Chapter 187
Viewers 22k

Volume 9 : ပထဝီဝင်ဌာန


Chapter 187 (ရေခဲခေတ် ၀၆)


ယွဲ့ရှင်းဝမ်းက တောင်ပိုင်းသားဖြစ်သည်။ ဟွာအန်းမှာ တက္ကသိုလ်တက်တုန်းက နှင်းကျနေသည့်မြင်ကွင်းကို ပထမဆုံးမြင်လိုက်ရတုန်းက ကျန်းဖျင်စစ်နှင့်အတူ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုခဲ့သည်။ သူက နှင်းကျသောမြင်ကွင်းကို သဘောကျပြီး အထူးသဖြင့် ဟွာအန်းတက္ကသိုလ်ရှိ ဆောင်းရာသီတွင် အဖြူရောင်နှင်းမြင်ကွင်းကို သူနှစ်သက်သည်။ နှင်းတွေကျသောအခါ Moment များက နှင်းမြင်ကွင်းဖြင့် အမြဲတမ်း ပြည့်နေသည်။ ငွေရောင်ဖြင့်ဖုံးလွှမ်းထားသည့် ဟွာအန်းတက္ကသိုလ်က လှပသည်။


သို့သော် ယခုလို ဆိုးရွားလှသော နှင်းများကို သူ တစ်ခါမှ မမြင်ဖူးပေ။


မြေအောက်ခန်းမှ အားလုံး ထွက်လာသည်နှင့် တစ်ပြိုင်နက် အေးစက်သောလေသည် ငန်းမွေးများနှင့် ရောနှောကာ နှင်းများထူထပ်စွာ သူတို့မျက်နှာကို တိုက်ခတ်လာသည်။


ရေခဲခေတ်သည် မူလက အဆုံးမရှိအဖြူရောင် ရေခဲများ၊ လွှမ်းခြုံထားသော ဆီးနှင်းများနှင့်အတူ၊ တစ်ကမ္ဘာလုံး ဆိတ်သုဉ်းသွားကာ ဤနေရာသည် အဖြူရောင်ဖြစ်နေပြီး ရုပ်ရှင်ထဲတွင် ကမ္ဘာကြီးအဆုံးသတ်သွားသကဲ့သို့ပင် အဆုံးကို မမြင်နိုင်ပေ။


ယွဲ့ရှင်းဝမ်သည် အကြိမ်ပေါင်းများစွာ နှာချေပြီး မြေအောက်ခန်းသို့ အမြန်ပြန်လာခဲ့သည်။

"ငါတို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်… မနေ့ကလိုပဲ ရှင်းယန်ရဲ့ ဖန်ပုလင်းထဲမှာ ငါတို့ ရှေ့ကို လျှောက်သွားပြီး လေအေးတွေကို ခံနိုင်ရည်ရှိပေမဲ့ နှင်းပွင့်လေးတွေက အပေါက်ထဲကနေ ကျနေလိမ့်မယ်… နှင်းတွေအရမ်းများရင် အားလုံးက မိနစ်အနည်းငယ်အတွင်း နှင်းထဲမှာ မြုပ်သွားလိမ့်မယ်"


ရှင်းယန်က အကြံပြုခဲ့သည်။

"နှင်းပွင့်တွေကို ပိတ်ဆို့ဖို့ ငါတို့ ပတ်တီးကိုသုံးရင်ကော"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ရှင်းယန်ကိုကြည့်လိုက်သည်။

"ပတ်တီးက ခဏလောက်ပဲ ဖုံးထားနိုင်တယ်… နှင်းတွေထူလာပြီး ပတ်တီးကို ဖုံးလိုက်တာနဲ့ ငါတို့ပုလင်းက ပိတ်နေတဲ့နေရာဖြစ်သွားပြီး လေက လည်ပတ်လို့ မရတော့ဘူး"


