Chapter 318
လင်းလော့ချင်းက ကျိုက်ထင်လန်ကို ကြည့်လိုက်သည်။ “ဒီတော့ ငါတို့တွေ့ကတည်းက ငါနဲ့သူငယ်ချင်း ဖြစ်ချင်ခဲ့တာ … ငါ့အနားမှာ နှစ်တွေအကြာကြီး ရှိနေခဲ့တာ အားလုံးက ငါ့ကို တကယ်ပဲ သဘောကျလို့လား …”
ကျိုက်ထင်လန်က သူ၏ သံသယအပြည့်ပါသော မေးခွန်းကြောင့် သက်ပြင်းချလိုက်သည်။
“ဒီအခြေအနေထိ ရောက်လာမှတော့ ငါနင့်ကို မဖုံးထားတော့ပါဘူး … ငါက ဒရိုင်ဘာဝမ်ရဲ့ ညီမပဲ .. ငါနင့်ကို လင်းမိသားစုရဲ့ အကြီးဆုံးသမီး အလှလေးလင်းမှန်း သိခဲ့တယ် … ဒါ့ကြောင့် ငါနင့်အနားကပ်ပြီး ငါ့အစ်ကိုရဲ့ သေဆုံးမှုကို စုံစမ်းချင်ခဲ့တာ ...”
သူမက မစ္စကျောင်းကို လှည့်ကြည့်လိုက်သည်။
“သူမက ညာနေတာ … ငါ့အစ်ကိုက အဲဒီ့လို လုပ်စရာအကြောင်းမရှိဘူး … သူမက ဒိုင်ယာရီထဲမှာ လက်ထပ်ပြီး သုံးနှစ်အထိ ကလေးမရခဲ့ဘူးလို့ ရေးထားတယ်မလား … နောက်တော့ သူမက ငါ့အစ်ကိုနဲ့တွဲနေတုန်း သခင်ကြီးနဲ့လက်ထပ်လိုက်ရတာလို့ ပြောပြန်ရော … သူမနဲ့ ငါ့အစ်ကိုက အနည်းဆုံး သုံးနှစ်လောက်တွဲခဲ့တာ အသိသာကြီးပဲ … ဒါအကုန်မဟုတ်သေးဘူး … ”
“ငါ့အစ်ကိုက ဒရိုင်ဘာအလုပ်ရတော့ အရမ်းပျော်နေခဲ့တာ … နောက်ဆို ငါ့အတွက် မုန့်တွေအများကြီး ဝယ်ကျွေးနိုင်ပြီ ဆိုပြီးတော့လေ … အဲဒီ့တုန်းက ငါ့အစ်ကိုမှာ ကောင်မလေး မရှိသေးဘူး … နောက်တော့ သူ တစ်ယောက်ယောက်ကို ချစ်မိနေပြီလို့ ပြောပြခဲ့တယ် … သူမက အရမ်းသနားဖို့ကောင်းလို့ သူမကို ကယ်တင်ချင်တယ်တဲ့ … နောက်တော့သိပ်မကြာလိုက်ဘူး … သူက ရှောင်ဖယ်ရှောင်ဖယ် ဖြစ်လာတော့တာပဲ … သူက ဝမ်းနည်းမှုကို ဖြေဖျောက်နိုင်အောင် အရက်ပါ သောက်လာခဲ့တယ် … အရင်တုန်းက သူအရက်တစ်ခါမှ မသောက်ဖူးဘူး … အဲဒီ့အရက်ကြောင့်သာ သူ အက်စီးဒန့်ဖြစ်ခဲ့ရတာ …”
“ဒီကိစ္စက တစ်ခုခုမှားနေမှန်း ငါသံသယဝင်ခဲ့တယ် … နောက်တော့ အလှလေးလင်းက ငါတို့ကျောင်းကို ပြောင်းလာတယ်လေ … ငါ့အစ်ကိုက သူမအကြောင်းပြောပြနေကျဆိုတော့ ငါသူမကို ချဉ်းကပ်ပြီး အစ်ကို့အကြောင်းစုံစမ်းချင်ခဲ့တာ … ”
“ဒါပေမယ့် ငါနင့်ကို တကယ်ချစ်မိသွားခဲ့တယ် … ” သူမက လင်းလော့ချင်းကို ကြည့်လိုက်သည်။ “ငါ့အစ်ကို ဆုံးသွားတဲ့အချိန်ကစပြီး အခုအထိ ငါ့အပေါ် ကောင်းပေးတဲ့ တစ်ဦးထဲသောလူက နင်ပဲ … ငါအစပိုင်းမှာ မရိုးမသားချဉ်းကပ်ခဲ့မိတာ ဝန်ခံပါတယ် … ဒါပေမယ့်နောက်တော့ ငါနင့်ကို တကယ်ချစ်မိသွားခဲ့တယ် …”
“ငါနင့်ကိုချစ်တယ် အလှလေး … .”
