Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 66 (3 of Clubs – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ၀၁)
မျက်နှာကြောသေနေသော ဆယ်ကျော်သက်လေးသည် တံခါးကိုဖွင့်လိုက်ရာ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဖြင့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
40 စတုရန်းမီတာနီးပါး ကျယ်ဝန်းသော အခန်းကို တွေ့လိုက်ကြသည်။ အလယ်ဗဟိုတွင် ကတ္တီပါထည်ဖြင့် ဖုံးအုပ်ထားသော စားပွဲရှည်ကြီးတစ်ခု ပါရှိပြီး စားပွဲ၌ ကုလားထိုင်ငါးလုံးရှိသည်။ အလယ်ခုံတွင် အနက်ရောင် Clubs အမှတ်အသား ပါရှိပြီး စောင့်ရှောက်သူ၏ ထိုင်ခုံဖြစ်ရမည်။ အခြားကုလားထိုင်လေးခုကို အနီဖြင့် နံပါတ် 1 နှင့် 3 ၊ အပြာဖြင့် နံပါတ် 2 နှင့် 4 အလှည့်ကျ မှတ်သားထားသည်။
ရှောက်ချင်းကော်က Clubs အခန်းသည် 2v2 အတွဲလိုက်ပြိုင်ပွဲဖြစ်ကြောင်း သူတို့ကို ပြောပြခဲ့သည်။
ရှောက်လုံ မော့ကြည့်လိုက်တော့ သူနဲ့ ယွီဟန်ကျန်းအပြင် အခန်းထဲမှာ စိန်ခေါ်သူ နှစ်ယောက်ရှိနေတာကို တွေ့လိုက်ရသည်။
ဤယောင်္ကျားနှင့် မိန်းမက စုံတွဲဖြစ်ရမည်။ နှစ်ယောက်သား နီးနီးကပ်ကပ် မတ်တတ်ရပ်နေကြပြီး ဆံပင်ပုံစံက 'စုံတွဲ' စတိုင်ပင်။ ကောင်မလေးသည် ရှည်လျားပြီး ကောက်ကွေးနေသော ကြက်သွေးရောင်ဆံပင်ရှိပြီး ကောင်လေးမှာ တိုတောင်းပြီး ကြက်သွေးရောင်ဆံပင်ရှိသည်။ သူတို့က အမွေးဆုပ်ဖွားဖွား ခွေးနှစ်ကောင်လိုပါပဲ။
ကောင်မလေးသည် ချစ်သူ၏လက်ကို ကိုင်ကာ အချင်းချင်း တိုးတိုးလေးပြောနေကြသည်။ သူတို့၏ဆက်ဆံရေးက အလွန်ကောင်းသည်။
ဆံပင်ပုံစံကို ကြည့်ပြီး လျှို့ဝှက်ခန်းတွေမှာ သူတို့ကို မတွေ့ဖူးဘူး။ သူတို့ကို 3 of Clubs တွင် ယှဉ်တွဲထားသောကြောင့် သူတို့၏ တိုးတက်မှုသည် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့နှင့် တူညီကြောင်း ညွှန်ပြနေသည်။ သူတို့သည် Clubs သို့မလာခင် အခြားလျှို့ဝှက်အခန်းများကို ဦးစွာရှင်းလင်းခဲ့ကြသည်။
သူတို့တွေ 3 of Spades မှာ မဆုံခဲ့ဘူးဆိုကတည်းက ဒီစုံတွဲသည် အခြားအပြိုင်ကမ္ဘာကို ရောက်နေတာ ဖြစ်လိမ့်မည်။
စောင့်ရှောက်သူက ပေါ့ပါးစွာဆိုသည်။ "3 of Clubs လျှို့ဝှက်ခန်း နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းမှ ကြိုဆိုပါတယ်။ စိတ်မပူပါနဲ့၊ ဒီ Clubs အခန်းက ကစားသမားတွေကို ဖယ်ထုတ်ဖို့ အတင်းအကြပ် မလုပ်ပေမဲ့ ရွှေဒင်္ဂါးပြားတွေ ဆုံးရှုံးသွားနိုင်ပါတယ်။"