ရှင်းယန်: "စိတ်ချပါ… ဒီမနက်စောစောမှာ စီနီယာအစ်မမန့်လော်က သစ်ပင်စိမ်းကို ဆင့်ခေါ်တဲ့အခါ သန့်စင်တဲ့လေကို ငါ လုံလုံလောက်လောက် သိမ်းဆည်းထားခဲ့တယ်… စီးဖို့သုံးတဲ့ပေါင်းခံပုလင်းကို အလုံပိတ်ပြီးတဲ့အခါ အားလုံးကို‌ လေပုလင်းတစ်လုံးစီ ပေးထားပြီး အသက်ရှူမဝတာမျိုးမဖြစ်တော့ဘူး"


ယွဲ့ရှင်းဝမ်က စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချပြီး အပြုံးဖြင့် ပြောလိုက်သည်။

"လုပ်ကြတာပေါ့"


ရှင်းယန်သည် မနေ့က ဒီပြဿနာကို တွေးနေပုံရသည်။ ထို့ကြောင့် လင်းမန့်လော်က လေထုကို သန့်စင်ပေးသောအခါ နောက်ထပ် စုဆောင်းထားပြီး သူ၏သတိထားမှုက လူတိုင်းကို အများကြီး ကူညီပေးခဲ့သည်။


ယနေ့တိုင် နှင်းမုန်တိုင်းများ ရှိနေသေးသည်။ နှင်းမုန်တိုင်းထဲမှာ သွားချင်ရင်တော့ သူတို့ အကာအကွယ်ယူရမည်။ ဒီလိုမှမဟုတ်ရင် သူတို့တွေ လမ်းတစ်ဝက်မှာတင် အေးခဲနေသော နှင်းလူသား 12 ယောက် ဖြစ်သွားလိမ့်မည်။


ထို့နောက် ရှင်းယန်က ပေါင်းခံပုလင်း 12 လုံးကို ဆင့်ခေါ်သည်။ လျှိုကျောက်ချင်းက ပိတ်ရန် ပတ်တီးကို အသုံးပြုလိုသော်လည်း ပြုလုပ်ရန် မလွယ်ကူသောကြောင့် သူက ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

"ရှင်းယန်က လေလုံလုံလောက်လောက် ကြိုတင်သိုလှောင်ထားတာကြောင့် နှင်းတွေကို ပိတ်ဆို့ဖို့ နည်းလမ်းကို ပြောင်းလိုက်ကြရအောင်… မနေ့က မန့်လော်ရဲ့သစ်ပင်ကြီးတစ်ပင်ကနေ ဖြတ်ထားတဲ့သစ်သားကို ငါတို့နဲ့တူ ယူသွားလို့မရတာကြောင့် ပုံသဏ္ဌာန်ပြောင်းပြီး ဖော့ဆို့ဝိုင်းတွေ ပြုလုပ်လိုက်မယ်"


လေအလုံအလောက်ရှိသောအခါ ပုလင်းကို ဖော့ဆို့ဖြင့်ပိတ်ခြင်းသည် ပတ်တီးများထက် ပိုမိုခိုင်ခံ့ပြီး ပူနွေးလာမည်ဖြစ်သည်။


ကျန်းဖျင်စစ်သည် ပုလင်း၏ အချင်းကို ချက်ချင်းတိုင်းတာပြီး သစ်သားပြားပေါ်တွင် စက်ဝိုင်း 12 ခုဆွဲခဲ့သည်။ လျှိုကျောက်ချင်းသည် သူဆွဲထားသော ပုံသဏ္ဍာန်အတိုင်း ဖော့ဆို့ 12 ခုကို ပိုင်းဖြတ်ပြီး ပေါင်းခံပုလင်းကို ပိတ်လိုက်သည်။ ရွှီယိရှန်းသည် ယခုအခါ ဆဲလ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဆဲလ်အသွင်ပြောင်းရန်အတွက် စောင့်ဆိုင်းချိန်ကန့်သတ်ချက်ရှိသည်။ သူသည် လူသားပုံစံသို့ ပြန်ပြောင်းပါက သူ့အတွက် ပုလင်းတစ်လုံး သီးသန့်ထားရမည်။


