Chapter 77
Viewers 8k

🧝Chapter 77




အဆုံးသတ်၌ အစားကောင်းကြိုက်သူအစစ်အမှန်ဖြစ်​သော ရှုမင်က သူ့အစ်ကိုဖြစ်သူ ရှုဟွမ်းကို ဘေး​နားကတောင်သို့ပြောင်းရွှေ့ရန် အမှန်တကယ်တောင်းဆိုခဲ့​ခြင်းဖြစ်သည်။မဟုတ်လျှင် သူတို့မိသားစု၏ ငွေ​ရေးကြေး​ရေးအခြေအနေအရ၊ နွေရာသီနှင့် ဆောင်းရာသီကို ရှောင်ရန် အပြင်မှာ ဗီလာတစ်ခုဆောက်ရုံသာ လိုလေသည်။


သို့သော်လည်း ရှုဟွမ်းက သူလိုချင်တိုင်း ဆောက်​​ပြီး ငွေကို ရေလိုသုံးတတ်သည့် ဂိုက်များသောယောကျာ်းတစ်ယောက်မျှသာမဟုတ်ပါချေ။စက်မှုလုပ်ငန်းများစွာကိုလည်း တာဝန်ယူထားသည်။ အဓိကမှာ ရှုမင်သင်္ဘောနှင့်အရင်ပြန်ပို့လည့် ဇီးသီးချဉ်အိုးတွေက သူ့မိန်းမ၏ အစာစားချင်စိတ်ကို တကယ်ကို တိုးလာစေခဲ့သည်။ထိုမှသာ သူ တကယ်သွေးဆောင်ခံလိုက်ရပြီး ထိုအကြောင်းကို ကြိမ်ဖန်များစွာ ခဏခဏ ညည်းညူသံကြား​နေရ​သောကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ခဲ့သည်။


ထို့ကြောင့် ရှုမင်က နှစ်ဘက်စလုံးကို ဂုဏ်ယူသောစိတ်ဖြင့် မိတ်ဆက်ပေးခဲ့သည်။ တစ်ဖက်တွင် ရှုဟွမ်းက ပို၍သတိထား​ပြီး ​တွေးပေးတတ်ကာ၊  တစ်ဖက်က သူ၏ရုတ်တရက်လာရောက်လည်ပတ်မှုကို ပေါ့ပေါ့တန်တန်ရှိလွန်းသည်ဟု မခံစားရစေရန် နှစ်ဖက်လုံးနှင့်သိသည့် ချွီလောင်ကို မိတ်ဆက်ပေးရန်အထူးတလည်တောင်းဆိုခဲ့သည်။


ချွီလောင်က ယခု​လိုလုပ်ရသည်အား ပျော်​လေသည်။ ယခုအခါ တော်ဝင်ကုန်သည်အမှတ်အသားကိုကိုင်ဆောင်ထားသည့် ရှုမိသားစုသည် ၎င်းတို့၏ အကြီးမားဆုံး ရေခဲဝယ်ယူသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။ရန်ရှုန်းတိနှင့် ဟယ်​ကောအာ အတွက်ကောင်းသည်ဟု သူထင်သည်။ ရေခဲရောင်းခြင်း၏ အကျိုးကျေးဇူးတွေက နောက်ဆုံးမှာ သူတို့ဆီ ပြန်ရောက်လာပြီဖြစ်လေသည်။


နှစ်ဦးနှစ်ဖက်အကြား မိတ်ဆက်ပွဲအပြီးတွင် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့ဖူးသော ရှုဟွမ်းက စကားဝိုင်းဖွဲ့ကာ လျင်မြန်စွာပဲ စိတ်အေးသက်သာရှိပြီး ပျော်ရွှင်စရာ​ကောင်းသော လေထုကို ဖန်တီးပေးခဲ့သည်။


မြောင်ဟယ်က ထိုကလေးရှုမင်အပေါ် အထင်အမြင်ကောင်းရှိလေသည်။သူက သူများနှင့်စကားပြောနေချိန်မှာ အမြဲ ကိုယ့်ကိုကိုယ်ထိန်းကာ စားပွဲပေါ်ရှိ ဇီး​ကြွပ်သီး​တွေအကြောင်း မမေးပါ​ချေ။ထို့ကြောင့် သူကပဲ စပြီးနှုတ်ဆက်လိုက်ရသည်။


