🍬Chapter 127 [ End of Extra ]
ထို ပို့စ်ကို တင်ပြီးသည့်အခါ၊ အောက်တွင် ရွှီလော့ယန်က လျင်မြန်စွာ ကောမန့်ဝင်မန့်လေသည်။
"မစ္စတာချီ၊ ခင်ဗျားက အရမ်းကို ဝံ့ကြွားလွန်းနေတော့တာပဲ..."
ပို့ရန် ခလုတ်နှိပ်ပြီးနောက်၊ သူက ဖုန်းကို ပိတ်လိုက်တော့သည်။
လေယာဉ်ပေါ်မှဆင်းသည့်အခါ၊ ရွှီလော့ယန်က ဖုန်းပြန်ဖွင့်၍ လေယာဉ်က လုံခြုံစွာဆင်းသက်ပြီး သူရောက်ရှိပြီဖြစ်ကြောင်း ပြောရန် ချီချန်အန်းကို ဖုန်းခေါ်လိုက်သည်။ တစ်ဖက်သူဆီမှ ပြန်ဖြေလာသည့်စကားကြောင့်၊ သူက မစောင့်နိုင်ဘဲ Weiboသို့ဝင်ကာ ကောမန့်များကို ဖတ်ကြည့်လိုက်သည်။ သူမန့်ထားသည့် ကောမန့်အောက်တွင် ကောမန့်ပေါင်းသောင်းနဲ့ချီ၍ ရှိနေတာကို မြင်လိုက်ရ၏။
"---အိုး၊ ငါတော့ တကယ်ကြီး ပန်းရောင်ကနေ အမဲရောင်ဘက်ကို ပြောင်းချင်နေပြီးနော် ဒီလိုမျိုးသာ နေ့တိုင်းအချိုတွေစားနေရရင်၊ ငါ တကယ်ကြီးဝလာတော့မှာ ငါ ဝလာလိမ့်မယ်လို့ ဝ လာ တော့ မှာ ..."
"--- မစ္စတာချီ၊ လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ ဥက္ကဌက မရှင်းပြဘူး ကောင်းပါတယ် ရပါတယ် အဆင်ပြေပါတယ် မင်းပဲလေ မင်းပဲ အဲ့ဒါကိုက မင်းပဲ... မင်းပုံစံအတိုင်းပဲ ဆက်သွားပါ ပြီးတော့၊ ငါကတော့ ထပ်ပြီး လူးလှိမ့်နေရပြီ အချိန်တွေ ဒီလောက်ကြာသွားတာတောင်၊ မစ္စတာချီ follow လုပ်ထားတဲ့ လူစာရင်းမှာ ရွှီလော့ယန်တစ်ယောက်ပဲ ရှိနေသေးတယ် ဝေးပေါ်ပို့စ်တွေအကုန်လုံးကလည်း ရွှီလော့ယန်ရဲ့ပို့စ်တွေကို ထပ်ဆင့်ရှယ်ထားတာတွေချည်းပဲ၊ လုံးဝကို ချွင်းချက်မရှိဘူး ဒီလို "ကိုယ့်အတွက် မင်းတစ်ယောက်တည်းပဲ" ဆိုတဲ့ ပုံမျိုးက တကယ်ပဲ အရမ်းကိုချိုမြိန်လွန်းလို့ ငါ့မှာ မူးမေ့လဲတော့မတတ်ဘဲ"
"--- ဆင်ဂယ်ခွေးတစ်ကောင်အနေနဲ့၊ ဘာဖြစ်လို့များ ငါ ဒီရှေးဟောင်းမြို့(ကုချန်) ကို နေ့တိုင်း အချိုတွေ လာလာစားနေရတာလဲ... သိပ်ကို ကြွပ်ရွနေရောပဲ ဒါပေမယ့်လည်း၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ဆက်လက်ပြီး အားစိုက်ထုတ်ပေးပါဦး"
နောက်ထပ် လအနည်းငယ်ကြာသည့်အထိ၊ ရွှီလော့ယန်က တကယ်ပဲ အလုပ်ကြိုးစားနေလေသည်။