ချက်ချင်းပင် ရှင်းယန်သည် အားလုံးကို အရက်မီးခွက်တစ်ခု၊ ရေနွေးအပြည့်တစ်ပုလင်းနှင့် လေသန့်တစ်ပုလင်းကို ပေးလိုက်သည်။ စီနီယာအစ်ကိုလျှိုသည် မနေ့ညက ဖုံးထားသောပတ်တီးကိုယူလာဖို့ အားလုံးကိုပြောလိုက်ပြီး အကြိမ်အနည်းငယ်ခေါက်ပြီးနောက် တင်ပါးအောက်မှာ ကူရှင်အဖြစ်ထားကာ တင်းကျပ်သော ဖန်ပုလင်းပေါ်ထိုင်တာထက် ပိုအဆင်ပြေသည်။


အားလုံးအဆင်သင့်ဖြစ်သောအခါ ချင်လုသည် မြေပြင်ပေါ်သို့ 'စီးတော်ယာဉ်' 12 ခုကို ရွှေ့လျားရန် ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး ရှင်းယန်က အားလုံးကို ပုလင်းထဲထည့်ဖို့ သူ၏စွမ်းရည်ကို အသုံးပြုခဲ့သည်။


လေလုံပုလင်း၊ သူတို့လက်မောင်းထဲရှိ ရေနွေးပူ၊ ဒီ'စီးတော်ယာဉ်'က မနေ့ကထက် ပိုကောင်းသည်။


အပြင်မှာ အေးခဲပြီး နှင်းတွေကျနေပေမဲ့ ပုလင်းထဲမှာတော့ မအေးဘူး။


လေလုံပုလင်းက အသံကို ပိတ်လိမ့်မည်။ ခယ်ရှောင်ပင်းက သုတေသနအဖွဲ့ chat channel တွင် ရိုးရိုးရှင်းရှင်း စာရေးခဲ့သည်။

"ဒီအဆင့်မြင့်ထားတဲ့ ပေါင်းခံပုလင်းက တကယ်ကို အဆင်ပြေတယ်… ဓာတုဗေဒဌာနက ကျောင်းသားတွေမရှိရင် ဒီသင်တန်းက ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်လို့မရဘူး"


ကျိုဖုန်း: "ရူ‌ပဗေဒဌာနမှာ အပူပေးဖို့အတွက် အပူနဲ့အလင်းနှစ်မျိုးစလုံးရှိတယ်… ဒါပေမဲ့ ကံမကောင်းစွာပဲ ငါက လျှပ်စစ်နဲ့ ဆွဲငင်အားကို အဓိကထားခဲ့တယ်"


ယွဲ့ရှင်းဝမ်က စာရိုက်ခဲ့သည်။

"အမျိုးမျိုးသောအဖွဲ့တွေမှာ မတူညီတဲ့နည်းလမ်းတွေရှိတယ်… ကျွန်တော်တို့တွေ ဖန်ပုလင်းတွေထဲမှာထိုင်ပြီး အရှေ့ကိုသွားဖို့ ရှင်းယန်ရဲ့ဓာတုပစ္စည်းတွေသာမက ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်တွက်ချက်မှုတွေလည်း လိုအပ်တယ်"


လူတိုင်းက သဘောတူကြသည်။

"မှန်တယ်… ဖျင်စစ်က အခက်ခဲဆုံးအလုပ်ဖြစ်ပြီး အားလုံးကိုရှေ့ဆက်နိုင်ဖို့ ဖော်မြူလာကို ဆက်လက်တွက်ချက်ရမှာ"


