင်းဟု တွေးလိုက်မိလေသည်။


ဆရာမက လင်းဖေးကို မေးခွန်းအနည်းငယ်သာ မေးရန် သူ မျှော်လင့်မိသည်။ 


ဒါက အရမ်းပင်ပန်းလွန်းတယ်မလား...


ငြီးငွေ့စရာလည်း ကောင်းတယ်...


"လွန်ခဲ့တဲ့နှစ်ရက်က ကျိလဲ့ယွီရဲ့အခြေအနေကို ကြည့်ဦး...သားက သူ့အစ်ကိုမလား...သူ့ကို အရမ်းအကာအကွယ်ပေးလို့ မရဘူးလေ...အဲ့လိုလုပ်ရင် သူ့အဆင့်တွေက ကျသွားလိမ့်မယ်..."


သင်္ချာဆရာမက လင်းဖေးကို ရည်ရွယ်ချက်ကောင်းဖြင့် ပညာပေးလိုက်သည်။


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။


"မကျဘူး...ကျွန်တော် သူ့ကို အိမ်မှာ ပြန်သင်ပေးလို့ရတယ်..."


သင်္ချာဆရာမ :"..."


"သူ့ကို အချိန်ပေးရင် သားအဆင့်တွေ ကျသွားရင် ဘယ်လိုလုပ်မလဲ..."


"အဲ့လို မဖြစ်နိုင်ဘူး..."


"သားက တော်တော်ယုံကြည်ချက်ရှိတာပဲ..."


သင်္ချာဆရာမက ရယ်မောကာ ပြောလိုက်သည်။


"မေးခွန်းတွေက အရမ်းလွယ်လွန်းတယ်...အဆင့်ကျသွားစရာ အကြောင်း မရှိဘူး..."


လာမည့်စာမေးပွဲမေးခွန်းများက ခက်ကြောင်း ပြောပြတော့မည့် သင်္ချာဆရာမ :"..."


သို့သော် လင်းဖေးစကားကို သူ ၀န်မခံချင်သော်လည်း မှန်ကြောင်း ၀န်ခံရမည်ဖြစ်သည်။ သင်ရိုးများက မြင့်မားသော်လည်း လင်းဖေးအတွက်မူ အလွန်လွယ်ကူနေလေသည်။


"ဒီလိုဆို ဆရာမ သားကို ‌မေးခွန်းတစ်ခုပေးလိုက်မယ်...ပြန်သွားရင် ဖြေကြည့်...မနက်ဖြန် ဒါမှမဟုတ်သန်ဘက်ခါ အဖြေပြန်လာပြပေါ့..."


"ဟုတ်ကဲ့..."


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


သင်္ချာဆရာမက လင်းဖေး၏အမူအရာကင်းမဲ့သော မျက်နှာကို ကြည့်ပြီး တွေးလိုက်သည်။


လင်းဖေးမှာ ကလေးဆန်တဲ့ဘက်ခြမ်းလည်း ရှိသေးတာပဲ...


သူက လင်းဖေး၏ခေါင်းကို ထိရန် လုပ်လိုက်သော်လည်း လင်းဖေးက ရှောင်ရှားလိုက်လေသည်။


ဆရာမ :"..."


ဆရာမက တိတ်တဆိတ် လက်ပြန်ရုတ်လိုက်သည်။ သူက ရှက်စရာဟု မတွေးသရွေ့ ယင်းအဖြစ်အပျက်က ရှက်စရာ မဟုတ်တော့ပေ။


သင်္ချာဆရာမနှင့်လင်းဖေးက ရုံးခန်းသို့ မေးခွန်းယူရန် သွားနေစဉ် ကျိလဲ့ယွီက လင်းဖေးကိုလက်စားချေရန်လာသော မာရွိက်နှင့် တွေ့လိုက်ရလေသည်။


သူက လင်းဖေးကို လက်စားချေရန်လာခဲ့စဉ် လင်းဖေးက ကျိလဲ့ယွီကို ချော့နေသည်ကို တွေ့လိုက်ရလေသည်။


သူက သူတို့ဆီ သွားရန် ပြင်လိုက်သော်လည်းအတန်းခေါင်းလောင်းသံက မြည်လာသောကြောင့် သူတို့ အောက်ဆင်းသွားသည်ကိုသာ ကြည့်နေလိုက်ရလေသည်။


