အပိုင်း ၂၇၃
Viewers 87k

Chapter 273



လင်းဖေးက ညနေ ၆ နာရီထိုးပြီးမှ ရိုက်ကူးပြီးသွားခဲ့သည်။စင်စစ်အားဖြင့် သူက ငယ်ရွယ်သေးပြီး ယနေ့သူ၏ အလုပ်ပမာဏသည် စံနှုန်းကို ကျော်လွန်နေပြီဖြစ်သောကြောင့် ဒါရိုက်တာလီက သူ၏ လက်ကြီးများကို ဝှေ့ယမ်းကာ ဝမ်ကျစ်မင်နှင့်သူ့ကို စောစောစီးစီး အနားယူစေခဲ့သည်။ သူက လင်းလော့ချင်းကိုလည်းပြော၏။


"မင်းလည်း ပြန်သွားလို့ရတယ်" 


လင်းဖေး ဝမ်းသာသွားသည်။ရိုက်ကူးပြီးသွားလျှင် သူ့လုပ်အားခ ရောက်လာမည်ဟု သူ့စိတ်ထဲမှာ တွေးထားခြင်းဖြစ်သည်။


"ဘိုင့်ဘိုင် ဖေးဖေးလောင်ရှီး" 

ဝမ်ကျစ်မင်က သူ့ကို တမင်တကာ စလိုက်သည်။ 

"မနက်ဖြန်ပြန်တွေ့မယ်နော်...ငါ့ကိုကူညီဖို့လည်း မမေ့နဲ့နော်ဖေးဖေး~"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"


"ဒါဆို ဖေးဖေးလောင်ရှီးကို ဘယ်လိုကျေးဇူးတင်ရမလဲ"


"မလိုပါဘူး"

လင်းဖေးက အေးစက်စွာပြောသည်။


"ဖေးဖေးလောင်ရှီးက အရမ်းကြင်နာတာပဲ...တစ်ခါလောက် ပေးဖက်လို့ရမလား"

ဝမ်ကျစ်မင်က ဆက်မေးသည်။


လင်းဖေး: "……"


လင်ဖေး ဤလူက အလွန်တွယ်ကပ်လွန်းသည်ဟု ခံစားရသည်။ဝမ်ကျစ်မင်က ယခင်က သူ့ခေါင်းကို အမြဲ ထိချင်နေခဲ့ပြီး ယခု သူ့ကို ဖက်ချင်နေပြန်သည်။


"ရိုက်ကူးရေးထဲမှာ ခင်ဗျားကျွန်တော့်ကို ဖက်ခဲ့တယ်လေ"


"ရိုက်ကူးရေးထဲမှာ ဖက်ရင် ရိုက်ကူးရေးအပြင်မှာ ဖက်လို့ မရဘူးလား"


"အင်း"


ဝမ်ကျစ်မင်:'...မင်းကတကယ် နည်းနည်းလေးတောင်တုံ့ဆိုင်းမနေဘူးနော်...ငါ့နှလုံးသားလေး ကြေကွဲသွားပြီ'


ဝမ်ကျစ်မင် ကြေကွဲနေသော နှလုံးသားလေးကို သိမ်းထုပ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက သူ့အေးဂျင့်နှင့် လက်ထောက်တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။


ဒါရိုက်တာလီက ပြုံးလိုက်သည်။ 

"ငါ မင်းကို ရုပ်ရှင်ထဲမှာ မဖက်ဖူးဘူး... အပြင်မှာ ဖက်လို့ရမလား"


လင်းဖေး: "???"


ဒီလူကရော ဘာလို့ သူ့ကို ဖက်ချင်နေရတာလဲ...


သြော်...သူ သတိရပြီ...ဒါရိုက်တာက အစောတုန်းက သူ့ဆံပင်တွေကို ပွတ်ချင်နေတာပဲ...


လင်းဖေးက ငြင်းလိုက်ပြီး ခေါင်းကိုလှည့်ကာ လင်းလော့ချင်း ဆီသို့ လျှောက်သွားသည်။


ဒါရိုက်တာလီ: '...ဒီတော့ တစ်ခါတလေ ဖူရှီဆန်လွန်းတာလဲ မကောင်းဘူးပဲ'


ကလေး မင်းက အေးစက်လွန်းနေတယ်ကွာ...


