၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၂၇)
အရင်တုန်းကဆို နူးညံ့လတ်ဆတ်တဲ့ ထမင်းလိပ်တစ်ပန်းကန်ဟာ သူမအတွက်ကတော့ မူကြိုသို့ စောစောစီးစီးသွားကာ ဝက်ဝံကလေးများနှင့် ရင်ဆိုင်ဖို့ရာ တွန်းအားတစ်ခုပင်။
အစိုးရပိုင် စားသောက်ဆိုင်များတွင် စားရသည့် ထမင်းလိပ်များမှာ ရိုးရိုးရှင်းရှင်းပါဝင်ပစ္စည်းများသာဖြစ်၍ နောက်ပိုင်းမျိုးဆက်တွေရဲ့ ထူးထူးခြားခြားလုပ်ယူထားကြတဲ့အရာတွေ မရှိသေး။ (T/N: အခုခေတ်တီထွင်ဖန်တီးလာကြတဲ့ဟာတွေမပါဘူး၊ အော်ဂန်းနစ်လိုမျိုး ရိုးရိုးရှင်းရှင်းထုတ်ကုန်တွေပဲပါတယ်လို့ပြောချင်တာပေါ့နော်)
၎င်းတို့မှာ ရိုးရိုးဆန်နို့၊ ကြက်ဥ၊ နုပ်နုပ်စင်းထားတဲ့ဝက်သားနှင့် ပိန်းဥတို့ပင်။ ပြင်ဆင်ထားသည့် အသားစင်းကောသွတ်မုန့်မှာ မွှေးပျံ့သလို အရသာလည်းရှိတဲ့ လျှို့ဝှက်ဆော့စ်တစ်မျိုးနှင့် စမ်းထားကာ အမှုန့်သည်လည်း တော်သင့်ရုံသာရှိပြီး ဆော့စ်ကလည်း အနည်းငယ်ပျစ်စေးသောကြောင့် စားပါ စားပါဟု သွေးဆောင်နေသည့်နှယ်။
ထမင်းလိပ်တွင် ပါဝင်တဲ့ နုပ်နုပ်စင်းဝက်သားဟာလည်း အလွန်ချိုမြိန်ပြီး ဝါးလို့ကောင်းသလို ပိန်းဥတွေကလည်း အနည်းငယ်ပို၍ စေးကပ်သည့်အပြင် ဆော့စ်ကြောင့် အရသာမှာ ပိုကောင်းလာပေသည်။
သူမက တခြားဘာမှမပြောနိုင်သော်လည်း ဤရိုးရိုးရှင်းရှင်း ထမင်းလိပ်တွေဟာ စားလို့ကောင်းတယ်ဆိုတာပဲ သိတော့တယ်။
ဖြစ်နိုင်တာက ဤအစိုးရပိုင်စားသောက်ဆိုင်၏ စားဖိုမှူးနှင့် လက်ထပ်လိုက်သည်ကား ဤခေတ်အခါနှင့် သင့်လျော်မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။
ချင်းရို့သည် ထမင်းလိပ်ထဲသို့ ငရုတ်ဆော့စ်ဇွန်းသေးတစ်ဇွန်းစာထည့်ကာ စားကြည့်ပြီးမှ ဤလျှို့ဝှက်ငရုတ်ဆော့စ်ဟာ သူမအကြိုက်နှင့် ပို၍လိုက်ဖက်ကြောင်း သိရှိသွားခဲ့ရ၏။
ဒီငရုတ်ဆော့စ်ဟာ ရဲရဲနီနေပေမယ့် တကယ့်တကယ်မှာတော့ လုံးဝမစပ်သလို နည်းနည်းတောင် ချိုနေသေးတယ်နော်။
သူမက ဒီလိုမျိုး အချိုအစပ်အရသာရောနေတဲ့ ငရုတ်ဆော့စ်ကို နှစ်သက်လေသည်။
ချင်းရို့မှာ ကျေနပ်သွားရလျက် သူမဘေးနားရှိ ကလေးနှစ်ယောက်လည်း ထမင်းလိပ်တစ်ပန်းကန်ကို စားနေခဲ့ကြသော်လည်း လုယန်အတွက်ကတော့ ထမင်းလိပ်တစ်ပန်းကန်ဟာ သူ့ဗိုက်ပြည့်ရန် မလုံလောက်သေး။ ချင်းရို့က ထမင်းလိပ်စားနေစဉ် သူက ပင်လယ်စာယာဂုနှစ်ပန်းကန်အပြင် ဘန်းမုန့်ပေါင်းကိုလည်း စားထားခဲ့ပြီးဖြစ်၏။