ယခု သူက လင်းဖေးကိုထပ်လာရှာသောအခါ ကျိလဲ့ယွီကိုသာ တွေ့လိုက်ရေသာကြောင့် ကျိလဲ့ယွီဆီ သွားလိုက်သည်။


ယခင်က ချစ်စရာကောင်းပြီး လှပသည့်အရုပ်လေးနှင့် ဆော့ချင်ခဲ့သော်လည်း ယခု မဆော့ချင်တော့ပေ။


သူက ကျိလဲ့ယွီနှင့် မလှမ်းမကမ်းတွင်ရပ်ကာ သူ့သူငယ်ချင်းကို ဖက်လိုက်ပြီး ‌ထေ့ငေါ့ပြောလိုက်သည်။


"ဘာလို့ သူ့ကို လာရှာတာလဲ...ဘာလို့ ငါ့ကို မပြောခဲ့တာလဲ...ဝူးဝူး...ဘာလို့ ငါမရှိတုန်း သူ့ကို လာရှာရတာလဲ...မင်းက ငါ့ကို သူ့ကို သွား‌တွေ့ခွင့်မပေးပေမဲ့ မင်းကြတော့ တိတ်တိတ်လေး လာတွေ့တယ်ပေါ့...ဝူးဝူး...လင်းဖေး ငါ မင်းကို ဘာမှ ဖုံးကွယ်မထားဘူး...မင်းကလည်း ငါ့ကို ဘာမှ ဖုံးကွယ်လို့မရဘူး...ဝူးဝူး..."


သူ့သူငယ်ချင်းက ပါ၀င်ပူးပေါင်းပေးလိုက်သည်။ သူက မာရွိက်ခေါင်းကို ထိကာ ပြောလိုက်သည်။


"လိမ္မာပါတယ်..."


မာရွိက်နှင့်အတူပါလာသော ကောင်လေးများက ရယ်မောလိုက်ကြပြီး သူတို့အသံက အလွန် ဆိုးရွားလွန်းသည်ဟု ကျိလဲ့ယွီ ခံစားရလေသည်။


သူက စိတ်ခံစားချက် ကောင်းမနေပေ။ လင်းဖေး၏နှစ်သိမ့်မှုကြောင့်သာ သူ့ကိုယ်ပေါ်မှ ကြမ်းတမ်းရက်စက်မှုများကို ဖိနှိပ်ထားနိုင်ခြင်းဖြစ်သည်။


"ရယ်စရာကောင်းလား..."


ကျိလဲ့ယွီက တစ်ဖက်လူထံ လျှောက်သွားပြီး နူးညံ့စွာ မေးလိုက်သည်။


မာရွိက်က အန္တရာယ်ကို အာရုံမခံမိသေး‌သောကြောင့် ပြောလိုက်သည်။


"မင်းပဲ အဲ့လိုလုပ်ခဲ့တာလေ...မင်းက လိမ္မာတဲ့ ကလေးလေး မဟုတ်ဘူးပဲ...လိမ္မာချင်ယောင်ဆောင်နေတဲ့ ကလေးလေးပဲ..."


ကျိလဲ့ယွီပြုံးလိုက်သည်။ သူ့အပြုံးက အလွန်လှပ‌လေသည်။


ထိုအပြုံးကို မြင်သောအခါ မာရွိက် အနည်းငယ်နောင်တရသွားသည်။ သူက ကျိလဲ့ယွီနှင့်ကစားချင်လေသည်။ အရုပ်ကလေးသဖွယ် လှပသော ကောင်လေးနှင့် ဆော့ချင်လေသည်။


"မင်း ငါနဲ့ကစားချင်ရင် မင်းအစ်ကိုခေါ်ပြီး ငါ့ကို လာတောင်းပန်ခိုင်းလိုက်...ဘယ်လိုလဲ..."


