Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 53 (3 of Spades – ငွေကြေးအကျပ်အတည်း ၁၃၊ ဆုံးဖြတ်ချက်)
လူငယ်လေးသည် တွေဝေနေပြီး သူ့မျက်လုံးများ စိုစွတ်နေတာကိုမြင်လိုက်ရတော့ ရှောက်လုံက သူ့ပုခုံးပေါ် လက်တစ်ဖက်တင်ကာ နူးညံ့စွာ ပြောခဲ့သည်။
"စိတ်မပူပါနဲ့… ဒီတစ်ခါတော့ လျှို့ဝှက်ခန်းမှာ ငါတို့ရှိနေပြီလေ… မင်း ဖြစ်စဉ်ကို ချောချောမွေ့မွေ့ ရှင်းလင်းနိုင်လိမ့်မယ်"
ဆယ်ကျော်သက်ကောင်လေးသည် သူ့မှတ်ဉာဏ်များကို ဖယ်ထုတ်ကာ ကြည်လင်နူးညံ့သော မျက်လုံးတစ်စုံဖြင့် မော့ကြည့်လိုက်သည်။
ရှောက်လုံက ပြုံးကာ ဆိုသည်။
"မင်းက အားနည်းတဲ့လူဖြစ်ပြီး အန္တရာယ်ကြုံတဲ့အခါမှသာ လွတ်မြောက်နိုင်တာ… မင်း ငါတို့နဲ့ပူးပေါင်းပြီး 3 of Spades အခန်းကို အတူတူရှင်းပါလား… လူအရေအတွက် များလာပြီး မင်းရဲ့ကတ်တွေက ငါတို့အတွက် အသုံးဝင်လိမ့်မယ်"
"ခင်ဗျားပြောတာက… တယ်လီပို့နဲ့ အသံဖမ်းစက်ကတ်တွေလား"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"မင်း ငါတို့ကို ယုံကြည်တယ်ဆိုရင် ဒီကတ်နှစ်ကတ်ကို အဖွဲ့ခေါင်းဆောင်ကို ယာယီငှားပေးနိုင်မလား"
ယွီဟန်ကျန်းက လျင်မြန်စွာ သဘောပေါက်ပြီး ပြောခဲ့သည်။
"ဟုတ်တယ်… ငါ့မှာ တယ်လီပို့ကတ်ရှိရင် စိန်ခေါ်သူတွေအကြားက သစ္စာဖောက်ကိုဖမ်းပြီး သူခိုးထားတဲ့ ပစ္စည်းတွေကို ရှာတွေ့နိုင်တယ်"
ဆယ်ကျော်သက်ကောင်လေးက အနည်းငယ်ရှုပ်ထွေးသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ရှောက်ချင်းကော်ပြောတာကို သူကြားလိုက်ရသည်။
"မင်းရဲ့ကတ်ကိုငှားပြီး ငှားရမ်းခ တစ်ရက်ချင်းပေးမယ်… အဲဒါကို တစ်ရက် ရွှေဒင်္ဂါး 50,000 ပေးပြီး ငါတို့ လျှို့ဝှက်ခန်းကနေ ထွက်သွားတဲ့အခါ ရှင်းပေးမယ်… မင်းရဲ့လုံခြုံရေးအတွက် ကြောက်နေရင် ငါတို့နဲ့အတူ မင်းလည်းလှုပ်ရှားနိုင်တယ်"
ဒီလူသုံးယောက်သာ သူ့ကို လုယက်ဖို့ ကြိုးစားရင် သူ ခုခံဖို့ လုံးဝအစွမ်းအစမရှိဘူး။
သို့သော် သူ့ကတ်ကို လုယက်မည့်အစား သူတို့သုံးယောက်က ၎င်းကို 'ငှား' ပြီး သူ့ကို ငှားရမ်းခပေးရန် ကမ်းလှမ်းခဲ့သည်။
ဆယ်ကျော်သက်ကောင်လေးက လူသုံးယောက်ကိုကြည့်ပြီး မယုံနိုင်ဖြစ်သွားသည်။
ရှောက်လုံ၏စကားကို သူ ရုတ်တရက် သတိရမိသည်။ 'ဒီကမ္ဘာက ရူးချင်စရာကောင်းပေမဲ့ ငါတို့ကမရူးသေးဘူး'
