Chapter 153
Viewers 22k

Volume 7 : ဥပဒေဌာန


Chapter 153 (ပြစ်မှုမရှိကြောင်းချေပချက် ၀၆)


နေ့ခင်းဘက်တွင် ရှင်းဟိုင်တိုက်ခန်းရှိ ယွဲ့ရှင်းဝမ်၏ အခန်းတွင် အဖွဲ့ဝင်အားလုံး ရောက်လာခဲ့ကြသည်။


သူ၏တစ်ယောက်ခန်းတိုက်ခန်းသည် အတော်လေး ကျယ်ဝန်းပြီး လူ 12 ယောက် ထိုင်နိုင်ပြီး မတ်တပ်ရပ်နိုင်ကာ လူလည်း ပြည့်ကျပ်လိမ့်မည် မဟုတ်ပါ။


ရွှီယိရှန်းက ပခုံးတွန့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"လက်ရှိ သက်သေတွေက ကျူးရှောင်ထင်အတွက် သိပ်အဆင်မပြေဘူး"


ယွဲ့ရှင်းဝမ်: "တကယ်တော့ လက်ညိုးတွေအားလုံးက သူမကိုပဲ ညွှန်ပြနေတယ်... ငါ ရဲအရာရှိဖြစ်ရင်လည်း သူမကို သံသယအရှိဆုံးလို ထင်လိမ့်မယ်"


ကျန်းဖျင်စစ် မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောသည်။

"လူသတ်သမားက ကျူးရှောင်ထင်ကို တမင်တကာ ချောက်ချချင်ရင် အရမ်းနောက်ကျသွားလိမ့်မယ်... ကျူးရှောင်ထင်နဲ့ လျှိုကျားကျားက တဲထဲမှာ အတူနေနေတဲ့အတွက် ကျူးရှောင်ထင် ကမ်းခြေကနေ ထွက်သွားတုန်းက လျှိုကျားကျား အသက်ရှင်နေတုန်းပဲ... သူမ ထွက်သွားပြီမှ လူသတ်သမားက လျှိုကျားကျားအပေါ် လှုပ်ရှားမှာ... ဒါပေမဲ့ ကျူးရှောင်ထင် ကျောင်းရောက်တဲ့အခါ သူမရဲ့အခန်းဖော် ရှဲ့ရှန်းချင်က ဓားထိုးခံထားရတယ်"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။

"မှန်တယ်... အချိန်က မနက် 4:30 ရှိပြီး လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမရှိဘူး... ကမ်းခြေကနေ ပေရှန်းတက္ကသိုလ်ကို တက္ကစီစီးဖို့ မိနစ် 40 ကြာတယ်... ကျူးရှောင်ထင်က မနက် 4:30 နာရီမှာ တက္ကစီစီးခဲ့ပြီး 5:10 မှာ ကျောင်းကို ရောက်တော့ အိပ်ဆောင်က တံခါးဝကို 5:20 မှာ ရောက်ခဲ့တယ်... လူသတ်သမားက လျှိုကျားကျားကို သတ်ပြီး ကျောင်းကို တက္ကစီစီးပြီးတော့ ကျူးရှောင်ထင်မရောက်ခင် ရှဲ့ရှန်းချင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"


ချင်လုက ခေါင်းငြိမ့်ပြီး ပြောသည်။

"လူသတ်သမားမှာ ကျူးရှောင်ထင်ကို အမှီလိုက်ဖို့ သဘာဝလွန်စွမ်းအားတွေနဲ့ ကျောင်းကို တိုက်ရိုက်တယ်လီပို့နိုင်တာမျိုး မရှိသ၍ပေါ့... ဒါပေမဲ့ ငါတို့က သာမန်ကမ္ဘာမှာ ရှိနေပြီး ငါတို့လို စာမေးပွဲဖြေဆိုသူကလွဲရင် သဘာဝလွန်စွမ်းအားတွေရှိတဲ့ လူသတ်သမာရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"


တူညီတဲ့လူသတ်သမားက လူနှစ်ယောက်ကို ဆက်တိုက်သတ်ပြီး ကျူးရှောင်ထင်ကို ချောက်ချတာလား... ဒါက လုံးဝမဖြစ်နိုင်ဘူး...


လူသတ်သမားသည် ကျူးရှောင်ထင် ထွက်သွားတာကို စောင့်ဆိုင်းပြီးနောက် လျှိုကျားကျားကို ပထမဆုံး အဆိပ်ခတ်ပြီး ပင်လယ်ထဲကို နစ်လိုက်သောအခါ အနည်းဆုံး 10 မိနစ်လောက်ကြာနိုင်ပြီး ကျောင်းကို တက္ကစီနဲ့ ပြန်လာခဲ့သည်။ ကျောင်းသို့ရောက်ရန်အချိန်သည် 5:30 ထက်ကျော်လွန်နေပြီး ရှဲ့ရှန်းချင်ကိုသတ်ရန် နောက်ကျနေပြီဖြစ်သည်။


လန်ယာရုန်သည် သူမ၏မေးစေ့ကို ထိကာ တွေးတွေးဆဆဖြင့် ပြောသည်။

"ဒါဆို အမှုနှစ်ခုက လူသတ်သမားနှစ်ယောက် ဖြစ်နိုင်တယ်"