“ဒါက အဓိကမဟုတ်ဘူး ...” ကျိယွီရှောင်က မီးရှို့လိုက်သည်။
“မင်းလိုမျိုး အကြံနဲ့ချဉ်းကပ်လာတဲ့ လူတွေမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိတယ် … ချင်းချင်း … ကိုယ်ကသာ မင်းကို ဘယ်သူချစ်မပေးနိုင်တဲ့အချစ်မျိုး ပေးမယ့်လူပဲ …”
“ကျွန်တော်ရော ...” ဖန်းဖေးကျယ် တက်တက်ကြွကြွ လက်ထောင်လိုက်သည်။
“အိမ်စာပြီးပြီလား … မင်းတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ …”
ဖန်းဖေးကျယ်, “ဟမ့် … ”
မစ္စကျောင်းက ချက်ချင်း ပြန်လည်ချေပ၏။. “နင့်အစ်ကိုက ညာပြောခဲ့တာ … နင့်အစ်ကိုနဲ့ငါ သိလာတာ နှစ်ပေါင်း မြောက်များစွာ ကြာခဲ့ပြီ … သူသဘောကျတဲ့ကောင်မလေးက ငါမဟုတ်ဘူး …”
“မဖြစ်နိုင်တာ … ကျွန်မအစ်ကိုက ကျွန်မကို ညာပြောမှ မဟုတ်ဘူး ...”
လင်းလော့ချင်းက အချိန်ယူကာ စဉ်းစားလိုက်သည်။ “ကျွန်မ ၁၁ နှစ်အရွယ်ရောက်တော့ ဒရိုင်ဘာဝမ်က ဆယ့်ခုနစ်နှစ် ရှိနေပြီ … သူ အိမ်ကို ဒရိုင်ဘာအဖြစ် လာခါစက ကျွန်မ အသက်ငါးနှစ်ပဲရှိသေးတယ် … မစ္စကျောင်းက သခင်ကြီးကို ကျွန်မအသက် ခြောက်နှစ်မှာ လက်ထပ်ခဲ့တာ … ကျွန်မ အသက်ကိုးနှစ်မှာ မစ္စကျောင်းက တတိယသခင်လေးဖန်းရဲ့ ကိုယ်ဝန်ကို လွယ်ထားရတာပဲ … ဒရိုင်ဘာဝမ်က မင်းအသက် ဘယ်နှနှစ်မှာ သူ့မှာ ချစ်ရတဲ့လူ ရှိပြီလို့ ပြောခဲ့တာလဲ …”
“ကိုးနှစ်လား … ရှစ်နှစ်လားပဲ ...”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ငါတို့နှစ်ယောက်က ရွယ်တူနီးပါးဆိုတော့ ငါလည်း အဲဒီ့အချိန်တုန်းက ကိုးနှစ်ရှစ်နှစ်ပဲ ရှိဦးမှာ … မင်းအစ်ကိုပြောတာ အမှန်ဖြစ်လောက်တယ် … သူအရင်က မစ္စကျောင်းကို မသိခဲ့သလို သူမကိုလည်း သဘောမကျခဲ့ဘူး … ပြောရရင် သူက ငါတို့မိသားစုရဲ့ ဒရိုင်ဘာ ဖြစ်လာတဲ့အထိ မစ္စကျောင်းအပေါ် ခံစားချက် တစ်စုံတစ်ရာ မရှိခဲ့ပုံပဲ … နောက်တော့ မစ္စကျောင်းက သုံးနှစ်ကြာတဲ့အထိ ကလေးမရှိတာကြောင့် မင်းရဲ့အစ်ကိုကို ပစ်မှတ်အဖြစ် ရွေးခဲ့ပုံရတယ် … သူမက မင်းအစ်ကိုကို လိမ်ညာခဲ့တာဖြစ်နိုင်တယ် … မင်းအစ်ကိုက သူမကို သနားဖို့ကောင်းတယ်လို့ တွေးပြီး ကူညီချင်ခဲ့တာပဲ … သူတို့နှစ်ယောက်မှာ ဆက်ဆံရေးတစ်ခု ရှိသွားပြီးတော့ သူမမှာ ကိုယ်ဝန်ရှိလာခဲ့တာပဲ ...”
