Chapter 220
Viewers 22k

Volume 10 : အနုပညာဌာန


Chapter 220 (မျက်နှာဖုံးကပွဲ ၀၁)


သုတေသနအဖွဲ့: C-183


သင်တန်း: ဂီတဆိုင်ရာတေးသွား


Credit: 4 မှတ်


ရှင်းလင်းရေးရမှတ်: 90 မှတ်


နောက်ဆုံးရမှတ်: 4x90 = 360 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ စုစုပေါင်းအမှတ် 540 မှတ် ရရှိပါသည်။


သင်တန်းကျရှုံးမှုနှုန်း: 35%


ရှင်းလင်းရေးရမှတ်သည် 90 မှတ်ဖြစ်ပြီး ယွဲ့ရှင်းဝမ် မျှော်မှန်းထားသည်ထက် ပိုများသည်။


တစ်ချိန်တည်းမှာပင် ရလဒ်ကို စောင့်မျှော်နေသော စာသင်ခန်းထဲတွင် ထိုင်နေသည့် အဖွဲ့ဝင်ငါးဦးသည်လည်း သူတို့ရှေ့တွင် ရှင်းလင်းရေး အချက်အလက်များကို မြင်တွေ့ခဲ့ရသည်။ ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်သည်။ "ကောင်းလိုက်တာ၊ ရမှတ် 90 ရတယ်။"


လျှိုကျောက်ချင်းက ဆိုသည်။ "ဂျူနီယာညီလေးချီရဲ့ ပရော်ဖက်ရှင်နယ်အဆင့်က တော်တော်ကောင်းပုံရတယ်။ ရွှီဖေးရွှယ် မိတ်ဆက်ပေးတဲ့လူက မဆိုးဘူး။"


ကျန်းရှောင်နျန်သည် သူ့စီနီယာအစ်ကိုအစ်မများက သင်တန်းကို မတော်တဆကျရှုံးမှာကို စိုးရိမ်တာကြောင့် ရမှတ်တွေကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ "ကံကောင်းလို့ X အဖွဲ့ဝင်အကူအညီပေးတဲ့ အစီအစဉ်တစ်ခုရှိထားတယ်၊ မဟုတ်ရင် ကျွန်တော်တို့အဖွဲ့က နားမလည်တဲ့သင်တန်းတစ်ခုကို ကြုံတွေ့ရတာ တကယ်ကို ခက်ခဲတယ်။"


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်နှင့် သူ့အဖွဲ့သည် စာသင်ခန်းထဲတွင် ပေါ်လာသည်။


လျှိုကျောက်ချင်းက ရှေ့ကို အရင်လှမ်းပြီး ပြောလိုက်သည်။ " ယအခြေအနေဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား။"


ယွဲ့ရှင်းဝမ်သည် ဂီတကျောင်း၏ စစ်ဆေးမှု လုပ်ငန်းစဉ်ကို အကြမ်းဖျင်း ဖော်ပြခဲ့သည်။


စာမေးပွဲမဖြေဆိုသူ 5 ဦးသည် သူ၏ပြန်ပြောပြချက်ကို နားထောင်ခဲ့ပြီး အထူးသဖြင့် အစပိုင်းတွင် စည်းချက်အဆင့်သည် အလွန်အန္တရာယ်များကြောင်း ခံစားခဲ့ရသည်။ အကယ်၍ နုတ် 20 ကျော်ကို လွဲချော်ခဲ့ပါက သူတို့သည် ဖယ်ရှားခံရမည်ဖြစ်ပြီး ၎င်းက လက်အမြန်နှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး စမ်းသပ်မှုပြိုင်ပွဲဖြစ်သည်။


ခယ်ရှောင်ပင်း: "ဒါဆို ငါတို့က ညပိုင်းမှာ အကကျောင်းရဲ့သင်တန်းကို ဆက်တက်ကြမလား။ မင်းတို့ အနားယူချင်သေးလား။"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ ခေါင်းခါပြီး ပြောလိုက်သည်။ "ငါ မပင်ပန်းပါဘူး။ အခုက ညနေ 4 နာရီပဲရှိသေးတယ်၊ ပြန်သွားပြီး တစ်ရေးလောက်အိပ်လိုက်မယ်၊ ပြီးရင် ငါတို့တွေ 'မျက်နှာဖုံးအက'သင်တန်းကို ည 8 နာရီမှာတက်ဖို့ အချိန်မီပါတယ်။"


