Chapter 45
Viewers 4k

👻Chapter 45

- နှလုံးသားကို လုယူသူ


(ဒီအပိုင်းက စုန့်ချန်အကြောင်းပါ ရှေ့မှာထဲက ပါသင့်တာကို ခုမှ ပါလာတာ) 



သူမ မသေခင် နောက်ဆုံးအချိန်တွင် စုန့်ချန်က မျက်နှာအစစ်ကို ပြလာသည့် လကို တွေ့ခဲ့ရသည်။


သူမ၏ ထူးဆန်းသော နှလုံးခုန်သံကိုလည်း ကြားခဲ့ရသည်။ သူမ၏ နှလုံးခုန်သံက အလွန် မြန်ဆန်လာပြီး တစ်စတစ်စ မိုးပေါက်ကြီးများလို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။ 


သူမနားထဲ သံစုံ တုန်ခါနေသော်လည်း ထိုအသံကြားထဲက သူမရင်ဘတ်မှ ပင့်သက်ရှိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။


လူတစ်ယောက်၏ အသက်ရှူသံ သို့မဟုတ် "သရဲ" တစ်ကောင်၏ အသက်ရှူသံ...


စုန့်ချန်က မူစန်းအပစ်ခံလိုက်ရသော်လည်း သေရမှာ ကြောက်နေမိသည်။


သရဲက ရှိနေတယ်....သူမရင်ဘတ်ထဲမှာ...


စုန့်ချန်က မွေးရာပါ နှလုံးရောဂါ ရှိသော်လည်း မျိုးရိုးလိုက်သည်မျိုး မဟုတ်ပေ။ သူမ၏ မိဘများကလည်း ကျန်းမာရေး ကောင်းသူများ ဖြစ်ကြသည်။


သို့သော်လည်း သူမကို ကိုယ်ဝန်ဆောင်ထားသည့်အချိန် သူမ၏ အမေက ဝက်သက်ရောဂါ ဖြစ်ခဲ့သည်။ ဝက်သက်ရောဂါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ကုသရန် မခက်ခဲသော်လည်း ဗိုင်းရပ်ပိုးက သန္ဓေသားကို ထိခိုက်စေနိုင်၍ မွေးရာပါ သန္ဓေသားချို့ယွင်းချက်များ ဖြစ်ပေါ်စေနိုင်သည်။


ဤအတွက်ကြောင့် စုန့်ချန်က နှလုံးရောဂါရခဲ့ခြင်း ဖြစ်သည်။


ဆရာဝန်က သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက် ရှိလာနိုင်သည်ဟု ပြောခဲ့သော်လည်း စုန့်ချန်၏ မေမေ ကျိုးလန်က သူမကို မွေးရန် ဆုံးဖြတ်ခဲ့သည်။


ကျိုးလန်က အသက်မငယ်တော့ပေ။ သူမက လှပသော စန္ဒယားပညာရှင်တစ်ယောက် ဖြစ်သည်။ အသက် သုံးဆယ့်ငါးနှစ် မတိုင်မီကတည်းက သူမက လင်စိတ်သားစိတ် မရှိသူ ဖြစ်သည်။ သူမက လက်ထပ်ခြင်း၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ခဲ့၍ ချုပ်ချယ်ခံရမှာကို မုန်းတီးပြီး လွတ်လပ်မှုကိုသာ တောင့်တသူဖြစ်သည်။


တစ်နေ့တွင် သူမက လက်ထပ်ပြီး ကလေးရှိလာမည်ဟု ထင်မထားခဲ့၍ ကလေးမွေးရန် စိတ်အားထက်သန်ခဲ့သည်။


ကျိုးလန်က အများနှင့်မတူသောသူ ဖြစ်ခဲ့ဟန် တူသည်။


သူမ၏ ကျန်းမာရေးက အလွန်ဆိုးဝါးနေချိန်မှ စုန့်ချန်ကို ကိုယ်ဝန်လွယ်ထားရသည်။ သူမ၏ ကိုယ်ဝန်ကြောင့် သူမချစ်သော အလုပ်ကို စွန့်လွှတ်ခဲ့ပြီး အိပ်ရာထဲတွင် နှစ်ဝက်ကျော်ကျော် လှဲနေခဲ့ရသည်။


