Chapter 294
လင်းလော့ချင်းက ဝူရှင်းယွမ်ကို ဖုန်းဆက်ပြီးသောအခါ ရှစ်ကျန်းထံ ဖုန်းဆက်လိုက်လေသည်။
"အစ်ကိုကျန်း ကျွန်တော့်မှာ အလုပ်တစ်ခုရှိတယ်...အစ်ကိုကျန်း စိတ်၀င်စားလား..."
ရှစ်ကျန်းက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အလုပ်များနေခဲ့ပြီး ယခုမှသာ အလုပ်အားသွားသောကြောင့် 'အလင်းရောင်'ကို ကြည့်နေခြင်းဖြစ်၏။ သူက ဒုတိယပိုင်းကို ကြည့်နေစဉ်လင်းလော့ချင်းထံမှ ဖုန်းလက်ခံရရှိခြင်းဖြစ်သည်။
သူက လင်းလော့ချင်း၏အမြင်ကို ယုံကြည်လေသည်။ ထို့အပြင် လင်းလော့ချင်းက လက်ရှိတွင် နာမည်ကြီးနေသောကြောင့် အဖွဲ့ကလည်း ကောင်းမည်ဖြစ်သည်။
"ဇာတ်လမ်းတွဲလား...ရုပ်ရှင်လား..."
"ရုပ်ရှင်...ဒါရိုက်တာက နာမည်ကြီးတော့ မဟုတ်ဘူး...ဒါပေမဲ့ မစိုးရိမ်ပါနဲ့...သူ့ရဲ့အရင်လက်ရာတွေကို ကြည့်ကြည့်တာ အဆင့်မြင့်ဒါရိုက်တာပါ...ပြီးတော့ ဇာတ်ညွှန်းကလည်း ကောင်းတယ်...,အဲ့ဒါကြောင့် အစ်ကိုကျန်းကို ကျွန်တော်နဲ့အတူရိုက်ဖို့ခေါ်တာ..."
"အိုကေ...မင်းက ကောင်းတယ်ဆိုမှတော့ ငါကလည်း မင်းကို ယုံကြည်တယ်...ရိုက်ကူးရေး စမဲ့အချိန်ကို ငါ့ဆီ ပို့ပေးထားလေ...ငါ အေးဂျင့်နဲ့ပြောလိုက်မယ်..."
"သူက အောက်တိုဘာ ဒါမှမဟုတ် နို၀င်ဘာလ စရိုက်လောက်တယ်...ပြီးတော့ ဒီရုပ်ရှင်ကို ရှင်းရီက ရင်းနှီးမြှုပ်နှံထားတာဆိုတော့ အစ်ကိုကျန်းရဲ့သရုပ်ဆောင်ကြေးက နည်းနည်း နည်းလောက်တယ်..."
လင်းလော့ချင်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
ရှစ်ကျန်းက ရယ်မောလိုက်ပြီး လင်းလော့ချင်းကို နောက်လိုက်သည်။
"ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတယ်ဆိုမှတော့ ငါကလည်း ပိုပံ့ပိုးပေးရမှာပေါ့...မဟုတ်ရင် သူဋ္ဌေးကို မျက်နှာပြရဲမှာမဟုတ်ဘူး..."
လင်းလော့ချင်းက အနည်းငယ် ရှက်ရွံ့သွားလေသည်။
"အစ်ကိုကျန်းက ဇာတ်ပို့နေရာက သရုပ်ဆောင်ရမှာ..."
"ကိစ္စမရှိဘူး...မင်းက လတ်တလော နာမည်ကြီးနေတဲ့သူဆိုတော့ မင်းက အဓိကဇာတ်ဆောင်နေရာက သရုပ်ဆောင်ရမှာပေါ့...ငါကလည်း အဓိကဇာတ်ဆောင်ဖြစ်ဖို့ မသင့်တော်ဘူး..."
"ဘာလို့ မသင့်တော်ရမှာလဲ..."
လင်းလော့ချင်းက အလောတကြီး ပြောလိုက်သည်။
"အစ်ကိုကျန်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတဲ့ဟာကို အစ်ကိုကျန်းက အဓိကဇာတ်ဆောင်ဖြစ်သင့်တာပေါ့...ကျွန်တော်က ပြောဆိုပြီးသားမို့လို့သာ ဇာတ်ကောင်နေရာကို မပြောင်းတော့တာပါ...ဒါရိုက်တာယွီနဲ့ထပ်ပူးပေါင်းရိုက်ကူးမဲ့ဇာတ်ကားတွေက အစ်ကိုကျန်းက အဓိကဇာတ်ကောင်ဖြစ်လာမှာ..."
