🍬Chapter 97
ဖုန်းခေါ်ဆိုမှုတစ်ကြိမ်ပြီးသွားတဲ့နောက်မှာတော့ ဖုန်းကနောက်တစ်ကြိမ်ထပ်မြည်မလာတော့ချေ။ရွှီလော့ယန်က ယဲ့ရှန်ရှန်ကိုအလျင်အမြန်ပဲစာတစ်စောင်ပို့လိုက်သည်။
"နောက်တစ်ခါကျရင် အရသာရှိတာတစ်ခုခုအတူတူသွားစားကြမလား..."
ယဲ့ရှန်ရှန်ကချက်ချင်းပင်စာပြန်လာသည်။
" ပိုအရသာရှိတဲ့တစ်ခုခုလား၊သေချာတာပေါ့၊ သွားစားကြမယ်"
ရွှီလော့ယန့် ဖုန်းစခရင်ကနေ အဝေးကိုငေးကြည့်လိုက်ပြီး၊သူ့ဘေးနားမှာထိုင်နေတဲ့ချီချန်အန်းဘက်ကို လေးနက်တဲ့အမူအရာဖြင့် လှည့်လိုက်ပြီး ချောင်းနှစ်ချက်လောက်ဟန့်လိုက်ကာ
"ဒီတစ်ခေါက်တော့ ငါမင်းကို မခေါ်တော့ဘူးနော်၊ရှန်ရှန်နဲ့ ငါပဲသွားလိုက်မယ်...ငါတို့နှစ်ယောက်စလုံး အစားကောင်းလေးတွေ လျှို့လျှို့ဝှက်ဝှက်စားဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားလပ်ချိန်လေးတွေပေးသင့်တယ်မလား"
"ဟမ်း မင်းကိုယ့်ကိုမခေါ်ချင်ရင်လဲ မခေါ်ပါနဲ့" ဟုပြောလိုက်ပြီး ချီချန်အန်းကနမ်းဖို့ရာအတွက် ရှေ့တည့်တည့်ကိုတိုးလာလေသည်။
သတိမကပ်လိုက်တဲ့အချိန်မှာနမ်းခံလိုက်ရတဲ့အတွက် ရွှီးလော့ယန်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး "မင်းဘာလို့ငါ့ကိုရုတ်တရက်နမ်းရတာလဲ"
ချီချန်အန်းရဲ့ မျက်လုံးအကြည့်တွေထဲမှာ စနောက်လိုစိတ်တွေပြည့်လျှံနေပြီး
"ကိုယ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လွတ်လပ်ခွင့်ပေးဖို့ မင်းခုလေးတင်ပြောလိုက်တာမလား၊အဲ့ဒီတော့ ကိုယ့်ကိုလည်း မင်းကို လွတ်လွတ်လပ်လပ်နမ်းခွင့်ပေးသင့်တယ်မလား"
ရွှီလော့ယန်က သူ့နှုတ်ခမ်းတွေကို လျက်လိုက်ပြီး -ဒါကနည်းနည်းတော့အဓိပ္ပါယ်ရှိသလိုပဲ
နှစ်မိနစ်အကြာမှာပဲ ယဲ့ရှန်ရှန်စီကနေ နောက်ထပ်မက်ဆေ့ချ်တစ်ခုရောက်လာပြီး
" လော့ယန်..လော့ယန်၊သတင်းထူး ၊ ဝမ်ကျစ်လင်က ခုလေးတင်ပဲ သူ့ရဲ့ကော်ဖီခွက်ကို ပစ်ပေါက်ခွဲလိုက်တယ်"
'ဝမ်ကျစ်လင်'ဆို တာကိုမြင်လိုက်ရတဲ့အချိန်မှာရွှီလော့ယန်ရီနေတာကို မရပ်တန့်နိုင်တော့ဘဲသူ့ကိုမေးလိုက်မိသည်။
"သူ သူ့ရဲ့ခွက်ကိုခွဲလိုက်တာကို မင်းကဘယ်လိုတောင်သိနေရတာလဲ"
