Chapter 46
Viewers 4k

Chapter 46


ရွှီဇီယန်အလွန်အံ့ဩသွားပြီး သူ့ပါးစပ်တောင် မစိနိုင်အောင် ဖြစ်သွားရသည်။ မူလရွှီဇီယန်၏မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး သံသယရှိနေတယ်ဆိုပေမယ့် ဒီဟာက အရမ်းကြီးကို ကွဲပြားလွန်းနေတယ်မဟုတ်ဘူးလား?


ကျဉ်းမြောင်းသည့်တောင်လမ်းဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကုန်းမြေပေါ်လာလေသည်……မူလရွှီဇီယန်မှတ်ဉာဏ်က ဘာဖြစ်နေတာလဲ? အဲ့ဒါတွေက အထူးပြုပြင်မွမ်းမံထားတာလား ဒါမှမဟုတ် အခြားတစ်ခုခုကြောင့်လား?


ဒါပေမယ့် တောင်လမ်းက မူလ‌ကတွေးသလို မရိုးရှင်းဘူးဆိုပေမယ့် ရွှီဇီယန်ဘာမှသဲလွန်စမှမရပေ။


ပြီးနောက် ထိုအရာကိုပြန်တွေးကြည့်လိုက်သည်။ ဒီနေရာက လျှိုကွမ်းဂိုဏ်း၏ကြီးမားသည့် တောင်တန်းကာကွယ်ရေးစောင့်ရှောက်ရေး ခင်းကျင်းထဲမှာ တည်ရှိနေတာဖြစ်မည်။ အကယ်၍ သူတို့တွေသာ ဒီနေရာမှာ အကာအကွယ်အစီအရင်တွေ မလုပ်ပါက လျှိုကွမ်းဂိုဏ်းဟာလည်း သာမန်ကျင့်ကြံခြင်းမိသားစုတွေနဲ့ တူတူပဲဖြစ်သွားမှာမဟုတ်ဘူးလား?


ရွှီမိသားစုကလည်း အဓိကမိသားစုနေထိုင်ရာ နေရာတစ်ဝိုက်မှာ အစီအရင်မျိုးစုံကို ရန်သူတွေရန်မှကာကွယ်နိုင်အောင် ခင်းကျင်းထားလေ့ရှိသည်။ ဒါကြောင့် ဒီလိုဂိုဏ်းကြီးသည့် လျှိုကွမ်းဂိုဏ်းကလည်း အကာအကွယ်မလုပ်ဘဲနေမှာမဟုတ်ဘူး။


အားလုံးပြောကြသလိုပဲ လျှိုကွမ်းဂိုဏ်းက ရွှမ်းယွိနယ်မြေရဲ့ အုတ်မြစ်ဖြစ်သည်။ အကြီးဆုံးဂိုဏ်းဖြစ်တာနဲ့အညီ ဩဇာအရှိန်အဝါလည်းရှိသည်။ မရေမတွက်နိုင်သည့် အစီအရင် အခင်းအကျင်းတွေကို တောင်တန်းကာကွယ်စောင့်ရှောက်ရေး ခင်းကျင်းထဲမှာ နေရာချထားလောက်သည်။ အချိန်အများစုမှာတော့ ထိုအစီအရင်အခင်းအကျင်းတွေကို ပိတ်ထားလေ့ရှိသည်။ ဒါပေမယ့် နောက်မျိုးဆက်အတွက် အတွင်းဂိုဏ်းတပည့်အဖြစ် ဆုံးဖြတ်နိုင်ဖို့ စာမေးပွဲကျင်းပပြီဆိုရင် ဂိုဏ်းက ထိုအစီအရင်အခင်းအကျင်းတွေကို ဖွင့်လေ့ရှိသည်။ အကြီးအကဲတွေကလည်း ထိုအရာကို အချိန်ဖြုန်းတယ်လို့ တွေးမှာမဟုတ်ပေ။


