အပိုင်း ၉
Viewers 974

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း

 

 

 

 

 

 

ရှိုးအဖွဲ့မှ စီစဉ်ပေးတဲ့ ယာဉ်က ကုန်တိုက်နဲ့ မနီးမဝေး ကားပါကင်တွင် ရပ်ထားသည်။

 

 

သူတို့အဖွဲ့ ကားဆီမရောက်ခင် လမ်းထောင့်ကို ချိုးပြီး - မိနစ်လောက် လမ်းလျှောက်ရသည်။

 

 

 အဲ့ဒီအခိုက်အတန့်မှာ  ကလေးငိုသံနဲ့ အော်ဟစ်သံကို ရှေ့လမ်းဆုံကနေ ကြားလိုက်ရသည်။

 

 

အဝေးကြည့်ရတာတော့ ကလေးဆိုးလေးတစ်ယောက်က သူ့မိဘတွေအပေါ် ဂျီကျကာ မြေပြင်ပေါ် မှာ လူးလိမ့်နေတာနဲ့တူသည်။

 

 

အစက ကလေးဆိုးလေးက သူ့မိဘတွေကို ဂျီကျနေတာလို့ ရိုးရိုးရှင်းရှင်း ထင်လိုက်ပေမယ့် ရုတ်တရက် ကလေးက အော်လိုက်သည်။ "ခင်ဗျားက သားအမေမဟုတ်ဘူး၊ သားကို လွှတ်ပေး အမေကို သွားရှာချင်တယ်!"

 

 

ဘေးမှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကြတဲ့ လူတွေက မသိလိုက်ဘာသာနဲ့ အဲ့ဒီအမျိုးသမီးနဲ့ ကလေးကို ဝိုင်းထားလိုက်ကြသည်။

 

 

သို့ပေမယ့် အခြေအနေအတိအကျ မရှင်းလင်းသေးတာကြောင့် ဘယ်သူကမှ အလျင်စလိုနဲ့ ရှေ့မတိုးရဲကြပေ။

 

 

အမျိုးသမီးရဲ့မျက်လုံးများတွေက သိသိသာသာထိတ်လန့်တကြား ဖြစ်သွားသည်။ သူမ မသိစိတ်ကနေ ကလေးရဲ့ ပါးစပ်ကို အုပ်ဖို့ ကြိုးစားလိုက်သည်။

 

 

ဒါပေမယ့် သူမလက်က လမ်းတစ်ဝက်ရောက်တော့  အမျိုးသမီးက ရုတ်တရက် ရပ်လိုက်ပြီး သူမပေါင်ကို သူမရိုက်ကာ ကျယ်လောင်စွာနဲ့ ငိုပါတော့သည်။

 

 

"ငါဘယ်နှစ်ခါပြောရမှာလဲ? အဲဒီမိန်းမက နင့်ရဲ့မိထွေးလို့။ သူက နင့်အပေါ် ကောင်းပြပြီး လှည့်စားနေတာ၊ အခု သူ့ကလေးကို မွေးတော့မှာ နင့်အဖေက နင့်ကို မလိုချင်တော့ဘူး။ နင် ငါနဲ့မလိုက်နဲ့ ဘယ်သူနဲ့လိုက်မှာလဲ?"

 

 

ဒီတော့မှဘဲ လူအုပ်ကြီးက ဖြစ်ပျက်နေတာကို ရုတ်ချည်း နားလည်သွားကြသည်။ ဆိုတော့ ဒါကြောင့်ပေါ့! သူတို့က လူကုန်ကူးသမားလို့တောင် အထင်လွဲလိုက်မိသေးတယ်။

 

 

တစ်ချို့ကတော့  မိထွေးနဲ့ မွေးအမေရင်းနဲ့ဆို မွေးအမေရင်းက ပိုအဆင်ပြေတယ် ဒါမှမဟုတ်ရင် ဒုက္ခရောက်နိုင်တယ် စသဖြင့် အမျိုးမျိုး တီးတိုးပြောလာကြသည်။

 

 

ပထမတော့ စုန့်အာ့နန်က သိပ်ဂရုမစိုက်မိပေ။ သို့ပေမယ့် မြေပြင်ပေါ်က ကလေးလေးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူမရဲ့ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

 

 

