၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၄)
လုယန်ရဲ့ မိဘတွေက ချင်းရို့ဆီမှာ အမြွှာကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အခါ ကျန်းဖျင်က သူမရဲ့ ချွေးမလေးကို ခေါ်ကာ နွေးနွေးထွေးထွေး စကားပြောဆိုနေခဲ့သည်။ သူမရဲ့ ချွေးမလေးက ငရုတ်သီးလေးဖြစ်ကြောင်း သူမ ကြားသိထားရသော်ငြား သူမအား ထိတ်လန့်စေမှာကို စိုးရွံ့သဖြင့် သူမရဲ့ အသံကို အတတ်နိုင်ဆုံး ညင်ညာလိုက်၏။
"လုယန်က မင်းအပေါ် ကောင်းရဲ့လား?"
"သူ မင်းကို အနိုင်ကျင့်သေးလား? သူ ငယ်ငယ်တုန်းက အရမ်းဆိုးသွမ်းခဲ့တာလေ..."
"မင်းတို့ ဒီမှာ အဆင်ပြေကြလား?"
"အဆင်ပြေပါတယ်၊ လုယန်က အရမ်းကောင်းပါတယ်..."
ချင်းရို့ သူမရဲ့ ယောက္ခမနှင့် စကားစမြည်ပြောပြီးနောက် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်လာကာ ယခင်ကလောက် စိတ်မလှုပ်ရှားတော့ပါချေ။
စကားစမြည်ပြောနေရင်း တွေ့ရှိခဲ့ရသည်မှာ -- ငါ့ယောက္ခမနဲ့ ငါက အသင့်တော်ဆုံးအရပ်အမောင်းရှိတဲ့ စုံတွဲတွေ ဖြစ်နိုင်မလားနော်။
လုယန်နှင့် နှိုင်းယှဉ်ပါက သူမနှင့် သူမရဲ့ ယောက္ခမတို့ရဲ့ အရပ်အမောင်း ကွာခြားချက်ဟာ နမ်းဖို့အတွက် ပိုအဆင်ပြေတာပဲလေ။
သူမရဲ့ ယောက္ခမကြီး လုကျုံးရီကတော့ အလွန်လေးနက်ပုံရကာ ပျင်းစရာကောင်းပြီး စကားများများမပြောတတ်ကြောင်း တွေ့ရှိခဲ့ရသည်။
သူမယောက္ခမနှစ်ယောက်စလုံးက ပေါင်းသင်းဆက်ဆံရတာ အတော်လေးလွယ်ကူလှပေ၏။ ဦးလေးဝမ်နှင့် ဦးလေးဟယ်တို့က ချင်းရို့နားမလည်နိုင်တဲ့ ဒေသိယစကားတွေနဲ့ တီးတိုးပြောဆိုနေကြသည်။
သို့သော်လည်း သူတို့အားလုံးက ပေါင်းသင်းဆက်ဆံဖို့ရာ လွယ်ကူပုံရလေသည်။
အိမ်တွင် ဧည့်သည်အများကြီးရှိသဖြင့် ညစာအတွက် အရသာရှိတဲ့စားပွဲကြီးကြီး ပြင်ဆင်ရမည်မှာ သဘာဝပင်။ ချင်းရို့၊ လုယန်နှင့် ကျန်းဖျင်တို့က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြလျက်။
ကျန်းဖျင်က "မင်းအဖေက မင်းလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို စားချင်တယ်လို့ ပြောနေတာ"
လုယန်က ပျင်းရိစွာဖြင့် "ကောင်းပါပြီဗျာ"
ချင်းရို့: "..." ဒါဆို မိသားစုထဲက လူတိုင်းက သူမခင်ပွန်းလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို သဘောကျကြတာပေါ့လေ?
