Chapter 59
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 59 (3 of Spades – ငွေကြေးအကျပ်အတည်း ၁၉၊ စည်းလုံးမှုစွမ်းအား)

ရှောက်လုံက သူ့ဘာသာသူ မဆုံးဖြတ်ဘူး။ ၎င်းကို အဖွဲ့ခေါင်းဆောင်ယွီ၊ မစ္စတာရှောက်၊ ရှောင်ယဲ့တို့နှင့် ယခင်က ဆွေးနွေးခဲ့ဖူးသည်။ အကယ်၍ စိန်ခေါ်သူများ လာ၍ မေးမြန်းပါက သူသည် သူတို့၏ ပစ္စည်းများကို ပြန်ပေးကာ ထွက်ခွာခွင့် ပေးမည်ဖြစ်သည်။ သို့ရာတွင် စိန်ခေါ်သူများသည် ဉာဏ်ရည်ထက်မြက်ပြီး သူ့ကို ယုံကြည်လိုစိတ်ရှိလျှင် ဖြစ်စဉ်ကို ကျော်ဖြတ်ရန် လက်တွဲသင့်သည်။

ပဉ္စမနေ့တွင် အကျဉ်းသားဦးရေ 50 ကျော်သွားပြီဖြစ်သည်။ ရှောက်လုံတို့လေးယောက်အုပ်စုသည် သူတို့ကို တစ်ယောက်တည်း ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်။ စိန်ခေါ်သူများအနေနှင့် ကူညီလိုစိတ်ရှိလျှင် ဤလူအုပ်ကို တိုက်ရန် ခက်ခဲမည်မဟုတ်ပေ။ ထို့အပြင် အကျဉ်းသားများသည် သူတို့၏လက်ထဲတွင် လက်နက်များ ရှိကောင်းရှိနိုင်သော်လည်း စိန်ခေါ်သူများတွင် ကတ်များရှိသည်။ 

၎င်းသည် ဂိမ်းဖြစ်စဉ်တစ်ခုကစားခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ လူသစ်ခေါ်လာဖို့ ဖြစ်နိုင်ပေမဲ့ နာခံမှုရှိရမည်။

ရှောက်လုံ၏ မျက်လုံးများက လူအုပ်ကို ကြည့်လိုက်သည်။
"မင်းတို့ဆက်နေချင်ရင် ငါတို့နဲ့ပူးပေါင်းလို့ရတယ်… မနေချင်ရင် ကိုယ့်ပစ္စည်းကိုယ်ယူနိုင်ပြီး ဖြစ်စဉ်ကို ရှင်းလင်းဖို့ ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေနိုင်တယ်… ဒါပေမဲ့ ငါမင်းတို့ကိုသတိပေးရလိမ့်မယ်… မင်းတို့မှာ နေထိုင်စားသောက်ဖို့ လုံလောက်တဲ့ပစ္စည်းတွေရှိတာကြောင့် ဖြစ်စဉ်ကို ရှင်းလင်းနိုင်ပြီလို့ မထင်လိုက်နဲ့… ဒီဖြစ်စဉ်အခက်အခဲက ပစ္စည်းတွေအလုံအလောက်ရှိတာမဟုတ်ဘဲ ငွေကြေးအကျပ်အတည်းဖြစ်ပွားပြီး ကမ္ဘာ့မငြိမ်မသက်ဖြစ်လာတာပဲ"

"ဥပမာ ATM စက်တွေကို ရိုက်ချိုးတာ၊ ဘဏ်တွေ လုယက်တာ၊ စူပါမားကတ်တွေ ဖောက်ထွင်းပြီး ပြင်းထန်တဲ့ လူအစုအပြုံကြီးဖြစ်သွားမယ်… မြို့ပြတွေမှာ မီးရှို့ လုယက်တဲ့ လူအုပ်တွေ ရှိတယ်… မင်းတို့တစ်ယောက်တည်းလှုပ်ရှားပြီး လူဆိုးတွေနဲ့ရင်ဆိုင်ရရင် စိန်ခေါ်သူရှင်သန်မှုနှုန်းက အရမ်းနည်းတယ်… ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားမယ်လို့ မျှော်လင့်တယ်"

လူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့ သူ့ကိုကြည့်လိုက်သည်။

မုတ်ဆိတ်မွေးနဲ့ ဦးလေးသည် "နေမယ်" ဟု ပြတ်ပြတ်သားသား ပြောကာ ဦးဆောင်ခဲ့သည်။

သူ့နောက်ကနေ ချက်ချင်းဆိုသလိုပဲ မိန်းကလေးနှစ်ယောက်က လက်ကို အမြန်မြှောက်လိုက်သည်။
"ကျွန်မတို့လည်း နေမယ်"

