အပိုင်း ၁
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁

 

 

 

နေဝင်ရီတရောအချိန်တွင်၊ တိမ်ဖြူရောင် တိမ်တိုက်များက ပြတင်းပေါက် အပြင်ဘက်တွင် ပျံ့နှံ့နေခဲ့သည်။

 

 

ပြတင်းပေါက် အပြင်ဘက်တွင် ပေါက်နေသော သစ်ပင်အကိုင်းအခက်များသည် မျက်နှာကျက်ပေါ်တွင် ရောင်ပြန်ဟပ်ကာ သွားများကို ဖြဲကာ ခြေသည်းများ ထုတ်ထားသည့် သရဲတစ္ဆေရုပ်နှင့် သဏ္ဍာန်တူနေသည်။

 

 

ပိုးသတ်ဆေး၏ မွှေးရနံ့က နှာခေါင်းဖျားထဲ ရောက်ရှိလာပြီး လူနာခန်းထဲ လုံးဝ တိတ်ဆိတ်နေခဲ့သည်။

 

 

စုချန်ယန်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာကျက်ပေါ်ရှိ အရိပ်များကို တည့်တည့် စိုက်ကြည့်လိုက်သည်။

 

 

သူမ အသားအရည်က ကြွေရုပ်လေးလို ဖြူဖျော့သွားခဲ့သည်။ သူမ၏ အမူအရာက ကြောင်အနေပြီး သူမ၏ အကြည့်များက အသက်မဲ့နေခဲ့သည်။ ဆေးရုံရဲ့ တိတ်ဆိတ်တဲ့ညနေခင်းမှာ ပထမ အကြည့်တစ်ချက်နဲ့တင် ထိတ်လန့်စရာရုပ်ရှင်ထဲကလို တစ်ခုခုဖြစ်နေပုံရသည်။

 

 

သူနာပြုဆရာမတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်ပြီး လူနာခန်းထဲက မြင်ကွင်းကိုမြင်တော့ သူမ တုံ့ဆိုင်းသွားပြီး ခြေလှမ်းတွေ နှေးကွေးသွားသည်။

 

 

သူမလက်ထဲက စာအုပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ ခေါင်းတစ်ဝက်လောက် ငုံ့ကာ ကုတင်ဆီသို့ သတိကြီးစွာ ကြည့်ခဲ့သည်။ သူမ မဝံ့မရဲဖြစ်စွာနဲ့ မေးခဲ့သည်။ "ရှင်...... အဆင်ပြေလား"

 

 

စုချန်ယန်က ထုတ်ဖော်မပြဘဲ မျက်တောင်ခတ်ပြီး တံခါးနားက သူနာပြုကို စိုက်ကြည့်ရင်း သူနာပြုရဲ့ တုန့်ပြန်မှုတွေ လျော့သွားစေခဲ့သည်။

 

 

"ရှင်..."

 

 

နောက်အခိုက်အတန့်မှာတော့ စုချန်ယန်ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး သူမ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာခဲ့သည်။ "ကျွန်မ လုံးဝ အဆင်မပြေဘူး"

 

 

သူနာပြု ဆရာမ - "...."

 

 

သဲလွန်စ မကျန်အောင် တုန်လှုပ်ချောက်ချားစရာ အငွေ့အသက်တွေ ပျောက်ကွယ်သွားတော့ သူနာပြုဆရာမက သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ရင်း လူနာခန်းထဲ လှမ်းဝင်ကာ ကုတင်ဘေးနားကို ရောက်လာပြီး ကုတင်အပေါ်က ခလုတ်ကို ဖွင့်လိုက်ပြီး အခန်းကို ချက်ချင်း လင်းထိန်သွားစေခဲ့သည်။

 

 

"မိန်းကလေးစု ဘယ်နားက အဆင်မပြေတာလဲ"

 

 

စုချန်ယန်၏ မျက်လုံးများသည် အလင်းရောင် ရောင်ပြန်ဟပ်နေသော မှန်တစ်ချပ်ကဲ့သို့ စိုစွတ်နေသည်။ သူမက နှုတ်ခမ်းကို လိုက်ကာ မေးခွန်းကို ဘယ်လို တုံ့ပြန်ရမည်ကို တွေးတောနေခဲ့သည်။ သူမသာ အမှန်အတိုင်းပြောရင် အရူးလို့ သတ်မှတ်နိုင်သည်။

 

 