ခယ်ရှောင်ပင်း: "ဖျင်စစ်က ငါတို့ထူးဆန်းအဖွဲ့ရဲ့ ယာဉ်မောင်းပဲ…ဖျင်စစ်မရှိရင် အားလုံးက လမ်းမလျှောက်နိုင်ဘူး"


ကျန်းဖျင်စစ်သည် သူ၏ညာလက်ဖြင့် ဖော်မြူလာကို တွက်ချက်ပြီး ဘယ်ဘက်လက်ဖြင့် စာလုံးတစ်လုံးကို ရိုက်ခဲ့သည်။ "အင်း"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောခဲ့သည်။

"ကောင်းပြီ… မင်းရဲ့ခွန်အားကို ချွေတာလိုက်ပါ… ဖန်ပုလင်းထဲမှာ ပူနေသေးပေမဲ့ အပြင်မှာ အပူချိန်က အရမ်းနိမ့်နေတယ်… ပုလင်းက မကြာခင် အေးသွားတော့မှာ… ပြီးရင် ဆက်ပြီး အပူပေးဖို့ ရှင်းယန်ကို ငါတောင်းဆိုလိုက်မယ်"


ရှင်းယန်သည် ပုလင်းကို အချိန်မရွေး အပူပေးရန် အရက်မီးခွက်ကို ဆင့်ခေါ်နိုင်ပြီး သေချာပေါက် အပူချိန်ကို ကောင်းကောင်းထိန်းထားရမှာဖြစ်သည်။ မဟုတ်ပါက ပုလင်းထဲရှိ သူ့အဖွဲ့ဝင်များသည် မတော်တဆ ခြောက်ကပ်သွားလိမ့်မည်။


ကျန်းဖျင်စစ်သည် အရှေ့သို့ ပျံသန်းရန် ဖန်ပုလင်းများကို ထိန်းချုပ်ခဲ့သည်။


သူ၏သြဒီနိတ်စနစ်ကို မိနစ် 30 ကြာ အသုံးပြုခဲ့ပြီး မိနစ် 30 စောင့်ဆိုင်းရသည်။ လူတိုင်းသည် နာရီဝက်မျှသာ လမ်းလျှောက်နိုင်ပြီး နာရီဝက်ကြာအောင် ရပ်နေခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်း မနက်ခင်းသည် ကုန်ဆုံးသွားသော်လည်း ပတ်ဝန်းကျင်ရှုခင်းသည် မပြောင်းလဲသေးပေ။


သူတို့လမ်းကြောင်းမှားနေသလား။ ချင်လုကို မေးခွန်းထုတ်ဖို့ အားလုံးက ရှက်နေကြပေမဲ့ ချင်မြောင်က သူမညီမကို တိုက်ရိုက်မေးလိုက်သည်။

"နင့်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြဿနာတော့မရှိဘူးမလား… ငါတို့ အရှေ့တောင်ကိုသွားတာကြာပြီ ဒါပေမဲ့ ကုန်းမြေအရိပ်အယောင်ကို မတွေ့ရသေးဘူး"


ချင်လု၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေပြီး သူမသည် ခဏတာတိတ်ဆိတ်နေပြီးနောက် အံကြိတ်ကာပြောခဲ့သည်။

"မှန်လောက်တယ်… ကျောက်ခေတ်နှောင်းပိုင်းရေခဲခေတ်ရဲ့ဗဟိုချက်က အမေရိကတိုက်ကြီးရဲ့ မြောက်ဘက်နဲ့ Eurasia ရဲ့ အနောက်မြောက်ဘက်မှာရှိတယ်ဆိုတာ ငါရှင်းရှင်းလင်းလင်းမှတ်မိတယ်… ငါတို့ ရေခဲဗဟိုချက်ရဲ့ လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် ကုန်းမြေကို မြင်ရဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး"