သူတို့သုံးယောက်လုံးမှာ သူတို့၏ကိုယ်ပိုင်အောက်ခြေစံနှုန်းနှင့် ကိုယ်ကျင့်တရားများရှိသည်။ သူတို့သည် သာမန်လူများဖြစ်ကြပြီး သူတို့၏ ဆင်ခြင်တုံတရားနှင့် လူသားဆန်မှုတို့ကို မဆုံးရှုံးခဲ့ကြပေ။ ကတ်ကမ္ဘာမှာ ကတ်များသည် စိန်ခေါ်သူတိုင်းအတွက် အရေးကြီးဆုံးလက်နက်ဖြစ်ပြီး အခြားသူတစ်ဦး၏ကတ်ကို ယူဆောင်သွားခြင်းက လုယက်ခြင်းနှင့် ဘာမှမကွာခြားပေ။
ထို့ကြောင့် သူတို့သည် မခိုးဘဲ ငှားခဲ့ကြသည်။
ရှောက်လုံ၏ မျက်လုံးများက အလွန်နူးညံ့သည်။
ဆယ်ကျော်သက်ကောင်လေးသည် အချိန်အကြာပြီး ထွက်ပြေးခဲ့ရကာ အတွေ့အကြုံ များသည်။ သူ့နှလုံးသားကို နွေးထွေးသောခံစားမှုဖြင့် ဝန်းရံထားသလိုခံစားရတာ ဒါပထမဆုံးအကြိမ်ပါပဲ။ သူက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်သည်။
"ဒီကတ်ကို ကျွန်တော် ခင်ဗျားတို့ကို ငှားပေးနိုင်ပြီး ခင်ဗျားတို့နဲ့အတူ ကျွန်တော့်ကို လှုပ်ရှားခိုင်းပြီး ဖြစ်စဉ်ကို ရှင်းလင်းဖို့ ဆန္ဒရှိသ၍ ငှားရမ်းခပေးစရာမလိုပါဘူး"
ရှောက်လုံက ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
"ကိစ္စမရှိပါဘူး… ငါနောက်ကလိုက်ခဲ့"
ယွီဟန်ကျန်းက ပါးစပ်ကို ဖွင့်လိုက်သည်။
"ဒါဆို မနက်ဖြန်မနက် မစ္စတာရှောက်နဲ့ ကိုယ်မြို့ထဲကို သွားမယ်… ပရော်ဖက်ဆာရှောက်နဲ့… စကားမစပ် မင်းနာမည်ဘယ်လိုခေါ်လဲ" သူက ကောင်လေးကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးများထဲရှိ စူးရှမှုများကို တွေ့လိုက်ရသည်။
ဆယ်ကျော်သက်ကောင်လေးက လေးလေးနက်နက် စကားလာပြောသည်။
"ကျွန်တော့်နာမည်က ယဲ့ချီပါ"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"ပရော်ဖက်ဆာရှောက်နဲ့ ယဲ့ချီက ဒီမှာနေခဲ့… အခြေအနေမကောင်းရင် ပရော်ဖက်ဆာရှောက်က ပုန်းဖို့အတွက် ယဲ့ချီကို မက်မွန်ပွင့်နွေဦးထဲခေါ်သွားပြီး ကိုယ့်ကိုဖုန်းခေါ်လိုက်… ကိုယ်တို့ချက်ချင်းပြန်လာမယ်"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"ကိစ္စမရှိပါဘူး… ကျွန်တော် အကွင်းထောင်ချောက်တွေကို ကြိုပြီး စီစဉ်ပေးနိုင်တယ်… တစ်ယောက်ယောက်က ကျွန်တော့်ကို လုယက်ဖို့ ကြိုးစားရင် ကျွန်တော် သူတို့ကို အချိန်အတော်ကြာအောင် ချည်နှောင်ထားနိုင်တယ်"
ယွီဟန်ကျန်း: "မက်မွန်ပွင့်နွေဦးက မိနစ် 30 ကြာတယ်… တယ်လီပို့ကတ်က မိနစ် 30 အတွင်း သေချာပေါက် ကိုယ်ပြန်လာနိုင်မယ်လို့ အဓိပ္ပါယ်ရတယ်… အန္တရာယ်ဖြစ်ပြီဆိုရင် ချက်ချင်းဖုန်းဆက်ပါ"
"ကောင်းပြီ"