နူးညံ့သိမ်မွေ့သော ယောင်္ကျား၏ စကားသည် ကျိုးကြောင်းဆီလျော်ကြောင်း လူတိုင်းသိသည်။ သူတို့တွေတစ်ယောက်တည်း လှုပ်ရှားပါက ရိုက်နှက်၊ လုယက် သို့မဟုတ် သတ်ဖြတ်ခံရနိုင်သည်။ စိန်ခေါ်သူများ စည်းလုံးမှသာလျှင် ဖြစ်စဉ်ကို ချောမွေ့စွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဦးလေးနှင့် ညီအစ်မနှစ်ယောက်က နေရန် ဆုံးဖြတ်လိုက်သဖြင့် အခြားသူများက မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ လူရှစ်ယောက်စလုံးက နေခဲ့သည်။

ရှောက်လုံက သူတို့ကို ပြုံးပြလိုက်သည်။ "ငါ့ကိုယုံပေးလို့ ကျေးဇူးတင်ပါတယ်" သူသည် သူ့လက်ချောင်းများကို ညင်သာစွာ ရွှေ့လိုက်ပြီး အကွင်းများကို လူတိုင်းထံမှ ဖယ်ထုတ်လိုက်သည်။ "အားလုံး အပြင်မှာ နေအရမ်းပူတယ်… အထဲကို ဝင်ရအောင်"

ထိုအဖွဲ့သည် ဆောက်လုပ်ရေးဆိုက်ရှိ အခန်းလွတ်တစ်ခုသို့ ချက်ချင်းလိုက်သွားကြသည်။

အခန်းထဲတွင် အရပ်ရှည်ရှည်နှင့် ချောမောသော အမျိုးသားတစ်ဦးပါရှိသည်။ သူ့မျက်နှာအသွင်အပြင်သည် idol ဇာတ်လမ်းထဲက ဇာတ်လိုက်နှင့် ယှဉ်လုနီးပါးဖြစ်နေပေမဲ့ သူ့မျက်နှာသည် အလွန်လေးနက်ပြီး စူးရှသောမျက်လုံးများက လူအုပ်ကို ကြည့်လိုက်သည်။ 
"လက်ရှိ လူအားလုံးကို မင်းတို့မှာ တက်တူးရှိမရှိ အရင်စစ်ဆေးရမယ်… မိန်းကလေး လေးယောက်က ဒုတိယထပ်က အခန်းလွတ်တစ်ခုကို သွားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စစ်ဆေးကြည့်ကြပါ… ယောင်္ကျားလေးတွေကတော့ စစ်ဆေးကြည့်ဖို့ ငါနဲ့အတူသွားမယ်"

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။

မိန်းကလေးတစ်ယောက်က တောင့်တင်းသောမျက်နှာဖြင့် မေးလိုက်သည်။
"ဒါက ဘာကိုဆိုလိုတာလဲ… တက်တူးထိုးခွင့်မပြုဘူးလား"
 
ရှောက်လုံက ပြုံးပြီး ရှင်းပြသည်။
"စိတ်မပူပါနဲ့… လျှိုအမည်ရတဲ့ သူခိုးက အရင်က စိန်ခေါ်သူအဖြစ် ဟန်ဆောင်ပြီး ငါတို့နဲ့ရောနှောနေခဲ့တယ်… သစ္စာဖောက်တစ်ယောက်ပ အဖွဲ့တစ်ခုကို ဖျက်ဆီးဖို့ လုံလောက်တယ်… ဒီလူတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်မှာ အထူးအမှတ်အသားတွေရှိပြီး အဲဒါကို ကြိုတင်စစ်ဆေးတာက အားလုံးကို စိတ်ချရစေမှာပါ… အားလုံး ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

မုတ်ဆိတ်မွေးနဲ့ ဦးလေးက ရွှင်မြူးစွာ ပြောသည်။
"စစ်ဆေးတာက ပြဿနာမဟုတ်ဘူး"

'ကိုယ်ဗလာစစ်ဆေးရန်'က အမျိုးသားများအတွက် သီးသန့်မဟုတ်ပါ။ မိန်းကလေးလေးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အပေါ်တက်သွားသည်။ ရှောက်လုံပေးသော စားပွဲခင်းဖြင့် တံခါးကို ပိတ်ဆို့ထားပြီး လူနှစ်ယောက်က တံခါးကို စောင့်ကာ ကျန်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အလှည့်ကျ စစ်ဆေးနေကြသည်...