"ငါသူတို့ရဲ့ လုံခြုံရေးမှတ်တမ်းကို မတော်တဆ ဟက်လိုက်မိပြီး သူခွက်ကိုပစ်ပေါက်လိုက်တာကို တိုက်ရိုက်မြင်လိုက်ရတာ၊ကောင်းမှုတွေလုပ်နေတဲ့အချိန်မှာ သူများရဲ့အာရုံကိုမဆွဲဆောင်မိအောင်လို့ကြိုးစားနေရတယ်ကျန်းကောက ငါတို့ကိုငြိမ်ငြိမ်ေလးနေဖို့နဲ့ ပြန်ဆုတ်ဖို့ပြောခဲ့တာ"
နောက်ထပ်စာအနည်းငယ်ပို့ပြီးတဲ့နောက်မှာ ရွှီလော့ယန်သူ့ဖုန်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပိတ်လိုက်ကာ ချီချန်အန်းစီမှ ပန်းသစ်တော်သီးတစ်စိတ်ကို တောင်းလိုက်ပြီး သူ့ရဲ့လက်ဖျားထိပ်လေးများကိုပင်တမင်တကာကိုက်လိုက်သေးသည်။
သူ့ရဲ့လက်ဖျားထိပ်လေးများ ရွှီလော့ယန်ရဲ့နှုတ်ခမ်းပါးများထက် ညင်သာစွာပွတ်တိုက်မိသွားချိန်မှာတော့ "ကိုယ့်ကိုမနှောက်ယှက်နဲ့နော်" လို့ တီးတိုးပြောလိုက်သည်။
"မနှောက်ယှက်ဝံ့ပါဘူး၊မနှောက်ယှက်ဝံ့ပါဘူး"
ရွှီလော့ယန်တတွတ်တွတ်ပြောလိုက်ပြီး ချီချန်အန်းကိုယ်ပေါ်တစ်ဝက်မှီလိုက်ကာ မျော်လင့်ချက်အပြည့်ဖြင့်
"အဲ့ဒီတော့ ချန်အန်း၊ ငါတို့နေ့လည်စာအတွက်ဘာစားကြမလဲ"
"ဝက်ခြေထောက်စွပ်ပြုတ်"
"ဟမ်" ရွှီလော့ယန်သူ့ခြေထောက်သူငုံ့ကြည့်လိုက်ပြီး" ဆိုတော့ဒါက......မင်းစားချင်တယ်ဆိုတဲ့ဟာပေါ့"ဟုပြောလိုက်ပြီးနောက် တစ်ခုခုကိုသတိပြုမိသွားကာ
"ချန်အန်း မင်းဒီအကြံကို ငါမြန်မြန်နေကောင်းဖို့ ဝက်ခြေထောက်စွပ်ပြုတ်စားသင့်တယ်လို့ ကျန်းလျို့ပြောတာကို ကြားပြီးရခဲ့တာမလား"
ချီချန်အန်းက တုံ့ပြန်ချင်းမပြုသလို ငြင်းလဲမငြင်းခဲ့ပေ။
ရွှီလော့ယန်က ပိုပြီးအသံကျယ်ကျယ်ဖြင့် ပျော်ရွှင်စွာရယ်မောလိုက်ရင်း
"ငါ့ရဲ့ချန်အန်းကောကောက အရမ်းချစ်ဖို့ကောင်းတာပဲ"
နေက်ထပ်မိနစ်အနည်းငယ်လောက်စကားပြောပြီးတဲ့နောက်မှာ ရွှီးလော့ယန်ရဲ့ ဖုန်းက ထပ်ပြီးမြည်လာသည်။
သူက ဆံပင်တွေကိုတစ်ချက်ထိုးဖွလိုက်ပြီး
"ဒီနေ့ကဘာနေ့မလို့အရမ်းအလုပ်ရှုပ်...."
သူပြောနေရင်းမှာပဲ ဖန်သားပြင်ပေါ်ကနာမည်ကိုမြင်လိုက်ချိန်မှာ အံ့သြသွားကာ"ဒါရိုက်တာချူး"
ချီချန်အန်းနဲ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ရွှီးလော့ယန်အနည်းငယ်မသက်မသာခံစားလိုက်ရသည်။
-ပြောရရင် ဒါရိုက်တာချူး ရဲ့မိတ်ဆက်ပေးမှုကြောင့် သူတုရွမ်လန်နဲ့ သိခဲ့တာမလား...
