🧝Chapter 98
Extra 4
မျိုးနွယ်စုခေါင်းဆောင်က ဟယ်နှင့်ကတိသစ္စာပြုလိုသောသတင်းသည် မျိုးနွယ်စုကြားတွင် ချက်ချင်းပျံ့နှံ့သွားသည်။
နတ်ဆရာထံမှ အကူအညီတောင်းရန် ထိုနေ့တွင် သူတို့နှစ်ဦး အတူတူ ပေါ်လာခဲ့သည်။
ဤနေရာတွင် ကတိသစ္စာပြုရန်၊ သင်သည် ရှေးဦးစွာ ကံကြမ္မာတွက်ပြီး ကိစ္စများကို ဂရုစိုက်ရမည်။
ကြင်စဦးဇနီးမောင်နှံတို့သည် ယဇ်ပလ္လင်ကိုဖွင့်၍သာလျှင် သားရဲနတ်ဘုရား၏ရှေ့မှောက်၌ ကတိသစ္စာပြုခြင်းကို ပြုနိုင်သည်။ ယခုမူ အဖြစ်အပျက်များ စွာ ဖြစ်ပျက်သွားသဖြင့် ရန်သာ့လန် ထူးဆန်းသော မျိုးနွယ်စုရှိ နတ်ဆရာကို အပြစ်မတင်တော့ပေ။ သူတို့ကို တစ်နေရာရာကမေ လမ်းညွှန်ပေးနေသည့် ထူးဆန်းသော စွမ်းအားတစ်ခု ရှိကောင်းရှိနိုင်သဖြင့် ဤနေရာက ရှေးပညာကို လေးစားလိုက်နာတတ်အောင်သင်ယူရပေမည်။
သို့သော်လည်း မော့နှင့် ချွင်းကြားရှိ ယခင်ကတိသစ္စာပြုပွဲက ရွှေ့ဆိုင်းခဲ့ပြီး ရက်ချိန်းကို ပြန်လည်ချိန်းဆိုခဲ့သည်။ ထို့ကြောင့် တွက်ချက်ပြီးနောက် မော့နှင့် ချွင်း၏ ကတိသစ္စာပြုပွဲက ဆယ့်ငါးရက်အကြာ၌ ဖြစ်ပြီး မြောင်ဟယ်နှင့် ရန်သာ့လန် တို့သည် နောက်ထပ်တစ်လ စောင့်ရလေသည်။ ကြင်စဦးတိုင်းတွင် မတူညီသောဆက်ဆံရေးရှိကြပြီး ကတိသစ္စာပြုပွဲရက်စွဲများကို ပေါင်းစပ်၍မရပေ။သီးခြားမင်္ဂလာဆောင်ရန် ရက်အနည်းငယ်စောင့်ဆိုင်းခဲ့ရသော်လည်း မြောင်ဟယ်သည် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။
ထို့ကြောင့် ကတိသစ္စာပြုပွဲမလုပ်ခင်မှာ ရန်သာ့လန်တို့မိသားစုဟာ အလုပ်ရှုပ်နေဟန်ဖြင့် အိမ်အသစ်တစ်လုံးကို စတင်ဆောက်လုပ်ခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်၏တဲကလည်း ရွှံ့အိမ်ဖြင့် အစားထိုးရခြင်းမပြုသေးပေ။ထိုအချိန်က ရန်သာ့လန်က ၎င်းကိုလုပ်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ ယခု သူ့ကောလေးကို ရှာတွေ့ပြီဆိုသည့်အခါ ပြန်သွားပြီး သူ့ဘဝအခြေအနေများကို တိုးတက်အောင်လုပ်ရမည်။
ဆောက်ခဲ့သည်က ရွှံ့အိမ်မဟုတ်ဘဲ သစ်တုံးထူထူတွေနှင့်ဆောက်ထားသော ဇိမ်ခံသစ်သားအိမ်ဖြစ်၏။
