အပိုင်း ၁၆
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၁၆

 

 

 

 

 

"ပြည်တန်ဆာလို အငယ်အနှောင်းမ၊ နင့်ရဲ့ အတွေးတွေကို ငါမသိဘူးလို့ မထင်လိုက်နဲ့။ ဟိုတုန်းက ကျန်းကျွင်းကို နင်က စိတ်ကူးယဉ်ခဲ့တယ်၊ ဒါပေမယ့် သူနင့်ကို မကြိုက်ခဲ့တာ သနားစရာပဲ။ မထင်မှတ်ဘဲ နင်က အရှက်မဲ့တာပဲ။ သူက အိမ်ထောင်ကျပြီးတာတောင် နင်က တွယ်ကပ်နေသေးတယ်။ ဖီ!"

 

 

တံတွေးက လင်းဟွေ့၏ မျက်နှာပေါ်သို့ ကျသွားခဲ့သည်။ သူမ အသက်ရှုကြပ်သွားသလို ခံစားလိုက်ရသည်။

 

 

သူမ၏ ကြင်နာမှုသည် အန်တီဟွေ့အတွက် များစွာဒုက္ခပေးခဲ့ကြောင်း သာ့ချောင် မသိသေးပေ။ သို့မဟုတ် သူမအမေက တံခါးဝသို့ သွားပြီး ပြဿနာရှာနေကြောင်းလည်း မသိသေးပေ။

 

 

ထိုအချိန်တွင် သူမ လက်ဖဝါးပေါ်ရှိ ကျောက်စိမ်းဆွဲသီးကို ကြည့်နေသည်။ သူမ နှလုံးသားက တဆတ်ဆတ်တုန်နေသည်။

 

 

ယခုပင် ပုတီးစေ့ သေးသေးလေး နှစ်လုံးက ကျောက်စိမ်းဆွဲသီး၏ မျက်လုံးမှ ရုတ်တရက် ပြုတ်ကျသွားသည်။ ပုတီးစေ့များ၏ အရွယ်အစားမှာ ငါးမျက်လုံး၏ အရွယ်လောက် ရှိသည်။

 

 

သို့သော် ငါးမျက်လုံးများနှင့် နှိုင်းယှဉ်ပါက ဤကျောက်စိမ်းတုံးသည် အဖြူရောင်ဖြစ်ပြီး အနာအဆာကင်းစင်သည်။ ကြည်လင်ပြတ်သားပြီး အလွန်လှပသည်။

 

 

၎င်းက အလွန်ဆန်းကြယ်သည်။

 

 

ဘယ်ကနေမှန်းမသိ မျက်လုံးပုတီးများ ထွက်ကျလာသည်။

 

 

အချိန်အတော်ကြာ အေးခဲသွားပြီးနောက် သာ့ချောင်သည် ကျောက်စိမ်းပုတီးစေ့များကို ညင်သာစွာကောက်ယူပြီး ညှစ်လိုက်သည်။

 

 

ကျောက်စိမ်းပုတီးစေ့များသည် အလွန်နူးညံ့သည်။ စေးကပ်ကပ် ခံစားရပြီး အထိအတွေ့ကို အလွန်နှစ်သက်သည်။

 

 

ထို့နောက် သူမ၏ နှာခေါင်းအောက်သို့ ထည့်ပြီး အနံ့ခံလိုက်သည်။

 

 

အနံ့က သိပ်မပြင်းပေ။ သဘာဝပန်းရနံ့နှင့် ဆင်တူသည်။ ပေါ့ပါးပြီး အနံ့အလွန်ကောင်းသည်။

 

 

သာ့ချောင်သည် သေးငယ်သော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ သူမ၏ နူးညံ့သော နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်နေသည်။ သူမ ပါးစပ်လေးကို သုတ်လိုက်ပြီး တံတွေးကို မြိုချလိုက်သည်။

 

 

ယနေ့ညတွင် သူမက ယာဂုနှစ်ပန်းကန်နှင့် ငါးတစ်ဝက်စားထားသည်။ သူမက အခုဘာလို့ ဗိုက်ဆာနေပုံပေါ်တာလဲ?

 

 

သူမက တကယ်စားနိုင်သည်။

 

 

သာ့ချောင်၏ မျက်နှာငယ်လေးသည် နီရဲသွားသည်။ သူမ၏ အစားကြီးမှုကို ရှက်သွားသည်။

 

 

အချိန်အတော်ကြာအောင် တောင့်ခံပြီးနောက် ကျောက်စိမ်းပုတီးစေ့ကို မစားဝံ့သေးပေ။ သူမအဖေက ပစ္စည်းတွေကို ကြုံသလို မစားရန် ပြောသည်။

 

 

သို့သော်လည်း ဤကျောက်စိမ်းပုတီးကို သူမ ဘာလုပ်သင့်လဲ?

