Chapter 174 (Arc 4 END)
Viewers 29k

🌱Arc 4 -END [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 174

ဒဏ္ဍာရီ၏ အဆုံးသတ် (၃)

 


နောက်ဆုံးတွင် လူအိုကြီးခြောက်ယောက်နှင့် အချိန်ကြာမြင့်စွာ စကားပြောပြီးနောက် စွေ့ချီချောင်းနှင့် ရှေ့ပြေးတော်ယင်းကျန်းတို့က လူသားနှင့် နတ်ဆိုးနယ်မြေများထဲသို့ ပျောက်ကွယ်သွားကြသည်။ လူအိုကြီးခြောက်ယောက်က အိတ်ဆောင်အရွယ် လှိုဏ်ဂူများကို သိမ်းထားပြီး သူတို့ကလည်း ယွီလင်းဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။ 


ဂိုဏ်းကို တာဝန်ယူရသည့် ထိုလူအိုကြီးခြောက်ယောက်ကြောင့် ထောင်စုနှစ်နှစ်ခု၏ ငြိမ်ချမ်းရေးမှာ သေချာသွားလေပြီ။


စွေ့ချီချောင်း တိုးမြှင့်ခဲ့သော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများအတွက်မူ သူတို့က သဘာဝအရပင် ကြောင်နတ်ဆိုးမျိုးနွယ်စု၏ စီမံခြင်းကို ခံလိုက်ရသည်။ ဖုန်းကျိယွင်နှင့် အခြားသူများအတွက်မူ သူတို့ထဲမှ အချို့က ကိုယ်ပိုင်စီးပွားရေးကို စတင်လိုက်ကြပြီး အချို့က ကြောင်နတ်ဆိုးမျိုးနွယ်စုနှင့် ဆက်လက် ပူးပေါင်းသွားကြသည်။ 


ထိုအချိန်မှစ၍ "သိုးထိန်းကြောင်"မှာ "မြင်းကောင်လေး"ကဲ့သို့ နာမည်ကြီးလာပေသည်။ မြင်းမျိုးနွယ်စုက မြင်းကောင်လေးများကို မည်သို့ ထုတ်လုပ်သည်သို့ လူတိုင်းက သိနေသကဲ့သို့ ကြောင်နတ်ဆိုးမျိုးနွယ်စုက သူတို့၏ "သိုးထိန်းကြောင်များ"ကို ကျော်စောစေလိုက်သည်။ သိုးထိန်းကြောင်များအားလုံးက သိုးများကို မည်သို့ ထိန်ကျောင်းရမည်ကို သိထားပြီး လယ်စိုက်ခြင်း စိတ်ဝိညာဉ်များက သူတို့သွေးထဲတွင် စီးဆင်းနေကြသည်။


အနာဂတ်တွင် ကြောင်နတ်ဆိုးမျိုးနွယ်စုကို ပြောင်းလဲရန်အတွက် စွေ့ချီချောင်းက နတ်ဆိုးနယ်မြေသို့ ရောက်လာသည့် ဇာတ်ကြောင်းများက နတ်ဆိုးနယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေ၏။ ဘာဖြစ်ခဲ့သည်ကို မသိသောလူများက စွေ့ချီချောင်းကို ကလေးမွေးနိုင်သည်ဟု ထင်နေကြပေသည်။ 


စွေ့ချီချောင်းမှာ စိုက်ပျိုးရေးလောကတွင် အလင်းတန်းတစ်ခုဖြစ်ကာ နှစ်အနည်းငယ်အတွင်းမှာပင် အတင်းအဖျင်းများနှင့် ဒဏ္ဍာရီများစွာကို ချန်ရစ်ထားခဲ့ပေသည်။ 


လူသားနယ်မြေနှင့် နတ်ဆိုးနယ်မြေ နှစ်ခုစလုံးမှာ ထူးဆန်းတဲ့ ရှေ့ပြေးတော်နှစ်ယောက် ပေါ်လာပြီးဆဲ့နောက် ရှားပါးဖြစ်တည်မှု ကျင့်ကြံသူတွေက သူတို့ရဲ့ ရှားပါး အနုပညာနဲ့ ဆိုင်နေသေးတာလား... 