"တဆိတ်လောက် ကျေးဇူးပြုပြီး ဖြတ်သွားခွင့်ပြုပါ" သူမက လူစုလူဝေးကို ဖြတ်ကျော်ကာ အမျိုးသမီးနဲ့ ကလေးဆီ အမြန်လျှောက်သွားလိုက်သည်။

 

 

စုန့်အာ့နန်က အဲ့ဒီအမျိုးသမီးကို လှမ်းဆွဲလိုက်သည်။ "ရှင်က သူ့အမေမဟုတ်ဘူး၊ သူ့ကို လွှတ်လိုက်"

 

 

အမျိုးသမီးက သိသိသာသာကိုဘဲ ပျာယာခတ်သွားသည်။ "နင်ဘာလုပ်တာလဲ? နေ့ခင်းကြောင်တောင်ကြီး ကလေးကို ဖမ်းစရာလား? လာနောက်နေတာလား? ငါက သူ့အမေမဟုတ်ရင် နင်ကရော?"

 

 

ပြီးတော့ သူမက စုန့်အာ့နန်ကို လက်ညှိုးထိုးလိုက်ပြီး လူအုပ်ကြီးကို အော်ပြောလိုက်သည်။ "ဒါဘယ်သူ့ကလေးလဲ? မိဘတွေ ကိုယ့်ကလေးကိုယ် ထိန်းသင့်တယ်။ ငါ့ကလေးက ဂျီကျနေရုံဘဲ။ သူက ဘာအတွက်ကြောင့် လာဝင်စွက်ဖက်တာလဲ? ငယ်ငယ်ကတည်းက ရုပ်ရှင်တွေ အများကြီးကြည့်ပြီး သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်လို့ထင်နေတာလား?"

 

 

ဒါပေမယ့် စုန့်အာ့နန် ကတော့ လုံးဝမစိုးရိမ်ပေ။ သူမက အဲ့ဒီအမျိုးသမီးကို တည့်တည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ဒါဆို ရဲတွေ ဒီကို မရောက်မချင်း ဘယ်မှ မသွားဘဲ နေကြတာပေါ့

 

 

ဒီလိုပြောလိုက်ပြီးတော့ စုန့်အာ့နန်က အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ သူမရဲ့ အတွေးတွေက ပိုပြီးတော့တောင်ခိုင်မာလာသည်။

 

 

ဒီကောင်လေးကို စောစောက ကုန်တိုက်မှာ သူမ တွေ့လိုက်သည်။ အဲဒီတုန်းက ပါးနဲ့မားလို့ခေါ်တဲ့ လင်မယားနဲ့အတူရှိနေတာဖြစ်သည်။

 

 

အရေးကြီးဆုံးမှာ အမျိုးသမီးသည် ကိုယ်ဝန်မဆောင်ထားပါချေ။ သူမ ပြောတဲ့ မွေးခါနီး မိထွေးဆိုတာနဲ့ လုံးဝကွဲလွဲနေသည်။

 

 

သူမမှားတယ်လို့ အဲ့ဒီအမျိုးသမီး ပြောနေရင်တောင် ဒါက အိမ်တွင်းရေးအငြင်းပွားမှုမျှသာ ဖြစ်နေရင်တောင် စုန့်အာ့နန်အနေနဲ့ သူမလုပ်ခဲ့သမျှကို နောင်တမရပါချေ။

 

 

တောင်းပန်တာထပ် ပိုလုံခြုံတယ် - ဒီအမျိုးသမီးက တကယ်ပဲ လူကုန်ကူးသမားဖြစ်ခဲ့ရင် ဒါကမိသားစုဘဝကို ဖျက်စီးလိမ့်မည်ပင်။

 

 

ဒါကိုတွေးရင်း စုန့်အာ့နန်က အဲ့ဒီမိန်းမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

 

 

အဲ့ဒီအမျိုးသမီးက စုန့်အာ့နန် ဒီလောက် ခေါင်းမာလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် သူမရဲ့ အမူအရာမှာ စိတ်မရှည်တော့ပေ။

 

 

အဲ့ဒီအချိန် စုန့်လင်းချွမ်က လူအုပ်ကြားကနေ အလျင်အမြန် တိုးထွက်လာပြီး စုန့်အာ့နန် အနား ရောက်လာသည်။

