Chapter 320
ချမ်ယုံအန်း သူတို့အကုန်လုံးက သူ့အကြောင်းပြောနေပြီဆိုကတည်းက သူ ဟန်ဆောင်မနေတော့ပေ။
"BFFကျား နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် သိကြတယ်...သူက ငါ့ရည်းစားဟောင်းပါ"
[ဖာ့ခ်... လာပြန်ပြီရည်းစားဟောင်း... သူ့မှာ ရည်းစားဟောင်း ဘယ်နှစ်ယောက်ရှိတာလဲ]
[ပရိုဂရမ်မာချမ် မင်းရဲ့ နာမည်က ပရိုဂရမ်မာချမ်လား... ရည်းစားဟောင်းချမ်လို့ခေါ်သင့်တယ်]
[ငါမထင်ထားဘူး... ပရိုဂရမ်မာချမ် မင်းက တကယ်ကို ပရိုဂရမ်မာတစ်ယောက်ပဲ]
[လူယုတ်မာ...ဆန်ကုန်မြေလေး...ဆန်ကုန်မြေလေးကောင်က သေကိုသေရမယ်!]
[ပရိုဂရမ်မာချမ်နဲ့ယှဥ်လိုက်ရင် ကျိသခင်လေးက အရမ်းကို ချစ်တတ်ပြီး စိတ်နှလုံးနှစ်မြုပ်ထားသလိုခံစားရတယ်]
စိတ်နှလုံးနှစ်မြုပ်ထားသူ ကျိသခင်လေးက ယခုအခိုက်အတန့်တွင် သူ၏ သူငယ်ချင်းကောင်းကို ကြည့်ပြီး သံသယဖြစ်စွားမေးလေငည်။
"မင်းရဲ့ရည်းစားဟောင်းတွေက မိန်းကလေးဟောင် နဲ့ ဒုတိယသခင်မလေးစုန့် မဟုတ်ဘူးလား"
"သူတို့က ငါ့ရဲ့ အရင့်အရင်ရည်းစားဟောင်းနဲ့ အရင့်အရင်အရင်ရည်းစားဟောင်းတွေ"
လင်းလော့ချင်း: "???"
"ဒီလိုမျိုးကွာ"
ချမ်ယုံအန်းက ရှင်းပြလိုက်သည်။
"ငါက အရင်ဆုံး မိန်းကလေးဟောင်နဲ့တွေ့ပြီး ချစ်မိသွားပြီးနောက် သူသေသွားခဲ့တယ်...လက်စားချေဖို့ ဒုတိယခင်မလေးချမ်နဲ့ အချိန်အနည်းငယ်ကြာတွဲခဲ့ပြီးတော့ စွန့်ပစ်ခဲ့တယ်... နောက်တော့ ငါ BFFကျားနဲ့ တွဲခဲ့တယ်"
"ဒါပေမဲ့ ငါတို့ လမ်းခွဲလိုက်ပြီ"
ချမ်ယံအန်းက ပြောသည်။
"သူ့ဘက်ကနေငါ့ကိုလမ်းခွဲခဲ့တာ...ငါက သိပ်ပြီးဆန္ဒမရှိခဲ့ဘူး... ဒီနေ့တော့ ငါ သူမကိုရှင်းပြခိုင်းပြီး ဘာကြောင့်လဲလို့မေးဖို့သွားခဲ့တာ"
[ဝဋ်လည်တာ!]
[ကောင်းချက်ပဲ!]
[လမ်းခွဲခံရသင့်တာကြာပြီ လူယုတ်မာ]
[BFFကျားကိုလက်ခုပ်တီးပေးကြပါ]
လင်းလော့ချင်း အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဒုတိယသခင်မလေးစုန့်ကပြောသည်ကိုကြားလိုက်ရသည်။
"နင်က အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ"
"နင်တို့နှစ်ယောက် လုံးဝ လမ်းခွဲခဲ့တာမဟုတ်ဘူး...သူ့မှာနင်နဲ့ရတဲ့ ကိုယ်ဝန်တောင်ရှိနေပြီ"
လင်းလော့ချင်း: "!!!"
ကျိယွီရှောင် :"!!!"
မှတ်ချက်ဘားတန်း: [!!!]
[ငါ ဘာကြားလိုက်တာလဲ]
[ဟုတ်တယ် ကိုယ်ဝန်ရှိနေပြီ!]
