Chapter 11
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 11 (2 of Spades – ဇွန်ဘီမြို့)


ဗဟိုဆေးရုံသည် မြို့၏အကြီးဆုံး ပြည်သူ့ဆေးရုံဖြစ်သည်။ ‘ပြင်ပလူနာအဆောက်အဦး’၊ အတွင်းလူနာအဆောက်အဦး’၊ ‘စစ်ဆေးရေးစင်တာ’ နှင့် ‘ရုံးအဆောက်အဦ’ ဟူ၍ အသီးသီးရေးထားသည့် တူညီသောပုံစံ အဖြူရောင် အဆောက်အဦးလေးခုရှိသည်။


2 of Spades အခန်း၏ ရှင်းလင်းရေး အခြေအနေမှာ ဗဟိုဆေးရုံ၏ ပြင်ပလူနာအဆောက်အဦး၏ ခေါင်မိုးပေါ်သို့ ရောက်ရှိရန်ဖြစ်ပြီး တစ်စုံတစ်ဦးမှ သူ့ကို ကယ်တင်မည်ဖြစ်သည်။


ရှောက်လုံသည် ပြင်ပလူနာ ခန်းမထဲသို့ ဝင်လာပြီး သူ့ရှေ့ရှိ လေးထောင့်ဘောင်ကို ပြန်လည်လင်းလက်စေခဲ့သည်။ [ဗဟိုဆေးရုံ၏ ဦးတည်ရာကို ရောက်နေပါပြီ။ D အဆင့်လျှို့ဝှက်ခန်း၏ ဖော်ရွေစွာအကြံပြုချက်: သင်သည် ဇွန်ဘီများကို ရှောင်ရှားနိုင်ပြီး ပြင်ပလူနာ အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ တိုက်ရိုက် ဓာတ်လှေကားဖြင့်တက်ကာ ဇွန်ဘီမြို့မှ ထွက်ခွာနိုင်သည်။ ပြီးပြည့်စုံသော ရှင်းလင်းရေးကို လိုချင်ပါက ပထမဆုံးရောဂါပိုးရှိသူ၏ သွေးရည်ကြည်နမူနာများကို စူးစမ်းရှာဖွေပါ။]


2 of Spades ၏ ရှင်းလင်းရေးအချိန်က မိနစ် 60 ဖြစ်သည်။ စိန်ခေါ်သူအများစုသည် ဇွန်ဘီများကို ဂရုတစိုက်ရှောင်ရှားပြီး လက်နက်များကို အသုံးပြု၍ ကိုင်တွယ်သင့်သည်။ ဆေးရုံခန်းမကို ရောက်ပြီးနောက် မူလက ဤနေရာတွင် ဇွန်ဘီတစ်ဒါဇင်ခန့် ပြန့်ကျဲနေခဲ့သည်။ စိန်ခေါ်သူသည် သူတို့ကို ရှောင်ရှားပြီး အဆောက်အဦးခေါင်မိုးဆီသို့သွားရန် ဓာတ်လှေကားထဲကို ချောချောမွေ့မွေ့ဝင်နေသမျှ ကာလပတ်လုံး သူတို့သည် ဖြစ်စဉ်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။


2 of Spades လျှို့ဝှက်ခန်းကို ဖြတ်ကျော်ချင်တယ်ဆိုရင်တော့ အခက်အခဲက ကြီးကြီးမားမား မရှိဘူး။


သို့သော် ပြီးပြည့်စုံသော ရှင်းလင်းရေးတစ်ခုရရန် လွယ်ကူသည်မှာ ထင်ရှားပါသည်။


ရှောက်လုံ၏ချဉ်းကပ်မှုသည် အလွန်စိတ်လှုပ်ရှားစရာကောင်းသော်လည်း လမ်းပေါ်ရှိ ဇွန်ဘီအားလုံးကို ကိုင်တွယ်သည်။ ‘ပျောက်ကွယ်သွားပြီး အခွံအလွတ်ကို ချန်ထားခဲ့တယ်’ ၏လှည့်ကွက်ကို အသုံးပြု၍ မဟာပြဇာတ်ရုံတွင် ဇွန်ဘီများစွာကို ဖြားယောင်းပြီး ပိတ်ထားခဲ့သည်။ ထို့ကြောင့် သူသည် ပြင်ပလူနာအဆောက်အဦးထဲသို့ ဝင်သွားသောအခါ ခန်းမက ဗလာဖြစ်နေလေသည်။ သူသည် ဓာတ်လှေကားဆီသို့ တိုက်ရိုက်လမ်းလျှောက်ပြီး ခလုတ်ကို အမြင့်ဆုံးအထပ်သို့ နှိပ်လိုက်သည်။


ဤ S အဆင့် ထောင်ယွမ်မင်ကတ်၏ စွမ်းအားကို တွေးတောရင်း...


