အပိုင်း
၁
ပေကျင်းမြို့၏
CBD အလယ်တည့်တည့်ရှိ မှန်လုံခန်းအဆောက်အဦသည် အလွန်တိတ်ဆိတ်နေ၏။ ထျန်းကျင်း group ဥက္ကဌရုံးချုပ်တွင်
အလုပ်သမားတွေသည် သူတို့၏အလုပ်ထဲ၌ နစ်မြုပ်ထားပြီး အိပ်ပျော်နေသော နတ်ဆိုးကို နှိုးလိုက်မိမှာ
ကြောက်နေသကဲ့သို့ စာရိုက်သံနဲ့ mouse နှိပ်သံတွေဟာ ပုံမှန်မဟုတ်စွာနှင့် တိုးတိုးတိတ်တိတ်
ဖြစ်နေသည်။
ရုတ်တရက် သန့်ရှင်းနေသော အမဲရောင် ကြွေပြားခင်းထားသည့်
ကြမ်းပြင်ပေါ်မှ ဒေါက်ဖိနပ်သံသည် အခန်းထဲသို့ထိုးဖောက်လာ၏။
အသံနီးကပ်လာသည်နှင့်အမျှ လူတိုင်း၏ အကြည့်တွေသည် ဖြူဖွေးသွယ်လျသည့် ခြေတံရှည် တစ်စုံဆီသို့
ရောက်သွားကြသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် လိမ္မော်နုရောင်စကပ်တွဲဝတ်ထားသည့် နူးညံ့သော
အသွင်အပြင်က ပို၍ပင် ဆွဲမက်ဖွယ်ကောင်းလှ၏။
စူးထောင်သည်
လုပ်ဖော်ကိုင်ဖက်များ၏ စပ်စုသောအကြည့်နှင့် လှောင်ပြောင်သောအကြည့်များကို လျစ်လျူရှုထားလိုက်သည်။
သူမ၏ ကုမ္ပဏီပထမဆုံးရက်ကတည်းက ထိုသူများ၏ အကြည့်များမှတဆင့် သူမအပေါ် ဖော်ရွေမှုမရှိဟု
ခံစားခဲ့ရ၏။
ရပ်တန့်ခြင်းမရှိဘဲ
ဥက္ကဌရုံးခန်း၏ အနက်ရောင်တံခါးဆီသို့ တည့်တည့်လျှောက်လိုက်သည်။ ဥက္ကဌ ရုံးခန်းတံခါးဖြစ်သည့်အလျောက်
လေထုမှာလည်း အေးစက်စက်နှင့် တင်းတင်းကြပ်ကြပ်ဖြစ်နေသည်ပင်။
အကြီးတန်း
အတွင်းရေးမှူး၏ အလုပ်ခန်းဆီ ဦးတည်နေသည့် အနက်ရောင်တံခါးထောင့်မှ စူးထောင် ပျောက်ကွယ်သွားသည်နှင့်
လုပ်ဖော်ကိုင်ဖက်များသည် အာရုံမပြန့်လွင့်တော့ဘဲ မိမိတို့၏ အလုပ်ကို အာရုံပြန်စိုက်လာကြ၏။
ရုံးထဲတွင်
ရုတ်တရက် ထမြည်လာသော ဖုန်းသံက လူတိုင်းကို ထခုန်စေလုမတတ်ပင်။ ဖုန်း၏အရှေ့တွင် ထိုင်နေသော
အတွင်းရေးမှူး ချိန်ရှုးက နူးညံ့စွာဖြင့်ဖုန်းဖြေလိုက်သည်။ " မင်္ဂလာပါရှင်။ ဥက္ကဌ
ရုံးကပါ။"
တစ်ဖက်မှ
ဘာပြောလိုက်သည်မသိ ချိန်ရူး၏မျက်နှာသည် ဖြူဖျော့သွားသည်။ "သွားပြီ"
အနက်ရောင်တံခါးပေါက်ဆီသို့ စိတ်ပျက်အားငယ်သောအကြည့်ဖြင့်ကြည့်လိုက်ရင်း