လုယန်သည် ချင်းရို့က ပန်းကန်ထဲကို ငရုတ်ဆော့စ်ထပ်ထည့်လိုက်သည်ကို မြင်လိုက်၍ ငရုတ်ဆော့စ်က အရမ်းကြီးမစပ်လောက်ဘူးလို့ စိတ်ထဲကနေ မှန်းဆလိုက်မိ၏။
သူ ချင်းရို့ကို လောင်ဝမ်ရဲ့ ငရုတ်ဆော့စ်ကို နောက်မှ စမ်းမြည်းကြည့်ခိုင်းရမယ်။
***
လှေမှာ နောက်တစ်နေ့အထိ မထွက်ခွာနိုင်သေးသောကြောင့် ချင်းရို့ တမင်တကာ တောင်းဆိုထားခဲ့သည့်အတိုင်းပင် သူတို့က ကွမ်ချန်၌ အချိန်အတိုင်းအတာတစ်ခုအထိ နေလို့ရပေ၏။ ချုံကျိုးကျွန်းကို သွားရန် နောက်ထပ်ရွေးချယ်စရာတစ်ခုရှိပါသေးသည်၊ ယင်းမှာ ကွမ်ချန်မှ ရွှီပြည်နယ်သို့ ဘတ်စ်ကားနဲ့သွားရမှာဖြစ်ပြီး၊ ထို့နောက်မှ ချုံကျိုးကျွန်းကို လှေနဲ့သွားရမှာဖြစ်သလို အချိန်၄၊၅နာရီလောက်သာ ကြာမည်ဖြစ်သည်။
ချင်းရို့က ကွမ်ချန်၌ နှစ်ရက်လောက် ထပ်နေချင်သောကြောင့်ပင်...
သူတို့က ပင်လယ်ဆီ တစ်ရက်လောက် သွားလည်ကြမယ်ဆိုရင် သူမက ထိုနေရာတွင် ခဏတစ်ဖြုတ်တော့ နေချင်သေး၍သာ။
ချင်းရို့သည် ထိုနေရာ၌ တက္ကသိုလ်တက်ခဲ့တာဖြစ်ပြီး သူမအရှေ့မှာရှိနေတဲ့ ထိုမြို့မှာ သူမနှင့် ရင်းနှီးသလိုလို မရင်းနှီးသလိုလိုဖြစ်နေလျက်။ လုယန်က ကွမ်ချန်မြေပုံကို ဝယ်လိုက်ကာ သူမနှင့် ကလေးနှစ်ယောက်ကို ဟိုနားဒီနား အလည်ခေါ်သွားပေးမည်ဟု ဆိုလာခဲ့၏။
"မင်းမှာ ဝယ်စရာရှိရင် ဒီမှာဝယ်လို့ရတယ်။ ပစ္စည်းတွေကို ဆိပ်ခံတံတားဆီကို ပို့ထားဖို့ ကိုယ်တစ်ယောက်ယောက်ကို ပြောထားလိုက်မယ်။ နောက်ကျ ကျွန်းကိုရောက်တဲ့အခါ ကိုယ်တို့ဝယ်လို့မရတာတွေရှိမှာလေ"
ချင်းရို့ ခေါင်းညိတ်လိုက်၏။ သူမအဝယ်ချင်ဆုံးအရာမှာ ကင်မရာတစ်လုံးဖြစ်သော်လည်း ပင်ကိုအားဖြင့် သူမရဲ့ ကိုယ်ပိုင်ငွေ ယွမ်တစ်ရာ၊ နှစ်ရာလေးနဲ့ ကင်မရာကို ဝယ်ဖို့မတတ်နိုင်ပေ။ သူမသာ ဝယ်လိုပါက လုယန်ရဲ့ ပိုက်ဆံကို သုံးရမည်ဖြစ်၏။
ထိုနေ့တုန်းက သူမကို လုယန်ပေးခဲ့သည်မှာ စက်မှုလက်မှုသုံးလက်မှတ်များအပြင် ယွမ်၆၀၀၀ပါရှိတဲ့ ငွေစာရင်းစာအုပ်လည်း ပါလေသည်။
သူမနှင့် နှိုင်းယှဥ်ကြည့်ပါက လုယန်မှာ ဤနှစ်များတစ်လျှောက် ငွေအမြောက်အမြားစုဆောင်းခဲ့လေ၏။
သူက မိသားစုထဲတွင် အငယ်ဆုံးဖြစ်ပြီး သူ့မိဘ၊ မောင်နှမတွေကလည်း အလုပ်ရှိကြကာ လစာဝင်ငွေလည်းရှိသောကြောင့် အခြေခံအားဖြင့် သူ့မှာ အိမ်အတွက် ဝန်ထုပ်ဝန်ပိုးမရှိဘဲ သူ့မိသားစုဆီ ပိုက်ဆံပို့စရာမလိုအပ်ခဲ့သလို တပ်မတော်ထဲ၌ အစားအသောက်၊ အဝတ်အထည်၊ နေရာထိုင်ခင်း စသဖြင့် စားဝတ်နေရေးစရိတ်တွေလည်း ကုန်ကျစရာမရှိခဲ့ပေ။
