Chapter 82
Viewers 22k

Volume 4 : ဗိသုကာဌာန


Chapter 82 (လိမ္မော်သီး သွားဝယ်ဉီးမယ်)


အဖွဲ့ဝင်များက သူတို့၏စွမ်းရည်များကို အလှည့်ကျပြသပြီးနောက် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သာ ကျန်ရှိတော့သည်။ လူတိုင်းက သူတို့ဆီ အာရုံစိုက်လာကြသည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းအရင်လာမလား?"


"ကောင်းပြီ…"

ကျန်းဖျင်စစ်က အရှေ့သို့လှမ်းပြီး ညာလက်ကို ဆန့်လိုက်သည်။ ရင်းနှီးပြီးသား xyz coordinate axis က လေထဲမှာ ပေါ်လာပြီး ကျန်းဖျင်စစ်က ဖော်မြူလာမျဉ်းက်ု အမြန်ရေးလိုက်သည်။


မြေပြင်ပေါ်ရှိ ဘတ်စကတ်ဘောနှစ်လုံးသည် ရုတ်တရက် လေထဲသို့ တက်လာပြီး မှန်ချပ်ခေါက်ချိုးညီကဲ့သို့ လေထဲတွင် ဘယ်ညာ ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း ပျံသန်းသွားတာကို မြင်လိုက်ရသည်။


ပြီးချင်းချင်းမှာပဲ ကျန်းဖျင်စစ်က သူ၏ညာလက်ကို အနည်းငယ်ကွေးလိုက်ပြီး သူ့ဘေးရှိ ကြက်တောင်ကလညါး လေထဲကို ပျံတက်သွားကာ လူတိုင်း၏ဦးခေါင်းထက်တွင် ထူးဆန်းသောခရုပတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ‘ခြင်ဆေးခွေ’နဲ့ ဆင်တူသည့် စက်ဝိုင်းပုံကို ရေးဆွဲခဲ့သည်။ လူတိုင်းက ၎င်းကိုကြည့်ရင်း မူးဝေသလိုခံစားလိုက်ရသည်။


ယွဲ့ရှင်းဝမ်: "ဒါက ဖော်မြူလာအသစ်ကို သော့ဖွင့်သွားတာလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"အင်း… coordinate system ကို အဆင့်မြင့်လိုက်တော့ hyperbolic နဲ့ archimedean spiral ကို သော့ဖွင့်ပေးတယ်…"


အထက်တန်းကျောင်းတုန်းက hyperbolic လှုပ်ရှားမှုအကြောင်းကို ယွဲ့ရှင်းဝမ်က သင်ယူခဲ့ပြီး ဤဖော်မြူလာကို သော့ဖွင့်ပြီးနောက် ကျန်းဖျင်စစ်က ပစ်မှတ်နှစ်ခုကို အတင်းအကျပ်ခွဲထုတ်နိုင်ခဲ့သည်။ ထို့အပြင် hyperbolic လှုပ်ရှားမှုက လုံးဝဆန့်ကျင်ဘက် ဦးတည်ချက်နှစ်ခုသို့ ရွေ့လျားသွားသည်။


Archimedes spiral လား? သည်ဖော်မြူလာကို ယွဲ့ရှင်းဝမ် တစ်ခါမှ မကြားဖူးပေ။


ကြက်တောင်က လေထဲမှာ အဆက်မပြတ် လှည့်ပတ်နေတာကိုမြင့်တော့ ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"လူ ဒါမှမဟုတ် တိရစ္ဆာန်သာ ဒီလို spiral လှုပ်ရှားမှုလုပ်ဖို့ ကောင်းကင်ကို အပို့ခံရရင် လှည့်ပတ်ပြီးနောက် မူးနေမှာသေချာတယ်… အဲဒါက ရိုလာကိုစတာစီးတာထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်…"


Parabolic လှုံ့ဆော်မှုသည် ဦးတည်ချက်တစ်ခုလည်းဖြစ်ပြီး ဆက်တိုက် spiral လှုပ်ရှားမှုက လူများကို မူးဝေစေပါသည်။