မနေ့တုန်းက စုချန်ယန် ပါဝင်ခဲ့တဲ့ အပိုင်း ရိုက်ကူးရေးပြီးသွားပြီး အိမ်ပြန်ရောက်တော့ မောပန်းနွမ်းနယ်နေပေမယ့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီး နောက်နေ့မှာတော့ သူမရဲ့ နောက်ဆုံးပေးချေမှုကို လက်ခံရဖို့ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။ သူမသည် ယခင်က ရရှိခဲ့သော ငွေကြေးတိုင်းကို တွက်ချက်ခဲ့ပြီး ဤနောက်ဆုံးပေးချေမှုဖြင့် ဖျော်ဖြေရေးနယ်ပယ်မှ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာရန် သူမ၏ နောက်ဆုံးအိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

 

 

စုချန်ယန်သည် သရုပ်ဆောင်ပညာကို တရားဝင်သင်ကြားခဲ့ရခြင်း မရှိခဲ့ပေ။ အထက်တန်းကျောင်းပြီးသောအခါတွင် မိသားစုအကြောင်းကြောင့် ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သူမသည် ပါဝင်သည့် ထုတ်လုပ်ရေးတိုင်းတွင် ဇာတ်ပို့သရုပ်ဆောင်များစွာ ပါဝင်လေ့ရှိပြီး ဇာတ်ကောင်အမျိုးအစားများစွာကို ပါဝင်သရုပ်ဆောင်ခဲ့သည်။ "မျက်နှာကို ပြောင်းလဲစေတဲ့ ဇာတ်ရုပ်များ" လို့ ပရိသတ်က သူမသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေကို နက်နက်နဲနဲ စွဲမှတ်ထားပေမယ့် သူမရဲ့ နာမည်ကို မှတ်မိသူ အနည်းငယ်သာ ရှိသေးသည်။ ဒီလုပ်ငန်းမှာ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ပေမယ့် စုချန်ယန်ကို ​​အသိအမှတ်ပြုမှုက နည်းပါးပြီး ကျော်ကြားမှု နည်းပါးတဲ့ အမျိုးအမည်မသိ သရုပ်ဆောင်တစ်ဦးအဖြစ် ကျန်ရစ်စေခဲ့သည်။

 

 

စုချန်ယန်က လှည့်ပတ်နေသော ဂျင်ကဲ့သို့ တစ်နှစ်ပတ်လုံး အလုပ်များနေသော်လည်း လက်တွေ့တွင်မူ သူမသည် အလွန်ရည်မှန်းချက်ကြီးသူမဟုတ်ပေ။ ယခု သူမ အလုပ်ကြိုးစားနေရခြင်း၏ အကြောင်းရင်းမှာ ကျန်ဘဝတစ်လျှောက်လုံး အလုပ်များလုပ်စရာမလိုဘဲ နေထိုင်နိုင်စေရန်ဖြစ်သည်။

 

 

မနေ့က၊ မနေ့ကပဲ! ထုတ်လုပ်ရေးအဖွဲ့ထံမှ နောက်ဆုံးပေးချေငွေကို သူမရရှိခဲ့သရွေ့ သူမသည် သူမ၏မွေးရပ်မြေတွင် အိမ်တစ်လုံးပိုင်ဆိုင်ရန်၊ ကိုယ်ပိုင်စာအုပ်ဆိုင်ဖွင့်ကာ ယွမ် 500,000  ပိုင်ဆိုင်လိုသည့် တစ်သက်တာအိပ်မက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ထို့နောက် သူမသည် ဂုဏ်သိက္ခာရှိစွာ အနားယူကာ သူမ၏ အိပ်မက်များနောက် လိုက်လျှောက်ရင်း ကျန်ဘဝတစ်လျှောက်လုံး အသက်ရှင်နေထိုင်ချင်ခဲ့သည်။

 

 

ရလဒ်အနေနဲ့ သူမမှာ လှပတဲ့ အိပ်မက် မက်တဲ့ ညတစ်ညသာ ဖြစ်ခဲ့သည်။ အိပ်ရာနိုးထပြီး တစ်ဝက်လောက်မှာ ဘဏ်ကတ်ထဲက လက်ကျန်ငွေနဲ့ သူမရဲ့တောက်ပတဲ့အနာဂတ်ရဲ့ ပထမဆုံးနေ့ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် သူမ ဖုန်းကို ရှာမတွေ့တော့ဘဲ အေးစက်နေတဲ့ လက်တစ်စုံကို ခံစားလိုက်ရသည်။

 

 

မှန်တယ်၊ သူမရှေ့က သူနာပြုဆရာမရဲ့ အေးစက်နေတဲ့လက်တွေ။

 