သို့ပေမယ့်လည်း သူဖုန်းကိုင်ပြီးတဲ့အချိန်မှာ သူ့လေသံကိုပုံမှန်ပြန်ဖြစ်အောင်ထိန်းလိုက်ပြီး အခြားစိတ်ခံစားချက်တွေမပေါ်စေဘဲ "ဒါရိုက်တာ ချူး ၊ ကျွန်တော် လော့ယန်ပါ" လို့ပြုံးပြုံးလေးနှုတ်ဆက်လိုက်သည်။
ချူးဝေ" ဒီနေ့ပဲအကြောင်းစုံသိပြီးပြီ၊လော့ယန် ငါတောင်းပန်ပါတယ်"
ရွှီလော့ယန်က မသိစိတ်ကနေထထိုင်လိုက်ပြီး
"ဒါရိုက်တာချူး အဲ့ဒီလိုမပြောပါနဲ့၊အခုလိုမျိုး အခြားဒါရိုက်တာတစ်ယောက်ကို အကြံပြုပေးတာက ကျွန်တော်ရဲ့သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုမှုတစ်ခုပဲလေကျွန်တော်က ဝမ်းသာပြီးကျေးဇူးတောင်တင်ရဦးမှာ..."
ထို့နောက် သူက နောက်ဆက်ပြောမဲ့စကားလုံးတွေကိုသေချာရွေးချယ်လိုက်ပြီး
"အဲ့ဒီနောက်ပိုင်းဖြစ်လာတဲ့ ပြဿနာတွေက ဒါရိုက်တာချူး ထိန်းချုပ်နိုင်တာမျိုးမှမဟုတ်တာ"
ချူးဝေ့က စကားမပြောခင် စက္ကန်အနည်းငယ်ကြာတဲ့အထိ နှုတ်ဆိတ်နေခဲ့ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ရင်း
"တုရွှမ်လန်က အလုပ်ကြိုးစားတဲ့သူတစ်ယောက်၊ ငါတို့တစ်ယောက်နဲ့တစ်ယောက်မတွေ့တာအတော်ကြာနေပြီ၊ဒီတိုင်းစာနဲ့ပဲအဆက်အသွယ်ရှိကြတာ၊သူ အဓိကဇာတ်ဆောင်အနေနဲ့ရွေးထားတဲ့သူက ထွက်ပြေးသွားပြီး အဲ့ဒါက သူ့ကိုအတော်လေး ဒုက္ခရောက်စေခဲ့တယ်လို့ငါ့ကိုပြောတာနဲ့ ငါမင်းကိုအကြံပြုပေးလိုက်တယ်ေလပြီးတော့သူက မင်းနဲ့အရင်တွေ့ကြည့်ပြီး ဆုံးဖြတ်ချက်ချမယ်လို့ပြောတယ်"
"အဲ့ဒီအတွက် တစ်ကယ် ကျေးဇူးအများကြီးတင်ပါတယ်"
"မင်းရဲ့ကျေးဇူးတင်မှုက ငါနဲ့မထိုက်တန်ပါဘူး...အစက မင်းဖြစ်လိမ့်မယ်လို့ထင်ထားတာ...တုရွှမ်လန် ရဲ့စိတ်ထဲမှာ ဒီလိုအကြံမျိုးရှိနေမယ်လို့ထင်မထားဘူး...ငါနားလည်မှုလွဲပြီး မင်းကိုဘာမှမဟုတ်ပဲအလုပ်ရှုပ်စေမိပြီ...နောက်နေ့ ငါမင်းနဲ့ ချန်အန်းကို ညစာလိုက်ကျွေးမယ်"
ရွှီလော့ယန် ချီချန်အန်းကိုတစ်ချက်ကြည့်လိုက်ပြီး သူခေါင်းညိတ်ပြတာကိုမြင်တော့
"ရတယ်လေ၊ဒါပေမယ့် ကျွန်တော်နဲ့ ချန်အန်းကကျွေးပါ့မယ်... ကျွန်တော်တို့ ရက်ချိန်းလိုက်မယ်၊ဒါရိုက်တာက လာခဲ့ရုံပဲ"
