Chapter 169
Viewers 12k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 169

လယ်စိုက်ရင် မင်းမှာ အလားအလာကောင်းတဲ့ အနာဂတ်တစ်ခု ရှိလိမ့်မယ် (၃)


......


ရှောင်ပိုင်က သူ့၏ နတ်ဆိုးခန္ဓာနှင့် သစ်သားခုံတစ်ခုပေါ်တွင် လှဲနေသည်။ စွေ့ချီချောင်းက သူ၏နူးညံ့လှသော ဗိုက်ကို မှီထိုင်ကာ သူ့ရှေ့လက်ပေါ်တွင် လက်ကို တင်ထားလိုက်ပြီး သူ့လက်ထဲမှ မြေပုံကိုကြည့်လိုက်သည်။ 


၎င်းက နတ်ဆိုးနယ်မြေထဲရှိ တိုက်ကြီး ၉တိုက်၏ မြေပုံဖြစ်ပြီး တိုက်ကြီးတစ်ခုစီ၏ ပထဝီ အခြေအနေများကိုလည်း ပြသထားသည်။ ဤမြေပုံက ရှောင်ပိုင်ထံသို့ ကြောင်မျိုးနွယ်မှ တင်ပြထားခြင်းပင်။ 


ရှောင်ကိုင်က အမှန်ပင် ယောင်ချာချာဖြစ်နေသော်လည်း သူက ကြောင်မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ကြောင်နတ်ဆိုး ဖြစ်နေဆဲပင်။ သူ့ကို နှစ်ကြိမ်တိုင်တိုင် ဖျောင်းဖျရန် ကြိုးစားပြီးနောက် ကြောင်မျိုးနွယ်စု၏ နတ်ဆိုးများက ရှောင်ပိုင်ကို ဖျောင်းဖျရန်မဖြစ်နိုင်သည်ကို အထူးတလည် တွေ့ရှိသွားလေသည်။ သို့ဖြစ်ရာ သူတို့က သဘာဝအတိုင်း သင်ခန်းစာရရန်သာ လွတ်ထားပေးလိုက်သည်။


ဤရက်ပိုင်းများတွင် အခြားသော နတ်ဆိုးမျိုးနွယ်များမှ ခေါင်းဆောင်များက သူတို့နှင့်အတူ ပရိသတ်တစ်ယောက် ရှာရန် တောင်းဆိုနေကြပေသည်။ သူတို့က ရှေ့ပြေးတော် ယင်းကျန်းက စစ်ပွဲကို အဆုံးသတ်ရန်အမိန့်ကို ရုတ်သိမ်းကာ အကျဉ်းသားများကို လွှတ်ပေးရန် မျှော်လင့်နေကြသည်။ 


"တကယ်လို့ မင်းရဲ့ ကြောင်မျိုးနွယ်က မတိုက်ခိုက်ချင်ရင် မင်းတို့ ကြောင်မျိုးနွယ်ကပဲ အရှုံးပေးသင့်တယ်လေ... ဘာလို့  တခြားနတ်ဆိုးမျိုးနွယ်တွေကို နှောင့်ယှက်နေရတာလဲ... ပြီးတော့ ရှေ့ပြေးတော်ယင်းကျန်းက အဲ့လူသားဆီက ပြုစားခံထားရတာကြောင့်မို့ အဲ့လို လုပ်တာမလား..."


စွေ့ချီချောင်း၏ အဖမ်းခံထားရသော ထိုနတ်ဆိုးများက သူတို့၏ မျိုးနွယ်စုများကို ပြန်သွားကြရာ အတွင်းသတင်းအချို့ကို သိနေကြသော နတ်ဆိုးများ ရှိနေပေသည်။ သူတို့က စွေ့ချီချောင်းမှာ လူသားမျိုးနွယ်ရှိ အမတထန်ဝေ့၏ တပည့်ဖြစ်ကာ သူတို့က မပြတ်သားသော ဆက်ဆံရေး ရှိနေသည်ကိုလည်း သိလာကြလေသည်။ 


နတ်ဆိုးနယ်မြေ၏ အမြင်မှဆိုလျှင် ဤလူသားက ဖြစ်ပွားရန် စောင့်မျှော်နေသည့် ကပ်ဘေးတစ်ခုပင်....


