Chapter 14
Viewers 4k

Chapter 14


ရွှီဇီယန်ဟာ'လေ့ကျင်းရေးကွင်း'ဆိုသည့် စကားလေးလုံးကိုကြားပြီး နိုးတစ်ဝက်အိပ်တဝက်ဖြင့် ခုန်ချလိုက်၏။ "အား! ငါမေ့တော့မလို!"


စောင်နဲ့မခွဲနိုင်မခွာရက်ဖြစ်နေသူက ရုတ်တရပ်ကြီးခုန်ချလိုက်တော့ ရွှီဇီရုန်မှာအလွန်အံ့ဩသွားရသည်။ 


ရွှီဇီရုန်မှာပါးစပ်အဟောင်းသားဖြင့် ရွှီဇီယန်ကိုငေးကြည့်နေပြီး တစ်ဖက်လူကတော့ ထပြီး အချိန်အတော်ကြာ ဘာမှမပြောဘဲရှိနေသည်။


“အား! ငါမေ့နေတာ! ငါ့မေ့နေတာ!” ရွှီဇီယန်ကသူ့ကိုယ်သူ စိတ်ပျက်နေသည့်အသံဖြင့်ပြောလေသည်။ သူတကယ်ကြီးအအိပ်လွန်သွားတာဘဲ သူသွားသေဖို့သာကောင်းတယ်!


သူဝိညာဉ်မကူးပြောင်းခင်အချိန်တုန်းကလည်း အိပ်ရာကနေမထချင်သည့်အကျင့်ဆိုး သူ့မှာရှိသည်။ ခေတ်ဘက်မှာတုန်းကဆို သူ့ကိုယ်သူအိပ်ရာကနေနိုးအောင်——နိုးစက်ငါးလုံးလောက် စီထားခဲ့ရသည်။


ဒါပေမယ့်ဒီကိုရောက်တော့...........ရွှီမိသားစုကလူတွေက သခင်လေးအိပ်မောကျနေရင်တောင် ဘယ်သူမှလာနိုးရဲမည်မဟုတ် အား........


“ကိုကို.........” ရွှီဇီရုန်ကတုံ့ဆိုင်းစွာမေးလာ၏။ “ကျွန်တော်တို့လေ့ကျင့်ရေးကွင်းကို သွားဦးမှာလား?”


“သွားရမှာပေါ့! ကိုကိုတို့သေချာပေါက်သွားရမယ်! ဒီနေ့ ဒီကိုကိုရဲ့အမှားပါ။ ကိုကိုအအိပ်လွန်သွားတယ်။ ကိုကိုမြန်မြန်မျက်နှာသစ်လိုက်ဦးနော်။” ရွှီဇီယန်ဟာအလျင်အမြန်ပင် အဝတ်အစားဝတ်လေ၏။


ရွှီဇီယန်ဟာရှုပ်ယှက်ခက်နေအောင် မျက်နှာသစ်လိုက်၊ အဝတ်စားလဲလိုက်လုပ်နေတာကို ရွှီဇီရုန်ကခုံထိုင်ပေါ်မှာထိုင်ကာ ကြည့်နေလေသည်။ သူ၏အကြည့်တွေကအလွန်နက်ရှိုင်းလှသည်။


သူ့ရှေ့ရှိရွှီဇီယန်ဟာ သူ့အားအလွန်စိတ်မသက်မသာ ဖြစ်စေသည်။ ရွှီဇီယန်ဟာသူ့ကို သူကလေးဘဝတုန်းက အကြိမ်တော်တော်များများ နှိပ်စက်ဖူးသည်။ ပြီးတော့သူ့ကိုပျက်ရယ်ပြုဖူးတယ်ဆိုပေမယ့် သူ့ရဲ့အပြုအမူ၊ သူ့ရဲ့စကားပြောပုံကအစ သူမှတ်မိသေးသည်။ 


ဒါပေမယ့် သူ့အရှေ့ကလူရဲ့လက္ခဏာသွင်ပြင်တွေက အရင်ရွှီဇီယန်နဲ့တူပေမယ့် သူ့စိတ်ထဲမှာ'လုံးဝခြားနားနေတဲ့လူတစ်ယောက်'လို သူခံစားနေရသည်။


ရွှီဇီရုန်ရဲ့နှုတ်ခမ်းထောင့်က ထူးဆန်းသည့်အပြုံးပြုံးလိုက်သည်။ ဒီလူပုဂ္ဂိုလ်က ရွှီဇီယန်မဟုတ်လည်းဘာဖြစ်လဲ? သူကတော့သူလက်စားချေမယ့်အလုပ်ကို——သူသေချာပေါက် ဖြစ်အောင်လုပ်မှာပဲ!