ရှောက်လုံသည် ပြင်ပလူနာ အဆောက်အဦးမှ လှည့်ထွက်ရန် တုံ့ဆိုင်းမနေဘူး။


ပြီးပြည့်စုံသောရှင်းလင်းရေးနှင့် S အဆင့်ကတ်များရရှိရန်က သူ၏ပန်းတိုင်ဖြစ်သည်။ D အဆင့်လျှို့ဝှက်ခန်းကိုပင် ပြီးပြည့်စုံစွာမရှင်းလင်းနိုင်ခဲ့ပါက နောက်ပိုင်းအဆင့်များတွင် S အဆင့်ကတ်များရရှိရန် အခက်အခဲများက ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မက်မွန်ပွင့်နွေဦးသည် မိနစ် 30 ကြာမြင့်ခဲ့ပြီး ၎င်းက သူ့ကို ယုံကြည်မှုရှိစေခဲ့သည်။ သည်တာဝန်ကို မပြီးမြောက်နိုင်ဘူးဆိုရင် ခိုလုံရန် မက်မွန်ပွင့်နွေဦးဆီကို သူ အပြေးအလွှား ပြန်သွားနိုင်ပါသည်။


နောက်တစ်ဆင့်မှာ ပထမဆုံး ကူးစက်ခံရသူ၏ သွေးရည်ကြည်နမူနာကို ရှာဖွေရန်ဖြစ်သည်။


သည်မှာ အဆောက်အဦး 3 ခုရှိခဲ့ပြီး အတွင်းလူနာအဆောက်အဦး၊ စစ်ဆေးရေးစင်တာနှင့် ရုံးခန်းအဆောက်အဦးတို့ ဖြစ်သည်။ ယေဘုယျအားဖြင့် အထူးလူနာတစ်ဦး ဆေးရုံတွင် ကြုံတွေ့ရပါက သွေးရည်ကြည်နမူနာကို စစ်ဆေးရေးအဆောက်အဦး၏ သွေးစစ်ဆေးခြင်းနေရာကို ယူဆောင်သွားသင့်သည်။


ရှောက်လုံသည် လေးထောင့်ဘောင်ထဲမှ အချိန်ကို ကြည့်လိုက်သည်။ မိနစ် 40 ကျန်သေး၏။ သူမြန်မြန်လုပ်ရမည်။


စစ်ဆေးရေးစင်တာကို သွားချင်ရင် အတွင်းလူနာဆောင်ကို သူ အရင်ဆုံးဖြတ်သွားရမည်။


ဆေးရုံတံခါးပွင့်သွားပြီး ရှောက်လုံသည် မြေပြင်ပေါ်တွင် ပျက်စီးနေသောအလောင်းများစွာကို တွေ့လိုက်ရသည်။ အလောင်းအများစုမှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူတို့ပတ်လည်တွင် သွေးခြောက်များစွာ ရှိနေသည်။ သည်နေရာမှာ တိုက်ပွဲတွေက ပြင်းထန်ရမည်။


တွေးကြည့်လိုက်တော့ ကောင်ကလေးသည် ညနက်သန်းခေါင်မှာ ရင်ခွဲရုံမှ ထွက်လာခဲ့သည်။ ဆေးခန်းမှာ တာဝန်ကျနေသည့် ဆရာဝန်တွေ အလွန်များပြီး ညနက်သန်းခေါင်မှာ အရေးပေါ်ခန်းကို လူနာတွေ အများကြီး ရောက်လာလေ့မရှိပါဘူး။ အတွင်းလူနာဆောင်သည် ညဘက်တွင် လူအများဆုံးနေထိုင်သည့်နေရာဖြစ်သည်။


ဗိုင်းရပ်စ် ဇွန်ဘီ ဖြစ်ပွားပြီးနောက် အတွင်းလူနာ အဆောက်အဦးအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်သည်။