ကျန်းဖျင်စစ်က ဆက်ပြောသည်။

"Coordinate system အဆင့်ပြည့်ရဲ့ စောင့်ဆိုင်းချိန်က နာရီဝက်အထိ အချိန်လျော့သွားပြီး ထိန်းချုပ်နိုင်တဲ့ coordinate အရေအတွက် 12 ခုအထိ တိုးလာတယ်… လက်ရှိ အသုံးပြုနိုင်တဲ့ ဖော်မြူလာတွေက parabolic၊ trigonometric၊ hyperbolic၊ spiral မျဉ်းကွေးပဲ…"


ယွဲ့ရှင်းဝမ်က သူ့ကို ချီးကျူးသည်။

"Cartesian coordinate system မှာ စွမ်းရည်ကောင်းတွေရှိပေမယ့် အသုံးပြုတဲ့သူအပေါ်လည်း မူတည်တယ်… စာညံ့တဲ့သူက အချိန်တိုအတွင်း ဖော်မြူလာတစ်ခုကို မရေးနိုင်ပေမယ့် ဖျင်စစ်ရဲ့လက်ထဲမှာတော့ Cartesian coordinate system က အပြည့်အဝအလုပ်လုပ်တယ်…"


အဖွဲ့ဝင်များက ခေါင်းငြိမ့်သဘောတူကြသည်။

"မင်းရဲ့စွမ်းရည်နဲ့ အချက်အလက်ကို တွက်ချက်ရတာက ခက်ခဲလွန်းတယ်…"


"ငါတို့ရဲ့စွမ်းရည်တွေက ရိုးရှင်းပြီး အကြမ်းထည်ဖြစ်နေတာပဲ ကောင်းတယ်… ငါ coordinate system ကို ရရင် အမှိုက်ဖြစ်သွားလိမ့်မယ်ထင်တယ်!"


Parabolic သည် သူ၏အဖွဲ့များကို တောင်များနှင့် မြစ်များပေါ် စေလွှတ်ကာ၊ sine မျဉ်းကွေးများက အဆက်မပြတ်ရွေ့လျားပြီး၊ hyperbolic က ပစ်မှတ်ကို ခွဲထုတ်ပြီး၊ spiral မျဉ်းကွေးက လူများကို မူးဝေစေသည်။ ကျန်းဖျင်စစ်သည် coordinate system စွမ်းရည်ကို အဆင့်ပြည့်မြင့်တင်ထားပြီး သည် coordinate system ဖြင့် သူက အသန်မာဆုံးထိန်းချုပ်ရေးဘုရင်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က မေးသည်။

"မင်းရဲ့အမှတ်အားလုံးကို coordinate system အဆင့်ပြည့်မြင့်တင်ဖို့ပဲ သုံးလိုက်တာလား? မင်း အခြားကိရိယာတွေ မလဲလှယ်ခဲ့ဘူးလား?"


ကျန်းဖျင်စစ်: "ငါက ဈေးသက်သာတဲ့ တြိဂံပေတံ လဲလှယ်ခဲ့တယ်…"


ဒါကိုကြားတော့ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။


ကျန်းဖျင်စစ်၏လက်ဖဝါးတွင် တြိဂံပုံသင်္ကေတတစ်ခုပေါ်လာသည်။ ညာလက်ကို အနည်းငယ် မြှောက်လိုက်သည်နှင့် မရေမတွက်နိုင်သော အကြည်ရောင်တြိဂံပေတံများက မုန်တိုင်းလို ထွက်လာတာကို မြင်လိုက်ရပြီး မြေပြင်ပေါ်တွင် ချထားသော ဘတ်စကတ်ဘောများကို အပေါက်များဖြစ်အောင် ချက်ချင်း ထိုးဖောက်လိုက်သည်။


ယွဲ့ရှင်းဝမ်က တြိဂံပေတံကို ကိုင်ရန် လျှောက်သွားခဲ့သည်။ ကျန်းဖျင်စစ်က ချက်ချင်း ရှေ့သို့ တိုးလာပြီး သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"သတိထား၊ ဒီပေတံရဲ့အစွန်းက အရမ်းထက်တယ်… မင်းလက်ကို မထိမိစေနဲ့…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး ဂရုတစိုက် လေ့လာရန် သူ့လက်ချောင်းများဖြင့် ပေတံတစ်ခုကို ဂရုတစိုက် ကောက်ယူလိုက်သည်——