အခြားကျောင်းသားတွေက ကန့်ကွက်တာမရှိဘူး။ လန်ယာရုန်က ပြောလိုက်သည်။ "ဒီည အကသင်တန်းကို တက်မယ်၊ မနက်ဖြန်နဲ့ ဗုဒ္ဓဟူးနေ့မှာ ငါတို့တွေ အခြားဌာနကို တက်လို့ရတယ်၊ အဆင်ပြေရင် ဒီတစ်ပတ်ကို နောက်ထပ် ဌာန 1-2 ခုကို ကျော်သွားနိုင်တယ်။"


ချီလော့ရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "စီနီယာတို့က စာမေးပွဲအောင်ဖို့ ဒီလိုပဲလုပ်ကြတာလား။"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။ "အင်း။ ငါတို့အားလုံးက credit ကို ရပြီး စာကြည့်တိုက်ကနေ အမြန်ဆုံး ထွက်သွားချင်ကြတယ်။ ဒါကြောင့် တနင်္လာနေ့ကနေ သောကြာနေ့အထိ သင်တန်းတွေ ဆက်တက်တယ်၊ ပြီးရင် စနေ၊ တနင်္ဂနွေတွေမှာပဲ အနားယူပြီး ညှိနှိုင်းကြတယ်။"


ချီလော့ရန်သည် အထင်ကြီးသွားပြီး လေးလေးနက်နက်နဲ့ ခဏလောက်စဉ်းစားပြီး မေးသည်။ "အကသင်တန်းအတွက် ပြင်ပအကူအညီလိုသလား။"


ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့ထဲက ဘယ်သူတွေ ကတတ်လဲ။"


ရွှီယိရှန်းသည် သူ့လက်ကို ကူကယ်ရာမဲ့ မြှောက်လိုက်ပြီး ပြောသည်။ "ငါက စုံတွဲအကနဲ့ ချာချာအက ကနိုင်တယ်။"


လျှိုကျောက်ချင်းက ညည်းညူသည်။ "မင်းမိဘတွေက မင်းကို ထပ်ပြီးလေ့လာဖို့ ဖိအားပေးခဲ့တာလား။"


ရွှီယိရှန်းက ပခုံးတွန့်လိုက်သည်။ "မတတ်နိုင်ဘူးလေ၊ ကျွန်တော့်အမေရဲ့အယူအဆက သူမသားကို ညစာစားပွဲတွေမှာ စန္ဒရားတီးပြီး ကခုန်နိုင်တဲ့ ပြေပြစ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ သူမသားက လူဆိုးလူညစ်လို ကြီးပြင်းပြီး ပြိုင်ကားတွေမောင်းရတာ ကြိုက်မယ်လို့ မထင်ထားခဲ့ဘူး။"


ကျိုဖုန်း: "ငါလည်း စုံတွဲအကကို ကတတ်တယ်။ ငါတို့ ကျောင်းသားကောင်စီက အဲဒီတုန်းက အကသင်တန်းတစ်ခု လုပ်ခဲ့တယ်။ သင်တန်းမှာ လူတော်တော်များများ ပါဝင်ခဲ့တာကို ငါမှတ်မိတယ်။ အဲဒီတုန်းက ပွဲအတွက် စာရင်းပေးသူ မိန်းကလေးနှစ်ယောက်လျော့နေတာကြောင့် ရှင်းဝမ်က အကဖော်အဖြစ် ဖျင်စစ်ကို ရှာခဲ့တာလေ။"


ထိုအချိန်က သူတို့ပထမနှစ်ဖြစ်ပြီး ကျောင်းသားကောင်စီက 'အကသင်တန်း'ကို ဖွဲ့စည်းကာ စနေ၊ တနင်္ဂနွေညတိုင်း အကသင်တန်းတွင် အခမဲ့ အကသင်ပေးမည့် စီနီယာအစ်ကိုအစ်မတချို့ကို ဖိတ်ကြားကာ နိုင်ငံတကာအခြေခံအကကို သင်ကြားပေးခဲ့သည်။