"ကွက်တိပဲ...စားပွဲပေါ်ကဟာတွေက ကျွန်တော်တို့အခုမှအချဥ်တည်ထားတဲ့ ဇီးကြွပ်သီးတွေ... မကြာခင် လက်ဖက်ရည်ဆိုင်မှာလည်း တင်ပြီး ရောင်းမှာ...စိတ်မရှိဘူးဆိုရင် သခင်လေးရှု အဲဒါကို ကူမြည်းကြည့်ပြီး အရသာဘယ်လိုနေလဲကြည့်ပေးပါ့လား"


၎င်းကိုကြားသောအခါ ရှုမင်၏မျက်လုံးများ တန်းတောက်ပလာသည်။ရှုဟွမ်းက သူ့ညီအစား အလျင်အမြန် တောင်းပန်လိုက်၏။

"သူက အရမ်းအစားမက်တဲ့ ကလေး...ဟယ်ကောအာကိုရယ်စေမိပါပြီ... နောင်မှာ အပြင်ဘက်မှာ လူမတွေ့ရင် မင်ရှီလို့သာခေါ်လိုက်... သူစားဖို့ အပိုတစ်ခုပေးဖို့လည်း မမေ့နဲ့နော်"


တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ရှုမင်က ဇီးသီးယူရန်လက်လှမ်းလိုက်သည်။သူစားချက်စိတ်လေးပျောက်သွားပြီး သူ့အစ်ကိုကိုပဲ စိုက်ကြည့်လိုက်သည်။ယင်းက အားလုံးကို ရယ်မော​စေခဲ့လေသည်။


သို့သော် ဇီး​ကြွပ်သီးများက ဧည့်သည်အားလုံးကို လျင်မြန်စွာ အနိုင်ယူခဲ့သည်။ချွီ​လောင်ပင်လျှင် တတိယမြောက်အလုံးကို မယူဘဲမ​နေနိုင်ခဲ့ပေ။သူများကို လှောင်ပြောင်ခဲ့ဖူးသော ရှုဟွမ်းလည်း ချောင်းဟန့်ပြီး အိုးအနည်းငယ်ကို အခုပဲ မှာယူချင်သည်ဟု ပြော​လိုက်လေသည်၊အကြောင်းမှာ လူတိုင်းက နောင်မှာ အပြေးအလွှားဝယ်ကြတော့မှာဖြစ်၍ပင်။


မြောင်ဟယ်က ၎င်းကိုကြားသောအခါ ပီတိပြုံးပြုံးနေသည်။


"မှာစရာ မလိုပါဘူး...ကျွန်တော်တို့အားလုံးက အနာဂတ်မှာ အိမ်နီးနားချင်းတွေ ဖြစ်ကြမှာပဲဟာ...ပြီးရင် အိုးနည်းနည်းလောက်ပြန်ယူသွားကြပါ...ဒါတင်မကဘူး တံခါးဝကို ​ရောက်လာတဲ့လူတွေက ကောင်းကောင်းပြုမူပြီး လက်ဆောင်တွေလည်း ယူလာကြတယ်လေ" 


ရှုဟွမ်း အနည်းငယ် သိချင်သွား၏။သူကစားပွဲပေါ်ရှိ အလုံပိတ် ပုလင်းကို ညွှန်ပြပြီး ပြောသည်။

"ဟယ်ကောအာက စောစောက လက်ဖက်ရည်ဆိုင်မှာ ရောင်းမယ်လို့ ပြောတယ်... ဒါကြောင့် သို​လှောင်​ဖို့ စားပွဲပေါ်က ဒီအိုးလေးကို သုံးဖို့ စိတ်ကူးထားတာလား"


"ဟုတ်တယ်... ဒီနည်းနဲ့ဆို အချိန်ပိုကြာအောင် ထားနိုင်တယ်...ခုနက သာ့လန်နဲ့ကျွန်တော် စိတ်ပူနေတာ... ဘယ်စျေးသတ်မှတ်ရမလဲဆိုပြီး"