ထိုအချိန်မှစ၍ လူတိုင်းက ရှားပါးဖြစ်တည်မှု ကျင့်ကြံသူများကို အချစ်ကို ရှာဖွေကြသော ကျင့်ကြံသူများဟူသော နောက်အမည်တစ်မျိုးဖြင့် အစားထိုးလာကြသည်။ 


ကောလဟာလများက အလွန်ဆန်းကြယ်လှသည်။ ၄င်းတို့က အမှန်ပင် အစွမ်းထက်သည့် လူများက ရှားပါး အနုပညာကို ချန်ရစ်ထားခဲ့ပြီးနောက် အချစ်ကို ရှာဖွေရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာကြလိမ့်မည်ဟု ဆိုကြပေသည်။ မည်သို့ပင်ဆိုစေ ထိုကျင့်ကြံခြင်းအဆင့်တွင် မည်သူကမှ ပြဿနာများကို အာရုံမစိုက်ပါက သူတို့က ရှုံးနိမ့်မည် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းမှာ ခက်ခဲကာ ပင်ပန်းသော ခရီးတစ်ခုဖြစ်၏။ 


စွေ့ချီချောင်းနှင့် ရှေ့ပြေးတော်ယင်းကျန်းတို့၏ ပျောက်ကွယ်သွားမှုမှာ သူတို့က တိတ်ဆိတ်သောနေရာတစ်ခုကိုရှာကာ အတူတကွ တံခါးပိတ်ကျင့်ကြံရန် ဖြစ်ရမည်ဟု ဆိုကြပေသည်။ စွေ့ချီချောင်း၏ ကျင့်ကြံခြင်းမှာ ရပ်တန့်နေသည်။ ရှေ့ပြေးတော်ယင်းကျန်းက စွေ့ချီချောင်းနှင့် အချိန်ကြာမြင့်စွာ အတူနေလို၍ သူ၏ကျင့်ကြံခြင်းကို စွေ့ချီချောင်းထံသို့ လက်ဆင့်ကမ်းလိုပေသည်။ စွေ့ချီချောင်းက နယ်မြေနှစ်ခုစလုံးထဲတွင် ပြဿနာများစွာ ရှာထားပြီးလျှင်ပင် ဤအမျိုးသား၏ ကျင့်ကြံခြင်းမှာ ရွှေရောင်နဂါးကို အသိအမှတ်ပြုခြင်း အဆင့်၌သာ ရှိနေပေသည်။ 


စွေ့ချီချောင်းက နှလုံးသားထဲတွင် အမတထန်ဝေ့အကြောင်း အမြဲတွေးနေပြီး နောက်ပိုင်းတွင် သူက ရှေ့ပြေးတော်ယင်းကျန်းကို လုပ်ကြံသတ်ဖြတ်လိုက်ရာ မည်သူကမှ ရှေ့ပြေးတော်ယင်းကျန်း သေလား ရှင်လား မသိကြပေ ဟူ၍လည်း ပြောကြပေသည်။ 


အခြားသူများက "ပိုကောင်းသော" စိတ်ကူးစိတ်သန်းများ ရှိကြပေသည်။ သူတို့က ရှေ့ပြေးတော်ယင်းကျန်းမှာ အမတထန်ဝေ့၏ ပူးကပ်ခြင်းခံရသည်ဟု တွေးကြသည်။ ၄င်းက မမျှော်လင့်ထားဘဲ အမှန်တရားနှင့် နီးကပ်သော်လည်း နယ်မြေနှစ်ခုစလုံးမှ လူတိုင်းက ၄င်းမှာ ဖြစ်နိုင်ချေအနည်းဆုံးယူဆချက်ဟု တွေးကြပေသည်။ မည်သို့ပင်ဆိုပေ နယ်မြေနှစ်ခုစလုံးတွင် ပျံ့နှံ့နေသော ကောလဟာလ အများအပြားရှိနေပေသည်။ 


စွေ့ချီချောင်း ထွက်သွားပြီးနောက် စတုတ္ထမြောက်နှစ်တွင် ယွီလင်းဂိုဏ်း၏ ဓားသွေးကျောက်မွမ်းမံရေး အိမ်တော်၏ တပည့်အသစ်များက နောက်ဆုံးတွင် ပထမဆုံး ကျင့်ကြံရေးအဆင့်၏ ကြီးမြတ်ပြည့်စုံခြင်းကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့သည်။ 