 

 

ဒီလောက်လှတဲ့ ပုတီးစေ့။ ပစ်လိုက်ရန် အလွန်နှမြောမိသည်။ သို့သော်လည်း သူမ မပစ်သဖြင့် မြင်သွားလျှင် ဘယ်လိုရှင်းပြရမလဲ?

 

 

သာ့ချောင် အကျပ်ရိုက်နေခဲ့သည်။

 

 

အဆုံးတွင် သူမသည် သူမ၏စိတ်ကို တောင့်ခံပြီး ကျောက်စိမ်းပုတီးစေ့များကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။

 

 

သူမ ခြေဖဝါးကို စိမ်ထားသော ရေပါသည့် သစ်သားအင်တုံထဲသို့ ကျောက်စိမ်းပုတီးစေ့များကို ပစ်ချလိုက်သည်။ ကျောက်စိမ်းပုတီးစေ့များက ဝင်ရောက်သွားသည်နှင့် သဲလွန်စမရှိဘဲ အရည်ပျော်သွားသည်။

 

 

သာ့ချောင်၏ သမင်နှင့်တူသော မျက်လုံးကြီးသည် အကြိမ်အနည်းငယ်မျှ ဖွင့်လိုက်ပိတ်လိုက် ဖြစ်သွားသည်။ ထို့နောက် သူမက ရေထဲသို့ မွှေကြည့်သောအခါ ဘာမှမတွေ့တော့ပေ။

 

 

သူမက သက်ပြင်းချကာ သစ်သားအင်တုံကိုထုတ်ပြီး ခြံထောင့်သို့ ရေကို သွားစွန့်လိုက်သည်။

 

 

ရွာရှိလူကြီးများသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က အငတ်ဘေးကို ကြောက်ရွံ့နေကြဆဲဖြစ်သောကြောင့် ထုတ်လုပ်မှုအဖွဲ့ခေါင်းဆောင် ဝမ်ရွှေရှန်းသည် ယခုရက်ပိုင်းတွင် ရေလှောင်ကန် တည်ဆောက်ရန် ရွာမှလူများကို ဦးဆောင်ခဲ့သည်။

 

 

နောက်ပိုင်း နှင်းကျလာသောအခါ ရေလှောင်ကန်က နှင်းတွေကို သိမ်းဆည်းနိုင်သည်။ လာမည့်နှစ် နွေဦးရာသီတွင် နှင်းများ အရည်ပျော်လာသောအခါ ရေပြတ်လပ်တော့မည် မဟုတ်ပေ။

 

 

ချောင်ကျန်းကော်ကလည်း ပါဝင်ခဲ့သည်။ ပြန်လာသောအခါတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။ သူ့ကိုစောင့်နေရန်အတွက် ချောင်မိသားစုက ညစာကို နောက်ကျမှစားသည်။

 

 

ဝမ်ချွမ်ကျီက ဗိုက်ဆာလွန်းသဖြင့် ဗိုက်က မြည်သံထွက်နေသည်။ တစ်ညနေလုံး ငါးပန်းကန်ကို သားရည်ယိုနေသည်။

 

 

ထမင်းစတင်စားသည်နှင့် သူမက ဘာကိုမှ ဂရုမစိုက်တော့ပေ။ သူမသည် တူကို ကောက်ယူပြီး စတင် စားလိုက်သည်။

 

 

"စားလို့ကောင်းတယ်၊ ဒီငါးက အရမ်းဝတယ်။ သာ့ချောင်  ဘယ်ကရလာတာလဲ? အံ့သြစရာပဲ"

 

 

သာ့ချောင်သည် ပုံမှန်အားဖြင့် တည်ငြိမ်ပြီး အကျင့်စာရိတ္တကောင်းမွန်သည်။  သူမကို ယခုလောက်ထိ ပါးနပ်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

 

 

 ယောက္ခမက မေးသောအခါတွင်ပင် ငါးက ဘယ်ကရလဲဆိုသည်ကို မပြောပြချင်ပေ။

 

 

တကယ့်ကို ကြီးမားတဲ့ လှည့်ကွက်တွေနဲ့ လူသေးသေးလေး ဖြစ်သည်။

 

 

"ဒီငါးဟင်းက အရမ်းအရသာရှိတယ်။ ချစ်လှစွာသော အမေ အာ! ဒီလိုအရသာရှိတဲ့ ငါးကို စားပြီးတာ ဘယ်လောက်ကြာပြီလဲ မမှတ်မိတော့ဘူး"

 

 

"အရမ်းစားလို့ကောင်းတယ်။ အရမ်းစားကောင်းတာပဲ မေမေ၊ သာ့ချောင်က ဒီငါးတွေကို လင်းဟွေ့ဆီ မပေးသင့်ဘူး!"