စားသည်နှင့်အလုပ်ရှုပ်နေသော ရှုမင်က ဤတစ်ကြိမ်မှာအရင်ဝင်ဖြေလာသည်။

"ကျွန်တော်ကတော့ တစ်တေးက အဆင်ပြေမယ်ထင်ပါတယ်... ပိုမြင့်လို့ရ​သေးတယ်"


ရှုဟွမ်းက သူ့ညီကို ခေါင်းခေါက်လိုက်သည်။

"အရင်က မင်းကို တစ်ယောက်တည်း အပြင်ထွက်ခိုင်းခဲ့ပေမဲ့ မင်းကအခုထိ မဆင်မခြင်ဖြစ်နေတုန်း... ရာသီဥတု၊ ပမာဏနဲ့ ရိတ်သိမ်းမှုအကြောင်း မေးပြီးပြီလား"


"မင်းနဲ့ စီးပွားရေးအကြောင်း ပြောမှာမဟုတ်ဘူး...ဒီ ဇီး​ကြွပ်သီးတွေကို လုံးဝဝယ်ဖို့ ဆန္ဒရှိတယ်လို့ပဲပြောမယ်"

စိတ်ခံစားချက်များသည် အစားကောင်းကြိုက်သူ၏ အမြင်မှဖြစ်သည်။


"ဟားဟား...မြှောက်ပင့်ပေးလို့ မင်ရှီကို ကျေးဇူးတင်ပါတယ်...ဒီအပြောနဲ့တင် နောက်ထပ်အိုးသုံးလုံးထပ်သွားဗျာ"


သို့ပေမဲ့ ချွီလောင်ကလည်း ထိုသည်ကို အမှန်တကယ် ထောက်ခံမဲပေးလာခဲ့သည်။ငွေဆင့်ရှစ်ဆယ်က အလွန်နည်းသည်။လက်ဖက်ရည်ဆိုင်၏ ဂုဏ်သတင်းနောက်ခံလည်းရှိသည်။နှစ်တေး အရင်ထားကြည့်ရပြီး တစ်ချက်ကြည့်ရအောင်ဟုဆို၏။ယင်းကို ရှုညီအစ်ကိုများက ကြားသောအခါ နှစ်​ယောက်လုံးက သဘောတူကာ ခေါင်းညိတ်ကြသည်။


ဒီတော့ မရိုးသားတဲ့ စီးပွားရေးသမားတွေက ငွေစအနည်းငယ်အတွက်နဲ့ ဒီလိုပစ္စည်းတွေကို ရောင်းစားနိုင်တယ်ပေါ့...


ဤတွေ့ဆုံပွဲက သိပ်မကြာလိုက်​ပေ၊မည်သို့ပင်ဖြစ်စေ အားလုံးက ကောင်း​ကောင် မရင်းနှီးကြသေးသည်မဟုတ်ပါလော။ရှုညီအစ်ကိုနှစ်ယောက်က အမြန်ပြန်ကြပြီး ဇီးကြွပ်သီးအိုးငါးအိုးယူသွားသည်။ ဤနေရာသို့ တရားဝင်ပြောင်းရွှေ့ပြီးနောက် ရန်သာ့လန်က ၎င်းတို့အား ရွာလူကြီးထံ လိုက်ပို့​ပေးမည်ဟု နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်။ဤကိစ္စကို ဘယ်သူကမှ ဂရုစိုက်စရာမလိုပေမဲ့ ရန်သာ့လန်ကိုလာရှာခြင်းက ခင်မင်ရင်းနှီးမှု အလွှာတစ်ခုတိုးလာခြင်းဟုဆိုလိုပေသည်။



ထိုသို့ဖြင့် သူက ထိုလူများကို အိမ်ပြင်လ်ုက်ပို့လိုက်ပြီးနောက် မြောင်ဟယ်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။