 

ပထမတော့ စုချန်ယန်က သူမ အရမ်းစိတ်လှုပ်ရှားပြီး မူးလဲသွားတာကြောင့် သူမ အိမ်နီးနားချင်းတွေက ဆေးရုံကိုပို့ခဲ့တယ်လို့ ထင်ခဲ့သည်။ စုချန်ယန်သည် သူမဘဝတွင် တွေ့ကြုံခဲ့ရသမျှကို ရွတ်ဆိုကာ သူမ စိတ်ထဲတွင် အလွန်စက်ရုပ်အသံတစ်ခု ပေါ်လာပြီး သူမ မူလကမ္ဘာတွင် သူမရှိတော့ကြောင်း ပြောပြလာသည်အထိပင်။ သူမ ယခင်က ငြင်းဆိုခဲ့ဖူးသော ဇာတ်ညွှန်းတစ်ခုထဲ ဝင်ရောက်လာခဲ့ပြီး အလွန်အရေးမပါသော အခန်းကဏ္ဍနဲ့ နာမည်တူ၊ မျိုးရိုးအမည်၊ အသွင်အပြင်တူသည့် ဇာတ်ပို့ဖြစ်လာခဲ့သည်။

 

 

ဒီသတင်းကိုကြားတော့ စုချန်ယန်က ငါးစက္ကန့်တောင် အံ့အားသင့်သွားပြီး အလွန်အရေးကြီးသော မေးခွန်းတစ်ခုကို ပွင့်ပွင့်လင်းလင်း မေးခဲ့သည်။ "ငါ့ဘဏ်ကတ်ကော ငါနဲ့ ပါလာလား။"

 

 

သူ့စိတ်ထဲက အသံက ခဏလောက် တိတ်ဆိတ်သွားပြီး ပြန်ဖြေခဲ့သည်။ "မဟုတ်ဘူး"

 

 

စုချန်ယန်ရဲ့ မျက်နှာပေါ် မျက်ရည်များ စီးကျလာခဲ့သည်။

 

 

သူမသည် ခွေးတစ်ကောင်လို နေ့တိုင်း ပင်ပန်းနွမ်းနယ်နေသည်အထိ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေခဲ့သည်။ တစ်နှစ်လျှင် ၃၆၅ ရက်တွင် သူမသည် ဆယ်ရက်ထက်ပို၍ အနားယူခြင်း မရှိပေ။ ရလဒ်အနေနဲ့ သူမ အောင်မြင်ပြီး အနားယူတော့မယ့်အချိန်မှာပဲ သူမက လုံးဝရင်းနှီးမှုမရှိတဲ့ ကမ္ဘာကြီးထဲကို ရုတ်တရက် ဆွဲသွင်းခံခဲ့ရပြီး အစကနေပြန်စဖို့ တွန်းအားပေးခံခဲ့ရသည်။ ထိုအချိန်တွင် စုချန်ယန်တစ်ယောက် သေလုမျောပါး ခံစားလိုက်ရသည်။

 

 

"ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ host။ စနစ်က သင့်အား သင့်လျော်သောအချိန်တွင် ဆုချပါမည်။"

 

 

စုချန်ယန်က မျက်ရည်စက်လက်နဲ့ မေးခဲ့သည်။ "ငါ့ကို တိုက်ရိုက် ပိုက်ဆံပေးမှာလား"

 

 

စနစ် - "မဟုတ်ဘူး၊ အဲလို မဟုတ်ဘူး..."

 

 

"ငါ မလိုချင်ဘူး! ငါ ဘာမှမလိုချင်ဘူး! ပိုက်ဆံက လွဲရင် ငါ ဘာမှမလိုချင်ဘူး..." စုချန်ယန်က သူမမျက်နှာလေးကို စောင်နဲ့အုပ်ပြီး မှားယွင်းသလိုခံစားရတာကြောင့် ငိုလိုက်သည်။

 

 

"မင်း လုံးဝခြားနားတဲ့ ဘဝမျိုးကို မလိုချင်ဘူးလား"

 

 

"လုံးဝ အေးချမ်းတဲ့ ဘဝကိုပဲ ပိုင်ဆိုင်ချင်တယ်.......ငါ အသက် ဆယ့်ခုနစ်နှစ်ကတည်းက သရုပ်ဆောင်ခဲ့ပြီး အနာဂတ်မှာ ကောင်းကောင်းနေရအောင် နေ့တိုင်း အလုပ်ကို အားသွန်ခွန်စိုက်လုပ်ခဲ့တယ်။ ငါ အောင်မြင်တော့မှာ ဖြစ်ပြီး အနားယူတော့မှာ။ ဒါပေမယ့် နင်က ငါ့ကို ဒီကို ခေါ်လာတယ်။ နင် အရှက်မရှိဘူးလား"