လူနာများစွာသည် ထိုအချိန်တွင် အိပ်ပျော်နေပြီး ပြင်ပလှုပ်ရှားမှုများကြောင့် နိုးလာနိုင်သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူနာအများအပြားသည် ရူးသွပ်စွာထွက်ပြေးကြပြီး တချို့မှာ ရောဂါပိုးကူးစက်ကာ ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားပြီး လူများကို ပိုမိုကူးစက်စေခဲ့သည်... ဖြစ်စဉ်က အလွန်သွေးထွက်သံယိုဖြစ်ခဲ့သည်ဟု တွေးကြည့်နိုင်သည်။


ရှောက်လုံသည် သတိရှိသောပုံစံဖြင့် နားစွင့်ထားပြီး ပေါ့ပါးသော ခြေထောက်များဖြင့် ရှေ့သို့ လှမ်းရန် ကြိုးစားလိုက်သည်။


အတွင်းလူနာ အဆောက်အဦးတွင် ဇွန်ဘီအများအပြား ရှိရမည်။ သူသည် ဇွန်ဘီများ၏ အသိုက်အား သတိမပေးချင်ပါ…


သို့သော်လည်း အသံအနည်းငယ်အတွင်းမှာ ပထမကတော့ ကြွက်ကိုက်သလိုမျိုး ပေါက်ပေါက်အသံက ဆေးရုံဆီမှ အသံထွက်လာသည်။ ခဏကြာတော့ အသံက နှစ်ဆတိုးလာသည်။ မရေမတွက်နိုင်သော ရှုပ်ထွေးနေသည့် ခြေသံများ စုစည်းကာ လေးလံသော အရာဝတ္ထုများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သတ္တုပုံးတစ်ခုပေါ် တစ်စုံတစ်ခု ပြုတ်ကျသွားပုံရသည်။


ကြမ်းတမ်းသောအသံကြောင့် ရှောက်လုံ၏ ဦးရေပြားကို ထုံကျင်သွားစေပြီးနောက် မယုံနိုင်စရာမြင်ကွင်းတစ်ခုကို သူတွေ့လိုက်ရသည်။


ဇွန်ဘီအများအပြားသည် ပုရွက်ဆိတ်များကဲ့သို့ အတွင်းလူနာ အဆောက်အဦးထဲမှ ပြေးထွက်လာကြသည်။


ဇွန်ဘီအများစုသည် အပြာရောင်နှင့် အဖြူရောင်ဆေးရုံဝတ်စုံများကို ဝတ်ဆင်ကြပြီး တချို့မှာ သူနာပြု၏အဝတ်အစား သို့မဟုတ် ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ထားကြသည်။


ဤမြင်ကွင်းသည် အံ့ဩစရာကောင်းပြီး ကျောင်းမှဆင်းလာသည့် မူလတန်းကျောင်းသားများ၏ မြင်ကွင်းကဲ့သို့ အကြည့်မလွှဲနိုင်ပေ။


ရှောက်လုံသည် တောင့်တင်းသွားပြီး ပြေးဖို့ သူ့ခြေထောက်တွေကို မြှောက်လိုက်သည်။


ပြေးနေစဉ် နှင်းဆီရေမွှေးက လေထဲတွင် ပြည့်နေသည်။ ထိုမှသာ သူသည် ကြီးလေးသောအမှားကို ကျူးလွန်မိကြောင်း သိလိုက်ရသည်။ သူ့အပေါ်၌ ထူးဆန်းသော နှင်းဆီရေမွှေးကို ဆွတ်ထားသည်။ မီတာ 30 အကွာအဝေးသည် အလျားလိုက်သာမက ဒေါင်လိုက်လည်းဖြစ်သည်။


သူသည် အတွင်းလူနာ အဆောက်အဦး အောက်ထပ်ကို ဆင်းသွားခဲ့ပြီး မီတာ 30 ဒေါင်လိုက် အကွာအဝေးသည် 10 ထပ်ရှိ ဇွန်ဘီများကို နှိုးကြားသွားစေသည်။