ထိုကာလမှစ၍ ဓားသွေးကျောက်မွမ်းမံရေး အိမ်တော်က စတင်ကျယ်ပြန့်လာပေသည်။ ထိုအချိန်မှစကာ ယွီလင်းဂိုဏ်းက တပည့်အသစ်များကို သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပါရမီကို ဆုံးဖြတ်ရန်အတွက် ဟင်းလျာသစ်များဖြင့် စမ်းသပ်လာပေသည်။ 


ယွီလင်းဂိုဏ်း၏ တပည့်များက ပထမဆုံး ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိရန် ကျင့်ကြံရေးလောကတစ်ခုလုံး၏ တပည့်အသစ်များ ပုံမှန်ယူရသည့် အချိန်ကို တိုးမြှင့်ရန်အတွက် တိုက်ရိုက်ဦးဆောင်လိုက်ကြသည်။ ဓားသွေးကျောက် မွမ်းမံရေးအိမ်တော်တွင် တပည့်များက ခါးသီးစွာ ကျင့်ကြံနေကြသည်။ သို့သော် သူတို့က ငြိမ်သက်ခြင်းအဆင့်ကို မဝင်ရောက်နိုင်ပေ။ ထို့ကြောင့်ပင် သူတို့က နေ့တိုင်း ညည်းညူနေကြပြီး စကျင်ကျောက်ပုလဲစေ့ဖာထေးရေးအဆောက်အအုံက အဘယ့်ကြောင့် သူတို့ကို ဤသို့ ဆက်ဆံရသည်ကို ရေရွတ်နေကြသည်။ 


နောက်ပိုင်းတွင် ဤထူးဆန်းသော ဇာတ်ကြောင်းက ကျင့်ကြံရေးနယ်မြေတစ်လွှားတွင် ပျံ့နှံ့သွားပြီး သေမျိုးလောကတွင်ပင် နာမည်ကျော်လာကြပေသည်။ အချို့သောသေမျိုးများက ယွီလင်းဂိုဏ်း၏ စကျင်ကျောက်ပုလဲစေ့ဖာထေးရေးအဆောက်အအုံမှ သင်ကြားမှုများ ရရှိခဲ့သည်ဟု အခိုင်အမာဆိုကာ သေမျိုးနယ်မြေတွင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ကြသည်။ သူတို့က အမတများစားကြသည့် အစားအသောက်များကို ရောင်းသည်ဖြစ်ကြောင်းလည်း ဆိုကြသည်။ သေမျိုးနယ်မြေတွင် ပျံ့နှံ့နေသည့် ဓားသွေးကျောက် မွမ်းမံရေးအိမ်တော်မှ ဇာတ်ကြောင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့က "အမတများ စားသည့်ဝိုင်များနှင့် ဟင်းများကို သေမျိုးများက မနာလိုစရာမလိုဘဲ စားသုံးနိုင်သည်"ဟုအခိုင်အမာဆိုလာပြီး ရောင်းချကြသည်။ 


....


"ဟုတ်ပြီ... ငါတို့ ဒီနေရာမှာ ပြီးတော့မှာလား..."

စွေ့ချီချောင်းက တစ်ချက်ကြည့်ရန် နောက်သို့ လှည့်လိုက်သည်။ ဤနေရာမှာ ဝေးလံလှပြီး နတ်ဆိုးများပင် သူတို့ရှိနေရာသို့ မရောက်နိုင်ကြပေ။ 


ယခုက စွေ့ချီချောင်းအတွက် ဤမှတ်ဉာဏ်တုလေယာဉ်ကို စွန့်ခွာရန် အချိန်ရောက်လာပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤသည်က ရှန်းရှ မှတ်ဉာဏ်တု လေယာဉ်တစ်ခုဖြစ်၏။ သူပျောက်သွားသည်ကို တစ်ယောက်ယောက်မြင်ပါက ထူးဆန်းသည့် ကောလဟာလများက နယ်မြေများထဲတွင် ပျံ့နှံ့သွားပေမည်။


"ဒီနားမှာ ဘယ်သူမှ မရှိဘူး..."

