Chapter 158
Viewers 12k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 158

၂မိနစ်နဲ့ ၁၀စက္ကန့် (၁)



ဖီးနစ်ရရှိခြင်းဝါးပင်တစ်ပင်က မီတာ ရာချီမြင့်မားပေသည်။ သို့သော် ဖီးနစ်အစစ်တစ်ကောင်နှင့် နှိုင်းယှဉ်ပါက ၄င်းမှာ အတန်ပင်သေးသည်ဟု စကားရှိကြပေသည်။ 


ရှေးခေတ်အချိန်များက နယ်မြေများတစ်ဝိုက်တွင် စိတ်ဝိညာဉ်စွမ်းအင် အများအပြားရှိကြပြီး တိုက်ပွဲများလည်း အလွန်များပေသည်။ လူတိုင်းက သူတို့၏ ကျင့်ကြံခြင်းကို တတ်နိုင်သမျှ မြင့်တင်နိုင်ပေသည်။ သို့သော် လူသားမျိုးနွယ်က အခြားမျိုးနွယ်များနှင့် အမှီလိုက်ရန် နှစ်ပေါင်းများစွာ ကြိုးစားပြီးသည့်တိုင် သူတို့၏ ကျင့်ကြံခြင်းအရှိန်နှင့် ပါရမီမှာ နတ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ ၄င်းမှာ  လူသားမျိုးနွယ်၏ မွေးရာပါ ချို့တဲ့ခြင်းဖြစ်ပေသည်။ 


လက်ရှိတွင် မြူနှင်းဝေလငါးပေါက်လေးတစ်ကောင်၏ အရွယ်အစားမှာ ထိတ်လန့်ဖွယ် ကြီးမားပေသည်။ သို့သော် သူတို့က ရှေးအချိန်က ဖြစ်ပါလျှင် ထိုမြူနှင်းဝေလငါးပေါက်၏ အရွယ်အစားမှာ အလယ်အလတ်ဟု ယူဆ၍ ရနိုင်ပေသည်။ 


စွေ့ချီချောင်းက အိတ်ဆောင်အရွယ် လှိုဏ်ဂူများနှင့် အချိန်ကြာမြင့်စွာ စမ်းသပ်မှု ပြုလုပ်နေခြင်းကြောင့် ဤနေရာတွင် အိမ်တစ်လုံး ဆောက်ထားရပေသည်။ ပစ္စည်းများက အလွယ်တကူ ရရှိနိုင်သော ဤနေရာရှိ လယ်ကွင်းများထဲမှ ဖီးနစ်ရရှိခြင်းဝါးပင်ကို အသုံးပြုလိုက်ပေသည်။


စွေ့ချီချောင်းနှင့် အမတထန်ဝေ့မှာ သူ့ ဝါးအိမ်လေး၏ ဒုတိယအထပ်ရှိ စင်ပေါ်တွင် လက်ဖက်ရည် သောက်နေကြသည်။ ထူးကဲရေ၏ ဆည်မြောင်းစနစ်အောက်တွင် ဖီးနစ်ရရှိခြင်းဝါးပင်၏ နယ်ပယ်အများအပြားမှာ ၄င်း၏ ကြီးထွားမှုအစမှ နေ့တိုင်း မီတာအနည်းငယ် ကြီးလာပေသည်။ သီးနှံများက ရက်အနည်းငယ်အတွင်းပင် သူ့ဝါးအိမ်လေးထက် မြင့်မားကာ ထူထပ်လာမည် ဖြစ်သည်။ ဝါးနုများနှင့် တူနေဆဲဖြစ်သည့် သီးနှံများ၏ သွင်ပြင်မှ ဆုံးဖြတ်ပါက ဝါးပင်၏အဝန်းကို ဖက်နိုင်ရန် လူသုံးဦးခန့်လိုမည်ဟု သူတွက်ချက်မိပေသည်။ 


"အရင်တုန်းက ဖီးနစ်ရရှိခြင်းဝါးပင်တစ်ပင်ဆို ဘယ်လောက်တောင် ကြီးလဲ..."