'ချန်အန်း' album မှာ ရောင်းချနှုန်းတွင် စံချိန်သစ်တင်ခဲ့ပြီး title song 'ချန်အန်း' သည်လည်း အဓိက chart များတွက် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားလေသည်။ နွေရာသီအလယ်ပိုင်းမှစတင်ကာ၊ ဆောင်းဦးကာလရောက်သည်အထိ ထိုနေရာ၌ အဟန့်အတားမရှိတည်ငြိမ်နေခဲ့ပြီး ထိပ်ဆုံးမှမကျခဲ့ပေ။
နိုဝင်ဘာလ တစ်ဆယ့်တစ်ရက်နေ့၊ မနက်ခင်းအစောပိုင်းတွင်၊ ရွှီလော့ယန်မှာ မနက်ခင်းဆယ်လ်ဖီတစ်ပုံကို ရိုက်ကာ စာဖြင့်တွဲတင်လိုက်သည်။
"မနက်တိုင်း ငါ့ကိုအိပ်ရာကနှိုးပေးမယ့် တစ်စုံတစ်ယောက်ရှိရင်သိပ်ကောင်းမှာပဲ...အလိုလေး ၊ စင်ဂယ်ခွေးလေးတစ်ကောင်ရဲ့ အလွန်အကျွံစိတ်ကူးယဉ်မှုလေးပေါ့..."
နောက်တစ်မိနစ်အကြာတွင် ချီချန်အန်းက သူ၏ဝေးပေါ်အား ထပ်ဆင့်မျှဝေလိုက်ကာ ကောမန့်မန့်ခဲ့လေသည်။
"မင်းရဲ့ အလွန်အကျွံစိတ်ကူးလေးကို ကိုယ်ဖြည့်ဆည်းပေးမယ်..."
ချက်ချင်းဆိုသလိုပင်၊ ဝေးပေါ်တွင်စောင့်နေကြသည့် ပရိသတ်များက ပေါက်ကွဲသွားကြတော့သည်။
"---မီးမွှေးပြီးလူစုလိုက်တယ်ပေါ့လေ...ဒီနတ်သမီးတွေတောင် သဘောထားမကြီးပေးနိုင်တော့ဘူးနော်... ရွှီလော့ယန်၊ နိုးထလိုက်ပါတော့ မင်းလိုမျိုး စင်ဂယ်ခွေးက ဘယ်မှာရှိလို့လဲ မင်းရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ပတ်သက်ပြီး ဘယ်လိုတောင် နားလည်မှုလွဲနေရတာတုန်း..."
"---နောက်တစ်ခေါက်ထပ်ပြီး ကုချန်ဆီကနေ ဘယ်လိုမျိုး ခွေးစာကြဲရမလဲ သင်ယူလိုက်ရပြန်ပြီ... မြန်မြန်လေး ချမှတ်ထားလိုက်ဦး..."
"---- မနက်တိုင်း အိပ်ရာထတာရဲ့ မြင်ကွင်းကို စိတ်ကူးကြည့်မိပြီး စိတ်လှုပ်ရှားလွန်းလို့ အိပ်ရာထဲ လူးလှိမ့်နေမိပြီ...အား အား အား အား ငါ့နှာခေါင်းသွေးတွေ အနီရောင်သွေးအားဖြည့်ပေးမယ့် စွန်ပလွံသီးတစ်ထုပ်ကို အမြန်လာယူကြဦး"
များမကြာမီ၊ #ကုချန်CP# မှာ hot search list ၏ထိပ်ဆုံးတွင် နောက်တစ်ဖန်ပြန်လည်၍ နေရာယူနေပြန်တော့သည်။
သတင်းအနည်းငယ်ကို ရှာဖွေကြည့်ပြီးသည့်နောက်၊ ရွှီလော့ယန်သည် သူ့ဖုန်းကို ဘေးသို့ပစ်ထားလိုက်တော့သည်။
သူက တစ်ပတ်လှည့်၍ ချီချန်အန်း၏မေးကို ကိုက်ရန်လှဲလျောင်းကာ၊ "မစ္စတာချီ ကြားမိတာတော့ ခင်ဗျားက ကျွန်တော့်ရဲ့ အလွန်အကျွံစိတ်ကူးလေးကို လာပြီးဖြည့်ဆည်းပေးမလို့ဆို..."