"အရင်ဆုံး နံပါတ်ပြားကို ကိုင်ပြီး ထိုင်ခုံမှာထိုင်ပါ။"
သူက လူတစ်ယောက်ကို နံပါတ်ပြားတစ်ခုစီပေးလိုက်သည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် 1 နှင့် 3 ရပြီး စုံတွဲက 2 နှင့် 4 ဖြစ်သည်။
A of Clubs သည် ဖန်သားပြင်ကြီးကိုဖွင့်လိုက်ပြီး ဂိမ်း၏စည်းမျဉ်းများကို စတင်ရှင်းပြသည်။ "ဂိမ်းစတင်တာနဲ့ အနီအဖွဲ့နဲ့ အပြာအဖွဲ့အတွက် ချစ်ပ်တွေအဖြစ် ရွှေဒင်္ဂါး 100,000 ကို ကနဦးရန်ပုံငွေပေးအပ်လိမ့်မယ်။"
"Joker ကို ကတ်ကနေ ဖယ်ရှားထားမယ်။ ကျန် 52 ကတ်ကို လူလေးဦးစီ ဖြန့်ဝေမယ်။ လူတစ်ယောက်စီက ကျပန်း 13 ကတ်ရရှိမှာဖြစ်တယ်။ ဂိမ်းရဲ့ရည်ရွယ်ချက်က မင်းတို့ရဲ့လက်ထဲမှာရှိတဲ့ ကတ်အားလုံးကို ဖယ်ရှားပစ်ဖို့ပဲ။ ကိုယ့်လက်ထဲက ကတ်တွေကုန်သွားသရွေ့ အနိုင်ရတဲ့အဖွဲ့အဖြစ် အကဲဖြတ်ခံရမယ်။"
A of Clubs မှ ရှောက်လုံကို ကြည့်လိုက်သည်။ "ဥပမာ ပထမဂိမ်းမှာ နံပါတ် 1 က သူ့လက်ထဲကကတ်တွေ အရင်ကုန်သွားတယ်ဆိုပါစို့။ ဒါဆိုရင် နံပါတ် 1 နဲ့ နံပါတ် 3 ရှိတဲ့ အနီအဖွဲ့က အနိုင်ရမယ်။ အပြာအဖွဲ့က သူတို့လက်ထဲမှာကျန်ရှိတဲ့ ကတ်အရေအတွက်အတိုင်း အနီအဖွဲ့ကို လျော်ကြေးပေးရမယ်။ ကတ်တစ်ကတ်ရဲ့ စျေးနှုန်းက ရွှေဒင်္ဂါး 5,000 ပါ။"
ဆယ်ကျော်သက်လေး၏ လက်ချောင်းများက ကတ်များကို ညင်သာစွာချိုးလိုက်သည်။
52 ကတ်များကို အရောင်နှင့် နံပါတ်အလိုက် လေးတန်းဖြင့် အလျင်အမြန် စီထားသည်။
ဆယ်ကျော်သက်က ဆက်လက်၍ ပြောသည်။ "ကစားကွက်တွေမှာ Hearts၊ Spades၊ Diamonds၊ Clubs တွေက နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းကို ကိုယ်စားပြုတယ်။ ဒါကြောင့် ဒီဂိမ်းရဲ့ နာမည်က နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဖြစ်တယ်။ ဂိမ်းရဲ့စည်းမျဉ်းတွေက နံပါတ် 1 ကနေ နာရီလက်တံပြောင်းပြန်စတင်ရမှာဖြစ်တယ်။ ဂိမ်းကစားဖို့ မင်းတို့မှာ သုံးစက္ကန့်သာအချိန်ရှိကြောင်း သတိပြုပါ။ ကိုယ့်အရှေ့မှာ 3၊ 2၊ 1 ရေတွက်ချိန်ရှိမယ်။ တကယ်လို့ အချိန်ကုန်သွားပြီး ဘယ်ကတ်မှမချရင် ကတ်ချခွင့်ကို လက်လျှော့တယ်လို့ မှတ်ယူမယ်။"
"လူလေးယောက်စလုံးက ကတ်တစ်ခုထုတ်ပြီးတာနဲ့ တစ်ကျော့ပြီးသွားပြီ။ တစ်ကျော့ပြီးသွားတိုင်း တူညီတဲ့ suit ကတ်ကို ကစားရမှာဖြစ်တယ်။ မင်းတို့မှာ suit ကတ်ရှိရင် ကစားရမယ်။ suit ကတ်မရှိရင် ကျော်သွားရလိမ့်မယ်။ တစ်ကျော့ပြီးတိုင်း နံပါတ်အမြင့်ဆုံးကတ်ရှိသူက ကတ်တစ်ကတ်ကို ဦးစွာကစားခွင့်ရပြီး နောက်တစ်ကျော့မှာ suit ကို ရွေးချယ်ခွင့်ရမှာဖြစ်တယ်။ နံပါတ်အစဉ်လိုက်က A>K>Q>J>10>9>8>7>6>5>4>3>2 ဖြစ်တယ်။"