 

 

"လင်းချွမ်၊ ရဲကိုခေါ်လိုက်" စုန့်အာ့နန်က ပြောလိုက်သည်။

 

 

စုန့်လင်းချွမ်က စုန့်အာ့နန် သဘာဝအတိုင်း ယုံကြည်တဲ့အတွက် မဆိုင်းမတွဘဲ ရဲကိုခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။

 

 

စုန့်လင်းချွမ်က ရဲကို တကယ်ခေါ်လိုက်တာကို တွေ့လိုက်ရတော့ အမျိုးသမီးက ထိတ်လန့်သွားပြီး ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် စုန့်အာ့နန်ကို အားနဲ့ တွန်းပစ်လိုက်သည်။

 

 

စုန့်အာ့နန် ပြုတ်ကျလုနီးပါးဖြစ်ခဲ့ပေမယ့် စုန့်လင်းချွမ် က သူမကို အချိန်မီ ဖမ်းမိလိုက်သည်။

 

 

"အန်တီလေး အဆင်ပြေရဲ့လား?"  စုန့်လင်းချွမ်က စိုးရိမ်တကြီး မေးလိုက်သည်။

 

 

ထွက်ပြေးဖို့ကြိုးစားနေတဲ့ အမျိုးသမီးကို မြင်တော့ စုန့်အာ့နန်က ပြောလိုက်သည်။ "လင်းချွမ် မြန်မြန်သူ့ကိုတား! သွား!"

 

 

စုန့်လင်းချွမ်လည်း အမြန်သွားလိုက်ကာ အဲ့ဒီအမျိုးသမီး မထွက်သွားရအောင် လက်ကို လှမ်းဆွဲလိုက်သည်။

 

 

ကြည့်နေတဲ့သူအများစုက ကြည့်ဘဲ ကြည့်နေကြပေမယ့် လူလတ်ပိုင်းအရွယ်အမျိုးသမီးနှစ်ယောက်က အရှေ့တိုးလိုက်ကာ အဲ့ဒီအမျိုးသမီးရဲ့ လမ်းကိုပိတ်လိုက်သည်။

 

 

အဲ့ဒီအမျိုးသမီးက တကယ်ကို ထိတ်လန့်နေပြီး ရုတ်တရက် အော်လိုက်သည်။ "မင်းဘာတွေစောင့်နေကြတာလဲ? ငါ့ကိုလာကူဦး!"

 

 

သူမစကားပြောပြီးတာနဲ့ ခြောက်ပေကျော် အရပ်ရှည်တဲ့ လူထွားကြီးနှစ်ယောက်က လူအုပ်ထဲကနေ အန္တရာယ်အငွေ့အသက်နဲ့အတူ ထွက်လာသည်။ သူတို့က အမျိုးသမီးရဲ့ ကြံရာပါတွေဆိုတာ သိသာလှသည်။

 

  

ဒီလူနှစ်ယောက်က လက်နက်ကိုင်ထားလားဆိုတာ မသိရတဲ့အတွက်  ဘယ်သူမှ ရှေ့ကို အလျင်စလို မလှမ်းဝံ့ကြပေ။

 

 

အမျိုးသမီးရဲ့လမ်းကြောင်းကို ပိတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ယောက်လည်းဘဲ အလိုလို ခြေလှမ်းတွေ နောက်ဆုတ်သွားသည်။

 

 

စုန့်အာ့နန်က အဲ့ဒီ အမျိုးသမီးနဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ စုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး နောက်တော့ ချဉ်းကပ်လာတဲ့ အမျိုးသားနှစ်ယောက်ကို ပြန်ကြည့်လိုက်သည်။

 

 

သူမ မဆိုင်းမတွဘဲ ခြေလှမ်းပေါင်းများစွာ ရှေ့ကို လျှောက်သွားကာ သူတို့လမ်းမှာ ရပ်လိုက်သည်။

 

 

ပြဿနာဖြစ်နေတာကိုတွေ့တော့ ဝန်ထမ်းတွေက အဲ့ဒီကိုရောက်ဖို့လူအုပ်ကို ဖြတ်ဖို့လုပ်လိုက်သည်။

 

 