ယွဲ့ရှင်းဝမ်က အားလုံးကို နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့… ရေခဲခေတ်မှာ ကမ္ဘာမြေရဲ့သုံးပုံတစ်ပုံက ရေခဲတွေ ဖုံးလွှမ်းနေတယ်လို့ ချင်လုကလည်း ပြောခဲ့တယ်လေ… အဲဒီရေခဲတွေရဲ့ ဧရိယာက ငါတို့နိုင်ငံထက် အများကြီး ပိုကျယ်တယ်… ငါတို့က ကီလိုမီတာဒါဇင်နဲ့ချီပြီးပဲ လမ်းလျှောက်ရသေးတာ… ငါတို့တွေ ကုန်းမြေကိုမမြင်ရတာက ပုံမှန်ပါပဲ… ဒီညမမှောင်ခင် ငါတို့ရေခဲထဲကနေ မရုန်းထွက်နိုင်ရင် ညအတွက် ရေခဲမြေအောက်ခန်းကို ဆက်တူးကြတာပေါ့"


ရှင်းဝမ်၏ စကားကြောင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။


ကမ္ဘာ၏ကုန်းမြေ သုံးပုံတစ်ပုံသည် ရေခဲများဖြစ်ကာ သူတို့သည် ဆယ်ရက်ကြာ အသက်ရှင်ရန် လိုအပ်ပြီး ယနေ့က ဒုတိယနေ့သာဖြစ်သည်။ သူတို့သည် ရေခဲထဲကနေ တစ်ရက်အတွင်း ထွက်သွားနိုင်ပါက ရိုးရှင်းလွန်းပြီး ရေခဲခေတ်၏ သတ်မှတ်ပုံနှင့် မကိုက်ညီပါ။


နောက်တစ်ကြိမ်တွင် ကျန်းဖျင်စစ်သည် ကျယ်ပြောလှသော ရေခဲကြီးပေါ်၌ အားလုံးနှင့်အတူ ဆက်လက်လျှောက်လှမ်းခဲ့သည်။


အဆုံးမရှိသော ရေခဲကြီးသည် အချိန်မည်မျှကြာစေကာမူ ပတ်ဝန်းကျင်ရှုခင်းများ မပြောင်းလဲဘဲ လူများကို စိုးရိမ်စေသည်။ ကံကောင်းထောက်မစွာ ကျန်းဖျင်စစ်သည် အမြဲတမ်း အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့ပြီး အားလုံးကို ရှေ့ဆက်သွားရန် ထိန်းချုပ်ဖို့ ဖော်မြူလာများကို ဆက်လက်ရေးသားခဲ့သည်။ ရှင်းယန်လည်း ပုလင်းထဲက အပူချိန်ကို စောင့်ကြည့်နေသည်။ အအေးကို ခံစားရရင် လူတိုင်းကို နှစ်မိနစ်လောက် အပူပေးဖို့ အရက်မီးခွက်ကို ဆင့်ခေါ်သည်။


တစ်နေ့လုံး ဒီလိုလမ်းလျှောက်ပြီးနောက် မှောင်လာသည်။ အားလုံးက တစ်နေ့လုံး ပုလင်းထဲမှာ ထိုင်ပြီး ဆာလောင်ချမ်းအေးကာ သူတို့ဦးနှောက်တွေ ထုံကျင်သွားတော့မညိ။ ခယ်ရှောင်ပင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။

"ရေခဲထဲက မထွက်သေးဘူး… ဒီည ငါတို့တွေ ရေခဲမြေအောက်ခန်းထဲမှာ ထပ်အိပ်ရတော့မှာလား"


ကျန်းရှောင်နျန်က မေးလိုက်သည်။

"ရပ်လိုက်ပြီး အခြေစိုက်စခန်းကို တူးချင်လား"


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ချင်လု ကီလိုမီတာအနည်းငယ်သွားကြည့်ဖို့ ကျောက်ထုလွှာလှုပ်ရှားမှုကို သုံးလိုက်"