ရှောက်ချင်းကော်က ထပ်ပေါင်းပြောသည်။
"မနက်ဖြန်… ငါ အင်တာနက်သုံးဖို့ နေရာရှာပြီး စတော့ဈေးကွက်ကို ကြည့်ဖို့ မြို့ထဲကို သွားရမယ်… ငါ အဖွဲ့ခေါင်းဆောင်ယွီနဲ့ လိုက်သွားမယ်"
ဆယ်ကျော်သက်ကောင်လေးသည် ဂရုတစိုက် နားထောင်ပြီး ကြားဖြတ်မပြောဘဲ အခု နည်းဗျူဟာကို လူသုံးယောက်က ဆွေးနွေးကြသည်။
ရှောက်ချင်းကော်က ရုတ်တရက် သူ့ကို လှည့်ကြည့်လာသည်။
"ယဲ့ချီ"
အခေါ်ခံရသော ဆယ်ကျော်သက်ကောင်လေးက ချက်ချင်းပဲ အာရုံစိုက်လိုက်သည်။
"ဟုတ်ကဲ့"
ရှောက်ချင်းကော်က ပြုံးလိုက်သည်။
"မင်းမျက်နှာကို ရေဆေးပြီး အဝတ်အစားလဲလို့ရမလား" သူ့မျက်လုံးများက တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ "နောက်ပြီး မင်းမျက်နှာက ညစ်ပတ်နေပြီးတော့ မင်းကို ထူးဆန်းတဲ့အနံ့တွေ ဖုံးနေတယ်… ငါတို့နှာခေါင်းတွေအတွက် အဆင်မပြေဘူး"
ယဲ့ချီ၏ နားရွက်များက နီရဲသွားသည်။
"ကျွန်-ကျွန်တော် ရေဆေးလိုက်ဦးမယ်"
သူက တွင်းထွက်ရေပုလင်းကိုဖွင့်ပြီး မျက်နှာကိုဆေးဖို့ ဘေးခန်းကိုသွားလိုက်သည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ အဝတ်သန့်သန့်များကို ထုတ်ယူကာ လဲလိုက်သည်။
သူပြန်လာတာနဲ့ အခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်။
ထိုလူငယ်၏ မျက်နှာသွင်ပြင်မှာ ကြည့်ကောင်းသည်။ အထူးသဖြင့် တောက်ပနေသော သူ၏အနက်ရောင်မျက်လုံးများဖြစ်သည်။
သူ့မျက်နှာက မီးခိုးရောင်ဖြင့် အမှိုက်ကောက်သူလို ဟန်ဆောင်နေချိန်နှင့် နှိုင်းစာရင် ရေဆေးထားသော ယဲ့ချီ၏မျက်နှာဟာ တကယ်ကို ပိုကြည့်ကောင်းပါသည်...
ရှောက်လုံက သူသီချင်းဆိုနေသောမြင်ကွင်းကို မှတ်မိပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းက ဂီတကျောင်းကလား"
ယဲ့ချီက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… ကျွန်တော်က သီချင်းဆိုရတာကို ဝါသနာပါပြီး ဂီတကျောင်းမှာ ပထမနှစ်တတ်နေတာ… နောက်တော့ မမျှော်လင့်ဘဲ ဒီကမ္ဘာကို ရောက်လာတယ်"
ရှောက်လုံက မေးလိုက်သည်။
"မင်းရဲ့ဂစ်တာက ဘယ်မှာလဲ"
ယဲ့ချီက ပြန်ဖြေသည်။ "အဲဒါကလည်း ကျွန်တော့်ကတ်ပဲ" သူက ကတ်တစ်ကတ်ကို ထုတ်ယူပြီး ပြောသည်။ "ဒါက A အဆင့်ရှိတဲ့ ကိရိယာကတ်တစ်ခုပါ… ဂစ်တာက ဂီတကို တီးခတ်ပြီး စွမ်းရည်တစ်ခုကို စတင်နိုင်ပြီးတော့ အကွာအဝေးအတွင်း ရန်သူအားလုံးကို သုံးစက္ကန့်ကြာ အိပ်ပျော်စေနိုင်တယ်"
ရှောက်လုံ: "..."