အခြားသူများမေးသောအခါ၊ရန်သာ့လန်က ချွင်း၏ရွှံ့အိမ်ကိုကြည့်ပြီးအကြံရခဲ့သည်ဟု အမြဲဖြေသည်။ လက်သမားအတတ်ပညာကို သူ၏ယခင်ဘဝက ရန်သာ့တုန်ထံမှ သင်ယူခဲ့သည်။ရန်သာ့လန် တစ်ချိန်က သူ့အိမ်နောက်ဘက် တောင်ကုန်းပေါ်တွင် သူ့လက်ဖြင့် ပန်းကြည့်လေသာဆောင်ကို တည်ဆောက်ခဲ့သည်။ ထုံးစံအတိုင်း မြောင်ဟယ်က ဤအကြံအစည်ကို စိတ်ကူးမိခဲ့ပြီး မိသားစုထဲက ယောက်ျားသားသုံးယောက်က အလုပ်ရှုပ်ခဲ့ကြသည်။
အကယ်၍ ချွင်းသာ အမှန်တကယ် အချိန်ခရီးသွားဖြစ်ပါက ဤကိစ္စက ချွင်း၏ သံသယမှ လွတ်ကင်းလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ရန်သာ့လန်က မြောင်ဟယ်၏သံသယကို လုံးဝငြင်းဆိုခဲ့သည်။ သူ မြောင်ဟယ်ကို ရှာနေစဉ် ချွင်းကို သဘာဝအတိုင်း အကြိမ်များစွာ စမ်းသပ်ခဲ့သော်လည်း ချွင်းက သူတို့ သိသောအရာများစွာကို မသိခဲ့ပေ။
ဒါဆို ချွင်းအိမ်ထဲကဟာတွေက ဘယ်ကရောက်လာတာလဲ...
သံသယစိတ်က ခဏလေးပဲဖြစ်ပြီး နှစ်ယောက်သား ပစ်ထုတ်ပစ်လိုက်သည်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာအရေးလဲ...
သူတို့နှစ်ဦးစလုံးမှာ အချိန်ခရီးသွားခြင်း နောက်ခံရှိကြောင်း တွေ့ရှိလျှင်ပင် ၎င်းတို့၏ဘဝသည် အလွန်အကျွံ ထပ်ဖြစ်နေမည်မဟုတ်ပေ။
ယခု သူတို့နှစ်ယောက်က မတူညီသည့် ကမ္ဘာမှာ အတူတူ ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ကြသည်။
မှော်ဆန်သော အရာတွေနှင့် အသစ်အဆန်းတွေကို ရှာဖွေစူးစမ်းရန် စိတ်ထဲရှိနေပြီဖြစ်သည်။
ရန်သာ့လန် အသွင်ပြောင်းပြီးနောက်ရှိ သန်မာပြီး နွေးထွေးသော သားမွှေးများနှင့် ကြောင်ကြီးကဲ့သို့ပင်။မြောင်ဟယ် လက်ထဲမချနိုင်ဖြစ်နေပြီး သူ့ကိုယ်သူ မကြာခဏထိုသားမွှေးထဲမှာ မြှုပ်ပြီး ပျော်ရွှင်စွာ လှည့်ပတ်နေလေ့ရှိသည်။ယင်းက မြောင်ဟယ်၏ နားရွက်နှင့် အမြီးတို့နှင့်တူ၏။အဟမ်း၊ စူးစမ်းလေ့လာပြီးနောက်မှာ တစ်စုံတစ်ယောက်က မင်္ဂလာဦးညမှာ ၎င်းတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုသည်ကို အဖြေရှာနိုင်ခဲ့သည်။
မျိုးနွယ်စုထဲက လူတော်တော်များများက နားမလည်နိုင်ကြပါချေ။
ဟေး၊ အဲဒီလူက မော့အပေါ်ထားတဲ့ သူ့ရဲ့အချစ်ဟောင်းကို မေ့ပစ်လိုက်ပြီး မော့နဲ့ ချွင်းတို့ အတူတူပေါင်းဖက်နိုင်စေဖို့ သူ့ကိုယ်သူ အထွတ်အမြတ်တောင်မှာ ဆန္ဒအလျောက် ယစ်ပူဇော်ခံခဲ့တာမဟုတ်လား...ဘယ်လိုဖြစ်လို့ မျိုးနွယ်စုခေါင်းဆောင်နဲ့ နီးစပ်သွားရပြန်တာလဲ...