ယခင်က သူသည် ဆေးရုံသို့ အတားအဆီးမရှိ ရောက်ရှိလာခြင်းကို လွယ်ကူချောမွေ့စေရန် နှင်းဆီရေမွှေးကို အားကိုးခဲ့သည်။ အထောက်အကူဖြစ်စေသော နှင်းဆီရေမွှေးသည် အတွင်းလူနာအဆောက်အဦးရှိ ကြောက်မက်ဖွယ်အကောင်းဆုံး ဇွန်ဘီအတိုက်အား သတိပေးခြင်းဖြင့် ယခုအချိန်တွင် သူ့အား ဒုက္ခပေးလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။


ရှောက်လုံ၏ မျက်နှာက ပြာနှမ်းသွားသည်။


သူ့ကို ပိုလို့တောင် ထိတ်လန့်စေခဲ့တာကတော့ ဆေးရုံအဝတ်အစားတွေဝတ်ထားသည့် ဇွန်ဘီတွေဟာ နှေးကွေးနေပေမယ့် ဇွန်ဘီဖြစ်လာပြီး သာမန်ဇွန်ဘီတွေထက် ပိုတက်ကြွနေသည့် ဆရာဝန်လူငယ်တချို့လည်း ရှိနေပါသည်။ အထူးသဖြင့် ခွဲစိတ်ဆရာဝန်များသည် ခွဲစိတ်စားပွဲတစ်ခုရှေ့တွင် နာရီအနည်းငယ်ကြာအောင် အချိန်ယူရပြီး သူတို့ခြေထောက်များ၏ ကြံ့ခိုင်မှုက သာမန်ဖုတ်ကောင်များနှင့် နှိုင်းယှဉ်၍မရပေ။


လူငယ်ဆရာဝန် အများအပြားက သူ့ကို ဖမ်းမိခဲ့သည်။ အဲဒီထဲမှ တစ်ယောက်သည် သူ့လည်ပင်းကို ထိလုနီးပါး လက်ဖြင့်ကုတ်နေသည့် အရပ်ရှည်ရှည် အမျိုးသားဆရာဝန်တစ်ယောက်ဖြစ်သည်။ ရှောက်လုံ၏နောက်ကျောသည် အေးစက်နေပြီး မဆိုင်းမတွပင် နန်းတော်ကိုးခုလေးထောင့်ကွက်ကို ပစ်ချလိုက်စဉ် သူ့လက်ချောင်းများက တောက်ပလာသည်။


3x3 မီတာ လေးထောင့်ကွက်သည် သူ့နောက်က ဇွန်ဘီများကို ဖြေရှင်းလိုက်ကာ သူ့အသက်ကို စိတ်လှုပ်ရှားစွာ ကယ်တင်ခဲ့သည်။


နောက်ပြန်လှည့်စရာ မရှိဘူး။ ရှောက်လုံသည် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုနှင့်အတူ ရှေ့သို့သာ ပြေးနိုင်ခဲ့သည်။


သူသည် ဆေးရုံ၏ အလယ်ဗဟိုသို့ ရောက်ရှိလာပြီး နှင်းဆီရေမွှေးက သူ့အရေပြားပေါ်တွင် ကျရောက်နေသည်။ သူ့အဝတ်ကို ချွတ်ထားရင်တောင် အသုံးမဝင်ဘူး။ သူဘယ်ကိုသွားနေပါစေ သူ့ပတ်ဝန်းကျင်က ဇွန်ဘီတွေကို လိုက်လာဖို့ ဆွဲဆောင်လိမ့်မည်။ အတွင်းလူနာအဆောက်အဦး၊ စစ်ဆေးရေးစင်တာနှင့် ရုံးခန်းအဆောက်အဦးရှိ ဇွန်ဘီများသည် သူစိတ်ကူးမကြည့်နိုင်သော ကြောက်မက်ဖွယ်ရာအရေအတွက်တစ်ခုဖြစ်သည်။


သူသည် နှင်းဆီရေမွှေးကို ဖျန်းပြီး သေတွင်းထဲသို့ ဝင်ရလောက်အောင်အထိ မိုက်မဲခဲ့သည်။


ဘာလုပ်မလဲ?