စွေ့ချီချောင်းက မေးလိုက်သည်။ 


သူက ဖီးနစ်များ ဝါးပင်ကို မည်သို့စားမည်နှင့် ဖီးနစ်များက ဝါးတောထဲသို့ အစာရှာ သွားကာ ကြက်များကဲ့သို့ ထိုးဆိတ်မည်ကို တွေးနေခြင်းဖြစ်သည်။ 

အဲ့လိုသာဆိုရင် ဖီးနစ်တစ်ကောင်ကို ဘယ်လောက်တောင် ကြီးနေမှာလဲ...


အမတထန်ဝေ့က တွေးလိုက်သည်။ 

"ဖီးနစ်အကြီးတစ်ကောင်က ပခုံးအထိ အမြင့် မီတာ၂၀၀လောက်ထိရှိတယ်..."


စွေ့ချီချောင်းက အတန်ကြာအောင် တွေးတောလိုက်သည်။ ၄င်း၏ လည်ပင်းအမြင့်ပါ ထပ်ပေါင်းလိုက်ပါက ဖီးနစ်တစ်ကောင်၏ အရွယ်မှာ အလွန်ကြီးမားပေလိမ့်မည်။ 

"ကံမကောင်းတာတစ်ခုက ငါတို့က ကျင့်ကြံရေးလောကထဲမှာရောက်နေတာတောင်မှ ဖီးနစ်ရော နဂါးရော မတွေ့ရသေးဘူးနော်..."


၄င်းတို့မှာ LJJ၏ ပရိုဂရမ်မာများက ကမ္ဘာအစစ်ထဲရှိ ဒဏ္ဍာရီများအရ ဒီဇိုင်းဆွဲထားသည်မှာ သိသာလှသည်။ သို့သော် ဤမှတ်ဉာဏ်တုလေယာဉ်၏ ဆက်တင်ထဲတွင် ၄င်းတို့အားလုံးမှာ ကျောင်းများ၊ မြွေများ နှင့် ဒေါင်းများကဲ့သို့ သူတို့၏ သွေးဆက်များကို  မဟာနတ်ဘုရားများ၏ အထက်နယ်မြေများထဲသို့ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။ 

(ကျောင်းဆိုတာက နဂါးထက် တစ်ဆင့်နိမ့်တဲ့ သတ္တဝါမျိုးကိုဆိုလိုပါတယ်)


သူတို့၏ တာအိုကို ပြည့်စုံခြင်းအထိ ကျင့်ကြံသည့် လူတစ်ဦးက ရွှေနဂါးတစ်ကောင်ကို မြင်နိုင်မည်ဟု ဆိုရိုး ရှိပေသည်။ သို့သော် ဤသည်က ဒဏ္ဍာရီများထဲတွင်သာ ဖြစ်သည့် တစ်စုံတစ်ခုဖြစ်ပေသည်။ 


မည်သို့ပင်ဆိုစေ ၎င်းက တရုတ်ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ စွေ့ချီချောင်းက ဆန်းကြယ်ဒဏ္ဍာရီနှင့် ကျင့်ကြံအကြောင်းကို များစွာမသိသော်လည်း နဂါးများနှင့် ဖီးနစ်များကို စိတ်မဝင်စားရန်က သူ့အတွက် ခက်ခဲလှပေသည်။ 


"မင်း မြင်ဖူးချင်ရင် ရပါတယ်..."

အမတ ထန်ဝေ့က လက်ဖက်ရည်တစ်ခွက်သောက်ပြီး ဆိုလိုက်သည်။ 

"ငါ့ကို တောင်းဆိုကြည့်လေ... ငါပြမယ်..."


