အပိုင်း ၂၇၉
Viewers 87k

Chapter 279



လင်းဖေးက ကောင်လေး(boyfriend)ဟူသော စကားကို နားလည်သော်လည်း CP ကို ကောင်းစွာနားမလည်ပေ။


"CP ဆိုတာ ဘာလဲ"


"CPဆိုတာက အတွဲ...ရှုရှုနဲ့ သားရှုရှုက CPလေ"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။


ကျိယွီရှောင်က သူ့ကိုမေး၏။

"သား ဘာကြိုက်လဲ...နှံကောင်လေးလား ပုစဉ်းလေးလား...ရှုရှု သားအတွက်လည်း လုပ်ပေးမယ်"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ပုစဉ်းလေး"


သူကလည်း သူ့ပါးပါး၏ဖန်တစ်ယောက်ဖြစ်ပြီ ကလေးဖန်ဖြစ်သည်။


ကျိယွီရှောင် ခပ်ဟဟ ရယ်မောလိုက်သည်။ 

"ကောင်းပြီဗျာ"


"ဒါဆို ရှုရှုကို ကင်းစောင့်ပေးဦး...သားရှုရှုရောက်လာရင် ရှုရှုကိုပြောနော်"


"ဘာလို့လဲ" 

လင်းဖေး နားမလည်။


"ဘာလို့လဲဆိုတော့ ရှုရှုက သူ့ကို စပရိုက်လုပ်ချင်လို့" 

ကျိယွီရှောင်က သူ့ကို မျက်လုံးမှိတ်ပြသည်။


လင်းဖေး နားလည်သွားသည်။ 

"အိုကေ"


သူက ပြန်လှည့်ပြီး လင်းလော့ချင်းနှင့် ကျိလဲ့ယွီကို ကြည့်နေလိုက်သည်။ ထို့နောက် သူတို့ ဤဆီအတိုင်း လျှောက်လာသည်ကို မြင်သောအခါ ကျိယွီရှောင်ကို အမြန်တို့လိုက်သည်။ကျိယွီရှောင် မပြီးဆုံးသေးသော ပုစဉ်းလေးကို သိမ်းလိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။ဖုန်းသုံးဟန်ဆောင်နေလိုက်၏။


လင်းလော့ချင်းက ကျိလဲ့ယွီကို ခေါ်ပြီး သူတို့ထံ ချဉ်းကပ်လာခဲ့သည်။ ကျိယွီရှောင်က သူ့ကို ရေတစ်ဘူးပေးကာ ကျိလဲ့ယွီကိုမေးလိုက်သည်။

"သရုပ်ဆောင်ရတာ ပျော်စရာကောင်းလား"


ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။ "ပျော်စရာကောင်းတယ်"


စာလုပ်စရာ မလိုသရွေ့ ဘာမဆို ပျော်စရာကောင်းသည်။


သို့သော် ဤစကားကို သူ မပြောဝံ့ပေ။မဟုတ်လျှင် လင်းဖေးက သူ့ကို ထပ်ပြီး မကြိုက်ဖြစ်လိမ့်မည်။


၎င်းကိုတွေးပြီး ကျိလဲ့ယွီ လင်းဖေးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းပေါ်မှ ပန်းကုံးကို ချွတ်ကာ လင်းဖေး၏ ခေါင်းပေါ်တွင် တင်လိုက်သည်။


လင်းဖေးက သူ့လက်ကို အမြန်ဆွဲကာ ပန်းကုံးဝတ်ရန် ငြင်းဆန်လိုက်သည်။


ကျိလဲ့ယွီ ရွေးချယ်စရာမရှိဘဲ ပန်းကုံးကို ပြန်ယူရုံပဲတတ်နိုင်ခဲ့သည်။


လင်းလော့ချင်း ၎င်းကိုကြည့်ကာ ပန်ကုံးနှင့်လင်းဖေး၏ပုံလေးကို အနည်းငယ် သိချင်သွား၏။ 


"ဖေးဖေး ပန်းကုံးကို မကြိုက်ဘူးလား"


"မဟုတ်ဘူး"


"ဒါဆို ဘာလို့ မဝတ်တာလဲ"


လင်းဖေးက သူ့ကို လှည့်ကြည့်လိုက်သည်။လင်းလော့ချင်း ဤလုပ်ရပ်ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်လိုက်သည်။ 

"ဘာလို့ ငါ့ကိုကြည့်နေတာလဲ"


"ခေါင်းငုံ့"

လင်းဖေးက တိုးတိုးလေးပြောသည်။


လင်းလော့ချင်း ရွေးချယ်စရာမရှိဘဲ ခေါင်းငုံ့လိုက်ရသည်။


"မျက်လုံးမှိတ်ထား"


လင်းလော့ချင်း: "????"