[အိုမိုင်းဂေါ့... ပရိုဂရမ်မာချမ်က မိုက်လိုက်တာ]
[ကြီးလိုက်တဲ့ ဖရဲသီးကြီး!]
[ဘုရားရေ... ငါ့ရဲ့အတင်းတုတ်ချင်စိတ်လေး ထပ်ပြီး လောင်ကျွမ်းလာပြန်ပြီ]
"အဲဒါ ငါ့ကလေးမဟုတ်ဘူး"
ချမ်ယုံအန်းက အမြန်ရှင်းလင်းလိုက်သည်။
"သူနဲ့ ငါ လမ်းခွဲခဲ့တာကြာပြီ"
"သူက နင့်နဲ့ရတာလို့ ပြောတယ်"
စုန့်ရှို့ဝမ်က ဒေါသတကြီး အော်လိုက်သည်။
"သူကပြောတယ်...သူက နင့်ကို စွန့်ပစ်ခဲ့ပေမဲ့ နင်ကသူ့ကို လွမ်းနေတုန်းပဲ၊ အတင်းအကြပ်ကိုယ်ဝန်ရအောင်လုပ်ခဲ့တာ... အဲ့ဒါကြောင့် သူ ငါ့အိမ်မှာ ပုန်းနေတာ"
လင်းလော့ချင်း သတိရသွားသည်။ "ဟုတ်တယ်...သူ အခုတလော အရမ်းတွေအိပ်ချင်နေပြီး နေ့တိုင်း အိပ်ရာက နောက်ကျတယ်...ကိုယ်ဝန်ကြောင့်ဖြစ်ပုံရတယ်"
လျှိုယာမင်ကလည်းဆိုသည်။
"ငါလည်း ကိုယ်ဝန်စစ်ဆေးချက်ကို တွေ့တယ် ဒီမှာ... ကိုယ်ဝန်က တစ်လကျော်ရှိပြီ”
[ဖာ့ခ်ဖာ့ခ် ...လူယုတ်မာ ဆန်ကုန်မြေလေးကောင်...လူလိမ်လူညာလူယုတ်မာ!]
[လူသတ်သမားက ပရိုဂရမ်မာချမ်ပဲ ဖြစ်ရမယ်... ငါသူ့ကိုမဲပေးတယ်]
[ငါလည်း သူ့ကိုမဲပေးတယ်]
"ဒီကလေးက ငါ့ကလေးမဟုတ်ဘူး"
ချမ်ယုံအန်းက အကူအညီမဲ့စွာပြောသည်။
"တကယ်လို့သာ ငါ့ကလေးဆိုရင် ငါ့ဘက်က သေချာပေါက် ဝန်ခံမှာ...ဒါပေမဲ့ တကယ်က ငါနဲ့ ဘာမှမဆိုင်ဘူး"
"ဘယ်သူ့ကလေးလဲ"
စုန့်ရှို့ဝမ် သည်းမခံနိုင်စွာပြောလိုက်သည်။
"မေးခွန်းကောင်းပဲ"
ချမ်ယုံအန်းက ရယ်မောပြီး ဖရဲသီးစားနေသည့် ကျိယွီရှောင်ကို လှည့်ကြည့်လိုက်၏။
"မင်း ငါတို့ရဲ့ ချစ်တတ်လှစွာသောကျိသခင်လေးကို မမေးသင့်ဘူးလား"
ကျိယွီရှောင်: "????"
[ဘာကိုဆိုလိုတာလဲ?]
[အား အား အား မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး... ငါ လက်မခံဘူး!]
[မဖြစ်နိုင် မဖြစ်နိုင်ဘူး... ကျိသခင်လေးနဲ့ရတာ လုံးဝမဖြစ်နိုင်ဘူး]
[ကျိသခင်လေး ကြောင်သွားပုံပဲ]
[ကျိသခင်လေး: ငါ့တကယ် ကိုယ့်ဖရဲသီးကိုယ်စားမိခဲ့တာလား]
[မယုံဘူး မယုံဘူး...ပရိုဂရမ်မာချမ် ပျောက်ကွယ်သွားစမ်း!]