ရွှီမိသားစုကညီအကိုနှစ်ယောက်ဟာ လက်ရှိမှာ ရေပူစမ်းကိုရောက်နေတာဖြစ်ပြီး ဘာလို့လဲဆိုတော့ သူတို့တွေက တောင်တက်နေရာကနေ နေရာကူးပြောင်းအစီအရင်ကို အသုံးပြုပြီး ရောက်ရှိလာလို့ဖြစ်သည်။ ထို့အပြင် အကြီးအကဲအများစု၏ အကြည့်တွေကလည်း ရွှီဇီယန်ဆီမှာရှိနေကြပြီး သူကအလွန်ထူးချွန်သည့် တပည့်တစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။


ဘာပဲဖြစ်ဖြစ် အကြီးအကဲတွေ၏မျက်နှာသာပေးမှု ရတာက အကျိုးအမြတ်များများရတယ်လို့ ဆိုလိုပေမယ့် သူ့အတွက် ဒီစာမေးပွဲက ပိုပြီးခက်ခဲလာမယ်လို့လည်း အဓိပ္ပါယ်သက်ရောက်ပေသည်။


အဲ့ဒါကသာမန်အခြေအနေသာဖြစ်သည်။ အခြားသာမန်လူတွေ လက်ရွေးစင်တွေက သူတို့ရဲ့ဟိတ်ကြီးဟန်ကြီးပုံစံဖြင့် ထင်ပေါ်ကျော်ကြားအောင် သူတို့တွေစည်းရုံးသိမ်းသွင်းလေ့ရှိသည်။╮(^▽^)╭


လျှိုကွမ်းဂိုဏ်းက အကြီးအကဲတွေအားလုံးဟာ ရွှီဇီယန်၏အပြုအမူတိုင်းကို ကြည့်ရှုနေသည်ဆိုတာကို သူလုံးဝမသိပေ။ လက်ရှိမှာ သူက ရေငွေ့တွေဆိုင်းနေသည့် ရေပူစမ်းအားစိုက်ကြည့်နေလေသည်။ နောက်ထပ်ဘာဖြစ်မလဲဆိုတာ ရွှီဇီယန်မသိပေ။


လျှိုကွမ်းဂိုဏ်းကနည်းလမ်းတွေက သူတို့ရဲ့စာမေးပွဲဖြေဆိုသူတွေကို ဘယ်လောက်တောင် နောင်တကြီးစွာရအောင်လုပ်ပြီး အခက်အခဲမျိုးစုံကိုခံစားလိမ့်မယ်ဆိုတာ ရွှီဇီယန်မတွေးတတ်တော့ဘူး။ လျှိုကွမ်းဂိုဏ်းက သူတို့ရဲ့စာမေးပွဲဖြေဆိုသူတွေကို ရေစိမ်ပြီးအနားယူဖို့ ဒီရေပူစမ်းကို တမင်ခေါ်လာတာတော့မဟုတ်လောက်ပေ။ ဒါပေမယ့် ဒီရေပူစမ်းကို ကွေ့ပတ်‌သွားရလိမ့်မယ်ဆိုသည့် အတွေးမျိုး ရွှီဇီယန်စိတ်ထဲမှာ ပေါ်လာသည်။ ထို့အပြင် တောင်လမ်းကလည်း ရုတ်ခြည်းအဆုံးသတ်သွားပြီးဖြစ်သည်။


ဗွမ်း!


ရွှီဇီယန်မျက်လုံး‌တွေ ရုတ်တရက်စူးရှသွားသည်။ အခုလေးတင် တစုံတခုက ရေပူစမ်း‌အပေါ်သို့ ပေါ်လာပြီး အောက်သို့ပြန်မြုပ်ဝင်သွားသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာက ရေကိုအတော်လေး ဂယက်ထအောင်လုပ်သွားသည်။ 


သူကရွှီဇီယန်အားကြည့်လိုက်ပြီး ရေပူစမ်းကနေထွက်ဖို့ သူတို့နှစ်ယောက်ဟာ သေချာဂရုတစိုက်လုပ်ဆောင်ရမည်။ သူ့လက်ချောင်းထိပ်ကနေ အလင်းတန်းထွက်ပေါ်လာပြီး အနည်းငယ်လှုပ်ရှားလိုက်ကာ ရွှီဇီရုန်က အစိမ်းရောင်အစေ့သုံးစေ့ကို သူ့လက်ထဲထည့်လိုက်သည်။


