Chapter 291
သတင်းကို ကြားပြီးနောက် ဖရဲသီးစားသူ အင်တာနက်သုံးစွဲသူများက တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး မေးမြန်းလာကြလေသည်။
[ဘယ်သူလဲ…သူဖြစ်တာ သေချာလို့လား…”
[ချောင်ရွေ့လား…သူ့အကြောင်း ကြားတောင် မကြားဖူးဘူး…]
[သက်သေရှိလား..ပို့စ်ပိုင်ရှင်က ဘယ်မှာလဲ…ဘာလို့ ဝေ့ပေါ်စခရင်ရှော့စ်တစ်ခုတင်ပြီး ပျောက်သွားတာလဲ…]
[ငါ သီးသန့်မတ်ဆေ့ခ်ျပို့ပြီး မေးထားတယ်…အဖြေကို စောင့်နေရုံပဲရှိတယ်…]
[စောင့်စရာ မလိုပါဘူး…ငါ သူ့ဝေ့ပေါ်ကို စစ်ဆေးကြည့်တော့ ဖူဟန်နဲ့ပတ်သတ်နေပုံ ပေါ်တယ်(ဓာတ်ပုံ)...]
လူတိုင်းက စခရင်ရှော့စ်ကို ကြည့်နေစဉ် ချောင်ရွေ့၏ယခင်ရက်များက ဝေ့ပေါ်ပို့စ်တစ်ခုကို ရှာတွေ့သွားလေသည်။
[[**အား…နောက်ထပ် ဇာတ်ကောင်သစ်လေး…ရဲသားငယ်လေး…**]]
ထိုအခါ လင်းလော့ချင်း၏ black ဖန်များက ချက်ချင်း ခုန်တက်လာကြလေသည်။
[ရဲသားငယ်လေးတဲ့…အဲ့ဒါကို မြင်လား..ဒါက ဖူဟန်ပဲဖြစ်ရမယ်…]
[ဟုတ်တယ်…နှစ်တိုင်း ရဲဇာတ်ရုပ်တွေ အများကြီးရှိပေမဲ့ ‘အလင်းရောင်’က နာမည်အကြီးဆုံး မဟုတ်ဘူးလား…ဖူဟန်က မကြာသေးခင်က ပေါက်ကွဲခဲ့တာလေ…တခြားပေါက်ကွဲခဲ့တဲ့ ရဲဇာတ်ရုပ်တွေ ရှိသေးလို့လား…]
[သူ ဝေ့ပေါ်မှာ တင်တဲ့အချိန်ကို စစ်ဆေးကြည့်တော့'အလင်းရောင်’မရိုက်ခင်ကပဲ…အချိန်ကာလကကိုက်ညီတယ်…ဖူဟန်ပဲ ဖြစ်ရမယ်…]
[ပြောရရင် လင်းလော့ချင်း အဖွဲ့ထဲ ၀င်ချိန်က 'အလင်းရောင်'စရိုက်နေပြီမလား…သူ မ၀င်ခင်ကတည်းက ရိုက်ကူးရေးက စပြီးနေပြီ…]
[သဲလွန်စတွေကို စစ်ဆေးကြည့်တော့ အဲ့ဒါ ဖူဟန်ဆိုတာ သေချာတယ်…အဲ့တော့ လင်းလော့ချင်းကလွဲရင် ဘယ်သူဖြစ်ဦးမှာလဲ…သူက နာမည်ကြီးချင်လို့ အရှက်မရှိဘဲ သူများဇာတ်ရုပ်ကို လုယူတာပဲ…ဒါက ဖူဟန်ဇာတ်ကောင်ကို စော်ကားလိုက်တာပဲ…]
[အား…သူ ဘာလို့ အဲ့လို လုပ်ရတာလဲ…,ဖူဟန်ဇာတ်ကောင်ကို သရုပ်ဆောင်ရဲသေးတယ်ပေါ့…ငါ ဖူဟန်အတွက် စိတ်မကောင်းဘူး…]
ယင်းကိုမြင်ပြီးနောက် လင်းလော့ချင်၏ပရိသတ်များက ကောလဟလများကို ပြန်ချေပကြလေသည်။
[ဘာလဲ…စခရင်ရှော့စ်နှစ်ခုကို အားကိုးပြီး ကောလဟလတွေ ဖြန့်နေတာလား…ငါ ထင်တာကတော့ သူ့ဝေ့ပေါ်ပို့စ်က သူက ဇာတ်ရုပ်သေးသေးလေးကို သရုပ်ဆောင်ရတာ မကျေနပ်ကြောင်းပြောတဲ့ပို့စ်လို့ ထင်တယ်…]