"မင်းက ဒါရိုက်တာယွီကို သဘောကျတဲ့ပုံပဲ...သူနဲ့ နောက်ရိုက်မဲ့ဇာတ်ကားတွေအတွက်ပါ စာချုပ်ချုပ်ထားတယ်ဆိုတော့လေ..."
"သူက ဒါရိုက်တာကောင်းတစ်ယောက်လေ...အစ်ကိုကျန်းလည်း သူ့လက်ရာတွေကို ကြည့်ပြီးရင် သူ့ကို သဘောကျသွားမှာ..."
"အိုကေ...ငါ အဲ့ဒါကို စောင့်နေမယ်..."
ရှစ်ကျန်းက သူမသိသေးသည့် ဒါရိုက်တာအကြောင်းကို အနည်းငယ် သိချင်လာပြီး လင်းလော့ချင်း အလွန် တန်ဖိုးထားသည့်သူကို တွေ့ချင်လာမိသည်။
ကံကောင်းစွာနှင့် မကြာမီပင် ထိုဒါရိုက်တာနှင့် တွေ့ဆုံရတော့မည်ဖြစ်သည်။
ရှစ်ကျန်းက သူတောင်းဆိုချက်ကို လက်ခံလိုက်သောအခါ လင်းလော့ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူက ယွီကျားယုံ၏ကြယ်စင်အလင်း(အောင်မြင်မှု)အပေါ်သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်သောကြောင့်အကောင်းဆုံးမင်းသားဖြစ်လာမည့် ရှစ်ကျန်းကိုခေါ်ကာ အာမခံချက်တစ်ခု ထပ်ထည့်ထားခြင်းဖြစ်သည်။
ထို့အပြင် 'ကွေးယွီ့'က သူမျှော်လင့်ထားသည့်အတိုင်း ဆုများစွာ ရရှိခဲ့ပါက ယင်းက ရှစ်ကျန်းအတွက်လည်း အခွင့်အရေးဖြစ်လာနိုင်ပေသည်။ တစ်ချိန်တည်းတွင်ပင် ယွီကျားယုံက ရှစ်ကျန်းနှင့် ရင်းနှီးခွင့်ရပြီး အနာဂတ်တွင် သရုပ်ဆောင်ရွေးချယ်လျှင် ရှစ်ကျန်းကို ရွေးချယ်နိုင်ပေသည်။ ဤကား နှစ်ဖက်လုံးအတွက် အကျိုးရှိခြင်းဖြစ်၏။
လင်းလော့ချင်းက ရှစ်ကျန်းနှင့် ညှိနှိုင်းပြီးနောက် စုထုံထံ ဖုန်းခေါ်လိုက်သည်။
စုထုံက ရှစ်ကျန်းထက် ပိုအလုပ်များလေသည်။
"ငါလည်း မင်းနဲ့အတူ ရိုက်ချင်ပေမဲ့ ငါ့မှာ အချိန်တွေ ပြည့်နေတယ်...နွေရာသီကနေစပြီး ဒီနှစ်ကုန်အထိ အချိန်စာရင်းတွေ အပြည့်ပဲ...ငါ တကယ် လှုပ်မရတာ...မင်းရဲ့ရုပ်ရှင်က နောက်နှစ်မှ စရင်တော့ ငါ အချိန်ပေးနိုင်လောက်တယ်...ဒီလတွေထဲတော့ ငါ့မှာ အချိန်မရှိဘူး..."
လင်းလော့ချင်းက ထိုအခြေအနေမျိုးကို ကြိုတွေးထားပြီးဖြစ်သည်။
"ရပါတယ်...နောက်မှ အခွင့်အရေးရလာရင် အတူတူ ရိုက်ကြတာပေါ့...ဒါနဲ့ အခုရိုက်မဲ့ရုပ်ရှင်ရဲ့ ဒါရိုက်တာက ယွီကျားယုံလေ...ကျိယွီရှောင်ပြောတာကတော့ မင်း သူ့ကို သိလောက်တယ်တဲ့...မင်း သူ့ကို သိလား..."
"ငါ အဲ့နာမည်တော့ ကြားဖူးတယ်...သူ့ကို သိတော့ မသိဘူး...သူက ဒီလောကထဲကပဲမလား..."