သို့သော် သူတို့နှစ်ဦး ချစ်ခင်တွယ်တာပုံမှာ အတုအယောင်မဟုတ်ပေ။
လမ်းလျှောက်နေချိန်၌ပင် မြေပေါ်မပြုတ်ကျဘဲ မျိုးနွယ်စုခေါင်းဆောင်၏ကိုယ်ပေါ်တွင် တွဲလွဲခိုထားနိုင်ပြီး ၎င်းတို့သည် မော့ နှင့် ချွင်း ထက်ပင် ပို၍ပင် ချစ်ခင်ကြပြီး ချစ်စရာကောင်းကြသည်။
သူ့မူလကိုယ်၏သူငယ်ချင်းကောင်းတစ်ဦးဖြစ်သည့် မန်က ၎င်းကိုမြင်သောအခါ စိုးရိမ်တကြီးဖြင့်ဆိုသည်။
"ဟယ်...မင်းနဲ့ မျိုးနွယ်စုခေါင်းဆောင်... မင်းတို့ တကယ်ပဲ သူများတွေကို မြင်အောင်လုပ်ဖို့သက်သက် မဟုတ်ဘူး မလား "
သူသည် ဟယ်က မော့ကို ဒေါသထွက်စေပြီး မျိုးနွယ်စုခေါင်းဆောင်ကို အပြစ်ပြုမိစေရန် တမင်ကြိုးစားနေမှာကို စိုးရိမ်နေသည်။
မြောင်ဟယ်က ခဏမျှကြောင်သွားပြီး ပြုံးကာပြောလိုက်၏။
"တကယ်အစစ်ပါ...ငါ သားရဲနတ်ဘုရားကိုယ်ထင်ပြပြီး မိန့်မှာ ခံရတယ်...မင်းသိပြီးပြီလား"
သားရဲနတ်ဘုရားကိုထည့်ပြောလိုက်သည့်အခါ မန်က သံသယလုံးဝမရှိတော့ဘဲ စိတ်ရင်းမှန်ဖြင့်ဆိုသည်။
"ကောင်းလိုက်တာ...ဟုတ်တယ် သားရဲတ်ဘုရားရဲ့ အစီအစဉ်က လုံးဝမှန်တယ်...မျိုးနွယ်စုခေါင်းဆောင်က မော့ထက် သေချာပေါက် ပိုကောင်းရမယ်... မင်းသေချာပေါက်ပျော်ရမှာပါ"
မြောင်ဟယ် အနှီချစ်စရာကောင်းသော သူငယ်ချင်းငယ်လေးကို မဖက်ဘဲမနေနိုင်ခဲ့ပေ။
"ကျေးဇူးတင်ပါတယ် မန်"
မန်က အနည်းငယ်ပျော်သွားပြီး ဆံပင်ကောက်ကောက်ကို ကုတ်ကာ ရယ်သည်။
"ဟေ့ မင်းဘာလို့ဒီစကားပြောနေတာလဲ...မင်းကတိသစ္စာပြုတဲ့နေ့မှာ မျိုးနွယ်ခေါင်းဆောင်နဲ့ လဲရမဲ့ လည်ဆွဲကို လုပ်ပြီးပြီလား...မလုပ်ရသေးရင် မင်းအတွက် ပိုလှတဲ့ တိရိစ္ဆာန်သွားတွေကို ငါသွားရှာလိုက်မယ်"