ယွဲ့ရှင်းဝမ်: "ကျွန်တော်လည်း အမှုနှစ်ခုလို့ ထင်တယ်... ကမ်းခြေဘက်မှာ လျှိုကျားကျားကို သတ်ခဲ့တဲ့လူနဲ့ အိပ်ဆောင်မှာ ရှဲ့ရှန်းချင်ကို သတ်ခဲ့တဲ့လူက မတူဘူး... ကျူးရှောင်ထင် ချောက်ချခံရတာက တိုက်ဆိုင်မှုတစ်ခုပဲ"


ကျန်းဖျင်စစ်က ခွဲခြမ်းစိတ်ဖြာသည်။

"လူသတ်သမား သုံးတဲ့နည်းလမ်းတွေက အရမ်းကွာခြားတယ်... တစ်ယောက်က အဆိပ်သုံးပြီး နောက်တစ်ယောက်က ဓားသုံးတယ်... ကျူးရှောင်ထင်ရဲ့ ဝန်ခံချက်အရ သူမကို ဘယ်သူအငြိုးထားမှန်း မသိဘူးဆိုတော့ များသောအားဖြင့် သူမက လူတွေကို စော်ကားထားတာမျိုးမရှိဘူးဆိုတာ ပြသနေတယ်... ကမ်းခြေဘက်မှာက ရှင်းဝမ်ပြောသလို တိုက်ဆိုင်မှုဖြစ်နိုင်ပြီး လူသတ်သမား အဆိပ်ခတ်ထားတဲ့ ရေဘူးကို ကျူးရှောင်ထင်က လျှိုကျားကျားကို ပေးလိုက်မိပြီး အိပ်ဆောင်ဘက်မှာတော့ သူမက တမင်တကာ ချောက်ချခံရတာဖြစ်မယ်"


အားလုံးသည် ကျန်းဖျင်စစ်၏ ကျိုးကြောင်းဆင်ခြင်မှုကို သေသေချာချာ တွေးကြည့်ကြပြီး အားလုံးက အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။


လူသတ်သမားနှစ်ဦးသည် တစ်ချိန်တည်းတွင် လူသတ်မှုကျူးလွန်ခဲ့ပြီး ကျူးရှောင်ထင်ကို ချောက်ချခဲ့သည်။ ကျူးရှောင်ထင်ကို ဘယ်လောက်မုန်းတီးနေတာလဲ။ သို့သော် ကျူးရှောင်ထင်မှာ ထိုကဲ့သို့သောရန်သူမရှိဟု ထင်ရသည်။ သူမသည် ပို၍သီးသန့်ဆန်ပုံရပြီး ဘယ်သူ့ကိုမှ တမင်တကာ စော်ကားတာမျိုးမရှိလောက်ပေ။


ပြစ်မှုကျူးလွန်သော လူသတ်သမား၏ လုပ်ဆောင်ပုံရှုထောင့်ကနေကြည့်ရင် အမှုနှစ်ခုကြားရှိ ကွာခြားချက်က သိသာထင်ရှားပြီး လူသတ်သမားနှစ်ယောက် ဖြစ်နိုင်ခြေက ပိုများပါသည်။


လျှိုကျောက်ချင်း: "ရှဲ့ရှန်းချင်ကိစ္စမှာ သေဆုံးသူက ဓားတစ်ချက်တည်းနဲ့ အသတ်ခံရတာ... ပထမဆုံးအနေနဲ့ ကျူးရှောင်ထင်လို ပိန်ပါးတဲ့မိန်းကလေးတစ်ယောက်က တစ်ဖက်လူရဲ့ရင်ဘတ်ကို သစ်သီးဓားနဲ့ ထိုးဖို့ဆိုတာ အရမ်းခက်ခဲပးတယ်... နှလုံးသွေးလွှတ်ကြောကို အတိအကျထိုးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... မိန်းကလေးနှစ်ယောက်က စကားများရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်လုပ်ကြတယ်ဆိုရင် သူမက အဓိကနေရာကို မထိုးခင် တစ်ဖက်လူကို ဓားနဲ့ အကြိမ်ပေါင်းများစွာ ထိုးသင့်တယ်... ပြီးတော့ လူသတ်သမားက လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိတဲ့ ကျွမ်းကျင်သူတစ်ယောက်ဆိုတာ သိသာတယ်"


စီနီယာအစ်ကိုလျှို၏ စကားကြောင့် အားလုံး၏ မျက်လုံးများ တောက်ပလာခဲ့သည်။


သာမန်လူများသည် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို နားမလည်သောကြောင့် မိန်းကလေးနှစ်ဦး စကားများရန်ဖြစ်နိုင်ခြေက အလွန်နည်းပါးပါသည်။ မိန်းကလေးများ ရန်ဖြစ်သောအခါ ဆံပင်များဆွဲပြီး အချင်းချင်း အရင်ရိုက်နှက်လေ့ရှိသည် မဟုတ်ပါလား။ အကယ်၍ သူတို့သည် ဓားကို အမှန်တကယ်အသုံးပြုခဲ့ပါက စိတ်လှုပ်ရှားမှုအောက်တွင် တစ်ဖက်လူ၏နှလုံးကို မထိုးမိခင် အကြိမ်ပေါင်းများစွာ ဆက်တိုက်ထိုးလိမ့်မည်။