အကြည်ရောင်တြိဂံပေတံသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာပြီး ထိမိပါက အက်ကွဲသွားနိုင်သည့် မှန်ကဲ့သို့ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ၎င်းက သတ္တုကဲ့သို့ မာကျောသည်။ အစွန်းတိုင်းက အလွန်ချွန်ထက်ပြီး ပေတံ၏ထိပ်နဲ့တင် ဘတ်စကတ်ဘောကို ချက်ချင်း ထိုးဖောက်နိုင်သည်။ ထို့အပြင် သည်အစွန်းက လူတစ်ယောက်၏လည်ပင်းကို အလွယ်တကူ ဖြတ်နိုင်သည်။

 

ယွဲ့ရှင်းဝမ်က ချီးကျူးသည်။

"ဒါကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုလို့ရတယ်…"


လျှိုကျောက်ချင်းလည်း လျှောက်လာရင်း ပေတံတစ်ခုကို ကောက်ကိုင်လိုက်ပြီး သေချာ‌လေ့လာကြည့်ရင်း သုံးသပ်သည်။

"ဒါက ငါ့ခွဲစိတ်ဓားလောက် ချွန်ထက်တာပဲ… ချွန်ထက်တဲ့ထောင့်က လူတစ်ယောက်ရဲ့ ရင်ဘတ်ကို အလွယ်တကူ ထိုးဖောက်နိုင်တယ်…"


မှတ်တမ်းတင်နေစဉ် ခယ်ရှောင်ပင်းက သူ၏မျက်မှန်ကို ပင့်တင်လိုက်သည်။

"စီနီယာအစ်ကိုလျှိုရဲ့ ဓားမြောင်ပျံတွေ၊ ဖျင်စစ်ရဲ့ ပေတံမုန်တိုင်းတွေ၊ ကျွန်တော်တို့အဖွဲ့ရဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေက အရမ်းသန်မာတာပဲ… စကားမစပ်၊ ရှင်းဝမ်ရဲ့ အုတ်ခဲလည်း ရှိသေးတယ်…"


လန်ယာရုန်က လူတိုင်းကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။

"အုတ်ခဲဆိုတာ ဘာလဲ?"


ယွဲ့ရှင်းဝမ်က idiom အဘိဓာန်ကို ဆင့်ခေါ်ပြီး သူမအား သရုပ်ပြသည်။


သူ့လက်ကို မြောက်လိုက်ပြီး အဘိဓာန်ကို မြေပြင်ပေါ် ပစ်ချလိုက်ကာ ချိုင့်ကြီးတစ်ခုဖြစ်အောင် လုပ်လိုက်ပြီး အပြုံးဖြင့် ပြောသည်။

"စီနီယာအစ်မ ဒါကို ရိုးရိုးရှင်းရှင်း အုတ်ခဲအနေနဲ့ သုံးလို့ရတယ်…"


လန်ယာရုန်က ခေါင်းငုံ့ကာ စက္ကန့်အနည်းငယ်ကြာ တစ်စုံတစ်ခုကို တွေးလိုက်ပြီး ရုတ်တရက် ‘ပြစ်မှုဆိုင်ရာဥပဒေ’စာအုပ်ကိုထုတ်ပြီး ယွဲ့ရှင်းဝမ်ကဲ့သို့ ထူထဲသောဥပဒေစာအုပ်ကို ပစ်လိုက်သည်။ ယွဲ့ရှင်းဝမ်က ပစ်ပေါက်လိုက်သည့် ချိုင့်၏ဘေးတွင် နောက်ထပ် ချိုင့်ကွက်တစ်ခုဖြစ်သွားလေသည်။


လန်ယာရုန်က ပြုံးကာ ပြောသည်။

"ဒီလိုလား?"


လူတိုင်း: "..."


ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် ညည်းညူသည်။

"စီနီယာအစ်မလန်က ငါတို့နောက်လိုက်ရင်း ပျက်စီးသွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်… စီနီယာအစ်မက သင်ယူခဲ့တာတွေကို ‌လက်တွေ့အသုံးချနည်း တကယ်သိတာပဲ… နောင်အခါ ကျွန်တော်နဲ့ စီနီယာအစ်မက လူတွေကို ရိုက်မယ်၊ စီနီယာအစ်ကိုလျှိုနဲ့ ဖျင်စစ်က ခွဲစိတ်ဓားတွေ၊ တြိဂံပေတံတွေနဲ့ လွှင့်ထုတ်မယ်… တစ်ဖက်လူတွေ မချဉ်းကပ်နိုင်အောင် ရုပ်ပိုင်းဆိုင်ရာကာကွယ်ရေးကွန်ရက်ကို ငါတို့ဖွဲ့စည်းရမယ်…"


Idiom အဘိဓာန်၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ခွဲစိတ်ဓား၊ တြိဂံပေတံ။


လက်နက်များက အစုအပြုံလိုက် ရှုပ်ပွစွာ လေထဲတွင် ပျံဝဲနေမှာက တွေးကြည့်ရတာ ထူးဆန်းသောမြင်ကွင်းဖြစ်သည်။


ချင်လုက တိုးတိုးပြောသည်။

"တစ်ဖက်မှာ သမိုင်းဌာနရှိနေရင် ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’ လှုပ်ရှားမှုကိုတစ်ခုတည်းနဲ့ ကိရိယာအားလုံးက အသုံးမဝင်တော့ဘူး…"


ယွဲ့ရှင်းဝမ်က အဘိဓာန်ကို ပြန်ယူကာ ပြောလိုက်သည်။

"ဒါအမှန်ပဲ… ဒီတော့ ငါတို့က မှော်တိုက်ခိုက်မှုတွေ လုပ်ရမှာပေါ့!"


ကျန်းဖျင်စစ်: "မင်းအဘိဓာန်ရဲ့ စွမ်းရည်အသစ်ကို ကြည့်ရအောင်…"


ယွဲ့ရှင်းဝမ်က အဘိဓာန်ကိုဖွင့်ကာ ပြောသည်။

"‘လေးစားမှုဖြင့်ဝပ်တွားခြင်း’နဲ့ ‘ခုနစ်အပေါ် ရှစ်အောက်’ စွမ်းရည်နှစ်ခုကတော့ မပြောင်းလဲသေးဘူး… မမြင်ဖူးတဲ့သူတွေကို ငါပြမယ်…"


ကျန်းရှောင်နျန်၊ လန်ယာရုန်နှင့် နောက်ပိုင်းမှ သုတေသနအဖွဲ့တွင် ပါဝင်ခဲ့သော အခြားအဖွဲ့ဝင်များသည် ယွဲ့ရှင်းဝမ်၏အဘိဓာန် စွမ်းရည်တချို့ကို မမြင်ဖူးကြပေ။ သူသည် သူတို့ကို တစ်ခုပြီးတစ်ခု ပြသပြီးနောက် အဆင့်မြင့်ထားသော ‘မိုးသည်းခြင်း’ကို ဆင့်ခေါ်ခဲ့သည်။


ရှင်းယန်က အနည်းငယ် အံ့သြသွားသည်။

"‘မိုးသည်းခြင်း’ရဲ့နယ်ပယ်က အရမ်းကျယ်သွားပါလား?"


"အင်း၊ ရွှေ့လို့လည်းရတယ်…" ယွဲ့ရှင်းဝမ်က ပြောသည်။ "အားလုံး သတိထားပြီး ငါ့အနားမှာ ရပ်နေကြ…"


လူအုပ်ကြီးက သူ့ဘေးမှာ ချက်ချင်းစုရုံးလာပြီး ယွဲ့ရှင်းဝမ်၏လက်ချောင်းကို လေထဲမှာ ပွတ်ဆွဲလိုက်သောအခါ ကောင်းကင်ရှိ တိမ်မည်းတွေသည် သူသတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ရွေ့လျားလာပြီး မိုးသက်မုန်တိုင်းတွေ လိုက်ပါလာသည်။ ရှင်းယန်သည် ပြင်းထန်သော အက်ဆစ် aqua regia ကို တိမ်များထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့ပြီး အကြည်ရောင်မိုးရေများက ချက်ချင်းပင် အညိုရောင်ပြောင်းသွားခဲ့သည်။ 


ကျိုဖုန်းက ချီးကျူးသည်။

"အက်စစ်မိုးလှုပ်ရှားမှုက အရမ်းမိုက်တယ်!"