ရှောင်ပိုင်က စွေ့ချီချောင်း၏ အဝတ်အစားထောင့်များကို လှမ်းဆွဲကာဆိုလိုက်သည်။ သူ့အမူအရာက သူ စွေ့ချီချောင်းနှင့် မခွဲခွာလိုကြောင်းကို ပြသနေသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေကာ စိုးရိမ်နေသည်ကို ဝန်ခံရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူက ဤမှတ်ဉာဏ်တု လေယာဉ်မှ ထွက်ခွာသွားပြီးနောက် အာကာယာဉ်လက်မှတ်တစ်ခုကို ဝယ်ကာ စကြဝဠာတစ်ဝက်ခန့် ခရီးသွားပြီး စွေ့ချီချောင်းကိုရှာရန် စီစဉ်ထားပေသည်။ 


မဟုတ်ဘူး... သူ စွေ့ချီချောင်းဆီကို မသွားခင်မှာ ဆလပ်ရွက်နည်းနည်းလောက်စိုက်ပြီး ယူသွားသင့်လား...


ရှောင်ပိုင်က ခေတ္တ တွေးတောလိုက်ပြီး အရိပ်အမြွက်ပြောလိုက်သည်။ 

"ငါ ဘယ်လိုလူမျိုးလဲဆိုတာ မင်းတွေးဖူးလား..."


စွေ့ချီချောင်းက သူ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ 

"မင်းက ဘယ်လိုကြောင်မျိုးလဲဆိုတာ ငါသိတယ်လေ..."


"...."

ရှောင်ပိုင်က ဆိုလိုက်သည်။ 

"ငါပြောတာက တကယ့်ငါလေ... ငါက လက်တွေ့လောကမှာ ဒီလိုပုံမျိုး မဟုတ်ဘူးလေ..."


သူက သူ့၏ မျက်နှာအစစ်ကို ဒီဇိုင်းဆွဲကာ ၄င်းကို မှတ်ဉာဏ်တု လေယာဉ်ထဲတွင် အသုံးပြုရန် စိတ်ကြီးဝင်မနေပေ။ 


စွေ့ချီချောင်းက မြင်ချင်တယ်ပြောလာရင် သူက ခပ်မိုက်မိုက်နဲ့ ခဏနေရင် ငါမင်းကို ကြည့်ခွင့်ပေးမယ်လို့ ပြောလိုက်မှာ...


သို့သော် စွေ့ချီချောင်းက ပြုံးရုံသာပြုံးကာ ဆိုလိုက်သည်။ 

"မသိတာ ပိုကောင်းပါတယ်... အဲ့ဒါက ဘေးမကင်းဘူး... LJJက မင်းကို အရမ်းမုန်းနေတာ..."


ရှောင်ပိုင်က အထိတ်တလန့် ဆိုလိုက်သည်။

"မင်းက တွေ့ချင်တာလား.... မတွေ့ချင်ဘူးလား..."


စွေ့ချီချောင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ 


ရှောင်ပိုင်က အဆုံးအစမရှိ ပြောလိုက်သည်။ 

"ငါဆိုလိုတာက... ငါ့ ဘေးကင်းရေးကို ဂရုစိုက်တာ တစ်ကြောင်း... တွေးကြည့်တာက တစ်ကြောင်းလေ..."


စွေ့ချီချောင်းက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ 

"ရှောင်ပိုင်... မင်းက..."


ရှောင်ပိုင်၏ နှလုံးသားက ခုန်ပေါက်သွားပြီး သူက ချက်ချင်းပင် စွေ့ချီချောင်း၏ ပါးစပ်ကို လှမ်းအုပ်လိုက်သည်။ ရှောင်ပိုင်မှာ စွေ့ချီချောင်း နောက်ထပ်ပြောလာသည့်စကားမှာ အလွန်အရေးကြီးသည်ဟု မှန်းဆမိပေသည်။ ၄င်းက အရေးကြီးပါက ရှောင်ပိုင်က လက်တွေ့လောကတွင်သာ နားထောင်ရန် လိုပေသည်။ သို့ဖြစ်၍ ရှောင်ပိုင်က  ပြောလိုက်သည်။ 

"ထားလိုက်တော့... မပြောနဲ့..."