လင်းဖေးက ဘာကိုမှအဖက်မလုပ်သောအမူအရာဖြင့် လမ်းလျှောက်လာသည်ကို လင်းလော့ချင်းကမြင်ပြီး လင်းဖေးအတွက် သူဝယ်ခဲ့သော အချိုပွဲများကို ပေးလိုက်သည်။


သူက လင်းဖေးအတွက် ပန်ကာအသေးလေးကို ဖွင့်ပေးပြီး "ပင်ပန်းနေလား"ဟု မေးသည်။


လင်းဖေးက ခေါင်းခါသည်။


လင်းလော့ချင်းက သူ့နားသို့ကပ်လာသည်။ 

"ဘာစားချင်လဲ... သားစားချင်တဲ့ဟာ စားကြမယ်လေ"


လင်းဖေးက ၎င်းကိုစဥ်းစားပြီး "ဝက်နံရိုးချိုချဥ်ကြော်"ဟု ပြောလိုက်သည်။


"ကောင်းပြီ"

လင်းလော့ချင်းက သဘောတူသည်။


ဒါရိုက်တာလီ နှင့် စကားပြောပြီးနောက် ကျိယွီရှောင် နှင့် ကလေးနှစ်ယောက်နှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့သည်။


လင်းဖေး သူ့လုပ်အားခအတွက် စိတ်ပူနေသည်။ သူထမင်းစားပြီးသောအခါ ကျိယွီရှောင်က အလုပ်များနေသဖြင့် လင်းလော့ချင်း ၏အိပ်ခန်းသို့ တိတ်တဆိတ်သွားခဲ့သည်။


"ဘာဖြစ်လို့လဲပေါင်ပေ့" 

လင်းလော့ချင်းက ထထိုင်လိုက်ပြီး သူ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။


သူက သူ့လက်ထဲက ဖုန်းကို လှုပ်ယမ်းလိုက်သည်။ 

"ကြည့်ချင်လို့လား...သားဒီနေ့ရိုက်ထားတဲ့ အခန်းတွေကို"


လင်းဖေးက စိတ်ဝင်တစားမရှိဘဲ ခေါင်းခါလိုက်သည်။


သူဂရုစိုက်သည်ကတစ်ခုပဲရှိ၏။ 

"သားလုပ်အားခရပြီလား"


"ရပြီးပြီ"

လင်းလော့ချင်းငယက လက်ဆန့်ပြီး လင်းဖေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ 

"မနေ့က ပို့ထားတာ... တစ်ဝက်ကို အရင်ပို့ပြီး ကျန်တစ်ဝက်ကို ရိုက်ကူးပြီးရင် ပို့ပေးမှာ"


လင်းဖေး စိတ်သက်သာရာ ရသွားသည်။


လင်းလော့ချင်း သူ သူ၏လုပ်အားခနှင့် ပတ်သက်၍ တွေးတောနေသည်ကို ကြည့်ပြီး လင်းဖေးအတွက် ပထမဆုံးအကြိမ် ငွေရှာခြင်းဖြစ်သောကြောင့် သူ့လုပ်အား၏ အသီးအပွင့်ကို အစွဲအလမ်းကြီးပြီး ဂရုမစိုက်ပါက အချိန်ပိုင်းအလုပ်မှ ငွေများ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့နေသည်ဟုထင်ံလိုက်၏။



"စိတ်မပူပါနဲ့" 

လင်းလော့ချင်းက ပြုံးပြုံးလေးပြောသည်။

"သားရဲ့ပိုက်ဆံတွေကို မဆုံးရှုံးအောင် ပါးပါးကူညီပေးမှာပါ... သားရဲ့လုပ်အားခအပြည့်အဝပေးချေပြီးတာနဲ့ သားကြိုက်တဲ့ စာအုပ် ဒါမှမဟုတ် မော်ဒယ်(အရုပ်ထင်တယ်)တချို့ကို ဝယ်လို့ရတယ်... ကျန်တဲ့ငွေတွေကို သိမ်းထားပြိး အနာဂတ်မှာ သားလိုချင်တဲ့အချိန်သုံးလို့ရတယ်"


"မလိုပါဘူး" 

လင်းဖေးက ငြင်းသည်။ 

"ပါးပါးပဲယူလိုက်ပါ"