“ဒီတော့ …” ကျိယွီရှောင်က ကျိုက်ထင်လန်နှင့် တတိယသခင်လေးဖန်းကို ကြည့်လိုက်သည်။ “ဒီလိုဆို မင်းတို့နှစ်ယောက်က …”
တတိယသခင်လေးဖန်းက ကျိုက်ထင်လန်ကို ကြည့်လိုက်သည်။
ကျိုက်ထင်လန်ကလည်း တတိယသခင်လေးဖန်းကို ကြည့်လိုက်၏။
ကြည့်ရှုနေသူများ : [ဖာ့ခ် … ]
[အား … ဒါက ….]
[တူအရီးလား … ]
ကျိယွီရှောင် လျှာတောက်ကာ ခေါင်းယမ်းလိုက်သည်။ “တူဝရီးနှစ်ယောက်က လူတစ်ယောက်ထဲကို ချစ်မိသွားတယ် … ဒါက တကယ့်ကို ကိုယ်ကျင့်တရားပျက်ပြီး လူ့သဘာဝကို ဖျက်ဆီးနေတာပဲ … အဒေါ်ကပဲ မောက်မာလွန်းတာလား … တူကပဲ မောက်မာလွန်းတာလား … ဒါမှမဟုတ် အဒေါ်က တစ်ယောက်ထဲမနေချင်တာလား … တူက သတိမေ့တတ်တာလား … ကျေးဇူးပြုပြီး ဒီနေ့ ‘တောက်ပတဲ့အိမ်’ ကိုလာခဲ့ကြပါ … ပြီးရင်
ဘားမှာ နောင်တမျက်ရည်ဝေနေတဲ့ တူဝရီးနှစ်ယောက်ကို ကြည့်ရအောင် …”
“မဟုတ်သေးပါဘူး ...” ကျိယွီရှောင်က ပြော၏။
“အဒေါ်ဖြစ်သူရော တူဖြစ်သူရောက ကျွန်တော့်ဇနီးလေးကို ဘာ့ကြောင့် အရမ်းခိုးယူချင်ရတာလဲ နားမလည်နိုင်ဘူး … တူဖြစ်သူက ကျွန်တော့်ကိုတိုက်ခိုက်ပြီးရင် သူ့အဒေါ်ကို ဆက်တိုက်ခိုက်မှာလား … ဒီတိုင်းလူပဲ ပြောင်းလိုက်တာလား … တူဝရီးနှစ်ယောက် ဆိုတဲ့အတိုင်းပါပဲ … တတိယသခင်လေးဖန်း … ခင်ဗျားက ဒရိုင်ဘာဝမ်ရဲ့ သားပဲ … ခင်ဗျားဒါကို ရှောင်လို့မရတော့ဘူး ...”
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အင်တာနက်အသုံးပြုသူများ အံ့အားသင့်သွားကြသည်။
[ဖာ့ခ်… ဒါက ဒီလိုလည်း ဖြစ်နိုင်တာလား…]
[ဟားဟားဟား … တူဝရီးနှစ်ယောက်တဲ့ … ငါတော့ ရယ်သေပြီ ...]
[ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ဖွင့်ချင်း ဒါမျိုးကြုံရမယ်လို့ မထင်ထားဘူး … [မျက်နှာဖုံးထား … ].]
[အလှလေးလင်း ဆိုတဲ့အတိုင်းပဲ … အဒေါ်ရောတူရောက တပြိုင်နက် ချစ်မိရတယ်လို့ … }
[ဥက္ကဌကျိ: အိုးမိုင်ဂေါ့ … ငါ့သိုးကိုသာ သိုးမွှေးအတွက် သုံးလိုက်ကြပါတော့ … ]
[ဥက္ကဌကျိ: တူဝရီးဆိုတဲ့အတိုင်းပဲ … သူတို့နှစ်ယောက် အတူတူပဲ … ]
[ဟားဟားဟား … တတိယသခင်လေးဖန်း … အဒေါ်ရှိတာ ဝမ်းမသာဘူးလား … မင်းမှာ အဒေါ်ရှိတယ် … ]
ဖန်းဖေးကျယ် “……”
ဖန်းဖေးကျယ်က ကျိုက်ထင်လန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
ကျိုက်ထင်လန် “……”
ကျိုက်ထင်လန် သည်လည်း လန့်နေ၏။
ကျိယွီရှောင်က သူတို့နှစ်ဦးကို ဝင်ထိန်းပေးလိုက်၏။ “ဘာတွေလန့်နေတာလဲ … လက်ခုပ်တီးကြရအောင် … ဒီနေ့ ဒီမှာစုဝေးတာက ကျွန်တော်နဲ့ ချင်းချင်းရဲ့ စေ့စပ်ပွဲအတွက်တင် မဟုတ်ဘူး … ဒီ အကြာကြီး ဝေးကွာနေတဲ့ … မဟုတ်သေးဘူး... တစ်ခါမှ မတွေ့ဖူးသေးတဲ့ တူဝရီးနှစ်ယောက်ရဲ့ တွေ့ဆုံမှုအတွက်လည်း ဖြစ်ပါတယ် …လူပင်လယ်ကြီးထဲမှာ တစ်ဦးနဲ့တစ်ဦး ဘေးက ဖြတ်လျှောက်ရင်တောင် မတွေ့နိုင်ပေမယ့် အခုတော့ သူတို့နှစ်ယောက် ဆုံဆည်းနိုင်ခဲ့ပါပြီ … ဘယ်လိုတောင် ကောင်းချီးပေးခံရတာလဲ … သူတို့နှစ်ယောက်အတွက် လက်ခုပ်တီးပေးရအောင် …”
“ဘာတွေလန့်နေတာလဲ … တတိယသခင်လေးဖန်း … မြန်မြန် အားရီလို့ ခေါ်လိုက်လေ … ဘာလို့လဲ … မင်းအဒေါ်က အချစ်ပြိုင်ဘက်ဖြစ်နေလို့ မင်းသူ့ကို အမြင်မကြည်တာလား … ”
ဖန်းဖေးကျယ် ‘…ဝူး … QAQ.’
ကျိုက်ထင်လန်, ‘……ဝူး … QAQ.’
ပရိတ်သတ်က ပျော်ရွှင်နေကြ၏။
[ဟားဟားဟား … တတိယသခင်လေးဖန်း ငိုနေပြန်ပြီ …}
[ဟားဟားဟားဟား … တတိယသခင်လေးဖန်း: မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး … တတိယသခင်လေးဖန်း ဒါကို လက်မခံနိုင်လောက်ဘူး ….]
[ရယ်ရတယ်ဟေး … ငါတော့ရယ်သေပြီ ...]