၎င်းသည် ကတ်ဂိမ်းများတွင် အသုံးအများဆုံး အစဉ်ဖြစ်သည်။ A က အကြီးဆုံးဖြစ်ပြီး K မှ 2 အထိ အစဉ်လိုက်ဖြစ်သည်။
ရိုးရှင်းသောနည်းဖြင့် လူတစ်ဦးသည် ပထမအကျော့တွင် Hearts ကတ်ကို ကစားပါက အခြားလူများသည် Hearts ကိုလည်း ကစားရမည်ဖြစ်သည်။ သူတို့မှာ ကတ်တွေမရှိရင် 'မတတ်နိုင်ဘဲ' နဲ့ ကျော်သွားရလိမ့်မည်။ ထိုအကျော့တွင် အမှတ်အများဆုံးရသူသည် နောက်အချီတွင် ပထမဆုံးကစားခွင့်နှင့် suit ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ဒီဂိမ်း၏ ရည်ရွယ်ချက်ကတော့ သူတို့၏ လက်ထဲကကတ်တွေကို ဖယ်ရှားဖို့ပါပဲ။ အဖွဲ့ဝင်များသည် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ပြီး သူတို့၏ အဖွဲ့ဝင်များ လက်ထဲတွင် ဘာတွေပါနေလဲ ခန့်မှန်းပေးရမည်။ သူသည် သူအဖွဲ့ဝင်ကတ်များကို ပိုမိုကြိုးစားပေးပို့နိုင်သည် သို့မဟုတ် သူ့တွင် မြင့်မားသောကတ်များပါရှိလျှင် ၎င်းတို့ကို ဦးစားပေးရယူပြီး အမြန်အဆုံးသတ်ရန် အသုံးချကာ အဖွဲ့ဝင်ကို အောင်ပွဲသို့ပို့ဆောင်ပေးနိုင်သည်။
အဖွဲ့ဝင်တစ်ယောက်တွင် Spades တစ်ကတ်သာရှိသော်လည်း ရှောက်လုံသည် အရူးအမူးကစားပါက အဖွဲ့ဝင် စိတ်ရှုပ်သွားမည်ဖြစ်သည်။
ရှောက်ချင်းကော်သည် ဝက်အဖွဲ့ဝင်တစ်ဦးနှင့်တွေ့ပြီးနောက် သူရှုံးလုနီးပါးဖြစ်ခဲ့သည်ပြောရခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ဤဂိမ်းသည် လူနှစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုကို လုံးဝကြည့်ရှုခဲ့သည်။
ကတ်ဂိမ်းကို စောင့်ကြည့်ပြီး ကစားပြီးသော ကတ်များကို မှတ်သားရမည်။ ထို့နောက် ပြိုင်ဘက်များနှင့် အဖွဲ့ဝင်များ၏ ကတ်များကို ချင့်ချိန်ရမည်။ ၎င်းသည် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းဂိမ်းတွင် အဓိကကျွမ်းကျင်မှုဖြစ်သည်။
စောင့်ရှောက်သူ: "စုစုပေါင်း ဂိမ်းလေးပွဲရှိတယ်။ ကိုယ့်လက်ထဲက ရွှေဒင်္ဂါးတွေအားလုံးကို ဆုံးရှုံးသွားရင် ကိုယ့်ကတ်တွေထဲက တစ်ခုကို ပြိုင်ဘက်က ကျပန်းရွေးချယ်ရမှာဖြစ်တယ်။ ကတ်တစ်ခုမဆုံးရှုံးစေဖို့အတွက် ဒီဂိမ်းကို မင်းတို့အလေးအနက်ထားဖို့ မျှော်လင့်တယ်။ စည်းမျဥ်းစည်းကမ်းတွေကို နားလည်ဖို့ တစ်မိနစ်အချိန်ပေးမယ်။"