ခဏကြာတော့ အားလုံးက အခန်းထဲ ပြန်ဝင်လာကြသည်။

တင်းမာသောအမူအရာရှိနေသည့် မိန်းကလေးကလွဲလို့ ဘယ်သူမှ တက်တူးမထိုးထားဘူး။ သူမ၏ညှပ်ရိုးပေါ်တွင် နှင်းဆီတက်တူးထိုးထားသည်။

ရှောက်လုံက သူမကိုကြည့်ကာ မေးလိုက်သည်။
"2 of Hearts ကို မင်းဘယ်လိုရှင်းခဲ့တာလဲ"

မိန်းကလေးက ပြန်ဖြေသည်။
"ငါကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ငါ့ရမှတ်က C အဆင့်ပဲရှိတယ်… ဖုန်းကိုမဖွင့်နိုင်ခဲ့ဘူး… စကားမစပ် ဖုန်းရဲ့ စကားဝှက်က ဘာလဲဟင်"

ရှောက်လုံသည် စိန်ခေါ်သူအဖြစ် သူမ၏အထောက်အထားကို အတည်ပြုရန် မေးလိုက်ခြင်းဖြစ်သည်။

2 of Hearts သည် အလောင်းနှင့် သဲလွန်စများသာ ပါရှိသည့် လျှို့ဝှက်ခန်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ လွတ်လပ်သူများသည် 2 of Hearts ထဲသို့ မဝင်နိုင်ကြပါ။ မိန်းကလေးသည် ရှောက်လုံ၏ရည်ရွယ်ချက်များက သတိမထားမိဘဲ ရိုးသားစွာ ပြန်ဖြေခဲ့သည်။ ရှောက်လုံက ပြုံးပြီး သူမကို ပြောလိုက်သည်။
"စကားဝှက်မရှိဘူး… အဲဒါကို လော့ခ်ဖွင့်ဖို့ မျက်နှာစကင်န်ဖတ်ခြင်းစနစ်ကို ငါသုံးခဲ့တာ"

ဖုန်းများကို လော့ခ်မဖွင့်နိုင်သူများအားလုံးက ကျိန်ဆဲကြသည်။ 'Fuck'

မုတ်ဆိတ်မွေးနဲ့ဦးလေးသည် ရှောက်လုံ အလွန်သတိထားတာကိုမြင်ပြီး ပြုံးလိုက်သည်။
"အခု မင်းစိတ်ချသင့်ပြီမလား… ငါတို့ကြားမှာ သစ္စာဖောက်မရှိဘူးမလား"

ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"ဒါက အကောင်းဆုံးပဲ… အားလုံး ငါနဲ့လိုက်ခဲ့ပါ"

ယဲ့ချီသည် မြေပြင်ပေါ်တွင် စားပွဲခင်းများခင်းထားသည့် တတိယထပ် အရှေ့မြောက်ထောင့်ရှိ အခန်းဆီသို့ သူက လူများကိုခေါ်ဆောင်သွားသည်။ သူသည် တွင်းထွက်ရေပုလင်းများအပြင် နို့၊ ဖရုံစေ့များ၊ မြေပဲ၊ အမဲသားစည်သွပ်ဘူး၊ စည်သွတ်ဘူးသစ်သီးများ၊ ချိုချဉ်နှင့် အခြားမုန့်များကို ခင်းထားသည်။ သူက ဧည့်သည်တွေကို လှိုက်လှိုက်လှဲလှဲ ပြုံးပြရင်း ကြိုဆိုလိုက်သည်။
"အားလုံးထိုင်ပြီး စကားစမြည်ပြောရင်း စားကြရအောင်"

အဖွဲ့က အံ့ဩသွားသည်။ ဒီလူတွေက ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်းနေပါလား။

မိန်းကလေးတစ်ယောက်က သူ့ကို မှတ်မိပြီး ပြောလိုက်သည်။
"နင်က ရင်ပြင်မှာ ဂစ်တာတီးတဲ့သူမလား"

ယဲ့ချီက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါတယ်… ကျွန်တော်လည်း အစ်ကိုရှောက်နဲ့အတူ စိန်ခေါ်သူပါ"

ရှောက်လုံက သူတို့ကို ပြောလိုက်သည်။
"ငါတို့မှာ ပစ္စည်းတွေ အများကြီးရှိတယ်… အပြင်ဘက်မှာ ထရပ်ကားနဲ့ ဒီမှာအခန်းရှိတယ်… ဗိုက်ဆာရင် စိတ်မပူပါနဲ့… အတူတူအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပစ္စည်းတွေကိုစုပေါင်းပြီး စုပုံခွဲဝေရအောင်"

သူက ယဲ့ချီကို ကြည့်လိုက်သည်။
"ရှောင်ယဲ့ ခဏနေကျရင် ပစ္စည်းတွေ သွားရေတွက်လိုက်ပါ… ဒီနေ့ကစပြီး ရှောင်ယဲ့ဆီသွားပြီးတော့ အစားအသောက်တွေကို စာရင်းသွင်းပြီး ဘာစားရမလဲဆို စီမံလို့ရတယ်… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပစ္စည်းတွေကို လျှို့ဝှက်ခန်းထဲကနေ သယ်မသွားနိုင်ဘူးဆိုတော့ ကျန်တာတွေရှိရင် ရွှေဒင်္ဂါးတွေနဲ့ရောင်းဖို့ ဒေသခံတချို့ကို ရှာတွေ့နိုင်တယ်"