ဒီကောင်လေး၏လက်ထဲမှာ ဆန်းပြားသောကတ်တွေ အများကြီးရှိသည်။ အိမ်မက်ဆိုးအခန်းထဲကနေ သူ ဘာလို့ ရှင်သန်နိုင်ခဲ့တယ်ဆိုတာ အံ့ဩစရာမရှိဘူး။ သူက သန်မာသော တိုက်ခိုက်ရေးသမားလေးပဲ။
ယွီဟန်ကျန်းက အချိန်ကို စစ်ဆေးပြီး ပြောသည်။
"4 နာရီခွဲရှိပြီ… ငါတို့တွေ ပစ္စည်းတွေကို အောက်ထပ် မြန်မြန်ရွှေ့သင့်ပြီ"
ယဲ့ချီက ပြောလာသည်။
"ကျွန်တော်လည်း ကူညီပါ့မယ်… တယ်လီပို့ကတ်က ကျွန်တော့်ကို မီတာ 50 အကွာအဝေးဆီ ချက်ချင်းရွှေ့နိုင်တယ်… တယ်လီပို့ရင်းနဲ့ ကျွန်တော် သေတ္တာကို သယ်သွားနိုင်တယ်… ဒါက အားထုတ်မှု အများကြီး သက်သာတယ်"
ယွီဟန်ကျန်း: "…"
ဒါက အကြံကောင်းတစ်ခုပဲ…
ကျန်သုံးယောက်က သူတို့၏ပစ္စည်းများကိုရွှေ့ရန် အောက်ထပ်သို့ အမြန်ဆင်းလာစဉ်တွင် ရှောက်ချင်းကော်က နေခဲ့သည်။
ယဲ့ချီသည် ပစ္စည်းများကို လှေကားထစ်သို့ တိုက်ရိုက်ရွှေ့ရန် တယ်လီပို့ကတ်၏အကူအညီကို အသုံးပြုခဲ့သည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ပစ္စည်းများကို တတိယထပ်သို့ ရွှေ့ရန်သာ လိုအပ်ပြီး သူက အခန်းထဲသို့ ရွှေ့ပြောင်းခဲ့သည်။
ရှောက်လုံက သေတ္တာများနှင့် တယ်လီပို့နေသည့် လူငယ်ကို ကြည့်ပြီး ခံစားခဲ့ရသည်။
"ဒီကောင်လေးက တကယ်ကို လိုက်လျောညီထွေဖြစ်တာပဲ"
ယွီဟန်ကျန်းက သူ့ကို တိုးတိုးလေးပြောခဲ့သည်။
"မင်း သူ့ကို အဖွဲ့ဝင်အဖြစ် ခေါ်သွားချင်တာလား"
ရှောက်လုံက ပြုံးလိုက်သည်။
"သူက အိပ်မက်ဆိုးအခန်းကနေ အသက်ရှင်နိုင်ခဲ့ပြီး သူ့ရဲ့ခွန်အားက တကယ်ကို သန်မာတယ်… ယဲ့ချီရဲ့ အစွမ်းထက်ဆုံး ရှုထောင့်က သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း မဟုတ်ဘဲ သူ့ရဲ့သန်မာတဲ့လိုက်လျောညီထွေဖြစ်မှုနဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှုပဲ… သူနဲ့ပူးပေါင်းဖို့ ကျွန်တော် စဉ်းစားနေတာ… ဒါ့အပြင် မစ္စတာရှောက်က အခု တစ်ယောက်တည်းလေ… သူတို့နှစ်ယောက်လုံးက ဝက်အဖွဲ့ဝင်တွေနဲ့ မတွဲချင်ဘူး… သူတို့က နောက်ထပ်လျှို့ဝှက်ခန်းကို အတူတူသွားလို့ရတယ်မလား"
ယွီဟန်ကျန်းက ဂရုတစိုက်စဉ်းစားကာ ပြောလိုက်သည်။
"အကြံကောင်းပဲ… ရှောက်ချင်းကော်က Hearts လျှို့ဝှက်ခန်းမှာ မကောင်းဘူး… သူ့မှာ ယဲ့ချီရဲ့အသံဖမ်းစက်အကူအညီရှိရင် ❴သွေးစွန်းနေသောမေပယ်ရွက်❵ကို အလွယ်တကူရှင်းနိုင်တယ်… ပြီးရင် သူတို့တွေ ကတ်ကောင်းကောင်းတွေ ဆွဲနိုင်မှာ"
"ပြန်သွားပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို မေးလိုက်တာပေါ့"
တကယ်တော့ ရှောက်လုံက ယဲ့ချီကို အဖွဲ့ဝင်အဖြစ် ခေါ်ယူလိုသည့် အဓိကအကြောင်းအရင်းတစ်ခု ရှိပါသည်။