ရှောက်လုံး၏စိတ်က လျင်မြန်စွာ ပြေးလွှားနေသည်။


သူသည် ထောင်ယွမ်မင်ကတ်ကို ထုတ်ပြီး မက်မွန်ပွင့်နွေဦးမှာ နောက်တစ်ကြိမ် ပုန်းအောင်းနိုင်ခဲ့သည်။


သို့သော် မက်မွန်ပွင့်နွေဦးသည် မိနစ် 30 သာ ကြာမြင့်ပြီး နောက် 10 မိနစ်အကြာတွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ သူသည် ဖြစ်စဥ်ကို ပြီးပြည့်စုံစွာရှင်းလင်းချင်ရင် သည်အဆောက်အဦးသုံးခုထဲက ဇွန်ဘီတွေအတွက် အဖြေကို ရှာရမည်။ မဟုတ်ရင် နှင်းဆီရေမွှေးကြောင့် ကောင်ကလေး၏ သွေးရည်ကြည်နမူနာကို အောင်အောင်မြင်မြင် ရနိုင်မှာ မဟုတ်ဘူး။


သူသည် နန်းတော်ကိုးခုလေးထောင့်ကွက်ကို လေးကြိမ်တိုင်တိုင် အသုံးပြုနိုင်သေးသော်လည်း အလောင်းကောင်များစွာလည်းရှိသည်... ဟုတ်သား၊ သံလိုက်အိမ်မြှောင်!


2 of Diamonds မှ ရရှိသော သံလိုက်အိမ်မြှောင်သည် မည်သည့်အနေအထားတွင်မဆို စက်ဝိုင်းပုံဆွဲနိုင်ပြီး 10 စက္ကန့်အကြာတွင် သတ္တုကွင်းဖြစ်လာမည်ဖြစ်သည်။


လက်နက်မရှိဘဲ သူသည် သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ လက်နက်တစ်ခု ဖန်တီးနိုင်သည်။


အခုအခါ အဓိကသော့ချက်က ဇွန်ဘီတွေကို ဘယ်ကို ခေါ်သွားရမှာလဲ။


ရှောက်လုံသည် သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ လေ့လာကြည့်လိုက်သည်။ သူသည် အတွင်းလူနာအဆောက်အဦးကို ဖြတ်ကျော်ပြီး မီတာ 50 ပြေးပြီးနောက် စစ်ဆေးရေးစင်တာကို ရောက်လာခဲ့သည်။ အဲဒီနောက် ရုံးခန်းအဆောက်အဦး နဲ့...


ဗလာကျင်းနေသော ကစားကွင်းတစ်ခုကို သူတွေ့လိုက်သည်။


ဆေးရုံ၏ဘေးနားက မူလတန်းကျောင်းဖြစ်သည်။ ဆေးရုံနဲ့ မူလတန်းကျောင်းကြားက နံရံပြိုကျတာဟာ ဇွန်ဘီဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဆေးရုံ၏တစ်ဖက်ခြမ်းက မူလတန်းကျောင်း၏ကစားကွင်းနဲ့ ဆက်စပ်နေပါသည်။


ပျက်စီးသွားသောနံရံသည် တစ်မီတာသာ ကျယ်၏။ ပျက်စီးနေသောနံရံမှ ကစားကွင်းထဲသို့ ဝင်လိုက်သည်နှင့် သူ့နောက်မှလိုက်လာသော ဖုတ်ကောင်များသည် အချိန်အနည်းငယ်ကြာသောအခါ 'ယာဉ်ကြောပိတ်ဆို့မှု' ကို သေချာပေါက်ဖြစ်စေသည်။


ရှောက်လုံသည် လွတ်နေသောကစားကွင်းကို ဆုံမှတ်အဖြစ်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


အနည်းနဲ့အမြန် သူသည် စစ်ဆေးရေးစင်တာသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထို့ကြောင့် စစ်ဆေးရေးစင်တာမှ ဇွန်ဘီများကို ယခုဖယ်ရှားထားခြင်းက ပိုကောင်းပါသည်။


ရှောက်လုံသည် သူ့စိတ်ထဲက ဆုံးဖြတ်လိုက်ပြီး စစ်ဆေးရေးစင်တာအောက်ခြေမှာ ခဏလောက်နေလိုက်သည်။


စစ်ဆေးရေးစင်တာသည် စုစုပေါင်း အထပ် 10 ရှိပြီး ရှောက်လုံသည် တံခါးဝတွင် စက္ကန့်အနည်းငယ်ကြာနေခဲ့ပြီး တာဝန်ကျဆရာဝန်အားလုံးကို ဦးဆောင်ခဲ့သည်။


