အပိုင်း ၁၅
Viewers 628

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

 

အပိုင်း ၁၅

 

 

 

   

 

 

[ဟားဟား၊ စုန့်လင်းချွမ် တုံ့ပြန်ပုံက ငါ့ကို သတ်နေတာဘဲ၊ သူ့အန်တီလေး အရှေ့မှာတော့ အရမ်းသတ္တိကြောင်တာဘဲ။ သူ့ရဲ့ ခပ်မိုက်မိုက်နဲ့ ဟိတ်ဟန်ထုတ်တက်တဲ့ပုံက ဘာဖြစ်သွားတာလဲ?]

 

 

[ဝါးးး အန်တီလေးက အရမ်းတင်းကြပ်ပြီး ရက်စက်တာဘဲ]

 

 

[ဒါပေါ့ သူ သတ္တိကြောင်ရမယ်လေ! ခါးပတ်ဖြူက ခါးပတ်နက်အရှေ့မှာ ရဲရဲတောက် သတ္တိရှိပုံလုပ်ရဲမှာတဲ့လားသူစိတ်လွတ်သွားတာဘဲ!]

 

 

[လူကြီးမင်းတို့ ညီအစ်ကို အကြီး‌ေတွစကားကို နားထောင်ကြပါ။ နောက်ကျတဲ့အထိနေတာက တကယ်မကောင်းဘူး။ မင်းတို့ကျန်းမာရေးကို ဂရုစိုက်ရမယ်]

 

 

[ဖူးး! သူက ဘာမှမကြောက်ပေမယ့် ဂိမ်းဆော့နေတာကို ဖမ်းမိသွားတာကိုတော့ ကြောက်မှန်း သိလိုက်ရပြီ]

 

 

[လှည့်ပတ်နေတာကို ရပ်လိုက်‌တော့။ စုန့်အာ့နန်၊ hot search ကကိစ္စကို ပြန်တုံ့ပြန်ပါ။ ကျော်သွားလို့ရမယ် မထင်နဲ့]

 

 

[ဟီးဟီး၊ဒီတော့ ဒါက သူတို့ ချမှတ်ထားတဲ့ PR ဗျူဟာလား? ငါတို့အားလုံးကို အရူးတွေလို့ ထင်နေကြတာလား? သူတို့သရုပ်ဆောင်နေတာကို ထိုင်ကြည့်နေလိုက်ဦးမယ်]

 

 

စုန့်လင်းချွမ်ပုံစံက ရိုးရိုးသားသားနဲ့ ဝတ်ကျေတမ်းကျေနိုင်ပေမယ့် စုန့်အာ့နန်ရဲ့ ရပ်တည်ချက်ကိုတော့ နည်းနည်း ပျော့ပျောင်းသွားစေသည်။ အထူးသဖြင့် လက်ရှိအပြင်လူတွေရှိနေတဲ့အတွက်  ဒီအကြောင်းကို သူမ‌ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။

 

 

ဒါ့ပြင် ဒါရိုက်တာလည်း ရောက်လာပြီဆိုတော့ ရိုက်ကူးရေးကို မနှောင့်နှေးစေချင်ပေ။

 

 

သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့ ကျန်းဟန်က အဲ့ဒီအချိန်မှာ နည်းလမ်းတကျ ပြောလာသည်။ "အန်တီလေး ပြောတာ မှန်တယ်။ လင်းချွမ်က တစ်ညလုံး ဂိမ်းဆော့လေ့ရှိတယ်။ အန်တီလေး သူ့ကို ကောင်းကောင်း ဆူပေးသင့်တယ်၊ မဟုတ်ရင် သူ ဘယ်တော့မှ သင်ယူမှာမဟုတ်ဘူး"

 

 

ပြောလို့ပြီးတော့၊ သူက စုန့်အာ့နန်ကို __သွား၊ သွားဆူ သွားဆူလိုက်_ ဆိုပြီး ပြောနေသလိုမျိုး မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်သည်။

 

 

စုန့်လင်းချွမ်က ကျန်းဟန် ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ရှင်းရှင်းလင်းလင်းကို သတိပေးနေသည်။