ပြောလာသည်။"မနေ့က ငါ့ကိုပေးထားတဲ့ အရောင်းဌာနရဲ့စာရွက်စာတမ်းတွေကို ဥက္ကဌဆီ ပို့ဖို့မေ့သွားတယ်။"
သူမနံဘေးမှာထိုင်နေသော
အတွင်းရေးမှူးများထဲမှ တစ်ယောက်ဖြစ်သည့် ထျန်ရင်ရင်သည် အခြေအနေကို ချက်ချင်း ချက်ချင်း
သဘောပေါက်သွားသည်။ စာနာသောမျက်လုံးများဖြင့် ဖုန်းကို ညွန်ပြပြီး ပြောလိုက်၏။
" သူတို့နင့်ကို အခုချက်ချင်းပို့ခိုင်းတာလား။"
"ငါသေတော့မှာပဲ။" သူမအမှား၏ အတိမ်အနက်ကို ခံစားမိသည်နှင့် တပြိုင်နက်
သူမရင်ဘတ်က အကြမ်းပတမ်းခုန်လာ၏။
ထျန်ရင်ရင်သည်
အနက်ရောင်တံခါးဆီ မျက်စပစ်ကာ ချိန်ရှုး ကို မေးငေါ့ပြလိုက်သည်။ ချိန်ရှုးက သဘောပေါက်သွားပြီး
လျင်မြန်စွာ စာရွက်စာတမ်းကို ဆုပ်ကိုင်ကာ ဥက္ကဌ ရုံးခန်းဆီသို့ ခပ်မြန်မြန်လျှောက်သွား၏။
ဥက္ကဌရုံးခန်း၏
ဆန့်ကျင်ဘက် တည့်တည့်တွင် စက်ဝိုင်းပုံသဏ္ဍန် ရုံးစားပွဲတစ်ခုရှိနေသည်။ ဖြူပြပြ အလင်းရောင်
အလှဆင်ထားထားသဖြင့် စားပွဲက လက်ရာမြောက်ပြီး ဆန်းပြားနေသယောင်ယောင်။
စားပွဲခပ်ကျယ်ကျယ်
နောက်မှာထိုင်နေသော ပန်းနုရောင်စကပ်နှင့် စူးထောင်၏မျက်လုံးများက ကွန်ပြူတာဖန်သားပြင်ပေါ်
အာရုံစိုက်ထားပြီး keyboard ပေါ်တွင် စာရိုက်နေလေသည်။ သူမ၏ ပြစ်မျိုးမှဲ့မထင် ဖြူစင်သော
အသားအရည်နှင့် နူးညံ့သော အသွင်အပြင်က အားနည်းချက်မရှိပေ။
သူမ၏
သမင်မျက်လုံးများဟာ သိမ်မွေ့ပြီး အပြစ်ကင်းစင်ကာ ရန်လိုခြင်းကင်းမဲ့နေသည်။သို့သော်ငြား သူမကို ခပ်ကြာကြာငေးကြည့်လိုက်လျှင် မင်းကိုဆွဲငင်ယူပုံရတဲ့
သူမကိုယ်တွင်း ဖုံးကွယ်ထားသော စွမ်းအားကို ခံစားမိနိုင်ပြီး ထိုအရာက သူမကအားနက်နက်ရှိုင်းရှိုင်း
စူးစမ်းချင်အောင် လုပ်နေ၏။
"စူးထောင်
ကျေးဇူးပြုပြီး ငါ့ကိုကူညီပါဦး။" ချိန်ရှုးသည် စားပွဲပေါ် တစ်ဝက်ကိုင်းလိုက်ရင်း
တိုးတိုးလေးပြောလိုက်သည်။ " အရောင်းဌာနရဲ့ဒါရိုက်တာက ဒီစာရွက်စာတမ်းကို အလျင်စလိုဖြစ်နေလို့
နင်ငါ့ကို ကူပြီး ယူသွားပေးလို့ရနိုင်မလား။"
စူးထောင်သည်