ကျိယွီရှောင်က ချက်ချင်း တုံ့ပြန်လိုက်သည်။
"သူများကို မဟုတ်မမှန်အသရေဖျက်ဖို့ မကြိုးစားနဲ့...ချင်းချင်းအပေါ်ထားတဲ့ ငါ့နှလုံးသားက နေနဲ့လလို့ ရှင်းလင်းတယ်... အစကနေအဆုံးထိ သူ တစ်ယောက်တည်းကိုပဲ သဘောကျခဲ့တာ...ငါက BFFကျားနဲ့ လုံးဝ မရင်းနှီးဘူး"
"တကယ်လား"
ပရိုဂရမ်မာချမ်က ပြုံးပြီး မေးသည်။ "လွန်ခဲ့တဲ့သုံးလက BFFကျားက ငါနဲ့ ရုတ်တရက် လမ်းခွဲခဲ့တယ်...
ဘာကြောင့်လဲလို့မေးတော့ သူက ပိုကောင်းတဲ့လူကိုရှာတွေ့သွားပြီ၊ ငါက လုံလောက်အောင် မချမ်းသာဘူးလို့ပြောခဲ့တယ်...ငါ မကျေအေးနိုင်ဘဲ သူ ဘယ်လိုလူမျိုးကို တွေ့ခဲ့တာလဲသိရဖို့ သူ့နောက်ကိုတိတ်တဆိတ် နောက်ယောင်ခံလိုက်ခဲ့တယ်...နောက်တော့ သူ မင်းရဲ့အိမ်ခြံဝင်းထဲက အပြုံးချိုချိုနဲ့ ထွက်လာတာ လှမ်းမြင်လိုက်တယ်... မင်းမဟုတ်ဘူးလို့ မင်းပြောချင်သေးလား"
ကျိယွီရှောင်: "???"
ငိုကြွေးနေသော မှတ်ချက်ဘားတန်း
[မဟုတ်ဘူး!!! မယုံဘူး!!]
[ဝူးဝူးဝူးမဖြစ်နိုင်ဘူး...ပရိုဂရမ်မာချမ် မင်း လိမ်နေတာ ဟုတ်တယ်မလား]
[ငါရဲ့ CPက BE မဖြစ်ရဘူး... ငါ လက်မခံဘူး!]
[ကျိသခင်လေးက မိန်းမလှလေးလင်းကို ချစ်တာ...BFFကျားဆိုတာ ဘယ်သူလဲ... အတုအယောင်ဆန်လွန်းတယ်... ထွက်သွားစမ်း!]
[ပရိုဂရမ်မာချမ်က ဒီညငါ့ကိုသတ်လိမ့်မယ်!]
"တကယ် ငါမဟုတ်ဘူး"
ကျိယွီရှောင်ပြောစရာစကားမဲ့နေသည်။
"ငါ သူ့ကို လုံးဝမသိဘူး...သူကသာ ချင်းချင်းရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်ရင် ငါ သူ့ကို လုံးဝ အာရုံစိုက်မိမှာ မဟုတ်ဘူး"
"ဒါဆိုဘယ်သူသိမှာလဲ ...ရည်းစားရဲ့နောက်ကွယ်မှာ ရည်းစားရဲ့သူငယ်ချင်းနဲ့ဖောက်ပြန်ကြတာက မဆန်းဘူး...အပေါ်ယံမှာ အရမ်းချစ်တတ်ပြီး တစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ဖြစ်နေတဲ့ လူတစ်ယောက်က အမှောင်ထဲမှာ လှည့်ကွက်တွေနဲ့ ပြည့်နေသလားဆိုတာ ဘယ်သူသိမှာလဲ"
ကျိယွီရှောင်: "……"
ကျိယွီရှောင်က လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။
"ပေါင်ပေ့ ကိုယ့်ကိုယုံပါ"
လင်းလော့ချင်း သူ့လက်ထဲမှ ဖရဲသီးကို ခေတ္တချထားလိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ငါ မင်းကိုယုံတယ်"
ကျိယွီရှောင် သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း လျှိုယာမင်၏ ရယ်သံကို ကြားလိုက်ရသည်။
"ပရိုဂရမ်မာချမ်ရဲ့ စကားလုံးတွေက အရမ်းယုံချင်စရာကောင်းတယ်... ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ် မမြင်ခဲ့ရင်၊ ဒီလို ဖြောင့်မတ်တဲ့ ပရိုဂရမ်မာချမ်က သူ့သူငယ်ချင်းကောင်းကို သစ္စာဖောက်ပြီး သူများရဲ့ စေ့စပ်ထားသူကို ကွယ်ရာမှာ ချစ်ရေးဆိုလိမ့်မယ်ဆိုတာ ငါ ယုံမှာ မဟုတ်ဘူး... သူ(မ)ကို စောင့်ချင်တယ်လို့လည်း သူပြောခဲ့တယ်...ညဥ့်နက်ဥယျာဉ်ကို ချစ်ရေးဆိုမှုကို လုပ်ခဲ့တာ မင်းပဲမဟုတ်ဘူးလား ပရိုဂရမ်မာချမ်"
ကျိယွီရှောင်: "???!!!!"