လူငယ်ဆရာဝန်က ရှေ့ကနေ ပြေးနေသည်။ ကုတ်အင်္ကျီအဖြူသည် သွေးများဖြင့် စွန်းထင်းနေပြီး သူ၏လည်ပင်းတွင် ‌ဆရာဝန်ဆောင်နားကြပ်ကို ချိတ်ဆွဲထားသည်။ ရှောက်လုံကို အနံ့ခံပြီးနောက် သူသည် ရှောက်လုံဘက်သို့ လှည့်ကာ ရှောက်လုံ၏ မျက်နှာကို တိုက်ရိုက်ဖမ်းဆုပ်ရန် ပိန်ပါးပါးလက်နှစ်ဖက်ကို ထုတ်ဖော်လိုက်သည်။


ရှောက်လုံ၏မျက်နှာမှာ တင်းမာနေပြီး သူ့ညာဘက်ခြေထောက်ဖြင့် ကန်လိုက်သည်။

 

လူငယ်ဇွန်ဘီက မြေပေါ်သို့ လဲကျသွားသည်။


ဇွန်ဘီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အမြန်ပြန်ထလာသည်။ ခန္ဓာကိုယ်၏ ဖြူဖွေးသောအရိုးများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်ကာ အသံများ ထွက်ပေါ်နေသည်။


ရှောင်လုံးသည် အချိန်ဆွဲလို့မရခဲ့ပေ။ သူသည် ကစားကွင်းဘက်သို့ လှည့်ကာ အချိန်ဆွဲရန် လမ်းတစ်လျှောက် နန်းတော်ကိုးခုလေးထောင့်ကွက်ကို အသုံးပြုကာ အမြန်ပြေးခဲ့သည်။


နန်းတော်ကိုးခုလေးထောင့်ကွက်သည် သူ့နောက်က ဇွန်ဘီရာပေါင်းများစွာကို ဆွဲထုတ်စဉ်တွင် အသုံးပြုခဲ့သည်။


ရှောက်လုံသည် ဆေးရုံကို လျင်မြန်စွာ ဖြတ်ကာ ကစားကွင်းသို့ ရောက်ရှိလာပြီး သူ၏ ကတ်ထုပ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ကာ ဇွန်ဘီအုပ်စုက ကျန်ရစ်ခဲ့သည်။


သူက သံလိုက်အိမ်မြှောင်၏ ခြေထောက်များကို အကြီးဆုံးအရွယ်အစားဖြစ်အောင် ချိန်ညှိပြီး ကစားကွင်းကြီးမှာ စက်ဝိုင်းပုံဆွဲပါတော့သည်။


အကွင်းများသည် တစ်ခုပြီးတစ်ခု ကစားကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။


သူ့နောက်မှာ ခြေသံတွေ ထွက်လာသည်။


တစ်မီတာသာ ကျယ်သော နံရံရှိ အက်ကွဲမှုသည် ဇွန်ဘီများစွာကို တစ်ချိန်တည်းတွင် အံဝင်ခွင်ကျမဖြစ်နိုင်ပါ။ တချို့သော ဇွန်ဘီများသည် မစောင့်နိုင်ဘဲ နံရံပေါ်သို့ တက်လာသည်။ သူတို့သည် အခြားသော ဇွန်ဘီများပေါ်တွင် ခြေချပြီး တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ ဤမြင်ကွင်းသည် Resident Evil ၏ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်နဲ့တောင် ယှဉ်နိုင်လုနီးပါးရှိသည်။


ရှောက်လုံ၏နှလုံးသည် အနည်းငယ် တုန်ခါသွားသော်လည်း သူ၏လှုပ်ရှားမှုများက တုံ့ဆိုင်းမနေပေ။


သံလိုက်အိမ်မြှောင်ဖြင့် အကွင်းအမြောက်အများဆွဲပြီးနောက် ရှောက်လုံသည် အသက်အောင့်ပြီး သူ့စိတ်ထဲတွင် အချိန်ကို ရေတွက်လိုက်သည်။