ချိန်ရှုးလက်ထဲမှ စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းလင်းပြတ်သားသောအသံဖြင့်
နူးနူးညံ့ညံ့မေးလိုက်သည်။ " သူတို့ဘာလို့ နင့်ကိုစာရွက်စာတမ်းပေးတာ တော်တော်လေး
နောက်ကျနေရတာလဲ။"
"ဟုတ်တယ်
သူတို့က စိတ်မချရဘူး။ ငါဘယ်လိုလုပ်ရမလဲ။" ချိန်ရှုး ခပ်တိုးတိုးလေး ညည်းငြူလိုက်၏။
" ဥက္ကဌက အထဲမှာ အစည်းအဝေး လုပ်နေတယ်။ ငါမဝင်ရဲဘူး။ စူးထောင် နင်ကအကောင်းဆုံးပဲ။
ကျေးဇူးပြုပြီးငါ့ကို ကူညီပေးလို့ရမလား။"
စူးထောင်
ခေါင်းညိတ်လိုက်ပြီး ချိန်ရှုးလက်ထဲမှ စာရွက်စာတမ်းကိုယူလိုက်ကာ ဥက္ကဌရုံးခန်းဆီ ဦးတည်လိုက်၏။
စူးထောင်၏မျက်နှာသည်
အေးဆေးတည်ငြိမ်နေပြီး သူမမျက်လုံးများက လူတို့ရဲ့ အတွင်းစိတ်ကို ဖတ်နိုင်သော ကိရိယာလိုပင်။သူမက
ချိန်ရှုးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ "ငါနင့်ကို စာရွက်စာတမ်းယူသွားပေးလို့ရတယ်။
ဒါပေမယ့် နောက်တစ်ခါကျရင် ဒီလိုမနှောင့်နှေးစေနဲ့နော်။"
ချိန်ရှုး၏
မျက်နှာသည်တောင့်တင်းသွားပြီး ရှက်ရွံ့စွာခေါင်းညိတ်ပြရင်း မြင်ကွင်းမှ ခပ်မြန်မြန်မထွက်သွားမီ
သူမကို ကျေးဇူးတင်လိုက်ကာ အလိမ်အညာထုတ်ဖော်ခံလိုက်သလို ခံစားလိုက်ရသည်။
စူးထောင်သည်
ဖိုင်ကိုဖွင့်၊ အလျင်အမြန် စစ်ဆေးပြီး အမှားအယွင်း မရှိကြောင်း အတည်ပြုလိုက်၏။ သူမ
မတ်တပ်ရပ်ကာ ပန်းနုရောင် စကပ်ကိုဆွဲဆန့်လိုက်ပြီး ဒေါက်မြင့်ဖိနပ်ဖြင့် အနက်ရောင် တံခါးဆီသို့
လျှောက်သွားခဲ့သည်။
အနက်ရောင်တံခါးနောက်ကွယ်မှ
ကျယ်လောင်သောဆူညံသံက ရုံးခန်းထဲရှိလူတိုင်းကို အတုန်အရင်ဖြင့် ကြောက်ရွံ့စေ၏။
နောက်ထပ်
စာရွက်စာတမ်းသည်လည်း ကြမ်းပြင်သို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်ခံလိုက်ရပြီး လူတိုင်း၏
ခြေရင်းရှိ စာရွက်များနှင့်အတူ ပြန့်ကျဲနေလေသည်။
ကြီးမားသော
စားပွဲနောက်ရှိအမျိုးသားသည် သက်သောင့်သက်သာရှိစွာ သူရဲ့ကုလားထိုင်ကိုမှီထားရင်း လက်ကိုင်တန်းပေါ်၌
လက်ကိုတင်ထား၏။ သူ၏ အနက်ရောင် ရှုပ်အင်္ကျီလက်ကို ခေါက်တင်ထားခြင်းက ဖြူသောလက်မောင်းပိုင်းကို