 

 

ဝမ်ချွမ်ကျီက ပန်းကန်ကို ပြောင်အောင်စားပြီး တံတွေးလည်း စင်သည်ကို မြင်သောအခါ ချောင်ရှို့ကျီသည် ယင်ကောင်သေတစ်ကောင်ကို ရရှိလိုက်သကဲ့သို့ နှာခေါင်းရှုံ့လိုက်သည်။

 

 

"အဲ့ဒါ နင့်ကိစ္စမဟုတ်ဘူး! သာ့ချောင်က ငါးရခဲ့တယ်။ သူပေးချင်တဲ့သူကို ပေးလို့ရတယ်။ မစားချင်​ရင်​ အခန်းထဲပြန်​သွားလိုက်​!"

 

 

ချောင်ကျန်းကော်က သူ့မိန်းမကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူလိုက်သည်။ "မင်းမှာ စားစရာရှိတာတောင် မင်းပါးစပ်ကိုမပိတ်နိုင်သေးဘူး။ အမေပြောတာမှန်တယ်။ မစားချင်ဘူးဆိုရင် အခန်းထဲ ပြန်ဝင်လိုက်။ မင်းရဲ့တံတွေးတွေကို နေရာအနှံ့ ပက်ဖြန်းနေတာကို ကြည့်စမ်း။ တခြားသူတွေ စားနိုင်သေးလား?"

 

 

ဝမ်ချွမ်ကျီ၏ ပါးစပ်အတွင်းသို့ သွေးများက တိုးလာပြီး နေရာမှာတင် အသက်ရှုကြပ်ပြီး သေလုနီးပါး ဖြစ်နေသည်။

 

 

သူမက ဘယ်လိုယောက်ျားမျိုးနဲ့ လက်ထပ်ခဲ့တာလဲ?

 

 

 သူမကို မကာကွယ်နိုင်ရုံသာမက ပြီးတော့ လူအများရှေ့တွင် သူမကို ပြောနေသည်။ သူမဘဝက အလွန်ခါးသည်။

 

 

သူမယောက္ခမက ကံကောင်းသူ ဖြစ်သည်။ ယောက္ခမကြီးက ကြီးပြီး ကြမ်းသော်လည်း ယောက္ခထီးက သူမကို လက်ဖဝါးထဲတွင် ကိုင်ဆောင်ပြီး အလိုလိုက်ထားသည်။

 

 

ငါးစားသောအခါတွင်ပင် ယောက္ခထီးက အရိုးကို အရင်ရွေးပြီးမှ ယောက္ခမ၏ ဇလုံထဲသို့ ထည့်ပေးသည်။ တကယ်ကို သေစေနိုင်တဲ့အထိ သဝန်တိုစရာပင်!

 

 

ဝမ်ချွမ်ကျီသည် သူမဘေးတွင် ထိုင်နေပြီး ဆူညံစွာ စားနေသော လူကို တစ်ချက်ကြည့်လိုက်သည်။ "ကျန်းကော်၊ ကျွန်မ ငါးစားချင်တယ်" ဟု မခို့တရို့ပြောလိုက်သည်။

 

 

ချောင်ကျန်းကော်၏ တစ်ကိုယ်လုံး တုန်လှုပ်​သွားပြီး တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ သူမကို ကြည့်နေခဲ့သည်။

 

 

"မင်းရဲ့လျှာကို တည့်တည့်မတ်မတ် ပြောပါ။ တကယ်ကို တုန်လှုပ်ခြောက်ခြားစေတယ်။ ကြည့်စမ်း၊ ငါကြက်သီးတွေ ထကုန်ပြီ!"

 

 

သူက အင်္ကျီကို လှန်လိုက်ပြီး သူမကို သူ့၏ ကြက်သီးဖုများကို ပြလိုက်သည်။

 

 

"..."

 

 

ဝမ်ချွမ်ကျီသည် သွေးအချို့ကို အန်ချလုမတတ်ပင်။

 

 

အစပိုင်းတွင် သူမ မျက်မမြင် မဟုတ်ပေ။ ဒါဆို သူမက ချောင်ကျန်းကော်လို စိတ်ကူးယဥ်မဆန်တဲ့ လူတစ်ယောက်ကို ဘာကြောင့် ချစ်မိသွားတာလဲ?