ဂိမ်း၏စည်းမျဉ်းများသည် အတော်လေးရိုးရှင်းသောကြောင့် လူတိုင်းအား ပေးသောအချိန်က အလွန်တိုတောင်းပါသည်။
ရွှေဒင်္ဂါးများပါဝင်သည့် လောင်းကစားတစ်ခုဖြစ်သည်။ ဖယ်ရှားခြင်းမျိုး မရှိနိုင်သော်လည်း တစ်ဖက်မှ ကတ်ထုတ်ယူနိုင်သည်။ ရှောက်လုံသည် ထောင်ယွမ်မင် ဒါမှမဟုတ် ပိုင်ကျွီးရိကဲ့သို့သော သူ၏ S အဆင့်ကတ်များကို တစ်ဖက်အား မယူစေချင်ပါ။ ပြီးပြည့်စုံသော ရှင်းလင်းရေးကို ရရှိရန် မလွယ်ကူဘူး။
ဒီစုံတွဲက အပြန်အလှန် နားလည်မှုရှိရမည်။ သူနှင့် အဖွဲ့ခေါင်းဆောင်ယွီသည် အာရုံစူးစိုက်မှု ရှိရမည် ဖြစ်ပြီး လုံးဝရှုံးလို့မရပေ။
တစ်မိနစ်က မကြာမီ ကုန်ဆုံးသွားပြီး A of Clubs က ပြောလာသည်။ "ဂိမ်းစပါပြီ။ ကျေးဇူးပြု၍ အဆင်သင့်ပြင်ပါ။"
သူပြောပြီးတာနဲ့ အားလုံး၏ ထိုင်ခုံရှေ့မှာ LCD ဖန်သားပြင်က ရုတ်တရက် တက်လာပြီး သူတို့၏ အမြင်ကို ပိတ်ဆို့သွားပါသည်။ သေးငယ်သော လှုပ်ရှားမှုမျိုးစုံကို အသုံးပြု၍ ကစားသမားများအား လှည့်စားခြင်းမှ ကာကွယ်ရန် အလေ့အကျင့်တစ်ခုဖြစ်သည်။
ဥပမာအားဖြင့် ရှောက်လုံသည် သူ့လက်ထဲတွင် Clubs တစ်ခုရှိသည်ကို ညွှန်ပြရန် သူ၏လက်ချောင်းလေးများကို တိတ်တဆိတ် မြှောက်ပြနိုင်သည်။ ယွီဟန်ကျန်းသည် သူ့လက်ထဲတွင် Hearts များပြည့်နေကြောင်းပြသရန် မျက်တောင်ခတ်နိုင်သည်... သူတို့နှစ်ဦး စကားပြောရန်အတွက် ခန္ဓာကိုယ်အမူအရာကို အသုံးပြုနိုင်ပြီး ဂိမ်းကို သိသိသာသာ ပိုမိုလွယ်ကူစေသည်။
ရှောက်ချင်းကော်၏ 3 of Clubs ရှင်းလင်းချက်တွင် ဖန်သားပြင်ကို မဖော်ပြထားဘူး။ စောင့်ရှောက်သူက အဲဒါကို ယာယီ ထည့်ထားတာဖြစ်မည်။
A of Clubs က အဆိုပြုခဲ့သည်။ "မင်းတို့အားလုံးက 3 of Spades ကနေလာတာဖြစ်ပြီး 3 of Clubs ကို ရှင်းပြီးတဲ့သူတွေဆီက အချက်အလက်တွေရခဲ့တာဖြစ်နိုင်တယ်။ ဒီဖန်သားပြင်က တန်ပြန်အစီအစဉ်တွေကို ကြိုတင်ဆွေးနွေးခြင်းမှ ကာကွယ်ဖို့ဖြစ်တယ်။ နောက်ပိုင်းမှာ ဂိမ်းစတာနဲ့ ဖန်သားပြင်ပေါ်မှာ အခြားသူတွေကစားတဲ့ကတ်တွေကိုသာ မင်းတို့မြင်နိုင်မှာဖြစ်တယ်။ မင်းတို့ရဲ့အဖွဲ့ဝင်တွေကို မျက်လုံးချင်းဆုံပြီး လှည့်စားဖို့ မကြိုးစားနဲ့။"
အဖွဲ့ခေါင်းဆောင်ယွီနဲ့ မျက်လုံးချင်းဆုံဖို့ စိတ်ကူးထားသော ရှောက်လုံ: "…"
စောင့်ရှောက်သူက တကယ်ကို ကြိုသိနေတယ်။
ဤနည်းအားဖြင့် အဖွဲ့ဝင်များ၏ အပြုအမူနှင့် အမူအရာများကို မမြင်နိုင်ဘဲ သူတို့၏ 'အပြန်အလှန် နားလည်မှု' ကိုသာ အားကိုးနိုင်ကြသည်။