တစေ့တစောင့်ပေါ်လွင်စေသည်။ ထင်ရှားသော လက်ဆစ်များနှင့် သူ့လက်ညိုးက အမိန့်ပေးနေဟန်
ကစားပွဲပေါ်ရှိဖိုင်ကို တတောက်တောက်နှင့် ခေါက်နေခဲ့၏။
စည်းချက်ကျကျ
ခေါက်သံသည် သေခြင်းတရားခေါ်သံနှင့်တူပြီး ထိုအသံရပ်သွားလျှင် သေရမည့် အချိန်အခါဖြစ်လာမည်ကို
စိုးထိတ်ကြကာ လူတိုင်းက မိမိတို့၏ အသက်ရှုသံကို ထိန်းချုပ်ထားကြသည်။
ရှည်လျားကျဉ်းမြောင်းသော
မျက်လုံးများက သူ့လက်ထဲကဖိုင်တွဲတွေကို စိုက်ကြည့်နေ၏။ ပြတင်းပေါက်အပြင်ဘက်ရှိအုံ့ဆိုင်းပြီး
အေးစက်စက်လေထုရစ်သိုင်းနေသော ရာသီဥတုလိုပင် သူ၏မည်းမှောင်သောမျက်နှာက လူအများကို တုန်လှုပ်စေသည်။
ခေါက်နေသံက
တုန့်ခနဲရပ်သွားသည်နှင့် လူတိုင်းက ထိတ်လန့်နေရာမှ သက်ပြင်းခိုးချလိုက်မိ၏။သူ၏ဒေါသ
နောက်တစ်ကြိမ် ပေါက်ကွဲမလာခင်တွင် တံခါးခေါက်သံ ခပ်တိုးတိုးကိုသူတို့ကြားလိုက်ရသည်။
ပိုပြီး
ထိန့်လန့်စရာကောင်းသည်မှာ ဥက္ကဌ၏ခွင့်ပြုချက်မရဘဲ အပြင်ဘက်မှ တံခါးကိုတွန်းဖွင့်လိုက်ခြင်းပင်။
"မင်းကိုဘယ်သူ
ဝင်ခွင့်ပေးလို့လဲ..." သူ့ရဲ့စူးရဲတဲ့အကြည့်ဖြင့်
တံခါးဆီသို့ တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် သူ့၏ဒေါသများ တုန့်ခနဲ ရပ်တန့်သွား၏။
စူးထောင်သည်
တုံ့ဆိုင်းသွားပြီး အခန်းတွင်းရှိတင်းကြပ်ကြပ်လေထုဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ
ခြေလှမ်းကို ဆုတ်လိုက်၏။
ကြည့်ရတာ
အချိန်မှားဝင်သွားမိပုံပဲ။
သူမတံခါးကိုပိတ်ပြီး
ထွက်သွားတော့မည်အချိန်တွင် ခပ်နိမ့်နိမ့်အသံက သူမ၏ခြေလှမ်းကို ရပ်တန့်လိုက်သည်။
"ဝင်လာခဲ့"
စူးထောင်တစ်ယောက်
နာခံစွာဖြင့် ရုံးခန်းထဲသို့လျှောက်ဝင်လာပြီး အားလုံး၏ အကြည့်အောက်တွင်ပင် စားပွဲဆီသို့လျှောက်သွားကာ
စာရွက်စာတမ်းများကို ထိုပေါ်တွင် တင်လိုက်၏။
"ဥက္ကဌရှဲ့
ဒါက အရောင်းဌာနရဲ့ အတည်ပြုချက်စာရွက်စာတမ်းတွေပါ။ ဒါက အလျင်လိုတယ်။"
သူမဘာပြောလိုက်တယ်?
အလျင်လိုတယ် ဟုတ်လား?
ဒီ အကြီးတန်းအတွင်းရေးမှူးအသစ်က ရူးများရူးနေသလား?