"အွန်း..."
"ဒါဆို ငါ သိလောက်တယ်...ငါ နောက်နေ့ လိုက်မေးကြည့်လိုက်ဦးမယ်..."
"အိုကေ..."
အမှန်တွင် ဤရုပ်ရှင်တွင် စုထုံ မပါ၀င်ခြင်းက ကောင်းလေသည်။
လင်းလော့ချင်းက တစ်ခဏခန့် တွေးပြီးနောက် စုထုံကို ပြောပြလိုက်၏။
"တကယ်တော့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင်က ငါလေ...မင်းက ပါရင် ဇာတ်ပို့နေရာက ပါရမှာ...ငါတို့က အသက်အရွယ်တူကြပေမဲ့ မင်းက ထိပ်တန်းအနုပညာရှင်ဆိုတော့ ဇာတ်ပို့နေရာက သရုပ်ဆောင်ဖို့ မသင့်တော်ဘူး...အဲ့တော့ သူ့မှာ သင့်တော်တဲ့ဇာတ်ညွှန်းသစ် ထပ်ရှိလာတော့မှ သူနဲ့အတူရိုက်ကြပေါ့..."
"အဲ့အချိန်ရောက်မှ ထပ်ပြောကြတာပေါ့..."
"မဟုတ်ဘူး...မင်းရဲ့ဈေးကွက်က သိပ်မပွင့်သေးဘူး...အဲ့တော့ သူနဲ့အတူ ပူးပေါင်းသင့်တယ်..."
"မင်း သူ့ကို အရမ်းအထင်ကြီးနေတာလား..."
စုထုံက အံ့ဩနေလေသည်။
"ယွီကျားယုံက အဲ့လောက်တောင် အရည်အချင်းရှိလို့လား..."
"မဟုတ်ရင် ဘာလို့ မင်းကို သူနဲ့ရိုက်ခိုင်းမှာလဲ..."
စုထုံက လင်းလော့ချင်းကို အလွန်အံ့ဩစရာကောင်းပြီး တွေးခေါ်တတ်သူဟု တွေးလိုက်လေသည်။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်က လင်းလော့ချင်းက သူ့ဈေးကွက်အခွင့်အလမ်းများ ကျယ်ပြန့်လာစေရန် ရှင်းရီဘက်မှသင့်လျော်သည့်ဇာတ်ညွှန်းများကို ရှာပေးမည်ဟု ပြောခဲ့လေသည်။
ထိုအခိုက်အတန့်တွင် သူက လင်းလော့ချင်း၏ကိတ်မုန့်ကြီးကြောင့် စိတ်လှုပ်ရှားသွားခဲ့သော်လည်း ယင်းကို အတည်မမှတ်ယူခဲ့ပေ။
သူဋ္ဌေးက ၀န်ထမ်းများစွာကို စီမံခန့်ခွဲရမည်ဖြစ်ပြီး ပြောသမျှ လိုက်လုပ်ပေးရန် မဖြစ်နိုင်ပေ။ ထို့အပြင် လင်းလော့ချင်းက CEOအသစ်ဖြစ်ပြီး ငယ်ရွယ်သေးသောကြောင့် ပြဿနာများစွာနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပြီး သူ့ကို အာရုံစိုက်ရန် မဖြစ်နိုင်ပေ။
သို့သော် လင်းလော့ချင်းက ထိုစကားကို အလေးအနက်ထားခဲ့လေသည်။ သူ့ကို 'အနောက်အရပ်သို့ခရီး'ဇာတ်ကားအတွက် Auditionဖြေရန် ဖိတ်ခေါ်ခဲ့ပြီး သူက ထိုဇာတ်ရုပ်ကို မရခဲ့သောအခါ လင်းလော့ချင်းက သူ့ကို အခြားဇာတ်ကားကို ရိုက်ကူးခိုင်းခဲ့လေသည်။
ထို့အပြင် သူ အတွေးလွန်နေမှာကို စိုးရိမ်သောကြောင့် အခွင့်အရေးရလျှင် ထူးချွန်သည့်ဒါရိုက်တာတစ်ယောက်နှင့် ရိုက်စေရမည်ဟု အခိုင်အမာပြောခဲ့လေသည်။
ယခု လင်းလော့ချင်းက ထူးချွန်သည့်ဒါရိုက်တာအသစ်တစ်ယောက်နှင့် တွေ့သောအခါ သူ့ကို ဖိတ်ခေါ်ရုံသာမက နောက်အလုပ်အတွက်ပါ စီစဉ်ပေးခဲ့သည်။
သူက ထိုစကားကို အလေးအနက် မထားသော်လည်း တစ်ဖက်လူကမူ အမြဲ မှတ်မိနေခဲ့သည်။ ယင်းက သူ့ကို အလွန် စိတ်ကြည်နူးစေလေသည်။
"အိုကေ...အချိန်ကျလာရင် ငါ သူနဲ့အတူ အလုပ်တွဲလုပ်မယ်..."