လူသားများက အမတထန်ဝေ့မှာ နတ်ဆိုးများ၏ သတ်ဖြတ်ခြင်း ခံရသည်ဟု သဘောတူကြသော်လည်း နတ်ဆိုးများက သူ့ကို မသတ်ဖြတ်ခဲ့ပေ။ အမှန်တရားမှာ သူတို့က အမတထန်ဝေ့ကို လုပ်ကြံ သတ်ဖြတ်လိုသော်လည်း သူ့ကို တိတ်တဆိတ် သုတ်သင်ရန်အတွက် အနည်းဆုံးတွင် အချို့သော အစွမ်းထက်အကြီးအကဲများ ချန်ရစ်ထားခဲ့သည့် အစီအရင်တစ်ခု ရှိရပေမည်။ 


သို့သော် ထူးဆန်းစွာပင် နောက်ဆုံး၌ အမတထန်ဝေ့က နတ်ဆိုးနယ်မြေထဲသို့ မရောက်လာမီမှာပင် ပျောက်ကွယ်သွားပြီး ထပ်မံပေါ်မလာပေ။ နတ်ဆိုးများက နောက်ပိုင်းတွင်မှ သူကျဆုံးသွားသည်ကို ကြားလိုက်ရသည်။ 


နတ်ဆိုးများက ဤတစ်ကြိမ်တွင် ပျော်ရွှင်ကြသော်လည်း အမတထန်ဝေ့ကို သတ်ခဲ့သူ၏ သရုပ်မှန်မှာ လျှို့ဝှက်ချက်တစ်ခုဖြစ်နေဆဲဆိုသည်က အမှန်တရားအဖြစ် ကျန်ရစ်နေဆဲ ဖြစ်၏။ 


ယခုတွင် သူတို့က ရှေ့ပြေးတော်ယင်းကျန်းကို ကြည့်လိုက်သည့်အခါ ရှေ့ပြေးတော်ယင်းကျန်းမှာ ယခင်ကတည်းက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ဖြစ်ကာ နယ်မြေကို ဖြတ်ပြီးသွားပြီဟုပင် သံသယဝင်မိကြသည်။ 

ရှေ့ပြေးတော်ယင်းကျန်းက စွေ့ချီချောင်းကို ရဖို့ အမတ ထန်ဝေ့ကို သတ်လိုက်တာများလား... 


သူက အမတထန်ဝေ့ကို သတ်လိုက်သည်မှာ ထို့ကြောင့်သာ မဟုတ်ဘဲ စွေ့ချီချောင်းက နတ်ဆိုးနယ်မြေ၏ တိုက်ကြီး ၉တိုက်တွင် လယ်စိုက်နိုင်ရန် အတွက်လည်း ဖြစ်ပေသည်။ လက်ရှိတွင် ချူးချီမျိုးနွယ်စု၏ အကြီးအကဲက ရှေ့ပြေးတော်ယင်းကျန်းကို အကျဉ်းသားများအား လွတ်ပေးရန် စုစုပေါင်း ငါးကြိမ်တိုင်တိုင် တောင်းပန်ထားပြီး ဖြစ်လေသည်။ ရှေ့ပြေးတော်ယင်းကျန်းက ယခင်အကျဉ်းသားများကို လွတ်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော် အကျဉ်းသားများကို တစ်နေရာရာတွင် ထိန်းသိမ်းထားပြီး သူတို့အလိုရှိသလို ခေါ်ရန် ထိန်းသိမ်းထားလိုက်သည်။ 


အခြားသော ခေါင်းစဉ်ကို သွားရမည်ဆိုလျှင် နတ်ဆိုးအားလုံးနီးပါးက အသားစားသတ္တဝါများ ဖြစ်ကြပြီး မြင်းကောင်လေးများသာလျှင် မြက်စားကြသည်။ 

သူတို့က ဘာလို့ ဟင်းသီးဟင်းရွက်တွေ အများကြီး စိုက်ရမှာလဲ... 