ကင်မရာသမားတောင်မှ သူ့ကင်မရာကို ချပြီး ကူညီဖို့ ပြင်ဆင်နေသည်။

 

 

သို့ပေမယ့် သူတို့က လူအုပ်ကြီးရဲ့ အပြင်ဘက်အစွန်းမှာ ရှိနေတာကြောင့် ချက်ချင်းအကူအညီပေးဖို့ သူတို့အတွက် ဝေးလွန်းသည်။

 

 

စုန့်အာ့နန်က ကြမ်းတမ်းတဲ့အသွင်အပြင်ရှိတဲ့ လူနှစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့  နီးကပ်လာတာနဲ့အမျှ လူတိုင်းက မတတ်နိုင်ဘဲ သူမအစားချွေးအေးတွေ ထွက်လာကြသည်။

 

 

ဒါပေမယ့် ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာဘဲ စုန့်အာ့နန်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူမက အမျိုးသားတစ်ယောက်ထဲ  အမြန် ချဉ်းကပ်လိုက်ပြီး ပြီးပြည့်စုံစွာနဲ့ သူ့လက်ကို အနောက်ဆီ လိမ်လိုက်သည်။ လက်မောင်းအဆစ်လွဲသွားတဲ့အသံက ထွက်လာသည်။

 

 

လူအုပ်ကြီးမှာ စုန့်အာ့နန်က အဲ့ဒီလူရဲ့လက်မောင်းကို ချိုးလိုက် တယ်ဆိုတာ သဘောပေါက်ဖို့ အချိန်ခဏလောက် ယူလိုက်ရပြီး အေးခဲသွားကြသည်။

 

 

ပြိုင်ဘက်တစ်ဦးကို ချေမှုန်းပြီးတဲ့နောက်မှာ စုန့်အာ့နန်က သတိမလျော့သွားပေ။  သူမက တစ်ဖက်လူရဲ့ ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ ထပ်ပြီး တိုက်ခိုက်လိုက်သည်။

 

 

ခုနတုန်းက မြင်ကွင်းက ထပ်ပေါ်လာသည်။  ချောမွေ့တဲ့ လုပ်ဆောင်ချက်နဲ့ စုန့်အာ့နန်က အဲ့ဒီလူကို ပခုံးနဲ့ ပစ်ချလိုက်ပြီး သူ့လက်မောင်းကို ရွှေ့ပစ်လိုက်သည်။

 

 

စက္ကန့်အနည်းငယ်အတွင်းမှာဘဲ မူလက ကြောက်ရွံ့စရာကောင်းတဲ့ အမျိုးသားနှစ်ဦးဟာ မြေပြင်ပေါ်တွင်  လက်နှစ်ဖက်ကို နာကျင်စွာ ကိုင်ထားရင်း အော်ဟစ်နေကြသည်။

 

 

ဝန်ထမ်းတွေက ခြေလှမ်းတွေ ရပ်သွားကြပြီး စုန့်အာ့နန် ကို မယုံနိုင်စွာနဲ့ စိုက်ကြည့်နေကြသည်။

 

 

ကင်မရာသမားက သူ့ကင်မရာကို တိတ်တိတ်လေး ပြန်မရိုက်ကူးခင် စက္ကန့်အနည်းငယ်လောက် အံ့အားသင့်သွားသည်... ငါတို့ကို မလိုတော့တဲ့ပုံဘဲ။

 

   

မျက်စိရှေ့မှာ ပေါ်လာတဲ့ အရာအားလုံးကို မြင်တွေ့ခဲ့ရတဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက ပရိသတ်တွေက  ပိုလို့ပင် အံသြသွားကြသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာမှတ်ချက်တွေ ပေါက်ကွဲထွက်လာသည်။

 

 

[ဘုရားရေ! ငါမြင်လိုက်တာ တကယ်ဘဲလားပိန်ပိန်ပိန်ပါးပါး အန်တီလေးက လူနှစ်ယောက်ကို လက်ဗလာနဲ့ ဖြုတ်ချလိုက်တာလေ? !]