"ကောင်းပြီ..."
လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
"ကျားယို့...အောင်မြင်တဲ့ရုပ်ရှင်တစ်ကားဖြစ်လာဖို့ မျှော်လင့်ပါတယ်...စီးပွားဖြစ်ရုပ်ရှင်ဆိုရင်လည်း box officeကောင်းဖို့၊ စာပေရုပ်ရှင်ဆိုရင်လည်း ဆုတွေရဖို့ မျှော်လင့်တယ်..."
"ငါလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်တယ်..."
လင်းလော့ချင်းက ပြောပြီးနောက် ဖုန်းချလိုက်ပြီး ယွီကျားယုံထံ wechatမက်ဆေ့ခ်ျပို့ကာ ရှစ်ကျန်းကို အာရုံစိုက်ပေးရန်၊ ရှစ်ကျန်းအတွက် သင့်လျော်သည့်ဇာတ်ရုပ်ကို ရွေးချယ်ပေးရန်ပြောလိုက်သည်။
အမှန်တွင် လင်းလော့ချင်းက တစ်ကိုယ်ကောင်းဆန်လေသည်။
ရှင်းရီတွင် အနုပညာရှင်များစွာ ရှိသော်လည်း သူက စုထုံ၊ ရှစ်ကျန်းနှင့် ချင်ဝူအပေါ်သာအထူးအာရုံစိုက်ထားခြင်းဖြစ်သည်။ သူက ချင်ဝူကို မူရင်း၀တ္ထုထဲကလို အဆုံးမသတ်စေချင်ပေ။ ရှစ်ကျန်းကိုလည်း သူ့အရည်အချင်းနှင့် ထိုက်တန်သည့်နေရာကို ရစေချင်ပေသည်။
စုထုံကမူ သူနှင့် လက်မှတ်မထိုးထားသည့်သူဖြစ်ပြီး ကျိယွီလင်းနှင့် ဆက်ဆံရေးကြောင့် ရှင်းရီတွင် နေနေခြင်းဖြစ်သည်။ ချန်လီဝေ့နှင့် ပြဿာနာတွင် စုထုံက သူ့ကို ကူညီခဲ့သည့်အတွက် အခြားအနုပညာရှင်များကို ထိန်းထားနိုင်ခြင်းဖြစ်သည်။
စုထုံက ချမ်းသာကြွယ်၀မှု၏သင်္ကေတဖြစ်ပြီး ကျိယွီလင်းမှ စင်ထွက်လာသော မီးပွားဖြစ်လေသည်။
ရှင်းရီ၏၀န်ထမ်းများက ကျိယွီလင်းကို တဖြည်းဖြည်း မေ့လျော့သွားကြပြီး သူနှင့်ချန်လီဝေ့ကိုသာ CEOအဖြစ် မှတ်မိကြတော့သည်။ ထိုအထဲတွင် စုထုံတစ်ယောက်တည်းကသာ ကျိယွီလင်းကို မမေ့သွားခြင်းဖြစ်သည်။
ရှင်းရီနှင့် ကျိယွီလင်းက တစ်သားတည်းဖြစ်သည့်အတွက် သူက စုထုံ ပိုကောင်းမွန်လာစေရန် မျှော်လင့်လေသည်။
အချိန်များ မည်မျှပင် ကုန်လွန်သွားစေကာမူ ရှင်းရီကို တည်ထောင်ခဲ့သည့် ကျိယွီလင်းကို လူများ၏မှတ်ဉာဏ်ထဲမှ မပျောက်သွားစေချင်ပေ။
ထို့အပြင် ကျိယွီလင်းကလည်း စုထုံကို ပိုပျော်ရွှင်စေချင်လောက်ပေသည်။
****
လင်းလော့ချင်းက အားလုံး စီစဉ်ပြီးနောက် ဖုန်းချကာ 'ကွေးယွီ့'ဇာတ်ညွှန်းကို ဆက်ဖတ်လိုက်သည်။
စက်တင်ဘာလကုန်တွင် ယွီကျားယုံက အားလုံးစီစဉ်ပြီးပြီဖြစ်သည်။
"အောက်တိုဘာလလယ်မှ စရိုက်မယ်..."