A of Clubs က ပြောသည်။ "ပထမဂိမ်၊ ငါတို့က နံပါတ် 1 ကနေစပြီး နာရီလက်တံပြောင်းပြန်အတိုင်း သွားမယ်။"
လူငယ်၏ သွယ်လျသောလက်များက လျင်မြန်စွာ ကတ်ဆွဲလိုက်ကာ လူတစ်ဦးစီကို ကတ် 13 ကတ်ထုတ်ပေးသည်။
ရှောက်လုံသည် သူ၏ကတ်များကို ကောက်ယူခဲ့ပြီး Hearts ခြောက်ကတ်၊ Diamonds သုံးကတ်၊ Clubs သုံးကတ်နှင့် Spades တစ်ကတ်တို့ကို ရရှိခဲ့သည်။
သူ့လက်ထဲမှာ A of Hearts ဖြစ်ရှိနေသည်။ ရှောက်လုံသည် A of Hearts ကို တိုက်ရိုက်အသုံးပြု၍ ရေကိုစမ်းသပ်ခဲ့သည်။
မိန်းကလေးက 7 of Hearts ဖြင့် နောက်ကနေ လိုက်ပါသွားကာ ယွီဟန်ကျန်းက 2 of Hearts ကို ကစားခဲ့ပြီး ဆံပင်ကောက်ကောက် ယောင်္ကျားလေးက K of Hearts ကို ကစားခဲ့သည်။
ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။ ဆံပင်ကောက်ကောက် ယောင်္ကျားလေးတွင် Hearts မရှိတော့တာဖြစ်နိုင်သည်။
အမှတ်များ၏ အဆင့်အရ A သည် အကြီးဆုံးဖြစ်ပြီး K က အနောက်မှလိုက်သည်။ ဤအကျော့တွင် ရှောက်လုံက အမှတ်အများဆုံးရခဲ့သည်မှာ ထင်ရှားသည်။ ဆံပင်ကောက်ကောက် ယောင်္ကျားလေးသည် သူ့လက်ထဲတွင် အခြား Hearts ကတ်များရှိပါက ၎င်းကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက် Hearts ကတ်၏ နောက်ထပ်အချီတွင် သူ၏ K သည် အကြီးဆုံးဖြစ်လိမ့်မည်။ ရှောက်လုံ၏ A of Hearts နှင့် ရင်ဆိုင်ရန် သူက K of Hearts ကို အသုံးပြုရန် မလိုအပ်ပါ။ ဤအချိန်တွင် သူ၏ K of Hearts ကို အသုံးပြုခြင်းက ကတ်ကြီးတစ်ခုကို ဖြုန်းတီးခြင်းနှင့် ညီမျှသည်။
ရှောက်လုံ၏ကတ်သည် အမြင့်ဆုံးဖြစ်ပြီး ဒုတိယအကျော့တွင် ပထမကစားခွင့်ရှိသည်။
သူက ပြုံးပြီး 4 of Heart ကို သုံးသည်။ မိန်းကလေးက 6 of Hearts နှင့်အတူ နောက်ကလိုက်လာပြီး ယွီဟန်ကျန်းက J of Hearts ကို တည်ငြိမ်စွာ ကစားခဲ့ကာ ဆံပင်ကောက်ကောက် အမျိုးသားက "ကျော်မယ်" ဟု ဆိုခဲ့သည်။
ယွီဟန်ကျန်း၏ J သည် အကြီးဆုံးဖြစ်ပြီး ရွေးချယ်ရန် ဦးစားပေးက သူ့လက်ထဲတွင်ရှိသည်။
ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီသည် အခြား suit ကို ကစားလိုက်မှာ စိုးရိမ်နေသော်လည်း ယွီဟန်ကျန်းက ရှောက်လုံ၏ အရိပ်အမြွက်ကို သိသာစွာ နားလည်ခဲ့သည်။
A of Hearts ကို ပထမဆုံးအသုံးပြုပြီး ဒုတိယအကျော့တွင် 4 of Hearts နှင့် ဆက်လက်လုပ်ဆောင်ခဲ့တာ ပရော်ဖက်ဆာရှောက်သည် သူ့လက်ထဲတွင် Hearts များစွာရှိပါသလား။