 

 

ဒါပေမယ့် ကျန်းဟန် ကတော့ သူ့ကို လုံးဝလျစ်လျူရှုထားသည်။

 

 

စူးစူးဝါးဝါး အကြည့်တွေကို မြင်ရင်တောင်မှ အခုချိန်မှာ သူဂရုမစိုက်နိုင်ဘူး။ သူ့လက်အောက်က ဒီအရည်အချင်းရှိတဲ့ ကောင်လေးက သဘာဝအတိုင်း ပုန်ကန်တတ်ပြီး ပုံမှန်ဆိုရင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ သူ့ကိုအမြဲတမ်း ခေါင်းကိုက်စေသည်။

 

 

အခုအချိန်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို တစ်ခါလောက် ထိန်းချုပ်နိုင်ပြီ။ ကျန်းဟန်က အခြားအရာတွေကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ? သူအရင်ဆုံး တိုင်ရမယ်!

 

 

မကြာခဏ တစ်ညလုံး ဂိမ်းဆော့တယ်?

 

 

စုန့်လင်းချွမ်ကို ကြည့်လာတဲ့ စုန့်အာ့နန်ရဲ့အကြည့်မှာ မနှစ်သက်တဲ့ အမူအရာ နည်းနည်းပါသည်။

 

 

ကျန်းဟန်က ရယ်လိုက်သည်။ "ဟုတ်တယ်၊ သူ့အစားအသောက် တွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ အထူးသဖြင့် သူက သရေစာတွေကို ကြိုက်တာဘဲ!"

 

 

အခြားသရေစာတွေက ကောင်းသေးသည်။ စုန့်လင်းချွမ်ကတော့ အာလူးကြော်တွေကို အဓိကကြိုက်တာဖြစ်သည်။

 

 

ကြယ်ပွင့်တွေက နေ့စဉ် ကယ်လိုရီ စားသုံးမှုကို ထိန်းချုပ်ဖို့လိုအပ်တဲ့အတွက် တင်းကျပ်တဲ့ ကိုယ်ခန္ဓာ စီမံခန့်ခွဲမှု‌တွေရှိသည်။ သူက အကြော်စာကို စားဖို့ မကြာခဏဆိုသလို အစားအစာတွေကို ရှောင်လေ့ရှိသည်။

 

 

ဒါကိုကြားတော့ စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး သူမရဲ့ အကြည့်တွေက ထူးထူးဆန်းဆန်း ရှောင်ထွက်သွားသည်။

 

 

အမ်... စုန့်လင်းချွမ် ရဲ့ သရေစာစားတဲ့အလေ့အထကို ဝေဖန်ဖို့ သူမမှာ အကြောင်းပြချက် သိပ်မရှိဘူးလို့ ထင်တယ်။ နောက်ဆုံးတော့ သူမလည်း သရေစာတွေကို ကြိုက်တယ်လေ။

 

 

"အရေးကြီးဆုံးကတော့ သူက အစားအသောက် ပုံမှန်မစားဘူး။ အန်တီလေး ဒါကိုဘယ်လို လုပ်ရမှာလဲ?"

 

 

စုန့်အာ့နန်ရဲ့ မျက်လုံးတွေက တောက်ပလာကာ သူမက ပြတ်ပြတ်သားသား ပြောလိုက်သည်။ " မှန်မှန်ကန်ကန်မစားတာ မလုပ်သင့်ဘူး !"

 

 

ကံကောင်းထောက်မစွာနဲ့ သူမက သရေစာတွေကို နှစ်သက်ပေမယ့် မှန်မှန်ကန်ကန် စားသောက်သေးသည်။

 

 

[ ဟားဟား ရယ်သေပြီ။ တိုင်ပြောတဲ့သူက စုန့်လင်းချွမ်ရဲ့မန်နေဂျာဖြစ်မယ်]

 

 

[ ခါးထောက်ထားတဲ့ စုန့်လင်းချွမ် မန်နေဂျာ- ဂါး! နောက်ဆုံးတော့ သူ့ကို ထိန်းနိုင်တဲ့သူ  ရှာတွေ့ခဲ့ပြီ!]