[ဟုတ်တယ်…လင်းလော့ချင်းက အဖွဲ့ကို နောက်ကျမှ ၀င်ခဲ့တာပဲ…သူက ဇာတ်ရုပ်ကို မကျေနပ်ပြီးငြင်းလိုက်လို့ လင်းလော့ချင်းက ကူညီပေးရတာကော မဖြစ်နိုင်ဘူးလား…]
[လင်းလော့ချင်းက နာမည်ကြီးတယ်ဆိုတာကို သိပြီး သူ့ကို အခွင့်ကောင်းယူနေတာလား…နင်ကနာမည်မကြီးလို့ တခြားလူလက်ငှားပြီး နာမည်ကြီးချင်တာလား…]
[သူ့ကို ကျိန်ဆဲနေတာကို ရပ်လိုက်တာ…နင် နောက်ကြရင် လင်းလော့ချင်းကို ပြန်တောင်းပန်ရမှာကို မြင်ယောင်သေးတယ်…]
[လင်းလော့ချင်းက အံ့ဩစရာကောင်းလိုက်တာ…အပိုင်းလေးပိုင်းပဲပါတဲ့ ဖူဟန်ကို ပေါက်ကွဲသွားအောင် လုပ်နိုင်တယ်…သူ့မှာ နာမည်ကြီးလာမဲ့ဇာတ်ကောင်တွေကို သေချာရွေးချယ်နိုင်တဲ့ မျက်လုံးရှိတာပဲ…]
[အဲ့ဒါက လူမည်းပရိသတ်ဆိုတာကို ယုံကြည်တယ်…သူတို့လူက မကောင်းမှန်းသိလို့ လင်းလော့ချင်းကို ကျိန်ဆဲဖို့ နေ့တိုင်းစောင့်ကြည့်နေကြတာလေ…ဘာလို့ဆို သူတို့လူက လင်းလော့ချင်းလောက်မှ မချောတာ…]
ရုတ်တရက်ဆိုသလို ဖိုရမ်တွင် ယမ်းမှုန့်များ ပြည့်နှက်လာလေသည်။ လင်းလော့ချင်း၏လူမည်းပရိသတ်များကလည်း နေရာအသီးသီးမှ ပေါ်ထွက်လာကြ၏။
ဝူရှင်းယွမ်က ဖိုရမ်ပေါ်ရှိ အကြောင်းအရာကို မြင်သောအခါ ချက်ချင်း ဒါရိုက်တာ၀မ်ဆီ ဆက်သွယ်လိုက်ပြီး ထိုအကြောင်းကို ပြောပြလိုက်သည်။
ဒါရိုက်တာ၀မ်က ပြောလိုက်သည်။
“ဘာလဲ…ဖူဟန်ဇာတ်ကောင်ကို အရင်က သရုပ်ဆောင်မဲ့ ချောင်ရွေ့က ဖူဟန်ကို ဇာတ်ပို့သေးသေးလေးလို့ ပြောပြီး ငြင်းခဲ့တာမဟုတ်ဘူးလား…အခု ဘာထဖြစ်တာလဲ…''
“စိတ်မပူနဲ့…ဒီကိစ္စကို ငါ့အပေါ်ထားလိုက်…ငါ လင်းလော့ချင်းရဲ့ကောလဟလတွေကို ပြန်ဖြေရှင်းပေးမယ်…”
“ဒါရိုက်တာ၀မ် တကူးတက အဲ့လိုလုပ်စရာ မလိုပါဘူး…”
နောက်ဆုံးတွင် ဝူရှင်းယွမ်က ဒါရိုက်တာ၀မ်ထက် ဖျော်ဖြေရေးလောကအကြောင်းကို ပိုနားလည်ပေသည်။ တစ်ခါတစ်ရံတွင် ရှင်းပြလိုက်ခြင်းက လူများ၏သံသယကို ပိုလှုံ့ဆော်နိုင်လေသည်။ ထို့အပြင် ယခု လင်းလော့ချင်း၏ antiပရိသတ်များကသာ ခုန်ပေါက်နေကြခြင်းဖြစ်ပြီး အပြင်လူအနည်းငယ်ကသာ ယင်းကို ယုံကြည်ကြလေသည်။ ပြန်ဖြေရှင်းသည့်နည်းလမ်းက ကောလဟလများကို ပိုပြန့်သွားစေလျှင် ယင်းက လုံး၀မထိုက်တန်ချေ။
"မနက်ဖြန် သတင်းစာရှင်းလင်းပွဲရှိတယ်မလား…အဲ့ကျရင် အဖွဲ့သားတွေကို ဘယ်လိုခေါ်ယူခဲ့လဲဆိုတာကို မေးမဲ့ သတင်းထောက်တွေ ရှိတယ်…ဒါရိုက်တာ၀မ်က ဘာကြောင့် လော့ချင်းကို အဖွဲ့ထဲကို ခေါ်ခဲ့တာကို စကားနည်းနည်းလောက်နဲ့ ရှင်းပြလိုက်ရင် ကောလဟလတွေက အလွယ်တကူဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်…”