ကျိုဖုန်း၏စိတ်ကူးမှာ ဘွဲ့ရပြီးနောက် လူတိုင်းသည် လူ့အဖွဲ့အစည်းအတွင်း သွားလာကာ ကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအဝေး နှင့် ကုမ္ပဏီ၏ အသင်းအဖွဲ့တို့မီာ ကခုန်ရန် လိုအပ်သည့် အချိန်အခါများ ကြုံတွေ့ရတတ်သည်။ သူတို့တွင် အခြေခံအကခြေလှမ်များရှိထားပါက ရှက်စရာမလိုတော့ပေ။


ထို့အပြင် ထိုအချိန်က ပထမနှစ်ကျောင်းသားများသည် ကျောင်းသို့ ရောက်စဖြစ်ပြီး single ဖြစ်နေသော ချောမောသောယောင်္ကျားလေးများနှင့် မိန်းမလှလေးများ အများအပြားရှိခဲ့သည်။ ကျိုဖုန်းသည် ကျောင်းသားကောင်စီအမည်ဖြင့် ဤအခမဲ့အကသင်တန်းကို ဖွင့်လှစ်ခဲ့သည်။ လူတိုင်းကို အခြေခံအကခြေလှမ်းများကို သင်ယူနိုင်စေသည့်အပြင် လူမှုရေးအခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို မြင့်တင်ပေးသည့်အပြင် ပို၍အရေးကြီးသည့် ရည်ရွယ်ချက်မှာ ဂျူနီယာညီလေး၊ညီမလေးများကို ဒိတ်မိနိုင်ရန် ကူညီပေးခြင်းဖြစ်သည်။


ရှက်တတ်သည့် ဂျူနီယာညီလေးများနှင့် ညီမလေးများသည် များသောအားဖြင့် လက်ကိုင်ရန် ရှက်တတ်ကြသည်ဟု ထင်ကြသည်၊ သို့သော် ကခုန်သည့်အခါတွင် တုန်လှုပ်ချောက်ချားခြင်း မရှိပေ။ အကဖော်များအတွက် လက်ကိုင်ပြီး ခါးကို ယဉ်ကျေးစွာ ပွေ့ဖက်ခြင်းက သာမန်ဖြစ်သည်။ အချိန်ကြာလာသောအခါ အပြန်အလှန်ရင်းနှီးမှုက ပုံမှန်ဖြစ်လာသည်။ စီနီယာတစ်ယောက်အနေနဲ့ သူ့ဂျူနီယာညီလေးများနှင့် ညီမလေးများ၏ လေ့လာမှုနဲ့ ဘဝအတွက် စိတ်ပူရုံသာမက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ ကူညီပေးသည်။


သူသည် ဤပလပ်ဖောင်းကို ဂျူနီယာညီလေးများနှင့် ညီမလေးအတွက်သာ ထောက်ပံ့ပေးခဲ့သည်။ ချောမောသောယောင်္ကျားလေးများနှင့် မိန်းမလှလေးများကို သူတို့ဖမ်းမိနိုင်မလားဆိုတာကတော့ သူတို့၏ အရည်အချင်းပေါ်မူတည်ပါသည်။


မူလက အကသင်တန်းသည် လူ 50၊ အမျိုးသား 25 ဦးနှင့် အမျိုးသမီး 25 ဦးသာ ကန့်သတ်ထားသောကြောင့် လူတိုင်း အကဖော်နှင့် တွဲဖက်နိုင်သော်လည်း နောက်ဆုံးတွင် စာရင်းသွင်းသူဦးရေမှာ အမျိုးသမီး 24 ဦးနှင့် အမျိုးသား 25 ဦးဖြစ်ပြီး ယောင်္ကျားလေးတစ်ယောက်ပိုနေသည်။