ကျန်းဖျင်စစ်သည် ပုလင်းများအားလုံးကို မြေပြင်ပေါ်သို့ ဆင်းသက်စေပြီး ‌မြေပုံလေးတွင် သတ်မှတ်ထားသည့် အရှေ့တောင်ဘက်သို့ ကျောက်ထုလွှာလှုပ်ရှားမှုကို အဆက်မပြတ်ရွှေ့ရန် ချင်လုက ကမ္ဘာလုံးကို ဆင့်ခေါ်ခဲ့သည်။


5 ကီလိုမီတာ အကွာအဝေးကို တယ်လီပို့ပြီးနောက် ယွဲ့ရှင်းဝမ်သည် မဝေးလှသောအကွာအဝေး၌ တောင်တန်းတစ်ခု ပေါ်လာတာကို ရုတ်တရက် မြင်လိုက်ရသည်။ မှောင်လာပြီး နှင်းထူထပ်သဖြင့် သူသဲသဲကွဲကွဲ မမြင်ရတော့ပေ။


ယွဲ့ရှင်းဝမ်က သူ့မျက်လုံးများကို ပွတ်သပ်ပြီး စာရိုက်လိုက်သည်။

"ရှောင်ထူကို သွားစုံစမ်းခိုင်းလိုက်… အဲဒီမှာ ကုန်းမြေရှိပုံရတယ်"


ဤသတင်းသည် လူတိုင်း၏စိတ်ကို ထိတ်လန့်သွားစေကာ တစ်ချိန်တည်းတွင် ခယ်ရှောင်ပင်းသည် ရှောင်ထူကို ရေခဲတစ်လျှောက် အရှေ့သို့ လှိမ့်သွားခိုင်းစေပြီး တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ရန်အတွက် ရေဒါစစ်ဆေးမှုကို ဖွင့်ပေးခဲ့သည်။ ရှောင်ထူသည် ရိုလာစကိတ်စီးရင်း အရှေ့သို့ လျင်မြန်စွာ လှိမ့်လိုက်သည်။ ခဏအကြာတွင် ခယ်ရှောင်ပင်း၏လက်ပ်တော့သည် အံ့မခန်းမြင်ကွင်းကိုပြသခဲ့သည်—


မနီးမဝေးတွင် နှင်းတောင်တစ်ခုရှိပြီး နှင်းတောင်၏အောက်ခြေတွင် လွင်ပြင်ကျယ်ကြီးတစ်ခုရှိသည်။


လွင်ပြင်တွင် ပန်းများနှင့် စိမ်းလန်းသောသစ်ပင်များ အများအပြားမရှိဘဲ အပူချိန်နိမ့်သောပတ်ဝန်းကျင်တွင် အသက်ပြင်းသော ပေါင်းပင်တချို့သာ ရှင်သန်နိုင်သော်လည်း ၎င်းက ကုန်းမြေဖြစ်သည်။ ကုန်းမြေရှိလျှင် တိရစ္ဆာန်များ ရှိကောင်းရှိနိုင်သည်။


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်ပြီး အရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါတို့နဲ့ 1 ကီလိုမီတာအကွာက အရှေ့ဘက်မှာ ကုန်းမြေရှိနေတာကို ရှောင်ထူက တွေ့ရှိခဲ့တယ်"


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ လျင်မြန်စွာ ပြောခဲ့သည်။

"ဖျင်စစ် ဆက်သွားကြရအောင်"


ကျန်းဖျင်စစ်သည် ဖန်ပုလင်းအဖွဲ့ကို ကုန်းမြေအနားသို့ အမြန်ရောက်အောင် ထိန်းချုပ်ခဲ့သည်။ နှင်းများက ပိုပိုပြီး ကျလာကာ ယွဲ့ရှင်းဝမ်သည် ပတ်ပတ်လည်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"မြန်မြန် အခြေစိုက်စခန်းဆောက်လိုက်… ပြီးရင် အမဲလိုက်နိုင်တဲ့ သားရဲတွေရှိမရှိကြည့်ဖို့ သွားကြည့်ကြမယ်"