ကျိယွီရှောင်က ချမ်ယုံအန်းကို ကြည့်လိုက်သည်။
"မင်း ငါ့ကောင်မလေးကို ချစ်ရေးဆိုခဲ့တာလား"
"ဘာလို့လဲ... မင်းကကျ ငါ့ရည်းစားကို လုယူပြီး မင်းရဲ့ ရည်းစားကိုကျ ငါက လုခွင့် မရှိဘူးလား... စိမ်းတဲ့လူတွေက အမြဲစိမ်းတယ်"
ပရိုဂရမ်မာချမ်က သူ့လည်ပင်းကို ဆန့်ပြီး ပြောလိုက်တယ်။
ကျိယွီရှောင်က ရုတ်တရက် ထရပ်လိုက်သည်။
"ငါ့ဓားဘယ်မှာလဲ ငါ့ဓား... လာကြစမ်း ငါ့ခေါင်းဖြတ်စက် ယူခဲ့...ဒီနေ့ သူများမိသားစုတွေကို ဖျက်စီးခဲ့တဲ့ ဒီလူယုတ်မာရဲ့ခေါင်းကို ငါ ဖြတ်မဖြတ် ကြည့်ရအောင်"
[ဟားဟားဟား ဥက္ကဋ္ဌကျိ စိတ်လျော့ပါ!]
[ဥက္ကဋ္ဌကျိ စိတ်လျော့ စိတ်လျော့... မြန်မြန် ဓားကို ဥက္ကဋ္ဌကျိဆီ ယူလာခဲ့ဟေ့]
[ခေါင်းဖြတ်စက်! မြန်မြန် ခေါင်းဖြတ်စက်! ဥက္ကဋ္ဌကျိ ခုတ်တာကို ကြည့်ချင်နေပြီ]
[ဖာ့ခ်! စိတ်လှုပ်ရှားစရာကောင်းချက်ပဲ... ကလေးတစ်ယောက်နဲ့ ချစ်ရေးဆိုမှုတစ်ခု... မင်းတို့ အထက်တန်းလွှာ လူ့အဖွဲ့အစည်းက ဒီလောက် အရိုင်းဆန်သလား]
[ပရိုဂရမ်မာချမ် မင်းပီသပါပေတယ်...မိန်းကလေးလေးယောက်လုံးက မင်းနဲ့ပတ်သက်နေတယ်]
[ဟားဟားဟား မိန်းမလှလေးလင်းကလည်း အရမ်းလှတယ်... လေးယောက်လုံးက သူ့ကိုချစ်ကြတယ်]
[ယောက်ျားရော မိန်းမရော [ရယ်မော]]
[မွေးချင်းအချစ်နဲ့ နှင်းပန်းအချစ် [ရယ်မော]]
[အဒေါ်နဲ့တူ [ရယ်မော] ရှိသေးတယ်]
[ဟားဟားဟား ငါရယ်သေပြီ... ဥက္ကဋ္ဌကျိ မင်းရဲ့ ပြိုင်ဘက်အရေအတွက်ကို ကျေနပ်ရဲ့လား [ခွေးခေါင်း]]
[ဥက္ကဋ္ဌကျိ: ငါပင်ပန်းတယ်...ဖျက်ဆီးပစ်လိုက်တော့]
[ဥက္ကဋ္ဌကျိ : မင်းတို့မှာ ဇနီးမရှိကြဘူးလား... ငါ့ဇနီးလေးကိုပဲ ဘာလို့ နေ့တိုင်း လာမက်မောနေတာလဲ]
[တတိယသခင်လေး/စာရင်းကိုင်/ပရိုဂရမ်မာ:မင်း မင်းဇနီးကို စွန့်လွှတ်လိုက်သရွေ့ ငါတို့အားလုံးမှာ ဇနီးရှိလာလိမ့်မယ်[ခွေးခေါင်း] ]
[ဟားဟားဟား ဥက္ကဋ္ဌကျိ: အိပ်မက်မက်နေလိုက်]
[ဥက္ကဋ္ဌကျိက သူ့ဇနီးလေးကို အမြန်ပွေ့ဖက်လိုက်တယ်]