ရှောင်ပိုင်က ပရိသတ်တစ်ဦးကို တောင်းဆိုသည့် နတ်ဆိုးတစ်ကောင်မှ မတွေ့ဖူးချေ။ ဤအပြုအမူက သူ့၏ ဆုံးဖြတ်ချက်များနောက်မှ စိတ်ပိုင်းဖြတ်မှုကို ပြသထားသည်။ သူက စစ်ပွဲကို ရပ်တန့်လိုပြီး သူ့ကို မည်သူက စည်းရုံးသော်လည်း အရေးမပါချေ။ မည်သည့်နတ်ဆိုးမဆို လူသားနယ်မြေကို တိုက်ခိုက်ရန် ကြိုးစားလာပါက သူက ထိုနတ်ဆိုးကို ကိုယ်တိုင် တိုက်ခိုက်မည် ဖြစ်သည်။ သူတို့က ၄င်းကို လက်ခံရန် ငြင်းဆန်ပါက သူတို့က ရှေ့ဆက်တိုးကာ သူတို့မျိုးနွယ်၏ ရုပ်ခန္ဓာကို ကျော်လွန်ခြင်းအဆင့် ရှေ့ပြေးတော်တစ်ဦးကို သူနှင့် ယှဉ်ပြိုင်ရန် သွားနှိုးရန်သာ ရှိပေသည်။  


သူက အမှန်တကယ်ပင် လူလိမ်တစ်ယောက်ဖြစ်၏။ ယုတ်မာလှသည့် နတ်ဆိုးများသည်ပင် သူ့၏ အပြုအမူများကြောင့် ပြောစရာမဲ့နေလေသည်။ 


နတ်ဆိုးများ၏ အခြေအနေနှင့် ဆန့်ကျင်စွာ စွေ့ချီချောင်းက အပျော်လွန်နေပေသည်။ ကောင်းကင်ကြီးက ပြိုကျသွားလျှင်ပင် သူ့အတွက် ကောင်းကင်ကြီးကို တားဆီးပေးမည့် ကြောင်ကြီးတစ်ကောင် ရှိနေပေသည်။ သူက ကျင့်ကြံခြင်းပြုလုပ်ရန် အစီအစဉ် ပြုလုပ်ခဲကာ နတ်ဆိုးနယ်မြေ၏ တိရိစ္ဆာန်မွေးမြူရေးကို ဆက်တိုက် စောင့်ကြည့်နေလေသည်။ 


နတ်ဆိုးနယ်မြေမှာ လူသားနယ်မြေနှင့် ခြားနား၏။ ဤနေရာရှိ နေရာအများစုမှာ ပိုင်ရှင် မရှိချေ။ ဤနေရာတွင် ကုန်းမြေကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး နတ်ဆိုးများက ထိုမြေများကြားတွင် အနည်းအကျဉ်းသာ နေထိုင်ကြသည်။ နတ်ဆိုးများက များသောအားဖြင့် တခြားသောနတ်ဆိုးများ စုဝေးလေ့ရှိနေရာ ဒေသများတွင် နေထိုင်ကြသည်။ မူလက နတ်ဆိုးများမှာ ပြန့်ကျဲနေပြီး နတ်ဆိုးများနေထိုင်ရာ ဒေသတွင် ကြီးပြင်းလာကြသည်။ ဤနေရာတွင် ကုန်းမြေဥပဒေမရှိဘဲ မည်သူကမှ ကုန်းမြေကို ပိုင်ဆိုင်ရန် မတွေးကြချေ။ အများဆုံးအနေဖြင့် နတ်ဆိုးတစ်ဦးစီက တယအခြားမျိုးနွယ်များနှင့် ဘေးကင်းလုံခြုံသည့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရမည်ကို အသေအချာ သိပေသည်။