မိန်းကလေးတစ်ဦးသည် မူလက စာရင်းသွင်းခဲ့သော်လည်း အကသင်တန်းသည် သူမ၏ အခြားကလပ်များ၏ လှုပ်ရှားမှုများနှင့် အချိန်တိုက်နေသောကြောင့် သူမ မလာတော့ဘဲ စာရင်းသွင်းထားတာကို ယာယီဖျက်သိမ်းခဲ့သည်။ အကသင်တန်းတွင် လူ 49 ယောက်ဖြစ်လာပြီး ယောင်္ကျားလေးတစ်ယောက်ပိုနေသည်။


ကျိုဖုန်းက ကျောင်းသားကောင်စီအဖွဲ့တွင် ပြောလိုက်သည်။ "အကသင်တန်းမှာ လူ 49 ယောက်ရှိပြီး တွဲဖက်ဖို့မလွယ်ဘူး။ အကဖော်မပါဘဲ တစ်ယောက်တည်းကလို့လည်း မရဘူး။ ငါတို့ကျောင်းသားကောင်စီက အဖွဲ့ဝင်တွေထဲက တစ်ယောက်ကို ကူညီခိုင်းရမလား ဒါမှမဟုတ် အခြားလူတစ်ယောက်ကို ရှာရမလား။"


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်လည်း စာရင်းသွင်းခဲ့သည်။ စီနီယာအစ်ကို၏စာကိုမြင်ပြီးနောက် သူသည် အစပြုကာပြောခဲ့သည်။ "ဒါမှမဟုတ် ကျွန်တော် ထွက်လိုက်မယ်လေ။"


သူစကားပြောပြီးသည်နှင့် ကျန်းဖျင်စစ်၏စာက သီးသန့်ချတ်ဘောက်စ်တွင် ပေါ်လာသည်။ "မင်းက အကသင်ယူချင်တာလား။"


ယွဲ့ရှင်းဝမ်: "နည်းနည်းလေ့လာကြည့်တာပါ၊ အဲဒါက အနာဂတ်မှာ ငါအလုပ်လုပ်တဲ့အခါ သေချာပေါက် အသုံးဝင်လိမ့်မယ်။ တစ်ယောက်ယောက်က ငါ့ကို ယဉ်ကျေးစွာ ကဖို့ ဖိတ်ခေါ်တဲ့အခါ ငါကအချိန်တိုင်း ဘယ်လိုကရမလဲမသိဘူးလို့ ပြောနေရင်… ရှက်စရာကောင်းလွန်းတယ်။"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောလိုက်သည်။ "အင်း၊ အဲဒါကအဓိပ္ပါယ်ရှိတယ်။ ဒါဆို ငါလည်း ဝင်မယ်။"


ယွဲ့ရှင်းဝမ်၏ခေါင်းထဲတွင် မေးခွန်းများပြည့်နေသည်။ "မဟုတ်ဘူးလေ၊ ဒီမှာ ယောင်္ကျားလေးတစ်ယောက်ပိုနေတာကို မင်းဝင်လိုက်ရင် ယောင်္ကျားလေးနှစ်ယောက်ပိုနေမှာပေါ့။"


ကျန်းဖျင်စစ်သည် ပြန်မဖြေမီ စက္ကန့်အနည်းငယ်မျှ စဉ်းစားနေပုံရသည်။ "ငါက မင်းရဲ့အကဖော်လုပ်လိုက်ရင် လူမပိုတော့ဘူး။"


ယွဲ့ရှင်းဝမ်: "..."


ellipse ဆက်တိုက်ရိုက်ပြီးနောက် ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ ကျယ်လောင်စွာရယ်လိုက်သည်။ "မင်းရဲ့ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်းက တကယ့်ကို ထူးခြားတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေဆိုတော့ ငါတို့ ဘယ်လိုကကြမလဲ။ မင်းက မိန်းကလေးခြေလှမ်းကို ကမှာလား၊ ငါက မိန်းကလေးခြေလှမ်းကို ကရမှာလား။"


ကျန်းဖျင်စစ်: "မင်းသဘောပဲ။"