သူတို့ရဲ့နေ့လည်စာအတွက် တစ်ကယ်ပဲဝက်ခြေထောက်စွပ်ပြုတ်သောက်ခဲ့ရပြီး ရွှီလော့ယန်မှာ ပန်ကန်နှစ်လုံးစာသောက်ဖို့ပင် တွန်းအားပေးခံလိုက်ရပေသည်။ထိုအချိန်မှာ သူ့နာမည်ကို TVကနေကြားလိုက်ရပြီး သူတို့နှစ်ယောက်လုံး စုန့်ယောင်ကို သတင်းထောက်တစ်ယောက်က အင်တာဗျူးနေတာကိုတွေ့လိုက်ရလေသည်။ သတင်းထောက်က ရွှီလော့ယန်၊ ချီချန်အန်းနှင့် ကျန်းလျို့တို့သုံးယောက်လုံး "ထိပ်တန်းလျှို့ဝှက်မစ်ရှင်" ကနေ ဆက်တိုက်နှုတ်ထွက်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့အထင်အမြင်ကိုမေးမြန်းနေတာဖြစ်သည်။
ကင်မရာရှေ့မှာ စုန့်ယောင်က အလွန်တရာဖော်ရွေတဲ့အပြုံကို ထိန်းထားပြီးတော့
"သူတို့အခုလိုထွက်သွားတာနဲ့ပတ်သတ်ပြီး ကျွန်တော်အထူးတစ်လည် တွေးမိတာတော့မရှိပါဘူး ...ကျွန်တော်အနေနဲ့ကတော့ အစီအစဥ်ကိုဆက်လက်ရိုက်ကူးသွားမှာပါ...အခုက တတိယပိုင်းအထိရိုက်ကူးရေးပြီးထားပြီး ပထမနှစ်ပိုင်းကလဲအခုဆိုရင် ထုတ်လွှင့်ပြီးနေပြီ... ကျွန်တော်ကတော့ ထုတ်လုပ်ရေးအဖွဲ့နဲ့လက်တွဲရတာကို နှစ်သက်ပြီးတော့ ဆက်ပြီးလက်တွဲသွားဖို့လဲ ဆန္ဒရှိတယ် " ဟု ဂရုတစိုက်မဖြေခင် ခဏလောက်တွေးတောနေခဲ့သည်။
စုန့်ယောင်ရဲ့ စကားတွေထဲက လျှိုထားတဲ့အဓိပ္ပါယ်ကို နားလည်သွားပြီးတဲ့နောက်မှာ သတင်းထောက်တွေက မြန်မြန်ပဲစိတ်လှုပ်ရှားသွားကြသည်။
သူတို့တွေထဲကတစ်ယောက်က
"ရွှီလော့ယန်က သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရတဲ့ပုံမျိုး လုပ်ကြံခဲ့တယ်လို့ အွန်လိုင်းပေါ်က ကောလဟာလတွေရှိနေတယ်၊ အစီအစဥ်ရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ အဲ့ဒီကိစ္စအပေါ် မင်းရဲ့အမြင်ကိုလဲသိပါရစေ"
"အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကျွန်တော် သိပ်ဂရုမစိုက်ဖြစ်ဘူး၊ ဒါပေမယ့် ကျွန်တော်မြင်တွေ့ရတာတွေအရတော့ ထုတ်လုပ်ရေးအဖွဲ့က လုံခြုံရေးနဲ့ပတ်သတ်တဲ့ပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်တော်လေးကောင်းမွန်တယ်"
သူထိုသို့ပြောပြီးတဲ့နောက်မှာပဲ သူ့ရဲ့မန်နေဂျာဟွမ်ယွင်လိရဲ့အသံကိုကြားလိုက်ရလေသည်။
"အားလုံးပဲ စုန့်ယောင်က နောက်ထပ်ချိန်းဆိုမှုတွေသွားစရာရှိသေးတယ်...ကျေးဇူးပြုပြီး လမ်းလေးဖယ်ပေးကြပါဦး"
ရွှီလော့ယန် သူ့ရဲ့တူတွေကို ကိုက်လိုက်ပြီး အံ့သြတကြီးဖြင့်"စကားတစ်ခွန်းရဲ့ ထိရောက်မှုကလဲ အံ့သြစရာပဲ"ဟုပြောလိုက်ပြီးနောက် မသိစိတ်ဖြင့် ခေါင်းကို ချီချန်အန်းကိုကြည့်လိုက်မိတဲ့အချိန် သူ့မျက်နှာအမူအရာက တင်းမာနေပြီး သူ့ရဲ့အကြည့်တွေကလည်းအေးခဲလုနီးပါး ဖြစ်နေတာကို တွေ့လိုက်ရလေသည်။