ချီချန်အန်းက ရွှီလော့ယန်ကို ခါးမှတစ်ဆင့်ပွေ့ဖက်လိုက်ကာ၊ မနက်ခင်းအိပ်ရာနိုးကာစဖြစ်သည့်အတွက် သူ့အသံမှ ဩရှရှဖြစ်နေလေသည်။
"အင်း၊ မင်း သဘောတူမယ်မလား"
သေချာပေါက် သဘောတူတာပေါ့...
ထိုကဲ့သို့ အဆုံးသတ်လေးဖြင့် ကျီစားခံလိုက်ရသည့်အတွက်၊ ရွှီလော့ယန်မှာ ရင်ခုန်သွားရသည်။ သူက အိပ်ရာထဲ ပြန်လှဲလိုက်ပြီး မျက်လုံးများကို ခပ်မြန်မြန် မှိတ်ထားလိုက်သည်။ ချီချန်အန်းလည်း လျင်မြန်စွာသဘောပေါက်သွားပြီး သူ့နှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။ သူက အပေါ်မှအုပ်မိုးကာ၊ ရွှီလော့ယန်၏နှုတ်ခမ်းများကိုနမ်းရှိုက်လိုက်သည်။ ဆယ်စက္ကန့်ခန့်ကြာပြီးသည့်နောက်၊ ရွှီလော့ယန်က အိပ်ရာနိုးချင်ယောင်ဆောင်ကာ၊ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လာသည်။
သူ့မျက်လုံးထောင့်လေးများ၌ပင် ပြုံးရွှင်နေကာ "မင်္ဂလာနံနက်ခင်းပါ ချန်အန်းကောကော..." ဟု ဆိုလေ၏။
"နျောင်နျောင် မင်္ဂလာနံနက်ခင်းပါ..."
အိပ်ရာထဲတွင် ဆက်လက်၍ အချိန်ဖြုန်းမနေတော့ဘဲ၊ ရွှီလော့ယန်က သူ့ရဲ့စလစ်ပါဖိနပ်ကိုစီးကာ၊ ဟိုတယ်ရေချိုးခန်းတွင် ရေချိုးနေလေ၏။
ဆယ်မိနစ်တောင်မကြာလိုက်ပေ...
သူ့ရဲ့စိုရွှဲနေသောဆံပင်များဖြင့် ကမန်းကတန်းပြေးထွက်လာပြီး "ချန်အန်း၊ ကျန်းကော မနေ့တုန်းက ငါ့ကို ဘယ်အချိန်အောက်ဆင်းလာလို့ မှာလိုက်တာလဲ"
ချီချန်အန်းမှာ အိပ်ရာမှထကာ၊ နူးညံ့သော တဘက်တစ်ထည်ဖြင့် လျှောက်လာပြီး သူ့အားကူညီ၍ ခေါင်းသုတ်ပေးလာသည်။
"ကိုးနာရီခွဲ၊ အင်တာဗျူးနှစ်ခု စီစဉ်ထားတယ်၊ တစ်ခုက မဂ္ဂဇင်းအတွက်၊ တစ်ခုက တီဗီစတေရှင်တစ်ခုအတွက်..."