တစ်ချက်တည်း အသေထိုးသတ်လိုက်တာက အလွန်ရက်စက်လွန်းပြီး ပြစ်မှုကျူးလွန်ရာတွင် ကျွမ်းကျင်သူတစ်ယောက်နဲ့ ပိုတူသည်။


ရှင်းယန်က သူတို့ကို သတိပေးသည်။

"မိန်းကလေးတွေရဲ့ အိပ်ဆောင် 703 မှာ လီဟွေ့ကျွမ်းလို့ခေါ်တဲ့ ဇီဝသိပ္ပံဌာနက မိန်းကလေးတစ်ယောက်ရှိတယ်မလား... သူမကော မဖြစ်နိုင်ဘူးလား"


ရွှီယိရှန်း: "ငါတို့ ဇီဝသိပ္ပံဌာနက လူတွေရဲ့ခန္ဓာဗေဒကို မလေ့လာဘူး... ငါတို့ရဲ့ စမ်းသပ်မှုတွေမှာ ဖားနဲ့ ယုန်တွေလို တိရစ္ဆာန်တွေကိုပဲ ခွဲစိတ်စစ်ဆေးတာ... ဇီဝသိပ္ပံဌာနက မိန်းကလေးတွေက လူ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံကို သေချာပေါက် နားမလည်နိုင်ဘူး"


လျှိုကျောက်ချင်းက ခေါင်းငြိမ့်ပြီး ပြောသည်။

"အဲဒါက ဆေးပညာကျောင်းသူလက်ချက် ဖြစ်နိုင်ခြေ ပိုများတယ်... အိပ်ဆောင် 6 မှာ ဆေးပညာဌာနက မိန်းကလေးတွေ ရှိမရှိ စစ်ဆေးဖို့ စုံစမ်းဖို့ နယ်ပယ်ကို ချဲ့ထွင်ရမယ်... ရှဲ့ရှန်းချင်ရဲ့ သူငယ်ချင်းတွေနဲ့ ရန်သူတွေကြားမှာလည်း ဆေးပညာလေ့လာနေသူ ရှိမရှိ စုံစမ်းရမယ်"


ရှင်းယန်က အဓိကအကြောင်းအရာကို ဆက်သွားသည်။

"ကမ်းခြေမှာ လျှိုကျားကျား သေဆုံးရတဲ့ အကြောင်းရင်းက အဆိပ်သင့်တာပဲ... အဆိပ်ပြင်းတဲ့ Cyanide က သာမန်လူတွေ ဝယ်ဖို့ ခက်တယ်... သူမကို သတ်တဲ့သူနဲ့ cyanide ရတဲ့နေရာကိုလည်း စုံစမ်းရမယ်"


အကြံအစည်ကို ဆုံးဖြတ်ပြီးနောက် ယွဲ့ရှင်းဝမ်က အစီအစဉ်ခွဲလိုက်သည်။

"ပထမဆုံး ကျောင်းက ကျောင်းသားတွေကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်ပါ... ရှင်းယန်၊ စီနီယာအစ်ကိုရွှီနဲ့ ရှောင်ခယ်တို့က ကျောင်းကိုသွားပြီး cyanide ကိုစစ်ဆေးပြီးတော့ ဓာတုဗေဒဌာနကို အာရုံစိုက်ထားပါ... ဖျင်စစ်နဲ့ စီနီယာအစ်ကိုကျိုက ယောင်္ကျားလေးအိပ်ဆောင်ကို သွားလည်ပြီး ရှဲ့ရှန်းချင်ရဲ့ချစ်သူ ကျိုးယိကျားကို အာရုံစိုက်ပါ... ချင်မြောင်နဲ့ ချင်လုက မိန်းကလေးအိပ်ဆောင်ကို အာရုံစိုက်ပါ... စီနီယာအစ်ကိုလျှိုနဲ့ ကျန်းရှောင်နျန်က ဆေးပညာဌာနကို လျှောက်သွားကြည့်လိုက်... စီနီယာအစ်မလန်နဲ့ ကျွန်တော်က ရဲစခန်းမှာ ကျူးရှောင်ထင်နဲ့တွေ့ဖို့ အမြန်ဆုံးသွားရမယ်... စီနီယာအစ်မမန့်လော်က အချက်အလက်တွေ စုဆောင်းရာမှာ လူတိုင်းကို ကူညီပေးဖို့ ဥပဒေလုပ်ငန်းမှာ နေခဲ့ပါ"


လန်ယာရုန်: "ကျူးရှောင်ထင်ရဲ့ စိတ်ခံစားချက်က အရမ်းပြောင်းလဲနေတယ်... ငါတို့ သူမကို အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ရမယ်... နောက်ပြီး သူမပါးစပ်ကနေ ပိုပြီးအဖိုးတန်တဲ့ အချက်အလက်တွေ တောင်းဖို့လိုတယ်... ရဲတပ်ဖွဲ့ကို သူမရဲ့ရှင်းပြချက်က ပြည့်စုံမှုသိပ်မရှိဘူးလို့ ငါခံစားရတယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သဘောတူလိုက်သည်။

"အင်း... အားလုံးသွားဖို့ ပြင်ဆင်ကြတော့"


လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းနှင့်ပတ်သက်၍ လူတိုင်းတွင် ဘာထင်မြင်ချက်မှမရှိကြဘဲ အဖွဲ့လိုက် စုံစမ်းရန်စတင်ခဲ့သည်။


လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့သည် ရဲတပ်ဖွဲ့ထံသို့ အတူတကွ ရောက်လာကြသည်။ လန်ယာရုန်သည် ပရော်ဖက်ရှင်နယ် အပြာရောင်ဝတ်စုံ စကတ်နှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်ကို ဆွဲချည်ထားကာ သပ်ရပ်သည်။ အဖြူရောင်ရှပ်အင်္ကျီ၊ သားရေဖိနပ်နှင့် ဘောင်းဘီရှည်များဖြင့် လက်ထဲတွင် လက်ဆွဲအိတ်တစ်လုံးပါသော ယွဲ့ရှင်းဝမ်သည် ငယ်ရွယ်ပြီး ချောမောသော ပရော်ဖက်ရှင်နယ်ရှေ့နေတစ်ဦးနှင့်တူသည်။


လန်ယာရုန်သည် ခေါင်းဆောင်ချန်နှင့် လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးစွာ ပြောသည်။

"မင်္ဂလာပါ ခေါင်းဆောင်ချန်... ကျွန်မက ကျူးရှောင်ထင်ရဲ့ရှေ့နေ လန်ယာရုန်ပါ... ကျွန်မအမှုသည်ကို ကျွန်မ မေးစရာရှိလို့ ကျွန်မတို့အတွက် အဆင်ပြေအောင်ပြုလုပ်ပေးဖို့ ခေါင်းဆောင်ချန်ကို တောင်းဆိုချင်ပါတယ်" သူမသည် သူမ၏ရှေ့နေအရည်အချင်းစစ်လက်မှတ်ကို ထုတ်ကာ ခေါင်းဆောင်ချန်အား ပြသခဲ့သည်။


ခေါင်းဆောင်ချန်က အံ့ဩသွားသည်။

"ရှေ့နေလား... ကျူးရှောင်ထင်က ရှေ့နေငှားဖူးလို့လား"


လန်ယာရုန်က ခေါင်းငြိမ့်လိုက်သည်။

"သူမက သူငယ်ချင်းတစ်ယောက်ကို သူမရဲ့တရားခံရှေ့နေအဖြစ် ကျွန်မကို ငှားခိုင်းခဲ့တာပါ..." သူမက ယွဲ့ရှင်းဝမ်ကို မိတ်ဆက်ပေးသည်။ "စကားမစပ် ဒါက ကျွန်မရဲ့လက်ထောက် ရှေ့နေယွဲ့ရှင်းဝမ်ပါ"


ယွဲ့ရှင်းဝမ်သည် အစပြု၍ လက်ဆန့်ထုတ်ပြီး တစ်ဖက်လူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ခေါင်းဆောင်ချန်"


ခေါင်းဆောင်ချန်သည် သူ့ဘေးနားက ရဲများကို စကားအနည်းငယ် တိုးတိုးပြောပြီး တစ်ဖက်လူက ကျူးရှောင်ထင်ကို မေးဖို့ လှည့်ထွက်သွားသည်။ သူသည် ခဏကြာမှ ပြန်လာပြီး ခေါင်းဆောင်ချန်ကို ခေါင်းငြိမ့်ပြလိုက်သည်။ ခေါင်းဆောင်ချန်က ပြောသည်။

"ကောင်းပြီ... ရှေ့နေနှစ်ယောက်ကို ခေါ်သွားပြီ မင်းတို့ကို မိနစ် 30 အချိန်ပေးမယ်"


သူတို့နှစ်ဦးသည် ရဲအရာရှိငယ်အနောက်ကနေ စစ်ဆေးမေးမြန်းခန်းသို့ လိုက်သွားခဲ့သည်။


ခဏအကြာတွင် ကျူးရှောင်ထင်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။


သူမလက်တွင် လက်ထိတ်ခတ်ထားပြီး မျက်နှာအမူအရာက စိတ်ပျက်နေကာ သူမ၏မျက်နှာမှာ မျက်ရည်စများဖြင့် စိုစွတ်နေသေးသည်။ သူမသည် လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့ကို ကြည့်လိုက်ပြီးနောက် စားပွဲတစ်ဖက်တွင် နာခံစွာထိုင်လိုက်သည်။ ရဲတွေ ထွက်သွားပြီးနောက် သူမက မေးလိုက်သည်။

"ရှင်တို့က အခမဲ့ရှေ့နေတွေလား"


လန်ယာရုန်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်... ငါတို့က မင်းကို ကူညီဖို့နဲ့ မင်းကို အခမဲ့ ဥပဒေဆိုင်ရာ အကူအညီပေးဖို့ ဒီမှာရှိနေတာ... ငါတို့က နင်နဲ့ တစ်ဖက်တည်းပဲ... နင့်မှာ မကျေနပ်ချက်တွေရှိရင် ငါ့ကို ပြောပြလို့ရတယ်"


ကျူးရှောင်ထင်၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာကာ ဆို့နင်သွားသည်။

"ကျွန်မ ဘယ်သူ့ကိုမှ မသတ်ပါဘူး"