ကျိလဲ့ယွီ၏အပြုံးက ပိုမိုတောက်ပလာလေသည်။


သူက လက်ကို မြှောက်ကာ တစ်ဖက်လူကို လက်ယက်ခေါ်လိုက်ပြီး မာရွိက်ကလည်း ကျိလဲ့ယွီက တစ်ခုခုပြောချင်နေသည်ဟု တွေးလိုက်ပြီး အနားကပ်သွားလိုက်ရာ ကော်လံကို ဆုပ်ကိုင်ခံလိုက်ရပြီး အကန်ခံလိုက်ရလေသည်။


မာရွိက်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့သူငယ်ချင်းများကလည်း လက်စားချေရန် ကျိလဲ့ယွီကို တိုက်ခိုက်လာ၏။


ကျိလဲ့ယွီက စာသင်နှစ်စကတည်းက လော့ကျားနှင့် လေ့ကျင့်ထားသောကြောင့် ကောင်းကောင်း တိုက်ခိုက်တတ်လေသည်။ စက္ကန့်ပိုင်းအတွင်း သူက သူ့ကို တိုက်ခိုက်လာသူတိုင်းကို ကြမ်းပြင်ပေါ် မှောက်ချပစ်လိုက်သည်။


ကျိလဲ့ယွီက မာရွိက်ရှေ့ လျှောက်သွားပြီး သူ့မျက်လုံးများက စူးရှနေလေသည်။ သူက တစ်ဖက်လူ၏ရင်ခွင်ထဲတွင် အချော့ခံနေသည့် ကလေးတစ်ယောက်နှင့် လုံး၀မတူပေ။


သူက မာရွိက်၏အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်ပြီး မာရွိက်က အသက်ရှူကြပ်လာလေသည်။


 ကျိလဲ့ယွီက တစ်ဖက်လူနား နားကပ်ကာ နူးညံ့စွာ ပြောလိုက်သည်။


"မင်းကို တောင်းပန်စေချင်သေးလား..."


မာရွိက် ခေါင်းခါလိုက်သည်။


မာရွိက်က စကားပြောချင်သော်လည်း လည်ပင်းရှိ ဆုပ်အားက ပိုမိုပြင်းထန်လာလေသည်။ 


ထိုအချိန်တွင် ကျိလဲ့ယွီက ခေါင်းဖြင့် မာရွိက်ခေါင်းကို တိုက်လိုက်ပြန်သည်။


သူက မာရွိက်နဖူးကို ကြည့်လိုက်သည်။ သွေးထွက်ဒဏ်ရာမရှိသော်လည်း အတွင်းကြေဒဏ်ရာရှိနေလေသည်။


အရမ်းကောင်းတယ်...


“မင်းကို တောင်းပန်စေချင်သေးလား..."


သူက မာရွိက်ဆံပင်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။


မာရွိက် ခေါင်းခါလိုက်သည်။ 


"မှားသွားပါတယ်...မှားသွားပါတယ်...ထပ်မလုပ်တော့ပါဘူး..."


"မဟုတ်ဘူး...မင်းသာ ထပ်မလုပ်တော့ရင် ငါ့ဒေါသတွေကို ဘယ်မှာ ဖြေဖျောက်ရမှာလဲ..."


မာရွိက်က ပိုမိုကြောက်ရွံ့လာလေသည်။


"ငါ တကယ် တကယ် ထပ်မလုပ်တော့ပါဘူး..."


ကျိလဲ့ယွီက တစ်ဖက်လူ၏ကြောက်လန့်နေ‌သော အမူအရာကို ကြည့်ကာ ရယ်‌မောလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။


"ငါ့အစ်ကိုကို ရှာချင်သေးလား..."


မာရွိက်က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။


ကျိလဲ့ယွီက တစ်ဖက်လူကို လွှတ်ပေးလိုက်၏။


သူက ကြမ်းပြင်ပေါ်တွင် တုန်ရီနေသည့်လူကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။


"မကျေနပ်ရင် ငါ့ဆီ အချိန်မရွေးလာပြီး လက်စားချေလို့ရတယ်နော်..."


မာရွိက်က တစ်ဖက်လူ မျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်ပြီး ကြောက်လန့်နေလေသည်။


သူ မှားသွားပြီ...ဒါက ချစ်စရာကောင်းတဲ့ကလေးမဟုတ်ဘူး...အရမ်းကြောက်စရာကောင်းတဲ့ကလေးပဲ...