"ဒါက ဘယ်လိုဖြစ်ရတာလဲ"

လင်းလော့ချင်းက သူ့အား ဖက်ထားရင်းဆိုသည်။ 


"သားရဲ့ပိုက်ဆံတွေက ပါးပါးကတ်ထဲမှာ ဖြစ်ပေမဲ့ အဲဒါက သားကအသက်ငယ်သေးလို့ ကတ်ကို ကိုယ်တိုင်မလျှောက်နိုင်သေးလို့လေ...အဲဒါကြောင့် ပါးပါး သားအတွက် အကောင့် တစ်ခုဖွင့်ခဲ့တယ်...ဒါပေမဲ့ ဒါက သားရဲ့ပိုက်ဆံဖြစ်နေတုန်းပဲ...ပါးပါးက သားရဲ့ ဝက်ရုပ်စုဗူးလေးသက်သက်ပဲ"


လင်းဖေးက သူ၏ကြည်လင်သော မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ ၎င်းတို့ထဲတွင် သိမ်မွေ့ညံံ့သက်သော နူးညံ့မှုတစ်ခုရှိနေ၏။သူ့အသံက နူးညံ့ညင်သာ၍နေကာ ရှားရှားပါးပါး ပျော်ရွှင်မှုအနည်းငယ်ရောစွက်နေပြီ ပေါ့ပါးကြည်လင်နေသည်။

 "မုန့်ဖိုး"


သူက ဆက်ပြီးဆိုသည်။

"သားကို ပေးစရာ မလိုဘူး...အဲဒါက ပါးပါးအတွက် သားရဲ့မုန့်ဖိုး"


လင်းလော့ချင်း စိတ်ရှုပ်ထွေးသွားသည်။ 

'??? အယ်?'


လင်းဖေးက သူ၏ အံ့အားသင့်နေသော အကြည့်ကို မြင်ပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားသည်။ သူ့မျက်လုံးထဲမှာ ဂုဏ်ယူမှုအနည်းငယ်ရှိနေ၏။

"အရင်က ပြောဖူးတယ်လေ... ကြီးလာရင် ပိုက်ဆံရှာပြီး မုန့်ဖိုးပေးမယ်လို့... အခု သား ပိုက်ဆံရှာပြီးပြီမို့ မုန့်ဖိုးပေးမယ်"


"ပါးပါးကြိုက်တဲ့ တစ်ခုခုဝယ်ဖို့ မုန့်ဖိုးကို သုံးလို့ရတယ်" 

လင်းဖေးက ဆိုသည်။ 

"စာအုပ်ပဲဖြစ်ဖြစ် မော်ဒယ်လ်ပဲဖြစ်ဖြစ်"


သူက လင်းလော့ချင်း၏ စကားကို အတုယူခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရပြီးထပ်လောင်းပြောသည်။ 

"အဝတ်အစားနဲ့ လူကြီးတွေကြိုက်တဲ့တခြားအရာတွေရော"


"ဒါနဲ့အရင် ဝယ်လိုက်နော်" 

သူ့အသံက နူးညံ့၍နေသည်။ 


"နောင် သားပိုက်ဆံများများရှာနိုင်တဲ့အချိန်ရောက်ရင် ပါးပါးကို မုန့်ဖိုးများများပေးမယ်... ပါးပါးကြိုက်တာတွေ များများဝယ်လို့ရတယ်"


လင်းလော့ချင်း ဤစကားကို နားထောင်ပြီးမှ သဘောပေါက်သွားသည်။ 

"ဒါကြောင့် ရုပ်ရှင်ရိုက်ချင်တာလား... ပိုက်ဆံရှာပြီး ပါးပါးကို မုန့်ဖိုးပေးဖို့လေ"


သူ အံ့သြသွားသည်။ 

"ဒါဆို သားကရုပ်ရှင်ရိုက်ရတာကိုမကြိုက်ဘူးလား... ဒါမှမဟုတ် ကိုယ်တိုင် ငွေရှာရတာကို တွေ့ကြုံခံစားချင်လို့လား"


လင်းဖေးက စကားမပြောဘဲ ဝန်ခံရန် ငြင်းဆန်ခဲ့သည်။


"သားပြန်တော့မယ်" 