ယွီကျားယုံက လင်းလော့ချင်းကို ပြောလိုက်သည်။
လင်းလော့ချင်း : "အိုကေ..."
ဒီလိုဆိုရင် သူ ကျိယွီရှောင်တို့နဲ့ လ၀က်လောက် ထပ်နေလို့ရတယ်...
ကျိယွီရှောင်က လင်းလော့ချင်း၏ရိုက်ကူးရေးနှင့်ပတ်သတ်၍ ကျင့်သားရနေပြီဖြစ်ပြီး ထိုစကားကို ကြားသောအခါ မေးလိုက်သည်။
"ဒါဆို မင်း နှစ်သစ်ကူးလောက် ပြန်လာမှာမလား..."
"အဲ့လို ဖြစ်လောက်တယ်...အဲ့လို မဖြစ်ရင်လည်း ငါ ယွီကျားယုံကို လူတိုင်းအတွက် ရိုက်ကူးရေး တစ်ရက်နားပေးဖို့ ပြောလိုက်မယ်..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"မနားရရင်လည်း အဆင်ပြေပါတယ်...ငါ ရှောင်ယွီနဲ့ဖေးဖေးကို ခေါ်ပြီး မင်းဆီ လာလည်မှာပေါ့..."
"အဲ့ဒါဆို သူတို့က မုန့်ဖိုးတွေ ထပ်ရှာနေဦးမယ်..."
"ကောင်းသားပဲ...အချိန်တန်ရင် အဲ့ဒါတွေက ငါတို့အိတ်ကပ်ထဲ ရောက်လာမှာပဲလေ..."
ကျိယွီရှောင်က အိတ်ကပ်ကို ပုတ်ကာ ပြောလိုက်သည်။
လင်းလော့ချင်းက ပိုက်ဆံပေးနေသော ကလေးနှစ်ယောက်၏ချစ်စဖွယ်ပုံရိပ်လေးများကို ပြန်မြင်ယောင်လာပြီး ရယ်မောလိုက်သည်။
"ငါ အလုပ်မသွားခင် ကလေးနှစ်ယောက်နဲ့အတူတူ အပြင်ထွက် ကစားကြရအောင်..."
လင်းလော့ချင်းက အကြံပြုလိုက်သည်။
ကျိယွီရှောင်က မငြင်းဆန်ပေ။
"ဒါဆို အပန်းဖြေဥယျာဉ်သွားကြတာပေါ့...ငါ ခြေထောက်တွေ ဒဏ်ရာရပြီးကတည်းကရှောင်ယွီက အပန်းဖြေဥယျာဉ်မသွားတော့တာ...မင်းလည်း အချိန်ရှိတယ်ဆိုတော့ ငါတို့ လေးယောက် အတူတူသွားကြတာပေါ့..."
"အိုကေ..."
လင်းလော့ချင်းက ညစာစားချိန်တွင် ကလေးများအား ထိုအကြောင်းကို ပြောပြလိုက်လေသည်။
ကျိလဲ့ယွီက အလွန်ပျော်ရွှင်နေပြီး ဘယ်နေ့သွားမလဲ၊ ဘယ်အပန်းဖြေဥယျာဉ်သွားမလဲ၊ဘယ်အချိန်သွားမလဲ၊ ဘယ်လောက်ကြာကြာကစားရမလဲကို မေးမြန်းနေသည်။
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်၏။
"မင်းသာ ကစားနိုင်သရွေ့ ဆယ့်နှစ်နာရီမထိုးခင်အထိ ကစားလို့ရတယ်..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"အဲ့အချိန်လောက်ဆို အပန်းဖြေဥယျာဉ်က ပိတ်နေပြီ..."
"မင်းက အပန်းဖြေဥယျာဉ် ဘယ်အချိန်ပိတ်လဲ သိသေးတယ်ပေါ့..."
ကျိလဲ့ယွီက နှုတ်ခမ်းဆူကာ ပြောလိုက်၏။
"သားက အများကြီး သိပါတယ်နော်..."