ယွဲ့ရှင်းဝမ်သည် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆို မျှတအောင် နေရာပြောင်းကြမယ်။ ငါက ဒီအပတ်မှာ မိန်းကလေးခြေလှမ်းနဲ့ကပြီး နောက်တစ်ခါ မင်းက မိန်းကလေးခြေလှမ်းကို ကမယ်၊ ‌ဒီလိုဆိုရင် ငါတို့နှစ်ယောက်စလုံးက ယောင်္ကျား၊ မိန်းမ ခြေလှမ်းနှစ်ခုစလုံးကို သင်ယူနိုင်တယ်၊ ဒါက ကောင်းတယ်။"


ဒီလိုနဲ့ အကသင်တန်းကို တရားဝင်စတင်လေ့ကျင့်ချိန်မှာတော့ အတန်းတစ်ခုလုံးမှာ အချောဆုံးကောင်လေးနှစ်ယောက်က... တစ်ယောက်နဲ့တစ်ယောက် အကဖော်တွေဆိုတာ လူတိုင်းက မထင်မှတ်ဘဲ တွေ့ရှိခဲ့ကြသည်။


ပထမနှစ်မိန်းကလေးများသည် အသည်းကွဲလုနီးပါးဖြစ်ကာ ဖိုရမ်တွင် ညည်းညူကြသည်။ "လခွမ်း၊ ငါက ရှင်းဝမ်ကို ငါ့အကဖော်များဖြစ်ချင်သလားလို့ သတ္တိရှိရှိနဲ့ သွားမေးလိုက်တာ ဒါပေမဲ့ ရှင်းဝမ်က 'တောင်းပန်ပါတယ်၊ ငါ့မှာ အကဖော်ရှိထားပြီ'လို့ ပြောခဲ့တယ်။ ငါက အလှလေးရောက်လာမယ်လို့ အစကထင်ခဲ့တာ၊ ရောက်လာတော့… ခပ်ချောချောယောင်္ကျားလေးကြီးလား။ ‌ခပ်ချောချောယောင်္ကျားလေးနှစ်ယောက်က အတူတူကကြပြီး မိန်းကလေးတွေကို အသက်ရှင်ဖို့လမ်းတောင် မပေးကြဘူး။"


"အဲဒါက သင်္ချာဌာနက ကျန်းဖျင်စစ်ပဲ၊ သူက ယွဲ့ရှင်းဝမ်ရဲ့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းပဲ။ သူတို့နှစ်ယောက်က ချင်းချန်မှာ ဝိဇ္ဇာနဲ့သိပ္ပံတွဲမှာ ထိပ်တန်းကျောင်းသားတွေလို့ ပြောလို့ရတယ်။"


"ဒါဆို သူတို့ဆိုလိုတာက ရွှယ်ပက ရွှယ်ပနဲ့ပဲ ကပြီး ငါတို့ကို ဂရုမစိုက်ချင်ဘူးပေါ့။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ရုပ်ရည်ပိုင်းအရ ထူးချွန်သောကြောင့် နှစ်ယောက်သား အတူတူ အကသင်ယူသည့် မြင်ကွင်းသည် ထိုအကသင်တန်း၏ အထူးခြားဆုံးမြင်ကွင်း ဖြစ်လာခဲ့သည်။ ကျိုဖုန်းကလည်း အပြစ်တင်သည်။ "မင်းတို့နှစ်ယောက် နည်းနည်းလောက် ပိုပြီးအသိအမြင်ကြွယ်လို့မရဘူးလား။ အကသင်တန်းမှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိတာက မိန်းမလှလေးတွေအများကြီးရှိတာပဲ၊ မင်းတို့ကောင်တွေက အကဖော်မရှာဘဲ အချင်းချင်းကနေရအောင် ဘာဖြစ်နေကြတာလဲ။"


ယွဲ့ရှင်းဝမ်က ပွင့်လင်းစွာ ပြောလိုက်သည်။ "ဖျင်စစ်နဲ့ ပူးပေါင်းဆောင်ရွက်ရတာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့မှာ အပြန်အလှန်နားလည်မှုတစ်ခုတော့ ရှိနေတုန်းပါပဲ။ ပထမအတန်းကတည်းက ကျွန်တော်တို့ အချင်းချင်း ခြေမနင်းမိသေးဘဲ လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်။ ကျွန်တော့်ဘေးက ကောင်မလေးက သူမအကဖော်ရဲ့ခြေထောက်ကို ဒေါက်မြင့်ဖိနပ်တွေနဲ့ တက်နင်းလိုက်တာ ကြောက်စရာကောင်းတယ်။"


ကျိုဖုန်း: "..."