ဝူရှင်းယွမ် ပြောလိုက်သည်။
ဒါရိုက်တာ၀မ်က သဘောတူလိုက်၏။
“ပြဿနာ မရှိဘူး…မနက်ဖြန်ကျရင် ငါ လော့ချင်းကို ချီးကျူးပေးမယ်…”
“ဒီလိုဆို ကျေးဇူးတင်ပါတယ် ဒါရိုက်တာ၀မ်…”
“မလိုပါဘူး…ဒါက အသေးအဖွဲကိစ္စလေးပဲ…'အလင်းရောင်'မှာ လော့ချင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းပြီး ‘’အလင်းရောင်’ကလည်း နာမည်ကြီးသွားတယ်…ငါကတောင် သူ့ကို ပြန်ကျေးဇူးတင်ရဦးမယ်…”
"ဒီလိုဆို ဒါရိုက်တာ၀မ်မှာ သင့်တော်တဲ့ဇာတ်ညွှန်းလေးတွေ ရှိလာရင် ကျွန်တော့်ဆီ ဆက်သွယ်ဖို့မမေ့နဲ့နော်…”
“သေချာတာပေါ့…လော့ချင်းက လူတော်လူကောင်းလေး…ပြောစရာတောင် မလိုဘူး…သင့်တော်တဲ့ဇာတ်ရုပ်ကို တွေ့ရင် ငါ လော့ချင်းကို ကျိန်းသေပေါက် အရင်ရှာမယ်…ငါ ကြောက်မိတာက သူ အနာဂတ်မှာ ပိုပိုနာမည်ကြီးလာရင် ငါနဲ့ရိုက်ကူးဖို့ အချိန်မရှိတော့မှာကိုပဲ…”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…ဒါရိုက်တာ၀မ်နဲ့ပူးပေါင်းဖို့အတွက်ဆို သီးသန့်အချိန် အမြဲဖယ်ထားပေးမှာ…”
ဒါရိုက်တာ၀မ် ရယ်မောလိုက်သည်။
ဒီလူက စကားပြော ကောင်းတာပဲ…
နှစ်ယောက်သား စကားအနည်းငယ် ထပ်ပြောပြီးနောက် ဝူရှင်းယွမ် ဖုန်းချလိုက်သည်။
ထို့နောက် ဝူရှင်းယွမ်က ဖိုရမ်ပေါ်ရှိ လင်းလော့ချင်း၏ပရိသတ်များနှင့် လူမည်းပရိသတ်များ၏တိုက်ပွဲကို စစ်ဆေးလိုက်သည်။
နောက်ဆုံးတွင် လင်းလော့ချင်း၏ပရိသတ်များက ဖိုရမ်ကို လွှမ်းမိုးနိုင်ခဲ့လေသည်။ ထို့အပြင် ဖူဟန်ကို သဘောကျသော အင်တာနက်သုံးစွဲသူများကြောင့်လည်း အမည်းရောင်ပို့စ်များကို အခြေခံအားဖြင့် ရှင်းလင်းနိုင်ခဲ့၏။
Antiပရိတ်သတ်များကမူ ဆက်လက်ပို့စ်တင်နေဆဲဖြစ်ပြီး အလွန်တက်ကြွနေသော ပရိသတ်များကလည်း ထိုပို့စ်များကို အကြောင်းပြန်နေဆဲဖြစ်သည်။
ထို့အပြင် ချောင်ရွေ့ထံ သီးသန့်မက်ဆေ့ခ်ျပို့ကာ မေးထားသော လင်းလော့ချင်း၏ပရိသတ်များနှင့် ဖရဲသီးစားသုံးသူများကမူ ယခုထိ ချောင်ရွေ့ထံမှ ပြန်စာကို မရကြသေးပေ။
ဝူရှင်းယွမ် ရယ်မောလိုက်သည်။
ချောင်ရွေ့က သနားစရာလေး…ဝေ့ပေါ်ပေါ် သူ ပို့စ်တင်ရင်ကွန်မန့် ၃၀လောက်ပဲရတာ…အခုကွန်မန့် ၃၀၀လောက် ဖြစ်နေတော့ သူ တင်လိုက်တဲ့ပိုစ်ရဲ့ သက်ရောက်မှုကို သိသွားပြီး ပြန်မရှင်းပြဘဲ တိတ်ဆိတ်နေတယ်…