သူမက ဆေးပိုက်တန်းလန်းနှင့် နိုးလာသည့်အချိန်တိုင်း မျက်နှာကျက်အဖြူကြီးကိုသာ ကြည့်နေရင်း စုန့်ချန်ရောက်လာရန် စောင့်မျှော်နေရသည်။


သူမက ကလေးနာမည်ကို စဥ်းစားထားပြီးပြီ ဖြစ်သည်။


စုန့်ချန်...ယောကျ်ားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ဒီနာမည် ပေးမယ်...


ရိုးသားပြီးတော့ နွေးထွေးကြင်နာတယ်...လူတွေအပေါ် ကြင်နာပေးတယ်...ကမ္ဘာကြီးအတွက် အချစ်တွေ ပြည့်လျှံနေပြီး...အလင်းရောင်ကို တောင့်တတယ်...


ကမ္ဘာကြီးက မလှပဘူး...အညစ်အကြေးတွေ အရိပ်မည်းတွေနဲ့ ပြည့်နေပေမယ့် သူမမှာ ပိုက်ဆံနှင့် ဂုဏ်အရှိန်အဝါရှိတဲ့အတွက် ကလေးအတွက် ကံဆိုးမှုတွေကို ဖယ်ရှားပြီး နှလုံးသားကို သန့်သန့်လေး ဖြစ်အောင် ထိန်းထားပေးနိုင်တယ်...


ဆရာဝန်က ကလေးကို ဖျက်ချသင့်သည်ဟု ပြောလာချိန် သူမ၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို ဖက်ထားရင်း တစ်မိနစ်အတွင်း စုန့်ချန်လေးကို ရအောင် မွေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။


ဆရာဝန်က သူမမိတ်ဆွေ ဖြစ်နေ၍ သူမကို ထပ်ကာထပ်ကာ အကြံပေးခဲ့သည်။ ကျိုးလန်က သူမအိတ်ထဲမှ အန်ထရာဆောင်းဓါတ်ပုံလေးကို ထုတ်လိုက်ရင်း နူးညံ့သည့် မျက်နှာအမူအရာနှင့် ပြောလာသည်


 " သူမကို မြင်ခဲ့ရပြီးပြီ....ဘယ်လိုလုပ်ပြီး လက်လွှတ်ပေးနိုင်မှာလဲ..."


"ပိုက်ဆံနဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး... ဒီကလေးကို လိုချင်တယ်..."


ကျိုးလန်က စကားဆုံးသည်နှင့် အပြင်ထွက်သွားလိုက်သည်။


ဆရာဝန်က ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ရင်း သက်ပြင်းမောကြီး ချလာသည်။


စုန့်ချန်က သူမ၏ အချိန်အများစုကို ဆေးရုံတွင်သာ ကုန်ဆုံးခဲ့ရသည်။


ကျို့လန်က ဤဆုံးဖြတ်ချက်ချရန် တစ်မိနစ်ပင် မကြာလိုက်သော်လည်း သူမ၏ ဘဝတစ်ဝက်စာလုံး ထိုဆုံးဖြတ်ချက်ကို နောင်တမရရန် ကိုယ့်ကိုယ်ကို တွန်းအားပေးနေရသည်။


စုန့်ချန်ပေါက်စလေးက သူမ၏ မိခင်က သူမကွယ်ရာတွင် တိတ်တဆိတ် ဒူးနှင့်မျက်ရည်သုတ်နေရသည်ကို အကြိမ်ပေါင်းမနည်း မြင်နေခဲ့ရသည်။