မုတ်ဆိတ်မွေးနဲ့ ဦးလေးသည် အနည်းငယ် တုန်လှုပ်သွားပြီး ညည်းညူလိုက်သည်။
"Spades လျှို့ဝှက်ခန်းက စိန်ခေါ်သူတွေဟာ ဒီလိုစည်းကမ်းရှိတဲ့အဖွဲ့အစည်းတစ်ခုကို အစောပိုင်းကတည်းက တည်ထောင်ပြီး အတူတကွ လှုပ်ရှားခဲ့မယ်ဆိုရင် လွတ်လပ်သူတွေက ဟာကွက်တွေကို အခွင့်ကောင်းယူနိုင်မှာမဟုတ်ဘူး"

အစားအသောက်ကိုကြည့်ရင်း လူတိုင်း၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေသည်။ 

လူငယ်တစ်ယောက်က စိတ်အားထက်သန်စွာ ခေါင်းငြိမ်ပြသည်။ 
"ဒါက နည်းလမ်းကောင်းပဲ… လုယက်ခံရမှာကို စိတ်ပူစရာမလိုဘူး… ကျွန်တော်တို့ဗိုက်ဆာမှာကို စိုးရိမ်နေစရာမလိုတော့ဘူး… ခုနစ်ရက်မြောက်နေ့မှာ ပိုလျှံနေတယ်ဆိုရင် ရွှေဒင်္ဂါးတွေနဲ့ လဲလှယ်ဖို့ ယူသွားလို့ရတယ်… ပြီးတော့ ရွှေဒင်္ဂါးတွေကို Spades လျှို့ဝှက်ခန်းထဲကနေ ယူသွားနိုင်တယ်"

မိန်းကလေးတော်တော်များများက ခေါင်းငြိမ့်ထောက်ခံကြသည်။

"အင်း… ခွဲဝေတာကိုပဲ အာရုံစိုက်လိုက်ပါ"

"ငါက ဇီးသီး၊ သရက်သီးခြောက်နဲ့ ငှက်ပျောသီးတုံးတွေလို အဆာပြေမုန့်တွေ ဝယ်ထားတယ်"

"ငါက ခေါက်ဆွဲနဲ့တွဲစားလို့ရတဲ့ ဝက်အူချောင်းအစပ်တစ်ဘူးဝယ်ခဲ့တယ်… လူတိုင်းစိတ်တိုင်းကျ စားလို့ရတယ"

"ငါက ကိုကာကိုလာ၊ လိမ္မော်ရည်၊ စပရိုက်နဲ့ နွားရိုင်းအနီတစ်ဖာရှိတယ်… မင်းတို့သောက်ချင်ရင် ရှောင်ယဲ့ကို ရှာခိုင်းလိုက်ပါ"

လူတိုင်းသည် သူတို့၏ကိုယ်ပိုင်ပစ္စည်းများကိုဖော်ပြပြီး စုပုံခွဲဝေမှုတစ်ခုအတွက် အတူတကွစုရုံးခဲ့ကြသည်။ နောက်ပိုင်းမှာ သူတို့စားချင်တာကို စားနိုင်သည်။

ဤထူးဆန်းသောကမ္ဘာတွင် လူအုပ်စုသည် စုပေါင်းနွေးထွေးမှုတစ်မျိုးကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ 

လူသားများသည် ဉာဏ်ရည်မြင့်သတ္တဝါများဖြစ်သည်။ စုပေါင်းစွမ်းအားသည် လူတစ်ဦးချင်းထက် များစွာ ကြီးမားသည်။

အရင်တုန်းကတော့ တစ်ယောက်တည်းလှုပ်ရှားသောအခါ သူတို့တွေ ကြောက်ရွံ့ကြသည်။ ဒီတစ်ကြိမ်မှာတော့ နတ်ဘုရားက သူတို့ကို စည်းရုံးခဲ့ပြီး ခံစားချက်များက တကယ်ကောင်းပါသည်။

မုတ်ဆိတ်မွေးနဲ့ဦးလေးက မျက်လုံးများကို သုတ်လိုက်သည်။
"ဟုတ်သား… မင်းတို့ကို ဘယ်လိုခေါ်ရမလဲ"

ရှောက်လုံက ပြုံးလိုက်သည်။
"ငါ့နာမည်က ယွင်ရှောက်ပါ… အားလုံး ငါ့ကို လောင်ရှောက်လို့ ခေါ်နိုင်ပါတယ်"

ယွီဟန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "လောင်ဟန်"