စွေ့ချီချောင်းက သူ့ကို လျစ်လျူရှုကာ ဝါးထိုင်ခုံပေါ်တွင် အတန်ကြာအောင် လှဲချလိုက်သည်။ သူက ရုတ်တရက် ထရပ်ကာ သူ့အဝတ်အစားများကို  ချွတ်လိုက်သည်။ 


အမတထန်ဝေ့မှာ အလွန်လန့်သွား၍ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးနီးပင်ဖြစ်၍ညကျယ်လောင်စွာ ချောင်းဆိုးလိုက်ကာ လက်ဖက်ရည် သီးသွားလေသည်။


ဤနေရာမှာ ဖီးနစ်ရရှိခြင်း ဝါးပင်ကို စိုက်ပျိုးရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်၍ မည်သည့် နတ်ဆိုးမှ ရှိမနေချေ။ ဤနေရာ ဝန်းကျင်တွင် နတ်ဆိုးအနည်းငယ် ရှိသော်လည်း သူတို့က ဝါးတောကြီးတစ်ခုတွင် ရှိနေပေသည်။ နတ်ဆိုးများက ဘာမှ မြင်နိုင်မည် မဟုတ်ပေ။ 


စွေ့ချီချောင်း၏ လှုပ်ရှားမှုများက အလွန်သွက်လက်နေသည်။ သူက မကြာမီပင် သူ့အပေါ်ပိုင်းမှ အဝတ်များအားလုံးကို ချွတ်ကာ အပေါ်ပိုင်းကို ဗလာကျင်းလိုက်လေသည်။ ယခုတွင် သူက ပါးလွှာသော ပိုးဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူ့လက်များက ဘောင်းဘီစည်းကြိုးကို ကိုင်ထားလေသည်။ 


ဘာ-ဘာလို့ သူက ရုတ်တရက်ကြီး ငါ့ကို တောင်းဆိုမှာလဲ...


ဒါပေမဲ့ ဒီလို တောင်းဆိုနည်းက နည်းနည်း ထူးဆန်းတယ် မဟုတ်လား... 


၄င်းကို မြင်ကာ အမတထန်ဝေ့က စိတ်သောက ရောက်နေပေသည်။ 


အမတထန်ဝေ့က စိတ်အေးအေးထားကာ သူ့ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ချွေးများကို သုတ်ကာ စွေ့ချီချောင်းကို အေးစက်စွာ ကြည့်လိုက်သည်။ 

"ဟင်..."


စွေ့ချီချောင်းက သူ့အဝတ်များကို ဆက်ချွတ်ကာ သူ့၏ ပိုးဘောင်းဘီကို ဆက်ချွတ်လိုက်သည်။ သူက ယခုတွင် အတွင်းဘောင်းဘီတစ်ထည်တည်းနှင့်သာ ဖြစ်နေလေပြီ။ ထို့နောက် သူက တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါမင်းကို ဘယ်သူလဲဆိုတာ မမေးပါဘူး... ဒါပေမဲ့ မင်းရဲ့အပြုအမူတွေက အခုဆို တရားမဝင် ဖြစ်လောက်နေပြီ... LJJက မင်းကို စောင့်ကြည့်နေတာ... မင်းက အရမ်းသိသာအောင်လုပ်နေတာ အခု ရပ်ချိန်တန်ပြီ..."


LJJ၏ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးစက်များအရ စွေ့ချီချောင်း၏ အရေပြားက အတိုင်းအတာတစ်ခုအထိ ပေါ်လာလျှင် ဖန်သားပြင်မှာ အလိုအလျောက် ဝါးသွားမည် ဖြစ်ပြီး LJJ၏ ဝန်ထမ်းများသည်ပင် မည်သည်ကိုမှ မြင်နိုင် ကြားနိုင်မည် မဟုတ်ပေ။ 


ဤသည်မှာ စွေ့ချီချောင်းက ရှောင်ပိုင်နှင့် ပွင့်ပွင့်လင်းလင်းပြောရန် ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ သူက အခြားသူများက သူတို့ကို ကြားခြင်း မြင်ခြင်းမှ ရှောင်နိုင်မည်ဖြစ်သည်။ စွေ့ချီချောင်းက LJJနှင့် သဘောတူညီချက်တစ်ခု စာချုပ်ချုပ်ထားသော်လည်း သူက ရှောင်ပိုင်နှင့်အတူ မှတ်ဉာဏ်တုလေယာဉ်များတွင် ရှိနေသည်မှာ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်သည်။ ရှောင်ပိုင်နောက်တွင် မည်သူ ရှိနေသည်ဖြစ်စေ သူက ရှောင်ပိုင်အပေါ် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ 