စွေ့ချီချောင်းက ကြောင်မျိုးနွယ်စုအနီးမှ မြေများကို ဘာလုပ်ရမည်အား စတင် စီမံလိုက်သည်။ ကြောင်မျိုးနွယ်စု နေထိုင်သည့် မြေပြန့်က အများအပြားရှိကာ သူတို့က အုပ်စုဖွဲ့နေထိုင်ကြသည်။ ထိုမြေပြန့်များက အပူပိုင်း စွတ်စိုသော ရာသီဥတုကို ပိုင်ဆိုင်ကြသည်။ တစ်နှစ်ပတ်လုံးတွင် အပူချိန်က သိသိသာသာ ပြောင်းလဲမှုမရှိချေ။ ကျွဲနွားများက ဆောင်းရာသီတွင် ဘေးကင်းစွာ ရှင်သန်နိုင်ပြီး မိုးလည်း များ၏။ အဆင့်မြင့် နွားစာသည်လည်း ကျွဲနွားများ၏ အသားအရည်အသွေးကို အလွန်ကောင်းမွန်စေပေသည်။ 


၄င်းက ကျွဲနွားရောဂါမဖြစ်လျှင်မှ ထိုသို့ဖြစ်ပေလိမ့်မည်။ ရောဂါတစ်ခုခုပေါ်လာပြီး ပြန့်နှံ့သွားပါက နတ်ဆိုးနယ်မြေ၏ ရှေးကျသော စီမံမှုကြောင့် ပမာဏ အများအပြား ကူးသွားမည်ဖြစ်သည်။ ၄င်းက သဘာဝ ဥပဒေကြောင့် မလွှဲမရှောင်သာ ဖြစ်လာမည် ဖြစ်သည်။ 


ဤကဲ့သို့ ပတ်ဝန်းကျင်တွင် သူတို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တန်းတူညီစွာ အာရုံစိုက်ရန် လိုအပ်ပေသည်။ သူတို့က ရှု့ထောင့်နှစ်ခုစလုံးကို အတူတကွ တိုးတက်စေနိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ရောယှက်ကာ စိုက်ပျိုးမြေအတွက် ကုန်ကြမ်းနှင့် အစာကို ထောက်ပံ့ပေးနိုင်သည်။


စွေ့ချီချောင်းက သူ့အတွေးထဲသို့ အလွန်အမင်း နစ်မြုပ်နေစဉ်တွင် သူ့မျက်နှာပေါ်၌ အမွေးပွပွများကို ခံစားလိုက်ရသည်။ ၄င်းက ရှောင်ပိုင်၏ အမြီး ဖြစ်သည်။ 


စွေ့ချီချောင်းက ရှောင်ပိုင်၏ အမြီးကို တွန်းလွှတ်ကာ အချက်အလက်ကို ဆက်လက်ဖတ်နေလိုက်သည်။ အတန်ကြာပြီးနောက် အမြီးက သူ့ခါးကို ရစ်ပတ်ထားရန် ထပ်မံ ရောက်ရှိလာပြန်၏။ ရှောင်ပိုင်၏ နတ်ဆိုး ခန္ဓာကိုယ်က အလွန်ကြီးမားရာ သူ့အမြီးမှာ စွေ့ချီချောင်းအတွက် စောင်တစ်ထည်အဖြစ် အသုံးပြုနိုင်၏။ 


သူ ခေါင်းမော့၍ ရှောင်ပိုင်ကို ကြည့်လိုက်ရာ ရှောင်ပိုင်တွင် အလေးအနက် မျက်နှာထားတစ်ခု ရှိနေသည်ကို တွေ့လိုက်သည်။ သူက ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ 


"မင်း ပြောစရာ တစ်ခုခု ရှိလို့လား..."

စွေ့ချီချောင်းက မေးလိုက်သည်။ 


"မဟုတ်ပါဘူး...."