လက်ဖက်ရည်တစ်ခွက်သောက်ရုံလောက်အကြာတွင် ရွှီဇီယန်ဟာအားလုံးပြင်ဆင်ပြီးသွားသည်။ ရွှီဇီရုန်ရဲ့လက်ကိုကိုင်ဆွဲပြီး တံခါးကိုမြန်မြန်တွန်းဖွင့်ကာ အပြင်သို့ထွက်လာသည်။


ရွှီမိသားစုရဲ့လေ့ကျင့်ရေးကွင်းက တောင်ပေါ်မှာတည်ဆောက်ထားသည်။ နေရာကလည်းတော်တော်ကျယ်ဝန်းပြီး ထိုနေရာမှာတည်ဆောက်ရသည့် အခြားရည်ရွယ်ချက်ကတော့ သဘာဝအတိုင်းရှိနေသည့်သတ္တဝါတွေရယ်၊ စွမ်းရည်နိမ့်ကျတဲ့သတ္တဝါတွေ ရှိနေလို့ပဲဖြစ်သည်။


ထိုသတ္တဝါတွေကသေမျိုးတွေကိုတော့ သတ်ဖြတ်လို့ရပေမယ့် ကျင့်ကြံသူအတွက်ဆိုရင်တော့ နောက်လိုက်ကောင်းတွေဖြစ်လာနိုင်သည်။ ဒီလိုအကောင်မျိုးတွေထားထားတာက ကောင်းမွန်သည့်လေ့ကျင့်ရေးကိုအထောက်အကူပြုနိုင်သည်။


ရွှီဇီယန်ဟာရွှီဇီရုန်ကို ဆွဲပြီးပြေးလေ၏။ ကြက်ပျံသလို ခွေးခုန်သလိုပြေးနေကြပြီး လမ်းတစ်လျှောက် အစေခံများကလည်း ကြည့်နေကြသည်။ ဒါပေမယ့် သခင်လေးဆိုသည့်အဆင့်က တော်တော်မြင့်တာကြောင့် ဘယ်သူမှဘာမျှမပြောရကြပေ။


ရွှီဇီယန်ဟာသူပြေးနေစဉ်အတွင်း သူ့သွားရာအရပ်ပြောင်းလိုက်တိုင်း လေပေါ်ပျံနေသည့်ကုဗတုံးလေးကနေ သူ့နောက်ဘယ်သူလိုက်နေလဲဆိုတာ ကြည့်ဖို့လည်းမမေ့ပါ။


သူခန့်မှန်းထားသလိုဖြစ်လာတော့သည်။ ရွှီဇီယန်ဟာ လေပေါ်ပျံနေသည့်ကုဗတုံးလေးကနေ အမဲရောင်ဝတ်စုံနဲ့ဖြတ်သွားတာကို သုံးကြိမ်လောက်မြင်လိုက်ရသည်။


သူ့စိတ်ထဲအနည်းငယ်ကျေနပ်သွားသည်။ ရွှီမိသားစုရဲ့လျှို့ဝှက်ကိုယ်ရံတော်က သိပ်တော့စွမ်းရည်မမြင့်ပေမယ့် အရည်အချင်းတော့တော်တော်ရှိလောက်သည်။ ဒါပေမယ့် သူ့ရှေ့က လေပေါ်ပျံနေသည့်ကုဗတုံးရှေ့ကနေတော့ သူတို့မလွတ်မြောက်နိုင်ပါ။ ဒီတော့ သူတို့တွေကအသံတိတ်သတ်ဖြတ်ဖို့အတွက် သူတို့ရဲ့စွမ်းရည်တွေဟာ သူ့ရှေ့မှာအကျုံးဝင်မှာမဟုတ်ဘူး ဆိုလိုနိုင်တယ်မလား?