ဒီဂျူနီယာညီလေးနှစ်ယောက်က သူတို့၏ခွန်အားကိုအကြောင်းပြု၍ အခုအချိန်အထိ single ဖြစ်နေတယ်လို့ သူထင်ခဲ့သည်။


အကလေ့ကျင့်ရေးသင်တန်းအကြောင်း ပြောရင်း သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း အမှတ်ရစရာတွေ ပေါ်လာသည်။ ကျန်းဖျင်စစ်သည် သူ၏ပထမနှစ်တွင် ရှင်းဝမ်နှင့်အတူ အကသင်ယူခြင်းအတွေ့အကြုံကို သတိရခဲ့ပြီး သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်ပျော့ပြောင်းသွားသည်။


ယွဲ့ရှင်းဝမ်လည်း ထိုအတွေ့အကြုံကို တွေးတောနေပုံရသည်။ သူက ကျန်းဖျင်စစ်ကိုကြည့်ပြီး မေးလိုက်သည်။"မင်း သင်ယူခဲ့တဲ့ လှုပ်ရှားမှုတွေကို မှတ်မိသေးလား" 


ကျန်းဖျင်စစ်: "သေချာတာပေါ့။"


ယွဲ့ရှင်းဝမ်သည် အနီးနားရှိ ကျောင်းသားများကို ထပ်မံကြည့်လိုက်သည်။ "နောက်ထပ် ဘယ်သူကတတ်သေးလဲ။"


လင်းမန့်လော်က သူမလက်ကိုမြှောက်လိုက်သည်။ "ငါ လက်တင်အက ကတတ်တယ်။"


လန်ယာရုန်: "ငါက လမ်းဘေးအက ကတတ်တယ်။"


လျှိုကျောက်ချင်းက သူမကို အထင်ကြီးသွားပြီး ပြောလိုက်သည်။ "ရို့ စီနီယာအစ်မလန်က အရမ်းမိုက်တာပဲ၊ လမ်းဘေးအကကို ကတတ်တယ်ပေါ့။"


လန်ယာရုန်က ပြုံးပြီးပြောသည်။ "ငါက အရပ်ပုတော့ လမ်းဘေးအကကို ကပြရတာ အရမ်းမိုက်တယ်။ နင်ကြည့်ဖို့အတွက် ငါကျွမ်းပစ်ပြရမလား။"


လျှိုကျောက်ချင်းသည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး ပါးစပ်ကို ပိတ်လိုက်သည်။


ယွဲ့ရှင်းဝမ်က ရေတွက်ခဲ့သည်။ လက်ရှိအဖွဲ့တွင် ကျိုဖုန်း၊ လင်းမန့်လော်၊ ရွှီယိရှန်း၊ လန်ယာရုန်၊ သူနှင့် ဖျင်စစ်တို့က ကတတ်သည်။ သို့သော်လည်း အကဌာန၏ သင်တန်းအတွက် ပရော်ဖက်ရှင်နယ်အသိပညာကို ထည့်သွင်းမလားဆိုတာ သူမသေချာပါ။ ဘေးကင်းဖို့ ပြင်ပအကူအညီကို ရှာတာက ပိုကောင်းပါသည်။


ဒါကိုတွေးရင်း သူက ချီလော့ရန်ကိုကြည့်ပြီး မေးလိုက်သည်။ "ဂျူနီယာညီလေး၊ မင်းသိတဲ့ အကဌာနက ကျောင်းသားတစ်ယောက်ယောက်ကို အကြံပြုပေးချင်တာများရှိလား။"

 