လင်းလော့ချင်း ထိုစကားကိုကြားပြီး သူ့ဖို့စပရိုက်တစ်ခုခုများရှိနေလားဟုတွေးမိသွားသည်။


သူ ပူးပေါင်းဆောင်ရွက်စွာဖြင့် မျက်လုံးကိုမှိတ်ပြီးပြောလိုက်သည်။

"ငါမှိတ်လိုက်ပြီ"


လင်းဖေးက သူ့လက်ကို ဆန့်ကာ ကျိလဲ့ယွီဆီက ပန်းကုံးတောင်းသည်။


ကျိလဲ့ယွီက ချက်ချင်း လက်လွှဲပေးလိုက်သည်။


သူတို့နှစ်ယောက်ကြားက ပြတ်ပြတ်သားသား ပူးပေါင်းဆောင်ရွက်မှုကို မြင်သောအခါ ကျိယွီရှောင် ရယ်မိလုမတတ်ဖြစ်သွား၏။သူ ဓာတ်ပုံရိုက်ရန်ဖုန်းကို ထုတ်လိုက်သည်


လင်းဖေးက ကျိလဲ့ယွီ၏ပန်းကုံးကို လင်းလော့ချင်း၏ခေါင်းပေါ်တင်ကာ သေသေချာချာ ကြည့်သည်။ အနည်းငယ်သေးသလိုပဲဟု သူခံစားရသည်။


သို့သော် သူ့တွင် ပိုကြီးသောပန်းကုံးမရှိသောကြောင့် ဤပုံစံအတိုင်းပဲတတ်နိုင်သည်။


"မျက်လုံးဖွင့်လို့ရပြီ" ဟုသူကပြောလိုက်သည်။


လင်းလော့ချင်း မျက်လုံးဖွင့်ကာ ခေါင်းကို ထိရန် လက်ကို မြှောက်လိုက်သည်။သေချာသည်ပင်၊ကျိလဲ့ယွီ၏ ပန်းကုံးဖြစ်၏။


သူ့ခေါင်းထဲမှာ တစ်ခုခုတွေးမိသလို ခံစားလိုက်ရသည်။


"ငါ့ကိုစရတာ ပျော်စရာကောင်းလား"

သူ သူ့ရှေ့မှ တရားခံကို ကြည့်လိုက်သည်။


လင်းဖေးက ပြုံးပြီး ဘာမှမပြောပေ။ သို့သော် သူ့မျက်လုံးများက 'ပျော်စရာကောင်းတယ်' ဟု ရှင်းရှင်းလင်းလင်း ပြောနေလေသည်။


လင်းလော့ချင်း သူ၏ ရှားရှားပါးပါး အသက်ဝင်တက်ကြွနေသည့် ပုံစံကို မြင်ပြီး ပန်းကုံးကို ကိုင်ကာ သူ့ခေါင်းပေါ်တင်လိုက်သည်။လင်းဖေး အကြိမ်အနည်းငယ် ရှောင်တိမ်းခဲ့သော်လည်း အလွန်အမင်း ရှောင်ခြင်းမျိုးမရှိဘဲ လင်းလော့ချင်းကို ပန်းကုံးတင်ခွင့်ပြုထားသည်။


လင်းလော့ချင်း ၎င်းကို ကျေနပ်စွာကြည့်ကာ သူ့ပါးလေးကို ဆွဲလိုက်သည်။ 

"ချစ်စရာလေး"