သူ့ကိုအနမ်းပေးဖို့ရာအတွက် ကိုယ်ကိုကိုင်းလိုက်ပြီးနောက် သူ့မျက်လုံးတွေကိုကြည့်ကာ ပြုံးပြလိုက်ပြီး
"စိတ်တိုမနေပါနဲ့ သူဒီလိုမျိူးထုတ်လုပ်ရေးအသင်းဘက်ကပါတယ်ဆိုတာက ပုံမှန်ပါပဲ၊ ငါ့ဘက်ကပါတယ်ဆိုရင်သာ ကြောက်နေရမှာ၊ ဒီလိုအခြေအနေမှာအခြားဘာများဖြစ်နိုင်ချေရှိမှာလဲ၊ ထုတ်လုပ်ရေးအဖွဲ့က သူတို့ဘက်မှာအပါခေါ်ထားဖို့သေချာပေါက်ကြိုးစားမှာပေါ့"
ချီချန်အန်းရဲ့ အေးစက်တင်းမာတဲ့အကြည့်တွေကပျော့ပြောင်းလာပြီး သူကနောက်ထပ်ဟင်းချိုပန်းကန်တစ်လုံး အပြည့်စားဖို့ သေချာကျွေးနေလေသည်။
နာခံမှုအပြည့်နဲ့ စားပြီးတဲ့အချိန်မှာတော့ "ချန်အန်း ငါဒီတစ်ခါဘာလို့ စာချုပ်ချိုးဖျက်မှုအတွက် ဒဏ်ကြေးအများကြီးပေးပြီး ထုတ်လုပ်ရေးအဖွဲ့နဲ့ အတိုက်အခံလုပ်နေလဲဆိုတာသိလား" ဟု ရွှီလော့ယန်က ရုတ်တရက်မေးလိုက်သည်။
"ဘာလို့လဲ"
ချီချန်အန်းက ရွှီလော့ယန် မီးမွှေးချင်နေရင်တောင် သူကမီးခြစ်ဆံနဲ့အတူ လေပါပင့်ပေးမည် ဆိုတဲ့နိယာမနဲ့အတူ မေးခွန်းကို အများကြီးမစဥ်းစားဘဲ ပြန်မေးလိုက်သည်။
"ပထမဆုံး ပွဲဦးထွက်ပြီး မကြာသေးခင် ဒုတိယမြောက်ဒရာမာဇာတ်ကားရိုက်တုန်းက စီနီယာတစ်ယောက်နဲ့တွေ့ခဲ့တယ်... သူကငါ့ကို ကြုံရင်ကြုံသလို လမ်းပြပေးပြီး အများကြီးလဲသင်ပြပေးခဲ့တဲ့ လူကောင်းတစ်ယောက်ပဲ...သူ့အသက် ဆယ့်ခုနှစ်နှစ်မှာ အနုပညာလောကထဲဝင်ခဲ့ပြီးတော့ နှစ်နှစ်ဆယ်နီးပါးသရုပ်ဆောင်ခဲ့တယ်...သူကရုပ်ရှင်ရိုက်ရတာကို အရမ်းကြိုက်ပေမဲ့ အရမ်းကြီးအောင်မြင်ကျော်ကြားတာမျိုး မရှိလာခဲ့ဘူး"
ရွှီလော့ယန်က သူ့မေးစေ့ကိုသူ လက်ဖြင့်ကိုင်ထားရင်း သူ့လေသံကတဖြည်းဖြည်းတိုးညှင်းသွားကာ
"အဲ့ဒီတုန်းကလဲ အခုလိုမျိုး ပုံစံတူအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တယ် သူက Indoor variety show တစ်ခုမှပါခဲ့ပြီး အဲ့ဒီက ပစ္စည်းတွေနဲ့ခိုက်မိပြီး ချက်ချင်းဆေးရုံကိုသွားခဲ့ရတာ...တောင်းပန်မှုရော ၊ လျှော်ကြေးငွေကောမပေးခဲ့ရုံတင်မကဘဲ ရိုက်ကူးရေးအဖွဲ့က လူထုကိုရှင်းလင်းချက်တောင်မပေးခဲ့ဘူး သူတိူ့က သူ့ရဲ့အခန်းတွေအကုန်လုံးကိုဖျက်လိုက်ပြီး ရိုက်ကူးရေးမှာပါခဲ့တဲ့အခြားအနုပညာရှင်တွေကလဲ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲပြောကြတယ်..."