ကျိလဲ့ယွီက လက်ခါလိုက်ပြီး အိမ်သာသွားလိုက်သည်။


ထို့နောက် ဘေစင်တွင် ခံစားချက်ကင်းမဲ့စွာ လက်ဆေးလိုက်သည်။


သူက မာရွိက်ထက်ပင် ကြမ်းတမ်းရက်စက်ကြမ်းကြုတ်မာနကြီးသည့် ကလေးဖြစ်သော်လည်း မှန်ထဲရှိ သူ့ပုံရိပ်က အပြစ်ကင်းစင်ဖြူစင်သည့် ကလေးလေးဖြစ်နေလေသည်။


သူက ထိုပုံစံကို သူနှစ်သက်သည့် လူများရှေ့တွင်သာ ပြသချင်ပြီး လိမ္မာသည့်ကလေးလေးဟု အထင်ခံချင်လေသည်။


ကျိယွီရှောင်၊လင်းလော့ချင်းနှင့် လင်းဖေးက သူ့သွင်ပြင်ကို ပြောပြလျှင် လက်ခံနိုင်သော်လည်း အခြားလူများ ပြောသည်ကိုတော့ လက်မခံနိုင်ပေ။


တခြားလူတွေက ဘာအရည်အချင်းရှိလို့ သူတို့ရှေ့ လိမ္မာပြရမှာလဲ...


သူက တစ်ရှူးဖြင့် လက်သုတ်လိုက်ပြီး အတန်းထဲ ပြန်သွားလိုက်သည်။


လင်းဖေး ထိုင်ခုံတွင် ထိုင်လိုက်သောအခါ အတန်းခေါင်းဆောင်က သူ့ကို ပြောလာ၏။


"လင်းဖေး ကျိလဲ့ယွီက အရမ်းအစွမ်းထက်တာပဲ...သူက တခြားလူတွေနဲ့ တိုက်ခိုက်တာ တစ်ဖက်လူတွေက သူ့ကို ရိုက်တောင် မရိုက်နိုင်ဘူး..."


လင်းဖေး :"..."


သူ ခဏလေးပဲ ထွက်သွားတာ...ကျိလဲ့ယွီက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ပြီးပြီတဲ့လား...


မျှော်လင့်ထားတဲ့အတိုင်းပဲ...


လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး နားလည်ကြောင်း ပြလိုက်သည်။


"ဒါပေမဲ့ ဆရာမက ပြောတယ်...ရန်ဖြစ်တာ မကောင်းဘူးတဲ့...မင်း ကျိလဲ့ယွီ ထပ်ရန်မဖြစ်အောင် ထိန်းဦး...မဟုတ်ရင် မိဘအခေါ်ခံရဦးမယ်..."


အတန်းခေါင်းဆောင်က ပြောလိုက်သည်။


"အင်း..."


လင်းဖေး ပြန်ဖြေလိုက်သည်။


အတန်းခေါင်းဆောင်က တာ၀န်အရ သတိပေးပြီးနောက် သူ့ထိုင်ခုံဆီ ပြန်သွားလိုက်သည်။


ယောကျာ်းလေးများကြား ရန်ပွဲများက ပုံမှန်ပင်ဖြစ်ပြီး သူက အတန်းခေါင်းဆောင်ဖြစ်သောကြောင့် သတိပေးခြင်းဖြစ်သည်။ မဟုတ်လျှင် အခြားအခန်းမှလူများက မိဘတိုင်လျှင် အလုပ်ရှုပ်လာနိုင်ပေသည်။ထို့ကြောင့်သာ သူက လင်းဖေးကို သတိလာပေးခြင်းဖြစ်၏။


လင်းဖေးက စာတော်သောကြောင့် ဆရာများနှင့်မိဘများက သူ့ကို သဘောကျကြပြီး သူက ကျိလဲ့ယွီကို ထိန်းပေးနိုင်လေသည်။


လင်းဖေးက ရန်ပွဲ‌အကြောင်း သိသွားပြီဖြစ်ကြောင်းကို ကျိလဲ့ယွီ မသိခဲ့ပေ။


ကျိလဲ့ယွီ အခန်းထဲပြန်ရောက်သောအခါ လင်းဖေးက နေရာတွင် ထိုင်နေပြီဖြစ်သည်။


"သင်္ချာဆရာမက မေးခွန်းတွေ ထပ်ပေးလိုက်ပြန်ပြီလား..."