လင်းဖေးက သူ့ကို မာနတစ်ခွဲသားအမူအရာဖြင့် ကြည့်နေသည်။'ခင်ဗျားဝတ်ထားရင် ပိုချစ်စရာကောင်းတာကို'ဟုစိတ်ထဲမှာတွေးလိုက်၏။


ကျိယွီရှောင် သူ့ဖုန်းကို ကြည့်လိုက်သည်။ အလွန်ကောင်းသည်။ ယခု သူ့မှာ သူ့ပုံကလွဲ၍ အကုန်လုံး၏ ပန်းကုံးဝတ်ထားသည့်ဓာတ်ပုံတစ်ပုံစီရှိနေပြီဖြစ်သည်။သူတို့လေးတွေက အတော်လေးချစ်စရာကောင်းသည်ဟု ပြောရမည်။


သူတို့ ခဏလောက် လျှောက်ကစားနေကြသည်။ ထို့နောက် ဝမ်ကျစ်မင်၏ လက်ထောက်ဖြစ်သူက လင်းလော့ချင်းထံသို့ လာပြီး လိုင်းများကိုအတူတူလေ့ကျင့်ရန်ဖိတ်သည်။လင်းလော့ချင်း သူ့လက်ထဲက ပန်းတွေကို ကျိယွီရှောင်ကို ပေးလိုက်၏။

"ငါ့ကို ကူကိုင်ထားပေး"


သူကပြောလိုက်သည်။

"မပျောက်စေနဲ့...ငါပြန်လာမှ ငါ့ကိုပေး"


"ကောင်းပြီ" 

ကျိယွီရှောင်က နူးညံ့စွာဖြေသည်။


ထိုမှသာ လင်းလော့ချင်းတစ်ယောက် ဝမ်ကျစ်မင်ကို ယုံကြည်မှုအပြည့်နှင့် သွားရှာလေသည်။


ကျိယွီရှောင်က သူထွက်သွားသည်ကိုမြင်ပြီး မပြီးဆုံးသေးသည့် ပုစဉ်းလေးကို အမြန်ဆွဲယူကာ ဆက်လုပ်လေသည်။


ကျိလဲ့ယွီက ကျိယွီရှောင်၏ လက်ထဲက တသ်ဝက်တစ်ပြတ် ယက်ထားသော ပုစဥ်းလေးကို မြင်ပြီး သူ့အတွက်ဟု ထင်သွားသည်။ သူက ဝမ်းသာအားရနှင့်မေးလိုက်၏။

"သားဖို့လား"


ကျိယွီရှောင်က သူ့ကို ပြောင်လိုက်သည်။ 

"ဘာလို့ ဒီတစ်ခါကျ သားရှုရှုကို မပေးစေချင်တော့တာလဲ"


ကျိလဲ့ယွီက ရယ်လိုက်သည်။ 

"ရှုရှုကိုပေးလို့လည်းရပါတယ်"


ကျိယွီရှောင် : '...မင်းက တကယ်ကို အရည်အချင်းပြည့်မီတဲ့ CPဖန်ပဲကွာ'


သူက ကျိလဲ့ယွီ၏ပါးလေးကိုဆွဲပြီး ချော့လိုက်သည်။ 

"နောက်မှ သားအတွက် လုပ်ပေးမယ်နော်... ဒီတစ်ခုကို သားရှုရှုကို အရင်ပေးလိုက်မယ်"


"အိုကေ"

ကျိလဲ့ယွီက သဘောတူသည်။


သူ ခေါင်းလေးစောင်းကာ ဦးလေးဖြစ်သူကိုကြည့်ရင်းတွေးလိုက်သည်။သူ့ရှုရှုက နောက်ဆုံးမှာ ပိုဉာဏ်ကောင်းလာပြီဖြစ်သည်။သူ့ရှုရှုက လက်ဆောင်တွေ အမြဲ ပေးမှသာ သူ့ရှန့်ရှန့်ကပျော်မှာဖြစ်သည်။


သူ့အဖေက သူ့အမေကို လက်ဆောင်တွေ မကြာခဏပေးတတ်သည်။


သူစဉ်းစားပြီး ကျိယွီရှောင် ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက သူ့ကို မှီ၍ ပုစဉ်းလေး ယက်လုပ်သည်ကို ကြည့်နေသည်။