သူက အသေးစိတ်ကျကျပင် ပြောပြလာသည်။
"ပြီးတော့ ဒါရိုက်တာ မုန့်ဟွာကျန်းနဲ့ ည ဆယ်နာရီခွဲမှာ E နိုင်ငံက ပရိုဂရမ်တစ်ခုအတွက် အင်တာဗျူးတစ်ခုလုပ်ဖို့ ချိန်းထားတယ် စိတ်မပူပါနဲ့၊ အခုက ကိုးနာရီပဲရှိသေးတာ၊ မင်းနောက်မကျပါဘူး..."
ရွှီလော့ယန်က ခေါင်းညိတ်လိုက်လေ၏။ ယခုတစ်ခေါက်တွင်၊ ခေါင်းဆောင်မင်းသားအနေဖြင့်၊ ဒါရိုက်တာ မုန့်ဟွာကျန်းနှင့် 'နောက်ပြန်အချိန်ခရီးသွားခြင်း' အဖွဲ့သားများနှင့်အတူ Silesia သို့ Golden Vine Award ဆုပေးပွဲကို တက်ရောက်ရန်အတွက် ရောက်ရှိနေကြခြင်းပင်။ သူနှင့်ချီချန်အန်းကအတူတူလာကြပြီး၊ မနေ့နေ့လည်ကမှ ဟိုတယ်သို့ check in ဝင်ကြခြင်းပင်။
အဝတ်အစားလဲဝတ်ပြီး၊ သူ၏ဆံပင်ကို သာမာန်ကာလျှံကာ ဖီးသင်ပြီးနောက်တွင်၊ ရွှီလော့ယန်က တံခါးဆီသို့လျှောက်သွားလေသည်။ ခြေလှမ်းနှစ်လှမ်းမျှလျှောက်ပြီးနောက်၊ တစ်ခုခုကိုသတိရသွားကာ၊ နောက်ပြန်လှည့်၍မေးလိုက်သည်။
"ဒီတစ်ခေါက်တော့ မင်း တစ်ကယ်ကြီးကို ဆုပေးမယ့်လူမဟုတ်ဘူးမို့လား"
"တကယ် မဟုတ်ပါဘူးကွာ..."
ချီချန်အန်းက ပြုံးလျက် သူ၏နဖူးထက်နမ်းလိုက်ကာ၊
"သွားတော့လေ ကိုယ်မင်းကို အောက်ကနေကြည့်နေမယ်..."
ရွှီလော့ယန်က အမှန်ပင် အနည်းငယ်စိတ်လှုပ်ရှားနေလေ၏။ သူပြောသည့်စကားကိုကြားတော့ ပို၍ပင် နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
"ဆုရနိုင်၊မရနိုင် မသေချာသေးပေမယ့်၊ ဘာကိစ္စပဲဖြစ်ဖြစ်၊ ငါဆက်ပြီး အလုပ်ကြိုးစားသွားမှာပါ..."
ထိုသို့ပြောကာ၊ သူက ခေါင်းမော့၍ သူ၏အိမ်သား ချီချန်အန်း၏ နှုတ်ခမ်းထောင့်လေးအား နမ်းလိုက်ကာ တံခါးမှထွက်သွားတော့သည်။
တစ်နေ့လုံး ရှုပ်ရှက်ခတ်နေခဲ့ပြီး Silesia တွင်မှောင်စသန်းလာပြီဖြစ်သည်။ ခြောက်နာရီသာရှိသေးသော်လည်း ကောင်းကင်ကြီးလုံးဝမဲမှောင်သွားလေပြီ။ ရွှီလော့ယန်သည် ဇိမ်ခံကားထဲတွင်ထိုင်ကာ၊ ပြတင်းပေါကါအပြင်ဘက်မှ စူးရှတောက်ပသော မီးရောင်များကို ကြည့်၍ မသိလိုက်ဘာသာနှင့် သူ၏ နက်ကတိုင်အား ဆွဲဆန့်လိုက်မိသည်။
သူ့မျက်နှာချင်းဆိုင်တွင် မုန့်ဟွာကျန်းက ထိုင်လျက်ရှိကာ၊ အနက်ရောင်ဝတ်စုံပြည့်ကို ဝန်ဆင်ထားပြီး လွန်စွာ စိတ်တက်ကြွနေဟန်ရှိသည်။
သူက ရွှီလော့ယန်ကို ကြည့်ကာ ပြုံး၍
"အရမ်း စိတ်လှုပ်ရှားနေတာလား..."