"ပြီးတော့ အဲ့ဒါကဘယ်လိုဖြစ်သွားလဲ"
"သူမျက်နှာပေါ်မှာ ဒဏ်ရာကြောင့် အမာရွတ်ကျန်ခဲ့တယ်လေ...အဲ့ဒီနောက်မှာ ဘယ်သူကမှသူ့ကို ထပ်ပြီးသရုပ်ဆောင်ဖို့ မကမ်းလှမ်းလာတော့ဘူး...နောက်တော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းကနေ ဖြေးဖြေးချင်းထွက်သွားပြီး ဟော့ပေါ့ဆိုင်လေးတစ်ခုဖွင့်ထားတယ်လို့တော့ပြောကြတယ်"
သူ့အကြည့်တွေကိုအောက်ကိုပို့လိုက်ပြီး ရွှီလော့ယန်သူ့ရဲ့ပန်းကန်လုံးအစွန်းတွေကိုတူနဲ့ခေါက်လိုက်ကာ
"ဒီလောကမှာ ဒီလိုမတရားမှုတွေကအများကြီးပဲ အဲ့ဒီလိုနေရာမှာ ပြောရေးဆိုခွင့်ရှိတဲ့ဘယ်သူမဆို ကောင်းကင်ကိုတောင်လက်တစ်ဖက်တည်းနဲ့ ဖုံးထားနိုင်တယ်... အမှားအမှန်ကိုလဲ ဖျောက်ဖျက်ပစ်နိုင်သလို အမှားကိုလဲအမှန်လို့ပြောလို့ရတယ်...ပြီးတော့ လူတစ်ယောက်ကိုလည်းမျှော်လင့်ချက်မဲ့သွားတဲ့အထိ တွန်းပို့နိုင်တယ်...အခုငါ့ရဲ့စိတ်ကူးက နည်းနည်းနုံချာပြီးတော့ စိတ်ကူးယဥ်ဆန်တဲ့ပုံပေါ်နေတယ်"
သူက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “ဒါပေမယ့် ဒီတစ်ကြိမ် အမှန်တရားကို အောင်အောင်မြင်မြင် ကာကွယ်ဖော်ထုတ်နိုင်ရင် အလားတူ အခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ အလျှော့မပေးဘဲ ဖော်ထုတ်နိုင်မဲ့ သတ္တိရှိတဲ့အနုပညာရှင်တွေ ရှိလာနိုင်ပြီး သူတို့အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာချင်တယ်...ဒါကနည်းနည်းတော့ ခတ်ပေမယ့် ငါကြိုးစားကြည့်ချင်သေးတယ်"
ထိုစကားတွေကို ပြောနေချိန်မှာ သူ့မျက်လုံးတွေက ကြယ်မှုန်တွေ ဖုံးလွှမ်းနေသလိုမျိုး တလဲ့လဲ့တောက်ပနေချေသည်။
"ဒီအကြံအစည်က မနုံအဘူး စိတ်ကူးယဉ်ဆန်တာမျိုးလဲမဟုတ်ဘူး"
ခေါင်းခါရင်းပြောလိုက်ပြီးနောက် ချီချန်အန်းရဲ့မျက်ဝန်းများထက် နွေးထွေးမှုများလွှမ်းခြုံနေလေသည်။
သူကရွှီလော့ယန်ကိုကြည့်လိုက်ပြီး သူ့လက်များထက် ငြင်သာစွာဆုပ်ကိုင်လိုက်ကာ
" ကိုယ်မင်းနဲ့အတူတူရှိနေတယ် ကိုယ်တို့သေချာပေါက်လုပ်နိုင်မှာပါ"