 

 

စနစ်က ခဏလောက် တိတ်ဆိတ်သွားပြီး ပြောခဲ့သည်။ "မင်းပြောတာကို နားထောင်ရတာ ငါ အကျင့်စာရိတ္တ ချို့တဲ့နေသလို ခံစားရတယ်"

 

 

စုချန်ယန် မျက်နှာသည် ချက်ချင်း မျက်ရည်များ စီးကျလာခဲ့သည်။ "ဒါဆို နင် ငါ့ကို ပြန်ပို့ပေးလို့ရမလား။ ငါတောင်းပန်တယ်...

 

 

"အမ်... ###"

 

 

"ဘာလဲ?"

 

 

" ပြန် ## သွား"

 

 

"ကျယ်ကျယ်ပြော"

 

 

"မင်း ပြန်လို့မရဘူး! ဘာပဲဖြစ်ဖြစ် အဲ့ဒီကမ္ဘာမှာ မင်း ဆွေမျိုးတွေ သူငယ်ချင်းမရှိဘူးဆိုတော့ ဒါကြောင့် ငါ...ငါတောင်းပန်ပါတယ် "

 

 

"မိန်းကလေး စု?"

 

 

သူနာပြုဆရာမ၏ အသံက စုချန်ယန်ကို အတွေများထဲမှ ပြန်လည်ရောက်ရှိလာစေခဲ့သည်။

 

 

စုချန်ယန်က ရှိုက်နေပြီး သူမရဲ့ မျက်လုံးထောင့်မှာ နီရဲနေတဲ့ အရိပ်အမြွက်တွေရှိနေခဲ့သည်။ "အမ်..."

 

 

သူမ မျက်ရည်ကျနေတာကို မြင်လိုက်ရတော့ သူနာပြုဆရာမက သူမကို စာနာစွာ ကြည့်ကာ သူမကို နှစ်သိမ့်ပေးခဲ့သည်။ "မိန်းကလေး စု၊ အရမ်းဝမ်းမနည်းပါနဲ့။ ဖျော်ဖြေရေးနယ်ပယ်က ဘယ်လောက်တောင် ဖရိုဖရဲဖြစ်နေလဲဆိုတာ မင်းက ငါ့ထက် ပိုသိပါတယ်။ အဲဒါက အဲ့လိုလူအတွက် မတန်ပါဘူး။ "

 

 

"ဟမ်?" စုချန်ယန်သည် သူနာပြုဆရာမကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ပြီး သူမ မျက်နှာပေါ်တွင် ကိုယ်ချင်းစာသောအမူအရာကို မြင်လိုက်ရသဖြင့် သူမ ပိုငိုချင်လာခဲ့သည်။

 

 

သူမသည် သူမ၏ဘဏ်အကောင့်ထဲတွင် ထာဝရဆုံးရှုံးသွားသော လက်ကျန်ငွေအတွက် ငိုရုံသာမက ဤကမ္ဘာ၏ "စုချန်ယန်" ရဲ့အတွေ့အကြုံအတွက်ပါ ငိုတာဖြစ်သည်။

 

 

သူမက သူမလိုပဲ မိဘနှစ်ပါးလုံး သေဆုံးသွားပြီ ဖြစ်ပြီး မိသညးစုနိင့် အဆက်အသွယ် မရှိပေ။ ဒါပေမယ့် စုချန်ယန်က သူမထက် ကံပိုကောင်းသည်။ ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာပြီးနောက် သူမ အရမ်းနာမည်ကြီးလာခဲ့ပေမယ့် ဆိုးရွားတဲ့လူ၊ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို သူမ မကြုံတွေ့ခဲ့ရပေ။

 

 

စုချန်ယန်နဲ့ မတူဘဲ သူမသည် အသက် ၁၇ နှစ်အရွယ်တွင် ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ခဲ့ပြီး သူမ ကိုယ်တိုင်လည်း အလုပ်ကြိုးစားခဲ့သည်။ သူမ ပါဝင်ခဲ့သည့် ပထမဆုံးဒရမ်မာကို ထုတ်လွှင့်ပြီးနောက် သူမသည် ဒရာမာထဲက ရေပန်းစားသော အမျိုးသားသရုပ်ဆောင်များ၏ ပရိသတ်များကို ဒေါသထွက်စေခဲ့သည်။ အရာအားလုံးကို တည်ငြိမ်အောင်လုပ်ဖို့ ကုမ္ပဏီက သူမကို ဘေးဖယ်ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