"အမ်း၊ အရမ်း စိတ်လှုပ်ရှားနေတယ်..."
ရွှီလော့ယန်က ခေါင်းညိတ်ကာ
"တစ်နေ့မှာ Golden Vine Award အတွက် ဇကာတင်စာရင်းဝင်လိမ့်မယ်လို့ တစ်ခါမှ မတွေးထားမိဖူးဘူး..."
မည်သို့ပင်ဆိုဆို၊ Silver Award နှင့် နှိုင်းယှဉ်ပါက Golden Vine Award မှာ သိသိသာသာ ပို၍ အဖိုးထိုက်တန်ကာ ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကြီးသုံးခုအနက် ပထမနေရာ၌ ရှိလေသည်။
မုန့်ဟွာကျန်းက ပြုံးကာ
"ငါငယ်ငယ်တုန်းက၊ Golden Vine Award ကို ပထမဆုံးအကြိမ်ရဖူးတုန်းကလည်း ငါ့အတွက် မယုံနိုင်စရာဖြစ်ခဲ့တာbငါ အမြဲတမ်း အိမ်မက်မက်နေခဲ့သလို ခံစားရတယ်..."
သိပ်မဝေးသည့်နေရာမှ ကော်ဇာနီလျှောက်ရန်ဝင်ပေါက်ကို ကြည့်ကာ သူ၏အပြုံးက ပို၍နက်ရှ်ိုင်းလာခဲ့သည်။
"ဒါပေမယ့်နောက်တော့၊ ငါ စိတ်မလှုပ်ရှားတော့ဘူး ဘာလို့ဆို ငါ့ရဲ့ ရုပ်ရှင်ရိုက်လာတဲ့ နှစ်တွေမှာ Golden Vine Award လေးဆုနဲ့ Silver Award သုံးဆုကို ရပြီးနေပြီမို့လေ..."
ထိုသို့ပြောကာ၊ သူက ရွှီလော့ယန်အား မျက်စိတစ်ဖက်မှတ်ပြကာ
"နောင်အနာဂတ်မှာ၊ ဆုအမျိုးမျိုးကို မင်းရမှာလို့သာ တွေးထားပြီး၊ မင်းရှေ့က ဒီ Golden Vine Award ကို ကြည့်လိုက်၊ မင်းစိတ်လှုပ်ရှားစရာ အကြောင်းအရင်း ဘာရှိသေးလို့လဲ..."
နောက်မိနစ်အနည်းငယ်အကြာတွင်၊ ရွှီလော့ယန်နှင့် မုန့်ဟွာကျန်းတို့ ကော်ဇောနီပေါ် အတူတူလျှောက်လာကြသည်။ ညဘက်တိုက်ခတ်သည့်လေမှာ အင်မတန်မှ အေးလွန်းလှသဖြင့် လူများ၏အပြုံးကို တောင့်တောင့်ကြီးဖြစ်နေစေ၏။ ဤတစ်ကြိမ်တွင်တော့ ရွှီလော့ယန်မှာ အနွေးအိတ်လေးများကို သူ၏ခါးတစ်ဝိုက် မချိတ်ဆွဲရဲတော့သဖြင့် အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင်သာ အားထုတ်ကြိုးပမ်းနေရသည်။
နောက်ဆုံး၊ ခန်းမထဲသို့ဝင်ရောက်သည့်အခါမှသာ ရွှီလော့ယန်၏ ခြေလက်များက တဖြည်းဖြည်းပြန်လည်ပူနွေးလာရသည်။ သူ့ထိုင်ခုံတွင်ထိုင်ကာ၊ ချက်ချင်းပင် ချီချန်အန်းကို မက်စေ့ပို့တော့သည်။
"ချန်အန်း၊ ငါ့ကို မြင်ရလား ငါ ဒုတိယတန်းရဲ့ အလယ်မှာ..."