ကျန်းရှောင်နျန်က မြေတူးစက်ကို အလုပ်စလုပ်ဖို့ ချက်ချင်းဆင့်ခေါ်လိုက်သည်။


ရေခဲအလွှာက တူးရန်မလွယ်ကူပါ။ မြေအောက်ခန်းတစ်ခုကို တူးဖော်ဖို့ သူ မိနစ် 20 အချိန်ယူရသည်။ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"နေမကောင်းဖြစ်ပြီး အအေးမိတဲ့သူတွေက အနားယူဖို့ အခြေစိုက်စခန်းမှာနေပြီး အခြားသူတွေက အစာရှာဖို့ ငါနဲ့အတူ လိုက်လာခဲ့ပါ"


သူတို့သည် နာရီ 30 ကျော် အစာမစားဘဲ သူတို့၏စွမ်းအင်ကို ပြန်ဖြည့်ဖို့ အလွန်လိုအပ်နေပါသည်။


ရွှီယိရှန်းနှင့် လန်ယာရုန်တို့နှစ်ယောက်လုံး အအေးမိသွားကြသည်။ ကျန်းရှောင်နျန်သည် အတွင်းတွင် တံတိုင်းတစ်ခု ဆောက်ချင်ခဲ့သည်။ ‌ချင်မြောင်၏ဝိုင်ခွက်သည် တိရစ္ဆာန်များအပေါ် အသုံးမဝင်လှပေ။ သူတို့လေးဦးက အခြေစိုက်စခန်းတွင် နေခဲ့ကြပြီး အခြားသူများက တိရစ္ဆာန်များရှာဖွေရန် ယွဲ့ရှင်းဝမ်နောက်သို့ လိုက်ခဲ့ကြသည်။


ချင်လု: "ရေခဲခေတ်က တိရစ္ဆာန်တွေက ပိုပြီးရက်စက်ကြမ်းကြုတယ်…အားလုံး သတိထားကြပါ"


ယွဲ့ရှင်းဝမ်က အားလုံးကို သတိပေးခဲ့သည်။

"ငါ့ရဲ့မိုးသည်းခြင်းက မိုးသီးတွေတိုက်ရိုက်ကျလာပြီး ငါ့ရဲ့စွမ်းရည်ကို ချဲ့လို့မရဘူး… ဒါကြောင့် တိရစ္ဆာန်အမဲလိုက်ဖို့အတွက် ဓားမိုးနဲ့ အက်စစ်မိုးကို သုံးလို့မရဘူး… အားလုံး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရမယ်"


ရှောင်ထူသည် အရှေ့တွင် စုံစမ်းနေပြီး အားလုံးက နောက်မှ လိုက်လာကြသည်။


ရှောင်ထူ၏ ရေဒါထောက်လှမ်းမှုသည် အနီးတစ်ဝိုက်ဧရိယာ 1 ကီလိုမီတာကို ထောက်လှမ်းနိုင်ပြီး သက်ရှိတိရစ္ဆာန်များကိုလည်း ရှာဖွေနိုင်သောကြောင့် သားကောင်ရှာဖွေရန် အလွန်အဆင်ပြေပါသည်။ ခယ်ရှောင်ပင်း၏ လက်ပ်တော့တွင် အနီရောင်၊ အစိမ်းကွက်ကြီးများ ရှိနေရန် အချိန်အကြာကြီး မကြာလိုက်ပေ။


ခယ်ရှောင်ပင်းက အံ့ဩစွာ စာရိုက်ခဲ့သည်။

"ဘယ်ဘက် 30 ဒီဂရီထောင့်က 500 မီတာ အကွာမှာ တိရစ္ဆာန်ကြီးတစ်ကောင်ရှိတယ်"