စွေ့ချီချောင်း၏ မျက်နှာက အလေးအနက်ဖြစ်လာကာ  လက်ဆန့်ထုတ်ပြီး ရှောင်ပိုင်၏ လက်ကို ဖယ်ထုတ်လိုက်သည်။ သူက ရှောင်ပိုင်နှင့် စကားပြောမှ ဖြစ်မည်။ 


ထိုအချိန်တွင် သူက ထွက်ခွာရမည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ စွေ့ချီချောင်းက မှတ်ဉာဏ်တု လေယာဉ်မှ ထွက်ခွာသွားပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။ 


ရှောင်ပိုင်က စွေ့ချီချောင်း၏ လက်ကို လွတ်လိုက်သည့်အခါ သူ့နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်နေပေသည်။ ထို့နောက် သူက စွေ့ချီချောင်း စကားမပြောမီ နမ်းလိုက်သည်။ 


ရှောင်ပိုင်က ထိန်းမထားနိုင်ပေ။ သူက စွေ့ချီချောင်းအား သူအသိပေးရန် ကြိုးစားနေသည့်အကြောင်း အကြိုသတိပေးချက်ကို ပေးရပေမည်။ 


စွေ့ချီချောင်း၏ အမူအရာက သူ့မျက်နှာပေါ်တွင် အပြည့်အဝ မထင်ဟပ်လာမီတွင် သူ့ခန္ဓာကိုယ်က အပြီးတိုင် ပျောက်ကွယ်သွားလေသည်။ 


ရှောင်ပိုင်က စွေ့ချီချောင်းကို လွှမ်းခြုံသွားသည့် အလင်းရောင်မှိန်မှိန်ဆီသို့ကြည့်ကာ သူ့မျက်လုံးများကို ရောင့်ရဲမှုဖြင့် မှိတ်လိုက်လေသည်။ 


.....


ကျန်းထန်ဝေ့၏ သတိတရားက မှတ်ဉာဏ်တုလေယာဉ်မှ ဆွဲထုတ်ခံလိုက်ရသည်။ LJJ၏ ပညာရှင်ပီသသော စက်ပစ္စည်းနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ စက်ပစ္စည်းက ကိုယ်တိုင်ပြုလုပ်ထားသည့် အချက်အလက် ကြားခံပစ္စည်းကို အသုံးပြုထားခြင်းကြောင့် များစွာပို၍ ရိုးရှင်းပေသည်။ 


သူ အိပ်ရာပေါ်တွင် အကျောဆန့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားလေသည်။ သူက အလျင်အမြန် ထထိုင်ကာ တံခါးကို လှမ်းကြည့်လိုက်သည်။ သူမှာယူထားသော စွေ့ချီချောင်း ထောက်ခံပေးထားသည့် အပင်စိုက်သည့် ပစ္စည်းအစုံမှာ ရောက်ရှိနေလေပြီ။ 


၄င်းကို ချက်ချင်း ဖွင့်လိုက်ပြီးနောက် ထိုအထဲတွင် အစေ့အမျိုးအစားများစွာရှိနေသည်ကို တွေ့လိုက်ပေသည်။ ကျန်းထန်ဝေ့က အစေ့များကိုယုကာ စိုက်လိုက်သည်။ 


မှတ်ဉာဏ်တုလေယာဉ်ပေါ်ရှိ အရာရာက အလွန် စစ်မှန်လှ၏။ သူက သူ့နှုတ်ခမ်းကို ထိလိုက်သည့်အခါ စွေ့ချီချောင်းနှုတ်ခမ်းများ၏ အထိအတွေ့ကို ခံစားနေရဆဲဟုထင်ရပေသည်။ 


သူက အစပိုင်းတွင် သူ့စွမ်းဆောင်ရည်များကို သက်သေပြရန်နှင့် အပျော်သဘောဖြင့်သာ LJJ၏ မှတ်ဉာဏ်တုလေယာဉ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်ခဲ့သည်ကို ပြန်သတိမရဘဲ မနေနိုင်ပေ။ လက်ရှိတွင် ဤနည်းပညာကို ကုမ္မဏီကြီးများစွာက လက်ဝါးကြီးအုပ်ထားပေသည်။ 