[ဥက္ကဌကျိ … တိတ်တိတ်နေလိုက်ပါတော့ … ဘာလို့အားလုံးကို ဖျက်ဆီးနေရတာလဲ … ဧရာမပန်ဒါကြီးမှာ စားစရာမကျန်တော့ဘူး …]
[ဥက္ကဌကျိ: ငါက ချင်းချင်းအတွက် နွေဦးလေပြေလေးဆိုပေမယ့် အချစ်ပြိုင်ဘက်တွေ အတွက်တော့ လေမုန်တိုင်းကြီးပဲ … ]
[ဟားဟားဟား … ငါဒီတိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းရယ်ရမယ် မထင်ခဲ့ဘူး … ဥက္ကဌကျိက အရမ်းရယ်ရတာပဲ … သူက MVP ပဲ … ]
[ဟုတ်တယ် … ငါ့အတွက်တော့ ဒီရိုက်ကူးရေးက ဥက္ကဌကျိကြောင့် ရယ်ရတာ … ]
အခြားဧည့်သည်များက ကျိယွီရှောင်၏ စကားကြောင့် သဘောတကျ လက်ခုပ်တီးပေးကြသည်။ တတိယသခင်လေးဖန်းနှင့် စာရင်းကိုင်ကျိုက်သာ မရှုနိုင်မကယ်နိုင်ဖြစ်နေကြ၏။
သူတို့က တူဝရီးတဲ့လား …
ပြီးတော့ အချစ်ပြိုင်ဘက်လည်း ဖြစ်နေသေးတယ် ….
အရမ်းကြောက်ဖို့ကောင်းတာပဲ …
စုံထောက်တစ်ဦးအနေဖြင့် စွန်းလျန့်က ပထမဆုံး အရယ်ရပ်ကာ ပြောလိုက်သည်။
“ဒီတော့ စာရင်းကိုင်ကျိုက်က ဒီစေ့စပ်ပွဲကိုတားဖို့နဲ့ အစ်ကိုအတွက် လက်စားချေဖို့ သခင်ကြီးကိုသတ်တဲ့လူအဖြစ် သံသယရှိသူ ဖြစ်သွားတာပေါ့ ….”
“ကျွန်မ မသတ်ခဲ့ဘူး …” ကျိုက်ထင်လန် ချက်ချင်းပြန်ချေပသည်။ “ကျွန်မအစ်ကိုရဲ့ အက်စီးဒန့်က သခင်ကြီး ပါဝင်နေတယ်လို့ သံသယဝင်ခဲ့ပေမယ့် ကျွန်မ အလှလေးလင်းကို တကယ်သဘောကျတာ … ကျွန်မသူ့အဖေကို သတ်လိုက်ရင် နောက်ပိုင်း ကျွန်မတို့ သူငယ်ချင်းတောင် ဖြစ်နိုင်ပါဦးမလား ...”
“အမှန်ပဲ ... မင်းရဲ့ သူငယ်ချင်းမဖြစ်ချင်တဲ့ နှလုံးသားလေးကို ဒီနည်းနဲ့ နှစ်သိမ့်လိုက်ပါ … ” ကျိယွီရှောင်က ချေပသည်။
ကျိုက်ထင်လန် “……”
ကျိုက်ထင်လန်က သူ့ကိုလှည့်ကြည့်လိုက်သည်။ “ဒီလိုဆိုမှ ရှင်လည်း သံသယဝင်စရာပဲ … ”
“ငါက ဘာလို့လဲ … ” ကျိယွီရှောင် အလွန်စိတ်ပျက်သွား၏။ “ချင်းချင်းအတွက် ငါ့နှလုံးသားက စစ်မှန်ပါတယ် … ”
“တကယ်လား … ” ကျိုက်ထင်လန် နှာခေါင်းရှုံ့လိုက်သည်။ “ကျွန်မ ရှင့်အခန်းကို ရှာခဲ့တယ် … ”
လင်းလော့ချင်း ထိုစကားကြောင့် စိတ်ဝင်စားသွားသည်။ “ဘာများတွေ့ခဲ့လဲ … ”
ကျိယွီရှောင်က ချက်ချင်း ခေါင်းကိုလှည့်ကာ သူ့မျက်နှာကို လက်ဖြင့်ပင့်လိုက်၏။ “သူမကို မကြည့်နဲ့ … ကိုယ့်ကိုကြည့် … ”
လင်းလော့ချင်း “……”
[ဟားဟားဟား ….] အင်တာနက် အသုံးပြုသူများက ရယ်ကြ၏။
[ဥက္ကဌကျိက အရမ်းကလေးဆန်တာပဲ … ]
[ဥက္ကဌကျိ: ကိုယ့်ရဲ့အချစ်ပြိုင်ဘက်ကို မကြည့်ပါနဲ့ … ကိုယ့်ကိုပဲ ကြည့်ပါ …]
[ဥက္ကဌကျိ: အချစ်ပြိုင်ဘက် … လစ်စမ်း … ]
[ဒါက တကယ်ပဲ အထွေထွေမန်နေဂျာ ဟုတ်ရဲ့လား … မူလတန်းကျောင်းသား မဟုတ်ဘူးလား … ]
[ဟားဟားဟား … ဟုတ်တယ် အချစ်လေး … official weibo ကတောင်ဖော်ဝါ့ဒ်လုပ်သွားတာ … [ခွေးခေါင်းအီမိုဂျီ].]