ထိုအကြောင်းရာကိုတွေးလိုက်ပြီး ရွှီဇီယန်ဟာမရယ်ဘဲမနေနိုင်ပါ။ သူ့ရဲ့အတွေးကအလွန်ရိုးရှင်းပေမယ့် လက်တွေ့ကတော့ခက်ခဲလှသည်။ ထိုသေတ္တာလေးကကြီးနေလို့သာ သူထိုသေတ္တာကနေမြင်နေရတာဖြစ်ပေမယ့် အခြားဘာမှတော့မလုပ်နိုင်ပေ။ 


သူကအရေးမစိုက်ဘဲထားလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသေတ္တာကအလကားရထားတာပဲ ဘယ်သူသိမှာမလို့လဲ? အရေးကြီးသည့်အချိန်တွေကျရင် ဒီသေတ္တာကအသုံးဝင်လာနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီသေတ္တာကဘာမှအသုံးမဝင်တာထက်စာရင် နည်းနည်းလောက်တော့အသုံးဝင်နေတာ ပိုကောင်းတာပေါ့။


“ကိုကို? ဘာဖြစ်လို့လဲ?” သူတို့စပြေးနေသည့်အချိန်မှစ၍ ရွှီဇီရုန်ဟာရွှီဇီယန်၏အမူအရာတိုင်းကို စောင့်ကြည့်နေသည်။ အခုဒီရွှီဇီယန်ကို သူ့အမြင်နဲ့ဘယ်လိုမှဆုံးဖြတ်လို့မရပေ။ ထို့ကြောင့်ဒီရွှီဇီယန်ကို အန္တရာယ်အများဆုံးအဆင့်၌သတ်မှတ်ထားလေ၏။


“အာ? ဘာမှမဖြစ်ပါဘူး။ ကိုကိုနည်းနည်းအတွေးလွန်နေလို့ပါ။” ရွှီဇီယန်ကဂရုတစိုက်ပြန်ဖြေလိုက်သည်။


ရွှီဇီရုန်၏ရင်ဘတ်ဟာ အနည်းငယ်တင်းကျပ်သွားပြီး အသက်ရှူရခက်သလိုခံစားလာရသည်။


သူဟာတိတ်တဆိတ် သူဒေါသကြီးစွာတွေးတောနေတာတွေကို ဖိနှိပ်လိုက်ပြီး ဒီရွှီဇီယန်ကအလွန်ကို ထူးဆန်းနေတယ်ဆိုပြီး ပြန်တွေးလိုက်ပြန်သည်။


အရပ်ရှည်သည့်ကလေးနဲ့အရပ်ပုသည့်ကလေးတို့ဟာ လေ့ကျင့်ရေးကွင်းသို့ သေမသတ်ပြေးကြလေသည်။ ရွှီမိသားစုရဲ့ကျင့်ကြံခြင်းလမ်းစဉ်တွေက ရွှီဇီရုန်မျက်လုံးထဲမှာတော့ ကလေးကစားစရာလောက်သာရှိသည်ဟု မှတ်ယူထားသည်။ သူဘာလို့ထိုနေရာကို သွားချင်နေရလည်းဆိုတော့ ဒီရွှီဇီယန်ကိုသူစုံစမ်းချင်လို့ပဲဖြစ်သည်။


သူတကယ်သိချင်တာက ဒီရွှီဇီယန်ဟာအရင်ဘဝကနဲ့မတူဘဲ ဘာလှည့်ကွက်တွေ ဘာရည်ရွယ်ချက်တွေနဲ့ကစားနေလဲဆိုတာပဲ ဒါမှမဟုတ်..........


သူ၏မဲမှောင်နေသည့်မျက်လုံးက အရောင်လက်သွားသည်။ ရွှီဇီရုန်ဟာ သွေးမိစ္ဆာတစ်ယောက်အနေနဲ့ မကောင်းသည့်လှည့်ကွက်တွေကို သိနားလည်ထားပြီးဖြစ်သည်။ သူသာခက်ခက်ခဲခဲ ကျင့်ကြံမှုမျိုးမလုပ်ခဲ့ပါက ဆန်းကျယ်သည့်လမ်းစဉ်တွေ သူ့ဦးနှောက်ထဲမှာရှိနေမှာမဟုတ်ဘူး။