***
မြောင်ဟယ်နှင့် ရန်သာ့လန်တို့ ကတိသစ္စာပြုရန် ပြင်ဆင်နေချိန်တွင် မော့ နှင့် ချွင်း အကြား လေထုက ပိုမိုထူးဆန်းလာသည်။
အဘယ်ကြောင့်ဆိုသော် မော့၏စိတ်ထဲတွင် အထွတ်အမြတ်တောင်ပေါ်တက်သွားစဥ်က ဟယ်၏ မယိမ်းယိုင်သောကျောပြင်ကို ပြန်လည်အမှတ်ရနေဆဲဖြစ်သည့်အတွက်ပင်။
ထိုမြင်ကွင်းက သူ့ထံသို့ သယ်ဆောင်လာသည့် သက်ရောက်မှုအပြင် သာလွန်ကောင်းမွန်သည်ဟုခံစားရသည့်တိတ်တခိုးခံစားချက်ကို မော့ ယခုအချိန်အထိ မမေ့နိုင်သေးပေ။
လူတွေပြောနေပြသည့် မိန်းမောတွေဝေနေသည်ဆိုသည်က အကုန်မှန်သည်။
"မော့ ဘယ်တိရိစ္ဆာန်သွားကို ကြိုက်လဲ...ကတိသစ္စာပြုပွဲမှာ လဲလှယ်ထားတဲ့ ဆွဲကြိုးက အမြဲဝတ်ထားရမှာနော်... မင်းတကယ်ကြိုက်တဲ့ သွားနဲ့ကိုက်ညီဖို့ ငါမျှော်လင့်တယ်...ဆိုတော့ မင်း...မော့ မော့"
"?"
ချွင်းက အသံအနည်းငယ်မြှင့်လိုက်သည်။နောက်ဆုံးတွင် မိန်းမော့နေသော မော့ သူ့အာရုံထဲသို့ အသိစိတ်အနည်းငယ် ပြန်ရောက်လာသည်။
ချွင်းကနှုတ်ခမ်းကို ကိုက်လိုက်ပြီး မကျေနပ်မှုကို ထိန်းကာ မေးခွန်းကို ထပ်မေးသည်။ အဆုံးမှာတော့ "အကုန် ကြိုက်တယ်" ဆိုသည့် စကားလုံးပဲ ရခဲ့သည်။
ထို့ကြောင့် မှုန်မှိုင်းနေသောလေထုက သူတို့နှစ်ဦးကြားတွင်သာ တိုးလာသည်။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ချွင်းက ခေါင်းငုံ့သွားသည်။
"...မော့ မင်း ဟယ့်ကို ကြိုက်နေသေးလား...အဲဒါဆိုရင် ငါတို့--"
"မဟုတ်ဘူး...ငါ မကြိုက်ဘူး"
မော့လည်း သူ့ကိုယ်သူ တစ်ခုခုမှားနေပြီဆိုသည်ကို သိပေမဲ့ သူမည်သို့ ဝန်ခံနိုင်ပါ့မည်နည်း။
"ငါ နည်းနည်းအားနာနေရုံပါ...ဒါပေမဲ့ အခု သူနဲ့ မျိုးနွယ်စုခေါင်းဆောင်က အဆင်ပြေနေပြီ...ငါတို့လည်း စိတ်အေးသက်သာနဲ့ ကတိသစ္စာပြုလို့ ရသွားတာပေါ့...ဒါကကောင်းပါတယ်..."