ယွဲ့ရှင်းဝမ်: "ဒါက 10 မိနစ်ပဲ ကြာတယ်… ငါတို့ မကောင်းဆိုးရွားတွေ အများကြီးနဲ့ကြုံတဲ့အခါ ကြီးမားတဲ့နယ်ပယ်အထိ ရှင်းပစ်လို့ရတယ်…"


လျှိုကျောက်ချင်းက ခွဲစိတ်ဓားကို တိမ်ထဲသို့ ထည့်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း ဓားမိုးများ သည်းထန်စွာ ရွာသွန်းလာပါသည်။ ထို့နောက် ကျိုဖုန်းသည် တိမ်ထဲသို့ လျှပ်စီးကြောင်းကို ထည့်သွင်းလိုက်ရာ မိုးရေသည် လျှပ်စစ်ဓာတ်ရပြီး အကွာအဝေးအတွင်းရှိ ပစ်မှတ်များက ဓာတ်လိုက်သွားခဲ့သည်။


ဒီစွမ်းရည်တစ်ခုတည်းက ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ပေမယ့် အဖွဲ့ဝင်များနဲ့ ‌ပူးပေါင်းသောအခါ အပြင်းထန်ဆုံးဖြစ်သည်။


ယွဲ့ရှင်းဝမ်က မိုးသည်းခြင်းကို ဖယ်လိုက်ပြီး သင်ယူပြီးခါစ စွမ်းရည်အသစ်နှစ်ခုကို လူတိုင်းအား ပြသခဲ့သည်။


ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ထဲမှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ မရေမတွက်နိုင်သော ကြက်တောင်များက ချက်ချင်း လောင်ကျွမ်းသွားသည်။ ကြက်သွေးရောင်မီးတောက်များ လျင်မြန်စွာ ပျံ့နှံသွားပြီး မျက်စိတစ်မှိတ်အတွင်း စတုရန်းမီတာ 100 ခန့်ကျယ်သော မီးတောက်ကွင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။


အရာအားလုံးကို လောင်ကျွမ်းသွားစေလောက်အောင် တောက်လောင်နေသည့် မီးကို ကြည့်ရင်း ခယ်ရှောင်ပင်းက ပြောသည်။

"ရှင်းဝမ်က မှော်ဆရာ တကယ်ဖြစ်သွားပြီး မီးစွမ်းရည်ကို သင်ယူခဲ့တာလား?"


ယွဲ့ရှင်းဝမ်က ရယ်ကာ ပြောသည်။

"ရေစွမ်းရည်လည်း ရှိတယ်…"


ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း!


သူ၏ညာလက်ကို ပေါ့ပါးစွာ မြှောက်လိုက်သောအခါတွင် ရေများ လျှံထွက်လာပြီး သူ့ရှေ့ရှိ မီးကွင်းပြင်က ချက်ချင်းမြုပ်သွားလေသည်။


ရေလွှမ်းမှုကြောင့် မီးကလုံးဝငြိမ်းသွားခဲ့ပြီး ယွဲ့ရှင်းဝမ်က သူ၏စွမ်းရည်တွေကို ဖယ်ထုတ်ကာ ပြောသည်။

"ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း၊ ရဲရဲတောက်ပရေရီမြက်ခင်းပြင်၊ ဒီ idiom နှစ်ခုက AOE တိုက်ခိုက်ရေးစွမ်းရည်တွေဖြစ်ပြီး အကွာအဝေးက 100 စတုရန်းမီတာရှိပြီးတော့ စောင့်ဆိုင်းချိန်က 24 နာရီဖြစ်တယ်…"


လင်းမန့်လော်က ပြောလာသည်။

"တရုတ်ဘာသာစကားဌာနရဲ့ မှော်အဘိဓာန်က တကယ်အစွမ်းထက်တာပဲ၊ ထိန်းချုပ်တာ၊ အရှိန်မြင့်နဲ့ တိုက်ခိုက်တာတွေပါ ပါတယ်…"