ကျိယွီရှောင်၏ ပုစဉ်းလေး ပြီးသွားသောအခါတွင် လင်းလော့ချင်း နှင့် ကျိလဲ့ယွီ တို့က မကြာမီ ရိုက်ကူးတော့မည်ဖြစ်သည်။


လင်းလော့ချင်းက သူ့ပန်းများကို စစ်ဆေးရန် ကျိယွီရှောင်ထံ လျှောက်လာခဲ့သည်။


"ငါ့ပန်းတွေကော"


ကျိယွီရှောင်က ပြုံးလိုက်သည်။ ဦးထုပ်ထဲက ပန်းတွေကို ထုတ်ပြီး ကမ်းပေးလိုက်သည်။


လင်းလော့ချင်း ကျေနပ်သွားပြီး လှည့်ပြန်သွားကာ ရိုက်ကူးရေးလုပ်ရန် ပြင်ဆင်နေလေသည်။


"ခဏ"

 ကျိယွီရှောင်က မတ်တပ်ရပ်လိုက်သည်။ 

"မင်းခေါင်းပေါ်မှာ ပုစဉ်းတစ်ကောင်"


လင်းလော့ချင်း: "???"


သူက အဖျားချွန်ချွန်လေးနှင့် ကြာရွက်လေးမဟုတ်ပေ။ပုစဉ်းတစ်ကောင်က သူ့ခေါင်းပေါ် မည်သို့နားပါမည်နည်း။


သူက ၎င်းကို လက်လှမ်းကာထိတော့မည်ပြုသော်လည်း ကျိယွီရှောင် ကြိုတင်ကာလက်ဦးမှုယူလိုက်သည်။


"အိုး ငါဖမ်းလိုက်ပြီ" 

ကျိယွီရှောင် ပြောသည်ကို သူကြားလိုက်ရသည်။


လင်းလော့ချင်းသိချင်သွား၏။

"ဘာအမျိုးအစားလဲ... ပုစဉ်းတောင် မတွေ့ရတာကြာပြီ...ဒါနဲ့ ပုစဉ်းတစ်ကောင်က ဒီလောက် ဖမ်းရလွယ်တာလား"


"အတော်လေးလွယ်တယ်" 

ကျိယွီရှောင်က ပြောသည်။ ထို့နောက်သူက သူ့လက်ကို ဖြေလိုက်ပြီး လင်းလော့ချင်း၏ မျက်လုံးများရှေ့တွင် ကောက်ရိုးပုစဉ်းတစ်ကောင် ပေါ်လာသည်။


"မင်းက အရမ်းလှတော့ ပုစဉ်းလေးက ထွက်သွားဖို့ ဝန်လေးနေလို့ နေမယ်... ဖမ်းရတာ လွယ်တယ်"


လင်းလော့ချင်း သူ့မျက်လုံးများတွင် ဖုံးကွယ်၍မရနိုင်သော အပြုံးများဖြင့် သူ့ရှေ့က ကောက်ရိုးပုစဉ်းလေးကို ကြည့်လိုက်သည်။


သူက ကျိယွီရှောင်ကို မော့ကြည့်လိုက်သောအခါ ကျိယွီရှောင်ကလည်း သူ့ကို ကြည့်နေခဲ့၏။


"မင်းအတွက်"

ကျိယွီရှောင်က ဆိုသည်။ 

"ငါကလည်း မင်းရဲ့ ပုစဉ်းလေးပါပဲ"


လင်းလော့ချင်း သူ့မျက်နှာပေါ်ရှိ အပြုံးကို ခဏလောက် မထိန်းနိုင်သလောက်ဖြစ်သွားသည်။သူ့မျက်နှာကို လှည့်လိုက်သော်လည်း နီမြန်းနေသော နားရွက်များကို ဖုံးကွယ်ရန် မေ့သွားသည်။