နောက်ပိုင်းတွင် သူမ၏ နှလုံးက ပြင်းထန်လာ၍ နှလုံးအစားထိုးရတော့မည် ဖြစ်သည်။


နှလုံးအလှူရှင် မရှိ၍ မဟုတ်သော်လည်း သူမနှင့် အလှူရှင်၏ HLA ကိုက်ညီမှုနှုန်းက ကျေနပ်ဖွယ်မကောင်းပေ။ ကိုက်ညီမှုနှုန်းက သိပ်မမြင့်၍ ခွဲစိတ်ပြီးနောက်ပိုင်း ခန္ဓာကိုယ်၏ ငြင်းဆန်မှုကြောင့် သူမ အသက်သေသွားနိုင်သည်။ 


ထိုအရာက သူမခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးလာခဲ့သည်။


စုန့်ချန်က စမ်းကြည့်သင့်သည်ဟု တွေးမိသော်လည်း ကျိုးလန်က တွန့်ဆုတ်နေသည်။ သူမက သူမသမီးလေး၏ တစ်နေ့ထက် တစ်နေ့ ဆုတ်ယုတ်လာသော ကျန်းမာရေး အခြေအနေနှင့် ဆေးရုံကုတင်ပေါ် လှဲနေပြီး မှိုင်တွေတွေဖြစ်နေသည့်ပုံစံကို သည်းခံပေးနိုင်သည်က သမီးဖြစ်သူ အသက်ရှင်နေသေး၍ ဖြစ်သည်။ သို့သော်လည်း သူမက ခွဲစိတ်မှုကြောင့် တစ်ခုခု မတော်တဆ ဖြစ်လာမည်မျိုးကို လက်မခံနိုင်ပေ။


စုန့်ချန်က ကျိုးလန်ကို ကြည့်နေရင်း သူမမျက်လုံးက တစ်စတစ်စ ရူးသွပ်လာသည်မှာ သူမ အိပ်ပျော်နေသည့်အချိန် ကျိုးလန်က သူမလက်ကို ကိုင်ပြီး တိတ်တဆိတ် ပြောနေသံကို ကြားလိုက်ရချိန်ထိပင် " ချန်ချန်....အမေတို့ ဘာလို့ ဦးနှောက်သေသွားတဲ့ လူနာရဲ့ နှလုံးကိုပဲ ယူမယ်လို့ ကန့်သတ်ထားမှာလဲ...သမီးနဲ့ HLAကိုက်ညီတဲ့ ဘယ်သူမဆို ဖြစ်လို့ရတယ်...အမေက အပြီးပြည့်စုံဆုံး နှလုံးကို ရှာပေးမှာ...ခဏပဲစောင့်...မကြာခင်..."


သူမက ပြောပြီး မျက်ရည်သုတ်လိုက်သည်။


ဘယ်သူမဆိုလား...ဤစကားကို ပထမဆုံး ကြားလိုက်ရစဥ်က စုန့်ချန်တွင် ကြောက်ရွံ့မှုတို့ လွှမ်းခြုံသွားသည်။


သူမက ကိုယ့်ကိုယ်ကို အားတင်းလိုက်ရင်း တုန်ယင်မနေအောင် အကောင်းဆုံးကြိုးစားလိုက်ရသည်။ သူမ ကျိုးလန်ကို ရှာမတွေ့စေချင်ပေ။ ကျိုးလန် ထွက်သွားပြီးနောက် သူမက မျက်လုံးဖွင့်ပြီး မျက်နှာကျက်အဖြူကို စိုက်ကြည့်ရင်း ပိုးသတ်ဆေးနံ့ဖျော့ဖျော့ကို ရလိုက်သော်လည်း ကြောက်စိတ်ထက် မျှော်လင့်ချက်တစ်ခု ရှိလာသည်။


ကျိုးလန်က အလုပ်ပိုပြီး ရှုပ်လာပြီး လူနာခန်းက ပိုပြီး ခြောက်ကပ်လာသည်။


စုန့်ချန်က အေးအေးချမ်းချမ်း စားလိုက်အိပ်လိုက်နှင့် ဖြစ်ခဲ့သမျှ အရာအားလုံးကို လိုက်လျောညီထွေနေနေရင်း တစ်နေ့...သူမမိဘများ၏ ငြင်းခုန်သံကို အပြင်မှ ကြားလိုက်ရသည်။