လင်းလော့ချင်းက မတ်တပ်ထရပ်ပြီး ကျိယွီရှောင်ကို ဆိုဖာပေါ်ပြန်တွန်းလိုက်သည်။
"ဒီလိုမဖြစ်ပါနဲ့...ငါ သူ့ကိုလက်မခံခဲ့ဘူး...စိတ်မပူပါနဲ့"
ကျိယွီရှောင်က နည်းနည်းမှစိတ်မပူဘဲမနေနိုင်ပါချေ။သူ့မျက်လုံးတွေက ဧည့်ခန်းထဲက လူတွေကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကာ အံကြိတ်လိုက်သည်။
"ဒီနေရာမှာ ငါ့ဇနီးလေးကို လိုချင်နေတဲ့သူ ဘယ်သူရှိသေးလဲ...တစ်ခါတည်းအကုန်ပြောလိုက်"
ဒုတိယသခင်မလေးစုန့်နှင့် သခင်မလျှိုတို့က အရူးအမူး ခေါင်းယမ်းကြသည်။
"မရှိပါဘူး...ကျွန်မ မဟုတ်ဘူး... ကျွန်မ တကယ် သူ့ကို အစ်မတစ်ယောက်လိုပဲ သဘောထားတာ"
"ငါရောပဲ...ငါက သူ့ကို သမီးလို့ပဲသဘောထားတာ"
"တကယ်လား"
ကျိယွီရှောင် အလွန်သံသယဖြစ်မိသည်။
"ငယ်ငယ်ကတည်းက အစ်မနဲ့ ဆက်ဆံရေးကောင်းတယ်...အခု မင်းအစ်မက ငါနဲ့ စေ့စပ်လိုက်ပြီဆိုတော့ မင်းမှာ ဘာမလိုလားမှုမှ မရှိဘူးလား...မင်းအစ်မက မင်းတစ်ယောက်တည်းအပိုင်ဆိုရင် ကောင်းမယ်မထင်ဘူးလား"
ဒုတိယသခင်မလေးစုန့်: "……"
ဒုတိယသခင်မလေးစုန့်ပရိုဂရမ်မာချမ်ကို လက်ညှိုးထိုးပြသည်။
"ခဲအို ကျွန်မက အဖြောင့်ကောင်မလေးပါ"
ကျိယွီရှောင်က မယုံချင်ယုံချင်ဖြင့်ယုံလိုက်ပြီး သခင်မလျှိုကို ကြည့်လိုက်သည်။
သခင်မလျှိုက တတိယသခင်လေးကို ကူကယ်ရာမဲ့ လက်ညှိုးထိုးပြလိုက်သည်။
"ငါဖြောင့်ကြောင်း သူကသက်သေမပြနိုင်ဘူးလား"
စွပ်စွဲခံရသော တတိယသခင်လေးဖန်းက စားပွဲကို ရိုက်ပြီး တန်ပြန်တိုက်စစ်ကို စတင်ခဲ့သည်။
"ကျိသခင်လေး အာရုံမပြောင်းနဲ့...BFFကျားရဲ့ ဗိုက်ထဲက ကလေးက မင်းကလေးမဟုတ်လား"
"အဓိပ္ပါယ်မရှိတာ...ငါ့တစ်သက်မှာ ချင်းချင်းနဲ့ပဲ သားသမီးယူမှာ"
ကျိယွီရှောင်က မဆိုင်းမတွ ပြန်ပြောလိုက်သည်။
[ဖာ့ခ်!!!!!!!!]
[ငါ မှတ်တမ်းတင်ထားတယ်၊ မှတ်တမ်းတင်ထားတယ်နော်...ဥက္ကဋ္ဌကျိ မင်းပြောတာကို မမေ့နဲ့]
[ဒါက အချစ်မဟုတ်ဘူးလား...စိတ်အားထက်သန်မှု(ကျိချင်း)က အစစ်အမှန်ပဲ!]