ကျိယွီရှောင် ၎င်းကိုမြင်ပြီး သူကတကယ် ချစ်စရာကောင်းပြီး ဖြူစင်သည်ဟု ခံစားရသည်။


သူ့လက်ကို မြှောက်လိုက်ပြီး လင်းလော့ချင်း၏ ခေါင်းပေါ်၌ ကောက်ရိုးဖြင့် ယက်ထားသော ပုစဉ်းလေးကို တင်လိုက်သည်။ကောင်းပြီ၊ဤတစ်ခါတော့ သူက ကြာရွက်လေးနှင့်တကယ်တူသွားပြီး သူ၏အဖျားချွန်ချွန်လေးကိုပြသနေသည်။သူ့အပေါ်မှာ ပုစဉ်းတစ်ကောင်ပင်နားနေပြီဖြစ်လေသည်။


—— သူက ထိုပုစဥ်လေးဖြစ်၏။

(သူကျိယွီရှောင်က ထိုပုစဥ်းလေးဖြစ်၏)


Phu:

FV Chapter 221

လင်းလော့ချင်းက ရုပ်ရှင်ရိုက်ရန် ထွက်သွား၏။ ကျိယွီရှောင်က ကုလားထိုင်ပေါ်တွင် ထိုင်ရင်း လင်းဖေးနှင့် ကျိလဲ့ယွီအတွက် ပုစဉ်းများကို ရက်ပေးနေသည်။ လင်းဖေးက သိလိုစိတ်ဖြင့် သူ့လက်များကို လိုက်ကြည့်နေ၏။ 


ကျိယွီရှောင်က ထိုအကြည့်ကို ခံစားမိ၏။ သူက လင်းဖေးကို သူ့ပေါင်ပေါ် တင်လိုက်ပြီး လက်သေးသေးလေးများကို ကိုင်ကာ မည်သို့ ပြုလုပ်ရမည်ကို သင်ပေးလိုက်သည်။ 


လင်းဖေးက ပထမဆုံး အတွေ့အကြုံကြောင့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းလေးများက နူးညံ့ကာ ရှုပ်ထွေးနေ၏။ ကလေးငယ်၏ အကြည့်ထဲတွင် ဖခင်အပေါ် ချစ်ခင်မှုအချို့ ပါဝင်လျှက်ရှိသည်။ 


ကျိယွီရှောင် ရယ်လိုက်သည်။ သူက ကလေးများကို ချော့သည့် အသံဖြင့် ပြောလိုက်၏။ “ဒယ်ဒီ သားကို သင်ပေးမယ် … သား ပါပါးအတွက် တစ်ခုလုပ်ပေးလို့ ရတာပေါ့ …”


လင်းဖေးက ကျိယွီရှောင် မျက်နှာပေါ်ရှိ ကြင်နာရိပ်ကို ကြည့်ရင်း စကားကို နားထောင်လိုက်သည်။ သူက ခေါင်းညှိတ်ကာ ရှေ့သို့ ပြန်လှည့်လိုက်၏။ ထို့နောက် ကျိယွီရှောင်၏ လှုပ်ရှားမှုများအတိုင်း ပုစဉ်းကလေးများ လုပ်လိုက်သည်။ 


ထိုအချိန်တွင် မိခင်ထံမှ စာရေးနည်း သင်ကြားခဲ့သည်ကို ပြန်လည် အမှတ်ရသွားလေသည်။ သူမက သူ့လက်အား ကျိယွီရှောင်နည်းတူ ကိုင်ကာ မည်သို့ ပြုလုပ်ရမည်ကို သင်ကြားပေးခဲ့၏။ 


သူမက ပြောခဲ့သေးသည်။ “ဒါကို သင်ပေးတယ်လို့ ခေါ်တယ် …” 


ယခု အခြားတစ်ဦးက သူ့ကို သင်ပေးနေသည်။ 


ထိုသူမှာ သူ၏ အဖေဖြစ်၏။ 


ကျိယွီရှောင်သည် လင်းလောချင်းနှင့် မတူပေ။ သို့သော် လင်းဖေး သူ့ကဲ့သို့ အဖေမျိုး ရှိခြင်းကို အလွန်နှစ်သက်မိသည်။ 


အကြောင်းရင်း တစ်ချို့ကြောင့် သူ့နှလုံသားထဲတွင် လိပ်ပြာများ ကျဆင်းလာသလို ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်ညှင်သာပြီး သူ့ကို ပျော်လာစေ၏။ 