ကျိလဲ့ယွီက ထိုင်ခုံတွင် ထိုင်ကာ မေးလိုက်သည်။


"အင်း..."


လင်းဖေး ပြန်ဖြေလိုက်သည်။


ဒီလိုဖြစ်မယ်မှန်း ထင်သားပဲ...


ဆရာမက လင်းဖေးကို သဘောကျပြီး လင်းဖေးအား မေးခွန်းများ မေးရခြင်းကို နှစ်သက်လေသည်။ နောက်ဆုံးတွင် ထိုအတွက် ခံစားရသည်မှာ သူသာဖြစ်သည်။


ကျိလဲ့ယွီက စားပွဲပေါ် မှောက်အိပ်လိုက်သည်။


လင်းဖေးက တစ်ဖကိလူကို နှစ်သိမ့်ပေးလိုက်သည်။


"ငါ မင်းကို ဒီနေ့မလုပ်ခိုင်းပါဘူး...နောက်နှစ်ရက် လောက်နေမှာ ဒီမေးခွန်းကို လုပ်ပေါ့..."


ကျိလဲ့ယွီ အံ့ဩသွားသည်။


"တကယ်လား..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


ထို့နောက် သူက ကျိလဲ့ယွီကို စိုက်ကြည့်လိုက်ပြီး အချိန်ကြာလာသောအခါ ကျိလဲ့ယွီ စိတ်မသက်မသာဖြစ်လာလေသည်။


"ဘာ...ဘာဖြစ်လို့လဲ..."


"မင်း ငါ့ကို ပြောစရာ မရှိဘူးလား..."


ကျိလဲ့ယွီ :"..."


သူသိသွားပြန်ပြီလား...


ဘာလို့ အချိန်တိုင်း သိနေရတာလဲ...


သူ့မျက်လုံးအောက်က မလွတ်နိုင်တော့ဘူးလား...


"သား ရန်ဖြစ်ခဲ့တယ်...သူက သားကို အရင်စတာ...ဒါ့အပြင် သူက သားကို အရင်လှောင်ရယ်ပြီး ကိုကို့ကိုလည်း သူ့ကို တောင်းပန်ဖို့ ခေါ်ခိုင်းတယ်...သူနဲ့ ထိုက်တန်တယ်..."


လင်းဖေး တိတ်ဆိတ်နေလေသည်။


ကျိလဲ့ယွီက မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။


"သားကို အရင်လုပ်လို့ သား ပြန်လုပ်တာနော်..."


လင်းဖေးက ထေ့ငေါ့ပြောလိုက်သည်။


"ငါ မင်းကို ဘာပြောနေလို့လဲ..."


"ဒါဆို ဘာလို့ အဲ့လိုလာကြည့်နေတာလဲ..."


လင်းဖေးက ကျိလဲ့ယွီကို အကြည့်ဖြင့် စစ်ဆေးလိုက်သည်။


"မင်း ဒဏ်ရာရသွားသေးလား..."


"သူတို့ပဲ ဒဏ်ရာရသွားတာ..."


ကျိလဲ့ယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


ကျိလဲ့ယွီ ဒဏ်ရာမရတော့ အဆင်ပြေပါတယ်...


လင်းဖေးက ထိုကိစ္စကို စိတ်မ၀င်စားတော့ကြောင်း သိသောအခါ ကျိလဲ့ယွီက မေးလိုက်သည်။


"ထပ်မမေးတော့ဘူးလား..."


"မေးစရာ မရှိတော့ဘူး..."


"ကိုကို သားကို ဘာမှ မပြောတော့ဘူးလား..."


"ငါက ကိုယ့်စကားကိုယ် တည်တယ်..."