သစ်သားဒြပ်စင်ကျင့်စဉ်က ကုသသည့်နေရာမှာ အလွန်ကောင်းပေမယ့် တိုက်ခိုက်စွမ်းရည်နဲ့ယှဉ်ရင် အဲ့ဒါကဘာမှမပြောပလောက်ဘူး။ အရာတွေထက် ထူထပ်သည့်သွေးနွယ်ပင်တွေက ရွှီဇီရုန်၏ကိုယ်ပိုင်သွေးကနေ လုပ်ယူထားတာကြောင့် ဘယ်အချိန် ဘယ်နေရာမဆို ပေါ်လာနိုင်ပြီး အခြားအချိန်တွေမှာဆိုရင် အနီးပတ်ဝန်းကျင်က အပင်တွေနဲ့ သူအသုံးပြုချင်သည့် ဘယ်လိုစွမ်းအားကိုမဆို အသုံးပြုနိုင်သည်။


လက်ရှိမှာတော့ ဒီရေပူစမ်းမှာ ရွှီဇီရုန်ဘာအပင်မှာမတွေ့ရပေ။ အဲ့လိုသာဆိုရင် သူဒီအစေ့တွေကို ကြီးထွားဖို့တွန်းအားပေးပြီး အသုံးပြုဖို့ အပင်အနည်းငယ်သာ လုပ်လို့ရပေမည်။


ဗွမ်း!


နောက်တစ်ခါ ရေမျက်နှာပြင်က ရေများပြန်စင်လာပြန်လေသည်။ ရွှီဇီယန် ထိုအရာကို စိုက်ကြည့်ကာ လန့်သွားပြီ——အဲ့ဒါက ရေသူမ!


ဟုတ်နေတာပဲ။ ရေပူစမ်းတစ်ဝိုက်မှာ ဆော့ကစားနေပြီး ရေတွေစင်အောင်လုပ်နေတာက အခြားသူမဟုတ်ဘဲ ရေသူမဖြစ်နေတာကို!


ဒီရေသူမကအလွန်ကိုလှပသည်။ ရှည်လျားသည့်ကြက်သွေးရောင် ဆံပင်လေးက သူမနောက်ကျောမှာ လွှင့်မျှောနေသည်။ သူမရဲ့အပေါ်ပိုင်းကိုယ်မှာက အင်္ကျီဆိုလို့ အဖြူရောင်မုတ်ကောင်နဲ့ပြုလုပ်ထားသည့် အတွင်းခံသာဝတ်ဆင်ထားပြီး အောက်ပိုင်းကတော့ ငါးအမြီးသာဖြစ်ပြီး ကြည့်ရတာ အလွန်ချောမွတ်ပြီးတောက်ပြောင်လှသည်။


လက်ရှိမှာ သူမကရေပူစမ်းတစ်ဝိုက်နားမှာ လှည့်ပတ်ဆော့ကစားနေသည်။ ဒါပေမယ့် သူမက ရွှီမိသားစုညီနှစ်ယောက်အား မြင်လိုက်တာကြောင့် သူမအတော်လေးအံ့ဩသွားသည်။ 


ဒါပေမယ့် ရေသူမက စကားပြောတတ်ပုံမပေါ်ပေ။ သူမကမျက်လုံးအဝိုင်းသားဖြင့် ရွှီမိသားစုညီအကိုနှစ်ယောက်အား စိုက်ကြည့်နေသည်။


“မကြောက်ပါနဲ့ ငါတို့ကလူဆိုးတွေမဟုတ်ပါဘူး” ရွှီဇီယန်ကမဆိုင်းမတွ ရေသူမအားပြောလိုက်သည်။


ရေသူမပုံစံက လူစကားကိုတော့ နားလည်ပုံရသည်။ သူမကအနည်းငယ် ကြောက်နေသေးပေမယ့် ခဏတုန်းကလောက်တော့ လန့်ပုံမပေါ်တော့ပေ။


“မင်းကိုစိတ်အနှောင့်အယှက်ပေးမိလို့ ငါတောင်းပန်………” ရွှီဇီယန်ထိုစကားကို ပြောနေရင်း တစ်ခုခုမှားနေပြီဆိုတာကို သူခံစားလိုက်ရသည်။ ဒါကြောင့် သူကသူဆက်ပြောမည့် စကားလုံးကို ပြန်မျိုချလိုက်ပြီး ရေသူမအား တောင်းပန်သည့်အပြုံးသာ ပြုံးပြလိုက်သည်။