လင်းဖေးက ကျိယွီရှောင်၏ ပေါင်ပေါ်တွင် မှီလျှက်ထိုင်နေသည်။ သူက လက်ဖမိုးမှ အပူချိန်ကို ခံစားရင်း ပုစဉ်းလေးအား ရက်နေခဲ့သည်။ 


အခြားတစ်ဖက်တွင် လင်းလော့ချင်းက ကျိလဲ့ယွီနှင့်အတူ ရိုက်ကူးနေသည်။ 


ကျိလဲ့ယွီက သူ့ကို သစ်ပင်တစ်ပင်ထံ ဦးဆောင်သွားရင်း ဆို၏။ “ဒါက သစ်ပင်လေ …” 


လင်းလော့ချင်း၊ ဝင့်ကျီမင်နှင့် ဟောဝင့်ယွီတို့က မော့ကြည့်လိုက်ကြသည်။ သစ်ပင်မှာ အလွန်မြင့်မားပြီး မိုးထိုးနေ၏။ 


ဝင့်ကျီမင်နှင့် ဟောဝင့်ယွီက လင်းလော့ချင်းကို မေးလိုက်သည်။ “မင်းအမေက မင်းကို အကြီးဆုံးသစ်ပင် ရှာခိုင်းတာလေ … သူမက ငါတို့ကို သစ်ပင်ပေါ်တက်ပြီး ဖွက်ထားတဲ့ ပစ္စည်းရှာစေချင်တာလား …”


လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။ 


သူက သူ့အရှေ့ရှိ သစ်ပင်အား အချိန်အတော်ကြာ တိတ်ဆိတ်စွာ ကြည့်နေ၏။ ထို့နောက် ကျိလဲ့ယွီ၏ လက်ကို လွှတ်ကာ ကစားခိုင်းလိုက်သည်။ 


ကျိလဲ့ယွီက နံဘေးရှိ မြက်ခင်းထံသို့ လမ်းလျှောက်သွား၏။ 


ဝင့်ကျီမင်က သူ့ကို မေးလိုက်သည်။ “မင်းအမေရဲ့စာက ဘယ်လိုလဲ … ကြည့်ရအောင် ထုတ်လိုက်ပါဦး … သူမက ဒီနားမှာ မရှိဘူးလေ …”


သူက ပြောရင်း နောက်လှည့်ကြည့်လိုက်သည်။ နေဝင်ချိန်၏ ပုစွန်ဆီရောင်အလင်းက တောင်တစ်ခုလုံးပေါ်တွင် ဆေးခြယ်လျှက်ရှိ၏။ ၎င်းက ကမ္ဘာတစ်ခုလုံးကို ရွှေမှုံကြဲထားသကဲ့သို့ ရှိသည်။ 


“အရမ်းလှတာပဲ …” ဝမ်ကျစ်မင်က စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ 


ဟို့ဝမ်ယွီက ထိုစကားကြောင့် သူနှင့်အတူ လိုက်ကြည့်လိုက်သည်။ သူသည်လည်း ရှုခင်းကြောင့် အာမေဋိတ်သံ ပြုလိုက်မိ၏။ 


သူတို့နှစ်ဦးက လင်းလော့ချင်း၏ အသံမထွက်လာခင်အထိ ရှုခင်းကို ကြည့်နေခဲ့ကြသည်။ “ငါ့အမေက မရှိတော့တာကြာပြီ …”


“ငါမင်းတို့ကို အစကတည်းက ညာခဲ့တာ … သူမက ဒီမှာမရှိဘူး …” 


ဝမ့်ကျီမင်နှင့် ဟို့ဝမ်ယွီက သူ့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ 


လင်းလော့ချင်းက တည်ငြိမ်သော အမူအရာဖြင့် ဖူရိအကြောင်း ပြောပြ၏။ 


သူက အခြားတစ်ဦး၏ ဇာတ်လမ်းကို ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။ သူချစ်ရသူတစ်ဦး ထွက်ခွာသွားခြင်းကိ ပြောရာ၌ မျက်ရည်တစ်စက်ပင် ကျဆင်းလာခဲ့ခြင်းမရှိခဲ့။ 