လျှိုကျောက်ချင်းက မနေနိုင်စွာ မေးလာသည်။

"ရှင်းဝမ်၊ မင်းက အဘိဓာန်ကိုပဲ အဆင့်မြင့်ဖို့ စိတ်ကူးထားတာလား? အခြားစွမ်းရည်စာအုပ် မရှိဘူးလား? နောက်ဆုံးတစ်ခေါက် တည်းခိုခန်းမှာတုန်းက ဂျူနီယာညီမလေးကို သတိရမိတယ်၊ သူမက တရုတ်ဘာသာစကားဌာနရဲ့ ‘ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း’ကိုယူထားပြီး စွမ်းရည်စာအုပ်က တော်တော်အစွမ်းထက်တယ်…"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"‘ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း’အတွက် ကျွန်တော့်မှာ အမှတ်အလုံအလောက်မရှိဘူး၊ ဒါကြောင့် ‘ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ’နဲ့ လဲလှယ်လိုက်တာ…"


ဒါကိုကြားသောအခါ လူတိုင်းက ယွဲ့ရှင်းဝမ်အနားတွင် စူးစမ်းလိုစိတ်ဖြင့် စုရုံးလာပြီး မေးကြသည်။

"ဘာစွမ်းရည်လဲ?"


"ငါတို့ကို မြန်မြန်ပြ!"


ယွဲ့ရှင်းဝမ်: "ဒီစွမ်းရည်က ပူးပေါင်းဆောက်ရွက်ဖို့ လူတစ်ယောက်လိုတယ်… မင်းတို့အထဲမှာ ဘယ်သူ ငါနဲ့ စမ်းသပ်မှုလုပ်ဖို့ ဆန္ဒရှိလဲ?"


ခယ်ရှောင်ပင်းက သူ့လက်ကို တက်ကြွစွာ မြှောက်လိုက်သည်။

"ငါလာခဲ့မယ်!"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ကောင်းပြီ ရှောင်ခယ်၊ ဒီကိုလာခဲ့…"


ခယ်ရှောင်ပင်းက လက်ပ်တော့ကို သူ့ဘေးရှိ ရှင်းယန်ဆီပေးလိုက်ပြီး မျက်မှန်ကို ပင့်တင်ကာ ယွဲ့ရှင်းဝမ် အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။


ယွဲ့ရှင်းဝမ်က ဂန္တဝင်လက်ရာများစာအုပ်ကို ထုတ်ကာ ခယ်ရှောင်ပင်းကို ကြည့်ပြီး ပြောလိုက်သည်။

"ငါလိမ္မော်သီးသွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…"


လူတိုင်း: "???"


ခယ်ရှောင်ပင်းသည် သူဘာကြောင့် လိမ္မော်သီးဝယ်ချင်ရသလဲဟု မေးတော့မည်ဖြစ်သော်လည်း သူလုံးဝလှုပ်လို့မရတော့ဘူးဆိုတာကို သိလိုက်ရသည်။ သူ့မျက်လုံးတွေက အံ့ဩစွာဖြင့် ပြူးကျယ်သွားပြီး သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း စကားတစ်လုံးမှ ပြော၍မရပေ။


ယွဲ့ရှင်းဝမ်၏လက်ထဲတွင် လတ်ဆတ်သော လိမ္မော်သီးတစ်လုံး ပေါ်လာသည်။


ကျန်းဖျင်စစ်က တစ်ခုခုမှားနေတာကို သတိပြုမိပြီး အသံတိုးတိုးဖြင့် မေးသည်။

"ထိန်းချုပ်ရေးစွမ်းရည်လား?"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ဒါက ကျူးကျစ်ချင်းရဲ့ ‘နောက်ကျောမြင်ကွင်း’ပဲ…"


လင်းမန့်လော်က ပထမဆုံးတုံ့ပြန်လာသည်။

"ငါနားလည်ပြီ၊ ကျူးကျစ်ချင်းရဲ့အဖေက ဒီစကားကို ပြောခဲ့တာဖြစ်ပြီး သူ့အဖေ လိမ္မော်သီးသွားဝယ်နေစဉ် သူကဘယ်မှမသွားခဲ့ဘူး… ဒီတော့ ရှင်းဝမ်က ရှောင်ခယ်ကို ထိန်းချုပ်ဖို့ ဒီစွမ်းရည်ကိုသုံးပြီး နေရာမှာ စောင့်ခိုင်းလိုက်တာပေါ့?"