[အား ငါစောင့်နေတယ်... ဥက္ကဋ္ဌကျိ ငါမင်းကိုယုံတယ်... မင်းငါ့ကိုစိတ်ပျက်စေလို့မရရဘူး!]
[ငါလည်း ဥက္ကဋ္ဌကျိကို ယုံကြည်တယ်... ဥက္ကဋ္ဌကျိက ချင်းချင်းကို ဒီလောက် ကြိုက်တာ...သူများတွေကို ကလေးယူခွင့်မပေးဘူးဆိုတာ သေချာတယ်]
[ဥက္ကဋ္ဌကျိက သူများတွေကို ကလေးယူခွင့်မပေးလောက်ပေမဲ့ ကျိသခင်လေးကတော့ မဖြစ်နိုင်လောက်ဘူး[မျက်နှာကိုအုပ်ထား]]
[ဟုတ်တယ်...ဒါ့အပြင် ဥက္ကဌကျိ ပြောတာက ချင်းချင်းလေ... မိန်းမလှလေးလင်းမဟုတ်ဘူး]
[ဖာ့ခ် ဖာ့ခ် ဖာ့ခ်...သူတို့ကို မshipသေးတာဘယ်သူရှိလဲ... အဲဒါက ရှင်းရှင်းလင်းလင်းကြီး မဟုတ်ဘူးလား???]
[အဲဒါက အဓိကလား...ငါတို့က ကျိပန်ရှားရဲ့ ယုတ္တိဗေဒထဲမှာ ရှိနေတာမဟုတ်ဘူးလား]
[ဒါပေါ့...ဒါကအဓိကအချက်ပဲလေ... ကျိပန်ရှားရဲ့ ယုတ္တိဗေဒက သကြားစားတာကို မနှောင့်နှေးစေဘူး... ဝူးဝူးဝူး ဒါက ချိုလွန်းတယ်...ဥက္ကဋ္ဌကျိကတကယ်ပြောရဲတယ်!]
[ဘယ်သူ မဟုတ်ဘူးပြောလဲ? ဥက္ကဋ္ဌကျိက တကယ်ကို နံပါတ်တစ်ကျိချင်းဖန်... စကားလုံးတိုင်းက သကြား၊ စကားလုံးတိုင်းသည် အစာပဲ]
[မုန်တိုင်းထဲမှာ ငိုနေပြီ... စိတ်အားထက်သန်မှုက အမြဲတမ်း အံ့သြစရာပဲ]
လင်းလော့ချင်း: "???"
လင်းလော့ချင်း ကျိယွီရှောင်ကို သံသယဖြင့်ကြည့်ကာ ပြုံးပြလိုက်သည်။
"မင်းက ကလေးယူမှာလား"
ကျိယွီရှောင်က ဤသည်ကို ဂရုမစိုက်ပေ။သူက လင်းလော့ချင်း၏ပခုံးကိုသိုင်းဖက်ကာ "ကိုယ်ကလေးယူနိုင်ရင် ကိုယ်မင်းကြိုက်သလောက်ပေးမယ်" ဟု ရိုးရိုးသားသားပြောသည်။
လင်းလော့ချင်းက ရယ်လိုက်သည်။ "တကယ်လား...ဆက်ဆံရေးကောင်းရင် ငါတို့ နှစ်ယောက်ယူလို့ရတယ်"
[သားတစ်ယောက် သမီးတစ်ယောက်]
[ချင်းချင်းနဲ့တူတာတစ်ယောက် ဥက္ကဋ္ဌကျိနဲ့တူတာတစ်ယောက်]
[သုံးနှစ်မှာ ကလေးနှစ်ယောက်မွေးပြီး ငါးနှစ်မှာ အဖေဖြစ်လာမယ်... ငါးနှစ်ကြာပြီးတဲ့နောက် ငါကွန်ပြူတာရှေ့ထိုင်ပြီး လော့ချင်း နဲ့ ဥက္ကဋ္ဌကျိ တို့နဲ့အတူတူ မိဘ–ကလေးရှိုးကို ကြည့်နိုင်တော့မှာလား]
[အားးး ငါအဲဒါကိုတွေးပြီး စိတ်လှုပ်ရှားနေတယ်]
[ငါ ရှောင်ဖူရှီ နဲ့ ရှောင်ရှီရဲ့ရုပ်လေးတွေကို အလိုလို ပြေးမြင်မိတယ်...သူတို့က လှတာဟယ်!]