ချွင်း၏ မျက်လုံးများသည် မျက်ရည်များဖြင့်ပြည့်နေပြီး သနားစရာကောင်းစွာဖြင့် မေးသည်။
"တကယ်လား...မင်းငါ့ကိုညာနေတာမဟုတ်ပါဘူးနော်"
"ဒါပေါ့...မညာပါဘူး"
ထိုသို့ပြောပြီးနောက် ယခင်ကလိုမျိုး မော့က လူကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ယင်းက ဖုံးကွယ်မှုလားနှစ်သိမ့်မှုတစ်ခုလား ဘယ်သူမှ မသိပါချေ။
ချွင်းလည်း ဂရုမစိုက်ပေ။ သူက နာခံမှုရှိရှိဖြင့်သာ ကိုင်းညွတ်လိုက်သည်။ တွေးကြည့်လေ၊သူ သူတို့၏ ကတိသစ္စာပြုပွဲကို လုံးဝ အမှားအယွင်းအဖြစ်ခံ၍မရပေ။
အရင်ဘဝတုန်းက မော့နှင့်ဟယ်က နောက်ဆုံးအချိန်ထိ အတူတူရှိခဲ့သည်။ လက်ရှိအချိန်မှာ မော့နှလုံးသားထဲမှာ ဟယ်ရှိနေသေးသည်က အံ့သြစရာမဟုတ်ပေ။
ဒါပေမဲ့ ဘာအရေးလဲ...ကျမ်းကျိန်ပြီးနောက်၊ သားရဲများသည် လှည့်စားခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို အလွန်စက်ဆုပ်ကြသည်။
သစ္စာဖောက်ခြင်းသည် သားရဲနတ်ဘုရားကို လှည့်ဖြားခြင်းနှင့် ညီမျှသော ကြီးလေးသောရာဇ၀တ်မှုလည်းဖြစ်သည်။ ထို့ကြောင့် မော့ကို မြဲမြဲ ဖမ်းဆုပ်ကိုင်ထားသရွေ့ မျိုးနွယ်စုခေါင်းဆောင် သေဆုံးပြီး မော့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာသည့်အခါတွင်၊ သူသည် အရာရာ၌ သူ့ဂရုစိုက်ပေးမည့်သူတစ်ယောက်နှင့်အတူ ကောင်းမွန်သော ဘဝမှာနေထိုင်နိုင်မည်ဖြစ်သည်။
သူ့အရင်ဘဝတုန်းကကဲ့သို့ပင်၊သားရဲလှိုင်းအပြီး မြို့ကြီးပြကြီးတစ်ခုမှာ ကျွန်အဖြစ်ရောင်းစားခံရပြီး ထိုအထက်တန်းလွှာသားရဲတွေ၏ ဘဝကောင်းတွေကို သူ့မျက်စိနှင့်မြင်ခဲ့ရသည်။ ထိုကနေ သူအများကြီး သင်ယူခဲ့ပြီးမှ သူ့မွေးရပ်မြေက အလွန်နောက်ကျသည့်ဘဝနှင့် ရှင်သန်နေဆဲဖြစ်သည်ကို သဘောပေါက်သွားခဲ့သည်။ပြီးလျှင် သူလိုချင်သည့်အရာတိုင်းကို ပြီးမြောက်ရန် အာဏာနှင့် အဆင့်အတန်း လိုအပ်သည်။
စောစောက မျိုးနွယ်စုခေါင်းဆောင် ဆောက်ထားသည့် သစ်သားအိမ်က သူ့ကို အနည်းငယ် အံ့သြသွားစေသည်။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်က မသေဆုံးမီ ဤမြေက ဘယ်သောအခါမှ မထွက်ခွာခဲ့သည်ကို သူတွေးမိသည်နှင့် တပြိုင်နက် ချွင်းစိတ်အေးသွားသည်။မြို့တွင်းရှိ အိမ်များနှင့် မည်မျှပင် ဆင်တူသည်ဖြစ်စေ ၊ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သည်။
ထို့ကြောင့် သူက မော့ကိုအမိဖမ်းပြီး ဟွေ့သေမည်ကို စောင့်နေရုံပင်။
ဘယ်လောက်လွယ်လိုက်သလဲ...