ထို့ကြောင့် ယွီဟန်ကျန်းသည် တတိယအကျော့တွင် ပူးပေါင်းကာ 8 of Hearts ကို ကစားခဲ့သည်။
အစဉ်က နာရီလက်တံပြောင်းပြန်ဖြစ်ပြီး ဆံပင်ကောက်ကောက် ယောင်္ကျားလေးအလှည့်ဖြစ်သည်။ သူက စိတ်ဓာတ်ကျသောပုံစံနဲ့ ပြောခဲ့သည်။ "ငါမတတ်နိုင်ဘူး။"
ရှောက်လုံ၏အလှည့်ဖြစ်သည်။ သူက Q of Hearts ကို ကစားခဲ့သည်။ A of Hearts နှင့် K of Hearts ကို ကစားပြီးကတည်းက သူ၏ Q သည် အကြီးဆုံးဖြစ်၏။
ဆံပင်ကောက်ကောက် မိန်းကလေး၏ မျက်နှာက ရုပ်ဆိုးကာ 9 of Hearts ဖြင့် ကစားခဲ့သည်။
လေးကျော့ ပြီးသွားသည်။ ရှောက်လုံ၏ Q of Hearts သည် အကြီးဆုံးဖြစ်ပြီး ဦးစားပေးအခွင့်အရေးများ ရရှိနေဆဲဖြစ်သည်။ လက်ကျန်ကတ်အရေအတွက်ကို အမြန်တွက်ချက်လိုက်သည်။ လေးကြိမ်ပြီးသွားပြီး Hearts ကတ်ဆယ်ကတ်ကို ကစားခဲ့သည်။ ကျန်သောသုံးကတ်က သူ့လက်ထဲမှာ ရှိသည်။
ရှောက်လုံ၏နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးသွားကာ 3 of Hearts ကို ကစားခဲ့သည်။
ဆံပင်ကောက်ကောက် မိန်းကလေးက ပြောလိုက်သည်။ "ငါ့မှာ မရှိဘူး။"
ယွီဟန်ကျန်းက ကျော်သွားသည်။
နံပါတ် 4 လူ၏ အသံက ရှင်းရှင်းလင်းလင်း စိတ်မသက်မသာဖြစ်သွားသည်။ "ဘာမှမရှိဘူး။"
ရှောက်လုံသည် 5 of Hearts ဖြင့် ဆက်လက်ကစားခဲ့သည်။ ကျန်သုံးယောက်မှာ လက်ထဲတွင် Hearts မရှိသဖြင့် ကျော်သွားကြသည်။ ရှောက်လုံက 10 of Hearts ဖြင့် ထပ်မံကစားခဲ့သည်။
ကျန်သုံးယောက်က သူတစ်ယောက်တည်း ဖျော်ဖြေတာကိုပဲ ကြည့်နေကြရသည်။
Hearts ကတ် 13 ကတ်စလုံးကို ကစားခဲ့သည်။ ယွီဟန်ကျန်း၏အကူအညီကြောင့် ရှောက်လုံသည် တစ်ခါတည်းတွင် ကတ်ခြောက်ကတ်ကစားခဲ့သည်။ စုံတွဲနှစ်ယောက်ထဲတွင် ယောင်္ကျားလေးက ကတ်တစ်ကတ်သာ ကစားခဲ့ပြီး မိန်းကလေးက ကတ်သုံးကတ် ကစားခဲ့သည်။
ဒါက ကြီးမားသော နိုင်ပွဲဖြစ်ခဲ့သည်။
ရှောက်လုံက သူ့လက်ကို ကြည့်လိုက်သည်။ ကျန်ကတ်များအနက် သူ၏ Diamonds ကတ်သုံးကတ်က အတော်လေးသေးငယ်သည်။ သူ၏ Clubs ကတ်သုံးကတ်အနက်မှ ကြီးမားသော K of Clubs၊ 10 of Clubs နှင့် 6 of Clubs ရှိသည်။ ထိုအချိန်တွင် သူ၏တစ်ဦးတည်းသော Spades ကတ်က 8 of Spades ဖြစ်သည်။
ဖြစ်နိုင်ခြေအရ ဆံပင်ကောက်ကောက် အမျိုးသားတွင် Hearts ကတ်တစ်ကတ်သာ ရှိပြီး သူ့တွင် Spades နံပါတ်ကြီးရှိဖွယ်ရှိသည်။ ၎င်းတွင် Diamonds၊ Clubs နှင့် Spades အရေအတွက် တူညီနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကတ်ကြီးတစ်ခုဖြင့် ရေကိုစမ်းသပ်ရန် မှန်ကန်ပါသည်။