"ရှောင်ချင်းရေ မင်းက ကိုယ်ဝန်ရှိနေပြီမို့ မီးဖိုချောင်မဝင်နဲ့တော့"
"မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်မက အားလုံးအတွက် ဟင်းချက်ပေးမလို့"
ကျန်းဖျင်က ဒီစကားတွေကို ကြားလိုက်ရတော့ အလွန်ဝမ်းသာသွားကာ "ကောင်းပါပြီ၊ ဒါဆို ငါ့ချွေးမလေးရဲ့ လက်ရာကို မြည်းကြည့်ရတော့မှာပေါ့"
"မားရေ ကျွန်တော်တို့အတွက် မီးဖိုချောင်ကို ထားခဲ့လို့ရတယ်ဗျာ"
ချင်းရို့: "…"
"ကောင်းပြီ၊ ဒါဆို ငါအပြင်ထွက်တော့မယ်နော်။ မင်းသေချာလုပ် ရှောင်ချင်းကို မပင်ပန်းစေနဲ့ဦး" ကျန်းဖျင် ထွက်သွားလေ၏။
သူမ ထွက်မသွားခင်မှာ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူမရဲ့သားငယ်ဟာ သူ့မိန်းမရဲ့ ပါးပြင်အား နမ်းလိုက်တာကို ဖမ်းမိသွားခဲ့သည်။
ကျစ် ကျစ်... သူက သူ့အမေအိုကြီးကို မျက်စိစပါးမွှေးစူးစရာလို့ တကယ်မြင်နေတာပဲ။
အပြင်မှာရှိနေတဲ့ လောင်လုက သူမကို တွေ့တဲ့အခါ မေးလာခဲ့၏။ "မင်းဘာလို့ထွက်လာတာလဲ?"
"သူတို့လင်မယားကို သီးသန့်စကားပြောခွင့်ပေးလိုက်တာလေ"
ဘေးအိမ်က လောင်ဝမ်ဟာ "မင်းတို့က တကယ်ပဲ သားအဖဖြစ်ထိုက်တာပဲကွာ။ ရှောင်လုက သေချာပေါက်ကို မင်းရဲ့သားပဲကွ"
"မင်း ငယ်ငယ်တုန်းကနဲ့ အတူတူပဲ"
"ဟန်ဆောင်တာ၊ မင်းက ဟန်ဆောင်ကောင်းလွန်းတယ်ကွာ!"
လက်မခံနိုင်စရာပါပဲ... သူ့ရဲ့ချွေးမဖြစ်သူ ရှောင်ချင်းဟာ သူမရဲ့ သဘောထားပြောင်းလဲသွားသလို သူမရဲ့ အသံဟာလည်း ဒီဂရီအနည်းငယ်လောက် ပျော့ပျောင်းနူးညံ့လာခဲ့ပြီ။ သူ့အဖေကို ဒေါသူပုန်ထအောင်လုပ်တတ်တဲ့ သားဖြစ်သူ လုယန်ဟာ စိတ်ဆတ်သူတစ်ယောက်ပင်။ သို့သော် ယခုဆိုရင်တော့ဖြင့် ဒီကောင်လေးဟာ စိတ်အားထက်သန်ပြီး အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ လူတွေက တကယ်ပဲထင်သွားပေလိမ့်မည်။
"လောင်လုရေ မင်းလည်း ဟန်ဆောင်နိုင်လွန်းတယ်ကွာ"
လုကျုံးရီ အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့၏။ "မင်း အငယ်တွေရှေ့မှာ အကြီးတစ်ယောက်လိုပြုမူလေ"
"မင်းကိုကြည့်စမ်း၊ လူကြီးတွေက ဦးဆောင်ဖို့မသွားခဲ့ရင် မင်းသွားလိုက်တာနဲ့ ရန်ဖြစ်နေလိမ့်မယ်"
"ငါ့သားဆို ဘယ်လောက်ကောင်းလိုက်သလဲ၊ သူ့မိန်းမကို ဘယ်လောက်ချစ်လိုက်သလဲ ကြည့်ကြည့်လိုက်လေ။ သူ့မိသားစုထဲက လူတိုင်းဟာ သူ့ဇနီးလေးကို သူ ချစ်မြတ်နိုးကြတယ်လို့ ပြောနေတာလေ"
ဤစကားတွေကြောင့် လုကျုံးရီ အနည်းငယ် ထုံထိုင်းသွားရလျက်။ သူတို့က သူ့သားနှင့် ချွေးမလေးတို့အကြောင်းကို တခြားမိသားစုဝင်တွေဆီမှာ အခုလေးတင် မေးမြန်းခဲ့ရာ မစ္စစ်ယန်သည် စစ်ဦးစီးချုပ်လုက သူ့ဇနီးလေးကို အရမ်းချစ်မြတ်နိုးတယ်လို့ ပြောပြလာခဲ့သည်။
အနှီစုံတွဲက အရမ်းချစ်ကြတာမို့ ရန်ဖြစ်သံလည်း တစ်ခါမှ မကြားဖူးကြောင်း၊ လုယန် ပင်လယ်ထဲသွားပြီး ပြန်လာတဲ့အခါ ဇနီးမောင်နှံဟာ ဆိပ်ကမ်းမှာ အကြာကြီးပွေ့ဖက်ထားတတ်ကြောင်း၊ သူ့ဘေးနားရှိ ကပ္ပတိန်က သူတို့ကို ဘယ်လောက်ပဲ စနောက်နေပါစေ မခွဲခွာခဲ့ကြောင်း...