ယွဲ့ရှင်းဝမ်၏အသံက နူးညံ့သိမ်မွေ့နေသည်။

"မင်းကို ငါတို့ယုံတယ်... ဒါပေမဲ့ လက်ရှိသက်သေတွေက မင်းအတွက် သိပ်အဆင်မပြေဘူး... မင်းရဲ့နာမည်ကိုရှင်းချင်ရင် ငါတို့ကို ဘာမှဖုံးကွယ်မထားတာ အကောင်းဆုံးပဲ... တရားရုံးမှာ မင်းကို ချေပဖို့ အချိန်ကျလာတဲ့အခါ မင်းက ငါတို့ဆီကနေ ဖုံးကွယ်ပြီး တရားလိုရှေ့နေရဲ့ မေးခွန်းမှာ ကျိုးကြောင်းဆီလျော်တဲ့ ဟာကွက်ရှိနေရင် ငါတို့က အရမ်းအဆင်မပြေတဲ့ အခြေအနေမှာ ရှိနေလိမ့်မယ်"


လန်ယာရုန်သည် ယွဲ့ရှင်းဝမ်ကို လေးစားသောအကြည့်မျိုးပေးကာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်... နင် ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်... နင်နဲ့ ရှဲ့ရှန်းချင်တို့က ကောင်လေးတစ်ယောက်ကို အတူတူသဘောကျတာအပြင် အခြားမကျေနပ်ချက်တွေ ရှိသေးလား... အသေးစိတ်ကျလေ ပိုကောင်းလေပဲ"


ကျူးရှောင်ထင်သည် ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလာသည်။

"ကျွန်မ ရှဲ့ရှန်းချင်ကို အရမ်းမုန်းတယ်... သူမရဲ့မိသားစုက ချမ်းသာပြီး ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်နိုင်ပြီး ဈေးကြီးတဲ့အိတ်တွေ ကိုင်လေ့ရှိတယ်... သူမက ကျွန်မတို့ရှေ့မှာ တစ်ခါတစ်လေ ကြွားတတ်ပြီး တစ်ခါတစ်လေ ကျွန်မရဲ့အဝတ်အစားတွေက အရမ်းရိုးလွန်းတယ်၊ မိတ်ကပ်မလိမ်းနိုင်တဲ့ တောသူမလို့ပြောတယ်... ပြီးခဲ့တဲ့ အပတ်က အိပ်ဆောင်မှာ သူမခွက်တွေထဲက ခွက်တစ်ခုကို မတော်တဆ ခွဲမိခဲ့တယ်... အဲဒါက အကန့်အသတ်ထုတ်ပစ္စည်းဖြစ်ပြီး ဒေါ်လာထောင်ပေါင်းများစွာ တန်တယ်လို့ပြောပြီးတော့ သူမက ကျွန်မကို အော်ငေါက်ခဲ့တယ်... သူမကို လျော်ကြေးပေးမယ်လို့ ကျွန်မ ကတိပေးခဲ့ပေမဲ့ ကျွန်မလက်ထဲမှာ ပိုက်ဆံသိပ်မရှိတာကြောင့် ကျွန်မလည်း သူမကို လျော်ကြေးပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်..."


မိန်းကလေးက ပြောနေရင်း ငိုပါတော့သည်။


ဤအရာအားလုံးသည် မိန်းကလေးအိပ်ဆောင်ရှိ အသေးစားအငြင်းပွားမှုများဖြစ်သည်။ ချမ်းသာသောမိန်းကလေးများနှင့် ဆင်းရဲသောမိန်းကလေးများသည် အခန်းဖော်များဖြစ်သောအခါ ပဋိပက္ခများဖြစ်လွယ်သည်။ နှစ်ရှည်လများ မကျေနပ်ချက်တွေ စုဆောင်းမိပြီးနောက် ရှဲ့ရှန်းချင်အပေါ် သူမ၏ရွံရှယ်ဖွယ်များက တဖြည်းဖြည်း ကြီးထွားလာပြီး သူမ ဒေါသကို ဖြေဖျောက်ရန် ရှဲ့ရှန်းချင်အား သတ်ပစ်ဖို့ လှုံ့ဆော်မှု ရှိလာခဲ့သည်။


ယွဲ့ရှင်းဝမ်သည် သော့ချက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။

"သူမရဲ့အခန်းဖော်သုံးယောက်အပေါ် ရှဲ့ရှန်းချင်ရဲ့သဘောထားက ဒီလိုပဲလား"


ကျူးရှောင်ထင်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပါတယ်"


ယွဲ့ရှင်းဝမ်: "ဒါဆို မင်းရဲ့အခန်းဖော်နှစ်ယောက်ဖြစ်တဲ့ မောင်ယွဲ့နဲ့ လီဟွေ့ကျွမ်းတို့ကလည်း သူမကို မုန်းနေမှာပေါ့ ဟုတ်တယ်မလား"


ကျူးရှောင်ထင်သည် ခဏလောက် ထိတ်လန့်သွားပြီး ခေါင်းကို ရုတ်တရက် မော့လိုက်သည်။

"ဟုတ်တယ်... သူတို့လည်း လူသတ်နိုင်တာပဲ... မောင်ယွဲ့က ရှဲ့ရှန်းချင်နဲ့ ပြီးခဲ့တဲ့အပတ်က ရန်ဖြစ်ခဲ့ပြီး လီဟွေ့ကျွမ်းနဲ့ ရှဲ့ရှန်းချင်က စကားမပြောကြတာ လဝက်လောက်ရှိပြီ... ကျွန်မမှာ သစ်သီးဓားတစ်ချောင်းရှိတယ်ဆိုတာ သူတို့သိတယ်... ဓားဘယ်မှာရှိတယ်ဆိုတာလည်း သူတို့သိတယ်... သူတို့က ပလက်စတစ်လက်အိတ်ကို ဝတ်ပြီး ရှဲ့ရှန်းချင်ကို ဓားနဲ့ထိုးသတ်လိုက်ရင် သူတို့က ကျွန်မကို ချောက်ချလိုက်မှာမလား"


လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မိန်းကလေးက နောက်ဆုံးတွင် သတိပြန်လည်လာသည်။


ယွဲ့ရှင်းဝမ်က သူမကို အားတက်သရော ကြည့်ပြီး ပြောသည်။

"ဟုတ်တယ်... ဒီတော့ သေချာစဉ်းစားကြည့်ပါဦး... မင်းသိတဲ့အထဲမှာ ရှဲ့ရှန်းချင်ကိုမုန်းတာ ဘယ်သူတွေရှိသေးလဲ"


ကျူးရှောင်ထင်က ခဏလောက်စဉ်းစားပြီး ပြောလာသည်။

"ကျွန်မရဲ့အခန်းဖော်နှစ်ယောက်အပြင် ကျောက်ကျားနန်လည်း ရှိသေးတယ်... သူမက ဆေးပညာဌာနကဖြစ်ပြီး ကျွန်မကို သိတယ်... မနှစ်က ရှဲ့ရှန်းချင်က သူမရည်းစားကို လုယူသွားတာ"


ယွဲ့ရှင်းဝမ်သည် ဤအချက်အလက်များကို လျှိုကျောက်ချင်းနှင့် ဆေးပညာဌာနသို့ လည်ပတ်နေသော သူ၏အဖွဲ့ထံ ချက်ချင်းပေးပို့ခဲ့သည်။


လန်ယာရုန်က ဆက်မေးသည်။

"နင့်မှာ သစ်သီးဓားတစ်ချောင်းရှိတယ်ဆိုတာ ကျောက်ကျားနန်သိလား"


ကျူးရှောင်ထင်က အားတက်သရော ခေါင်းငြိမ့်ပြသည်။

"သူမ သိတယ်... အဲဒီအချိန်တုန်းက ကျွန်မတို့အတူတူဝယ်ခဲ့တာ... သူမနဲ့ ကျွန်မက အထက်တန်းကျောင်းနေဖက်တွေ..."


လန်ယာရုန်က မေးသည်။

"လျှိုကျားကျားကကော... သူမမှာ ရန်စဖူးတဲ့ ရန်သူတွေ ရှိလား"


ကျူးရှောင်ထင်က ပြန်ဖြေသည်။

"ကျွန်မ မသိဘူး... သူမက ရုပ်ရည်ချောမောပြီး လှပတဲ့ဂါဝန်တွေ ဝတ်ရတာကို သဘောကျမှန်းပဲ ကျွန်မသိတယ်... ဥပဒေဌာနမှာ သူမကို လိုက်ပိုးနေတဲ့လူတွေ အများကြီးရှိပေမဲ့ သူမက Single ဖြစ်နေတုန်းပဲ... ဒါမှမဟုတ် သူမကို မနာလိုဖြစ်လို့များလား"


ယွဲ့ရှင်းဝမ်သည် မှတ်စုစာအုပ်ထဲမှာ အမြန်မှတ်တမ်းတင်ပြီး ဆက်မေးသည်။

"အဲဒီအချိန်တုန်းက မင်း အိပ်ဆောင်ထဲကို လျှောက်သွားတဲ့အခါ ရှဲ့ရှန်းချင်က အသက်ရှူနေတုန်းဖြစ်ပြီး သူမက မင်းကို အကူအညီတောင်းခဲ့တယ် ဟုတ်တယ်နော်"


ကျူးရှောင်ထင်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်... သူမက မတော်တဆ ဒဏ်ရာနည်းနည်းရသွားတယ်လို့ပဲ ကျွန်မထင်ခဲ့တာ... ကျွန်မက ဓားကိုင်ပေးပြီး လူနာတင်ကားခေါ်ချင်ပေမဲ့ သူမ သေသွားမယ်လို့... ကျွန်မ မထင်ထားဘူး..."


ယွဲ့ရှင်းဝမ်: "မင်းရဲ့အိပ်ဆောင်က 7 ထပ်မှာရှိတယ်... ဓာတ်လှေကားနဲ့ တက်ခဲ့တာလား... ဒါမှမဟုတ် လှေကားနဲ့တက်ခဲ့တာလား"


ကျူးရှောင်ထင်က တုံ့ဆိုင်ခြင်းမရှိဘဲ ပြန်ဖြေသည်။ 

"ဓာတ်လှေကားနဲ့"


"ဓာတ်လှေကားက ဘယ်အထပ်မှာ ရပ်နေတာလဲ"


"ပထမထပ်မှာရပ်နေတာ... ကျွန်မ ခလုတ်ကို နှိပ်လိုက်တာနဲ့ ဓာတ်လှေကားပွင့်သွားတယ်... ပြီးတော့ 7 ထပ်က 703 အိပ်ဆောင်ကို ကျွန်မသွားခဲ့တယ်"


"မင်း ဓာတ်လှေကားကနေ ဆင်းလိုက်တဲ့အခါ စင်္ကြံနဲ့ လှေကားထစ်တွေပေါ်မှာ ခြေသံတွေ ကြားမိလား"