ကျိလဲ့ယွီ၏စကားက ကျိယွီရှောင်ကို သတိပေးလိုက်လေသည်။
အောက်တိုဘာ(၁)ရက်နေ့က ပိတ်ရက်ဆိုတော့ လူတွေ အများကြီးလာကြမှာ...လင်းလော့ချင်းရဲ့လက်ရှိအောင်မြင်မှုနဲ့ဆို လူတွေက ကျိန်းသေပေါက် သတိပြုမိမှာပဲ...အဲ့အချိန်ကြရင် လွတ်လွတ်လပ်လပ် ကစားလို့ရတော့မှာ မဟုတ်ဘူး...
ကျိယွီရှောင်က သူ့သူငယ်ချင်းထံ WeChat မက်ဆေ့ခ်ျပို့လိုက်ပြီး ကျိလဲ့ယွီကို ပြောလိုက်သည်။
"အခု အပန်းဖြေဥယျာဉ် မပိတ်တော့ဘူး...မင်း ကစားချင်သလောက် ကစားလို့ရပြီ..."
ကျိလဲ့ယွီက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
လင်းလော့ချင်းက မေးလိုက်၏။
"မင်း ဘာပြောချင်တာလဲ..."
"အပန်းဖြေဥယျာဉ်ကို တစ်ခုလုံး ငှားလိုက်တယ်...မင်း လူတွေသိသွားမှာကို သတိထားစရာ မလိုတော့ဘူး..."
လင်းလော့ချင်းက အံ့ဩသွားလေသည်။
"ဒါဆို တိုက်ကားကို အများကြီး စီးလို့ရတယ်ပေါ့..."
ကျိယွီရှောင်က လင်းလော့ချင်း၏တုံ့ပြန်မှုကို သဘောကျသွားလေသည်။
"မင်းက တိုက်ကားတွေ စီးဖို့ပဲ တွေးမိတာလား..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်၏။
"ကျောင်းတက်တုန်းက တိုက်ကားသွားစီးဖူးတယ်...အဲ့တုန်းက တစ်ခါစီးရဖို့ လူတွေအများကြီးတန်းစီစောင့်ရတာ...ငါ အဲ့ဒါကို တကယ်စီးချင်တယ်..."
"အခု မင်း မပင်ပန်းမချင် စီးလို့ရတယ်..."
ကျိယွီရှောင်က နူးညံ့စွာ ပြောလိုက်သည်။
လင်းလော့ချင်းက ချစ်ခြင်းမေတ္တာအပြည့်ပါသော မျက်လုံးများဖြင့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူက ကျိယွီရှောင်ကို နမ်းချင်သော်လည်း နမ်းရမည်ကို ရှက်ရွံ့နေလေသည်။
လင်းလော့ချင်း၏အကြည့်ကို မြင်သောအခါ ကျိယွီရှောင်က ကျိလဲ့ယွီဘက် လှည့်ကာ ပြောလိုက်သည်။
"ဒယ်ဒီအတွက် အသီးနည်းနည်းသွားယူပေးပါလား..."
ထို့နောက် လင်းဖေးကို ပြောလိုက်၏။
"ဖေးဖေးက မင်းပါးပါးအတွက် ဟင်းချိုသွားထည့်ပေးပါလား..."
ကလေးနှစ်ယောက်က ထမင်းစားခန်းမှ ထွက်သွားပြီးနောက် ကြောင်အနေသည့်လင်းလော့ချင်းကို ကျိယွီရှောင်က လှမ်းနမ်းလိုက်သည်။
လင်းလော့ချင်း အံ့အားသင့်သွားပြီး ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကို ပြုံးကာ ကြည့်နေလေသည်။
"နမ်းချင်ရင် နမ်းလိုက်လေ...ဘာလို့ သည်းခံနေတာလဲ..."
လင်းလော့ချင်းက ထေ့ငေါ့ပြောလိုက်သည်။
"ဘယ်သူက မင်းကို နမ်းချင်လို့လဲ...မင်းကသာ ကလေးနှစ်ယောက်ကို နေ့တိုင်း နှင်ထုတ်နေတာလေ..."
"ဒါဆို နောက်တစ်ခါကြရင် ကလေးနှစ်ယောက်ရှေ့မှာ မင်းကို နမ်းမယ်လေ..."
လင်းလော့ချင်း၏မျက်လုံးများက ပြူးကျယ်သွားလေသည်။
"မင်း လုပ်ရဲလား..."