သို့သော် သူ့မျက်ဝန်းများကမူ ဝမ်းနည်းနေ၏။ 


လျှို့မင်က ထိုအရာကိ လက်မခံနိုင်ခဲ့။ သူက ခေါင်းယမ်းကာ ပြောသည်။ “မဟုတ်ဘူး … ငါမယုံဘူး …”


ဖူရှီက သူ့မိခင်ထားခဲ့သည့် စာနှစ်စောင်ကို ထုတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးအား အသီးသီး ကမ်းပေးလိုက်၏။ 


အချိန်အတော်ကြာသည့်နောက် တောင်ပေါ်လေက စာရွက်အား ထိခတ် ဆော့ကစားလာသည်။ လျှို့မင်၏ မျက်ဝန်းများ နီရဲလာကာ ရှန်းဝမ်သည်လည်း မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။ 


ဖူရှီက တောက်ပနွေးထွေးသည့် နေဝင်ချိန်ကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် နေ့တစ်နေ့တာ ကုန်ဆုံးသည့်အခါတိုင်း နေဝင်သွားရခြင်းကို တွေးနေ၏။ 


လူသားများ၏ ဘဝမှာလည်း ထိုနည်းတူပင်။ လူသားများက နေလုံးကဲ့သို့ တောင်များနောက်တွင် ငုပ်လျှိုးသွားပြီး ညနေခင်းလေပြေနှင့်အတူ အိပ်စက်သွားကြသည်။ ထို့ကြောင့် အသက်ရှင်နေသည့် နေ့ရက်များမှာ အဖိုးတန်လှ၏။ 


သူလှည့်ကြည့်လိုက်ချိန်တွင် မြက်ခင်းပေါ်၌ ကစားနေသည့် ကလေးကို တွေ့လိုက်ရသည်။ ကလေးက အပြစ်ကင်းကာ လှပပြီး ရိုးရှင်းအသက်ဝင်နေ၏။ သူက တောက်ပလာမည့် နံနက်ခင်းကို စောင့်မျှော်နေသည့် အလားပင်။ 


သူ့ဘဝက စတင်ခါစဖြစ်ပြီး သူ၏ အနာဂတ်သည်လည်း အလွန်ရှည်လျားလှ၏။


သူက ရှန်းဝမ်နှင့် လျှိုမင်တို့ တည်ငြိမ်သွားသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် အော်ခေါ်လိုက်၏။ “ရှောင်ရှီ …ဒီကိုလာ …”


ကလေးက ချစ်စဖွယ်မျက်နှာလေးဖြင့် လှည့်ကြည့်လာသည်။ သူက ပန်းများကို လက်တစ်ပွေ့ခူးလာရင်း သူ့ထံလှမ်းလာ၏။ 


သူ၏ ပုံရိပ်မှာ အိပ်မက်ဆန်ပြီး လှပနေသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ အလင်းတစ်လွှာ လွှမ်းခြုံနေ၏။ သူက ကမ္ဘာပေါ်သို့ ကျဆင်းလာသည့် နတ်သားလေးနှင့် တူသည်။ သူက အလင်းထဲတွင် လျှောက်လှမ်းနေပြီး မျှော်လင့်ချက်ကဲ့သို့ လှပ၏။ 


လင်းလော့ချင်းက သူ့ကို တောင်ခြေသို့ ခေါ်လာခဲ့သည်။ 


တောင်ဆင်းလမ်းက အလွန်ရှည်လျားပြီး သူက ရှောင်ရှီအား ဂရုတစိုက် ခေါ်ဆောင်လာ၏။ လျှို့မင်က သူ့အနောက်မှ လျှောက်ရင်း ရှောင်ရှီနှင့်သူ့အား ကြည့်နေသည်။ 


ကလေး၏ အမည်က ရှောင်ရှီဖြစ်သည်။ ထိုကလေးက ဖူရှီငယ်စဉ်က ပုံရိပ်ကို တွေးမိစေ၏။ 


လျှို့မင်က မရေမတွက်နိုင်အောင် ထုတ်ကြည့်ခဲ့သည့် ဓာတ်ပုံတစ်ပုံအား ထုတ်လိုက်မိသည်။ ပုံထဲရှိ လူကြီးသုံးဦးက ပြုံးရယ်နေပြီး ဖူရှီကလေးကမူ မဝံ့မရဲဖြစ်နေ၏။ 