ကျူးရှောင်ထင်သည် ခဏလောက် ဂရုတစိုက်ပြန်စဥ်းစားပြီး ရုတ်တရက် သူမ၏မျက်လုံးများ တောက်ပလာသည်။

"အင်း... ဘေးက လှေကားထစ်မှာ အရမ်းပေါ့ပါးတဲ့ ခြေသံတွေကို ကျွန်မကြားလိုက်ရတယ်... တစ်ယောက်ယောက်ကများ... အပေါ်ကိုတက်သွားတာလား"


ယွဲ့ရှင်းဝမ်: "အဲဒီလူက အပေါ်ထပ်ကို တက်သွားတာ သေချာလား"


ကျူးရှောင်ထင်က အားတက်သရော ခေါင်းငြိမ့်လိုက်သည်။

"သေချာတယ်... အသံက အပေါ်တက်သွားတာ"


မိန်းကလေးအိပ်ဆောင်တွင် စုစုပေါင်း အထပ် 10 ထပ်ရှိပြီး လူသတ်ပြီးနောက် လူသတ်သမားသည် စင်္ကြံတွင် ရှိနေတာက သံသယရှိရန် လွယ်ကူသည်။ သူမက သူမအိပ်ဆောင်ကို အမြန်ပြန်ပြေးသင့်သည်။ ယွဲ့ရှင်းဝမ်သည် ချင်မြောင်ထံ မက်ဆေ့ခ်ျပို့ခဲ့သည်။

"စုံစမ်းမှုနယ်ပယ်ကို ကျဉ်းမြောင်းသွားအောင် 8~10 ထပ်ကြား ဒီမနက် 5:30 မှာ ဘယ်သူထွက်သွားလဲဆိုတာကို စုံစမ်းပြီး ခြေသံတွေကို အာရုံစိုက်လိုက်ပါ"


လန်ယာရုန်က ပြောသည်။

"ရှဲ့ရှန်းချင်က နင့်ကို မနက် 5:20 လောက်မှာ ဖုန်းဆက်ပြီး သူမ ဘာပြောခဲ့သလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါလား"


ကျူးရှောင်ထင်: "သူမက ကျွန်မကို ဖုန်းခေါ်တော့ ကျွန်မ ဖုန်းပြန်ဖြေခဲ့ပေမဲ့ တစ်ဖက်က ဘာသံမှမထွက်ခဲ့ဘူး... ကျွန်မ အကြိမ်ကြိမ်ခေါ်လိုက်ပေမဲ့ သူမ စကားမပြောဘူး... ဖုန်းလိုင်းက ပြဿနာရှိတယ်လို့ပဲ ကျွန်မထင်ခဲ့တာ... တစ်ခါတစ်လေ ကျွန်မတို့အိပ်ဆောင်အဆောက်အဦးက ဖုန်းလိုင်းက သိပ်မကောင်းဘူး"


လန်ယာရုန်: "ဒါဆို သူမက နင့်ကို WeChat မက်ဆေ့ချ်ပို့ခဲ့တာလား"


ကျူးရှောင်ထင်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်... ‘ပြန်လာပြီး စကားပြောရအောင်... ငါတို့ကြား အဆုံးသတ်သင့်ပြီ’ဆိုပြီး ပို့လာတယ်"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် မေးသည်။

"အဲဒီအချိန်မှာ မင်းက အိပ်ဆောင်ရဲ့အောက်ထပ်မှာလား"

 

ကျူးရှောင်ထင်က ‌အံ့အားသင့်သွားပြီး မေးသည်။

"ရှင်ဘယ်လိုသိတာလဲ"


ယွဲ့ရှင်းဝမ်: "လူသတ်သမားက မင်းကို ပြတင်းပေါက်ကနေ မြင်ပြီး မင်းကို ဖုန်းခေါ်ဖို့ ရှဲ့ရှန်းချင်ရဲ့ဖုန်းကို အသုံးပြုပြီး WeChat ကနေ မက်ဆေ့ခ်ျပို့ခဲ့တယ်... လူသတ်သမားက မင်းကို ရန်ငြိုးထားတာမဟုတ်ပေမဲ့ မင်း အချိန်ကိုက် ပြန်လာတာကြောင့် မင်းကို ချောက်ချတာက အကောင်းဆုံးနည်းလမ်းလို့ အဲဒီလူက တွေးခဲ့တာ"


လူသတ်သမားက သူမအား အပေါ်ထပ်ကနေ ကြည့်နေတာကို တွေးကြည့်လိုက်ရင်း ကျူးရှောင်ထင်၏မျက်နှာမှာ ထိတ်လန့်မှုများအပြည့်နဲ့ သူမ၏ကျောပြင်ဟာ အေးစက်သောချွေးများဖြင့် စိုရွှဲနေခဲ့သည်။


ယွဲ့ရှင်းဝမ်: "မင်းပြန်လာတာကို လူဘယ်နှစ်ယောက်သိလဲ"