ရှောင်ပိုင်က ချက်ချင်း ငြင်းဆိုလိုက်သည်။ 


ရှောင်ပိုင်က ပျင်းရိနေ၏။ စွေ့ချီချောင်းက သူဘာကို သွယ်ဝိုက်ပြောဆိုနေသည်ကို နားလည်ပေသည်။ ရှောင်ပိုင်က လက်ရှိတွင် အရွယ်အစားကြီးနေသည်က အရေးမပါချေ။ သူ့အပြုအမူက မပြောင်းလဲပေ။ ရှောင်ပိုင်က ပျင်းရိနေလျှင် တစ်ခါတစ်ရံ စွေ့ချီချောင်းကို ရန်စတတ်ပြီး စွေ့ချီချောင်းအား သူမည်မျှ ပျင်းရိနေသည်ကို သတိပေးရန် ဂရုမစိုက်သကဲ့သို့ ပြုမူပေသည်။ 


ယခုတွင် သူ့အပြုအမူများက အထူးသဖြင့် အာရုံပျက်စေပေသည်။ 


မည်သို့ပင်ဆိုစေ အချက်အလက်ကို အတန်ကြာအောင် ဖတ်ရှုပြီးနောက် စွေ့ချီချောင်းက ရှောင်ပိုင်၏ နူးညံ့လှသောဗိုက်ပေါ်မှထကာ ဆိုလိုက်သည်။ 

"လာခဲ့... ငါမင်းကို လေ့ကျင့်ခန်း နည်းနည်းလုပ်ဖို့ အဖော်လုပ်ပေးမယ်..."


ရှောင်ပိုင်သည်လည်း ထရပ်လိုက်ပြီး သူ့အမွေးများကို ခါယမ်းကာ ထစ်ထစ်အအဆိုလိုက်သည်။

"ဘယ်လို... ငါတို့ ဘယ်လို လေ့ကျင့်ခန်း လုပ်မှာလဲ..."


စွေ့ချီချောင်း - "ငါ ကြောင်ဆော့တဲ့ဟာလေး ရှာလိုက်မယ်..."


ရှောင်ပိုင် - "ကြောင်- ကြောင်ဆော့တဲ့ဟာလား..."


စွေ့ချီချောင်း - "မင်း အမူအရာက ဘာဖြစ်နေတာလဲ..."


ရှောင်ပိုင် - "ဘာလဲ... အာ..."


ရှောင်ပိုင်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ 

"ငါဆိုလိုတာက ငါနဲ့ သင့်တော်တဲ့ ကြောင်ဆော့တဲ့ဟာကို မင်း သယ်နိုင်လို့လား..."


စွေ့ချီချောင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ 

"အဲ့ဒါ ဟုတ်သားပဲ... ငါ စွန်တစ်ခု လွှတ်လိုက်မယ်... မင်းက အဲ့နောက်က လိုက်လိုက်လေ..."


ရှောင်ပိုင်က တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားသည်။ မည်သို့ပင်ဆိုစေ သူတို့က ကြောင်မျိုးနွယ်စု၏ ပိုင်နက်ထဲတွင် ရှိနေသည်ဖြစ်ပြီး သူက ဤမျိုးနွယ်၏ အသန်မာဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံးသော အကြီးအကဲတစ်ယောက်ဖြစ်သည်။ သို့သော် မကြာမီပင် သူ့နှလုံးသားက "ထားလိုက်စမ်းပါ"ဟု ဆိုလိုက်ရာ သူက အော်လိုက်သည်။ 

"စွန်တစ်ခု ရှာခဲ့...."


.....