မကြာခင်မှာ၊ မော့နှင့်ချွင်းတို့ ကတိသစ္စာပြုသည့်နေ့ရောက်လာသည်။
ထိုနေ့တွင် နတ်ဆရာက အခမ်းအနားမှူးဖြစ်သော်လည်း ပထမခုံတွင်ထိုင်သူသည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ရမည်ဖြစ်သည်။
ယနေ့တွင်မူ မျိုးနွယ်စုခေါင်းဆောင်၏ အနားတွင် ထိုင်ခုံတစ်ခု ပိုလာသည်။ သူတို့နှစ်ဦးက ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုရသေးသဖြင့် ထိုင်ရန်စောလွန်းနေသေးသော်လည်း သားရဲများသည် ၎င်းတို့၏ တွေးခေါ်မှုတွင် အများအားဖြင့်ဖြောင့်မှန်ကြသည်။သူတို့က မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ထားသည့်အနာဂတ်လက်တွဲဖော်ကို နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး စိတ်ရင်းနှင့် နှစ်သက်သဘောကျကြသည်။
မည်သို့ပင်ဖြစ်စေ ဟယ်က ယဇ်ပူဇော်ရန် အထွတ်အမြတ်တောင်သို့ တစ်ကြိမ် ဆန္ဒအလျောက် သွားခဲ့သည်။ ယခုတွင် သူသည် လုံခြုံစွာ ကျန်းကျန်းမာမာဖြင့် ထိပ်ဆုံးတွင် ထိုင်နိုင်နေပြီဖြစ်ပြီး၊ သူ၏ ရဲစွမ်းသတ္တိနှင့် အံ့ဖွယ်ကောင်းမှုများစွာတို့သည် သူတို့၏ တည်ငြိမ်ပြီး ထူးချွန်ထက်မြက်သော မျိုးနွယ်စုခေါင်းဆောင်အတွက် ထိုက်တန်သည်ဟုလည်း ဆိုရမည်။
အမဲလိုက်အဖွဲ့မှလူတိုင်းသည် လွန်ခဲ့သည့်လအနည်းငယ်က မျိုးနွယ်စုခေါင်းဆောင်က အမဲလိုက်ရာတွင် ညွှန်ကြားသောအခါတွင် သူတို့တစ်ခါမှမကြားဖူးခဲ့သော ပိုမိုဘေးကင်းပြီး ပိုမိုထိရောက်သည့်နည်းလမ်းများစွာကိုပြောခဲ့သည်။အမဲလိုက်သည့်အကြိမ်တိုင်း ပြန်ပို့သည့်သားကောင်အရေအတွက်သည် များစွာတိုးလာခဲ့သည်။
ထို့အပြင် မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ထားသော အဖော်က အလွန်လှပသည်။
မြောင်ဟယ်က ထိုနေ့တွင် ရန်သာ့လန်က သူ့အား အအေးဒဏ်မှ ကာကွယ်ရန် အထူးတလည်ရှာဖွေပေးခဲ့သည့် သူ၏ နားရွက်နှင့် အရောင်တူသော လှပသော သားမွေးဝတ်ရုံတစ်ထည်ကို ၀တ်ဆင်ထားသည်။သူ့နဖူးပေါ်တွင် အခမ်းအနားတွေပွဲတွေ၌သာ ဝတ်သည့်
သွားပုတီးနှင့်ရောင်စုံကျောက်တုံးတွေကို ဝတ်ဆင်ထားသည်။ယားသားရဲတစ်ကောင်အတွက် သူ၏လှပေသော ရုပ်ရည်နှင့် သူခန္ဓာကိုယ်အလှနှင့်လိုက်ဖက်သော ထည်ဝါသောစိတ်နေစိတ်ထားကို ဖော်ပြနိုင်ရန် ခဲယဉ်းလေသည်။သို့ပေမဲ့ သူ့ပုံစံက တကယ်ကိုအရှိန်အဝါအပြည့်နှင့်ကြည့်ကောင်းသည်။
ထို့ကြောင့် ကျမ်းသစ္စာပြုစဉ်တွင်ပင် မော့သည် ၎င်း၏ရည်းစားဟောင်းကို အကြိမ်ကြိမ် ခိုးကြည့်ခဲ့သေးသည်။
ဟယ်က မျိုးနွယ်စုခေါင်းဆောင်၏ လက်မောင်းကို မှီ၍ ပြုံးကာနေပြီး ရံဖန်ရံခါ မက်မွန်ပွင့်မျက်လုံးများကိုပင့်၍ အရပ်ရှည်ရှည် မျိုးနွယ်စုခေါင်းဆောင်ကို လူလိမ်လူညစ်လေးဟန်ဖြင့် ကြည့်တတ်သည်ကို သူမြင်နေရသည်။
အကြောင်းတစ်ခုခုကြောင့် မော့ သူ့နှလုံးသားထဲတွင် ဖော်မပြ၍မရနိုင်သော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်။
တစ်ခုခုကို မသိလိုက်ဘဲ ချန်ထားခဲ့မိသလိုပါပင်။
သူ့ဘေးမှာ ရပ်နေသည့်လူက သူကျေးဇူးတင်ပြီး ချစ်မြတ်နိုးသင့်သည့် ချွင်းဖြစ်သင့်သည်ဆိုပေငြား...