သူ့အတွက်ကတော့ နှစ်ကုန်၌ အကြီးမားဆုံး အသုံးစရိတ်မှာ ပွဲတော်ရက်များတွင် လှည့်လည်ခရီးသွားကာ သူ့မိဘ၊ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းတို့အတွက် လက်ဆောင်ဝယ်ပေးတာပါပဲ။
လုပ်ခလစာအပြင် သူတို့ရဲ့ ရေတပ်မှာ များသောအားဖြင့် ရွက်လွှင့်ခြင်း၊ ကျွန်းထောက်ပံ့ကြေးများ၊ နယ်စပ်ထောက်ပံ့ကြေးများ စသဖြင့် ထောက်ပံ့ကြေးများ ရှိလေသည်။
ချင်းရို့မှာ ဘယ်လောက်ရမှန်းမသိသော်ငြားလည်း အနာဂတ်ပင်လယ်ထောက်ပံ့ကြေးမှာ နာရီအလိုက်လုပ်အားခအပေါ် မူတည်၍ တွက်ချက်မှာကိုတော့ သူမသိပေ၏။ အခြေအနေတွေက ခက်ခဲလွန်းတာမို့ လစာနည်းနည်းလေးတော့ မဖြစ်သင့်ပါဘူးနော်။
ထို့ကြောင့် သူ့ရဲ့ လစဉ်လစာငွေနှင့် ထောက်ပံ့ကြေးများဟာ ၁၅၀ထက်မနည်းသင့်ချေ။ မိသားစုလေးယောက်ကို ထောက်ပံ့ရန် လုံလောက်သည့် ၂၀၀အထိ တိုးနိုင်ဖွယ်ရှိပေသည်။
—— တကယ်ကြီးကို အနှီခေတ်အခါရဲ့ ရွှေသားမက်ပဲဟေ့!
ထို့ကြောင့် သူက သူမကို ငွေတွေအားလုံးပေးခဲ့ပေမယ့် သူ့အတွက်ကတော့ ငွေမရှိလည်း ဘာမှမဖြစ်သွားပေ၊ ငွေဆိုတာ ကုန်စမြဲပါပဲ။
ယခုဆို ချင်းရို့လက်ထဲတွင် ပိုက်ဆံအများကြီးရှိနေပြီဖြစ်၍ တကယ့်ကို ကင်မရာတစ်လုံးဝယ်ချင်နေပြီဖြစ်သည်။ သို့သော်လည်း ထိုအတွေးမှာ ခေတ္တမျှသာကြာခဲ့လျက်။ သူမက ထိုသို့လုပ်နိုင်သော်လည်း လုယန်ရဲ့ငွေတွေကို သုံးပစ်လိုက်ဖို့ ရှက်ရွံ့နေခဲ့၏။
လုယန်က သူမကို ငွေတွေပေးထားခဲ့ပေမယ့် သူမက လက်လွတ်စပယ် မသုံးဖြုန်းနိုင်ပေ။ တခြားလူရဲ့ငွေတွေကိုဆို သုံးဖြုန်းဖို့နေနေသာသာ အမြဲတမ်းထူးဆန်းသလို ခံစားရလို့ပါပဲ။ ချင်းရို့ဟာ လုယန်ရဲ့ငွေတွေကို အချိန်တစ်ခုလောက်တော့ စိတ်အေးလက်အေးဖြင့် မသုံးနိုင်သေးပေ။
အကယ်၍ သူမသာ သူ့ပိုက်ဆံကို တကယ်သုံးချင်ရင်တော့ သူ့ကိုကြိုမေးထားရမည်။ ယခင်က သူတို့နှစ်ယောက်က လက်တွဲဖော်အဖြစ် အတူတူနေထိုင်ကြဖို့ရာ သဘောတူခဲ့ပြီးဖြစ်၍ ဘဝမှာလည်း ငွေတွေကို အတူတူသုံးသင့်ပေသည်။
ဆက်ဆံရေးတစ်ခုအစမှာပဲ သူမက ကင်မရာတစ်လုံးဝယ်ချင်နေခဲ့ပါလျှင် ၁၉၇၀ခုနှစ်များတွင် လုယန်လို ယောကျ်ားမျိုးက သူမရဲ့ အပြုအမူတွေကို မကြိုက်လောက်ဘူးနော်?