 

 

[ဘုရား၊ ငါ့နှလုံးသားက ခုနတုန်းက စုန့်အာ့နန်အတွက် ခုန်ပေါက်နေတာ။ ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ ပြောင်းပြန်ကိစ္စမျိုး ငါ မမျှော်လင့်ထားဘူး]

 

 

[ဒီကောင်မလေးက သေချာပေါက်ကို လျှို့ဝှက်နက်နဲတာဘဲ။ သူက အရမ်းနူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းပုံရပေမယ့်  သူက ဒီလိုမျိုး လက်သီးနဲ့ ထိုးဖောက်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ!]

 

 

[ပခုံးနဲ့ပစ်ပေါက်တာ + လက်မောင်းအဆစ်လွဲသွားတယ် သူတကယ်တော်တာဘဲ! အန်တီလေးက တော်လိုက်တာ!]

 

 

[ပြောရရင်၊ အထူးသဖြင့် လက်မောင်းအဆစ်လွှဲတာကို ငါလေ့ကျင့်ဖူးပေမယ့်  အန်တီလေးပြတာက အရမ်းမိုက်တယ်]

 

 

[ငါတောင် မလုပ်နိုင်ဘူး.... အန်တီလေးက  သူ့ကို ကာကွယ်ပေးချင်တဲ့ ပျော့ညံ့သိမ်မွေ့တဲ့ ခံစားချက်ကို သိမ်းပစ်လိုက်တယ်။ ဒီလို လူသတ်သမား လှုပ်ရှားမှုမျိုး သူလုပ်လိမ့်မယ်လို့  ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး၊ မယုံနိုင်စရာဘဲ!]

 

 

[Waaahhh  အန်တီလေးက မိုက်လိုက်တာ! တကယ့်ကို ပြီးပြည့်စုံတဲ့ ကောင်မလေးဘဲ!]

 

 

[မာမားရေ! စုန့်လင်းချွမ်ရဲ့ အန်တီလေးမှာ တခြားအံ့သြစရာတွေက ဘာရှိငေးလဲ? ဒီကွာခြားမှုက ငါ့ကို တကယ်ကို တုန်လှုပ်စေတယ်]

 

 

[ရယ်စရာကောင်းလိုက်တာ၊ ပတ်ဝန်းကျင်မှာ လူ တွေအများကြီးရှိနေပေမယ့် စုန့်အာ့နန်တစ်ယောက်ဘဲ ပြေးတက်သွားတယ်။ သူ့ရဲ့ ရည်ရွယ်ချက်တွေက အရမ်းသိသာတာဘဲ]

 

 

[သူက ဟီးရိုးလုပ်တမ်း ကစားနေတာလား ဒါမှဟုတ် အာရုံစိုက်ခံချင်နေတာလား? Tsk tsk ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ?]

 

 

[သေချာဟန်ဆောင်နေတာဘဲ၊  စုန့်အာ့နန်က ရုတ်တရက် နာမည်ကြီးလာဖို့ ရှိုးထဲဝင်လာတာ၊ အဲ့ဒီ 'ချစ်စရာကောင်းတာနဲ့ ဆန့်ကျင်ဘက်' တွေက လုပ်ဇာတ်တွေဘဲ]

 

...

 

လူနှစ်ယောက်ကို သတိလက်လွတ်ဖြစ်အောက် ဖြုတ်ချပြီးတဲ့နောက် စုန့်အာ့နန် အလိုလို သက်ပြင်းချလိုက်သည်။

 

 

သို့ပေမယ့် သူမက နိုးနိုးကြားကြားရှိနေကာ မြေပြင်ပေါ်က အမျိုးသားတွေ ပြန်ထလာပြီး လက်တုံ့ပြန်လာမည်ကို စိုးရိမ်ကာ အနီးကပ် စောင့်ကြည့်နေလိုက်သည်။ သူမက ဘေးနားမှာ ရပ်ကြည့်နေတဲ့ သူတစ်ယောက်ကို ရဲဆီ ဖုန်းဆက်ဖို့ အကူအညီတောင်းလိုက်သည်။

 

 

"အန်တီ ကျေးဇူးပြုပြီး  ရဲခေါ်ပေးလို့ရမလား?" စုန့်အာ့နန်က အနီးနားမှာ ရပ်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို ပြောလိုက်သည်။

 

 

ပထမတော့ မိန်းကလေးက လန့်နေပြီးမှ အမြန်ခေါင်းညိတ်လိုက်သည်။ "အိုး၊ ကောင်းပြီ!"