 

 

[မပြောနဲ့၊ စုန့်လင်းချွမ်တစ်ယောက်  Samoyed တစ်ကောင် အမှားလုပ်မိပြီး အပြစ်တင်ခံရတာကို နားမလည်နိုင်တဲ့ ခံစားချက်မျိုး ခံစားနေရပြီ]

 

 

[ဟာဟားဟား၊ အပေါ်ထပ်ကလူက အရမ်းတော်တာပဲ၊ ငါလည်း စုန့်လင်းချွမ်ကို ကြည့်နေတာ ဘာလို့ အရမ်းရင်းနှီးနေတာလဲလို့၊  အမှားလုပ်မိတဲ့ ငါ့ရဲ့ ဒုတိယ Samoyed နဲ့ တူနေတာဘဲ!]

 

 

စုန့်အာ့နန်က ရှိုးရိုက်ကူးနေတဲ့အ‌တောတွင်းမှာ စုန့်လင်းချွမ်ရဲ့အနားယူချိန်နဲ့ အစားအသောက်ကို ထိန်းညှိဖို့ အစက စီစဉ်ထားတာဖြစ်သည်။ သူမက ဒါကိုအခွင့်ကောင်းယူပြီး 'အိမ်စည်းကမ်း' အချို့ချမှတ်ဖို့ ဆုံးဖြတ်လိုက်သည်။

 

 

"နင့်ရဲ့ကျန်းမာရေးက အဓိကဘဲ။ နင့်ရဲ့ငယ်ရွယ်မှုကို အခွင့်ကောင်းယူပြီး ကျန်းမာရေးကို လစ်လျူမရှုနဲ့။ ပုံမှန်မစားဘဲ ထပ်ခါထပ်ခါ ဗိုက်ဆာဆာနဲ့နေရင် နောက်တစ်ကြိမ် အစာအိမ်ရောဂါကို အလွယ်တကူဖြစ်စေတယ်။ နင့်ကိုယ်နင် ကျန်းမာရေးပြန်ကောင်းအောင်လုပ်ဖို့ အရမ်းခက်ခဲလာမှာ။ ဒါ့ပြင်ရေရှည်ဆို အစာအိမ်ရောင်တာနဲ့ အစာအိမ်ကင်ဆာတောင် ဖြစ်နိုင်တယ်"

 

 

"ဒါ့အပြင် နောက်ကျမှ အိပ်တာက အရင်ဆုံး စိတ်ပင်ပန်းနွမ်းနယ်စေပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။ ဒါက လူတွေကို စိတ်တိုဒေါသထွက်တာ၊ မေ့မေ့လျော့လျော့ဖြစ်တတ်တာ၊ စိတ်တိုတာတွေ ဖြစ်လာစေတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ပုံမှန်မဟုတ်တော့ တချို့ ရောဂါတွေ ရုတ်တရက် ဖြစ်လာနိုင်တယ်။ နှလုံးရပ်ပြီး သေဆုံးတဲ့အထိကို ဖြစ်နိုင်တယ်…”

 

 

စုန့်အာ့နန်က ဆေးဘက်ဆိုင်ရာ ရှုထောင့်ကနေ နောက်ကျမှအိပ်ယာဝင်တာနဲ့ ပုံမှန်မစားသောက်တဲ့ ဆိုးကျိုးတွေကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ ဒါပေမယ့် နားထောင်တဲ့ သူအတွက်ကတော့ ဆူပူကြိမ်းမောင်းတာထက် ပိုကြောက်စရာကောင်း‌နေသည်။

 

 

Netizen - တူနေတာ ရပ်လိုက်ပါ၊ ဆူပူနေတာ ရပ်လိုက်ပါ‌တော့၊ ငါပြောင်းလဲနေပါပြီ!