ရှောက်ချင်းကော်က ပြုံးလိုက်သည်။
"ငါ့မျိုးရိုးနာမည်က ချင် ပါ… မင်းတို့ငါ့ကို ချင်ရှောင်လို့ ခေါ်နိုင်ပါတယ်"
【TK: ရှောက်ချင်းကော် ဒီနေရာမှာသုံးထားတဲ့ “ရှောင်”နဲ့ သူ့ရဲ့မျိုးရိုးနာမည် “ရှောက်”က “Shao”Pinyin ချင်းတူပါတယ်။ ဒါပေမဲ့ သူ့ရဲ့မျိုးရိုးနာမည် “ရှောက်”က တစ်လုံးချင်းအဓိပ္ပါယ်မရှိဘဲ မျိုးရိုးနာမည်တွေမှာပဲအသုံးပြုပါတယ်။ ချင်ရှောင်က “ရှောင်”ကို “Young” လို့ အဓိပ္ပါယ်ရပါတယ်။ “ရှောင်”က နာမည်မဟုတ်ဘဲ “ချင်”နာမည်နဲ့ တွဲထားခြင်းဖြစ်ပါတယ်။ ဥပမာ— ယွီဟန်ကျန်းက သူ့နာမည် “ဟန်”မှာ “လောင်”(Old)စကားလုံးကို ပေါင်းထည့်ထားတာမျိုးပေါ့။】

ယဲ့ချီက ပြောသည်။
"ကျွန်တော့်မျိုးရိုးနာမည်က ယဲ့… အစ်ကိုရှောက်ခေါ်သလို ခေါ်နိုင်ပါတယ်"

မုတ်ဆိတ်မွေးနဲ့ဦးလေးက ပြုံးလိုက်သည်။ 
"ငါ့မျိုးရိုးနာမည်က ဟူဖြစ်ပြီး ဦးလေးဟူလို့ ခေါ်နိုင်ပါတယ်"

အခြားလူများကလည်း သူတို့နာမည်တွေကို ပြောကြသည်။

မိန်းကလေး လေးယောက်က သူတို့၏ မျိုးရိုးနာမည်များကို ပြောပြကြသည်။ နှင်းဆီတက်တူးထိုးထားသော ညီမလေးက မိန်မျိုးရိုးနာမည်၊ ဆံပင်တိုတိုမိန်းကလေးက ကျိုးမျိုးရိုးနာမည်၊ ဆံပင်ကောက်ကောက်မိန်းကလေးက ရွှဲမျိုးရိုးနာမည်နှင့် အရပ်ရှည်ရှည်မိန်းကလေးက ကောင်းမျိုးရိုးနာမည်ဖြစ်ကြသည်။ လူငယ်များကို ရှောင်ကျန်း၊ ရှောင်လီနှင့် ရှောင်ကျင်းဟု ခေါ်သည်။

ရှောက်လုံသည် ဒုက္ခဖြစ်စေမည့် အချက်အလက်များစွာကို ထုတ်ဖော်ခြင်းမှ ရှောင်ရှားရန်အတွက် သူ၏အမည်ရင်းကို ဖုံးကွယ်ထားသည်။

ဥပမာအားဖြင့် သူတို့၏အနာဂတ်တွင် သူတို့၏အဖွဲ့သည် လျှို့ဝှက်ခန်းများကို ပိုမိုရှင်းလင်းစေမည်ဖြစ်သည်။ ဒီလူများက သူ့နာမည်ကို အခြေခံပြီး အဆုံးအထိ ခေါ်သွားခိုင်းရင် ဘယ်လိုလုပ်မလဲ။ ခေါ်သွားရမလား မခေါ်သွားရဘူးလား။ ဒါမှမဟုတ် သူတို့လေးယောက်က အကူအညီတောင်းလောက်အောင် သန်မာတယ်လို့ ဒီလူတွေထင်ရင်ကော။ ကူညီသင့်သလား မကူညီသင့်ဘူးလား။

စာချုပ်က အကန့်အသတ်ရှိပြီး အဖွဲ့ဝင်တွေ အများကြီး မခေါ်နိုင်ဘူး။

ဒီနေ့ သူကူညီခဲ့မယ်ဆိုရင် သူတို့မှတ်မိနေကြမည်။ နောက်အခါ သူတို့မကူညီရင် စိတ်ဆိုးပြီး ရန်သူ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဘေးကင်းစေရန်အတွက် သူတို့၏ အမည်ရင်းများကို အသိမပေးတာက ပိုကောင်းသည်။

အဖွဲ့ထဲကလူတိုင်းသည် ကုဒ်နာမည်ကို ရွေးပြီး ရှောက်လုံက ဆက်လက်၍ပြောသည်။
"ငါတို့က အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ စည်းမျဉ်းတချို့ကို အရင်ပြောကြည့်ရအောင်… စည်းကမ်းမဲ့တဲ့ အဖွဲ့အစည်းက အရှုပ်အထွေးဖြစ်လိမ့်မယ်… ပထမစည်းမျဉ်းက အားလုံး ငါ့အမိန့်ကို နားထောင်ရမယ်… နားမထောင်ချင်ရင် အခုထွက်သွားလို့ရတယ်"