စုန့်ယောင်ရဲ့ အင်တာဗျူးဗီဒီယိုက အွန်လိုင်းမှာ မြန်မြန်ပဲပျံ့နှံ့သွားပြီး ထုတ်လုပ်ရေးအဖွဲ့ရဲ့ လက်ထဲမှာရှိတဲ့ V Entertainment အကောင့်တွေက သူတို့ရဲ့ဂုဏ်သတင်းကိုဆေးကြောဖို့ အမြန်ပဲရေတပ်တွေဖြင့် လက်တွဲခဲ့ကြသည်။
"-ငါက ဖြတ်လျှောက်တစ်ယောက်ပါ၊ဘယ်သူ့ရဲ့ပရိတ်သတ်မှမဟုတ်ဘူး၊ ဒါပေမဲ့ အင်တာဗျူးကိုတွေ့လိုက်တဲ့အချိန်မှာ "ဝိုး" ခနဲပဲ...ဖျော်ဖြေရေးလောကကတစ််ရှုပ်ထွေးတယ်လို့ခံစားရတယ်... စုန့်ယောင်က သူထုတ်လုပ်ရေးအဖွဲ့နဲ့လက်တွဲရတာကိုနှစ်သက်တယ်လို့ပြောခဲ့တယ်မလား...အဲ့ဒီတော့ ရွှီလော့ယန်က ပရိုဂရမ်အဖွဲ့နဲ့တွဲလုပ်နေတဲ့အချိန်မှာခက်ခဲတဲ့ အချိန်တွေရှိတယ်လို့ဆိုလိုတာမျိုးလား...ပထမဆုံးအပိုင်းလွင့်ပြီးတော့ ရွှီလော့ယန်က သူ့ရဲ့ ချစ်စရာကောင်းတဲ့မျက်နှာကိုရောင်းပြီး အောင်မြင်လာပြီးတော့ နောက်ပိုင်သမှာ ထုတ်လုပ်ရေးအဖွဲ့ကို လစာတိုးပေးဖို့တောင်းဆိုခဲ့တာမျိုးဖြစ်လိမ့်မယ်...ဒါပေမယ့် ပမာဏအရမ်းများတော့ ထုတ်လုပ်ရေးအဖွဲ့က သဘောမတူတဲ့အတွက် သူ့ရဲ့ အာဃာတကို ဆုပ်ကိုင်ထားတယ်ဆိုတာ အရမ်းထင်ရှားတယ်... လူတွေကကြောက်ဖို့ကောင်းလိုက်တာ!"
"-ဗီဒီယိုကိုမြင်လိုက်တဲ့အချိန် တစ်ခုခုအရမ်းထူးဆန်းတာကိုတွေ့လိုက်ရတယ် စတီးပြားကြီး ပြုတ်ကျတဲ့အချိန်မှာ ရွှီလော့ယန်က ဘယ်လိုလုပ်ပိုက်အောက်မှာရောက်နေတာလဲ ၊ကပ်သီးလေးလွတ်သွားတာလား...တစ်ခုခု မသင်္ကာစရာမရှိဘူးလို့ ငါတော့မယုံဘူး"
"- သူက ထုတ်လုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းလို့ မရတော့ သူတို့ကို အပုပ်ချဖို့ နည်းလမ်းတွေ စဉ်းစားပြီး အဲ့ဒါနဲ့ ခြိမ်းခြောက်ပြီး အပေးအယူလုပ်စေချင်နေတာဖြစ်မယ်... ထုတ်လုပ်ရေးအဖွဲ့ဘက်က တိတ်တိတ်လေးခံနေရုံကလွဲပြီး ရွေးချယ်စရာရှိခဲ့မှာမဟုတ်ဘူး... ဒီမြို့မှာအကြံအစည်တွေအရမ်းများကြတာပဲ"