 

 

လင်းချွမ်ဖန်များ - ဝူးဝူးဝူး၊ အန်တီလေးပြောတာမှန်တယ် ကောကော ကျန်းမာရေးကို ဂရုစိုက်ရမယ်။

 

 

စုန့်အာ့နန်က ပြောပြီးသွားတော့ ရုတ်တရက် ထပ်ပြောလာသည်။ "ဒါကြောင့် ငါဆုံးဖြတ်လိုက်တယ်"

 

 

စုန့်လင်းချွမ် မျက်ခွံတွေ လှုပ်လာသည်။ "ဆုံးဖြတ်လိုက်တယ်... ဘာကိုလဲ?"

 

 

စုန့်အာ့နန် ပြောလာသည်။ "ဒီနေ့ကစပြီး ငါဆုံးဖြတ်လိုက်ပြီ၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံနဲ့ စားသောက်မှုအလေ့အထတွေကို ပြုစုပျိုးထောင်ဖို့ နင့်ကို ကြီးကြပ်မယ်"

 

 

"ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ အချိန်မှန် လေ့ကျင့်ခန်းလုပ်ပြီး..." သူမက ခဏရပ်လိုက်ကာ "သရေစာမစားရဘူး!"

 

 

စုန့်လင်းချွမ် - "..."

 

 

စုန့်အာ့နန်က အံကြိတ်ပြီး ဆက်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ငါ နင်နဲ့အတူလုပ်ပေးမယ်"

 

 

စုန့်လင်းချွမ် သူ့နဖူးသူကိုင်လိုက်သည်။ ဒီအရာတွေက ရိုးရှင်းပုံပေါက်ပေမယ့် သူ့အတွက်တော့ တကယ်ကို ခက်ခဲသည်။

 

 

"အန်တီလေး ငါနဲ့ လိုက်လုပ်စရာ မလိုဘူးမလား?" သူက အစမ်းသဘောနဲ့ မေးလိုက်သည်။

 

 

စုန့်အာ့နန်အပေါ် သူနားလည်ထားပုံအရဆို  သူမက အမြဲလိုလို သူမကိုယ်သူမ တင်းကြပ်ပေမယ့် အခြားသူတွေကိုတော့ ညှာတာတတ်သူဖြစ်သည်။ သူမကိုယ်သူမ ထိန်းမနိုင်ဖြစ်နေတဲ့ အရာတွေအတွက် အဲ့ဒါကို တခြားသူတွေဆီ တောင်းဆိုလိုက်တာနဲ့ သူမကိုယ်သူမ အလွယ်တကူ ထိန်းနိုင်သွားသည်။

 

 

ဒီတော့ ဒါက တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။

 

 

စုန့်အာ့နန် - "မဟုတ်ဘူး၊ ငါက ဥပမာအနေနဲ့ ဦးဆောင်ရမယ်!"

 

 

စုန့်လင်းချွမ် - "..."

 

 

သူ့အန်တီလေးက တကယ်လေးနက်နေတာဘဲ။

 

 

ဟုတ်တယ်၊ သူက သူ့အန်တီလေးဆိုတော့ ပူးပေါင်းရမှာပေါ့။ သူမကို  သူ့အန်တီ‌လေး မဖြစ်အောင်လုပ်မယ့် တခြားနည်းလမ်းမှ မရှိဘဲ!

 

 

သးတို့ တူဝရီးနှစ်ယောက် သဘောတူညီမှု ရပြီးတဲ့နောက် နံနက်စာကို ပျော်ရွှင်စွာနဲ့ အတူတူ စားသောက်ကြသည်။

 

 

သူတို့နှစ်ယောက် မနက်စာစားပြီးရင်  အွန်လိုင်း ပေါ်က ကိစ္စတွေကို တုံ့ပြန်လိမ့်မယ်လို့ ဒါရိုက်တာက အစပိုင်းမှာ ထင်ခဲ့ပေမယ့် အံ့သြစရာကောင်းတာက သူတို့ဟာ အသံတစ်စက်မှ မထွက်ဘဲ အစားအသောက်တွေအားလုံး နီးပါးစားလိုက်ကြသည်။

 

 

ဒါရိုက်တာက စိုးရိမ်စပြုလာပေမယ့် ကျန်းဟန်က သူ့ကို စိတ်အေးလက်အေး အကြည့်တစ်ချက်ပေးလိုက်သည်။