"ဒါက တိုက်ဆိုင်မှုလား... ဒါမှမဟုတ် သူတောင်းစားကြက်က တကယ်ကို အရသာရှိလွန်းလို့ လူပါ ဒီရောက်လာတာလား"


ရန်သာ့လန်က တစ်ဖက်လူ၏ ခေါင်းကို ကိုင်လိုက်သည်။

"ကိစ္စမရှိပါဘူး...စောင့်ကြည့်ကြတာပေါ့...အဆင်မပြေရင် မပတ်သက်ကြရုံပဲ"


မြောင်ဟယ်က ချက်ချင်းပင် ခေါင်းကို စောင်းလိုက်ကာ မျက်လုံးများ တောက်ပလာ၏။

"ဝိုး...သာ့လန်က စာများများဖတ်လေ ပိုတော်လေပါ့လား"


ရန်သာ့လန်က  ​မိမိဘာသာလေ့လာခြင်းတွင် ဘယ်တော့မှကြိုးစားမှုကို မရပ်တန့်ခဲ့​ပေ။ယခု သူက များစွာပြောင်းလဲသွားခဲ့သည်။၎င်းကိုကြားပြီးနောက် သူ့မျက်နှာပေါ်မှာ ရှက်ရွံ့မှုအရိပ်အယောင်ဖျက်ခနဲပေါ်လာသည်။မြောင်ဟယ်က ပြုံးကာ အတင်းကုန်းကြည့်သည်။သေချာသည်ပင်၊နောက်ဆုံးမှာ မြောင်ဟယ် တစ်ကျော့ ပြန်ရောက်ရှိလာသည့် ​ပွေ့ဖက်မှုတွေ အနမ်းတွေဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသည်။


မြောင်ဟယ်တစ်ယောက် တင်းတင်းကြပ်ကြပ်အဖက်ခံထားရကာ တစ်ဖက်လူ၏ရင်ဘက်ကြီးကို သက်တောင့်သက်သာရှိစွာပွတ်သပ်လိုက်သည်။

"ဘာလို့ ရှက်တာလဲ...ကျွန်​တော် ခင်ဗျားစာဖတ်နေတဲ့ပုံစံကို တကယ် သဘောကျတာ" 


ရန်သာ့လန်က မျက်လွှာချကာဆိုသည်။ "ကိုယ်က​တော့ မင်းကို ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ချစ်တယ်"


သူ၏နက်​မှောင်​သောမျက်လုံးများထဲတွင် နူးညံ့မှုများရှိနေသည်။

ပျော်ရွှင်မှုနှင့်အတူ မြောင်သယ် ပို၍ပင် မူးဝေသွား​တော့သည်။


ကလေးများ နိုးလာပြီး မျက်လုံးများ ကျယ်ကျယ်ဖွင့်ကာ ချောင်းကြည့်​နေလျှင်ပင် သူတို့ မသိနိုင်​တော့ပေ။


***


ရှုမိသားစု ညီအကိုများဘက်တွင်လည်း ချွီလောင် နှင့် လမ်းခွဲပြီးနောက် ဆွေးနွေးမှုများ ရှိခဲ့သည်။


"သာ့ကော ဒီတစ်ခေါက် ငါအမြင်က တကယ်မှန်တယ်နော်" 

ရှုမင်က ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။ 

"သူတို့က လူများနောက်ကို လိုက်ပြီး မြှောက်ပင့်ဖားယားနေတဲ့လူမျိုး မဟုတ်ဘူးလို့ ငါပြောသားပဲ... သူတို့နဲ့ မိတ်ဖွဲ့တဲ့အခါ မင်းဘာမှ စိတ်ပူစရာ မလိုဘူး"


ခေါင်းမော့ရင်ကော့ကာ ပြောနေသည့် သူ့ညီကိုကြည့်ပြီး ရှုဟွမ်းသဘောကျကာရယ်လိုက်သည်။

"မှန်တယ်...ပြီးတော့ရော"


"ဘာကို ပြီးတော့လဲ"