သူဓာတ်ပုံကို လှန်ကြည့်လိုက်ချိန်တွင် ဖူရှီ၏ မသေမသပ် လက်ရေးကလေးကို တွေ့လိုက်ရသည်။ ‘ကောင်းကောင်းသွားပါ ဦးဦး …’


နှစ်များစွာ အကြာ၌ သူတို့ ပြန်လည်ဆုံစည်းခဲ့ကြ၏။ သို့သော် ဖူရှီ၏ မိခင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဖူရှီသည်လည်း ကြီးပြင်းလာလေပြီ။


သူတို့၏ ငယ်စဉ်က ခေါင်းမာမှုနှင့် အရှက်ရမည်ကို စိုးရိမ်မှုတို့သည် လက်ရှိအချိန်တွင် ဟာသသာ ဖြစ်နေခဲ့သည်။ 


သူက ရှန်းဝမ်ကို ကြည့်လိုက်ချိန်တွင် ရှန်းဝမ်သည်လည်း သူ့ကို ပြန်ကြည့်လာသည်။ သူတို့နှစ်ဦး၏ အကြည့်များတွင် နောင်တများ ရှိနေ၏။ 


ထိုညက လျှို့မင်နှင့် ရှန်းဝမ်သည် ညနက်သည်အထိ စကားပြောခဲ့ကြသည်။ လှပသည့် အတိတ်ကို လွမ်းဆွတ်နေချိန်တွင် သူတို့မျက်ဝန်းများက မျက်ရည်ဝဲနေပြီး နှုတ်ခမ်းများကမူ ပြုံးနေကြ၏။ 


“အနာဂတ်မှာ ရှောင်ရှီကို အတူတူပျိုးထောင်ပေးရအောင် …” လျှို့မင်က သူ့ကို ပြောလိုက်သည်။ “ဒီလိုမှပဲ သူ စိတ်ချလက်ချ အနားယူနိုင်လိမ့်မယ် …”


“ကောင်းပြီ …” ရှန်းဝမ်က ခေါင်းညှိတ်လိုက်၏။ 


သူတို့နှစ်ဦးက ဘီယာခွက်ချင်း တိုက်လိုက်ပြီး အကုန်အစင် သောက်လိုက်ကြသည်။ 


ဖူရှီက သူတို့စကားသံကို မကြားခဲ့ချေ။ သူက အိပ်မောကျနေပြီး အိပ်မက်ထဲတွင် သူ့အမေနှင့် တွေ့နေ၏။ 


“မာမားရဲ့ ဆန္ဒပြည့်သွားပြီပဲ …” ဖူရှီက သူ့အမေကို ပြောလိုက်သည်။ “မာမားအခု အနားယူပါတော့ …”


ဖူရီက သူ့အနားသို့ ချဉ်းကပ်လိုက်ရင်း သူ့အား ပွေ့ဖက်လိုက်သည်။ “မာမားသိပါတယ် … သားလေးက အမြဲအားကိုးရတာပဲ … မာမားသားအတွက် ဂုဏ်ယူတယ် …”


သူမက ဖူရှီငယ်စဉ်ကကဲ့သို့ ဖူရှီ၏ ခေါင်းလေးကို ထိလို

က်သည်။ 


“နှုတ်ဆက်ပါတယ် …” သူမက ဖူရှီကို ပြောသည်။ “နောက်ဘဝမှာ မာမား သားရဲ့ အမေ ဖြစ်ချင်သေးတယ် …”


“ကောင်းပါပြီ …” ဖူရှီ သဘောတူလိုက်၏။ 


သူက မိခင်လှည့်ထွက်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် နေဝင်ချိန်ကို ကြည့်လိုက်၏။ နေက ဖြည်းညှင်းစွာ တောင်နောက်သို့ ငုပ်လျှိုးသွားခဲ့သည်။ 


နှုတ်ဆက်ပါတယ် မာမား …