ကျိလဲ့ယွီ စိတ်သက်သာရာရသွားသည်။ လင်းဖေးက သူ့ကို အလွန်တင်းကြပ်သောကြောင့် သူ အဆူခံရမည်ဟု ထင်ထားခြင်းဖြစ်သည်။


လင်းဖေးက ကျိလဲ့ယွီကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ကျိလဲ့ယွီ၏စိတ်အ‌ခြေအနေက ပိုကောင်းလာသည်ကို တွေ့လိုက်ရ၏။


လင်းဖေးက ယင်းကို သဘောကျလေသည်။ သူက ကျိလဲ့ယွီကို ဖန်ရှင်းကြောင့် ၀မ်းမနည်းစေချင်ပေ။


ကျိလဲ့ယွီက သူနှင့်မတူပေ။ သူက ရယ်မောရသည်ကို မကြိုက်သော်လည်း ကျိလဲ့ယွီကမူ သဘောကျလေသည်။


နေ့လည်စာစားချိန် နေ့လည်စာစားပြီးနောက် လင်းဖေးက ကျိလဲ့ယွီကို အပြင်သို့ ခေါ်သွားလိုက်သည်။


"ဘယ်ကိုသွားမလို့လဲ..."


ကျိလဲ့ယွီ မေးလိုက်သည်။


လင်းဖေးက ကျိလဲ့ယွီကို ကျောင်းရှေ့မှ စတိုးဆိုင်ဆီ ဆွဲခေါ်သွားပြီး အရုပ်စင်ရှေ့ရပ်ကာ မေးလိုက်သည်။


"ဘယ်အရုပ်ကြိုက်လဲ..."


ကျိလဲ့ယွီ :"???"


သူက မော့ကြည့်လိုက်သောအခါ စင်ပေါ်တွင်စီထားသော ချစ်စရာကောင်းသည့် အရုပ်ကလေးများကို တွေ့လိုက်ရလေသည်။


ဒါပေမဲ့...


"သားကို ပေးမလို့လား..."


ကျိလဲ့ယွီ အံ့ဩသွားသည်။


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ဘာလို့ ရုတ်တရက်ကြီး လက်‌ဆောင်ပေးတာလဲ...ဒီနေ့က ထူးခြားတဲ့နေ့မှ မဟုတ်တာ..."


ပြီးတော့ ဘာလို့အရုပ်လဲ...


လင်းဖေးက ကျိလဲ့ယွီကို ပျော်စေချင်လေသည်။


သူက ကျိလဲ့ယွီ၏ခေါင်းကို ထိပေးခြင်း၊ ပွေ့ဖက်ခြင်း ၊ နမ်းခြင်းများ လုပ်နေသော်လည်း ဤနှစ်ရက်အတွင်း ကျိလဲ့ယွီ၏စိတ်အခြေအနေက ထူးမခြားနားဖြစ်နေသည်။


ကလေးများအား အရုပ်လက်ဆောင်ပေး၍ ချော့ခြင်းကို တီဗီမှာ တွေ့ခဲ့ရပြီး လင်းဖေးက ထိုနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။


"ဘယ်ဟာကြိုက်လဲ...မင်း ကြိုက်တဲ့ဟာရှိလား..."


ကျိလဲ့ယွီ ကြည့်လိုက်သောအခါ သူ ကြိုက်သည့်အရုပ် မတွေ့ပေ။


သူက ဤကဲ့သို့သော အရုပ်များကို စိတ်မဝင်စားပေ။ ထိူအရုပ်များထက် ဓား၊ သေနတ်၊ မြားစသည့်အရုပ်များကို လိုချင်လေသည်။


ဒါပေမဲ့ လင်းဖေးက သူ့ကို ဓားမကိုင်ခိုင်းဘူး...


ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။


လင်းဖေးက ကျိလဲ့ယွီကို ‌နောက်ထပ်တစ်ဆိုင် ခေါ်သွားလိုက်၏။


သူတို့က နှစ်ဆိုင်သုံးဆိုင်သွားပြီးဖြစ်သ်ောလည်း ကျိလဲ့ယွီက အကြိုက်မတွေ့သေးပေ။ ထိုစဉ် ကျိလဲ့ယွီက ရုတ်တရက် အရုပ်စက်ထဲမှ အရုပ်လေးကို တွေ့လိုက်ရလေသည်။


"ငါးမန်းလေး..."


ကျိလဲ့ယွီက လင်းဖေးကို ပြောလိုက်သည်။


အခြားဆိုင်များတွင် လင်းပိုင်လေးများဖြင့် ပြည့်နေသော်လည်း ဤဆိုင်တွင်မူ ငါးမန်းရုပ်လေးတစ်ရုပ် ရှိနေလေသည်။


လင်းဖေး မေးလိုက်သည်။


"မင်း ကြိုက်လို့လား..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။


"ဒါပေမဲ့ ယူရ ခက်လောက်တယ်..."