သေခြင်းတရားကို
ကိုယ်တိုင်ရှာရင်တောင် သူတို့ကိုတော့ လာမဆွဲထည့်နဲ့လေ။
ထိုအခိုက်အတန့်တွင်
လူတိုင်းက အတွင်းစိတ်ထဲတွင်အော်ဟစ်နေကြပြီး ခပ်ရို့ရို့လေးဖြစ်အောင် လုပ်နေကြသည်။
ဥက္ကဌရှဲ့၏
စူးရဲသောမျက်လုံးများက ရုတ်တရက် နက်နဲလာပြီး သူ့ရှေ့က နူးနူးညံ့ညံ့မိန်းကလေးကို စိုက်ကြည့်ကာ
အသံနိမ့်နိမ့်ဖြင့်ပြောလိုက်၏။"မင်းအဲဒီမှာ ဘာရပ်လုပ်နေတာလဲ။"
တစ်ဦးတစ်ယောက်မျှမတုန့်ပြန်ခင်
သူ၏နက်နဲသောမျက်လုံးများက သူတို့ဆီသို့လှည့်လာကာ "ထွက်မသွားသေးဘူးလား။ ငါမင်းတို့ကို
ထမင်းခူးကျွေးမှာကို စောင့်နေတာလား။
တစ်စက္ကန့်ကြာငြိမ်သက်သွားပြီးနောက်
လူတိုင်းက ကြက်သေသေနေရာမှ နိုးလာကာ အနက်ရောင်တံခါးမှ အပြေးအလွှား ထွက်လာကြ၏။
စူးထောင်လည်းလှည့်ထွက်သွားဖို့လုပ်တော့ သူ၏ခပ်နွေးနွေးလက်က သူမရဲ့အေးစက်စက် လက်ချောင်းများကိုဆုပ်ကိုင်ကာ
သူ့နံဘေးသို့ဆွဲခေါ်သွား၏။"ခဏတုန်းက ဘယ်တွေသွားနေလဲ။"
အစည်းအဝေး
မစခင်တုန်းက သူမရဲ့ထိုင်ခုံမှာ သူမရှိမနေတာကို သတိထားလိုက်မိသည်။
ရင်းနှီးသော
စန္ဒကူးရနံ့က သူမနှာခေါင်းတွင် စွဲကပ်နေ၏။ စူးထောင်သည်ခေါင်းလှည့်ကာ တင်းကြပ်စွာပိတ်ထားသော
လိုက်ကာကို တစ်ချက်စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေလိုက်သည်။
"
ကျွန်မ သတင်းပြန်ကြားရေးဌာနကို သွားခဲ့တာ။ အဲဒီမှာ သူတို့က သူတို့ရုံးခန်းပြောင်းဖို့လျှောက်တင်နေကြတာ။
ကျွန်မကြည့်လိုက်တော့ တော်တော်လေးကို စည်းကားနေတာပဲ။"
"မိနစ်လေးဆယ်လောက်ကို
ကြည့်လိုက်တာလား။" ရှဲ့ကျင်သည် မျက်ခုံးကိုပင့်တင်လိုက်ပြီး သူ့မျက်ဝန်းနက်နက်မှာလည်း
သံသယအပြည့်နှင့်ပင်။
စူးထောင်သည်
တုံ့ဆိုင်းသွားပြီး ရှဲ့ကျင်၏ အကြည့်စူးစူးကို တည့်တည့်ကြည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့်
" ကျွန်မ အိမ်သာနဲ့ လက်ဖက်ရည်ခန်းကိုလည်း သွားခဲ့သေးတယ်။ ဒါကြောင့် အချိန်ကြာသွားတာ။"
ရှဲ့ကျင်တစ်ယောက်
မျက်လုံးကိုမှေးစင်းလိုက်ရင်း သူမ၏သွယ်လျလျလက်ကို ပွတ်သပ်နေ၏။ သူ၏ တုန်လှုပ်ခြောက်ခြားပြီး
ပူပန်နေတဲ့ခံစားမှုတွေက လှောင်အိမ်ကနေ ထိုးဖောက်ထွက်ဖို့ကြိုးစားနေသော သားရဲတစ်ကောင်လိုပင်။
" စောင့်ကြည့်ရေးကင်မရာကို စစ်ကြည့်ကြမလား။"
စူးထောင်သည်
သူမ၏ကြည်လင်သောမျက်လုံးများကို ပင့်တင်လိုက်ရင်း သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက်