သူဟာဟောင်းနွမ်းနေသည့် ကျင့်ကြံခြင်းလမ်းစဉ်သိုင်းကြမ်းကို တစ်ခါပဲတွေ့ဖူးပြီး ထိုအရာဟာ ယခင်ကဝိညာဉ်ကိုတောင် ဝါးမျိုဖျက်စီးနိုင်သည့် သွေးမိစ္ဆာသိုင်းကြမ်းဆိုတာ သူတွေးမိလိုက်သည်။


ထိုလမ်းစဉ်အတိုင်း အခြားဝိညာဉ်ကိုဝင်ပူးပါက အခြားလူရဲ့လျှို့ဝှက်ချက်တွေကို သိနိုင်ရုံသာမက အခြားလူရဲ့အပြုအမူတွေအတိုင်းလည်း လှုပ်ရှားနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာသူတို့ကိုသံသယရှိနေပြီးဆိုတာသိသွားပါက သူတို့ဝင်ပူးထားသည့်ကိုယ်ကသွေးကိုသုံးပြီး သူတို့ရဲ့လျှို့ဝှက်ချက်တွေကို အခြားသူမသိအောင်ဖျက်ပစ်နိုင်သည်။


ကံဆိုးချင်တော့ ထိုသိုင်းကြမ်းစာရွက်အချက်အလက်တွေက ပျောက်ဆုံးသွားပါပြီ။ ဒါပေမယ့် ဒီနေရာမှာများ ထိုသိုင်းကြမ်းစာရွက်တွေရှိနေမလားဘဲ။ ဘယ်သူများထိုမိစ္ဆာသိုင်းကြမ်းကိုရသွားပြီလဲ?


သူ့ရှေ့မှာရှိနေသည့် ရွှီဇီယန်ကိုနက်ရှိုင်းသော အကြည့်ဖြင့်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေကအနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူပြန်လည်မွေးဖွားလာတာနဲ့ သူ၏လက်ရှိအဖြစ်အပျက်တွေက အရင်ဘဝနဲ့အလွန်ကို ခြားနားလေသည်။ နောက်ဆုံးလေ့လာချက်အရ ဒီကွဲပြားနေရသည့်အကြောင်းဟာ သူ့အရှေ့ကရွှီဇီယန်ရဲ့စိတ်နေသဘောထားကြောင့်ပဲဖြစ်သည်။


သူတောင်ပြန်လှည်မွေးဖွားလာသေးတာပဲ။ ဒီရွှီဇီယန်ကလည်းဝင်ပူးထားတာ မဟုတ်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ? ဒါပေမယ့် သူ့အရှေ့ကလူကဘယ်သူပဲဖြစ်ဖြစ် အရင်ရွှီဇီယန်မဟုတ်ဘူးဆိုလျှင်တောင် သူလက်စားချေရမှာပဲ။


ဒီလောကကြီးမှာ အမြဲတမ်းအတုံ့အလှည့်ဆိုတာ ရှိစမြဲပဲ။ သူအခုစွမ်းအားသိပ်မရှိသေးပေမယ့် သူ့အရင်ဘဝက အတွေ့အကြုံတွေ၊ အဖိုးတန်ပစ္စည်းဖွက်ထားသည့်နေရာတွေ၊ သူအကုန်သိကျွမ်းပြီးသားဖြစ်သည်။


ထိုအရာတွေကိုသူတွေ့သွားခဲ့ရင် လူအများအံ့ဩသွားကြမှာဖြစ်ပေမယ့် သူ၏ယခုလက်ရှိစွမ်းရည်နဲ့ မဖြစ်နိုင်သေးပါ။ ဒါပေမယ့်ထိုပစ္စည်းတွေပေါ်လာပြီး အခြားလူတွေမယူသွားခင် သူလက်ဦးမှုအရင်ယူရမည်။


သူ၏အရင်ဘဝကအတွေ့အကြုံတွေအရဆိုရင် သူမကြာခင် သွေးပင်လယ်နှလုံးကျင့်စဉ်ရဲ့ ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုရောက်လိမ့်မယ်လို့ သူ့ကိုယ်သူယုံကြည်မှုရှိသည်။ သူပထမအဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ သူ၏ဒေါသကိုထိန်းဖို့ပိုခက်လာလိမ့်မည် ဆိုပေမယ့်..........