သို့ပေမဲ့ ဘယ်အရောင်ကဘယ်လောက်ပဲလှလှ သူ့နှလုံးသားထဲက လိမ္မော်ရောင်ကို အစားထိုးနိုင်လိမ့်မည်မဟုတ်ပါချေ။
***
မော့နှင့် ချွင်းကြား ကတိသစ္စာပြုပြီးနောက်တွင် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်နှင့်သူ၏အဖော်တို့ ကြားကကတိသစ္စာပြုပွဲ။
လွန်ခဲ့သည့်ရက်အနည်းငယ်မှစတင်ကာ မျိုးနွယ်စုတစ်ခုလုံးသည် အပြည့်အ၀ပြင်ဆင်၍လာခဲ့သည်။အတိုင်းအတာပမာဏက မော့ မိုနှင့်ချွန်း၏ ကတိသစ္စာပြုပွဲနှင့် လုံးဝကွာခြားလေသည်။မျိုးနွယ်စုတစ်ခုလုံးတွင် အထူးယက်လုပ်ထားသော ပန်းများနှင့် အထူးချိတ်ဆွဲထားသော စပျစ်နွယ်ပင်များရှိသည်။ ခန်းမ၏ နှစ်ဖက်စလုံးတွင် မရေမတွက်နိုင်သော မီးတိုင်များ ထွန်းထားသည်။ သူတို့သည် ကြီးမားသော တိရစ္ဆာန်သွားအလှအဆင်တန်ဆာများစွာကိုပင် သယ်ဆောင်လာကြသည်။
နတ်ဆရာပြင်ထားသည့် ယဇ်ပလ္လင်ပင် မတူချေ။
သုံးပေမြင့်သော စင်တစ်ခုပေါ်တွင် သားရဲနတ်ဘုရား၏ ကြီးမားသော မြွေရုပ်တုကို အခိုင်အမာ တပ်ဆင်ထားသည်။
အခမ်းအနားအစတွင် စစ်သည်တော်များက ဗုံများတီးကာ သားရဲများက ကောင်းချီးပေးကြသည်။
ဤသည်မှာ မျိုးနွယ်စုခေါင်းဆောင်နှင့်သူ၏တွဲဖက်တို့သာ ခံစားနိုင်သော ဓလေ့တစ်ခုဖြစ်သည်။
ပရိသတ်ထဲမှ ချွင်းက ၎င်းကို ကျိန်းစပ်သောမျက်လုံးများဖြင့် ကြည့်နေခဲ့ရပြီး တစ်ဖက်မှ မော့က ရင်ဘတ်ထဲမှ သိမ်ငယ်စိတ်ကိုဖိနှိပ်ရုံသာတတ်နိုင်ခဲ့သည်။
ဤကဲ့သို့ ပျားပန်းခတ်လှုပ်ရှားနေသည့် အချိန်မှာ မြောင်ဟယ်က အလွှာအထပ်ထပ်များနှင့်ဝတ်စုံကို ၀တ်ဆင်ထားကာ လှပလွန်း၍ သူလမ်းမလျှောက်နိုင်လုနီးနီးပင်။
သို့သော် အရပ်မြင့်မြင့် ကိုယ်ဟန်မတ်မတ်နှင့် ရန်သာ့လန်က ယဇ်ပလ္လင်တွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသောအခါတွင် သူ့ခြေလှမ်းများက အလိုအလျောက် အရှိန်မြန်လာသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးကို ရပ်တန့်၍ပင်မရနိုင်တော့။