ရှောင်ပိုင် အစောက ပြောလိုက်သည့် စကားများ နောက်ကွယ်မှ အဓိပ္ပာယ်များမှာ အလွန်ရှင်းလင်းပေသည်။ သူက dataကို လက်တစ်လုံးခြားလုပ်ကာ နဂါးများနှင့် ဖီးနစ်များကိုကြည့်ရန် ခေါ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။  ရှောင်ပိုင်က အလွန်အစွမ်းထက်၍ LJJ၏ ရှာဖွေမှုမှ လွတ်မြောက်နိုင်သော်လည်း ဂယက်ရိုက်မှု အများအပြား ရှိနေဆဲ ဖြစ်သည်။ 


အမတထန်ဝေ့က တံတွေး မျိုချလိုက်သည်။ သူက အဘယ့်ကြောင့် အနည်းငယ် စိတ်ဓာတ်ကျနေသည်ဟု ခံစားရသည်ကို မသိချေ။ 

"အိုး... မင်းက အဲ့အကြောင်းပြောနေတာပဲ..."


စွေ့ချီချောင်း - "..."


စွေ့ချီချောင်းက ပြန်ဖြေလိုက်သည်။

"ငါက အဲအကြောင်းပြောနေတာ မဟုတ်ရင် ဘယ်အကြောင်းပြောတာ ဖြစ်ရဦးမှာလဲ..."


******


"ဒါရိုက်တာလင်း... ဒါရိုက်တာလင်း..."


လင်းလင်းမှာ ရုံးခန်းထဲတွင် ထိုင်ကာ ဆံပင်ကျွတ်သက်သာစေရန် ဆေးသောက်နေခြင်း ဖြစ်သည်။  သူမ၏ လက်အောက်ငယ်သားများက သူမထံသို့ အလန့်တကြား အော်ပြီး ပြေးလာသည်ကို သတိပြုလိုက်မိပေသည်။ သူမ သက်ပြင်းချကာ မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ..."


တစ်ဖက်က တံတွေးမျိုးချလိုက်သည်။ 

"စွေ့ချီချောင်းရဲ့ဘက်မှာ..."


၄င်းကို ကြားသည်နှင့် လင်းလင်းက သူမ၏ နှလုံးသားမှာ စူးအောင့်သွားပြီဟု ခံစားလိုက်ရပြီးဖြစ်သည်။ 


"...ဖန်သားပြင်က ဝါးသွားတယ်... သူက ရှောင်ပိုင်နဲ့ ရှိနေတုန်း ရုတ်တရက်ကြီး အဝတ်တွေ ချွတ်ချလိုက်တာ..."


"အဟွတ်... အဟွတ်..."

လင်းလင်းက ဆေးပင် သီးလုနီးပါးဖြစ်သွားကာ ချက်ချင်း ဆံပင်အမြောက်အများ ကျွတ်သွားသည်ဟု ခံစားလိုက်ရပေသည်။ 

"အခြေအနေက ဘယ်လိုလဲ... ငါကြည့်ဦးမယ်..."


လင်းလင်းမှာ ဤရက်ပိုင်းတွင် စွေ့ချီချောင်း၏ ပရိုဂရမ်ကို တည်းဖြတ်ရန် ခေါင်းဆောင်နေပေသည်။ သူက ဖန်သားပြင်ကို မြင်သည်နှင့် စွေ့ချီချောင်းမှာ ရှောင်ပိုင်က "ငါ့ကို တောင်းဆိုကြည့်လေ"ဟု ပြောပြီးနောက် အဝတ်စချွတ်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် စွေ့ချီချောင်း၏ ပုံရိပ်က ရှောင်ပိုင်နှင့် ထပ်သွားကာ ဖန်သားပြင်က ဝါးသွားလေသည်။ ထို့နောက် မည်သည်ကိုမှ မကြားရ၊ မမြင်ရချေ။


လင်းလင်း - "..."