ရေသူမက ရွှီဇီယန်၏အမူအရာကို မြင်ပြီးနောက် သူမတစ်ခစ်ခစ်ရယ်မောလေသည်။ သူမမျက်လုံးထဲက စိုးရိမ်နေသည့်အရာတွေဟာ အားလုံးပျောက်ကွယ်သွားပြီး သူ့အား ခင်မင်သောအနေဖြင့် လက်ဝှေ့ယမ်းပြလေသည်။


ရွီဇီယန်အနည်းငယ် စိတ်သက်သာရသွားပြီး

“ဒါကငါ့ရဲ့ညီလေး ရွှီဇီရုန်ပါ ငါတို့နှစ်ယောက် ဒီနေရာကဖြတ်သွားချင်လို့” နောက်လှည့်ကာ ရွှီဇီယန် သူ့ညီလေးအား ဆွဲခေါ်လိုက်ပြီး ရေသူမအား မိတ်ဆက်ပေးလေသည်။


ရွှီဇီရုန်အမူအရာကတော့ စိတ်မဝင်စားသည့်ပုံစံသာ ဖြစ်နေသည်။ သူ့အကြည့်တွေက နည်းနည်းလေးမှ အသက်မဝင်နေပေ။ သူ့အကြည့်တွေက အလွန်တည်ငြိမ်နေပြီး လူသေတစ်ယောက်၏အသက်မပါသည့် အကြည့်နဲ့တောင် တူနေသည်။


ဒါပေမယ့် ဘေးတစ်စောင်းမို့ ရွှီဇီယန်ဟာ ရွှီဇီရုန်၏အမူအရာကို သတိမထားမိပေ။ သူတွေးမိလိုက်တာကတော့ သူ့ညီလေးက ရှက်နေတယ်ထင်ပြီး ရွှီဇီရုန်၏ဆံပင်ကိုသာ တစ်ချက်ဖွလိုက်သည်။


ရေသူမက သူမကြောက်လန့်နေရာကနေ ပြန်လည်ကောင်းမွန်သွားသည်။ သူမက ရွှီမိသားစုညီအကိုနှစ်ယောက်အား စိတ်ဝင်တစားနဲ့ကြည့်နေပြီး သူမအမြီးကို ပျော်ရွှင်စွာ လှုပ်ယမ်းနေသည်။ အချိန်တိုင်း သူမအမြီးက ရေမျက်နှာပြင်အား ပုတ်ခတ်နေလေသည်။


ရွှီဇီယန်က သူမအနီးနားကို ဖြေးညင်းစွာ ချဉ်းကပ်လိုက်သည်။ ရေသူမက သူ့ဆီကနေ တစ်ခုခုကိုဖုံးကွယ်ရန် မရည်ရွယ်ထားကို သူသတိပြုလိုက်ပြီး သူစိတ်သက်သာရာရသွားကာ ရေပူစမ်းအစွန်းသို့ လျှောက်သွားသည်။

“မင်းကိုအဆင်မပြေဖြစ်စေတဲ့အတွက် ငါတကယ်တောင်းပန်ပါတယ် ဒါပေမယ့် ငါတစ်ခုလောက်မေးလို့ရမလား ဒီနေရာကနေထွက်ဖို့ လမ်းကြောင်းကို ငါဘယ်နားမှာသွားရှာရမလဲ?”


ရွှီဇီယန်က သူ့ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာပြီးပြီဖြစ်သည်။ သူတို့ကို ဒီနေရာသို့ရောက်အောင် ပို့ဆောင်ခဲ့သည့် လမ်းမှလွဲ၍ အခြားလမ်းတွေဟာ ပိတ်ထားသည့်အတွက် ‌ဒီနေရာက ကောင်းကင်ကနေပြုတ်ကျလာသည်နှင့် တူပေသည်။ 