သူတို့ကို ကြီးမြတ်သောနတ်ဘုရားက အမိန့်ပေးမှာဖြစ်ပြီး အားလုံးက ပျော်ရွှင်ကြသည်။ ထင်မြင်ချက်များမရှိခဲ့ဘူး။

ရှောက်လုံက ဆက်ပြောသည်။
"ဒုတိယအနေနဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ဖို့ မင်းတို့လက်ထဲမှာရှိတဲ့ ကတ်တွေကို ငါသိဖို့လိုတယ်… မင်းတို့ငါ့ကို အပြည့်အဝမယုံရင် တချို့ကို အရန်အနေသိမ်းထားလို့ရတယ်… ဒါပေမဲ့ အနည်းဆုံး သန်မာတဲ့ကတ်တစ်ခုကို ထုတ်ထားသင့်တယ်"

မုတ်ဆိတ်မွေးနဲ့ ဦးလေးသည် ကတ်တစ်ကတ်ကို ထုတ်ပြီး ပြောလိုက်သည်။
"ငါက S အဆင့်ကတ် 'အမဲလိုက်ခွေး' တစ်ခုပဲ ဆွဲခဲ့တယ်… ဒါက စွမ်းရည်နှစ်ခုရှိတယ်… ပထမတစ်ခုက လူတွေကို ကိုက်ဖို့ ခွေးတစ်ကောင်ကိုခေါ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ရှိတယ်… ဒုတိယတစ်ခုက ပစ်မှတ်ကို ခြေရာခံတဲ့စွမ်းရည်ပဲ… ဒီလျှို့ဝှက်ခန်းက သူတို့တွေ မထွက်သ၍ သူတို့ရဲ့ပုန်းအောင်းနေတဲ့တည်နေရာကို ခြေရာခံနိုင်တယ်"

ဆံပင်ကောက်ကောက် မိန်းကလေးက ကတ်တစ်ခုကို ဆွဲထုတ်လိုက်သည်။
"ကျွန်မမှာ A အဆင့်ကတ်ပဲရှိတယ်… ဘယ်နေရာမဆို အဲဒါကိုထားနိုင်ပြီး မီတာ 300 အကွာအဝေးအတွင်း လှုပ်ရှားမှုမှန်သမျှကို ကျွန်မရှေ့က ဖန်သားပြင်တစ်ခုပေါ်မှာ ပြသပေးလိမ့်မယ်… အဲဒါက မော်နီတာနဲ့ ဆင်တူတယ်"

လူငယ်လေး ရှောင်ကျန်က ပြောသည်။
"ကျွန်တော့်မှာ ကိရိယာကတ်ရှိပြီး သားကောင်ကို မျှားခေါ်ဖို့ မြေပြင်မှာ ပုန်းအောင်းနိုင်တယ်… အဲဒါကို အများဆုံး 10 ကြိမ် အသုံးပြုလို့ရတယ်"

ရှောင်လီ: "ကျွန်တော်က ကတ်ကောင်းကောင်းတွေ အများကြီး မဆွဲခဲ့ဘူး… အသုံးဝင်တဲ့ ကိရိယာကတ်က 'ဆံပင်မှုတ်စက်'ပဲ… စွမ်းရည်က အရမ်းထူးဆန်းတယ်… အဲဒါက လေပြင်းတိုက်ခတ်နိုင်ပြီး အလေးချိန် 100 ကီလိုဂရမ်အောက်ရှိသော အရာကို မီတာ 50 အကွာဆီ လွင့်ထုတ်နိုင်တယ်"

အခြားသူများက သူတို့၏ကတ်များကို ပြသကြသည်။

ကတ်ကမ္ဘာရှိ ကတ်များသည် အမှန်တကယ် စိတ်ကူးထက် ကျော်လွန်နေကြောင်း ရှောက်လုံ တွေ့ရှိခဲ့သည်။

ညီမလေးကောင်းသည် တိုက်ခိုက်မှုအားလုံးကို 10 စက္ကန့်အတွင်း ထင်ဟပ်နိုင်သည့် 'မှန်' ကိရိယာကတ်တစ်ခုကို ထုတ်ယူခဲ့သည်။ ရှောင်ရွှဲသည် ကာယပညာအတန်းအတွက် အသုံးများသော ပစ္စည်းတစ်ခုဖြစ်သော 'သံလုံးပစ်' ကို ထုတ်ကာ ပစ်ချလိုက်သည်။ ၎င်းသည် ဆင်းသက်သည့်နေရာ၌ 5x5 မီတာ တွင်းကို ဖန်တီးပြီး လူများကို မြုပ်နှံနိုင်သည်။

အဖွဲ့သည် ထူးဆန်းသောကတ်များပြသသည့် အခြားစိန်ခေါ်သူများကို ကြည့်ကာ သူတို့၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးသွားသည်။