ရှုမင် ခေါင်းရှုပ်သွားသည်။


ရှုဟွမ်း သက်ပြင်းချလိုက်သည်။ ယသူ့ညီလေး၏ စူးစမ်းမှုစွမ်းရည်က အလွန်နိမ့်နေသေးသည်။ 

"ပြတင်းပေါက်အပြင်ဘက်ကို အနီးကပ်မကြည့်ခဲ့ဘူးလား"


"ပြတင်းပေါက်အပြင်ဘက်က အိမ်နောက်ဖေးမဟုတ်ဘူးလား... ဒီတစ်ခေါက် ဆရာကျူးလုပ်ခဲ့တာနဲ့ နည်းနည်းဆင်သလိုပဲ" 

ရှုမင် သတိရအောင် ကြိုးစားလိုက်သည်။


"ပြတင်းပေါက်အပြင်ဘက်မှာ စိုက်ထားတဲ့ ပန်းတွေက ငါတို့အိမ်ကခြံဝင်းထက် အရောင်ပိုလှတယ်... ကွေ့ဟွား ပင်အောက်က လက်ဖက်ရည်စားပွဲပေါ်မှာ စာအုပ်တစ်အုပ်ရှိတယ်...လှုပ်ကုလားထိုင်နှစ်လုံးရှိပြီးတော့ ကြောင်ကကူရှင်ပေါ်မှာအိပ်နေတယ်... အနီးနားတစ်ဝိုက်မှာ တစ်ရေးတစ်မောအိပ်နေတဲ့ခွေးတွေရှိတယ်... အနံ့အသက်ဆိုးတဲ့ ကြက်ခြံတွေ သိုးခြံတွေ မရှိဘူး"


ရှုဟွမ်း မျက်လုံးမှေးကာပြန်လည်တွေးတော့လိုက်သည်။


"ဒါက အဲဒီကလူတွေက သူတို့ရဲ့ အားလပ်ချိန်တွေကို အာရုံစိုက်တတ်ပြီး ဘယ်လိုသုံးရမလဲ သိတာကို ပြ​နေတယ်...ပြီးတော့ သူတို့က သာမန်လယ်သမားတွေ မဟုတ်ဘူး"


"သူတို့က လက်ဖက်ရည်ဆိုင်ရဲ့ ရှယ်ယာရှင်တွေလို့ ချွီလောင်က ပြောတယ် မဟုတ်ဘူးလား...သူတို့က အစုပေါ်အအမြတ်ရတယ်လေ...အားလပ်ချိန်ရှိတာပုံမှန်ပဲမဟုတ်လား"


"သူတို့ အမြတ်ဝေစု ရတာ ဘယ်လောက်ကြာပြီလဲ... ခြံထဲ​က ပန်းတွေနဲ့အပင်တွေက လအနည်းငယ်​လေးအတွင်း စိုက်ပျိုးလို့ရလား"


ရှုဟွမ်းက ခေါင်းခါလိုက်သည်။

"အရင်ကတည်းကဖြစ်မယ်... လူတွေက ဘဝရဲ့​လိုက်ဖမ်းမှုကိုမခံရတဲ့အခါယုံကြည်မှုရှိကြတယ်... ဒီတစ်ခေါက် ​ပေးလိုက်တဲ့ ဇီး​ကြွပ်သီး ကြွေအိုးလေးတွေကိုပဲ ကြည့်လိုက် ...သာမာန်လူတွေ သုံးဖို့ဆန္ဒမရှိတဲ့ဟာတွေ"


ဇီကြွပ်သီးသကြားရည်စိမ်ကဲ့သို့သော မုန့်တွေက ဆိုင်မှာ အများအားဖြင့် အိုးကြီးတွေနှင့် ရောင်းချကြပြီး ပန်းကန်လုံးနှင့်ပဲ စားသုံးနိုင်ကြသည်။


"...ဒါက မယုံရဘူးလို့ ဆိုလိုတာလား"


"မင်းဘယ်လိုကောက်ချက်ချလိုက်တာလဲ...မိသားစုကိစ္စအားလုံးကို မင်းကိုထုတ်ဖော်ပြောဖို့ မလိုဘူးကွ... ဒီအရာတွေကို အာရုံစိုက်ပြီး ဘာမှ မစပ်စုမိအောင်နေဖို့ပြောတာ" 