ကျူးရှောင်ထင်က ခေါင်းခါလိုက်သည်။

"လျှိုကျားကျားပဲသိတယ်... ကျွန်မ အစားအသောက်တွေစားပြီးနောက် နေရအဆင်မပြေလို့ စောစောပြန်သွားချင်တာ... ကျားကျားက ကျွန်မတစ်ယောက်တည်း မနက်အစောကြီးပြန်သွားတာဖို့ မလုံခြုံလို့ စိတ်ပူခဲ့တာကြောင့် Didi တစ်စီးကို ကျွန်မ တိုက်ရိုက်မှာယူလိုက်ပြီး အဆင်ပြေသွားအောင် သူမကို လိုင်စင်နံပါတ်ပြားပို့ပေးလိုက်တယ်"


လေးနာရီထိုးတော့ ကောင်းကင်ကြီးက လင်းနေပါပြီ။


ယွဲ့ရှင်းဝမ်: "ဒါကြောင့် မင်းက အိပ်ဆောင်ကို ကြုံသလို ပြန်လာခဲ့တာ... သေသွားပြီဖြစ်တဲ့ လျှိုကျားကျားနဲ့ လျှိုကျားကျားကို သတ်ခဲ့တဲ့ လူသတ်သမားကလွဲရင် အခြားဘယ်သူကမှ အဲဒါကို မသိဘူး... ကျောင်းဘက်က လူသတ်သမားက မင်းရောက်လာမယ်လို့ မထင်ထားခဲ့ဘူး... အဲဒီအချိန်မှာ အဲဒီလူက မင်းကို အပေါ်ထပ်ကမြင်ပြီး မင်းကို တမင်တကာ ချောက်ချလိုက်တယ်ဆိုတာ မင်းတွေးမိလား" 


ကျူးရှောင်ထင်သည် ယွဲ့ရှင်းဝမ်၏တွေးခေါ်မှုအရ လုံးဝလက်ခံယုံကြည်သွားသည်။

"ဟုတ်တယ်... ရှဲ့ရှန်းချင်က ကျွန်မ ကျောင်းပြန်လာတာကို မသိဘူး... သူမက ဘာလို့ ကျွန်မကို 5:20 မှာ ဖုန်းခေါ်ခဲ့တာလဲ... အဲဒါက ပြတင်းပေါက်ကနေ ကျွန်မကို မြင်နေတဲ့ လူသတ်သမားဖြစ်ပြီး သူမရဲ့ဖုန်းနဲ့ ကျွန်မခေါ်ခဲ့တာပေါ့..."


ယွဲ့ရှင်းဝမ်က နွေးထွေးစွာ ဆိုသည်။

"ဒီတော့ မကြောက်နဲ့... သက်သေတွေက မင်းအတွက် အဆင်မပြေပေမဲ့ အဓိပ္ပါယ်မရှိတဲ့ အသေးစိတ် အချက်အလက်တွေ အများကြီး ကျန်ပါသေးတယ်... ငါတို့ လူသတ်သမားအစစ်ကို ရှာပြီး မင်းအတွက် တရားမျှတအောင် လုပ်ပေးမယ်"


လန်ယာရုန်: "အခု နင်နဲ့ ရှဲ့ရှန်းချင်ကို တစ်ချိန်တည်းသိတဲ့ 7 ထပ်က မိန်းကလေးတွေအားလုံးကို သေသေချာချာ ပြန်စဉ်းစားပြီး ငါတို့ကို စာရင်းပေးလိုက်"


ကျူးရှောင်ထင်: "ကျွန်မတို့ ဘာသာပြန်ဌာနရဲ့ 8 ထပ်က မိန်းကလေးအိပ်ဆောင်က ကျွန်မကို အားလုံးသိကြပြီး ဆေးပညာဌာနမှာလည်း ကျွန်မကိုသိကြတဲ့ လူတွေအများကြီးရှိတယ်... ကျောင်းမှာ ပထမနှစ်ကနေ စတုတ္ထနှစ်အထိ ကျွန်မက အလုပ်အရမ်းလုပ်လို့ပါ... ပညာရေးမှူးရုံးမှာလည်း ကျွန်မ လက်ထောက်အဖြစ် လုပ်ခဲ့ဖူးပြီး အဲဒီမှာ ကျွန်မကိုသိတဲ့သူ အများကြီးရှိတယ်..."


ယွဲ့ရှင်းဝမ်: "ငါတို့က ဘာသာပြန်ဌာနရဲ့ လူအားလုံးကို စုံစမ်းစစ်ဆေးမှာမို့ ဆေးပညာဌာနကို အာရုံစိုက်ကြည့်လိုက်ပါ"


ကျူးရှောင်ထင်သည် သူမ၏အတွေးများကို ရှင်းထုတ်ပြီး နာမည်အနည်းငယ်ကို ပြောပြခဲ့သည်။ ယွဲ့ရှင်းဝမ်သည် ၎င်းတို့ကို အလျင်အမြန်ရေးသားပြီး ကျောင်းသို့လည်ပတ်နေသော အဖွဲ့ဝင်များထံ ပေးပို့ခဲ့သည်။


လူသတ်သမားသည် တစ်ဖက်လူကို ပြီးပြည့်စုံစွာ ချောက်ချရန် မဖြစ်နိုင်ဘဲ အသေးစိတ်အချက်အလက်များစွာကို ဟာကွက်များချန်ထားခဲ့သည်။


ဒီကံမကောင်းတဲ့မိန်းကလေးကို သူတို့ရဲ့အကူအညီနဲ့ သူမရဲ့နာမည်ကို သေချာပေါက်ရှင်းပေးရမယ်...


#TK