[ရယ်ရလွန်းလို့ သေတော့မှာပဲ …. ဥက္ကဌကျိ … ဒီ့ထက်ပိုပြီး ချစ်ဖို့ကောင်းနိုင်ဦးမလား …]
[ချိုတယ် … ချိုတယ် … ငါဒီလို ပိုင်စိုးပိုင်နင်းဆန်တဲ့ သကြားလုံးကို သဘောကျတယ် ]
[ချင်းချင်း ဒီရှိုးအတွက် တစ်ယောက်ယောက်ကို ခေါ်မယ်ကြံတုန်းက ဥက္ကဌကျိ ဒီလိုမျိုးလှည့်ကြည့်ပြီး “သူတို့ကို မခေါ်နဲ့ … ကိုယ့်ကိုခေါ် …”လို့ ပြောမှာ မြင်ယောင်နေပြီ … ]
[ဖာ့ခ် … တအားချိုတာပဲ … }
[ဘယ်သူက အချိုအတွက် အသက်ပေးရဲလဲ … ငါက အချိုအတွက် အသက်ပေးရဲတယ် … သူတို့ ဒီလိုလေးဆက်သွားမှာကို နေ့တိုင်းကြည့်ချင်လိုက်တာ … ]
[ဥက္ကဌကျိက စိတ်ဝင်စားဖို့ကောင်းတယ် … သူတို့ရဲ့ နေ့စဉ်ဘဝက ပျော်ဖို့ကောင်းမှာပဲ … ]
[ကျေးဇူးပြုပြီး love show ကိုသွားပေးနိုင်မလား … ပြီးရင် နှစ်ဆယ့်လေးနာရီ တိုက်ရိုက်ထုတ်လွှင့်ပေးပါ ...]
[ဒါမှမဟုတ် မသွားချင်လည်းမသွားနဲ့ … ဒီတိုင်း နှစ်ဆယ့်လေးနာရီ တိုက်ရိုက်ထုတ်လွှင့်ပေးရင် ရပါပြီ … ]
[အမှန်ပဲ … တိုက်ရိုက်ထုတ်လွှင့်မှုက သူတို့ကို မြန်မြန် ဖိတ်ခေါ်သင့်တယ် … ငါမစောင့်နိုင်တော့ဘူး …]
လင်းလော့ချင်း ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ “သူမ ဘာတွေ့လာလဲ ကျွန်မ သိချင်ရုံပါ … .”
သူက ချိုမြိန်စွာ ပြုံးလိုက်သည်။ “ဖုံးကွယ်ထားတာ တစ်ခုခုရှိလို့ သူမကို မကြည့်ခိုင်းတာလားနော် … ”
“ဘယ်ကသာ … ကိုယ်က မှန်တာပဲလုပ်ခဲ့တာ … ”
“ဒီလိုဆို နားထောင်ခွင့်ပေးလေ ….”