လူတိုင်း: "..."


ခယ်ရှောင်ပင်းက မျက်ရည်မကျဘဲ ငိုချင်လာသည်။


အဖေ! ကစားနေတာ ရပ်ပေးလို့ရမလား?


တစ်နေရာတည်းမှာ မတ်တတ်ရပ်ပြီး ရုပ်ထုဖြစ်လာပြီးတော့ လူတွေဝိုင်းကြည့်နေတာက အဆင်မပြေပေ။


ရှင်းယန်သည် မလှုပ်မယှက်ဖြစ်နေပုံရသော ခယ်ရှောင်ပင်းကို ဂရုတစိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်း လိမ္မော်သီးစားရတာ ကြိုက်လား?"


ခယ်ရှောင်ပင်း: "..."


ကျောင်းသားတွေ အတူတူ‌ရယ်‌မောနေပြီး လင်းမန့်လော်က ပြောသည်။

"ရှောင်ခယ်က ပြောတယ်၊ အဖေ လိမ္မော်သီးပိုဝယ်ခဲ့ပါတဲ့…"


"မဟုတ်ဘူး၊ ငါသာ ရှောင်ခယ်ဆိုရင် ငါ ဒီလိုပြောမှာ… အဖေ၊ ကျွန်တော် မက်မွန်သီးစားချင်တယ်…"


ခယ်ရှောင်ပင်း၏ နားရွက်များ နီရဲနေပြီး သူက နေရာမှာတင် မလှုပ်မယှက် ရပ်နေသည်။


ယွဲ့ရှင်းဝမ်က ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။

"‌အလေးအနက်ပြောရအောင်၊ ရွှေပုစဉ်းရင်ကွဲခွံကို သုံးလို့ရ၊မရဆိုတာ ငါကြည့်ချင်သေးတယ်…"


သူသည် သူ၏ရွှေပုစဉ်းရင်ကွဲခွံကို သုံးလိုက်ပြီး သူ၏အဖွဲ့ဝင်များက သတ်မှတ်ထားသော နေရာသို့ လိုက်ပါလာသော်လည်း ခယ်ရှောင်ပင်းက ‘လွတ်မြောက်ခြင်းထိန်းချုပ်ရေး’ဖြင့် သက်ရောက်မှု မရှိခဲ့ပေ—— ဆိုလိုသည်မှာ လွှမ်းမိုးထိန်းချုပ်ရေးစွမ်းရည်များကို ဖယ်ရှား၍မရပေ။


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းထံ ပြန်လာခဲ့သည်။

"ငါမင်းကို လိမ္မော်သီးပေးမယ်၊ မင်းရွှေ့ဖို့ ကြိုးစားကြည့်ပါလား?"


သူပြောပြီးတာနဲ့ လိမ္မော်သီးကို ခယ်ရှောင်ပင်းဆီ ပေးလိုက်သည်။


ထို့နောက် ခယ်ရှောင်ပင်း၏ မသိစိတ်က လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်——


သူက လက်ထဲရှိ လိမ္မော်သီးကို အခွံနွှာပြီး မေးလိုက်တာကို ‌သူတို့တွေ့လိုက်ရသည်။

"ငါစားလို့ရလား?"


ယွဲ့ရှင်းဝမ်: "..."


မင်းကိုစားရမယ်လို့ ဘယ်သူလဲ?!


ခယ်ရှောင်ပင်းက သူ့ဘာသာသူ စားရုံတင်မကဘဲ လူတိုင်းက သူ့ကို စိုက်ကြည့်နေတာကို မြင်သောအခါ လိမ္မော်သီးကိုခြမ်းပြီး သူ့အဖွဲ့ဝင်တွေကို တစ်စိတ်စီ ပေးရင်း စနောက်လိုက်သည်။

"ငါ့အဖေဝယ်ပေးတဲ့ လိမ္မော်သီးက အတော်လေး အရသာရှိတယ်၊ အားလုံး အရသာခံကြည့်ကြ…"


လူတစ်စုသည် လိမ္မော်သီးကိုစိတ်၍ ပျော်ရွှင်စွာ စားနေကြသည်။


ယွဲ့ရှင်းဝမ်: "..."