ချီလော့ရန်: "ကျွန်တော်တို့အဖွဲ့မှာ အကဌာနက ကျောင်းသားမရှိဘူး၊ ဒါပေမဲ့ မူလတန်းကျောင်းကတည်းက ကခဲ့တဲ့ စီနီယာအစ်မတစ်ယောက်ကို ကျွန်တော်သိတယ်။ သူမက လက်တင်၊ ဘဲလေး၊ ‌ခေတ်ပေါ်အက၊ လမ်းဘေးအက၊ သူမက အကတချို့ကိုကနိုင်တဲ့ စွယ်စုံရနတ်ဘုရားမပဲ။ သူမကို ကျွန်တော် မေးကြည့်လိုက်မယ်လေ။"


ယွဲ့ရှင်းဝမ်သည် ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။ "ဂျူနီယာညီလေးကို ငါဒုက္ခပေးမိပြီ။"


ချီလော့ရန်သည် ချက်ချင်း စာပို့လိုက်ပြီး အကြောင်းပြန်ချက် အမြန်ရခဲ့သည်။ ယွဲ့ရှင်းဝမ်နှင့် ချီလော့ရန်တို့သည် ဤစီနီယာအစ်မနှင့် တွေ့ဆုံခဲ့ကြသည်။ တစ်ဖက်လူသည် X အဖွဲ့ဝင်အဖြစ် 183 သုတေသနအဖွဲ့တွင်ပါဝင်ရန် အလွန်ဆန္ဒရှိခဲ့သည်။


X အဖွဲ့ဝင်ကို ဆုံးဖြတ်ပြီးနောက် ယွဲ့ရှင်းဝမ်သည် အိပ်ဆောင်သို့ပြန်ကာ ကုတင်ပေါ်တွင် အနားယူခဲ့သည်။


အိပ်ပျော်နေစဉ်တွင် သူသည် သူ၏ပထမနှစ် အကသင်တန်းနေရာသို့ ပြန်ရောက်သွားပုံရသည်။ ယွဲ့ရှင်းဝမ်သည် အကစတူဒီယိုသို့ ရောက်လာပြီးနောက် မိန်းကလေးများစွာသည် သူ့အား ဝိုင်းဖွဲ့ကာ WeChat ပေးဖို့ တောင်းဆိုခဲ့သည်။ သူက သူတို့ကို ယဉ်ကျေးသိမ်မွေ့စွာ add ခဲ့ပြီး မိန်းကလေးတွေထဲက တစ်ယောက်သည် အစပြုကာ သူမ၏ အကဖော်ဖြစ်နိုင်မလားဟု မေးခဲ့သော်လည်း ယွဲ့ရှင်းဝမ်က ပြုံးကာ ငြင်းဆိုခဲ့သည်။


ယွဲ့ရှင်းဝမ်သည် စိတ်ထားကောင်းပြီး အမြဲပြုံးနေသောကြောင့် မိန်းကလေးများသည် သူနှင့် စကားပြောရလွယ်ကူသည်ဟု ထင်ရသောကြောင့် အချင်းချင်း စကားစမြည်ပြောဆိုကြသည်။ လူအုပ်ကြီးက သူ့ဆီသို့ လျှောက်လာကြသည်။


ကျန်းဖျင်စစ်သည် သူ့ဆီ အမြန်လျှောက်လာပြီး သူ့ရှေ့မှာ ရပ်လိုက်ပြီး ပြောခဲ့သည်။ "အတန်းချိန်နီးနေပြီ၊ အဆင်သင့်ပြင်ထားတော့။"


ရုတ်တရက် ပေါ်လာသော ကောင်လေးသည် အေးစက်သော လေထုဖြင့် ဖုံးအုပ်ထားပုံရပြီး ယွဲ့ရှင်းဝမ်ကို ဝိုင်းထားသည့် အတန်းဖော်များက သတိရှိရှိ ရှောင်ထွက်သွားကြသည်။