ကျိယွီရှောင် တွန့်ဆုတ်စွာပြောလိုက်သည်။ “ကောင်းပြီလေ … သူမ ဘာတွေ မဟုတ်တာပြောမလဲ ကိုယ်လည်းသိချင်တယ် ….”
ကျိုက်ထင်လန် ရယ်လျှက် စာတစ်စောင်ထုတ်လိုက်သည်။ “ဒါက သခင်လေးကျိ အဖေရဲ့စာပဲ … ဒီမှာရေးထားတာက “သခင်လေး … လုပ်ရမယ့်ကိစ္စကို မမေ့ပါနဲ့ … အခုမင်းအမေအတွက် လက်စားချေဖို့အချိန်ပဲ .. အဖေမှ ...”
လင်းလော့ချင်းက သခင်လေးကျိထံမှ လက်စားချေသည့် ဇာတ်ကြောင်းကို မျှော်လင့်မထားခဲ့ချေ။ သူက မေးလိုက်သည်။ “ဘာဖြစ်နေတာလဲ … ”
ကျိယွီရှောင် အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်၏။ “လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်က ကိုယ့်အမေက အသည်းအသန် နေမကောင်းဖြစ်ခဲ့တာကြောင့် ဆေးရုံကိုရောက်လာခဲ့တယ် … ဒါပေမယ့် တစ်ယောက်ယောက်က ကားအက်စီးဒန့်ဖြစ်ခဲ့ပြီး လမ်းတွေပိတ်နေခဲ့တယ်လေ … ကိုယ့်အမေက ဆေးရုံကို ဆယ်မိနစ်နောက်ကျပြီးမှ ရောက်သွားတာကြောင့် အသက်မမီခဲ့ဘူး … ကိုယ့်အဖေက အဲဒီ့အတွက် ယူကြုံးမရဖြစ်ခဲ့တယ် … နောက်တော့ အရက်မူးပြိီး ကားမောင်းတာက ဒရိုင်ဘာဝမ်ဆိုတာ သူရှာတွေ့သွားခဲ့တယ်လေ … ဘာလို့ ဒရိုင်ဘာဝမ်က မတော်တဆမှုဖြစ်ခဲ့တာလဲ … ဒါက သခင်ကြီးလင်းရဲ့အကွက်ချမှုပဲ မဟုတ်လား … သူ့အိမ်ထဲမှာ သူ့ဇနီးကို စော်ကားခဲ့တယ်လို့ ယူဆပြီး သူက ဒရိုင်ဘာဝမ်ကို မုန်းနေခဲ့တာလေ … ဒါ့ကြောင့် သူက ဒရိုင်ဘာကို သတ်ပစ်လိုက်တာပဲ …”
“ကိုယ့်အဖေက အမေဆုံးပါးရတာဟာ သခင်ကြီးလင်းကြောင့်လို့ ယူဆခဲ့တယ် … ဒရိုင်ဘာဝမ်သာ ကားအက်စီးဒန့် မဖြစ်ခဲ့ရင် ကိုယ့်အမေလည်းသေစရာအကြောင်း ရှိမှာမဟုတ်ဘူး .. သူက သခင်ကြီးလင်းကို အမြဲ လက်စားချေချင်ခဲ့တာ … သခင်ကြီးလင်းက လက်ထပ်ဖို့ ကမ်းလှမ်းလာတော့ သူလက်ခံခဲ့တယ် … နောက်တော့ သူက အခွင့်ရရင် သခင်ကြီးလင်းကို သတ်ပစ်ဖို့ ကိုယ့်ကို တောင်းဆိုခဲ့တယ်လေ …”
“ဒါပေမယ့် ကျွန်တော် ဒါကို စေ့စပ်ပွဲနေ့မှာတော့ မလုပ်နိုင်ပါဘူး …” ကျိယွီရှောင်က ရှင်းပြသည်။ “ကျွန်တော်က ချင်းချင်းကို တကယ်ချစ်တာလေ … ပြီးတော့ ကျွန်တော့်အဖေအတွက် သခင်ကြီးလင်းကို သတ်နိုင်တဲ့စိတ်မျိုး ကျွန်တော့်မှာမရှိဘူး … ဒါ့ကြောင့် အဖေက ဒီလိုစာမျိုး ရေးခဲ့တာပဲ ...”