ချင်းရို့: "…"
အချိန်အတန်ကြာစဉ်းစားပြီးနောက် ချင်းရို့သည် ဇနီးတစ်ယောက်အနေနှင့် သူမအား သူ့ရဲ့လစာတွေကို ပေးအပ်ခြင်းဟာ ခင်ပွန်းသည်အတွက် အမှန်တကယ်မကောင်းမှန်း ရုတ်ချည်းသဘောပေါက်သွားရပြီ။ နောက်ဆုံးမှာတော့ ယင်းမှာ သူ့ပိုက်ဆံတွေသာဖြစ်ပြီး အိမ်ထောင်မှုထိန်းသိမ်းဖို့ အခွင့်အလမ်းတွေကို သူမဆီမှ အချိန်မရွေး ရုတ်သိမ်းလိုက်နိုင်တာပဲလေ။
နောင်အနာဂတ်၌ သူမက စရိတ်စကတွေအကြောင်း သူ့ကို ပြောပြရမည်ဖြစ်ပြီး ငွေတွေကို လွတ်လွတ်လပ်လပ်သုံးစွဲလို့ရမည်မဟုတ်ချေ။ ဖြစ်နိုင်တာက တစ်နေ့လုံးအလုပ်တွေရှုပ်နေခဲ့ပြီးတဲ့နောက်မှာ သူမက အိမ်စေလိုပဲဖြစ်နေပြီးတော့ သူမက သူ့ငွေတွေကို ဖြုန်းတီးတယ်လို့ စောဒကတက်နေမှာလား။
အိမ်ထောင်ရေးဟာ အချစ်ရဲ့သင်္ချိုင်းဖြစ်တယ်လို့ ဆိုကြသည်မှာ အံ့သြစရာမဟုတ်တော့။ လက်ထပ်ပြီးနောက် ထင်း၊ ဆန်၊ ဆီနှင့် ဆားတို့ဟာ အသေးအဖွဲသာသာပင်။
အိမ်ထောင်မပြုခင်၌ ယောကျ်ားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးကို လိုက်ရန်အတွက် လက်ဆောင်များပေးရန် သူ့ဝင်ငွေအားလုံးကို သုံးပစ်ဖို့ ဆန္ဒရှိပေလိမ့်မည်။
အိမ်ထောင်ရေးအတွက် ယင်းမှာ စိတ်ခံစားချက်ရှိကြတဲ့ ချစ်သူနှစ်ဦးအတွက်ဆိုရင်တော့ အဆင်ပြေပါသည်၊ သူတို့လိုမျိုး ဘာခံစားချက်မှမရှိကြတဲ့ လူနှစ်ယောက်အတွက်ဆိုရင်တော့ ပြောမနေပါနဲ့တော့။
(T/N: ချင်းရို့က သူတို့နှစ်ယောက်က မချစ်ကြတော့ သူသာ လုယန်ရဲ့ပိုက်ဆံသုံးလိုက်ရင် ငြိုငြင်ခံရမယ်ထင်နေတာကွာ၊ လုယန်က သူ့ကို မြင်မြင်ချင်းကြိုက်တာ သိမှမသိသေးဘဲ 🤭)
ချင်းရို့သည် အနှီငွေစာရင်းစာအုပ်ကို အာလူးပူပူတစ်လုံးအဖြစ် တွေးမိသဖြင့် သူ့ဆီကို ပြန်ပေးချင်နေခဲ့သည်။ ပိုက်ဆံကို စီမံခန့်ခွဲရန်အတွက် သူ့အပေါ်မှာ မူတည်တယ်လေနော်။
သူမအတွက်ကတော့ အလုပ်တစ်ခုကို တတ်နိုင်သမျှ မြန်မြန်ရှာပြီး အပိုဝင်ငွေရှာရန် နည်းလမ်းရှာတာပဲ ပိုကောင်းပေမည်။
အိမ်ရှေ့၌ ဟင်းသီးဟင်းရွက်ခြံတစ်ခုထားကာ အသီးအပင်အနည်းငယ်စိုက်ထားရမယ်။ ပိန္နဲသီး၊ တောကြက်မောက်သီးနှင့် သရက်ပင်အနည်းငယ်ကို စိုက်ကိုစိုက်ရမယ်။
… စိတ်ကူးစိတ်သန်းက အမြဲတမ်း လှပနေပေမယ့် - စိုက်ပျိုးလို့ရနိုင်လားဆိုတာတော့ မသေချာသေး။ တကယ်တော့ ချင်းရို့လည်း ယခင်က မြေကြီးပေါ်မှာ ဘာမှမစိုက်ပျိုးဖူးပေ။ သူမက လသာဆောင်၌ စိုက်ပျိုးခြင်းကိုသာ နက်နက်နဲနဲလေ့လာသင်ယူခဲ့ဖူးကာ အနီရောင်စတော်ဘယ်ရီသီးအိုးကြီးတစ်အိုးကို စိုက်ပျိုးရန် ယွမ်ထောင်ပေါင်းများစွာသုံးစွဲခဲ့သည်မှာ အကြီးမားဆုံးအောင်မြင်မှုပင်။
Thank you all.