ချီချန်အန်းကလည်း "ကိုယ်က မင်းနောက်မှာ၊ ညာဘက်ကို ကြည့်လိုက်..." ဟု စာပြန်ပို့လာ၏။
အလျင်အမြန် ရွှီလော့ယန်လှည့်ကြည့်လိုက်သောအခါ၊ ခုံသုံးတန်းအကွာမှ ချီချန်အန်းက သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ မသိလိုက်ပါဘဲ သူ၏ တုန်လှုပ်နေသောစိတ်အစုံမှာ တည်ငြိမ်သွားရသည်။
သူ၏တင်းမာနေသည့် မျက်နှာအမူအယာ ပြေလျော့သွားသည်ကို မြင်သည့်အခါ မုန့်ဟွာကျန်းသည်လည်း အလွန်ပင် စိတ်သက်သာရာရသွားကာ ပြုံး၍
"တကယ်ပဲ၊ ချီချန်အန်းမှာ အံ့သြစရာအကျိုးသက်ရောက်မှု ရှိနေတာပဲ..."
ရွှီလော့ယန်က ခေါင်းညိတ်ကာ အလေးအနက် ပြန်ဖြေလာခဲ့သည်။
"ဟုတ်တယ် သူက ကျွန်တော့်အတွက် အံ့အားသင့်စရာဆေးပဲလေ..."
သို့သော်လည်း၊ ဤကဲ့သို့ အံ့အားသင့်စရာဆေးမျိုး၌ပင် အကျိုးသက်ရောက်မှုလျော့နည်းသည့်အချိန်အခါများရှိနေလေ၏။ ဆုကြေငြာပေးသည့်ဧည့်သည်တော်က စတိတ်စင်၏အလယ်တွင်ပေါ်လာပြီး ဆကာတင်စာရင်းကို ရွတ်ပြလာသည့်အခါ၊ သူ၏ နှလုံးမှာ အပြင်ဘက်သို့ခုန်ထွင်ထာတော့မတတ်ပင် ရွှီလော့ယန်ထင်မြင်မိလေသည်။ သူက မသိစိတ်မှ သူ၏လက်တွင်ဝတ်ဆင်ထားသည့်လက်စွပ်အားထိလိုက်ကာ ထိုလက်စွပ်လေးထံသာ အာရုံစိုက်နေလိုက်၏။
စက္ကန့်တိုင်းက အင်မတန်ကြာမြင့်စွာ အချိန်ဆွဲနေသော်လည်း၊ လျင်မြန်စွာ ကုန်ဆုံးသွားသလိုပင်။
" ၇၉ ကြိမ်မြောက် Silesia ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမင်းသားဆုရှင်မှာ - ရွှီလော့ယန်၊ နောက်ပြန်အချိန်ခရီးသွားခြင်း⟩ "
ဟု အသံချဲ့စက်မှ ကြေညာသံကို ကြားလိုက်ရသည့်အခါ ရွှီလော့ယန်၏စိတ်ထဲမှ တင်းကြပ်နေမှုက ပြေလျော့သွားလေသည်။
မသိလိုက်ပါဘဲ ရွှီလော့ယန်က သူ့ခေါင်းကိုလှည့်ကာ ချီချန်အန်းနှင့်အကြည့်ချင်းဆုံလိုက်မိသည်။ သူက မနေနိုင်ဘဲ တစ်ဖက်သူအား တောက်ပစွာပြုံးပြလိုက်မိပြီး တစ်ဖက်သူကလည်း သူ့အား ပြုံးပြနေသည်ကို မြင်သည့်အခါမှသာ သူက အရှေ့သို့ပြန်လှည့်သွားလေသည်။