အစပိုင်းတွင် ကျန်းထန်ဝေ့က မှတ်ဉာဏ်တုလေယာဉ်များစွာသို့ ဖောက်ဝင်ပြီး ထိုနေရာများတွင် NPCယောင် ဆောင်နေခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သူက သရုပ်ဆောင်က သူ့အလုပ်သူလုပ်သည်ကို စောင့်ကြည့်နေခြင်းသာဖြစ်ပြီး တစ်ခါတစ်ရံ သူက ပြဿနာရှာတတ်သော်လည်း မည်သူကမှ ထူးဆန်းနေသည်ကို မသိကြချေ။


နောက်ပိုင်းတွင်  လူသားများက သူတို့၏ မျိုးနွယ်ကို အမှန်တကယ် ပြောင်းလဲမရကာ သူတို့က ပျံနေသော ငှက်များ သို့မဟုတ် လမ်းလျှောက်နေသော တိရိစ္ဆာန်များအဖြစ် အမှန်တကယ်တွင် ပြောင်းလဲမရသည်ကို တွေးမိသွားသည်။ 

ဒါပေမဲ့ မှတ်ဉာဏ်တုလေယာဉ်ထဲမှာဆိုရင်ရော... 


LJJက သရုပ်ဆောင်တစ်ယောက်က တိရိစ္ဆာန်တစ်ကောင်အဖြစ်ပြောင်းသွားသည့် ရှိုးတစ်ခုကို ပြုလုပ်ရန် မတွေးမိပေ။ ကျန်းထန်ဝေ့က ၄င်းမှာ ထို့အတွက် နည်းပညာက ယခုအထိ မပြည့်စုံသေး၍လား သို့မဟုတ် သူတို့က ကြည့်ရှုသူများကို ဆက်လက်ထိန်းသိမ်းထားလို၍လား သေချာမသိပေ။ သို့ဖြစ်ရာ ကျန်းထန်ဝေ့က ကြောင်တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ မဝင်ကြည့်ဘဲ မနေနိုင်ချေ။ ရလာဒ်တစ်ခုအနေဖြင့် သူကို စွေ့ချီချောင်းက ဖမ်းမိသွားသည်။


၎င်းမှာ သူ၏ ပထမဆုံးအကြိမ် ကြောင်ဖြစ်ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့၏ မူမမှန်မှုများက LJJထံမှ အာရုံစိုက်မှုအနည်းငယ်ကို ရရှိခဲ့သည်။ သို့သော် ပိုအရေးပါလှသည်မှာ ကျန်းထန်ဝေ့မှာ သူက မှတ်ဉာဏ်တုလေယာဉ်ထဲတွင် စွေ့ချီချောင်း၏ ဖိနှိပ်ခြင်းခံရသည်ကို ဒေါသထွက်သွားသည်။ ထို့အပြင် သူက ကြောင်၏dataများ လွှမ်းမိုးခြင်းကို ခံရပုံရသည်ကိုလည်း တွေ့လိုက်ရသည်။ 


နောက်ပိုင်းတွင် သူက ဒုတိယမှတ်ဉာဏ်တုလေယာဉ်ပေါ်သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ ၄င်းမှာ LJJက သူ့၏ dataကို မှတ်ဉာဏ်တုလေယာဉ်ပေါ်သို့ ထည့်သွင်းလိုက်ခြင်းဖြစ်သော်လည်း သူက အတန်ကြာအောင် တွေးတောလိုက်ပြီး မလွတ်မြောက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ခံစားချက်က အလွန်ရှုပ်ထွေးနေပြီး သူက သူ့ဒေါသများကို ဖိနှိပ်နေရသည်ဟု ခံစားရသည်။ သို့သော် တစ်ချိန်တည်းမှာပင်  တိုးတက်လာသည့် စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးကိုလည်း ခံစားလိုက်ရပြီး စွေ့ချီချောင်းကို သူ့သခင်အဖြစ် လက်ခံလိုက်ရသည်။