 

 

မနေ့ညက 'စုချန်ယန်' ကို black fan တွေက ရေသန့်ဘူးနဲ့ ခေါင်းကို ပစ်ခဲ့ကာ သတိလစ်သွားပြီးနောက် သူမ စုချန်ယန် ရောက်လာခဲ့သည်။

 

 

တစ်ချိန်တည်းမှာပင်၊ ဤကမ္ဘာရှိ 'စုချန်ယန်' က သေသွားပြီဟုလည်း ဆိုလိုနေသည်။

 

 

သူမအတွက် စိတ်မကောင်း ဖြစ်နေတာကြောင့် ဖြစ်နိုင်ပြီး သူနာပြုဆရာမက လူနာလှည့်ကြည့်ပြီးတာနဲ့ ချက်ချင်း မထွက်သွားဘဲ ခဏကြာထိုင်ခဲ့ပြီး သူမနဲ့ စကားစမြည်ပြောခဲ့သည်။ သူမက သက်ပြင်းချပြီး ပြောခဲ့သည်။ "မင်းရဲ့ကုမ္ပဏီက တကယ်ကို တစ်ခုခုပဲ။ သူတို့ရဲ့ အနုပညာရှင်တစ်ယောက် ဒီလိုကြီးကြီးမားမားတွေ ကြုံနေရတာကို မင်းကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ကိုတောင် မပို့ခဲ့ကြဘူး။ အခုချက်ချင်း မင်းကို ဆေးရုံက ဆင်းပြီး ကုမ္ပဏီကို သွားပြီး အကုန်ရှင်းပြစေချင်လား"

 

 

သူနာပြုဆရာမက စကားပြောလေလေ ဒေါသပိုထွက်လေလေပင်။ သူမ မျက်ဖြူလှန်ပြီး ပြောခဲ့သည်။ "ဒီလို ကုမ္ပဏီမျိုးက အမြန်ဆုံး ဒေဝါလီခံသင့်နေပြီ!"

 

 

သူနာပြုဆရာမ စကားကြားတော့ စုချန်ယန်လည်း မူလပိုင်ရှင်အတွက် ပိုဝမ်းနည်းမိလာသည်။ ဆေးရုံတွင် နှစ်ရက်ကြာ အနားယူပြီးနောက်၊ စုချန်ယန်သည် ဆေးရုံမှဆင်းရသည့် လုပ်ငန်းစဉ်များကို ပြီးမြောက်ခဲ့သည်။

 

 

ဤနှစ်ရက်အတွင်း စုချန်ယန်က ဤအချက်ကို လက်ခံရန် သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။

 

 

စနစ်လို့ ကြွေးကြော်ထားသူက အပြစ်ရှိသလိုခံစားသောကြောင့် စုချန်ယန် စိတ်ထဲ ပေါ်မလာတော့ပေ။ 

 

 

ဆေးရုံမှ ဆင်းသောအခါ စုချန်ယန်က သူမကိုယ်သူမ စိတ်ထဲကနေ လှောက်ပြောင်ခဲ့သည်။ သူမ များစွာသောဝေဒနာများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမသည် အနည်းငယ် ပိုခံစားခဲ့ရသည့်တိုင် ညည်းညူခြင်းမျိုးမရှိပေ။ သူမလို သဘောထားပျော့ပျောင်းသူတစ်ယောက်အနေနဲ့ သူမက တစ်သက်လုံး အလုပ်ကြိုးစားဖို့ ရည်မှန်းထားတာဖြစ်သည်။

 

 

စုချန်ယန်နဲ့ ပတ်သက်တဲ့ သူမ စိတ်ထဲက အချက်အလက်တွေအရ ဆေးရုံက ဆင်းပြီး ပထမဆုံးလုပ်ခဲ့တာက ကုမ္ပဏီကို တက္ကစီစီးသွားတာပဲ။ အခုချိန်မှာတော့ သူမမှာ ဘာမှ မကျန်တော့သလို သရုပ်ဆောင်အလုပ်အပြင် တခြားအလုပ်လည်း မလုပ်ဖူးပေ။

 

 

အကျိုးဆောင်ကုမ္ပဏီက ယခုအချိန်မှာ သူမ၏ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။