အစက မကျေနပ်လို့ ပို့စ်တင်ခဲ့တာ ဖြစ်ပေမဲ့အခု ကိစ္စက အကြီးကြီးဖြစ်လာတော့ သူက လူတွေကို တမင်နှိုးဆွလိုက်သလိုပဲ…ဒီလိုလူမျိုးက နာမည်ကြီးဖို့ မထိုက်တန်ဘူး…
ဝူရှင်းယွမ်က ချောင်ရွေ့ကို ဂရုမစိုက်ပေ။
မနက်ဖြန် ပရိုမိုးရှင်းပွဲပြီးရင် သူက ပြန်ပျောက်သွားတော့မှာ…
သူ့ထံ ရောက်လာသော သီးသန့်မက်ဆေ့ခ်ျများကိုကြည့်ပြီး ချောင်ရွေ့က ယခင်က ထိုသို့ အာရုံစိုက်ုမျိုး မရခဲ့ဖူးသောကြောင့် ခံစားနေရလေသည်။ သူ့၏ပို့စ်တစ်ခုက ထိုမျှပျံ့နှံ့သွားမည်ဟုပင် မထင်ခဲ့ပေ။ ထို့ကြောင့် အလွန်တက်ကြွနေခဲ့သည်။ သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်၏။
ဒါက သူ့အမှား မဟုတ်ဘူး…လင်းလော့ချင်းက သူ့ဇာတ်ရုပ်ကို လုယူတယ်လို့ မပြောခဲ့ဖူးဘူး…သူက ဖူဟန်က သူ့ဇာတ်ရုပ်လို့ပဲ ပြောခဲ့တာ…ဒီလိုဖြစ်သွားရတာက လင်းလော့ချင်းရဲ့anti ပရိသတ်တွေကြောင့်ပဲ…သူ့ကို အပြစ်တင်လို့ မရဘူး…,
ဒါ့အပြင် သူသာ ဖူဟန်ဇာတ်ရုပ်ကို မစွန့်လွှတ်ခဲ့ရင် သူက နာမည်ကြီးတဲ့သူဖြစ်နေမှာ…အခု လင်းလော့ချင်းက အဲ့ဇာတ်ကောင်ကြောင့် နာမည်ကြီးနေတော့ နည်းနည်းကျိန်ဆဲတာ ဘာဖြစ်လဲ…
ထိုသို့ တွေးပြီးနောက် ချောင်ရွေ့က သီးသန့်မက်ဆေ့ခ်ျများကို အကြောင်းပြန်မည့်အစားမားကတ်တင်းအကောင့်အချို့ ဖွင့်လိုက်ကာ မားကတ်တင်းအကောင့်များအောက်တွင် ဟုတ်သလားဟု လိုက်မေးနေလေသည်။
မားကတ်တင်းအကောင့်တော်တော်များများက လင်းလော့ချင်း၏ကျော်ကြားမှုနောက်သာ လိုက်ကြခြင်းဖြစ်ပြီး ထိုသို့သောအနက်ရောင်ပစ္စည်းများကို မထိပေ။
သူတို့ထဲက အချို့ကို ဝူရှင်းယွမ်က ကိုင်တွယ်ထားပြီးဖြစ်သောကြောင့် သူတို့က ထိုအနက်ရောင်ပစ္စည်းကို လျစ်လျူရှုထားကြလေသည်။
အချို့လူကြိုက်နည်းသည့် မားကတ်တင်း အကောင့်အချို့ကသာ လင်းလော့ချင်းက ဖူဟန်ဇာတ်ရုပ်ကို လုယူထားကြောင့်ပြောပြီး လူကြိုက်များမှုကို ရှာဖွေနေခဲ့လေသည်။
သို့သော် လင်းလော့ချင်း၏ပရိသတ်များက ကောလဟလများကို ချေပခဲ့ကြသည်။
[ကောလဟလတွေ မဖြန့်ကြပါနဲ့…ဖူဟန်က လေးပိုင်းလောက်ပဲ ပါတဲ့ဇာတ်ကောင်…ဇာတ်ပို့သာမာန် ဇာတ်ပို့မျိုး… လုမဲ့လု အဓိကဇာတ်ကောင်ကို လုမှာပေါ့…ဇာတ်ပို့ကို လုမှာမဟုတ်ဘူး…]
ထို့အပြင် အင်တာနက်သုံးစွဲသူများကလည်း လင်းလော့ချင်းအပေါ် အမြင်ကောင်းရှိကြလေသည်။