ကောလာဟလတွေ များလေလေ၊ လူတွေက ယင်းတို့တွေကို အဖြစ်မှန်အဖြစ် မှတ်ယူကြလေလေဆိုတော့ သိပ်မကြာခင်မှာဘဲ လမ်းသွားလမ်းလာ တစ်ချို့က ဤဇာတ်ကြောင်းတွေကို အမှန်တွေလို့ တဖြည်းဖြည်း ယုံကြည်လာကြသည်။နောက်ဆုံးမှာတော့ 'အခကြေးငွေနဲ့ပတ်သတ်ပြီး စေ့စပ်ညှိနှိုင်းမှုအတွက် သဘောတူညီမှုမရတဲ့အတွက် ထုတ်လုပ်ရေးအဖွဲ့နဲ့သဘောထားကွဲလွဲမှုများဖြစ်ပေါ်ကာ သရုပ်ဆောင်အမျိုးသားက ရိုက်ကွင်းမှာမတော်တဆမှုဖြစ်သလို ဇာတ်အိမ်ဖန်တီးပြီးသရုပ်ဆောင် 'ဆိုတဲ့ အကြောင်းအရာမျိုးက ဖျော်ဖြေရေးနယ်ပယ်အပေါ် လူထုရဲ့အတွေးအမြင်နှင့်ကွက်တိကျအောင်ပင် စွမ်းဆောင်နိုင်သေးသည်။ယင်းဒဏ်က ချီချန်အန်းနှင့် ကျန်းလျို့တို့ကိုပင် ရိုက်ခက်လာလေသည်။
လူတိုင်းက သူတို့ရဲ့အရိုင်းဆန်တဲ့ စိတ်ကူးစိတ်သန်းတွေကို စာရိုက်နေတဲ့အချိန်မှာပဲ ပြီးပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဗီဒီယိုတစ်ခု ထွက်လာချေသည်။
"- ထူးဆန်းတာတစ်ခုတွေ့တယ်...ရိုက်ကူးရေးအစမှာ ရွှီလော့ယန်နဲ့ စုန့်ယောင်က သက်သက်စီကိုယ့်လမ်းကိုယ် ခွဲသွားကြတယ်မလား...အဲ့နေရာမှာအရေးကြီးတာတစ်ခုရှိတယ်...အဲ့ဒါကိုအကြံပေးခဲ့တာ စုန့်ယောင်မဟုတ်ဘဲ ရွှီလော့ယန်ကအကြုံပြုခဲ့တာ အဲ့ဒါ နောက်ကကင်မရာမှာ ရှင်းရှင်းလင်းလင်းကိုပဲ မှတ်တမ်းတင်ထားတယ်နောက်တစ်ခုက အောက်ကပုံမှာ ဗီဒီယိုထဲကအချက်အလက်တွေကိုကြည့်ပြီး စက်ရုံံရဲ့ အပြင်အဆင်ကိုဆွဲထားတာ ၊ ရွှီလော့ယန်၊စုန့်ယောင်နဲ့ စတီးပြားရဲ့ နေရာနဲ့ အနေအထားတွေကိုပါ ထည့်ပေါင်းပေးထားတယ်ဒီနေရာမှာမေးစရာက ဗီဒီယိုမှာတွေ့တဲ့အတိုင်းပဲ စုန့်ယောင်ရပ်နေတဲ့နေရာနဲ့ ဦးတည်ထားတဲ့ဘက်ကိုအခြေခံပြီးကြည့်ရင် အဲ့စတီးပြားကြီးလှုပ်နေပြီးတော့ မတည်မငြိမ်နဲ့ ပြိုကျတော့မှာကို သူသိနေပြီးတော့ ရွှီလော့ယန်ကိုသတိမပေးခဲ့ဘူး...အဲ့ဒါက ဘာအဓိပ္ပါယ်လဲဆိုတာက မပြောရင်တောင် လူတိုင်းနားလည်နိုင်တဲ့ဟာလို့ထင်တယ် အခုခွဲခြမ်းစိတ်ဖြာထားတဲ့ဟာမှာ အမှားအယွင်းရှိရင် လွတ်လွတ်လပ်လပ်ထောက်ပြလို့ရပါတယ်"
_
Translated By IQ-Team.