“ကြိုးစားကြည့်တာပေါ့...”


လင်းဖေးက ဆိုင်ထဲ သွားလိုက်ပြီး အကြွေစေ့များ ၀ယ်လိုက်ကာ စတင်ကြိုးစားလိုက်သည်။


လင်းဖေးက ထပ်ခါထပ်ခါ ယူနေသော်လည်း မရပေ။ 


ကျိလဲ့ယွီ ပြောလိုက်သည်။


"သား စမ်းကြည့်ချင်တယ်..."


လင်းဖေးက ကျန်အ‌ကြွေစေ့များကို ပေးကာ စမ်းကြည့်ခိုင်းသော်လည်း မရသေးပေ။


ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်သည်။


"ထားလိုက်‌တော့...မလိုချင်တော့ဘူး...သူ့ထက် ချစ်စရာကောင်းတဲ့အရုပ်ပဲ ရှာတော့မယ်..."


ထို့နောက် သူက လင်းဖေး လက်ကို ဆွဲကာ အခြားဆိုင်ထဲ ၀င်သွားလိုက်သည်။


သူက ခြင်္သေ့ရုပ်လေး၀ယ်လိုက်၏။ ထိုအခါ လင်းဖေးတွင်လည်း ခြင်္သေ့တစ်ကောင် ရှိသောကြောင့် ခြင်္သေ့နှစ်ကောင်ရှိလာမည်ဖြစ်သည်။


လင်းဖေးက နာရီကို ကြည့်လိုက်သည်။ နေ့လည်စာစားချိန် ပြီးတော့မည်ဖြစ်၏။ ထိုစဥ် ဖြတ်သွားသော အတန်းဖော်တစ်ယောက်က သူတို့နာမည်အော်ခေါ်ကာ သူတို့ဆီ ရောက်လာလေသည်။


"အရုပ်လေးက ချစ်စရာကောင်းလိုက်တာ..."


အတန်းဖော်က ပြောကာ ထိရန် လုပ်လိုက်သည်။


ကျိလဲ့ယွီက ချက်ချင်း အရုပ်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။


"မထိနဲ့...ငါ့အစ်ကို ၀ယ်ပေးထားတာ..."


အတန်းဖော်က မနာလိုဖြစ်စွာ ပြောလိုက်သည်။ 


"လင်းဖေးက မင်းအပေါ် အရမ်းကောင်းတာပဲ...သူက မင်းကို စာသင်ပေးပြီး အရုပ်လည်း၀ယ်ပေးတယ်...ငါ့ဆီက အရုပ်တွေကို ယူတဲ့ ငါ့အစ်ကိုနဲ့ မတူဘူး..."


ကျိလဲ့ယွီ ရယ်မောလိုက်သည်။


"ဟုတ်တယ်..."


လင်းဖေးက အရမ်းကောင်းတယ်...သူ လင်းဖေးနဲ့ တစ်သက်လုံး အတူတူနေချင်တယ်...ဘယ်သူကမှလင်းဖေးကို သူ့ဆီက လာခိုးသွားလို့ မရဘူး...


သုံးယောက်သား စာသင်ခန်းထဲ ‌ပြန်ရောက်လာကြလေသည်။


 ကျိလဲ့ယွီက ခြင်္သေ့လေးကို ပေါင်ပေါ်တင်ထားလိုက်ပြီး စိတ်ပျော်နေသောကြောင့် ဖန်ရှင်းကို သွားမရှာတော့သလို အိပ်လည်း မအိပ်တော့ချေ။


ကျောင်းဆင်းသောအခါ လင်းဖေးက ကျိလဲ့ယွီကို ကားထဲ ၀င်ခိုင်းလိုက်ပြီး ပြောလိုက်သည်။


"ရေခဲမုန့်စားချင်လား..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။


‌‌နွေရာသီဖြစ်သောကြောင့် ရေခဲမုန့်များကို စတင်ရောင်းချနေပြီဖြစ်၏။


"ငါ သွား၀ယ်လိုက်ဦးမယ်..."


"သားလည်း လိုက်ခဲ့မယ်လေ..."