ဒီရေသူမကလွဲရင် ရွှီဇီယန် ဒီကနေထွက်ဖို့ ဘာနည်းလမ်းမှ မတွေးတတ်တော့ပေ။ ဒါကြောင့် သူ့မျှော်လင့်ချက်တွေကို ရိုးသားပြီးဖြူစင်သည့် ရေသူမဆီ၌ပုံအပ်လိုက်တော့သည်။


ရွှီဇီယန်က ရေသူမအနားက ရေပူစမ်းဘေးမှာ ထိုင်ပြီးစကားပြောနေတာကြောင့် ဘေးနားမှာရပ်နေသည့် ရွှီဇီရုန်၏စိတ်မဝင်စားသည့် ပုံစံဟာ ချက်ချင်းပြောင်းလဲသွားသည်။


ရွှီဇီရုန်ဟာ ခေါင်းငုံ့ပြီး ရွှီဇီယန်၏နောက်ကျောကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်မှာ စိုးရိမ်ပူပန်မှုတွေ ပါဝင်နေပေမယ့် ကံဆိုးစွာဖြင့် သူ့ခန္ဓာကိုယ်ကအချုပ်အနှောင်ခံထားရသည်။ ရွှီဇီရုန်ဟာ ရွှီဇီယန်အား ဘာသတိပေးစကားမှ ပြောလို့မရပေ။ ရေသူမက ရွှီဇီယန်ဆီ တဖြည်းဖြည်းချဉ်းကပ်နေတာကို သူအကူအညီမဲ့စွာ ကြည့်နေရသည်။ ဒီရေသူမက အရမ်းလှ‌ပပေမယ့် အရမ်းကိုစွမ်းအားကြီးသည့် မကောင်းဆိုးဝါးတောကောင်ဖြစ်တာကို ရွှီဇီရုန်တစ်ယောက်တည်းသာသိသည်။


သူမလိုရေသူမတွေက ပင်လယ်မှာနေထိုင်ပြီး လူသားစားသည့် မကောင်းဆိုးဝါးတောကောင်အမျိုးအစားတွေသာဖြစ်ကြသည်။ သူမကအရမ်းလှတာကြောင့် လှည့်စားမခံရဖို့လိုပေသည်။ ရေသူမတွေက မွေးဖွားလာရင် အလွန်ကိုရုပ်ဆိုးလှပေသည်။ သူတို့တွေက လူ့အသွေးအသားကို စားသုံးမှသာ အရှေ့မှာမြင်နေရသလိုမျိုး လှပသည့်ရေသူမပုံစံကို ပိုင်ဆိုင်ကြလေသည်။


ဒီလိုမကောင်းဆိုးဝါးတောကောင်တွေက သူတို့၏အလှဖြင့် ပင်လယ်မှာသွားနေကြသည့် တံငါသည်တွေကို ဆွဲဆောင်လေ့ရှိကြသည်။ သူတို့၏လက်သည်းတွေကလည်း လူ့ခန္ဓာကိုယ်တွေကို အလွယ်တကူ ဆုတ်ဖြဲနိုင်ပေသည်။ ထို့အပြင် သူတို့တွေက လူ့အသွေးအသားကိုပိုစားလေ သူတို့တွေက ပိုလှလာလေဖြစ်ပြီး ပိုပြီးတော့ စွမ်းအားကြီးလာကြသည်။


သူ့အရင်ဘဝတုန်းကလည်း ရွှီဇီရုန် ပင်လယ်မှာ အရမ်းစွမ်းအားကြီးသည့် ရေသူမနဲ့တစ်ခါဆုံဖူးလေသည်။ ထိုအချိန်တုန်းက သူ့ကျင့်စဉ်က အမတဝိညာဉ်အခြေတည်စအဆင့်ကို ရောက်ခါနီးဖြစ်နေပေမယ့် ဒဏ်ရာတွေနဲ့သူမြန်မြန်သာ ထွက်ပြေးဖို့မဆုံးဖြတ်လိုက်ပါက ရွှီဇီရုန် ထိုရေသူမ၏အစာဖြစ်သွားလောက်သည်။