"ရှင်က စစ်ဦးစီးချုပ်လုရဲ့အဖေလား? ရှင်တို့မိသားစုထဲမှာ အိမ်ထောင်မပြုရသေးတဲ့ သားရှိသေးလား?"
လုကျုံးရီ: "…"
လောင်ဝမ်: "…"
"ရဲဘော်လောင်ဝမ်ရေ၊ ငါတို့လုမိသားစုက မင်းကို တကယ်ပဲကျေးဇူးတင်ရမှာကွာ။ မဟုတ်ရင် ငါ့သားက သူလိုချင်တဲ့ဇနီးလေးကို ဘယ်လိုရှာတွေ့နိုင်မှာလဲ?"
ဟားဟား...
ပထမနှစ်ဝက်၌ သူက သူ့သားကို လက်တွဲဖော်ရှာဖို့ တိုက်တွန်းနေခဲ့ရ၏။ ထို့နောက် သူ့သားက သူသဘောကျတဲ့မိန်းကလေးကို ရှာတွေ့သွားခဲ့ပြီး လက်ထပ်လိုက်လေသည်။
တစ်ယောက်က ချောမောခန့်ညားသလို နောက်တစ်ယောက်ဟာလည်း ချောမောလှပသူပင်။ တစ်ယောက်က အရာရှိဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကြေညာသူတစ်ယောက် ဖြစ်လာခဲ့ကာ ယခုဆို သူ့ချွေးမလေးရဲ့ ဗိုက်ထဲမှာလည်း အမြွှာလေးရှိနေခဲ့လေပြီ။
- ဒီလိုလှပတဲ့အရာမျိုး ဘယ်မှာများရှိနိုင်ဦးမှာလဲ?
"နောက်တစ်ခါကျ မင်းနဲ့ လောင်ကျန်းကို ငါ့အိမ်မှာ သောက်ဖို့ ဖိတ်ချင်တယ်ကွာ။ မင်းကို ဧည့်ခံဖို့အတွက် ဝိုင်ကောင်းကောင်း နှစ်ပုလင်း ဖွင့်လိုက်မယ်။ မင်းစောစောက ပြောလိုက်တဲ့ ပုလင်းဆိုရင်ရော ဘယ်လိုလဲ?"
လောင်ဝမ် တကယ်ပဲ မပျော်ရွှင်နိုင်တော့ပေ။ "အဲဒီဝိုင်ပုလင်းကို ရိုက်ပဲခွဲခွဲ၊ ပင်လယ်ထဲပဲ ပစ်ချလိုက်ရင်တောင်မှ ငါသောက်ဖို့အတွက် ဘယ်တော့မှ ဖွင့်မှာမဟုတ်ဘူးလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလားကွ?"