ယဲ့ချီက အများကြီးသိပြီး စိန်ခေါ်သူအများစု မတွေးဝံ့သော အိမ်မက်ဆိုးအခန်းကိုတောင် ကြုံဖူးသည်။ သို့သော်လည်း ယဲ့ချီက စိတ်ကောင်းနှလုံးကောင်း ထားရှိဆဲဖြစ်သည်။ သူသည် စိန်ခေါ်သူများကို လှည့်စားနိုင်ပြီး လူတိုင်း၏ ပစ္စည်းများကို မည်သည့်နေရာတွင် သိမ်းဆည်းထားတာ သိသော်လည်း နို့တစ်ပုလင်းမှ မခိုးယူခဲ့ပေ။ သူသည် အန္တရာယ်ကို ရှောင်ရှားပြီး ဖြစ်စဉ်ကို ရှင်းလင်းရန် သူ့နည်းသူ့ဟန်ကိုသာ အသုံးပြုခဲ့သည်။
သူသည် အိပ်မက်ဆိုးခန်းထဲမှာ ငတ်နေပေမဲ့ မခိုးခဲ့ဘူး။
ဒီလိုခက်ခဲသောအခြေအနေမှာ ကိုယ့်စိတ်နှလုံးသားကို ထိန်းသိမ်းထားဖို့က မလွယ်ဘူး။
သူသည် သစ္စာဖောက်ခြင်းကို တွေ့ကြုံခဲ့ရပြီး သစ္စာဖောက်ခံရခြင်းက မည်မျှ ခက်ခဲသည်ကို သိခဲ့သည်။ ထို့ကြောင့် လူတွေကို ဒီလိုမျိုး မဆက်ဆံဘူး။ အကယ်၍ သူသည် အဖွဲ့တွင် ပါဝင်မည်ဆိုပါက သူတို့ကို သစ္စာမဖောက်နိုင်ဘူးဟု ရှောက်လုံယုံကြည်ခဲ့သည်။
တတိယထပ်ကိုပြန်ရောက်တော့ ရှောက်လုံက ယဲ့ချီနှင့် ရှောက်ချင်းကော်တို့ကို သူ့အတွေးအား ပြောပြသည်။
"မင်းတို့နှစ်ယောက်က Hearts အခန်းကို အတူတူသွားကြပါလား"
ယဲ့ချီက ရှောက်ချင်းကော်ကို တစ်ချက်ကြည့်လိုက်သည်။
"ပရော်ဖက်ဆာရှောက်ရဲ့စကားတွေက မှန်တယ်… ကျွန်တော့်မှာ အဖွဲ့ဝင်မရှိဘူး… 3 of Hearts လျှို့ဝှက်ခန်းမှာ တစ်ယောက်ယောက်နဲ့ ကျွန်တော် ကျပန်းတွေ့ဆုံရမှာ… ညံ့ဖျင်းတဲ့အဖွဲ့ဝင်မျိုး ကျွန်တော်ရရင် ဖယ်ရှားခံရဖို့ အလားအလာရှိတယ်"
ရှောက်ချင်းကော်က သူ့ကို ပြုံးပြသည်။
"မင်းက ကိုယ်နဲ့ တွဲချင်လို့လား"
ယဲ့ချီက ခေါင်းငြိမ့်လိုက်သည်။
"အဲဒါကဖြစ်နိုင်လား"
ရှောက်ချင်းကော်က ပခုံးတွန့်လိုက်သည်။
"မင်းကိုယ့်ကို ဆွဲချမယ်ဆိုရင် မင်းကိုထုတ်ပစ်ဖို့ ကိုယ်တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ယဲ့ချီက သူ့ကို ချက်ချင်း စိတ်ချခိုင်းစေသည်။
"ဟင့်အင်း… 2 of Hearts အခန်းမှာ ကျွန်တော့်ရဲ့ ရှင်းလင်းရေးရမှတ်က S အဆင့်ပါ… ကမ္ဘာအစစ်မှာ ကျွန်တော်က လျှို့ဝှက်ခန်း လွတ်မြောက်ခြင်းဂိမ်းတချို့ကို ကစားခဲ့တယ်… အများကြီးမဟုတ်ပေမဲ့ သဲလွန်စတွေ စုဆောင်းနည်းကို ကျွန်တော်သိပြီး ပြဿနာလုံးဝမရှိပါဘူး"
အဆင့် C သာရှိသော ရှောက်ချင်းကော်: "…"
ရှောက်လုံနှင့် ယွီဟန်ကျန်း: "…"
Hearts လျှို့ဝှက်ခန်းကို ရောက်တဲ့အခါ ရှောက်ချင်းကော်က ဒီလိုပြောရဲပါ့ဦးမလား… ရှောက်ချင်းကော်ကို ခေါ်သွားမဲ့သူ ယဲ့ချီမဟုတ်ဘူးလား…
❴လေးယောက်မြောက်အဖွဲ့ဝင်❵
— ယဲ့ချီ
— ဂီတကျောင်းသား
— အသက် 20 နှစ်
❴Second Couple❵
ရှောက်ချင်းကော် (Gong)
ယဲ့ချီ (Shou)
#TK