ခပ်မြန်မြန်ပင် အဝေးသို့အကြည့်လွှဲလိုက်၏။ သူမက အမူအရာကင်းမဲ့စွာဖြင့် "ရတယ်လေ"
စကားပြောပြီးနောက်
သူမ၏လက်ချောင်းကို ဆတ်ကနဲ ပြန်ရုတ်သိမ်းကာ လှည့်ထွက်သွားလိုက်၏။
"ဘယ်သွားမလို့လဲ။"
ရှဲ့ကျင်၏ အမူအရာက လေးလေးနက်နက် ဖြစ်သွားသည်။
"စောင့်ကြည့်ရေးကင်မရာကို
စစ်ဆေးဖို့လေ။" စူးထောင်၏ လေသံမှာ အေးအေးဆေးဆေးဖြစ်နေပြီး သူမက သူ့ရဲ့အမိန့်ကို
လိုက်နာနေသကဲ့သို့ပင်။
ရှဲ့ကျင်ရဲ့မျက်နှာဟာ
အေးခဲသွားကာ လေသံက မှုန်ကုပ်ကုပ်ဖြစ်လာပြီး " ကိုယ်က မင်းအမှန်အတိုင်းပြောတာ ကြားချင်ရုံပါ။"
"စောင့်ကြည့်ကင်မရာကို
စစ်ဆေးကြည့်မှ ကျွန်မအမှန်အတိုင်း ပြော၊ မပြောဆိုတာ သိမှာလေ"
စူးထောင်၏
နူးညံ့ညံ့လေသံက မကျေနပ်မှုအရိပ်အယောင် တစ်ချက်မျှပင်မပြဘဲ ရှဲ့ကျင်ရဲ့ပြင်းထန်သော
မုန်တိုင်းပမာဒေါသသည် သူမ၏နူးညံမှုကြောင့် တဖြည်းဖြည်းငြိမ်သက်သွားသည်။
"နောက်တစ်ခါကျရင်
ကိုယ် မင်းကို ရှာလို့မတွေ့တာမျိုးမဖြစ်စေနဲ့။ လိမ္မာပါကွာ။"
စူးထောင်ဟာ
မျက်လွှာချလိုက်ပြီး ရှည်လျားသောမျက်တောင်များက အနည်းငယ်ပေါ်ထွက်နေကာ သူမ၏ ကြည်လဲ့လဲ့အသားအရည်မှာလည်း
အနုစိတ်သော ကြွေထည်လိုပင် လှပနုနယ်နေသည်။
ရှဲ့ကျင်သည်
သူမ၏နာခံမှုကို ကျေနပ်သွားပြီး သူ့ရဲ့ ခပ်နိမ့်နိမ့်အသံက မှော်စွမ်းအားအပြည့်နှင့်ပင်။
" ဒီည အိမ်စောစောပြန်ကြရအောင်။"
သူမ၏ကြည်လင်သော
သမင်မျက်လုံးများဟာ မြင့်တက်သွားပြီး သူရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်လုံးနက်နက်ကို ကြည့်လိုက်သည်။
သူမသည်
သူ၏အရိပ်အမွက်ကိုနားလည်သွားပြီး ခဏလောက်တိတ်ဆိတ်သွားကာ ခပ်တိုးတိုးလေးပြောလာ၏။
" ကျွန်မရဲ့လစဥ် ဓမ္မတာက ခပ်စောစော လာနေလို့။"
ရှဲ့ကျင်၏
အမူအရာက မပြောင်းလဲသွားဘဲ"ကိစ္စမရှိဘူး။"
စူးထောင်သည်
မငြင်းတော့ဘဲ စားပွဲပေါ်ရှိစာရွက်စာတမ်းကို ညွန်ပြကာ ထိုအရာတွေကို လက်မှတ်ထိုးရန်
လှုံဆော်လိုက်သည်။
ရှဲ့ကျင်တစ်ယောက်
ပျင်းရိစွာနှင့် ဘောပင်ကောက်ကိုင်ကာ သူ့နာမည်လက်မှတ်မထိုးမီ စာရွက်စာတမ်းများကို ခပ်မြန်မြန်စစ်ဆေးလိုက်၏။
စူးထောင်ဟာ
စာရွက်စာတမ်းများကို ပြန်ယူလိုက်ရင်း ရှဲ့ကျင်၏ပူလောင်ပြင်းပြသော အကြည့်အောက်တွင် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
ဥက္ကဌ၏
ပြစ်တင်ဆုံးမမှု အပြီးတွင် လူတိုင်းက စိတ်သက်သာရာ ရသွားသလိုခံစားလိုက်ရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ
ထိခိုက်မှာကို စိုးရိမ်စရာမလိုတော့ဘဲ ယခင်ကရှိခဲ့သော ဥက္ကဌရုံးခန်း၏ တင်းကြပ်ကြပ်လေထုသည်လည်း
လွင့်ပြယ်သွားခဲ့၏။
ရုံးခန်း၏ထောင့်တစ်နေရာတွင်
ချိန်ရှုးနှင့် လူအနည်းငယ်တို့သည် တီးတိုးတီးတိုးနှင့်ပြောနေကြသည်။
"စူးထောင်က
တကယ့်ကို နုံအတာပဲ။ နင်က သူ့ကိုပို့ပေးဖို့ပြောတာနဲ့ သူမက နင့်ကိုကူပြီးပို့ပေးတာပဲလား။"
"ဟုတ်တယ်။
သူမကတုံးအ မနေဘူးလား။ အရင်တုန်းက သူ့ကို ချင်ရွယ်ရှီးနဲ့ တူတယ်လို့ထင်ထားတာ။ ကြည့်ရသလောက်တော့
IQ နဲ့ EQ မှာ ချင်ရွယ်ရှီး နဲ့မယှဉ်နိုင်ဘူးပဲ။"
"နင်တို့အကုန်လုံး
သတိထားမိကြတယ် မဟုတ်လား။ သူတို့နှစ်ယောက်က အသွင်အပြင်ရော၊ဝတ်စားပုံရော တော်တော်လေးကို
ဆင်တူနေတယ်။ ချင်ရွယ်ရှီးလည်း ပန်းနုရောင်ကြိုက်တယ်။ ဥက္ကဌက ချင်ရွယ်ချီးအငယ်စားလေးရှာနေတာလား။
မဟုတ်ရင် ဘာလို့ အရည်အချင်း မပြည့်တဲ့သူ့လိုမျိုးက အထက်တန်းအတွင်းရေးမှုးရာထူးကို ရမှာလဲ။"
"နင်ကကျောက်ခေတ်က
လူလား။ အဲဒီအကြောင်းကပြန့်ပြီးသားလေ။ နောက်ပြီး ငါကြားထားတာကတော့ ဥက္ကဌက ချင်ရွယ်ချီးအပေါ်ခံစားချက်ရှိနေတာတဲ့။
သူမအလုပ်ကနေနှုတ်ထွက်တော့ ဥက္ကဌကလွှတ်ပေးဖို့ ငြင်းလိုက်တယ်တဲ့ဟယ်။"
ထောင့်စွန်းတွင်
ပုန်းနေသော စူးထောင် သည် သူမ၏ လက်ချောင်းထိပ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
ဖိုင်တွဲကို အလွန်ပြင်းထန်စွာ ဖိထားသဖြင့် သူမ၏ပေါက်ကာစ လက်သည်းများ ထပ်မံကွဲသွားပြန်သည်။
ချောင်းဟမ့်သံဖြင့်
သူတို့ကိုလန့်သွားစေကာ သူမကိုယ်သူမ ထုတ်ဖော်လိုက်၏။
သူတို့ပြောတာကို
မကြားနိုင်ဘူးထင်ထားသော အတွင်းရေးမှူးများသည် ရုတ်တရက် အံ့အားသင့်သွားပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားကာ
ဘယ်ကမှန်းမသိထွက်လာသော စူးထောင်ကို ကြည့်လိုက်သည်။
"နင့်ရဲ့
စာရွက်စာတမ်းတွေ။" စူးထောင်၏ အမြဲတမ်း နူးနူးညံ့ညံ့လေသံကြောင့် အားလုံးက သက်ပြင်းချလိုက်ပြီး
သူမကြားသွားလည်း ဘာမှမဖြစ်ကြောင်း ခံစားလိုက်ရ၏။
အသေအချာပင်၊
အဲဒါက ဘာမှမဖြစ်ပေ။ စူးထောင်တစ်ယောက် ရှဲ့ကျင်၏ အတွင်းရေးမှူးဖြစ်လာကတည်းက တူညီသောစကားများကို
မကြာခဏကြားရလေ့ရှိသည်။
ချိန်ရှုးသည်
ချက်ခြင်းထရပ်ပြီး စူးထောင် လက်မှစာရွက်စာတမ်းများကိုပြန်ယူကာ အနည်းငယ်ရှက်ရွံ့သွားမိသည်။