သူကပြောပြီးသည်နှင့် လင်းလော့ချင်း ၏ပေါင်ပေါ်မှ ဆင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


လင်းလော့ချင်းက ဤအချိန်တွင် သဘာဝအတိုင်း သူ့ကို ထွက်သွားခွင့်မပြုနိုင်ပေ။ သူက လင်းဖေးကို ပွေ့ဖက်ကာ မျက်နှာလေးပေါ်ကို တရှုံ့ရှုံ့ နမ်းလိုက်သည်။


"ဖေးဖေး သားကဘာနတ်သားလေးလဲ...ပါးပါး ကြည်နူးလိုက်တာ"


လင်းလော့ချင်း တကယ်ကို ရင်ထဲထိသွားခဲ့၏။ဤသည်က လင်းဖေး သဘောတူရသည့် အကြောင်းပြချက်ဖြစ်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။လင်းဖေးက စာလုပ်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမှလွဲ၍ အခြားအရာများကို စိတ်မဝင်စားကြောင်း ထင်ရှားသည်။ ရုတ်တရက်ကြီး ဘယ်လိုလုပ် သရုပ်ဆောင်ဖို့ ဆန္ဒရှိမှာလဲ...လက်စသတ်တော့ဒီလိုဖြစ်နေတာကိုး...


သူက သူမျက်နှနှင့် လင်းဖေး၏ မျက်နှာလေးကို ပွတ်သပ်ကာ ပါးအိအိလေးပေါ်ကို တင်းကျပ်စွာ ဖိကပ်ထားလိုက်သည်။ထိုပုံစ့အတိုင်း လင်းဖေးကို ပွေ့ဖက်ကာ ညင်သာစွာ လှုပ်ယမ်းလိုက်သည်။


"သားကဘာလို့ဒီလောက်ကောင်းရတာလဲ...သားကကမ္ဘာပေါ်မှာ အကောင်းဆုံးပေါင်ပေ့လေးပဲ...ပါးပါး အရမ်းပျော်တယ်"


လင်းလော့ချင်း၏ နှလုံးသား ပျော့ပျောင်းသွားရကာ မျက်လုံးတွေ နီရဲပြီး ငိုလုမတတ်။


ယခင်က လင်းဖေးနှင့် မုန့်ဖိုးအကြောင်းပြောစဥ်က သူက စခဲ့ခြင်းသာဖြစ်သည်။ သူက လင်းဖေးနှင့် ပိုရင်းနှီးချင်ခဲ့၍ဖြစ်သည်။၎င်းကို လင်းဖေး အမြဲသတိရပြီး ဖြစ်မြောက်အောင်လုပ်ရန် ကြိုးစားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။


ကမ္ဘာပေါ်မှာ ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို မုန့်ဖိုးပေးတာမျိုး ဘယ်လိုလုပ်ရှိမှာလဲ...


သူ့ရဲ့အရူးလေးဖေးဖေးတစ်ယောက်ပဲ တကယ်ကြီး သူ့ကို မုန့်ဖိုးပေးချင်နေတာ...


လင်းလော့ချင်း၏ နှလုံးသားက ချက်ချင်း အရည်ပျော်သွားသည်မှာ လင်းဖေးကို သူ့နှလုံးသားထဲသို့ ထည့်သိမ်းထားချင်သည်အထိပင်။


လင်းဖေးက ဘယ်လိုလုပ် ဒီလောက်ကောင်းရတာလဲ...


ဒါက တကယ်ဖောင်း(foul)လွန်းတယ်... သူဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ...


သူ လင်းဖေးကိုဖက်ထားသည်က တင်းသထက်တင်းလာသဖြင့် လင်းဖေး အနည်းငယ် နာကျင်လာသည်။


လင်းဖေး အကြာကြီး စောင့်ဆိုင်းနေသော်လည်း လင်းလော့ချင်း စကားမပြောသလို ပြုံးလည်းမပြုံးပေ။ယင်းက တစ်ဖက်လူကို သံသယဝင်သွားစေသည်။ 

"မကြိုက်ဘူးလား"


လင်းလော့ချင်း ခေါင်းခါလိုက်သည်။ သူက လင်းဖေးကို ဖက်ထားရင်း မျက်နှာလေးကို အသံမြည်အောင် နမ်းလိုက်သည်။


သူ့နှလုံးသားက လင်းဖေးအပေါ်ထားသည့် ချစ်စိတ်တွေဖြင့် ပြည့်လျှံနေသည်။ သူ့လို ကလေးနှင့်တွေ့ရသည်ကကံကောင်းသည်ဟုပင် သူခံစားရ၏။


ဒီလို နူးညံ့ပြီး ဂရုစိုက်တတ်တဲ့ ကလေး ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ...