"ဒါပေမဲ့ မင်းက ကလေးနှစ်ယောက်ကို အဝေးမှ မပို့ခိုင်းတာ..."
လင်းလော့ချင်း :"..."
"မင်း နမ်းချင်ရင် အခန်းပြန်တဲ့အထိ စောင့်လေ..."
"အို~~~မင်း ငါ့ကို တကယ်နမ်းချင်နေတာပဲ..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ဆွဲဆိတ်ရန် လက်ဆန့်ထုတ်လိုက်သောအခါ ကျိယွီရှောင်ကထိုလက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"မင်းသာ အပန်းဖြေဥယျာဉ်ကို အရမ်းသွားချင်နေခဲ့မှန်းသိရင် ငါ မင်းကို စောစောခေါ်သွားပေးမှာပေါ့...အနာဂတ်မှာ ငါတို့တွေ နေရာအများကြီး သွားကြရအောင်..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်က နူးညံ့သိမ်မွေ့သောမျက်လုံးများဖြင့် သူ့ကို ကြည့်နေ၏။
လင်းလော့ချင်း၏နှလုံးသားက ချက်ချင်း ခုန်ပေါက်လာပြီး မျက်နှာက တဖြည်းဖြည်း ပူလာသည်။
ကျိယွီရှောင်က ခေါင်းငုံ့ကာ နဖူးချင်း ထိတွေ့လိုက်ပြီး လင်းလော့ချင်း၏နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်းလော့ချင်းကလည်း ယင်းကို မငြင်းဆန်ခဲ့ပေ။ အနမ်းကို ပြန်တုံ့ပြန်လိုက်လေသည်။
လင်းဖေးက ဟင်းချိုကို ကိုင်ကာ ထမင်းစားခန်းထဲ ၀င်လိုက်သောအခါ ထိုမြင်ကွင်းကို တွေ့လိုက်ရလေသည်။
သူက တိတ်ဆိတ်စွာ ရပ်နေပြီး သူ့နောက်လိုက်လာသော ကျိလဲ့ယွီကို ကြည့်လိုက်သည်။
"ခဏစောင့်ဦး..."
"ဘာလို့လဲ..."
"ဒီအတိုင်းပဲ..."
ကျိလဲ့ယွီက ထမင်းစားခန်းကို ကြည့်ချင်သော်လည်း လင်းဖေးက ရှေ့မှ ပိတ်ရပ်လိုက်လေသည်။
"ချောင်းမကြည့်နဲ့..."
ကျိလဲ့ယွီ : "..."
"ဘာလို့ ကြည့်လို့မရတာလဲ...ကိုကိုကျတော့ ကြည့်လို့ရပြီတော့..."
ထို့နောက် သူက တစ်ခုခုကို တွေးမိသွားပြီး လင်းဖေးကို တိုးတိုးမေးလိုက်သည်။
"သူတို့ နမ်းနေကြတာလား..."
လင်းဖေး :"..."
"ကလေးတွေက လူကြီးတွေ နမ်းနေတာကို မကြည့်ရဘူးမလား...သား သိပါတယ်..."
လင်းဖေး :".."
"သူတို့ နမ်းမနေဘူး..."
ကျိလဲ့ယွီက လင်းဖေးကို မျက်စောင်းထိုးလိုက်သည်။
'သားက ယုံမယ်များ ထင်နေလား..."
"ဪ...ဒယ်ဒီတို့က နမ်းမနေကြဘူးကို..."
"မိုးမခပင်တမ်းချင်းကို အလွတ်ကျက်ပြီးသွားပြီမလား...ငါ့ကို ဆိုပြ..."
လင်းဖေးက စကားလမ်းကြောင်း လွှဲလိုက်သည်။
ကျိလဲ့ယွီ :"....."
'ဘာလို့ ရုတ်တရက်ကြီး မိုးမခပင်တမ်းချင်းကို ဆိုရမှာလဲ...ကိုကို့မျက်နှာက အပြောင်းအလဲမြန်လိုက်တာ...'
ငါလေးက သနားစရာကောင်းလိုက်တာ...ရှုရှုနဲ့အားရီက နမ်းနေကြပေမဲ့ ငါကတော့ မိုးမခပင်ကို ချီးမွမ်းပေးရမယ်တဲ့လား...
စိတ်ပျက်စရာကောင်းတဲ့ မိုးမခပင်ကြီး...