သူသည် ယွဲ့ရှင်းဝမ်ကို ပတ်ဝန်းကျင်မှ ဖယ်ထုတ်လိုက်ပြီး နှစ်ယောက်သား ထောင့်တစ်ခုကို တွေ့လိုက်သည်။ ထိုအခါမှသာ ယွဲ့ရှင်းဝမ်သည် သက်ပြင်းတစ်ချက်ချကာ လေးနက်စွာ သူ၏ခန္ဓာကိုယ်ကိုင်းလိုက်ပြီး အလွန်နူးညံ့သိမ်မွေ့သော အမူအရာဖြင့် "ငါ မင်းကို ကဖို့အတွက် တောင်းဆိုလို့ရမလား။"


ကျန်းဖျင်စစ်၏မျက်လုံးများတွင် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ယွဲ့ရှင်းဝမ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ "ကောင်းပါပြီ။"


အိပ်မက်သည် ဤအခိုက်အတန့်တွင် ရုတ်ခြည်းအဆုံးသတ်သွားကာ ယွဲ့ရှင်းဝမ်သည် မကြာသေးမီက ကျန်းဖျင်စစ်အကြောင်း အိပ်မက်မက်လေ့ရှိတယ်ဆိုတာ တွေ့ရှိခဲ့သည်။


သူသည် ပေါင်းပင်တွေလို ရှုပ်ပွနေသော သူ့ဆံနွယ်တွေကို ပွတ်သပ်ပြီး ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျန်းဖျင်စစ်က ထနေပြီ။ စားပွဲပေါ်မှာ ထမင်းဘူးတစ်ဘူးရှိပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ ကျန်းဖျင်စစ်က နွေးထွေးစွာ ပြောခဲ့သည်။ "မင်းက အခုလေးတင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် ညစာစားချိန်မှာ ငါမင်းကို မခေါ်လိုက်တော့ဘူး။ စားစရာထုပ်သွားဖို့ ငါ ကန်တင်းကိုသွားပြီး ပြန်လာခဲ့တာ။ မင်း ဗိုက်ဆာရင် အရင်စားလိုက်ပါ။"


ယွဲ့ရှင်းဝမ်သည် လျင်မြန်စွာထကာ သူ့ညစာကို စားသောက်လိုက်သည် သူ့မျက်နှာကို ဆေးကြောပြီး သွားတိုက်လိုက်သည်။


ည 7:30 ပင်ရှိနေပြီဖြစ်တာကို တွေ့လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ထံသို့ စုရုံးရန်စာပေးပို့ပြီး ကျန်းဖျင်စစ်နှင့် ဘေးချင်းကပ်လျက် ထွက်သွားလေသည်။ တံခါးဝကို ရောက်လာတော့ ယွဲ့ရှင်းဝမ်က ရုတ်တရက် ပြောလိုက်သည်။ "ဂီတကျောင်းမှာ ငါတို့ကို ဝိုင်းဖွဲ့ပြီးတီးခိုင်းတယ်။ အကဌာနရဲ့စာမေးပွဲမှာ သူတို့က ငါတို့ကို ကခိုင်းမှာလားလို့ တွေးမိတယ်။"


ကျန်းဖျင်စစ်က သူ့ကို လှည့်ကြည့်လိုက်သည်။ "အဲဒီလိုသာဆိုရင် မင်း ငါ့ရဲ့အကဖော်ဖြစ်ချင်သေးလား။"


ယွဲ့ရှင်းဝမ်က တောက်ပစွာပြုံးလိုက်သည်။ "သေချာတာပေါ့၊ ငါတို့က အကဖော်ဟောင်းတွေပဲ။"


သူတို့သည် အကသင်တန်းပေါင်း တစ်ဒါဇင်ကျော်ကို အတူတကွသင်ယူခဲ့သည်။ ယွဲ့ရှင်းဝမ်သည် "ကခုန်ခြင်း" နှင့်ပတ်သက်လာလျှင် ကျန်းဖျင်စစ်နှင့် သူ့ထက် အခြားသူက ပို၍နားလည်နိုင်မည်မဟုတ်ကြောင်း သေချာခဲ့သည်။ ကဖို့အတွက် မရင်းနှီးသောအကဖော်ကို ရှာမည့်အစား ကျန်းဖျင်စစ်နှင့်အတူ တိုက်ရိုက်ကလိုက်တာက ပိုကောင်းလိမ့်မည်။


#TK