မုတ်ဆိတ်မွေးနဲ့ ဦးလေးသည် ရှောက်လုံကို သိချင်စွာကြည့်လိုက်သည်။
"စကားမစပ် ခုနက အဲဒီသတ္တုကွင်းတွေက ဘာလဲ"

ဒီစွမ်းရည်က ပေါ်သွားပြီဖြစ်တာကြောင့် ရှောက်လုံကလည်း ဖုံးကွယ်ဖို့ မရည်ရွယ်ပါဘူး။ သူက ကတ်ကို ဆွဲထုတ်ပြီး ရှင်းပြသည်။
"ဒါက S အဆင့် ကိရိယာကတ် သံလိုက်အိမ်မြှောင်ပါ… အကွင်းတွေဆွဲပြီး အကွင်းတွေကို လေထဲမှာ လွင့်နေအောင် လုပ်နိုင်တယ်…"

ထိုအချိန်တွင်ပင် ရှောက်လုံသည် ကတ်က အဆင့်အပြည့်အထိ တိုးတက်လာသည်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။

ဤကာလအတွင်း သူသည် သံလိုက်အိမ်မြှောင်ကို မကြာခဏ အသုံးပြုခဲ့ပြီး ၎င်း၏တိုးတက်မှုက လျင်မြန်စွာ တိုးတက်ခဲ့သည်။

ဒုတိယစွမ်းရည်ကို အဆင့်အပြည့်ဖြင့် သော့ဖွင့်လိမ့်မည်။

ပထမစွမ်းရည် 'စက်ဝိုင်းဆွဲခြင်း' သည် သိသာထင်ရှားစွာ တိုးလာခဲ့သည်။ အကွင်းများထုတ်လုပ်ရန် လိုအပ်သောအမြန်နှုန်းကို 0.5 စက္ကန့်သို့ လျှော့ချခဲ့သည်။ တစ်နည်းဆိုရသော် သူသည် စက်ဝိုင်းကိုဆွဲပြီး အရွယ်အစားတူ သတ္တုအကွင်းကို ဖန်တီးရန် 0.5 စက္ကန့်ကြာမည်။ ယခင်က ဤကတ်ကို သူ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ ၎င်းကို ပုံဆွဲခြင်းနှင့် တစ်ပြိုင်နက်အသုံးပြုနိုင်ပြီဖြစ်သည်။

သော့ဖွင့်ထားသော ဒုတိယစွမ်းရည်ကို 'စက်ဝိုင်းနယ်နိမိတ်' ဟုခေါ်ပြီး အမြင့်ဆုံးအချင်း 10 မီတာရှိသော စက်ဝိုင်းနယ်နိမိတ်ကို ဆွဲကာ အကြည်ရောင်အတားအဆီး စက်ဝိုင်းပုံဖွဲ့နိုင်သည်။ အတားအဆီးအတွင်းရှိမည်သူမဆို 10 စက္ကန့်ကြာမည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်လိမ့်မည်။

ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။ သံလိုက်အိမ်မြှောင်၏ ဒုတိယစွမ်းရည်သည် အလွန်သန်မာပြီး 10 စက္ကန့်ကြာ မလွှမ်းမိုးနိုင်သော စက်ဝိုင်းတစ်ခုကို ဖန်တီးခဲ့သည်။

အခြားစိန်ခေါ်သူများသည် ကတ်ကိုမြင်ပြီး မနာလိုစိတ်အပြည့်ရှိနေကြသည်။

မိန်းကလေးတစ်ယောက်က ချီးကျူးခဲ့သည်။
"ဒီကတ်က အရမ်းသန်မာတာပဲမဟုတ်ဘူးလား… ဒါက လက်နက်တွေကိုဆွဲနိုင်ပြီး 10 စက္ကန့်အတွင်း ခုခံဖို့ဖန်တီးနိုင်တယ်"

ရှောက်လုံ: "ငါက S အဆင့် ရှင်းလင်းရေး ရမှတ်ရတဲ့အခါ ဆွဲခဲ့တာ… ငါတော်တော်ကံကောင်းခဲ့တာပါ"

မုတ်ဆိတ်မွေးနဲ့ဦးလေးက ပြောလိုက်သည်။
"ဖြစ်စဉ်ကျော်ဖြတ်ဖို့အတွက် အားလုံးကိုခေါ်ဆောင်သွားဖို့ ဘာကြောင့် မင်းကယုံကြည်မှုရှိတာလဲဆိုတာ အံ့ဩစရာမရှိပါဘူး… အစကတည်းက မင်းမှာ ဒီလိုသန်မာတဲ့ကတ်တစ်ခုရှိတာပဲ"