ကျိုးလန်ဘက်က လက်ထပ်ကလေးမွေးချင်သည်အထိ ရူးရူးမူးမူး ချစ်ခဲ့ရသည့် အမျိုးသားက ကွာရှင်းကြရန် တောင်းဆိုလာသည်။


"ရှင် အပြင်မှာ တခြားမိန်းမရှိနေလို့လား...ကျွန်မက ကျွန်မတို့ ကလေးကို ဂရုစိုက်ပေးနေရချိန်မှာ ရှင်ကတော့ မိန်းမပျက်တွေနဲ့ အကောင်ပေါက်တွေ ရနေပြီပေါ့လေ..."


"ရှင် ချန်ချန်ကို မလိုချင်ဘူးလို့ပဲ ပြောလိုက်ပါလား...ကျွန်မ သမီးမှာ ကျွန်မတစ်ယောက်တည်းပဲ ရှိတယ်...ထွက်သွား..." စုန့်ချန်က သူမမိခင်၏ မျက်ရည်ကျပြီး အော်နေသည့်အသံကို ကြားလိုက်ရသည်။


ထို့နောက် သူမအဖေ၏ စိတ်ကုန်နေသော အသံကို ကြားလိုက်ရသည်


 " မင်း ဘာလို့မယုံရတာလဲ...ကိုယ့်မှာ မင်းတစ်ယောက်တည်းပဲ ရှိတာ...ကလေးကလည်း တစ်ယောက်တည်းပဲ ရှိတယ်...ငါ ပင်ပန်းနေလို့ပဲကွ...ကျိုးလန် မင်းရူးသွားပြီလား..." 


“ကျိုးလန်...ဒါတွေကို ရပ်လိုက်ဖို့ အကြံပေးလိုက်မယ်...စုန့်ချန်က ဒီနေ့ထိ အသက်ရှင်လာပြီးပြီ...ဒါလောက်ဆို လုံလောက်ပြီ...သူမက မမွေးဖွားလာခဲ့သင့်သလို ဒီလိုမျိုးလည်း နာနာကျင်ကျင် မခံစားခဲ့သင့်ဘူး...ကိုယ်တို့ မှားခဲ့ကြတယ်..."


"ကျွန်မတို့ အရင်တုန်းက ကျွန်မတို့ရွေးချယ်မှုအတွက် ပြေရာပြေကြောင်း လုပ်နေကြတာပဲလေ...ကျွန်မတို့ ဘာမှားခဲ့လို့လဲ..."


စုန့်ချန်က သူမအဖေ၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ သူမအဖေက သူမ ဤလောကကြီးထဲ ရောက်မလာသင့်ဘူးဟု ပြောခဲ့သည်။


သို့သော်လည်း သူမ အသက်ရှင်ချင်မိသည်။ သူမ၏ နာမည်အတိုင်း စစ်မှန်စွာနှင့် ရူးရူးမူးမူး နေချင်မိသည်။ သူမ၏ မိခင်က အပြင်လောကကြီးနှင့် ဆက်သွယ်ခွင့်ပေးမည်ဟု သေသေချာချာ ပြောပြခဲ့သော်လည်း သူမတွင် ရှိသမျှအရာတိုင်းက မှောင်မည်းပြီး ငြီးငွေ့ဖွယ် ဆေးရုံကြီးပင်။


သူမ၏ အဖေက ကံကို မယုံသောသူ ဖြစ်သည်။ သူက ခြစ်ကုတ်စုခဲ့ပြီးမှ သည်နေ့သည်အချိန်ထိ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် သူက ဗုဒ္ဓဘာသာကို တိတ်တဆိတ် ယုံကြည်လာရင်း ဆံပင်ကို စွန့်ပယ်ပြီး ဥပုသ်သီလ ဆောက်တည်ကာ ဘုန်းတော်ကြီးဝတ်စုံ ဝတ်ဆင်ပြီး ဗုဒ္ဓဘုရားကျောင်းရှိ ငါးပုံသဏ္ဍာန် သစ်သားရုပ်တုကို ခေါက်၍သာ နေနေသည်။ 


ကျိုးလန်က လှောင်ရယ်လိုက်သည် "မဖြစ်နိုင်တာတွေ..."