လင်းလင်းက ရုံးခန်းထဲတွင် မှောင်မဲနေသော မျက်နှာဖြင့် ထိုင်နေပြီး သူမ ဘေးမှ လက်အောက်ငယ်သားများက ခေါင်းငုံ့ထားကြသည်။ သူတို့က အသံပင် မထွက်ဝံ့ကြပေ။ 


လက်ရှိအစည်းအဝေးတွင် ဒါရိုက်တာလင်းက စီမံရေး အကြီးအကဲ၏ ဆူပူခြင်းကို ခံလိုက်ရသည်။ စွေ့ချီချောင်း၏ ပရိုဂရမ်မှာ LJJ၏ ပလက်ဖောင်းပေါ်တွင် အလွန်အမင်း နာမည်ကြီးနေပေသည်။ ၄င်းက ပရိသတ်များ ပြုလုပ်ထားသည့် memeများနှင့် ပရိုဂရမ်တွင် အသုံးပြုထားသည်များကြောင့် ဖြစ်သည်။ ၎င်းမှာ ပရိုဂရမ်မှာ LJJ၏ အပြင်ဘက်တွင်ပါ နာမည်ကြီးသောကြောင့်ဖြစ်သည်။ 


သို့သော် ထိုကဲ့သို့ အရေးကြီး ပရိုဂရမ်တစ်ခု၏ စီးဆင်းမှုမှာ ရှောင်ပိုင်၏ နှောင့်ယှက်မှုကို အပြည့်အဝ ခံလိုက်ရသည်။ သူတို့က ရှောင်ပိုင်ကို မဖမ်းနိုင်၍ ရှောင်ပိုင်နောက်ကို လိုက်ရပြီး ရုပ်ဆိုးလှသော အမှန်တရားကို ဖုံးကွယ်ရန် အချို့သော အပိုင်းများကို ဖြတ်တောက်ခြင်းဖြင့် သူတို့၏ အရှုပ်များကို ရှင်းနေကြရသည်။ 


ဤကိစ္စက အမှန်ပင် ရှက်စရာကောင်းလှ၏။ ရှောင်ပိုင်က LJJ၏ အချက်အလက်များကို ပိုင်ရှင်မရှိသကဲ့သို့ ဝင်ရောက်နိုင်နေပေသည်။


သူတို့က အမတထန်ဝေ့၏ ဇာတ်ကောင်အသစ် ထွက်လာကာ သရုပ်ဆောင်နိုင်ရန် ၄င်းကိုလည်း ပုံစံဆွဲလိုနေ၏။ သို့သော် ရှောင်ပိုင်က သူ့ရုပ်သေးရုပ်ကို သူတို့က ဇာတ်ကောင်အသစ်တစ်ခုကို ဒီဇိုင်းဆွဲနိုင်သည်ထက် မြန်မြန်ပင် ပြောင်းလဲပစ်သည်။ ထို့အပြင် သူတို့က ရှောင်ပိုင်ကို ရှာဖွေရန်အတွက် နောက်ဆုံး သဲလွန်စကိုပင် ပျောက်ဆုံးသွားခဲ့၏။ 


အတန်ကြာပြီးနောက် တစ်စုံတစ်ယောက်က အားနည်းစွာ မေးလိုက်သည်။ 

"ကျွန်တော်တို့က အမတထန်ဝေ့ပုံစံကို ဆက်ပြီး ဒီဇိုင်းဆွဲသင့်လား..."


လင်းလင်းက သူမ၏ မျက်လုံးများကို မှိတ်ကာ ဆိုလိုက်သည်။ 

"ငါတို့ ဘာလို့ ဆက်လုပ်ရမှာလဲ... ရှောင်ပိုင်က ငါတို့အားလုံးအပေါ်မှာ အစွမ်းကုန်ထုတ်သုံးမှာ မကြောက်ဘူးလား..."


သူတို့က အမှန်တကယ်ပင် အမတထန်ဝေ့နောက်တစ်ယောက်ကို ဒီဇိုင်းဆွဲလျှင် ငရဲ၏ ဥပဒေတစ်ခု ရှိနေလောက်ပေမည်။ ထို့အပြင် ထိုသို့ ဖြစ်လာပါက ရှောင်ပိုင်က ရူးသွပ်သွားပြီး dataကို ဖျက်ဆီးပစ်မည်လားဆိုသည်ကို သူတို့ မသေချာပေ။ 


"ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ တကယ်ပဲ ရှောင်ပိုင်ကို စွေ့ချီချောင်းရဲ့ အစီအစဉ်နဲ့ ကစားခွင့်ပေးပြီး သူ့ကို ချိန်းတွေ့တဲ့ ဂိမ်းတစ်ခုအဖြစ် ပြောင်းပစ်ရမှာလား..."