ယွဲ့ရှင်းဝမ်က ချက်ချင်းပဲ စာရိုက်ခဲ့သည်။ 

"အားလုံး အသံမထွက်ဘဲ ဖမ်းဖို့ ဖြည်းဖြည်းချင်း ချဉ်းကပ်မယ်"


သူသည် လူရွှင့်၏စွမ်းရည်ကို အသုံးပြုခဲ့သည်။

"လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်"


အချိန်အတော်ကြာတော့ အရာအားလုံး တိတ်ဆိတ်သွားပြီး နှင်းများနှင့် လေသံများတောင် ပိတ်ဆို့သွားသည်။


လူတိုင်းသည် ရှောင်ထူကြောင့် တွေ့ရှိသည့်နေရာကို အမြန်ရောက်လာကြပြီး ကြည့်လိုက်ကြသည်—


မှောင်မည်းနေသော ဝင်ပေါက်တစ်ခုနဲ့ သူတို့ရှေ့မှာ ဂူတစ်ခုကို တွေ့လိုက်ရသည်။ အတွင်းထဲမှာ ဘာရှိလဲဆိုတာ မမြင်ရဘူး။ ရှောင်ထူ တွေ့ရှိသော တိရစ္ဆာန်က ဤဂူထဲတွင် ရှိနေသည်။ ထိုအချိန်တွင် တိရစ္ဆာန်သည် မလှုပ်မယှက် အိပ်ပျော်နေပုံရသည်။


ချင်လုက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး စာရိုက်ခဲ့သည်။ 

"ဒါဟာ ဂူဝက်ဝံတစ်ကောင် ဖြစ်နိုင်တယ်" 


ခယ်ရှောင်ပင်းက သိချင်စွာ မေးခဲ့သည်။

"ဂူဝက်ဝံနဲ့ ငါတို့ တိရစ္ဆာန်ရုံမှာတွေ့လေ့ရှိတဲ့ဝက်ဝံနဲ့ ဘာကွာခြားလဲ"


ချင်လုက စာရိုက်လိုက်သည်။

"ဂူဝက်ဝံတွေက လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မျိုးသုဉ်းသွားခဲ့တဲ့ ရေခဲခေတ်ရဲ့ မျိုးစိတ်တစ်ခုပဲ… သူတို့က ကြီးမားပြီး များသောအားဖြင့် အရပ် 2 မီတာကျော်၊ အလေးချိန် 800 ပေါင်လောက်ရှိပြီး အစုံစားသတ္တဝါတွေဖြစ်တာကြောင့် နဂါးတွေလို အရိုးတွေနဲ့ ရှေးခေတ်ဘီးလူးကြီးတွေပဲ"


ရှင်းယန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ငါ့ရဲ့ပေါင်းခံပုလင်းက ဒီလောက်ကြီးတဲ့တိရစ္ဆာန်ကို ထည့်လို့မရဘူး"


လန်ယာရုန်က ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

"ငါ့ရဲ့ထောင်လည်း မဆန့်ဘူး"


လျှိုကျောက်ချင်းက မေးလိုက်သည်။

"အရေပြားက ထူလား… ငါ့‌ခွဲစိတ်ဓားနဲ့ဖောက်နိုင်လား"


ဤမျှကြီးမားသော ရှေးခေတ်သားရဲကြီးကို သူတို့ မည်သို့ဖမ်းနိုင်မည်နည်း။


ဤအခိုက်အတန့်တွင် ခယ်ရှောင်ပင်း၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး သူက အလျင်အမြန် စာရိုက်ခဲ့သည်။

"သွားပြီ… ရှောင်ထူက အနီးအနားက အပူရင်းမြစ်အများအပြားကို တွေ့ရှိခဲ့ပြီး ဧရာမသားရဲမျိုးရဲ့ပိုင်နက်ထဲကို ငါတို့ရောက်ရှိနေပုံပဲ"


#TK