တကယ်တော့ ရှောက်လုံ၏အဖွဲ့မှာ သန်မာသောကတ်များ အများကြီးရှိသည်။ အမြင့်ဆုံးအကွာအဝေး တစ်ကီလိုမီတာထက်ပိုသော အဖွဲ့ခေါင်းဆောင်ယွီ၏ စနိုက်ပါရိုင်ဖယ်၊ အရှိန်မြင့်ဖိနပ်၊ သေစေနိုင်သောဒဏ်ရာကို ခံနိုင်ရည်ရှိသော ကုတ်အင်္ကျီ၊ Hearts နှင့် Diamonds တွင် ကူညီနိုင်သည့် တီရန်ကျယ်၊ အဆင်သင့်နေရာတယ်လီပို့ခြင်း ထောင်ယွမ်မင်၊ ရှောက်ချင်းကော်၏ ကံကောင်းခြင်းအရောင်အဝါကတ်၊ ယဲ့ချီ၏ အသံဖမ်းကိရိယာနှင့် တယ်လီပို့ကတ်တို့ဖြစ်သည်။

ရှောက်လုံသည် သူ့အဖွဲ့၏ ကတ်အားလုံးကို ထုတ်ပြဖို့ မဖြစ်နိုင်ပါဘူး။

အကျဉ်းသားများကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူ့စိတ်ထဲမှာ အတွေးတစ်ခုရှိသည်။

ကတ်တွေအားလုံးကို စုစည်းပြီးတာနဲ့ ရှောက်လုံက ပြုံးပြီး ပြောလိုက်သည်။
"အလုပ်ခွဲလိုက်ရအောင်… ထောင်ချောက်တွေကို ကြိုတင်ထားဖို့အတွက် သံလိုက်အိမ်မြှောင်နဲ့ သားကောင်မျှားခေါ်ခြင်းကို အသုံးပြုဖို့ ငါက ရှောင်ကျန်းနဲ့အတူ သွားလိမ့်မယ်… ရှောင်ကျိုးက တတိယထပ်မှာ ရှိနေမှာဖြစ်ပြီး တန်ပြန်တိုက်ခိုက်ဖို့ အချိန်မရွေး မှန်ကိုအသုံးပြုဖို့ အသင့်ဖြစ်နေရမယ်"

"သံလုံးပစ်က မော်နီတာနဲ့အတူ တတိယထပ်မှာ ရှိမယ်… လူတွေကို တွေ့တာနဲ့ တွင်းဖြစ်သွားအောင် လူအုပ်ထဲကို ပစ်ချလိုက်ပါ… ဒါက သူတို့ကို အချိန်အကြာကြီး နှောင့်နှေးစေနိုင်တယ်… ကျန်တဲ့မိန်းကလေးနှစ်ယောက်က တတိယထပ်မှာနေပြီး ချင်ရှောင်က ပစ္စည်းတွေကို အကာအကွယ်ပေးရင်း လှုပ်ရှားမှုတွေကို တစ်ချိန်လုံး စောင့်ကြည့်နေမှာပါ"

"ဦးလေးဟူ၊ ရှောင်လီ၊ ရှောင်ကျင်းနဲ့ လောင်ဟန်…" သူပြောနေစဉ် ယွီဟန်ကျန်းကို ပြန်ကြည့်လိုက်သည်။ "ငါတို့အားလုံးက ရှေ့တန်းမှာ နေမယ်… လူရမ်းကားတွေက ဆောက်လုပ်ရေးဆိုက်ထဲကို ဝင်လာတာနဲ့ သူတို့အားလုံးကို ရှင်းပစ်ဖို့ အတူတကွ လုပ်ဆောင်သွားမယ်"

ရှောက်လုံသည် မိန်းကလေးများကို လုံခြုံသောအကွာအဝေးရှိသည့် တတိယထပ်တွင်နေစေခဲ့သည်။ သူတို့သည် လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ပြီး တာဝေးပစ် ပံ့ပိုးမှုပေးနိုင်သည်။ ရှောက်ချင်းကော်သည် တတိယထပ်ရှိ ပစ္စည်းများကို ကာကွယ်ပြီး အခြေအနေကို အကြောင်းကြားရန် အောက်ထပ်တွင် စာပေးပို့နိုင်သည်။ ယဲ့ချီ၊ ယွီဟန်ကျန်း၊ ဦးလေးဟူနှင့် လူငယ်များသည် လူဆိုးများကို ရှင်းလင်းရန် ရှေ့တန်းတွင် ရှိနေကြသည်။

လူများကိုင်ဆောင်ထားသော ကတ်များဖြင့် သူကစီစဉ်ပေးခဲ့သည်။

မိန်းကလေးများက ဒါကိုကြားပြီး သူတို့၏သွေးများက ဆူပွက်နေကြသည်။

လူတိုင်းမှာ အခန်းကဏ္ဍတစ်ခုရှိသည်။ လူတိုင်းကို တာဝန်ပေးအပ်ပြီး ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ အတူတကွ စည်းလုံးခြင်းဖြင့် ဤဖြစ်စဉ်ကို ရှင်းလင်းရန် မှန်ကန်သောနည်းလမ်းဖြစ်ခဲ့သည်။

#TK