၄င်းကို မည်သူပြောလိုက်သည်အား မည်သူမှ မသိသော်လည်း သူတို့၏ နှလုံးသားများက ခါးသီးသွားသည်ကို ခံစားလိုက်ကြပေသည်။ 


ထိုရှုထောင့်မှ ကြည့်လျှင် စွေ့ချီချောင်းနှင့် ရှောင်ပိုင်က အလွန်လိုက်ဖက်ပေသည်။ တစ်ဦးက အခြားသူကို ဖိအားပေးကာ လယ်စိုက်စေပြီး နောက်တစ်ဦးက အခြားသူကို သူ့အားချစ်လာစေရန် ဖိအားပေးသည်။ နောက်ဆုံးတွင် သူတို့က နှစ်ဖက်စလုံးထံမှ မျက်နှာ ဖြတ်ရိုက်ခံရပြီး သူတို့၏ မျက်နှာများပင် ယောင်ကိုင်းလာပေသည်။ 


တစ်စုံတစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။ 

"အဲ့လိုမှမဟုတ်ရင် ကျွန်တော်တို့က နောက်ထပ် အဖြေတစ်ခု ရှာသင့်တယ် မဟုတ်ဘူးလား... ရှောင်ပိုင်လုပ်ခဲ့ ကိစ္စတွေကိုကြည့်ရင် အခွင့်အရေးတစ်ခု ရှိလောက်တယ်နော်..."


လင်းလင်းက "အင်း"ဟုဆိုကာ ပြောလိုက်သည်။ 

"ဆက်ပြောလေ..."


.....


LJJ:


[သူတို့ပိုင်တဲ့ မြေဧရိယာအရဆိုရင် ယင်းကျန်းက သေချာပေါက် ပိုမိုက်ပြီး ထန်ဝေ့ထက် ဩဇာပိုကြီးတယ်... စကားလုံးတစ်လုံးထဲနဲ့တင် နတ်ဆိုးနယ်မြေတစ်ခုလုံးက မြေကို သိမ်းယူနိုင်တယ်... အဲ့ဒါက သေချာပေါက် နတ်ဆိုးနယ်မြေရဲ့ တွေးခေါ်နည်းနဲ့လည်း ဆိုင်တာပေါ့... နတ်ဆိုးနယ်မြေရဲ့ တွေးခေါ်နည်းက လူသားနယ်မြေနဲ့ တော်တော်လေး ကွာခြားတယ်လေ...]


[ဟင်... ဒါပေမဲ့ ထန်ဝေ့မှာက အရမ်းရှားတဲ့ ထူးကဲရေ ရှိတယ်လေ... အိတ်ဆောင်အရွယ်လှိုဏ်ဂူတွေထဲမှာ ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံခြင်းနဲ့ အမှုထမ်းနေတဲ့ မြေကျွန် ခြောက်ယောက်လည်း ရှိတယ်လေ... ဖီးနစ်ရရှိခြင်း ဝါးပင်နဲ့ ပတ်သတ်ရင်လည်း နတ်ဆိုးနယ်မြေမှာ အဲ့ဒါမရှိဘူးလေ... သူတို့က ဒီမှာ အပင်တွေအကြောင်း သိပ်ဂရုမစိုက်ကြဘူး... ပြီးတော့ အပင်အများစုက မျိုးတုံးသွားတာ ကြာပြီလေ...]