နောက်ပိုင်း ဆက်ဖြစ်သည်များမှာ ထပ်ပြောရန်ပင် မလိုချေ။ သူက စွေ့ချီချောင်းအား မနာခံလိုသောအချိန်မှစကာ  စွေ့ချီချောင်းနှင့် အလိုက်သင့် နေထိုင်ခဲ့သောအချိန်များသို့ ဖြတ်သန်းခဲ့ရသည်။ နောက်ပိုင်းတွင် အရာရာက တဖြည်းဖြည်း ပြောင်းလဲလာပေသည်။ မှတ်ဉာဏ်တုလေယာဉ်က အလွန်စစ်မှန်နေပုံရကာ ကျန်းထန်ဝေ့အတွက် စွေ့ချီချောင်းက သူ့အား အချိန်ကြာမြင့်စွာ အဖော်ပြုပေးနေသော လူဖြစ်နေပုံရသွားပေသည်။


စွေ့ချီချောင်းက ငါ့ကိုတွေ့ရင်  ဘယ်လို တုံ့ပြန်လောက်မလဲ... သူငါ့ကို မှတ်မိလောက်မှာလား... သူ အစပိုင်းတော့ ငါ့ကို လက်ခံမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို အခြေခံအနေနဲ့ ယူရင်တော့....

ကျန်းထန်ဝေ့က ခေါင်းမော့ကာ တွေးနေပေသည်။ သူက တွေးလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သူ အင်တာနက်ကို ထပ်မံဖွင့်ကာ LJJကိုသွားရန် လမ်းကြောင်းကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။ 


ယခုတွင် စွေ့ချီချောင်း၏ ပရိုဂရမ်က အလွန် နာမည်ကြီးနေသောကြောင့် သူ LJJကို ရှာလိုက်သောအခါ များစွာသော သက်ဆိုင်ရာသတင်းခေါင်းစဉ်များက အတူတကွ ပေါ်လာလေသည်။ ကျန်းထန်ဝေ့က သူ့အမည်ကိုမြင်ကာ စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။ 


သူ့အကြောင်း ဆွေးနွေးထားသည်များ အများအပြားရှိနေ၏။ ထန်ဝေ့အကြောင်းဖြစ်စေ ယင်းကျန်းအကြောင်းဖြစ်စေ သူ၏ရုပ်သေးရုပ်နှစ်ခုစလုံးမှာ များစွာ ဆွေးနွေးခြင်း ခံထားရ၏။ သူသည်လည်း ဤseason၏ ပရိုဂရမ်တွင် နာမည်ကြီး ဇာတ်ပို့တစ်ယောက် ဖြစ်လာသည်ဟု တွက်ဆမိပေသည်။ 


သူတို့က ငါနဲ့ စွေ့ချီချောင်းအကြောင်း ဘာတွေ ပြောကြလဲ.. LJJက အဲ့ဒါကို ဘယ်လိုမျိုး တည်းဖြတ်ထားလဲ...


အခြားပရိုဂရမ်များတွင် အဓိကဇာတ်ကောင်နှင့် ဇာတ်ပို့ကို ဖော်ပြသည့် စာကြောင်းနှင့် ဓာတ်ပုံများ ရှိနေပုံရသည်။


ကျန်းထန်ဝေ့မှာ ၄င်းကို နှိပ်လိုက်သောအခါ စိတ်လှုပ်ရှားမှု အနည်းငယ် ရှိနေပေသည်။ သူ ဆွေးနွေးခန်း တစ်ခုကို ဖွင့်လိုက်သည့်အခါ အဓိကကြော်ငြာမှာ အထင်ကြီးစရာကောင်းအောင် ရေးထားသည်ကို တွေ့လိုက်သည်။ 


[ထန်ဝေ့ရဲ့ အောင်မြင်မှုတွေကို အလေးအနက် ဆွေးနွေးနေကြသေးတဲ့ လူတွေရှိနေတာ ရယ်ရတယ်... XXလုပ်ချိန် နှစ်မိနစ်နဲ့ ဆယ်စက္ကန့်ပဲရှိတဲ့ ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး လယ်ကွင်းတွေအများကြီး စိုက်ဖို့ ထိုက်တန်မှာလဲ... မဟုတ်ဘူး... သူက အပေါ်ထပ်ဖြစ်ဖို့ရော ထိုက်တန်ရဲ့လား...]


ကျန်းထန်ဝေ့က ချက်ချင်းပင် အသက်ရှုကြပ်သွားလေသည်။ 

".........."



Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ] ပြီးသွားပါပြီရှင် 🌳🌳🌳