 

 

ချောင်ရှို့ကျီသည် သူမ၏ အကြီးဆုံးချွေးမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ ခင်ပွန်းဖြစ်သူ ရွှယ်ချွမ်အတွက် အစားအစာအချို့ကို ထည့်ပေးပြီး ပြောလိုက်သည်။

 

 

ယး"ကျွန်မအတွက် ငါးအရိုးကောက်တာကို အာရုံစိုက်မနေပါနဲ့၊ များများစား"

 

 

ရွှယ်ချွမ်သည် တစ်သက်တာလုံး ချောမောသော လူစားမျိုးဖြစ်သည်။ သူငယ်စဥ်တုန်းက အလွန်ချောမောပြီး ဆယ်မိုင်တွင် ပြိုင်ဘက်မရှိပေ။

 

 

 ယခု အသက်ကြီးလာသည်နှင့်အမျှ ချောမောလှပသော အဘိုးအိုတစ်ယောက် ဖြစ်နေဆဲပင်။ ဆယ်မိုင်အကွာအဝေးရှိ အဘိုးကြီးများသည် သူ့ရှေ့တွင် ရပ်နေချိန်တွင် မျက်စိစူးစရာ ဖြစ်နေသည်။

 

 

သူက သူ့မိန်းမကို ကြည့်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။ "မင်းငါးကို အရမ်းကြိုက်တယ် မဟုတ်လား? ဒီလိုအရသာရှိတဲ့ ငါးကို တွေ့ဖို့ ရှားတယ်။ မင်းအတွက် ငါ ပိုပေးရမယ်"

 

 

လိမ္မော်ရောင်ဖယောင်းတိုင်၏ တောက်ပမှုအောက်တွင် သူသည် သူ့ဇနီးအတွက် ငါးရိုးကောက်ခြင်းကို အာရုံစိုက်နေသည်။

 

 

ချောင်ရှို့ကျီက ဤတစ်ကြိမ်တွင် မငြင်းခဲ့ပေ။

 

 

 တကယ်တမ်းတွင် ရွှယ်ချွမ်က တစ်ခုခုကို အာရုံစိုက်နေသရွေ့ သူမက သူ့ကို ဘယ်တော့မှ တားမည် မဟုတ်ပေ။

ဝမ်ချွမ်ကျီ၏ မျက်လုံးများသည် မနာလိုစိတ်ဖြင့် နီရဲနေသည်။

 

 

သူမက အံကြိတ်ကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ "ကျန်းကော်၊ ငါးရိုး ဖယ်ပေးပါဦး"

 

 

ဤတစ်ကြိမ်တွင် သူမက ညုသံဖြင့် မပြောတော့ပေ။ သို့သော်လည်း သူမရှေ့ရှိ လူသည် စိတ်ကူးယဥ်ဆန်ခြင်းကို နားမလည်သည့် သံမဏိကဲ့သို့ ဖြောင့်စင်းသော လူစားမျိုး ဖြစ်နေသည်။

 

 

ချောင်ကျန်းကော်က သူမကို နောက်တစ်ကြိမ် ထပ်ထိုးနှက်လိုက်ပြန်သည်။ "လက်မရှိဘူးလား? မင်းအတွက် ငါးရိုးကောက်ပေးမယ့်လူလိုနေတဲ့ သုံးနှစ်အရွယ်ကလေးလည်း မဟုတ်တော့ဘူး။ မင်းက အရမ်းရယ်စရာကောင်းတယ်"

 

 

ဝမ်ချွမ်ကျီ - "..."

 

 

ဝမ်ချွမ်ကျီက ​ဒေါသ​တွေ ပြည့်​​နေပြီ။

 

 

မူလက သူ့ယောက္ခမတွေဆီမှ လူလယ်ခေါင်၌ ဂရုစိုက်ပြခြင်းကို သင်ယူချင်ခဲ့သည်။ မမျှော်လင့်ဘဲ ပုပ်ပွနေသော ချောင်ကျန်း​ကော်သည် အချစ်ဇာတ်လမ်းကို လုံးဝနားမလည်နိုင်ခဲ့ပေ။ လုံးဝဒေါသထွက်စရာပင်!