ကျိလဲ့ယွီ ပြောလိုက်သည်။


"ဒီမှာပဲ စောင့်နေပါ..."


ကျိလဲ့ယွီက လင်းဖေးစကားကို အမြဲနားထောင်သောကြောင့် ကားထဲတွင် ထိုင်ကာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေလေသည်။


လင်းဖေးက ငါးမန်းရုပ်လေးရှိသည့်စတိုးဆိုင်ထဲ ၀င်သွားပြီး ဆိုင်ရှင်ကို ပြောလိုက်သည်။


"မင်္ဂလာပါ...ကျွန်တော် အရုပ်စက်ထဲက ငါးမန်းရုပ်လေး ၀ယ်လို့ရမလား..."


ပိုင်ရှင်က ငယ်ရွယ်ချောမောသည့် မိန်းကလေးဖြစ်လေသည်။ သူက နေ့လည်စာစားချိန်တွင် နေ့လည်စာ‌စားနေသောကြောင့် လင်းဖေးကို မတွေ့ခဲ့ရပေ။


သူက လင်းဖေး၏အေးစက်သောမျက်နှာနှင့် ယဉ်ကျေးသောစကားအပြောအဆိုကို ကြည့်ကာပြောလိုက်သည်။


"၀ယ်လို့ မရဘူး...အရုပ်စက်ထဲက အရုပ်တွေက ကောက်နိုင်မှ ယူသွားလို့ရမှာ...နင် သူတို့ကို ကောက်ချင်ရင် ငါ အကြွေစေ့ရောင်းပေးမယ်လေ..."


"ကျွန်တော် ကောက်လို့ မရလို့...ကျွန်တော် ကြိုးစားလေ့ကျင့်ပါမယ်...အရင်‌ဆုံး ရောင်းပေးလိုက်လို့ မရဘူးလား...နောက်ပိုင်း ကျွန်တော် လေ့ကျင့်ပြီး အရုပ်တွေ ကောက်မိရင် အစ်မကို ပြန်လာပေးမယ်လေ...မရဘူးလား...ကျွန်တော် ပိုက်ဆံလည်းပိုပေးမှာပါ..."


ဆိုင်ရှင်က အနည်းငယ် တွန့်ဆုတ်နေလေသည်။ သူနှင့်အပေးအယူလာလုပ်သည့် ကလေးမျိုးကိုတစ်ခါမှ မတွေ့ဖူးခဲ့ပေ။


လင်းဖေးက တစ်ဖက်လူထံမှအဖြေကို စောင့်နေလေသည်။


"အိုကေ...အပေးအယူဖြစ်ပြီ...ငါ နင့်အတွက် အနောက်တံခါးကို ဖွင့်ပေးမယ်...နောက်ကြ ပစ္စည်းတွေဘာတွေ၀ယ်ရင် ဒီဆိုင်လာ၀ယ်ရမယ်နော်...ဟုတ်ပြီလား..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


ချစ်စရာကောင်းလိုက်တာနော်...


ဆိုင်ရှင်က တွေးလိုက်ပြီး သော့ကို ယူကာ အရုပ်စက်၏တံခါးကို ဖွင့်လိုက်ပြီး ငါးမန်းရုပ်လေးကို ထုတ်လိုက်သည်။


"ရော့...

"


ဆိုင်ရှင်က လင်းဖေးထံ ပြန်လျှောက်လာပြီး ငါးမန်းရုပ်လေးကို ပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


လင်းဖေးက ထပ်မံကျေးဇူးတင်လိုက်သည်။


"ရပါတယ်..."


ဆိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။


ထို့နောက် လင်းဖေးက ရေခဲသေတ္တာထဲမှ ရေခဲမုန့် သုံးဘူးကို ထုတ်လိုက်ပြီး မေးလိုက်သည်။


"ဘယ်လောက်လဲ..."


"၃၆ယွမ်..."


သူက လင်း‌ဖေးကို ကူညီထုပ်ပိုးပေးလိုက်သည်။


လင်းဖေးက ကျောပိုးအိတ်ကို ဖွင့်ကာ ကုန်ကျငွေကို ပေးလိုက်ပြီး လော့ကျားကားဆီသို့ ပြန်သွားလိုက်သည်။