တစ်စုံတစ်ဦးက လင်းလင်းကို နှစ်သိမ့်လိုက်သည်။ 

"ဒါရိုက်တာ... အကောင်းဘက်က တွေးကြည့်ပါ... စွေ့ချီချောင်းက ကျွန်မတို့ နားထောင်မှာကို ရှောင်ပြီး ရှောင်ပိုင်နဲ့ စကားနည်းနည်းပြောချင်တာလည်း ဖြစ်မှာပါ... သူက ထင်ရာစိုင်းတတ်တဲ့ လူမျိုး မဟုတ်ပါဘူး... ဒါမှမဟုတ် သူက ရှောင်ပိုင်ကို ဖီးနစ်တစ်ကောင်ပြဖို့ တကယ်ကြီး တောင်းဆိုနေတာလား..."


သို့သော် အခြားသူများက မကျေမနပ်ဆိုနေကြသည်။ 

"မဟုတ်ပါဘူး... စွေ့ချီချောင်းက ရှောင်ပိုင်ကို တောင်းဆိုတာကို ငါတို့က ဘယ်လိုလုပ်ပြီး တိတ်တိတ်လေး လက်ခံနိုင်မှာလဲ..."


အခြားတစ်ဦးက ပြန်လည်ချေပလိုက်သည်။

"ဒါပေမဲ့ ဒီနည်းလမ်းက ရှောင်ပိုင်နဲ့ ဆက်ဆံမယ်ဆိုရင် လုံးဝကို အကျိုးရှိတယ်လေ..."


"အဲ့ဒါ အမှန်ပဲ..."


စွေ့ချီချောင်း ရေချိုးကာ အဝတ်အစားလဲနေသည့် အချိန်များမှ လွဲ၍ ဤသည်မှာ ဖန်သားပြင်ဝါးခြင်းတစ်ခု ပေါ်လာသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဘာဖြစ်သည်ကို မသိသည့် လူများက သေချာပေါက် ဘာဖြစ်သွားသလဲဆိုသည်ကို တွေးတောစိတ်ကူးယဉ်ကြည့်ပေလိမ့်မည်။  


"ဒါတွေ အကုန်လုံး ဖျက်ပစ်ချင်တာ သေချာရဲ့လား..."

တစ်စုံတစ်ဦးက မေးလိုက်သည်။ 

"နောက်ဆို ငါတို့က အစီအစဉ်ကို ဘယ်လို ဆက်ပြီးထုတ်လွှင့်ရတော့မှာလဲ... ရှောင်ပိုင်က dataကို ခြယ်လှယ်လာနိုင်တဲ့ အခွင့်အရေး အသေးစားတစ်ခုရှိတာ ငါတို့သိတယ်လေ..."


"နင်တို့တွေအကုန် ရှောင်ပိုင်ကို မဖမ်းနိုင်ရင် တစ်ညလုံး အလုပ်လုပ်ပြီး ပြန်အလျော်ပေးရမယ်... ဇာတ်ကွက်တစ်ခု လုပ်လိုက်ကြ..."

လင်းလင်းက အံတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။ 

"နင်တို့အကုန်လုံး ရှောင်ပိုင်ကို ဖမ်းနိုင်ခဲ့ရင် ပရိုဂရမ်မာကိုယ်တိုင် ရှောင်ပိုင်နေရာမှာ ဇာတ်ကွက်အဆုံးအထိ သရုပ်ဆက်ဆောင်လိုက်..."


လူတိုင်း - "..."


ဒါရိုက်တာက အနည်းငယ် ရူးသွပ်နေဟန် ရပေသည်။


"ပြီးတော့ ဒီအပိုင်းက..."

လင်းလင်းက သူမမျက်လုံးများကို မှိတ်ကာ ဆိုလိုက်သည်။ 

"မဖြတ်လိုက်နဲ့... ပရိသတ်ကို လွှင့်လိုက်... ဒီအပိုင်းက အရမ်းပေါက်မှာ... ဘာလို့ ဖြတ်ပစ်ရမှာလဲ... ပရိသတ်ကို နာကျင်သွားအောင် လွှင့်လိုက်..."