သူ၏နှုတ်ခမ်းထောင့်ကဖြေးဖြေးချင်း ကော့တက်သွားကာ လှောင်ပြုံးပြုံးလိုက်သည်။ သူကသွေးမိစ္ဆာတစ်ယောက်ဖြစ်သည်။ ဒါကြောင့် အခြားလူတစ်ယောက်ကို သတ်ရတယ်ဆိုတာ သူ့အတွက်မဆန်းကျယ်ပေ။ ဒါကသွေးမိစ္ဆာတွေအတွက် အလွယ်ကူဆုံးနည်းလမ်းပဲ မဟုတ်ဘူးလား?


သူ၏အရင်ဘဝတုန်းက သူဘာမှမလုပ်ခဲ့တာတောင် ထိုစောက်ကောင်တွေက သွေးစုပ်ပိုးကောင်တွေကို သူလွတ်ခဲ့တာဆိုပြီး အပြစ်ပုံချခဲ့သည်။ သူတို့တွေကသူ့ကိုလောကတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ်ပြောင်းလိုက်ပြီး ဒါနဲ့အဆုံးမသတ်သေးပေ။  သွေးစုပ်ပိုးကောင်အမေကြီးကိုသတ်ဖို့ သူ့ရဲ့သွေးကိုအသုံးချခဲ့သေးသည်။


ဟမ်… သူဘယ်လိုအကြောင်းကြောင့် ထိုကြောင်သူတော်ကြွက်သူခိုးကောင်တွေကို သူ့သွေးပေးခဲ့မိတာလဲ? သူ့လိုသွေးပင်လယ်နှလုံးကျင့်စဉ်ကျင့်သည့်သူက သွေးဟာသူ့အတွက်အလွန်အရေးပါသည်။ အဲ့ဒါတွေမရှိတော့ရင် သူ့ကျင့်စဉ်ကပျက်စီးသွားမှာအမှန်ပင်။ သူ့လိုတစ်ယောက်က ကျင့်စဉ်တွေသာမရှိတော့ရင် ဘာဆက်ဖြစ်မလဲသိတာနေတာပဲ မဟုတ်ဘူးလား?


တော်တော်ကိုရယ်စရာကောင်းတာပဲ။ ပိုင်ဟွဆိုသည့်ကောင်ကလည်း သူ့ကိုယ်သူဘာများထင်နေတာလဲ? ဘယ်လိုအကြောင်းအရာကများ သူ့ကိုယ်သူယုံကြည်မှု ရှိနေခဲ့တာလဲ? ပိုင်ဟွကတွေးခဲ့မှာပေါ့၊ သူ့ကိုသာကောင်းကောင်းမွန်မွန်ဖျောင်းဖျရင် သူ့ရဲ့ကိုယ်ပိုင်သွေးကို ပေးလိမ့်မယ်ပေါ့၊ အခြားကောင်တွေလိုမြင်တာနဲ့ ကြွေသွားမယ်လို့များ သူ့ကိုထင်နေတာလား?


ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှလည်း သူပြန်လည်မွေးဖွားမယ်လို့ ထင်မိမှာမဟုတ်ဘူး။ ဆိုတော့ ဒီဘဝမှာတော့ ပိုအဆင်ပြေသွားတာပေါ့။ သူသွေးမိစ္ဆာဖြစ်လာတာနဲ့ အကုန်လုံးကို သတ်ပွဲကျင်းပကြတာပေါ့။


ဒီလိုဆိုရင် သူ့ရဲ့သွေးပင်လယ်နှလုံးကျင့်စဉ်က မြန်မြန်အဆင့်မြင့်သွားလိမ့်မည်။ လူသွေးကိုအသုံးပြုရတာက တိရိစ္ဆာန်သွေးကိုအသုံးပြုရတာထက် ပိုလွယ်ပြီး သူတိရစ္ဆာန်တွေကို ခက်ခက်ခဲခဲသတ်စရာမလိုတော့ဘူး။ လူတွေကိုသတ်တာက——တိရိစ္ဆာန်တွေကိုသတ်တာထက် ပိုလွယ်သည်။


“ငါတို့ရောက်ပြီ!” ရွှီဇီယန်အသံကြားမှ ရွှီဇီရုန်ဟာအတွေးထဲက ပြန်ထွက်လာတော့သည်။ သူမျက်နှာကအားကျနေသည့်ပုံစံပေါက်နေပြီး ရှေ့ကြည့်လိုက်၊နောက်ကြည့်လိုက်လုပ်နေသည်။ သူကအနည်းငယ်စိတ်ရှုပ်စွာဖြင့် “ကိုကို၊ ဒါက——လေ့ကျင့်ရေးကွင်းလား? ဒါဆိုနောက်ကျရင် ကျွန်တော်ဒီမှာပဲ လေ့ကျင့်ရမှာလား?”