ရှုဟွမ်းက သူ့ညီကိုသင်လိုက်သည်။ "ဒါက ခြားနာမှုကိုရှာတွေ့တဲ့ မင်း ပို​ပြီးအာရုံစိုက်နိုင်အောင်လို့သက်သက်ပဲ...သူများကို ပေါ့ပေါ့တန်တန် မစော်ကားမိအောင်"


"သြော် ... ငါက မင်းရဲ့ နေရာကို ယူဖို့ မသင့်တော်ဘူးလို့ ငါပြောသားပဲကော...မင်း မရီးနဲ့ အမြန်ဆုံးသားတစ်ယောက်ထပ်ယူသင့်တယ်"


ရှုဟွမ်းက ထိုစကားကိုကြားပြီးနောက် သက်ပြင်းချလိုက်သည်။


"ဒီစကားကို သူ့(မ)ကို သွားမပြောနဲ့ မှတ်ထား...အခု သူ ကျန်းမာနေသရွေ့ အဆင်ပြေတယ်"


"သိပါတယ်"

ရှုမင်က သူ့လက်ကို ဝှေ့ယမ်းပြီးဆိုသညိး။

"ဒီကို ပြောင်းလာတဲ့ လူတွေက အဲဒါတွေကိုကောင်းကောင်းမစိုက်နိုင်ဘူးလို့ ထင်ခဲ့တာတာ... ဒီတစ်ခါ ဇီး​ကြွပ်သီးချဉ်ကလည်း အရင်တစ်ခေါက်ကလိုပဲ အရသာရှိလိုက်တာ...မရီး သဘောကျမှာ သေချာတယ်"


"ဒါဆို ငါ သူ့ကို့ ဒီအိုးတွေပေးလိုက်မယ်နော်"

ရှုဟွမ်းက ပြောင်လိုက်သည်။ 


အရင်တစ်ခေါက် သူအိမ်ပြန်ရောက်သောအခါ တစ်ဝက်ပြောင်နေသည့် ဇီးသီးချဥ်ကိုတွေ့သွားချိန် ဤကလေးက အော်လိုက်သည့်ပုံစံကို စဉ်းစားကြည့်ပါ။


ရှုမင်က ခဏလောက်လွန်ဆွဲနေပြီးနောက် ရက်ရက်ရောရော ခေါင်းညိတ်ပြလိုက်သည်။


"ဘာပဲဖြစ်ဖြစ် သူတို့က ဘေးအိမ်မှာရောက်နေပြီ... မကြောက်ဘူး"


များမကြာမီပင် မြောင်ကျားရွာအပြင်ဘက် လမ်းပေါ်တွင် လေးလံသော ရထားလုံးကြီးများ ဖြတ်သွားကာ ရွာ၏တောင်ဘက်သို့ ဦးတည်သွားကြသည်။ရုတ်ရုတ်သဲသဲအသံက ကျယ်လောင်လွန်းသဖြင့် ရန်သာ့လန်တို့ အိမ်တောင်ဘက်တွင် ကြီးမားပြီး လှပသော အိမ်တစ်လုံးရှိသည်ကို နောက်ဆုံးတွင် လူများက ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူတို့က ရန်သာ့လန်တို့ မိသားစုထက်ပင် ပိုချမ်းသာသည်။ပြီးလျှင် နောက်ဆုံးမှာ ရထားလုံးက အနှီလှပသော အိမ်ကြီးထဲကို မောင်းဝင်သွားခဲ့သည်။


ဒါဆို ဘယ်သူက ဒီကို ပြောင်းလာတာလဲ...ဒီမြို့က ချမ်းသာတဲ့ မိသားစုလား...


ဒီလှုပ်ရှားမှုအကြီး​ကြီးရှိတာကို ဘာလို့ အဲဒါကို အရင်က အဲဒီအကြောင်း မကြားဖူးတာလဲ...ရွာလူကြီး သိလား...