အခုချိန် ရွှီဇီရုန် အရမ်းကိုစိုးရိမ်နေသည်။ ပင်လယ်မှာတောင် ဒီလိုရေသူမက မကောင်းဆိုးဝါးတောကောင်ဆိုတာကို ဘယ်သူမှရိပ်မိတာမဟုတ်ပေ။ ဒီကကျင့်ကြံသူတွေဆိုရင်တော့ ဒီရေသူမက မကောင်းဆိုးဝါးတောကောင်ဆိုတာကို တွေးမိမှာတောင်မဟုတ်ဘူး။ ရွှီဇီယန်လိုမျိုး လူသားတွေသာဆိုရင် ဒီလိုမကောင်းဆိုးဝါးတောကောင်ကို စူးစမ်းဖို့ ကြိုးစားကြည့်မှာအမှန်ပင်ဖြစ်သည်။ သိထားသင့်တာက ကျင့်ကြံခြင်းအဆင့်မရှိသည့် မကောင်းဆိုးဝါးတောကောင်တွေက အရမ်းကြီးဉာဏ်မများကြပေ။ ဒါပေမယ့် သူတို့တွေပိုင်ဆိုင်သွားပြီဆိုပါက………မုဆိုးတစ်ကောင်လိုဖြစ်သွားလိမ့်မည်!


ဒါကြောင့် ရေသူမက ရွှီဇီယန်အနားကို ချဉ်းကပ်လာတာက ရွှီဇီယန်၏ကြင်နာမှုတွေကို လက်ခံတယ်ထင်လိမ့်မည် တကယ်တော့မဟုတ်ပေ။ အမှန်တကယ်က ရေသူမဟာ ရွှီဇီယန်ကို သူမ၏အစာဖြစ်လာဖို့ သရုပ်ဆောင်ရုံသာဖြစ်သည်!


တစ်ဖက်မှာတော့ ရွှီဇီယန်ကနူးညံ့ပြီး တည်ငြိမ်သည့်အသံမျိုးဖြင့် ရေသူမအား ‌ဒီနေရာကထွက်လို့ရမည့် လမ်းကိုပြောပြရန် မေးနေလေသည်။ ရေသူမ၏လက်ဟာ ရေအောက်ကနေပေါ်လာတာကို သူသိလိုက်တာကြောင့် အတော်လေးအံ့ဩသွားလေသည်။


သူမ၏အဖြူရောင်လက်ချောင်းတွေက စိမ်းဖန့်ဖန့်ကြေးခွံဖြင့် ကာထားပြီး သူမ၏လက်သည်းတွေက လက်မဝက်လောက်ရှည်ပြီး ချွန်ထက်လှပေသည်။


သူမလက်တွေက အဲ့ဒီလိုပုံစံသာဖြစ်ပေမယ့် ရေသူမ၏မျက်နှာက အပြစ်ကင်းပြီး ချစ်စရာကောင်းသည့်ပုံသာ ဖြစ်သည်။ သူမကစူးစမ်းချင်စိတ်ဖြင့် ရွှီဇီယန်အားစိုက်ကြည့်နေပြီး သူမက သူ၏ဆံပင်ပုံစံကို စိတ်ဝင်တစားကြည့်နေလေသည်။


ရွှီဇီယန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ဒီရေသူမကအရမ်းကို အတာပဲ။ သူမ၏လက်ရှိ စူးစမ်းချင်သည့်ပုံစံက သူကလေးတုန်းကပုံစံနဲ့တူပေသည်။ သူဘာပဲပြောပြော ရေသူမကသူ့အားလျစ်လျူရှုထားကာ သူ၏ဆံပင်ကိုသာ စိုက်ကြည့်လို့နေသည်။ သူမကထိုဆံပင်ကို မကိုင်ကြည့်ရရင် မနေနိုင်သည့်ပုံစံဖြစ်နေသည်။


ခါးသက်သက်ပြုံးကာ ရွှီဇီယန်က သူ့ဆံပင်ကိုဖြေချလိုက်သည်။ ချက်ချင်းပင် ရွှီဇီယန်၏အမဲရောင်ဆံပင်က သူ့ပခုံးပေါ်ကျလာလေသည်။ အနည်းငယ်ကြမ်းတမ်းလှသည့် ဆံပင်တစ်ချို့က သူပါးကိုလာထိလေသည်။