ထို့နောက် နတ်ဆရာက ၎င်းတို့၏ မျက်နှာ၊ ပခုံးနှင့် လက်များကို ဆေးသုတ်ပေးသည်။
နတ်ဘုရားကိုမပူဇော်မီ အခမ်းအနားသည် အလွန့်အလွန်လေးနက်ပြီးရင်း လေးနက်သည်။
ထို့နောက် မြင်ကွင်းကဘတိတ်ဆိတ်သွားပြီး နတ်ဆရာထံမှ လျှို့ဝှက်ဆန်းကြယ်သော ရွတ်ဆိုသံများကိုသာ ကြားနေရသည်။နောက်ဆုံးတွင် နတ်ဆရာက သူတို့ကို ဒူးထောက်ခိုင်းလိုက်ပြီးလျှင် ရွတ်ဆိုလေတော့သည်။
"ကမ္ဘာဦးလောက၏အရှင်သခင် သားရဲနတ်ဘုရား"
"ကျွန်ုပ် ဟွေ့/ဟယ်က အသွေးအသားနှင့်စိတ်ဝိညာဉ်ကို နတ်ဘုရားထံ အပ်နှင်းလိုပါသည်"
"ဘေးဒုက္ခရှိသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ ဟယ်/ ဟွေ့နှင့်အတူရှိပါမည်...ကျွန်ုပ်တို့၏ အသွေးအသားနှင့်စိတ်ဝိညာဥ်တို့သည် အချင်းချင်းမှီတည်လျက်ရှိကြပါမည်ဟု ကတိသစ္စာပြုပါသည်"
"ကမ္ဘာဆုံးထိတိုင်အောင်"
ကတိသစ္စာပြုခြင်း၏ နောက်ဆုံးဝါးကျကိုထွက်ကျလာပြီးနောက် မြွေရုပ်ထု၏မျက်လုံးများက အမှန်တကယ် အနည်းငယ်လင်းလက်သွားခဲ့သည်။
အခမ်းအနားအား ကြည့်ရှုနေသည့် မျိုးနွယ်စုဝင်များက ၎င်းကိုတွေ့ရှိပြီးနောက်တွင် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။
သို့သော်လည်း မြောင်ဟယ် သူ့မျက်လုံးများတွင် ကျိမ်းလာသည်ကိုသာ ခံစားခဲ့ရပြီး ကတိသစ္စာက အမှန်တကယ်ဖြစ်လာမည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်နေခဲ့သည်။
ရန်သာ့လန်ကို ခေါင်းလှည့်ကာကြည့်လိုက်ရာတွင် သူလည်း အလားတူဖြစ်နေသည်ကို တွေ့လိုက်ရသည်။နှစ်ဦးစလုံး၏ မျက်လုံးများက တစ်ဖက်လူအပေါ်မှာပဲရှိနေသည်။
အချင်းချင်း ဆုပ်ကိုင်ထားသော လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။
ကောင်းကင်နှင့်မြေကြီး မရှိတော့သည့်တိုင်အောင်။ထာဝစဥ်။
***
ထိုအချိန်တွင် ရွှေရောင်မြွေလေးတစ်ကောင် အဝေးကသစ်ပင်၌ ပုန်းနေ၏။
ဤမြင်ကွင်းကိုကြည့်ပြီးနောက် သူက ဂုဏ်ယူစွာနှင့် ခါးလေးလိမ်ပြီး ထွက်သွားခဲ့လေသည်။