ဒါတွေက ဘယ်လိုအဖွဲ့ဝင်တွေလဲ?! ဒီလိမ္မော်သီးကို မင်းတို့စားဖို့ ငါယူလာတယ်များ ထင်နေလား?


မျက်စိတစ်မှိတ်အတွင်း လူတိုင်း လိမ္မော်သီးစားပြီးသွားတာကို တွေ့လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ သူ့နားထင်ကို ပွတ်သပ်ရင်း ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။

"ပစ်မှတ်ကို လိမ္မော်သီးပေးလိုက်တာနဲ့ တစ်ဖက်လူက ချက်ချင်း လှုပ်ရှားလို့ရပြီထင်တယ်… ငါမပေးဘူးဆိုရင် ပစ်မှတ်က 5 မိနစ်အထိ လွှမ်းမိုးထိန်းချုပ်ရေးအောက်မှာ ရှိနေပြီး ပစ်မှတ်ကို ရုပ်ထုအဖြစ် ပြောင်းလဲပေးလိမ့်မယ်…"

 

ကျန်းဖျင်စစ်: "ဖြေရှင်းရခက်တဲ့ single boss တွေကို မင်းပစ်မှတ်ထားလို့ရတာပေါ့…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောသည်။

"ငါလည်း ထင်မိတယ်… single boss နဲ့ ရင်ဆိုင်ဖို့ ခဏရပ်တဲ့ခလုတ်ကို နှိပ်လိုက်သလိုပဲပေါ့…"


သူတို့နှစ်ယောက်က စွမ်းရည်အသုံးပြုနည်းကို လေးလေးနက်နက် ဆွေးနွေးခဲ့ကြသည်။


အခြားသူတွေက ဆွေးနွေးနေကြသည်။

"ဒါတွေက ငါစားဖူးသမျှ လိမ္မော်သီးတွေထဲမှာ အကောင်းဆုံးပဲ"


"အရမ်းလတ်ဆတ်တယ်၊ အဲဒါက အခုလေးတင် ခူးထားသလိုပဲ…"


"ဒါက တကယ်ချိုတယ်…"


"ရှင်းဝမ် နောက်တစ်လုံး ဝယ်လို့ရသေးလား? ငါစားချင်သေးတယ်…" ခယ်ရှောင်ပင်းက ရောင့်တက်စွာ ပြောသည်။ "မင်းကို အဖေလို့ခေါ်ရလည်း အဆင်ပြေပါတယ်…"


"..." မင်းရဲ့ဂုဏ်သိက္ခာက ဘယ်ရောက်သွားတာလဲ?


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

"ဟုတ်ပြီ၊ ဒီနေ့အတွက်လောက် ဒီလောက်ပဲ… အားလုံး ပြန်ပြီး ကောင်းကောင်း အနားယူနိုင်ပြီ… မနက်ဖြန် မနက် 7 နာရီခွဲမှာ ငါတို့တွေ ဇီဝသိပ္ပံဌာနရဲ့ သင်တန်းရွေးချယ်ရေးခန်းမမှာ စုဝေးကြမယ်…"


ခေါင်းဆောင်က အမိန့်ပေးတော့ လူအုပ်ကြီးက ချက်ချင်း လူစုခွဲလိုက်သည်။


ခယ်ရှောင်ပင်းသည် ယွဲ့ရှင်းဝမ်၏ တက်ဘလက်ကွန်ပျူတာသို့ သူထုတ်ထားသော document copy ကို ပေးပို့ခဲ့ပြီး ယွဲ့ရှင်းဝမ်က ၎င်းကို ဂရုတစိုက်ဖတ်ခဲ့သည်။ ဤစွမ်းရည်အဆင့်မြင့်တင်ပြီးနောက် အဖွဲ့၏အင်အားသည် သိသိသာသာတိုးတက်လာပေမယ့် နောက်ပိုင်းသင်တန်းများမှာလည်း ပိုမိုခက်ခဲလာနိုင်သည်။


ဇီဝဗေဒသိပ္ပံဌာနတွင် သူတို့ကို အဘယ်အရာက စောင့်မျှော်နေမှာလဲ?


【Volume 4 : ဗိသုကာဌာန ပြီးပါပြီ။】


#TK