 

 

အဲ့ဒီချိန် စောင့်ကြည့်နေတဲ့ လူအုပ်ကြီးက တစ်ခုခု မှားနေမှန်း သဘောပေါက်သွားသည်။ အဲ့ဒီအမျိုးသမီးရဲ့ မိသားစုကျင့်ဝတ်နဲ့ ပတ်သက်ပြီး တောင်တောင်အီအီပြောနေတာတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထွားကျိုင်းတဲ့ ယောက်ျားနှစ်ယောက်ရဲ့ အသွင်အပြင်က အခြေအနေကို ရှင်းရှင်းလင်းလင်း ထင်ရှားသွားစေသည်။

 

 

 ရဲတွေကို ကိုင်တွယ်ခွင့်ပေးလိုက်တာ အကောင်းဆုံးဘဲ။

 

 

အခင်းဖြစ်ပွားရာနေရာရှိ လူတွေသာမက တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေကြတဲ့သူတွေကလည်း သဘောတူလိုက်ကြသည်။

 

 

[ဟုတ်တယ် ရဲကိုခေါ်တာက လုပ်သင့်လုပ်ထိုက်တာဘဲ။အဲ့ဒါက ပိုလုံခြုံတယ်]

 

 

[အန်တီလေးတစ်ခုခုတော့ သိရထားမယ်။ တခြားဘာအကြောင်းကြောင့် အဲ့ဒီမိန်းမကို တားမှာလဲ? ဒီလူတွေက တကယ်ဘဲ လူကုန်ကူးတဲ့သူတွေဖြစ်လောက်တယ်!]

 

 

[ငါလည်း ထင်တယ်။ အန်တီလေးက ငယ်ပေမယ့် ဆင်ခြင်တုံတရားရှိတယ်။ အဲ့ဒီကောင်လေးကို အရင်ကတည်းက မှတ်မိနေမယ်ထင်တယ်]

 

 

အဲဒီအမျိုးသမီး ဖုန်းဆက်ပြီး မကြာခင်မှာဘဲ ရဲကားတစ်စီးနဲ့ ရဲတွေ ရောက်လာသည်။

 

 

" ဘယ်သူခေါ်လိုက်တာလဲ?" အသက်ကြီးကြီး ရဲအရာရှိတစ်ယောက်က မေးလိုက်သည်။

 

 

ဖုန်းခေါ်တဲ့ အမျိုးသမီးက နာခံစွာနဲ့ လက်ထောင်ပြလိုက်သည်။

 

 

ရဲအရာရှိဦးလေးကြီးက သူမကိုကြည့်လိုက်ပြီး  "ဘာဖြစ်ခဲ့လဲဆိုတာ ပြောပါဦး"

 

 

အမျိုးသမီးက တုံ့ဆိုင်းနေပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။ သူမ ယက စုန့်အာ့နန်ကို အကူအညီတောင်းသလိုကြည့်လိုက်သည်။

 

 

စုန့်အာ့နန်က သူမကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

 

 

အဲဒီနောက်တော့ အမျိုးသမီးက စောစောက ကုန်တိုက်မှာ ကောင်လေးနဲ့ အမျိုးသမီးကို မှတ်မိတဲ့ စုန့်အာ့နန် အကြောင်း အပါအဝင် ရဲကို ရှင်းပြလိုက်သည်။

 

 

စုန့်အာ့နန်က ထပ်ပေါင်းပြောလိုက်သည်။ "အခြေအနေကို ကျွန်မ သိပ်တော့မသေချာပေမယ့် ကောင်လေးက အရမ်းစိတ်လှုပ်ရှားနေပုံရတဲ့အတွက်  သိလိုက်ရတာက အကောင်းဆုံးလို့ ထင်လို့ပါ"

 

 

ရဲအရာရှိက ခေါင်းငြိမ့်ပြလိုက်သည်။ "မင်းက မှန်ကန်တဲ့အရာကို လုပ်ခဲ့တာဘဲ။ တောင်းပန်တာထက် ပိုလုံခြုံတယ်။ ဘယ်အရာမဆို ချော်လဲတာထက် သတိနဲ့ အမှားလုပ်စေချင်တယ်"

 

 

အားလုံးက သဘောတူကြောင်း ပြလာကြသည်။