ဒါပေမယ့် မမျှော်လင့်ပဲ ရေသူမက သူ့ဆံပင်ကိုနားမရောက်လာ‌ပေ။ ထိုအစား သူမက သူ့မျက်နှာနားကို ပိုပြီးတိုးကပ်လာသည်။ 


လှပသည့်မျက်နှာလေးက သူ့အနားကိုကပ်လာတာကြောင့် ရွှီဇီယန်အနည်းငယ် ကိုးယိုးကားယားနိုင်ပြီး ရှက်လာလေသည်။ ဒီရေသူမက အရမ်းလှတယ်ဆိုပေမယ့် လူသားတစ်ယောက်မဟုတ်သည့် တစုံတယောက်နဲ့ ရွှီဇီယန် သူငယ်ချင်းထက်ပိုပြီး ဆက်ဆံရေးမတိုးချင်ပေ။


နောက်ပြီးတော့………


သူ့ညီလေးကလည်း သူ့ကိုကြည့်နေတယ်လေ! ရွှီဇီယန် ယောင်္ကျားကောင်းတစ်ယောက်ရဲ့ပုံစံကို ရွှီဇီရုန်အားပြရမယ်! 


ဟမ်……ထူးဆန်းလိုက်တာ။ ရွှီဇီရုန်က ဘာလို့ဒီလောက်အကြာကြီး တိတ်နေရတာလဲ?


ရုတ်တရက် တစ်ခုခုမှားနေတာကို သတိထားမိသွားပြီး ရွှီဇီယန် အလိုလို သူ့ခေါင်းအား နောက်လှည့်ကြည့်လိုက်သည်။


ထိုအချိန်အတိအကျ၌ပင် သူ၏မျက်စိထောင့်ကနေ အေးစက်ပြီးချွန်ထက်သည့် အရာတစ်ခုက သူ့ဂုတ်အားလာထိတာကို ရွှီဇီယန်မြင်လိုက်ရသည်။ သူကချက်ချင်း ပြန်လှည့်လိုက်ပြီး နောက်ဘက်သို့ လဲချလိုက်ကာ ချွန်ထက်လှသည့်လက်သည်းတွေကနေ လွတ်ရုံမျှသာဖြစ်သွားသည်။


ရွှီဇီယန်ချွေးအအေးတွေ တိတ်သွားသည်။ ဒီအချိန်အထိမှ ရေသူမဘာလုပ်ချင်နေမှန်း သူလုံးဝမသိသေးပါက သူအသက်ရှင်နေရသည့် နှစ်ဘဝလုံးက အလကားပင်ဖြစ်သွားလိမ့်မည်။


သူ၏‌လက်ချောင်းကနေ လျှပ်တစ်ပြက် ခရမ်းရောင်လျှပ်စစ်လုံးထွက်လာပြီး ရေသူမဆီပျံသွားလေသည်။


ထိုရေသူမပုံစံက ဒီလျှပ်စစ်‌လုံးကိုကြောက်ပုံရသည်။ သူမလက်ကိုမြောက်လိုက်ကာ ရေလှိုင်းလုံးကို ဆင့်ခေါ်လိုက်ပြီး လျှပ်စစ်လုံးအား ကာလိုက်သည်။


ရုတ်တရက် ရေသူမ၏မျက်နှာမှာ စိတ်ရှုပ်ထွေးမှုတွေ ပေါ်လာသည်။ သူမကလျှပ်စစ်ဘောလုံးကို တားလိုက်နိုင်ပေမယ့် သူမကိုယ်ကထုံနေသလို ဘာကြောင့်ခံစားနေလဲဆိုတာ သူမနားမလည်ပေ။


လျှပ်စစ်လုံးအား အသုံးချကာ သူနဲ့ရေသူမကြားက အကွာအဝေးတိုးလာအောင် အချိန်ဆွဲလိုက်ပြီး ရွှီဇီယန်ချက်ချင်း လျှပ်စစ်မြှားအချို့ကို ပစ်လွှတ်လိုက်သည်။ သူအလောတကြီး ထုတ်လိုက်သည့် လျှပ်စစ်လုံးထက်စာရင် လျှပ်စစ်မြှားကပိုစွမ်းအားကြီးပေသည်။ ထိုရေသူမဟာ ရွှီဇီယန်၏တိုက်ခိုက်မှုကို တားရန် ရေနံရံအတော်များများဖန်တီးလိုက်သည်။