“သိပ်သေချာတာပေါ့။” ရွှီဇီယန်ကခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဇီရုန်ကလည်းရွှီမိသားစုဝင်ပဲဆိုတော့ ဇီရုန်လည်းကျင့်ကြံခြင်းလမ်းစဉ်ကို လေ့လာရမှာပေါ့။”


ရွှီဇီရုန်ဟာတစ်ဝက်လောက်ပဲနားလည်နေပြီး အနည်းငယ်တွေဝေနေကာ နောက်မှစိတ်လှုပ်ရှားနေသည့်ပုံစံမျိုးဖြင့် ခေါင်းညိတ်လိုက်သည်။


ရွှီဇီယန်ကကြင်ကြင်နာနာပြုံးပြလိုက်ပြီး ကွေ့ကောက်နေသည့်လမ်းတွေနဲ့ မညီညာဖြစ်နေသည့်တောင်ကုန်းဘက်ကို ညွှန်ပြလိုက်သည်။ “အဲ့အပေါ်ကလေ့ကျင့်ရေးကွင်းကို သွားချင်တယ်ဆိုရင် ရွှီမိသားစုကစည်းမျဉ်းထုတ်ထားတာရှိတယ်။ အဲ့တောင်ပေါ်ကို ကိုယ့်အားကိုယ်ကိုးပြီး တက်နိုင်တဲ့သူမှ ရွှီမိသားစုရဲ့လမ်းစဉ်တွေကို သင်ယူလို့ရမယ်တဲ့။”


သူပြောလို့လည်းပြီးရော ရွှီဇီရုန်ရဲ့ပုခုံးကိုပုတ်ပြီး အားပေးလေသည်။ “ဒီကိုကို… မင်းကိုမကူညီနိုင်တော့ဘူး။ ဒါပေမယ့်မစိုးရိမ်ပါနဲ့… ဇီရုန်၊ အဲ့ဒါကဒီအတိုင်း တောင်တက်လမ်းလျှောက်တာလောက်ပဲရှိတာပါ။ မင်းအတွက်ဘာပြဿနာမှမရှိပါဘူး။”


ရွှီဇီရုန် ခေါင်းညိတ်ပြလိုက်၏။ သူကရွှီမိသားစုရဲ့စည်းမျဉ်းတွေကို သိပြီးသားဖြစ်သည်။ သူ၏အရင်ဘဝတုန်းက ဒီကိုလာဖို့ဘာအခွင့်အရေးမှမရခဲ့တာကြောင့် ဒီတောင်ကိုလည်းမတက်ခဲ့ရပေ။


“မင်းတောင်တက်နေတာကို ကိုကိုစောင့်ပေးရမလား (ဒါမှမဟုတ်) ဟိုအပေါ်ကနေပဲသွားစောင့်နေရမလား?” ရွှီဇီယန် ညင်ညင်သာသာမေးလိုက်၏။


ရွှီဇီရုန် ရှက်ရွံ့စွာပြုံးလိုက်ပြီး “ကိုကိုအရင်သွားပါ။ ကျွန်တော် ကိုယ့်ဟာကိုတက်ခဲ့ပါ့မယ်။”


“ကောင်းပြီလေ။” ရွှီဇီယန် ဘာမှမပြောတော့ဘဲ ပတ်ပတ်ပတ် ဆိုတဲ့အသံနဲ့အတူ ခုန်ပြန်ကျော်လွှားပြီး တောင်ကုန်းလမ်းတစ်လျှောက်တက်သွားသည်။ စက္ကန့်ပိုင်းလောက်အကြာမှာတော့ သူ့အရိပ်ကိုတောင်မမြင်ရတော့ပေ။


ရွှီဇီရုန်ဟာလမ်းနံဘေးက ကျောက်တုံးအကြီးကြီးတွေကို စိုက်ကြည့်နေပြီး သူ့ရဲ့အပြုံးတွေဟာတဖြေးဖြေးပျောက်သွားလေသည်။


ရွှီမိသားစု............