လူတိုင်း - "..."


သူ ဘယ်လိုလုပ်ပြီး "ပရိသတ်ကို နာကျင်သွားအောင် လွှင့်လိုက်"လို့ ပြောနိုင်ရတာလဲ...


......


စွေ့ချီချောင်းက ရှောင်ပိုင်နားသို့ ရည်ရွည်ချက်ဖြင့် လျှောက်လာလိုက်သည်။ ဤနည်းဖြင့် ဖန်သားပြင်၏  နေရာလပ်မှာ ပို၍ဝါးသွားကာ မည်သည့်အချက်အလက်မှ ပေါက်ကြားမည် မဟုတ်ချေ။


အမတထန်ဝေ့က စွေ့ချီချောင်းနှင့် အတန်ကြာအောင် နေခဲ့ပေသည်။ ဤသည်မှာ စွေ့ချီချောင်း ကိုယ်လုံးတီးဖြစ်နေသည်ကို သူမြင်ဖူးသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။ သူ ကြောင်တစ်ကောင်ဖြစ်နေစဉ်က စွေ့ချီချောင်း၏ ရေချိုးကန်ပေါ်သို့ ခုန်တက်ခဲ့ဖူးပေသည်။ 


သူက ယခုတွင် လူသားခန္ဓာကိုယ်တစ်ခုထဲသို့ ရောက်နေ၍လား သူ့၏ လောလောဆယ် ခံစားချက်က ပြောင်းလဲသွားပြီး စွေ့ချီချောင်း သူ့၏ အကြီီးအကဲဖြစ်သူ သူ့ကို မလေးမစားပြုလုပ်ခြင်းကို သည်းမခံနိုင်၍လား မသေချာပေ။ စွေ့ချီချောင်း နီးကပ်လာသည်နှင့် သူက အနည်းငယ် ထူးဆန်းသည်ဟု ခံစား ပေသည်။ 


စွေ့ချီချောင်းမှာ သူ့ကို ဖြေရန် တွန်းအားပေးနေဆဲ ဖြစ်သည်။ 

"ငါက ဘာအ‌ကြောင်းပြောနေတယ်လို့ မင်းက ထင်လို့လဲ..."


သူ့ဒေါသကို အတန်ကြာအောင် ထိန်းထားပြီးနောက် အမတထန်ဝေ့က ဆိုလိုက်သည်။ 

"မင်းက ဖီးနစ်တစ်ကောင် တွေ့ရအောင် ငါ့ကို တောင်းဆိုမလို့ မဟုတ်ဘူးလား..."


"ငါက ကလေးလား..."

စွေ့ချီချောင်းက စနောက်ကာ ပြန်ပြောလိုက်သည်။ 

"ပြီးတော့ ဒီလိုမှမဟုတ်ရင် ငါက ဘာလို့ အဝတ်တွေ ချွတ်ရမှာလဲ..."


အမတထန်ဝေ့က ခြောက်ကပ်စွာ နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး လက်ဖက်ရည် တစ်ငုံထပ်သောက်ကာ ခေါင်းစဉ်ပြောင်းပြီး ဆိုလိုက်သည်။ 

"မင်းအဲ့ဒါကို စိတ်ပူစရာမလိုပါဘူး..."


အမတထန်ဝေ့က ဂရုမစိုက်ဟန်ဆောင်လိုက်သည်။ 

"သူတို့ ငါ့ကို ဖမ်းနိုင်ရင် ဖမ်းပြီးပြီနေမှာပေါ့..."