သူက(သူနဲ့) ဘယ်လိုလုပ်ထိုက်တန့်ပါ့မလဲ...


"မကြိုက်တာ မဟုတ်ပါဘူး...ပါးပါး အရမ်းပျော်နေလို့" 

သူက ပြုံးပြီး လင်းဖေးကို ထပ်နမ်းပြန်ကာ လင်းဖေးနှင့်နဖူးချင်း ဖိကပ်ထားလိုက်သည်။သူ့မျက်လုံးများက တောက်ပနေပြီး လင်းဖေးအငယ်လေး ရောင်ပြန်ဟပ်ကာပေါ်နေသည်။


"ပါးပါး ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အဖေပဲဖြစ်ရမယ်...ဘာလို့လဲဆိုတော့ ဖေးဖေးက ပါးပါးရဲ့သားဖြစ်နေလို့လေ...သားက နှစ်ယောက်မရှိအောင် ထူးခြားပြီး ဒီမိသားစုမှာပဲရှိတဲ့ပေါင်ပေ့လေး"


"ပါးပါး အရမ်းပျော်တာပဲ"


လင်းဖေး: '...သူဘာလို့ဒီလိုခံစားရလဲဆိုတာ ငါနားမလည်ပေမဲ့ သူပျော်နေသရွေ့အဆင်ပြေပါတယ်...'


လင်းဖေး ထို့သို့တွေးနေရင်း နားမလည်နိုင်သော ပျော်ရွှင်ကြည်နူးမှုက အကြောင်းပြချက်မရှိဘဲ သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ယင်းက နေရောင်အောက်က အမွေးဖွာဖွာနှင့် ကျူပင်များကဲ့သို့ပင်၊ လေနုအေးလိုက်ခတ်လာသောအခါ ကျူပင်များက သူ့နှလုံးသားကို ညင်သာစွာ ကုတ်ခြစ်လာပြီး နွေးထွေးကာ သက်တောင့်သက်သာရှိ၏။


'သူပျော်ရင်ပြီးတာပဲ' ဟု သူတွေးလိုက်မိသည်။


*****


ကျိယွီရှောင် အလုပ်ပြီး၍ အိပ်ခန်းထဲသို့ ပြန်လာသောအခါတွင် လင်းလော့ချင်းတစ်ယောက် ကုတင်ပေါ်တွင် ပျော်ရွှင်စွာ လူးလိမ့်နေသည်ကို တွေ့လိုက်ရသည်။


လင်းလော့ချင်းက သူပြန်ရောက်လာသည်ကို မြင်ပြီး တောက်ပသော မျက်လုံးများဖြင့် ထထိုင်လိုက်သည်။ "ပြန်လာပြီလား...ဒီည ကလေးတွေနဲ့ အိပ်ကြရအောင်"


ကျိယွီရှောင်:"……"


ကျိယွီရှောင် သူ၏ပုံစံကိုမြင်လိုက်သည့်အခိုက်တွင်၊ သူအနားမရှိချိန်၌ သူတို့၏ပေါင်ပေ့လေးတစ်ယောက်ယောက်က လင်းလော့ချင်းကိုရင်ထဲထိစေသောအရာတစ်ခုခုပြုလုပ်ခဲ့သည်ကို သူသိလိုက်သည်။ ယင်းကြောင့် လင်းလော့ချင်းသည် သွားစရာမရှိသော သူ၏ဖခင်မေတ္တာကို မထိန်းချုပ်နိုင်တော့ပေ။


"ပြောပါဦး...ဖေးဖေးဘာလုပ်ပြန်တာလဲ" 

ကျိယွီရှောင်က ကုတင်ပေါ်တွင်ထိုင်ကာ မေးလိုက်သည်။


"မင်းဘယ်လိုသိတာလဲ" 