သူ့ပါးစပ်ထဲကနေ ထိုစကားနှစ်လုံးကို အံကြိတ်အသံဖြင့်ပြောလိုက်သည်။ ထိုအချိန်၌ ရွှီဇီရုန်ဟာ သူ့ဘယ်လိုခံစားနေရတယ် ဆိုတာကို ဘာမှထုတ်မပြောပါ။


အခွင့်အရေးကသူ့အရှေ့မှာတင် ရောက်နေပါပြီ။ ဒါပေမယ့် သူထိုအရာကို စိတ်မဝင်စားတော့တာ အချိန်အတော်ကြာပြီဖြစ်သည်။ 


အတိအကျပြောရရင်..........အရင်ဘဝက သူရွှီမိသားစုကနေ ထွက်သွားသည့်အချိန်မှစ၍ သူဘယ်အရာကိုမှ စိတ်မဝင်စားတော့ပါ။ သူ့ရဲ့အမုန်းတွေကြောင့်သာ သူအသက်ဆက်ရှင်နိုင်ခဲ့တာ ဒါပေမယ့် ညရောက်သွားသည့်အချိန်မှာ အရာအားလုံးကပျောက်ကွယ်သွားသလိုပဲ ခံစားရသည်။


ဘာမှမရှိတာတွေ? နားလည်ရခက်တာတွေ? သူဘာမှမသိဘူး.......…...


ထိုအချိန်မှာသူဟာသူ့လက်သီးကို တင်းတင်းဆုတ်ထားပြီး တစ်ထစ်ချင်းသူ့ရှေ့ကထုံးကျောက်လှေကားကိုတက်လေသည်။


သူပထမလှေကားထစ်ကို တက်ပြီးချိန်၌ သူ့ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသည့်ဖိအားကြီး ရှိနေသလိုခံစားလိုက်ရသည်။ သူ့မျက်နှာက ရုတ်ချည်းပြောင်းသွား၏။


အရာအားလုံးကအတုအယောင်တွေပဲ!


ရွှီဇီရုန်ရဲ့စိတ်ထဲ၌ အေးစက်သွားရသည်။ သူနားမလည်တာက ရွှီဇီယန်သူ့ကိုသတ်လို့ရနေပါလျက်နဲ့ ဒီလိုမျိုးအခြားထောင်ချောက်ကို ဘာကြောင့်အသုံးပြုရတာလဲ..….....


အဲ့ဒါကဘာအဓိပ္ပါယ်လဲ?


ရွှီဇီရုန်ဟာစိတ်ရှုပ်ထွေးလာပြီး ဒီရွှီဇီယန်ရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ သူအခုထိနားမလည်နိုင်ဘူး။ ဒါပေမယ့် သူတွေးထားသလို သူ့ခန္ဓာကိုယ်ဖိအားကိုလျော့လိုက်ရင် ထိုဖိအားကလည်းလျော့သွားသည်။ ဒါပေမယ့်တဖြေးဖြေး အားနည်းလာတာကြောင့် သူခံနိုင်ရည်ရှိပါ့မလားတောင်မသေချာဘူး။


ရွှီဇီရုန်:?????


ရုတ်တရပ် ရွှီဇီယန်မသွားခင် သူအားပြောသွားသည့်စကားကို သူအမှတ်ရသွားသည်။ 

'ဒါကဒီအတိုင်း တောင်တက်လမ်းလျှောက်တာလောက်ပဲရှိတာပါ။ မင်းအတွက်ဘာပြဿနာမှမရှိပါဘူး။'


ရွှီဇီယန်ထိုစကားတွေပြောသွားသည့် ရွှီဇီရုန်မှတ်ဉာဏ်ထဲကပုံစံဟာ အေးခဲသွားသည်။ ဒါပေမယ့်  ထိုမတူညီသည့်မျက်ဝန်းတွေက လှောင်ပြုံးတွေပါနေတယ်လို့ ရွှီဇီရုန်ယူဆလိုက်တော့သည်။


#TK