ရှောက်လုံက အဲဒါကို စဉ်းစားပြီး K of Clubs ကို ကစားခဲ့သည်။
မိန်းကလေးသည် 5 of Clubs ကို ကစားခဲ့ပြီး ယွီဟန်ကျန်းက 3 of Clubs ကိုကစားခဲ့ကာ ဆံပင်ကောက်ကောက် ယောင်္ကျားလေးက 4 of Clubs ကိုကစားခဲ့သည်။
ရှောက်လုံ၏ မျက်လုံးများ တောက်ပလာပြန်သည်။
အဖွဲ့ခေါင်းဆောင်ယွီမှာ A of Clubs ရှိတယ်။
ဒီဂိမ်းက 2v2 ပွဲပါ။ သူက K of Clubs ကစားခဲ့သည်။ အကယ်၍ စုံတွဲမှာ ပိုကြီးသော A of Clubs ရှိပါက သူ့ကို ဖိနှိပ်ပြီး ရွေးချယ်ပိုင်ခွင့်ကို ပြန်လည်ရရှိဖို့ ၎င်းကိုအသုံးမပြုဘူးဆိုတာ အကြောင်းပြချက်မရှိပေ။ သို့သော် သူတို့စုံတွဲသည် A of Clubs မကစားခဲ့ကြပေ။ A of Clubs သည် အဖွဲ့ခေါင်းဆောင်ယွီနှင့်အတူ ရှိနေကြောင်း ထင်ရှားပါသည်။
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က အဖွဲ့ဝင်များဖြစ်သည်။ ရှောက်လုံ၏ K of Clubs ကိုဖိနှိပ်ရန် A of Clubs ကိုအသုံးပြုရန်မလိုအပ်ပါ။
ရှောက်လုံက ပြုံးပြီး 6 of Clubs ကို ကစားခဲ့သည်။
မိန်းကလေးသည် Q of Clubs တွင် ကစားခဲ့သော်လည်း ၎င်းနောက်တွင် ယွီဟန်ကျန်းသည် A of Clubs ကို တိုက်ရိုက်ကစားခဲ့သည်။ သူမကတ်ကို ဖိနှိပ်ဖို့ သူ တွန့်ဆုတ်မနေဘူး။
ဆံပင်ကောက်ကောက် ယောင်္ကျားလေးသည် စိတ်ဓာတ်ကျသည့်ပုံစံဖြင့် 8 of Club ကို ကစားခဲ့ရသည်။
ရွေးချယ်ပိုင်ခွင့်သည် ယွီဟန်ကျန်း၏လက်ထဲတွင်ရှိသည်။ သူသည် Clubs များကို ဆက်လက်ကစားပြီး ရှောက်လုံသည် ကျန်ရှိသော Clubs ကတ်ကို ဖယ်ရှားပစ်ခဲ့သည်။
Diamonds suit အများအပြားသည် မိန်းကလေး၏ လက်ထဲတွင် ရှိနေသည်။ ယွီဟန်ကျန်းသည် Clubs ကစားအပြီးတွင် သူသည် Spades သို့မဟုတ် Diamonds ကစားရမည်ဖြစ်သည်။ သူသည် Diamonds ကို ပထမဆုံးကစားခဲ့ပြီး ဆံပင်ကောက်ကောက်အမျိုးသမီးသည် A of Diamonds ဖြင့် အခွင့်အရေးကို ပြန်လည်ရယူခဲ့သည်။
သူမက Diamonds နဲ့ ဆက်ခဲ့သည်။ ရှောက်လုံသည် သူမနောက်မှလိုက်ကာ Diamonds များအားလုံးကို ဖယ်ရှားလိုက်သည်။
မရည်ရွယ်ဘဲ သူ့လက်ထဲမှာ ကတ်တစ်ကတ်ပဲ ကျန်တော့သည်။
နံပါတ် 1 မှာ ကတ်တစ်ကတ်ပဲ ကျန်တော့တယ်ဆိုတာကို မိန်းကလေးက ရိပ်မိပြီး သိသိသာသာကို စိတ်ပူသွားသည်။ သူမသည် သူမချစ်သူ၏အမူအရာကို မမြင်နိုင်သော်လည်း သူမချစ်သူ၏လက်ထဲတွင် Spades များစွာရှိနိုင်သည်ဟု သူမခန့်မှန်းနိုင်သည်။ Spades တွေသာ ထွက်မလာဘူး...