ရွာလူကြီး ခဏလောက်ဦးနှောက်ခြောက်သွားသည်။ရန်သာ့လန်အားသွားမေးမြန်းတော့မည်ပြုချိန်မှာပဲ သူက လူချမ်းသာအဝတ်အစားများ ဝတ်ဆင်ထားသော ညီအစ်ကိုနှစ်ယောက်ကိုခေါ်၍ ရောက်လာသည်။


ထိုညီအစ်ကို၏လက်ထဲက မြေကွက်တွေကို အတည်ပြုပြီးသည့်နောက်မှာ တောင်တစ်တောင်လုံးထပ် ရှိ​နေသေးသည်။


ရွာလူကြီးသည် သူ့စိတ်ထဲတွင် ပြောစရာ စကားမဲ့သွားကာ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် စိတ်အားထက်သန်လာသည်။


"လက်စသတ်တော့ ဆုမြို့က ဂုဏ်သရေရှိ ဧည့်သည်တွေကို... ဟေး ဆုမြို့က မြို့ကြီး​တွေထဲကတစ်မြို့ပဲ

...ခရိုင်ရုံးထက်တောင် ပိုကျယ်သေးတယ်... ရှုရှုန်းက ငါတို့ ရွာလေးကို ရွေးတယ်ဆိုတော့ တကယ်ကို ပိုင်းခြားသိမြင်နိုင်တာပဲ... ငါတို့ရွာရဲ့ အနားတဝိုက်ပတ်ဝန်းကျင်က တကယ်တိတ်ဆိတ်တယ်...လူတွေကလည်း ရိုးသားဖြူစင်ကြတယ်...နောင်ကျ တစ်ခုခုဖြစ်ရင် အကူအညီတောင်းဖို့ဝန်မလေးနဲ့နော်...ငါ့မှာကူညီပေးရမဲ့တာဝန်ရှိတယ်"


ရှုဟွမ်းက ပြုံးကာလက်ကမ်းပေးသည်။

"ရွာလူကြီးပြောသလို ဒီရက်ပိုင်းမှာ ကျွန်တော့်ကို အများကြီးကူညီပေးတဲ့အတွက် ရန်ရှုန်းတိကို ကျေးဇူးတင်ရမှာပါပဲ"


ရွာလူကြီးက အနည်းငယ် တန့်သွားကာ ခြောက်ကပ်ကပ်အပြုံးဖြင့်ဆိုလိုက်၏။ "ဟုတ်တယ်... သာ့လန်က နည်းနည်းတော့ စကားနည်းပေမဲ့ သူက တကယ်ကို စိတ်အားထက်သန်တယ်"


ရန်သာ့လန်က သူ့နောက်ကွယ်မှာ သူ့အကြောင်း ပြောပြမှာလားမသိဟု သူ တွေးမိသည်။ မဟုတ်ဘူး၊ မဟုတ်ဘူး သူ့အစွမ်းအစနဲ့ အဆက်အသွယ်တွေကို ထုတ်ပြဖို့ သူ့အစွမ်းကုန် ကြိုးစားနေရဦးမှာပဲ...


"ရှုရှုန်း ရွာက အရေးကြီးတဲ့ မိသားစုတချို့နဲ့ မိတ်ဆက်ပေးရမလား...ရွာမှာ အဖြစ်အပျက်တွေ ကြုံလာတဲ့အခါ မိသားစု အကြီးအကဲတွေ အားလုံးက အတူတူ ဆုံးဖြတ်ချက် ချကြတဲ့အတွက် သိပ်စဉ်းစားနေစရာ မလိုဘူး

...ရှုရှုန်းက ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ဒါကြောင့် အချင်းချင်းတွေ့ဆုံပြီး မျက်နှာတွေကို မှတ်မိအောင်လုပ်ထားတာ ကောင်းတယ်လေ"

ရွာလူကြီးက ယင်းအတွက် တက်ကြွစွာ တိုက်ခိုက်နေသည်။


တစ်မိသားစုလုံး ပြောင်းရွှေ့ရန် မလိုအပ်သော်လည်း ရှုဟွမ်းက မငြင်းဘဲ ယဉ်ကျေးစွာ လက်ခံခဲ့သည်။ မသွားခင်မှာ သူက လှည့်ပြီးပြောလိုက်သည်။