“ဇီရုန်!” ရေသူမ၏အကွက်ဆင်မှုကို ဖျက်ဆီးပြီးနောက် ရွှီဇီရုန်အား အတတ်နိုင်ဆုံး မြန်မြန်ရှာတွေ့ရန် ရွှီဇီယန် မြန်မြန်နောက်လှည့်ကာ ထွက်သွားတော့သည်။


ဒီအချိန်မှာ နောင်တရနေဖို့ကလည်း နောက်ကျသွားပြီ။ သူ့ညီလေးက သူ့အနောက်မှာပဲရှိနေတာ။ သူ့ညီလေးရဲ့အမူအရာတွေက ထူးဆန်းနေတာတောင် သူလုံးဝသတိမထားမိခဲ့ဘူး! အစ်ကိုတစ်ယောက်အနေနဲ့ ရွှီဇီယန် သူ့တာဝန်ကို ကျေပွန်အောင်မဆောင်ရွက်နိုင်ဘူး။


ထို့ကြောင့် ရွှီဇီရုန်ဆီသို့ ရွှီဇီယန် ပြေးသွားသည်။ ရေသူမက ရွှီဇီရုန်ကို တစ်ခုခုနာကျင်အောင် တိုက်ခိုက်လိုက်မှာ သူစိုးရိမ်နေ၏။ အဲ့ဒါကြောင့် ရွှီဇီယန်က သူ့ခန္ဓာကိုယ်ဖြင့် အကာအကွယ်လုပ်လိုက်ပြီး ရွှီဇီရုန်နဲ့အတူ တစ်ဖက်သို့လိမ့်လိုက်သည်။


ရွှီဇီရုန်အတွက်ကတော့ သူ့ခန္ဓာကိုယ်က ကျောက်ရုပ်လိုဖြစ်နေပြီး လှုပ်လို့မရသေးတာကြောင့် သူ့အားထိန်ချုပ်ထားသည့်လူကို ကျိန်ဆဲရုံသာတတ်နိုင်တော့သည်။ သူ့ရဲ့စွမ်းအားတွေ ပြန်ရကြည့် အဲ့ကောင်ကို ခွေးထက်ဆိုးတဲ့ဘဝရအောင် သူလုပ်ပြမယ်! သူတို့တွေက သူ့ကိုကို,ကို ဒီလိုမျိုးအန္တရာယ်ထဲကျအောင် လုပ်ရဲတယ်! ဒါကဘယ်လိုမှခွင့်မလွှတ်နိုင်တဲ့အရာပဲ!


(“ဟက်ချူး!” ရေမှန်အရှေ့မှာထိုင်နေသည့် ဆံပင်နီနီအသားညိုညိုလူကြီးက နှာချေလိုက်သည်။ သူဟာသူ့ဘေးမှာထိုင်ကာ အရိုးကိုက်နေသည့် အမဲရောင်ကျားသစ်အားကြည့်ကာ သူ့ဟာသူရေရွတ်လိုက်သည် “ဘယ်ကောင် ငါ့နောက်ကွယ်မှာ ငါ့ကိုကျိန်ဆဲ‌နေတာလဲ?”


အမဲရောင်ကျားသစ်က ခေါင်းမော့ကာ သူ့အားကြည့်လာသည်။ ထို့နောက် သူကတိတ်တဆိတ် သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့စိတ်ထဲမှာ ပြော‌ဆိုနေသည် : တစုံတယောက်က ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားကိုကျိန်ဆဲနေတယ်ဆိုတော့ ဘယ်လိုတောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ? တစုံတယောက်ကသာ ခင်ဗျားအရှေ့မှာ ခင်ဗျားကိုကျိန်ဆဲလိုက်ရင် ခင်ဗျားကြက်သေသေသွားနိုင်တယ်!)


“မင်းအဆင်ပြေရဲ့လား?” ရွှီဇီယန်က ကြီးမားသည့် ကျောက်တုံးအနောက်မှာပုန်းလိုက်ကာ ရွှီဇီရုန်ခန္ဓာကိုယ်အား စစ်ဆေးလေသည်။


#TK