[ငါတို့ သူတို့ကို မြေပမာဏကိုကြည့်ပြီး နှိုင်းယှဉ်လို့ မရဘူးလေ... ငါထင်တာ ယင်းကျန်းက အရမ်း စိတ်အားထက်သန်ပြီး စွေ့ချီချောင်းကို သူ့မြေတွေ အကုန်လုံးပေးပေမဲ့ သူက လယ်မစိုက်နိုင်သလို လယ်စိုက်တဲ့ စရိုက်မျိုးလည်း မဟုတ်ဘူးလေ... အဲ့ဒါကို ထားလိုက်ပါဦး... ထန်ဝေ့ရဲ့ စိတ်ဝိညာဉ်လက်နက်က တံစဉ်းလေ...]


[ငါက ဒါကို ယင်းကျန်းနဲ့ ထန်ဝေ့ရဲ့ အပြုအမူတွေကို ကိုယ်တိုင်မြင်ရပြီး အဆက်မပြတ် နှိပ်စက်ခံရပြီးမှ ကြေညာလိုက်တယ်... အမျိုးသား genre ဘက်က ငါတို့ ညီအစ်ကိုတွေ ရူးကုန်ကြပြီ... မင်းတို့တွေ ဘာတွေ ပြောနေကြတာလဲ...]


[လူတိုင်းက စိတ်ဖောက်ကုန်ပြီ... ငါတို့အကုန်လုံး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေအများကြီးက ခံစားနေရပြီ...]


[အသားကျအောင်လုပ်ထားကြ... ဒါက အဲ့လိုဖြစ်တာ ပထမဆုံး အကြိမ်မဟုတ်ဘူး... အရင်တုန်းကဆိုရင် ငါက စွေ့ချီချောင်း လယ်စိုက်နေတာ မမြင်ချင်ဘူး... ဒါပေမဲ့ နောက်ဆုံးကျရင် ငါက သူ့ရဲ့ merchတွေအကုန်လုံး ဝယ်တာပဲ မဟုတ်ဘူးလား... မင်းတို့ရဲ့ စိတ်အခြေအနေကို ဒီပရိုဂရမ်ကြည့်ပြီး ရှင်သန်ဖို့ မညှိတတ်ကြသေးဘူးလား...]


[LMAO... ငါက စိတ်ပျက်လက်ပျက်ဖြစ်နေပြီ... ငါက ထိပ်ဆုံးနှစ်ယောက်ရဲ့ အောင်မြင်မှုတွေကို ဆွေးနွေးပြီး ကိုယ့်ဟာကို စပြီး နှိပ်စက်တတ်လာပြီ...]


[အဲ့ cmtကို မန့်တဲ့သူက အမျိုးသား genreဘက်ကတစ်ယောက်ယောက်ဆိုပြီး ဘယ်လိုလုပ် သိတာလဲ... ဒီအခြေအနေကို အကျိုးအကြောင်း ဆီလျော်အောင် ဆန်းစစ်နိုင်တဲ့ တစ်ယောက်တည်းသောလူက အမျိုးသမီး genreဘက်က သတင်းအချက်အလက်ပြည့်စုံတဲ့ အမတစ်ယောက်ပဲ... ယင်းကျန်းနဲ့ ထန်ဝေ့တို့ရဲ့ လုပ်ဆောင်ချက်အကြောင်းကို မပြောကြတဲ့လူတွေနဲ့ သူတို့က လိင်ကိစ္စမှာ ကြာချိန်အကြောင်း ပြောကြတဲ့ လူတွေက အမျိုးသား genreက ပရိသတ်တွေပဲ... ဒါပေမဲ့ ကြောင်တွေက တော်တော်လေးကြာတတ်တယ်ဆိုတာတော့ ငါသတိရတယ်...]


[ရှေ့ပြေးတော်ယင်းကျန်းက ချီတက်လိုက်တော့... မင်းက နှစ်မိနစ်နဲ့ ဆယ်စက္ကန့်ထက် ပိုကြာရင် မင်းက နယ်မြေခြောက်ခုထဲမှာ အလှဆုံး ကြောင်ပဲ...]



🌳🌳🌳