စုန့်ချန်က ကျွီဆိုသည့် အသံနှင့် တံခါးတွန်းဖွင့်လိုက်ရင်း အပြင်ဘက် လျှောက်လာ၍ သူမ၏ မိဘများက လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ကျိုးလန်က ပျာပျာဝေသွားရသည်။


စုန့်ချန်က သူမအဖေ၏ မျှော်တလင့်လင့် အကြည့်အောက်တွင် ကျိုးလန်ဆီ လျှောက်သွားလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် 


" ကျွန်မရဲ့ အတွေးကလည်း အမေ့အတိုင်းပါပဲ...ကျွန်မ အသက်ရှင်ချင်တယ်... ကျွန်မ အသက်ရှင်ချင်တာကို လာမပိတ်ပင်ပါနဲ့...ကျွန်မရဲ့ အသက်ရှင်နိုင်ခွင့်က တစ်ပါးသူ သေဆုံးမှဆိုရင်လည်း သေကြပါစေ..." 


သူမ၏ အသံက တည်ငြိမ်နေသော်လည်း နှလုံးခုန်မြန်နေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်သွားပြီ ဖြစ်သည်။ သူမ၏ အဖေက အံ့သြသည့်အကြည့်နှင့် ကြည့်လာသည်


 " မင်းက အဲ့ဒီနာမည် အခေါ်ခံရဖို့ မထိုက်တန်ဘူး...မင်းက ငါ့သမီး မဟုတ်ဘူး..."


"ဘယ်သူက ဂရုစိုက်နေမှာလဲ..." စုန့်ချန်က နှာမှုတ်လိုက်ရင်း ထွက်သွားသည့် အဖေဖြစ်သူကို ကြည့်နေလိုက်သည်။


ခွဲစိတ်ခန်းဝင်သည့်နေ့တွင် သူမအဖေက ဘုန်းတော်ကြီး ဝတ်စုံကို ဝတ်ဆင်ထားရင်း ဗုဒ္ဓဘုရားကျောင်း၏ အရှေ့တံခါးမှ အနောက်တံခါးထိ ဒူးထောက်နေခဲ့သည်။ သူက အလွန်အကျွံ ကန်တော့ထား၍ နာဖူးက ရဲနေပြီး ဖောင်းပွနေကာ မြေကြီးတွင်လည်း သွေးတို့ စွန်းထင်းနေသည်။


အသက်တစ်ခုက ကုန်ဆုံးသွားပြီး ဘဝတစ်ခုက အသက်ဝင်လာခဲ့သည်။


သေသွားသည့်သူက သူမနှင့်အသက်တူတူ မိန်းမလှလေးတစ်ယောက် ဖြစ်သည်။


ထို့နောက် သူမက ပရလောကထဲသို့ ရောက်လာခဲ့၏။


သူမနှလုံးထဲတွင် နေထိုင်သည့် သရဲက သူမ၏ အာဟာရဓါတ်များကို စုပ်ယူပြီး သူမ၏ ဘဝကို အဓမ္မလုယူထားကာ မလွတ်မြောက်နိုင်သော သေခြင်းတရားဆီ လျှောက်သွားနေသော သူမကို အေးစက်စက် မျက်လုံးများနှင့် ကြည့်နေသည်။  


ဖြစ်နိုင်သည့်အရာက ထိုဆုံးဖြတ်ချက်ချခဲ့သည့် အချိန်မှစ ကံကြမ္မာဆိုးဝင်လာခဲ့သလိုပင်....


👻