[ပြန်သွားတဲ့အခါ ဗီဒီယိုကို တည်းဖြတ်မယ်... ပျော်ရွှင်မှု!]
[ဝူးဝူး ငါတို့က ကလေးအကြောင်းပြောနေပေမယ့် သူတို့နှစ်ယောက်က အိမ်ထောင်မပြုကြသေးဘူးလား]
[ဟုတ်တယ် မကြာခင် လက်ထပ်ကြ... အိမ်ထောင်ကျပြီးရင် ကလေးယူပြီး မိဘ-ကလေးရသစုံရှိုးကို ကြည့်လို့ရပြီ]
[ဘုရားရေ နင်တို့ကျိချင်းဖန်တွေက ဒီလောက် အရှိန်အဟုန်နဲ့ တိုးတက်နေပြီလား... နင်တို့က မိဘနဲ့ ကလေး ရသစုံရှိုးကိုတောင် အမြန်အရောက်ပို့နေပြီလား]
[အဓိကကတော့ အုပ်ကြီးက ငါတို့ကို သကြား ထည့်ပေးလိုက်တာလေ]
[ကိတ်မုန့်လည်းဆွဲတယ်... ကလေးပိုင်မုန့်လည်းဆွဲတယ်... ဘယ်သူက ဒီအကြောင်း အတွေးမလွန်ဘဲနေနိုင်မှာလဲ]
[ကျေးဇူးပြုပြီး နင်တို့နှစ်ယောက် ရသစုံရှိုးကထွက်ပြီးတာနဲ့ စေ့စပ်ပြီး လက်ထပ်လိုက်ကြပါလားလေ နော် နော် နော်... ငါအကုန်အကျခံပါ့မယ်]
[ငါလည်းပါမယ်!]
[ငါက ပိုက်ဆံပေးရုံတင် မဟုတ်ဘူး... မင်းတို့ လက်ထပ်သရွေ့ ငါဘာမဆိုပေးနိုင်တယ်]
ဖန်းဖေးကျယ်က လှောင်ပြောင်သည်။
"မင်းပြောတာက ကောင်းပေမဲ့ BFFကျားမှာ မင်းတို့ကျိအိမ်ခြံမြေရဲ့စီမံခန့်ခွဲရေးမန်နေဂျာတံဆိပ်ကို ငါတွေ့ခဲ့တယ်... ဒီကိစ္စကို မင်းဘာပြောမလဲ"
ကျိယွီရှောင် စိတ်ကုန်နေပြီဖြစ်သည်။
"သူ(မ)က စာရင်းကိုင်ကျိုက်လိုပဲ ချင်းချင်းနဲ့ ဆက်ဆံရေးရှိတယ်"
"ဒါပေမဲ့ ကျွန်မက စာရင်းကိုင်လေးတစ်ယောက်တင်လေ... သူက စီမံခန့်ခွဲရေးဌာနရဲ့ မန်နေဂျာပဲ"
စာရင်းကိုင်ကျိုက်က မကျေမနပ်ဆို၏။
"ဝန်ထမ်းတွေ အပြောင်းအလဲ ဖြစ်သွားတာ အရမ်းများတယ်... စီမံခန့်ခွဲရေးမန်နေဂျာက ထွက်သွားပြီးတဲ့နောက် သူ(မ)က ရာထူးတိုးခဲ့တယ်...ဌာနမှူး ထွက်သွားဖို့ စောင့်ပြီးမှ ..."