10 စက္ကန့်ကြာပြီးနောက် သူ ပထမဆုံးဆွဲသော စက်ဝိုင်းသည် အကွင်းဖြစ်လာပြီး ဒုတိယနှင့် တတိယတို့လည်း ဆက်၍ဖြစ်လာကြသည်။ ရှောက်လုံသည် မြက်ခင်းစိမ်းစိမ်းများဖြင့် ဖုံးအုပ်ထားသော ကစားကွင်းတွင် သတ္တုကွင်းများအားလုံးကို ချိတ်ဆက်ထားသည့် နည်းပညာဖြင့် ဖန်းတီးခဲ့ပြီး အကွင်းများကို ရေးဆွဲခဲ့သည်။


ဇွန်ဘီများသည် နောက်ဆုံးတွင် ဤနေရာ၌ ရှိနေခဲ့သည်။


ရှောင်လုံသည် ကစားကွင်းအလယ်တွင် ရပ်ကာ သူ့ရှေ့ရှိ လူသေများကို ငြိမ်သက်စွာ ကြည့်နေသည်။


ထိုလူ၏ အနက်ရောင်မျက်လုံးများတွင် တုံ့ဆိုင်းခြင်း သို့မဟုတ် ကြောက်ရွံ့မှု တစိုးတစမှ မရှိခဲ့ပေ။


သူ့အတွက် ဤဇွန်ဘီအုပ်စုသည် ရွေ့လျားနေသော အလောင်းကောင်များထက် မပိုပါ။ မှုခင်းဆရာဝန်က အလောင်းတွေကို မကြောက်ဘူး။


ဇွန်ဘီများသည် ကစားကွင်းကို ဖုံးလွှမ်းနေသည့်အခိုက်တွင် ရှောင်လုံ၏ ညာလက်က တုန်ခါလာသည်။


အပေါ်တက်!


မြေပြင်ပေါ်ရှိ အကွင်းများအားလုံးသည် မှော်အတတ်တစ်ခုရှိနေသကဲ့သို့ ရုတ်တရက် လွင့်ပျံသွားသည်။


သိပ်သည်းပြီး ငွေရောင်သတ္ထုကွင်းများသည် ကြီးမားသော ကွန်ရက်ထောင်ချောက်တစ်ခုလိုပင်။ ရှောက်လုံ၏ ညွှန်ကြားချက်တွေနဲ့ သူတို့က မြှောက်တက်ပြီး ဇွန်ဘီအားလုံးနီးပါးကို ဖုံးအုပ်လိုက်သည်။


အချင်းတစ်မီတာရှိသော အကွင်းသည် တူညီသောစက်ဝိုင်းထဲတွင် ဇွန်ဘီအများအပြားကို ထိန်းချုပ်နိုင်သည်။ ဤဇွန်ဘီများသည် 'စည်းလုံးညီညွတ်သောလုပ်ဆောင်ချက်' ၏အာရုံခံစားမှုမရှိခဲ့ဘဲ မတူညီသောလမ်းကြောင်းအတိုင်း ရှေ့သို့ရွေ့သွားခဲ့သဖြင့် မကြာမီ လဲကျသွားသည်။ သူတို့၏အမူအရာတွေက မှုန်ကုပ်ကုပ်နဲ့ ဘာကြောင့် မလှုပ်ရှားနိုင်မှန်း မသိနိုင်ကြဘူး။


ဇွန်ဘီတွေ၏ လုပ်ဆောင်ချက်တွေက လူသားတွေထက် ပိုမိုက်မဲပြီး IQ မရှိကြဘူး။


ဇွန်ဘီအများအပြားကို တူညီသောကွင်းတစ်ခုထဲတွင် ပေါင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့မသိလိုက်ဘဲ ဆက်လက်လှုပ်ရှားသွားကာ တစ်ယောက်ကိုတစ်ယောက် ဟန့်တားခြင်း၊ တစ်ယောက်ကိုတစ်ယောက်က ဆွဲခြင်းကြောင့် လှုပ်ရှားနိုင်စွမ်း လုံးဝမရှိတော့ပေ။


ရှောက်လုံသည် သူ့ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ကြည့်ကာ ပြုံးလိုက်သည်။


သူ့လက်ချောင်းထိပ်များက တောက်ပလာကာ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်။


ကစားကွင်းတစ်ဝိုက်တွင် အကွင်းများအတွင်းရှိ ဇွန်ဘီ 100 ကသာ ရုန်းကန်ရင်း ရွေ့လျားလို့မရဘဲ ကျန်ရစ်ခဲ့သည်။


#TK