 

 

မနက်စာစားပြီးတဲ့နောက် စုန့်လင်းချွမ်က ပန်းကန်ဆေးဖို့မီးဖိုချောင်ဆီသွားပြီး စုန့်အာ့နန်က စားပွဲကို သုတ်လိုက်သည်။

 

 

ကျန်းဟန်က စုန့်အာ့နန် ဆီလျှောက်လာပြီး ပြောလိုက်သည်။ "အန်တီလေး၊ ဒီမနက် ဘာအစီအစဉ်မှ မရှိဘူး၊ အန်တီလေး စာတွေနဲ့ မပြတ်သွားရအောင် ခဏလောက် စာလုပ်လိုက်ဦးပေါ့ မဟုတ်လား?"

 

 

စုန့်အာ့နန် အံ့အားသင့်သွားသည်။ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက သဘောတူလိုက်တာပင်။

 

 

လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီး သူမအနေနဲ့ စုန့်လင်းချွမ်ရဲ့ကိစ္စတွေထဲမှာဘဲ လုံးလုံးလျားလျား နစ်မွန်းနေခဲ့သည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။ ကျန်းဟန်က အဲဒါကို ပြောလာတော့ သူမလည်း စာလုပ်ဖို့ ယားယံလာသည်။

 

 

ဆေးကျောင်းရဲ့ သင်ရိုးညွှန်းတမ်းတွေက မူလအားဖြင့် နက်နဲသည်။ သူမက လာမယ့်စာသင်နှစ်မှာ တတိယနှစ်စမည်ဖြစ်ပြီး စောစောစီးစီးအလုပ်သင်ဆင်းနိုင်ဖို့ မျှော်လင့်ထားတာကြောင့် သူမကိုယ်တိုင်အတွက် လိုအပ်ချက်တွေက မြင့်သည်။ ဒါကြောင့် သူမကအားလပ်ရက်တွေမှာတောင် မကြာခဏ အပျင်းတစ်လေ့မရှိပေ။

 

 

ဒါပေမယ့် သူတို့က ရှိုးကိုရိုက်နေတုန်းဘဲဖြစ်သည်။  စုန့်အာ့နန်က မသင့်တော်ဘူးလို့ ခံစားရပြီး သူမရဲ့ လုပ်ရပ်တွေက စုန့်လင်းချွမ်အ‌ပေါ် လူတွေပိုပြီး တုံ့ပြန်မှာကို စိုးရိမ်သည်။

 

 

ကျန်းဟန်က စုန့်အာ့နန် စိုးရိမ်နေတာကို သတိထားမိပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ လင်းချွမ် လည်း ဇာတ်ညွှန်းတွေဖတ်ဖို့ ရှိတယ်။ ဧည့်ခန်းမှာဖတ်ရင် ရိုက်ကူးတာကို မထိခိုက်စေပါဘူး"

 

 

စုန့်အာ့နန်လည်း မီးဖိုချောင်ကနေ ထွက်လာတဲ့ စုန့်လင်းချွမ်ကို လှမ်းကြည့်လိုက်သည်။

 

 

  စုန့်လင်းချွမ်က ကျန်းဟန်ကို မသင်္ကာတဲ့အကြည့်တစ်ချက် ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ဒီမနက် ဖြတ်ရမယ့် အရေးတကြီး ဇာတ်ညွှန်း ရှိတယ်"

 

 

စုန့်အာ့နန်က ဒါရိုက်တာဘက်ကို အတည်ပြုသလို မကြည့်ခင် ခဏလောက်စဉ်းစားလိုက်သည်။ "အဆင်ပြေရဲ့လား?"

 

 

ဒါရိုက်တာက‌တော့ ကျန်းဟန် ဘာလုပ်နေလဲဆိုတာ မသိပေမယ့်လည်း ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ ဧည့်ခန်းထဲမှာ စာဖတ်တာက ရိုက်ကူးရေးကို မထိခိုက်စေပါဘူး၊ ကိစ္စမရှိဘူး"

 

 

စုန့်အာ့နန်ရဲ့ အသံက ရွှင်မြူးသွားသည်။ "ကောင်းလိုက်တာ!"