"ဒါဆို မင်း ခေါင်းဆောင်အသစ်ကို ကြိုဆိုရမှာပေါ့"
ကျိယွီရှောင်က အပြုံးထဲတွင် ဓားကို ဝှက်ထားရင်း စကားများ စူးရှလာသည်။
"မင်းတို့နှစ်ယောက်လုံးက မိန်းကလေးသူငယ်ချင်းတွေလေ... တစ်ယောက်က ရာထူးတိုးပြီး နောက်တစ်ယောက်က ရာထူးမတိုးဘူး...မင်း နှလုံးသားထဲမှာ ဘာ့ကြောင့်လဲဆိုတာ မတွေးမိဘူးလား...ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်သင့်တယ်"
ကျိုက်ထင်လန် :"……"
ကျိုက်ထင်လန် နှုတ်ဆိတ်လျက် နဖူးကို အသာကိုင်ထားမိသည်။
မှတ်ချက်ဘားတန်းက ကျယ်လောင်စွာရယ်မောသည်။
[နင်က မိန်းမလှလေးလင်းကို မက်မောလို့လေ]
[နင်က အချစ်ရေးမှာ သူ့ရဲ့ပြိုင်ဘက်ဖြစ်နေလို့]
[ဟားဟားဟား... နင်က ဥက္ကဋ္ဌကျိရဲ့ အချစ်ပြိုင်ဖက် ဖြစ်နေတာကို ဥက္ကဠကျိကို နင့်ကိုရာထူးတိုးပေးစေချင်နေတုန်းပဲ...ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေလား]
[ဥက္ကဋ္ဌကျိ : ငါပြန်ရောက်တဲ့အခါ မင်းကိုအလုပ်ဖြုတ်ပစ်မယ်]
[သနားစရာ စာရင်းကိုင်ကျိုက် ဟားဟားဟား]
"ဒါဆို BFFကျားရဲ့ ကိုယ်ဝန်က မင်းနဲ့ရတာ မဟုတ်ဘူးပေါ့"
စွန်းလျန့်က မေးသည်။
"ဒါပေါ့"
"ဒါဆို ဘယ်သူလဲ"
စွန်းလျန့် အံ့သြသွားသည်။
လျှိုယာမင်က သူ့စကား၏ ဦးတည်ရာကို အကင်းပါးပါးဖြင့် သတိထားမိသည်။
"မင်းငါ့ကိုသံသယရှိနေတာလား"
"ကျွန်တော်က ပေါ့ပေါ့ပါးပါး မှန်းဆကြည့်တာပါ...ဒီကလေးက ကျွန်တော့်ဟာမဟုတ်သလို ပရိုဂရမ်မာချမ်ကလည်း သူ့ဟာမဟုတ်ဘူးလို့ ပြောတယ်...အဲဒီတော့ တတိယသခင်လေးနဲ့ သခင်ပဲ ကျန်တော့တယ်"
ဖန်းဖေးကျယ်က လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။
"ကျွန်တော်က မမကိုပဲ ချစ်တယ်...မမအပေါ်မှာပဲ ကျွန်တော်နှလုံးသားကိုနှစ်မြုပ်ထားတာ... ကျွန်တော့်ကိုယုံ"
ကျိယွီရှောင်က ရယ်လိုက်သည်။
"ဒီည မင်းကို ငါသတ်မယ်"
ကျိုက်ထင်လန်က တခစ်ခစ် ရယ်လိုက်သည်။
ကျိယွီရှောင်က သူမကို လှည့်ကြည့်လိုက်သည်။
"ပြီးတော့မင်း"
ကျိုက်ထင်လန်: "……"
ချမ်ယုံအန်းတစ်ယောက် ပွဲကြည့်နေစဥ်မှာပဲ ကျိယွီရှောင်၏အကြည့်က သူ့ဆီသို့ရောက်လာသည်။
"ပြီးတော့မင်း"
ချမ်ယုံအန်း: "……"
[ဟားဟားဟားဟား ဥက္ကဋ္ဌကျိ: တစ်ယောက်မှ အလွတ်မပေးနဲ့]
[ဥက္ကဋ္ဌကျိ: မကျေပွဲနွှဲမည်.jpg.]
[သေအောင်ရယ်... ဥ
က္ကဋ္ဌကျိ မင်းဒီည အရမ်းအလုပ်များတော့မှာပဲ [ခွေးခေါင်း]]
[ဟုတ်တယ် မင်း စေ့စပ်ဖို့ အချိန်ရှိသေးလား]
[ဥက္ကဋ္ဌကျိက သူ့ဓားကိုကိုင်ဖို့ အချိန်မရှိရင်တောင် စေ့စပ်ပွဲအတွက် အချိန်ရှိကိုရှိရမယ်]
[မှန်တယ်...ဥက္ကဋ္ဌကျိ: ဓားကို ခဏရှောင်လို့ရတယ် ဒါပေမဲ့ ငါဒီည ချင်းချင်းနဲ့ စေ့စပ်ရမှဖြစ်မယ်]
[စေ့စပ်လိုက်ပါ... မေမေ သားစေ့စပ်ထားတာကို စောင့်ကြည့်နေမယ်နော်]