 "ရန်ရှုန်း အတူတူသွားရအောင်" 


ရှုမင်က သူ့အစ်ကို၏ ရည်ရွယ်ချက်ကို လုံးဝ သတိမထားမိဘဲ သွက်လက်စွာဆိုလိုက်သည်။

"ရန်သာ့ကော ကျွန်​တော်တို့ ဒီမှာပြီးရင် ကျွန်​တော်သွားပြီး ဇီး​ကြွပ်သီးအိုးနည်းနည်းလောက် ရွှေ့လိုက်မယ်နော်"


ရန်သာ့လန်က ခေါင်းညိတ်လိုက်သည်။   


ယခု ရှုမင်က ဇီး​ကြွပ်သီးနှင့် မြေပဲများဖြင့် လဲလှယ်ရန်အတွက်နှင့် ဆု​မြို့မှ ကိတ်မုန့်များနှင့် သစ်သီးများကို သူ့ဆီယူလာခဲ့သည်။ကောလေးက ၎င်းကိုနှစ်သက်ပြီး အသီးအနှံအသစ်ရ၍ ပျော်​နေသည်။သို့ပေမဲ့ အကြိမ်အနည်းငယ်ပြီးနောက် နောက်ဆုံးမှာ သူ မ​နေနိုင်တော့သည့်အတွက် နောင်မှာ အများကြီးဒုက္ခခံစရာမလိုပါဘူး၊ ပိုက်ဆံနှင့်သာ ဝယ်လိုက်ပါဟု ပြောခဲ့သည်။ သူများကို အခွင့်​အ​​​ရေးမယူမိစေရန် တစ်ဖက်က ဘာပြန်ပေးမလာမလဲဆိုပြီး စိတ်ပူရသည့်ဒုက္ခမှ ကိုယ့်ကိုကိုယ် ကယ်တင်လိုက်သည်။၎င်းကိုကြားပြီးနောက် ရှုမင်၏ မျက်လုံးတွေ တောက်ပလာပြီး ရယ်လိုက်ကာ တိုက်ရိုက် မှာရန် သူသိသွားလေသည်။


စားရသည်ကိုကြိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောတတ်သောလူငယ်လေး ရန်သာ့လန်ကလည်း သူနှင့်ဆိုလျှင်သက်တောင့်သက်သာရှိ​သောကြောင့် မေးလိုက်သည်။


"ဇီး​ကြွပ်သီးကအများကြီးမကျန်တော့ဘူးနှစ်အိုးဆိုလောက်လား"


"ဘာ...မကျန်တော့ဘူးလား...ရာသီအစပဲရှိသေးတာလေ"


"သိပ်မစိုက်ထားဘူး"


"ဟမ်...ကျွန်​တော်က ငါးအိုး ဆယ်အိုးလောက် လိုချင်တာဗျ...ကော မရီးဖို့သက်သက်ယူချင်လား...သက်သက်စီလုပ်ရအောင်ပါ"


"အင်း ဒါဆို ငါလည်း ဆယ်အိုးယူမယ်...ခွဲပေးလို့ကျေးဇူးတင်ပါတယ်

ရန်ရှုန်း"


"ဘယ်မှာလဲ"


အဖွဲ့ကို ဦးဆောင်နေသည့် ရွာလူကြီးက အသဲကွဲသွားလေသည်။


သူတို့က ရန်သာ့လန်နဲ့ အရမ်းရင်းနှီးတာလား...ဒီလူတွေက ရေနဲ့ ပိုနီးတာကို လဆီကိုအရင်ရောက်ခိုင်းလို့ ဘယ်ဖြစ်မလဲ...

နောက်ပိုင်းတွင် သူသည် ရှုညီအစ်ကိုများကို ရွာတစ်ဝိုက်တွင် ဦးဆောင်လမ်းပြရန် ပို၍ပင် ကြိုးစားခဲ့သည်။


ယခုလိုလမ်းလျှောက်ရုံလေးက လူတချို့၏ နှလုံးသားကို နိုးကြားစေခဲ့​လေသည်။