နောက်ဆုံးတော့ စူးထောင်က သူမကို ကူညီခဲ့သော်လည်း သူမကတော့ စူးထောင်ကို အပြစ်ပြောနေ၏။
စာရွက်စာတမ်းပေါ်ရှိ
ဥက္ကဌ၏လက်မှတ်ကိုကြည့်ကာ ချိန်ရှုးတစ်ယောက် အပြစ်ရှိသလိုခံစားလိုက်ရပြီး စူးထောင်ကို
ဆွဲကာ ပြောလိုက်သည်။ " အနားယူခန်းမှာ
အဆာပြေမုန့်အသစ်တွေ ရောက်နေတယ်။ ငါတို့အတူတူစားကြရအောင်။"
စူးထောင်ရဲ့ဖုန်းမှ
WeChat စာဝင်သံထွက်လာပြီး သူမက ယူကာ တစ်ချက်ကြည့်လိုက်၏။ ရှဲ့ကျင်ဆီမှ စာဖြစ်နေသည်။
[ရှဲ့ကျင်
- ဆယ်မိနစ်တောင်ရှိနေပြီ။ ဘယ်သွားနေပြန်ပြီလဲ။]
စူးထောင်က
ဖုန်းကို အဝေးမှာထားလိုက်ပြီး ပေါ့ပေါ့တန်တန်ပြောလိုက်၏။ "ရတယ် နင်တို့ပဲသွားစားကြလေ။"
စူးထောင်
ထွက်သွားပြီးနောက် အတွင်းရေးမှူးများက ခေါင်းချင်းပြန်ဆိုင်ကာ အလိုအလျောက်ပင် မကောင်းသော
ဝေဖန်ချက်များ ထွက်လာသည်။" သူ့ကိုကြည့်ပါဦး။ သူမက ဥက္ကဌဘေးနားမှာ ၂၄နာရီလုံးလုံးကပ်ချင်နေတာ။"
သူမစားပွဲသို့ပြန်လာပြီးနောက်
စူးထောင်တစ်ယောက် ရှဲ့ကျင်ရဲ့ ရုံးခန်းလိုက်ကာတွေ မြင့်တက်သွားတာကိုတွေ့လိုက်ရ၏။ မှန်နံရံမှတဆင့်
သူ၏ရုံးခန်းကိုအတားအဆီးမရှိမြင်နိုင်ပြီး အပြင်ဘက်ရှိအလုပ်နေရာကိုလည်း ရှင်းရှင်းလင်းလင်း
မြင်နေရသည်။
စူးထောင် ထိုင်ချလိုက်သည်နှင့် သူမမျက်နှာချင်းဆိုင်နေရာမှလွဲ၍
ရှဲ့ကျင်ရဲ့ ရုံးခန်းလိုက်ကာများအားလုံး ချက်ချင်းပြန်ပိတ်သွားသည်။
စူးထောင်သည်
သူမအား အနည်းငယ်ကျဉ်းမြောင်းသောအကြည့်ဖြင့် စိုက်ကြည့်နေသော ရှဲ့ကျင်ကို ကြည့်ကာ သူ့မျက်လုံးထဲမှ
သတိပေးချက်ကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူမဖုန်းကိုထုတ်လိုက်ပြီး သူ့မက်ဆေ့ကို
ပြန်ဖြေလိုက်၏။
[စူးထောင်
- ကျွန်မ စာရွက်စာတမ်းတွေကို သွားပြန်ပေးနေတာ။]
[ရှဲ့ကျင်
- ဒီည ချက်ချင်း ချိန်းထားတာရှိလို့ မင်းတစ်ယောက်ထဲပဲ အရင်ပြန်လိုက်ပါ ]
[စူးထောင်
- အင်း.]
စူးထောင်၏
ပြန်စာကိုမြင်ပြီးနောက် ရှဲ့ကျင်းတစ်ယောက်စိုက်ကြည့်နေတာကို ပြန်ရုတ်သိမ်းကာ ကျန်ရှိနေသော
လိုက်ကာကိုပိတ်လိုက်သည်။
စူးထောင်သည်
သက်ပြင်းတစ်ချက်ချလိုက်၏။ အရင်က သူ၏ထိန်းချုပ်တတ်သောသဘာဝကို မွန်းကြပ်သည်ဟု မထင်မိတဲ့အပြင်
လုံခြုံစေသည်ဟုပင် ခံစားခဲ့ရသည်။
တကယ်တမ်းတော့
ခံစားချက်တွေ ကုန်သွားသည်နှင့် သူလုပ်သမျှ အရာမှန်သမျှကို သည်းမခံနိုင်တော့ပေ။
လေးနှစ်ရှိသွားပြီဆိုတော့
ထွက်သွားဖို့လည်း အချိန်တန်ပြီ။