လင်းလော့ချင်း သိချင်သွား၏။ 


"မင်းကရုတ်တရက်ကြီး ကလေးတွေနဲ့ အိပ်ဖို့ အကြံပြုလိုက်တိုင်း ဖေးဖေးက မင်းကို လှုံ့ဆော်ဖို့ တစ်ခုခုလုပ်ခဲ့လို့ပဲလေ...ကဲ ဒီတစ်ခေါက် ငါတို့ပေါင်ပေ့လေးက ဘာလုပ်ခဲ့တာလဲ"


လင်းလော့ချင်း၏ မျက်နှာပေါ်တွင် အပြုံးများ ချက်ချင်းပေါ်လာသည်။ "ဖေးဖေး ဘာလို့ ဒီဇာတ်ကားမှာ ဝင်သရုပ်ဆောင်ခဲ့တာလဲဆိုတာ မင်းသိလား"


"ဘာလို့လဲ" 

ကျိယွီရှောင်က သူ့ကို မေးသည်။

"ငွေရှာဖို့ မဟုတ်ဘူးလား"


"ဒါဆို သူဘာကြောင့် ငွေရှာချင်တာလဲ... သူဘာလုပ်ချင်တာလဲ သိလား"


ကျိယွီရှောင် သူ၏ ပျော်ရွှင်နေသော ပုံစံကို မြင်ပြီး မှန်းဆလိုက်သည်။ 

"မင်းအတွက် လက်ဆောင်ဝယ်ပေးဖို့လား"


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ 

"မဟုတ်ဘူး"


ကျိယွီရှောင် အံ့ဩသွားသည်။ 

"မဟုတ်ဘူးလား... အဲဒါ ဘယ်လိုလုပ်မဟုတ်ဘဲနေမှာလဲ... မင်းကဒီလောက်ပျော်နေတာ... မင်းနဲ့ဆိုင်နေရမှာလေ"


လင်းလော့ချင်း၏ မျက်လုံးများ ကွေးညွတ်သွားသည်။

"ဟုတ်တယ်လေ... ဒါက ငါနဲ့ဆိုင်နေတယ်... ဒါပေမဲ့ အဲဒါ မဟုတ်ဘူး"


"ဒါဆို ဘာလဲ" 

ကျိယွီရှောင် မမှန်းဆတတ်တော့ပေ။


လင်းလော့ချင်း၏ အပြုံးက ပိုမိုတောက်ပလာသည်။ 

"သူက ငါ့ကို မုန့်ဖိုးပေးချင်လို့"


"ဟမ်" 

ကျိယွီရှောင် အံ့သြသွားသည်။


"ချစ်စရာကောင်းတယ်မလား" 

လင်းလော့ချင်း၏ မျက်နှာသည် ကလေးဆန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ 

"သူကြီးလာရင် ငါ့ကို ထားသွားချင်မှာကို ငါကြောက်ခဲ့ဖူးတယ်...အဲဒါကြောင့် အခု ငါကသူ့ကို မုန့်ဖိုးပေးမယ်၊သူကြီးလာရင် ငါ့ကို မုန့်ဖိုးပြန်ပေးရမဲ့သူ့အလှည့်လို့ စခဲ့ဖူးတယ်...အဲဒီအချိန်တုန်းက သူ့ပုံစံက အဖက်မလုပ်တဲ့ပုံစံဖြစ်နေတာ... ဒါကိုပဲ ဒီအချိန်အတောအတွင်းမှာ သူတွေးနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး...သူကြီးမလာခင်မှာတောင် ငါ့ကို မုန့်ဖိုးပေးဖို့ မစောင့်နိုင်တော့ဘူး..."

လင်းလော့ချင်း၏ အသံက နူးညံနေသည်။


"ဒါနဲ့အရင်ဝယ်လိုက်နော်...နောင် သားပိုက်ဆံများများရှာနိုင်တဲ့အချိန်ကျ ပါးပါးကို မုန့်ဖိုးများများပေးမယ်...ကြိုက်တာကို များများဝယ်လို့ရတယ်တဲ့... ချစ်စရာအရမ်းကောင်းတာပဲ.."