"ငါ့ဆီမှာ မကြာခင် မြေးနှစ်ယောက်ရတော့မှာလေ၊ လာ လာ၊ ငါနဲ့ အတူတူ လာပျော်ကြပေါ့ကွာ"
လောင်ဝမ်: "ဖာ့ခ်ယူပဲကွ"
အိမ်သို့ ဧည့်သည်ငါးဦး ရောက်လာသဖြင့် ကျန်းဖျင်နှင့် လောင်ဝမ်မိန်းမတို့က စားပွဲကြီး ချက်ပြုတ်ရန် လာရောက်ကူညီခဲ့ကြ၏။ လုယန်က ဘန်းမုန့်ပေါင်းကြီးတွေ အများအပြားလုပ်ထားခဲ့ကာ ချင်းဖို့ကလည်း အစာသွပ်အတွက် ပြင်ဆင်နေခဲ့သည်။
အပြင်ဘက်မှာတော့ လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က ဖက်ထုပ်လုပ်ရန်အတွက် ဖက်ရွက်တွေကို အတူတူပြင်ဆင်နေခဲ့ကြ၏။ ကံကောင်းလို့ပေါ့ သူတို့ဆီမှာ ဒလိမ့်တုံးတွေ အများကြီးရှိနေတော့ သူတို့လက်ထဲမှာ တစ်ယောက်တစ်ခုစီ ရှိနေကြတာ။
နောက်ဆုံးတွင်မူ ချင်းရို့ ပြန်ယူလာတဲ့ဘဲကို ဇီးချဉ်ဘဲသားအဖြစ် ချက်ပြုတ်ခဲ့သည်။ ချင်းရို့မှာ တခြားဝါသနာတွေမရှိပေမယ့် အဖုံးပါအိုးစောက်တွေကို စုဆောင်းရတာ သဘောကျသူပင်။ ပုဇွန်၊ ဆားနယ်ငါးနှင့် ခရမ်းသီးနုပ်နုပ်စင်းဟာ အဖုံးပါအိုးစောက်နှင့် ထည့်လိုက်တဲ့အခါ အထူးတလည် လှပသွားလေ၏။
ဆူပူပူဖြင့် ကြော်ထားသော ကြက်သွန်မြိတ်နှင့် ပြည်ကြီးမျှော့၊ ငါးပေါင်း၊ ခဝဲသီးနှင့် ကင်းမွန်မွှေကြော်၊ ပုဇွန်၊ ကဏန်းပြာနှင့် ကမာပေါင်းတို့ ဖြစ်ကြသည်။
ခြံထဲမှ ခဝဲသီးတွေနှင့် ခရမ်းသီးတွေကို လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားခဲ့၏။ ချင်းရို့ရဲ့ ခြံထဲတွင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေနှင့် အသီးအနှံတွေ အများကြီး ကျန်ပါသေးသည်။ သူမက ပဲစောင်းလျာသီးနှင့် ဆလတ်နည်းနည်း ဆွတ်လိုက်ပြီး ကမာဆော့စ်နှင့် မွှေကြော်လိုက်၏။ ထို့နောက် ပုဇွန်လုံးဟင်းချို ချက်လိုက်သည်။
ကျန်းဖျင် အသားကင်နေခဲ့သဖြင့် ချင်းရို့က အဲဒီအနံ့လေးဟာ အရမ်းအရသာရှိပုံပေါ်တယ်လို့ တွေးနေမိလျက်။ ကျန်းဖျင်က သူမကို တစ်ခု မြည်းကြည့်ခိုင်းလေသည်။ အဲဒါက ပန်ကိတ်နှင့် ဆင်တူသော်လည်း အပြင်ဘက်တွင် ကြွပ်ရွပြီး မွှေးပျံ့နေလေ၏။ ၄င်းကို နှမ်းဖြူနဲ့ နှစ်ပြီး စားလိုက်ပါက ကြွပ်ကြွပ်ရွရွအသားတွေကြောင့် ဝါးလိုက်တဲ့အခါ အရသာမှာ အထူးကောင်းမွန်လှသည်။ အသားကို တစ်ဝက်လှီးဖြတ်လိုက်ရင်လည်း အတွင်းထဲမှာ နူးညံ့ကာ အရည်ရွှဲနေပြီး မွှေးပျံ့နေဆဲပင်။
Thanks for reading!