“ဒါပေမယ့် ဒါက ရှင့်အမေလေ … ” လင်းလော့ချင်း သူ့ကို ကြည့်လိုက်သည်။ “အမေ့အတွက် တကယ်ပဲ လက်စားမချေချင်ဘူးလား … ”
“ကိုယ့်အမေကိုသတ်တာ မင်းအဖေမှ မဟုတ်တာ … ကိုယ့်အဖေက အမေ့ကို ဆုံးရှုံးလိုက်ရလို့ မင်းအဖေအပေါ် ဒေါသပုံချနေရုံပါပဲ … ဒီအတိုင်းသာဆို မစ္စကျောင်းက အရင်သေသင့်တာ မဟုတ်လား … သူမသာ ဒရိုင်ဘာဝမ်ကို အကွက်မချခဲ့ရင် ဒရိုင်ဘာဝမ်ကလည်း မင်းအဖေသတ်တာ ခံရမှာမဟုတ်ဘူး … ကိုယ်သူမကိုရော မသတ်သင့်ဘူးလား …”
“ပြီးတော့ စာရင်းကိုင်ကျိုက်လည်း ရှိသေးတယ် … ညီမလေးကို ကောင်းကောင်းနေခိုင်းရအောင် မဟုတ်ရင် ဒရိုင်ဘာဝမ်က ဒီမှာအလုပ်လာလုပ်ပါ့မလား … ပြီးတော့ သူမက မစ္စကျောင်းအကြောင်းကိုလည်း သိထားသေးတယ် … သူမက တကယ်သေသင့်တာပဲလေ ….”
“ဟုတ်သားပဲ ...” ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “စာရင်းကိုင်ကျိုက်က တကယ့်ကိုသေသင့်တယ် … မင်းကသူမကို သူငယ်ချင်းလို သဘောထားခဲ့ပေမယ့် သူမကတော့ မင်းရဲ့ဇနီးလေး ဖြစ်ချင်ခဲ့တယ် … သူမက မင်းကို ကိုယ့်ဆီကတောင် လုသွားချင်သေးတယ် … သူမက တကယ့်ကို သေသင့်တယ် ….”
သူ၏ ချေပချက်ကို နားထောင်နေသည့် အင်တာနက်အသုံးပြုသူများက ထရယ်ကြတော့သည်။
[ဟားဟားဟား … ဥက္ကဌကျိ … အလေးအနက်ပြောပေးနိုင်မလား … ]
[အခုလေးတင် ဥက္ကဌကျိ အတည်ကြီးပြောနေပြီလို့ ငါတွေးနေတာ … နောက်တော့သူက လုပ်နေကျအတိုင်း ဆက်လုပ်ပြန်ရော ….]
[ဥက္ကဌကျိ: အချစ်ပြိုင်ဘက်က သေသင့်တယ် …]
[အရမ်းကောင်းတယ် …. ဥက္ကဌကျိရဲ့ အရမ်းချစ်တဲ့ ဇာတ်ကောင်က ပြိုလဲမသွားခဲ့ဘူး ...]
[ဥက္ကဌကျိ ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ် … သူက သခင်ကြီးကို သတ်ဖို့ ရည်ရွယ်ချက်မရှိတာကြောင့် သူ့အဖေက သူ့ကိုစာရေးပြီး သတိ
ပေးတာပဲ … ဒါက ဥက္ကဌကျိအတွက် သက်သေခံပေးသလို ဖြစ်သွားပြီ ...]
[ဟုတ်တယ် … ပြောရရင် သခင်ကြီးက ကျိကတော်ကို မသတ်ခဲ့တဲ့အပြင် ဥက္ကဌကျိက ချင်းချင်းကို သဘောကျတယ်လေ … ဉက္ကဌကျိ သခင်ကြီးကို မသတ်ချင်တာ ပုံမှန်ပါပဲ … ]