မိန်းကလေးသည် သူမ၏ သွားများကို အံကြိတ်ကာ 2 of Spades ကို ကစားခဲ့သည်။
ဆံပင်ကောက်ကောက် ယောင်္ကျားလေးသည် A of Spades ကို အမှန်တကယ် ပစ်ချလိုက်သော်လည်း… ရှောက်လုံလည်း ပြုံးကာ သူ၏နောက်ဆုံးကတ်ဖြစ်သည့် 8 of Spades ကို ကစားခဲ့သည်။
ဧည့်ခန်းထဲမှာ စောင့်ရှောက်သူ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ "နံပါတ် 1 က ကတ်အားလုံးကုန်သွားပြီ။ အနီအဖွဲ့က ဒီဂိမ်းကို အနိုင်ရတယ်။ အပြာအဖွဲ့က ကိုယ့်လက်ထဲမှာ ကျန်နေတဲ့ ကတ်အရေအတွက်ကို ရေတွက်ပါ။"
စုံတွ၏ မျက်နှာက အလွန်ရုပ်ဆိုးလာသည်။
နံပါတ် 1 မှာ Hearts တွေ အလွန်များပြီး Spades က ထွက်မလာဘူး။ တစ်ဖက်က အနိုင်ရသောအခါမှ ကတ်ကစားခွင့်က သူ့လက်ထဲသို့ ရောက်လာခဲ့သည်။
မိန်းကလေးမှာ ကတ်သုံးကတ်ကျန်ခဲ့ပြီး ဆံပင်ကောက်ကောက် ယောင်္ကျားလေးမှာ ကတ်ခုနစ်ကတ်ကျန်ရှိခဲ့သည်။
စောင့်ရှောက်သူက အဆိုပြုခဲ့သည်။ "အပြာအဖွဲ့မှာ ကတ်ဆယ်ကတ်ကျန်တယ်။ ကျေးဇူးပြုပြီး အနီအဖွဲ့ကို ရွှေဒင်္ဂါး 50,000 ပေးပါ။"
ယခင်က လျှို့ဝှက်ခန်းများမှ ရရှိသော ရွှေဒင်္ဂါးများအားလုံးကို အေးခဲသွားခဲ့သည်။ သူတို့မှာ Clubs စောင့်ရှောက်သူပေးထားသော ရွှေဒင်္ဂါး 100,000 ပဲရှိသည်။ ရလဒ်မှာ ပထမဂိမ်းတွင် စုံတွဲက 50,000 တိုက်ရိုက်ရှုံးခဲ့ပြီး တစ်ဝက်သာ ရှိတော့သည်။
သူတို့လက်ထဲတွင် ကတ်များစွာ ကျန်နေခဲ့သည်။
သော့ချက်မှာ ဆံပင်ကောက်ကောက် ယောင်္ကျားလေးသညိ သူ့လက်ထဲတွင် Spades များစွာ ရှိနေသည်။ သူ့ကောင်မလေးသည် A of Diamonds နှင့် suit ရွေးချယ်ခွင့်ကို ပြန်လည်ရရှိခဲ့သော်လည်း Diamonds ကို ဆက်လက်ကစားခဲ့သည်။ သူမသည် Spades ကိုမကစားဘဲ သူက သေလောက်အောင် စိုးရိမ်ကြောင့်ကျဖြစ်ခဲ့သည်...
ယောင်္ကျားလေးသည် ချစ်ပ်ပြား 50,000 ကို စားပွဲအလယ်သို့ တည်ငြိမ်စွာ တွန်းချလိုက်သည်။
ဒုတိယပွဲမှာတော့ သူတို့အရင်ကစားပြီး သူပြန်အနိုင်ရမှာသေချာပါသည်။ ထိုလူက စိတ်ချလက်ချ တွေးလိုက်သည်။
#TK