 

 

နောက်တော့ သူမက ချက်ချင်းဘဲ အဝတ်စုတ်ကို လွှင့်လိုက်ပြီးစာအုပ်တွေကို ယူဖို့အိပ်ခန်းထဲ ပြေးဝင်သွားသည်။

 

 

[ဟာဟား၊ နောက်ဆုံးတော့ သူစာကျက်ဖို့ သတိရသွားပြီ။ ဒါပေမယ့် ဘယ်လို စာကျက်ချင်ယောင်ဆောင်တာလဲ? အရမ်းအတုအယောင်ဆန်တယ်]

 

 

[ဒါက စာကျက်ဖို့ လုံးဝသတိရတာမှမဟုတ်ဘဲ၊ မန်နေဂျာက သူ့ပုံရိပ်ကိုပြန်ယူဖို့ သတိပေးနေတာ ရှင်းနေတာဘဲကို]

 

 

[ဟားဟား၊ အခုထိ ထိပ်တန်းကျောင်းသား ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားနေတုန်းပဲလား?]

 

 

[စုန့်လင်းချွမ်ရဲ့ မန်နေဂျာက စုန့်အာ့နန်ကို အွန်လိုင်းကကိစ္စတွေကို တုံ့ပြန်ဖို့ အခွင့်အရေးပေးနေတာဘဲ]

 

 

[အို့...အန်တီလေးက အထက်တန်းကျောင်းတက်နေတသင့်တာမဟုတ်လား? အန်တီလေးက လစ်ဘရယ်အနုပညာနဲ့ သိပ္ပံဘာသာရပ်ကို သင်ယူနေတာလားလို့ ရုတ်တရက် သိချင်လိုက်တာ]

 

 

[အန်တီလေးက ရုပ်ချောတော့ လစ်ဘရယ်အနုပညာကျောင်းသူဖြစ်သင့်တယ်လို့ ခံစားမိတယ်]

 

 

[အပေါ်က စုန့်လင်းချွမ်ရဲ့ ဖန်တွေဘဲ။ သူ့အတွက် ကာပေးနေတာကို ရပ်လိုက်။ ဆိုးသွမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် "နူးညံ့တယ်" ဆိုတာနဲ့ ဖော်ပြနိုင်ရတာလဲ?]

 

 

[ဟေ့၊ ကောလဟာလတွေ ဖြန့်ဖို့ လုံးဝ အားစိုက်ထုတ်နေစရာ မလိုဘူး။ နင်တို့မှာ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေရှိရင် သက်သေပြလိုက်]

 

...

 

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲတွင် ဆူညံသံ အော်ဟစ်နေပြီး စခရင်တစ်ခုလုံးကို  မှတ်ချက်တွေနဲ့ လွှမ်းခြုံထားသည်။

 

 

နောက်ဆုံး၊ နှစ်မိနစ်ကြာပြီးတဲ့နောက်မှာ စုန့်အာ့နန်က လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ ဧည့်ခန်းထဲပြန်ရောက်လာသည်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲတွင် နည်းနည်းငယ်ငြိမ်သက်သွားသည်။

 

 

လူတိုင်းက သတိမထားမိဘဲ အသက်ရှုအောင့်ထားကြပြီး သူမလှုပ်ရှားမှုတိုင်းကို အာရုံစူးစိုက်ကြည့်နေကြသည်။

 

 

သူမက စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ကုလားထိုင်ကိုဆွဲကာ ထိုင်လိုက်သည်။

 

 

လူတိုင်းရဲ့ ရင်ထဲမှာ တန်းလန်းဖြစ်နေတဲ့အချိန် ကင်မရာက ဖြည်းဖြည်းချင်း Zoom ဆွဲပြလိုက်သည်။

 

 

နောက်ဆုံး စာအုပ်အဖုံးပေါ်က စာလုံးခပ်ကြီးကြီးက ကင်မရာထဲ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

 

 

လူ့ခန္ဓာဗေဒ?