မတ်တပ်ရပ်လိုက်ပြီး၊ ရွှီလော့ယန်က မုန့်ဟွာကျန်းနှင့် အချင်းချင်းပွေ့ဖက်လိုက်ပြီး အနီးအနားရှိ ဒါရိုက်တာများနှင့် သရုပ်ဆောင်များအား လက်ဆွဲနှုတ်ဆက်ကာ၊ ဆုပေးပွဲစင်မြင့်ထက်သို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွားတော့သည်။
သူ့အား ဆုချီးမြှင့်ပေးသောသူက ဆံပင်များဖြူနေပြီဖြစ်သည့် ကမ္ဘာ့ထိပ်တန်းရုပ်ရှင်ဆရာကြီးတစ်ဦးပင်ဖြစ်သည်။ ရွှီလော့ယန်က လေးစားစွာဖြင့် ဦးညွှတ်ကာ လေးလံသည့် Golden Vine Award ဆုဖလားကို တစ်ဖက်သူထံမှ လက်ခံရယူလိုက်သည်။
ဆုဖလားတွင် ရစ်ပတ်ခွေနေသည့် ရွှေရောင်နွယ်ခက်များကိုကြည့်ရင်း ရွှီလော့ယန်က မိုက်ခရိုဖုန်းစင်နောက်တွင်ရပ်ကာ ပရိသတ်အား မျက်နှာချင်းဆိုင်လိုက်သည်။ အထွတ်အထိပ်သို့ရောက်ပြီးပြီဖြစ်သည့် သူ့၏နှလုံးခုန်နှုန်းက တဖြည်းဖြည်းပြန်လည်ငြိမ်သက်လာလေ၏။
"ကျွန်တော် ဒီဆုကို လက်ခံရရှိတာ အင်မတန်ပဲ ဝမ်းမြောက်မိပါတယ်..."
အလင်းရောင်အောက်တွင် ရပ်နေကာ၊ အလင်းပြန်နေသည့်ရေမျက်နှာပြင်ကဲ့သို့ သူ့မျက်လုံးများက အပြုံးဖြင့်တောက်ပနေလေသည်။
"ကျွန်တော် မှတ်မိနိုင်လောက်တဲ့ အရွယ်ကတည်းက၊ ရိုက်ကွင်းမှာ တခြားလူတွေ သရုပ်ဆောင်နေတာကို ကြည့်နေခဲ့ရတာ အဲ့ဒီအချိန်ကတည်းက၊ ကျွန်တော်ကြီးပြင်းလာတဲ့အခါ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ တွေးထားခဲ့တယ် နောက်တော့၊ ကိစ္စတွေအများကြီး တွေ့ကြုံရပေမယ့်၊ ကျွန်တော့်အနေနဲ့ ဘယ်တော့မှလက်မလျော့ဘဲ ကြိုးစားနေခဲ့မိတာကို ကျေးဇူးတင်မိတယ် သရုပ်ဆောင်တဲ့အလုပ်ကို ကျွန်တော် ချစ်မြတ်နိုးခဲ့ပြီး ဆက်လက်ပြီးလည်း ချစ်မြတ်နိုးသွားမှာပါ... ကျေးဇူးတင်ပါတယ်..."
သူ၏ပြောသံအဆုံး၌၊ အားပေးလက်ခံသံများက မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာလေ၏။ တောက်ပသည့်မီးရောင်အောက်တွင် ရွှီလော့ယန်က ချီချန်အန်းရှိရာ နေရာသို့ လှန်းကြည့်လိုက်ပြီး Golden Vine Award ဆုဖလားကို သူ၏ညာဘက်လက်ဖြင့် မြှောက်ကိုင်ကာ၊ သူ၏ဘယ်ဘက်လက်၊ လက်သူကြွယ်တွင်ဝတ်ဆင်ထားသည့် လက်စွပ်ကို အသာအယာနမ်းရှိုက်လိုက်ကာ တောက်ပစွာ ပြုံးပြလိုက်တော့၏။
--------ပြီးပါပြီ------
Translated By IQ-Team.🥰
Thank you ❤️❤️