စွေ့ချီချောင်းက သူစကားပြောသည်ကို နားထောင်လိုက်ပြီး သူ့သရုပ်မှန်ကို အတည်ပြုလိုက်သည်။ ရှောင်ပိုင်မှာ လူတစ်ယောက်ဖြစ်ပြီး သူလုပ်နေသည်မှာ တရားမဝင်သည်ကို သူ သိပေသည်။ အတန်ကြာသည်အထိ စွေ့ချီချောင်းက ကူကယ်ရာမဲ့သည်ဟု ခံစားရပြီး သူ့နှလုံးသားထဲတွင် အကြံတစ်ခု ဖျက်ခနဲ ပေါ်လာလေသည်။ ရှောင်ပိုင်မှာ နည်းပညာနှင့် ပတ်သတ်သည့် ကိစ္စများတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း စွေ့ချီချောင်းမှာ သူက ရင့်ကျက်စွာ မပြုမူမည်ကို စိုးရိမ်နေပေသည်။ 


၄င်းမှာ ရှောင်ပိုင်၏ ကိုယ်ရေးကိုယ်တာလည်း ပါဝင်၍ စွေ့ချီချောင်းက သူ့ကို ထပ်မမေးတော့ချေ။ ထို့အပြင် သူက ရှောင်ပိုင်ကို မရင့်ကျက်သေးဟု ပြောလျှင်လည်း ရှောင်ပိုင်က ရူးသွပ်သွားမည် ဖြစ်သည်။


ယခင်က သူတို့နှစ်ဦးမှာ ကမ္ဘာအစစ်၏ ပြဿနာများနှင့် မှတ်ဉာဏ်တုလေယာဉ်ပေါ်တွင် ဖြစ်လာသည်ကို ဆွေးနွေးခြင်းကို ရှောင်ရှားထား၍ ပြောစရာမလိုသည့် နားလည်မှုတစ်ခု တိုးတက်လာပြီးဖြစ်သည်။ ရှောင်ပိုင်မှာ စွေ့ချီချောင်း စိုးရိမ်နေသည့် မည်သည့်အရာကိုမှ မစိုးရိမ်ချေ။ သို့သော် စွေ့ချီချောင်းက ရှောင်ပိုင်၏ ကိုယ်ရေး အချက်အလက်များကို ပိုမို ရှာဖွေလိုသည်ကို ဖော်ပြလာရာ ရှောင်ပိုင်က ၄င်းကို ဆွေးနွေးခြင်းအား ရှောင်ရှားရန် မလိုဟု ရှောင်ပိုင်တွေးမိပေသည်။


ရှောင်ပိုင်က တီးတိုးရေရွတ်လိုက်သည်။ 

"မင်းကအခု LJJရဲ့ ရုံးချုပ်မှာ နေတာလား..."


LJJ၏ သရုပ်ဆောင်များက အလုပ်လုပ်နေစဉ်အတွင်း  ရုံးချုပ်များတွင် နေရသည်မှာ သိသာလှသည်။ နည်းပညာ တားမြစ်ချက်များကြောင့် သူတို့အများစုက အနားယူစဉ်တွင် ရုံးချုပ်၌ နေထိုင်ကြသည်။ သူတို့က သင်တန်းများတက်ကာ အရည်အချင်းသစ် တစ်ခုကို သင်ယူနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးချက်များ ပြုလုပ်နေခြင်း စသည်တို့ ပြုလုပ်နေစဉ်တွင်လည်း ထိုနေရာတွင် နေကြရပေသည်။ 


စွေ့ချီချောင်းက အတန်ကြာအောင် တွေးတောနေလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအကြောင်းကို အမှန်တကယ်ပင် ဖုံးကွယ်ထားစရာတစ်ခုမှ မရှိချေ။ 


ရှောင်ပိုင်က မည်သည်ကို လျှို့ဝှက်ကြံစည်နေသည်အား မည်သူမှ မသိပေ။ ရှောင်ပိုင်က မျက်လွှာချထားပေသည်။ 


စွေ့ချီချောင်းက အတန်ကြာအောင် သူနှင့်စကားပြောနေခဲ့သည်။ ရှောင်ပိုင်က စိတ်လွတ်နေသည်ကို မြင်ရာ စွေ့ချီချောင်းက ရိုးရှင်းစွာပင် စကားဝိုင်းကို အဆုံးသတ်ကာ အဝတ်အစားများဝတ်ရန် သူ့အခန်းထဲသို့ ပြန်လာလိုက်သည်။ 


....





🌳🌳🌳