[ဒါက မဖြစ်နိုင်ဘူး…လင်းလော့ချင်းက တိုးတိုးတိတ်တိတ် နေတတ်ပြီး သရုပ်ဆောင်ကောင်းတဲ့သူ…ဇာတ်ရုပ်ကို လုယူမဲ့သူ မဟုတ်ဘူး…]
[ငါလည်း လင်းလော့ချင်းက အဲ့လိုမလုပ်ဘူးလို့ ထင်တယ်…သူက ငါတို့အစ်ကိုနဲ့ အရင်က အလုပ်တွဲလုပ်ခဲ့တာ…ငါတို့အစ်ကိုက လင်းလော့ချင်းကို တဖွဖွ ချီးကျူးနေတာ…သူက အဲ့လိုမလုလောက်ဘူး…]
[လင်းလော့ချင်းက နာမည်ကြီးနေတဲ့သူ…အပိုင်းလေးပိုင်းလောက်ပဲ ပါတဲ့ ဇာတ်ရုပ်ကို လုယူပါ့မလား…ဒီအနက်ရောင်ပစ္စည်းက အတုကြီး…ပို့စ်ကို ဖျက်ပစ်လိုက်သင့်တယ်…]
[အာ…နင် နာမည်ကြီးချင်ရင်တောင် အတုလုပ်လို့မရဘူး…ပို့စ်ကို ဖျက်လိုက်သင့်တယ်…]
[ဟားဟား…ဒီအကြောင်း တင်ထားတဲ့ မားကတ်တင်းအကောင့်တွေက ပို့စ်ဖျက်သွားပြီ… တော်သေးလို့ လူတော်တော်များများကို မလှည့်စားနိုင်ခဲ့ဘူး…]
[အရင်က မားကတ်တင်းအကောင့်တွေ အကြောင်းနားမလည်ခဲ့ဘူး…အခုတော့ နားလည်သွားပြီ…]
မားကတ်တင်းအကောင့်များက followerများလျော့နည်းသွားပြီး သူတို့ကို ကျိန်ဆဲနေသည့်ကွန်မန့်များကို မြင်သောအခါ ဘာမှမဖြစ်ခဲ့သလို ပို့စ်ကို ဖျက်ပစ်လိုက်ကြလေသည်။
မကြာမီပင် ချောင်ရွေ့က ထိုအကြောင်းတင်သည့်မားကတ်တင်းအကောင့်များက ပို့စ်များကို ဖျက်သွားကြသည်ကို တွေ့လိုက်ရပြီး အလွန် ဒေါသထွက်သွားလေသည်။ အင်တာနက်သုံးစွဲသူများကလည်း သူ့အတွက် ပြောပေးရမည့်အစား လင်းလော့ချင်းအတွက် ပြောပေးနေကြလေသည်။
သူက စားပွဲကို တွန်းလိုက်သော်လည်း နာကျင်မှုမှလွဲလျှင် ဘာမှပြန်မရပေ။
လင်းလော့ချင်းက အင်တာနက်ပေါ်မှ တိုက်ပွဲအကြောင်းကို မသိသေးပေ။ သူက ‘ကွေးယွီ့’ဇာတ်ညွှန်းကို ဖတ်ကာ ဒိုင်ယာလော့များကို မှတ်ပြီး အလုပ်များနေလေသည်။ သူက ယဲ့ယွီ၏အဆင့်တိုင်းရှိ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ရှာဖွေနေ၏။
“အိပ်ကြရအောင်…"
ကျိယွီရှောင်က ရေချိုးပြီးနောက် ကုတင်ပေါ်တွင် ထိုင်ကာ ပြောလိုက်သည်။
“နောက်ကျနေပြီ…အိပ်ကြစို့…”
ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက ဇာတ်ညွှန်းကို ချလိုက်ပြီး ကျိယွီရှောင်၏ရင်ခွင်ထဲ ၀င်သွားလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး နမ်းလိုက်သည်။ ထိုအခါ လင်းလော့ချင်းက မီးကို အမြန်ပိတ်ကာ စောင်ကို ခေါင်းမြီခြုံလိုက်ပြီး ကျိယွီရှောင်ကို ပြန်နမ်းလိုက်လေသည်။