 

 

ဝမ်ချွမ်ကျီက သူမ၏ ဒေါသကို အစားအသောက် ဘက်သို့ လှည့်လိုက်ပြီး ငါးအသားအများစုကို ပန်းကန်လုံးထဲကို ညှပ်ထည့်လိုက်သည်။

 

 

အစားအသောက် ပိုကောင်းပြီး လူတစ်ယောက်ကို ဘယ်တော့မှ စိတ်မပျက်စေပေ။

 

 

မထင်မှတ်ဘဲ နောက်အခိုက်အတန့်တွင် အော်ဟစ်ပြီး သူမ၏ မျက်နှာက နီရဲသွားသည်။

 

 

ချောင်ကျန်းကော်က လုံးဝစိတ်မရှည်တော့ပေ။ "မင်းဘာဖြစ်နေတာလဲ?" ညစာစားပွဲမှာ မင်းဘာလို့အရမ်းသရုပ်ဆောင်နေတာလဲ?

 

 

ဝမ်ချွမ်ကျီသည် သူမ၏လည်ချောင်းကို လက်ဖြင့်ထိကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။ "ငါးရိုးစူးနေပြီ!"

 

 

ထို့နောက် ပျာယာခတ်သွားကြသည်။ ငါးရိုးကို မျိုချဖို့အတွက် ရှာလကာရည် ပုလင်းတစ်ဝက်ကို သောက်ခဲ့သည်။ အချဥ်ပေါက်မှုကြောင့် သူမ၏သွားများက ကြွေကျလုမတတ်ပင် ဖြစ်သွားသည်။ သို့သော်လည်း ငါးရိုးက မကျသွားသေးပေ။

 

 

အဆုံးတွင် သူမသည် ပေါင်မုန့်ပေါင်းကြီး နှစ်လုံးကို ဆက်တိုက် မျိုချလိုက်သည်။ ငါးရိုးကို မျိုမချခင်မှာပင် လည်ပင်းပိတ်ပြီး သေလုနီးပါး ဖြစ်သွားသည်။ 

 

 

သူမ၏ လည်ချောင်းနာလာသည်။ သူမသည် ဆန်ပြုတ်ကိုသာ ရက်အနည်းငယ်ကြာအောင် သောက်နိုင်တော့မည်။

 

 

သူမက ရင်ဘတ်အောင့်ကာ သေလုနီးပါးဖြစ်နေသော်လည်း ချောင်ကျန်းကော်က လုံးဝ ဂရုမစိုက်ပေ။  သူ့တူချောင်းများက စားပွဲပေါ်မှ ဘယ်တော့မှ ထွက်မသွားဘဲ တခြားသူတွေထက် ပိုပြီး ပျော်ရွှင်စွာ စားနေသည်။

 

 

ဘယ်လောက်တောင် ကံမကောင်းလိုက်တဲ့ ဘဝမျိုးလဲ? တစ်ကမ္ဘာလုံးက သူမကို ဆန့်ကျင်နေသည်ဟု ဝန်ချွမ်ကျီက ခံစားမိသည်။

 

 

ယနေ့တွင် ချီလီရွာက ရွာသူရွာသားများက ပြပွဲကြီးတစ်ခုကို ကြည့်လိုက်ရသည်။ လင်းဟွေ့နှင့် ချောင်ကျန်းကျွင်းတို့ကြားရှိ ဇာတ်လမ်းသည် ထိပ်တန်း အတင်းအဖျင်းဖြစ်လာသည်။

 

 

"မထင်ထားဘူး။ လင်းဟွေ့က ချောင်ကျန်းကျွင်းကို သဘောကျနေတာကြာပြီပဲ"

 

 

"ဘာကို မထင်ထားတာလဲ? ချောင်မိသားစုက တည်ငြိမ်တယ်။ ဒုတိယချောင်က ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ ရုပ်ကောင်းတယ်။ တကယ်လို့ သူလက်မထပ်ရသေးရင် ဘယ်မိန်းကလေးက မကြိုက်ဘဲနေမှာလဲ?"

 

 

"သနားစရာပဲ၊ ဒုတိယချောင်က အမျိုးသမီးနှစ်ထောင်ထဲက ဖန်ရှောင်ကျွမ်းလို အမျိုးသမီးတစ်ယောက်ကို ရွေးချယ်ခဲ့တာ နှမြောစရာပဲ"

 

 

ဖန်ရှောင်ကျွမ်းက ရုပ်ချောသော်လည်း သူမ၏ စိတ်နေစိတ်ထားက...

 

 

 ဖန်းမိသားစုလို တစ်မိသားစုလုံးက လူတွေကို သုံးပေအကွာမှ ဆုတ်ခွာလုနီးပါး ဖြစ်စေခဲ့သည်။