လင်းလော့ချင်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ သူက အရူးပါးပါးစင်ဒရုန်းထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။


ကျိယွီရှောင် လင်းလော့ချင်း၏ ထိန်းမနိုင်သိမ်းမရ အပြုံးကို မြင်သောအခါ မရယ်ဘဲမနေနိုင်ပေ။


ဤသည်ကို ပထမဆုံးကြားလိုက်ရစဥ်က သူအနည်းငယ် အံ့သြသွားခဲ့၏။ ထို့နောက်တွင်မူ လင်းဖေး၏ အေးဆေးတည်ငြိမ်သော မျက်နှာကို တွေးကာ ဤကိစ္စက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။


အခြားကလေးများနှင့် နှိုင်းယှဉ်ပါက လင်းဖေးက အမှန်တကယ်ပင် အရွယ်နှင့်မလိုက်အောင်ထက်မြက်ပြီးနူးညံ့သည်။ သူ့မျက်နှာက အေးစက်နေနိုင်ပေမဲ့ သူ့နှလုံးသားက နွေဦးကဲ့သို့ နွေးထွေးနေသည်။


ထို့ကြောင့် ကျိယွီရှောင်က ဂရုမစိုက်ဘဲ ကျေးဇူးတင်စကားပြောတိုင်း မျက်လုံးတစ်ဖက်မှိတ်ပြခြင်းဖြစ်လေသည်။


ထိုကဲ့သို့သော လင်းဖေးက အချိန်ပိုင်းအလုပ်လုပ်ပြီး ငွေရှာချင်ခဲ့သည်။ဟိုးယခင်က သူနှင့်လင်းလော့ချင်းပြောခဲ့သည်ကို ဖြစ်အောင်ဖြည့်ဆည်းချင်သည်က သူ့အတွက် ပုံမှန်ပါပင်။


"ဒါဆို မင်း ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ...ဒီအချိန်မှာ သူ့ကို ပွေ့ဖက်နမ်းရှုပ်နေသင့်တာမဟုတ်ဘူးလား"


"ငါနမ်းခဲ့တယ်" 

၎င်းကိုကြားပြီးနောက် လင်းလော့ချင်း ရယ်လိုက်မိပြန်သည်။ 

"အများကြီးနမ်းလိုက်လို့ ရှက်ပြီး ထွက်ပြေးသွားတယ်"


"ဖေးဖေးက ငါနဲ့ဆို ကိုးရိုးကားယားလေးဖြစ်နေတာ" 

လင်းလော့ချင်းက သူ့ကို မျက်စိမှိတ်ပြသည်။ 

"အရမ်းချစ်စရာကောင်းတယ်"


ကျိယွီရှောင် ပြုံးလိုက်သည်။ ကလေး၏ရည်ရွယ်ချက်ကြောင့် အလွန်အမင်းပျော်ရွှင်နေပြီး သူ့ကို မျက်စိမှိတ်ပြသော လင်းလော့ချင်းကလည်း အလွန်ချစ်စရာကောင်းသည်ဟု သူခံစားရသည်။


သူက လက်ဆန့်ပြီး လင်းလော့ချင်း၏ ခေါင်းကို ပွတ်လိုက်၏။ 

"မင်းလည်း ချစ်စရာကောင်းတယ်"


လင်းလော့ချင်း"???"


လင်းလော့ချင်း သူ၏ မမျှော်လင့်ထားသော စကားကြောင့် အနည်းငယ် ရှက်သွားသည်။ 

"ငါ မင်းကို ဖေးဖေးအကြောင်းပြောနေတာ"


"မှန်တယ်လေ" 

ကျိယွီရှောင်က ပြုံးလိုက်သည်။ 

"ကျားအဖေကခွေးသား

လေးမရှိဘူးဆိုတဲ့ဆိုရိုးလိုပဲ ... မင်းကချစ်စရာကောင်းတော့... ဖေးဖေးက မင်းလိုပဲ ချစ်စရာကောင်းတာ သဘာဝပဲ"


လင်းလော့ချင်း: '...ကျားအဖေက ခွေးသားလေးမရှိဘူးက ဒီနေရာမှာ သုံးရတာမဟုတ်ဘူးကွ'


သို့သော် စိတ်ထဲမှာပဲ တွေးလိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာမှာ ထိန်းမနိုင်သိမ်းမရ ရွှင်မြူးနေဆဲဖြစ်၏။