Chapter 51
Viewers 4k

Chapter 51


ဒီစည်းမျဉ်းကို အနောက်ဘက်နယ်မြေက လိုက်နာကြတာ ရာစုနှစ်တစ်ခုစာ ရှိပြီဖြစ်သည်။ ထိုရာစုနှစ်တစ်ခုအတွင်း အဲ့ဒီနေရာကလူတွေဟာ ထိုစည်းမျဉ်းကို ဆန့်ကျင်ဖို့ ကြံစည်ကြသည်။ ကံမကောင်းစွာဖြင့် ထိုစည်းမျဉ်းကိုဆန့်ကျင့်ကြသည့် တရားမျှသည့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ တစ်ယောက်မကျန် သတ်ဖြတ်ခံရသည်။ လူသားကျင့်ကြံသူအားလုံးကို ရွှမ်းယွိနယ်မြေအတွင်းမှာ အတူတကွစုစည်းထားပြီး ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေကို ခုခံဖို့ ဒီစည်းမျဉ်းကတည်ရှိနေမှန်း ထူးချွန်သည့်လူတွေသာ နားလည်ကြသည်။ 


ဇာတ်ကားလိုမျိုးပုံရိပ်တွေဟာ ရွှီဇီယန် ကျောက်တုံးရုပ်တုကို ထိလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။


နတ်ဘုရားတစ်ပါးလို အသိဉာဏ်ရှိပြီး ခံ့ညားထည်ဝါကာ သတ်ဖြတ်ချင်သည့် စိတ်အားထက်သန်မှုတွေဟာ ကျောက်တုံးရုပ်တုဆီမှ ပေါ်ထွက်လာ‌လေသည်။ ရွှီဇီယန် သူ့ရင်ထဲအလွန်ကို အေးစိမ့်သွားပြီး ထိတ်လန့်ကြောက်ရွံ့လာကာ ထိုမြင်ကွင်းဟာ သူ့စိတ်ထဲမှာ ဖိထားတော့သည်။ နောက်စက္ကန့်အနည်းငယ်အတွင်း ကျောက်တုံးရုပ်တုအောက်မှာ သူဖိခံရပြီးတော့ သူ့ဝိညာဉ်တွေ တစ်စစီကွဲထွက်ကာ ပြာအဖြစ်သို့ ချေမှုန်းခံရတော့မည်ဆိုသည့် ခံစားချက်မျိုးဖြစ်နေသည်။


နတ်ဘုရားတစ်ပါးလို အသိဉာဏ်ရှိပြီး သတ်ဖြတ်ခြင်း စိတ်အားထက်သန်နေသည့် ထိုအရာဟာ ရွှီဇီယန်ခန္ဓာကိုယ်ထဲမှာ အကြိမ်ခဏလောက် စက်ဝိုင်းပုံစံလည်ပတ်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။


ရွှီဇီယန် သူ့ဗိုက်ကို အသာလေးပွတ်လိုက်သည်။ ခုနကဖိနှိပ်ထားသည့် ခံစားချက်တွေကို ဖျောက်ဖျက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရွှီဇီယန်မျက်လုံးအဝိုင်းသားဖြစ်နေလျက် ပင့်သက်ရှိုက်လိုက်သည်။ ဒီပုံစံကြီးဟာ 'သေခြင်းချောက်ကမ်းပါးအစွန်းမှာ ကခုန်ခြင်း'ဆိုတဲ့ ခံစားချက်မျိုးရစေပြီး ဗုဒ္ဓကိုတောင် သူတွေ့လိုက်ရပြီလို့ ထင်လိုက်မိသည်……


ထိုနတ်ဘုရားအသိဉာဏ်က ပေါ်လာတာလည်းမြန်သလို ပျောက်သွားတာလည်း မြန်ဆန်လှသည်။ ထိုအရာက ရွှီဇီယန်၏ကိုယ်ကို အလျင်အမြန် စစ်ဆေးကာ ပျောက်ကွယ်သွားသည်။


ခဏလေး……စစ်ဆေးတယ်?


ရွှီဇီယန်မျက်ခုံးဟာ တန်းသွားသည်။ ထိုပုဆိန်နဲ့ကျင့်ကြံသူက ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေကို သတ်ဖြတ်တဲ့ပုံရိပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်ရင် ထိုနောက်ကွယ်က ရည်ရွယ်ချက်ဟာ စိတ်အာရုံဖြန့်ကျက်သည့်စွမ်းအားမှန်း ရွှီဇီယန်သေချာသိသည်။


“တရားထိုင် အာရုံစူးစိုက်” သူ့ခေါင်းပေါ်က တစ်နေရာရာကနေ ကျက်သရေရှိလှသည့် အသံတစ်ခုက ပြောလာခဲ့သည်။


ရွှီဇီယန် ချက်ချင်း ကြာပန်းပုံစံ ထိုင်လိုက်သည်။ သူ၏စွမ်းအင်တွေ၊ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဝိညာဉ်တွေကို စုစည်းလိုက်ပြီး လေးလံလှသည့်ဖိအားကို သူ့ကိုယ်ကနေ လျော့နည်းသွားစေရန် သူပြင်ဆင်လိုက်လေသည်။


စာမေးပွဲနှစ်ခုကိုကျော်ဖြတ်ပြီးနောက် သူ၏ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေဟာ အလွန်ကို ပင်ပန်းနွယ်လျနေပြီဖြစ်သည်။ အခုချိန်မှာ ရွှီဇီယန် သူ၏ကိုယ်ပိုင် စိတ်အာရုံဖြန့်ကျက်စွမ်းအားကိုသာ အသုံးပြုနိုင်တော့သည်။


ဒါပေမယ့် သူဟာသူ၏ကျင့်စဉ်ကို မတည်ဆောက်ရသေးတာ‌မို့ သူ၏စိတ်အာရုံဖြန့်ကျက်စွမ်းအားကို ခန္ဓာကိုယ်အပြင်ဘက်သို့ မထုတ်နိုင်သေးပေ။ အခြားဘာနည်းလမ်းမှလည်း မရှိတော့တာကြောင့် ဒီစစ်မြေပြင်မှာ သူ့ခန္ဓာကိုယ်ကြီးသာ ရွေ့လျားနိုင်တော့သည်။


ထိုလေးလံလှသည့်ဖိအားဟာ ဆက်လက်ဖြစ်ပေါ်နေသည်။ ဖိထားသည့် ဖိအားဟာ သိပ်ပြီးမသန်မာပေမယ့် ခုခံဖို့လည်း အလွန်ကိုခက်ခဲလှသည်။ ရွှီဇီယန်၏ စိတ်အာရုံဖြန့်ကျက်စွမ်းအားက တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာတော့သည်။ အများဆုံး ဖိအား၏တိုးပွားလာနှုန်းကို အရှိန်လျော့ရုံလောက်သာ သူ့မှာစွမ်းအားကျန်ရှိပေတော့သည်။


ထိုဖိအားတွေဟာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ကျင်းလော့တွေကို ဖျက်စီးလေတော့သည်။ ဒါပေမယ့် ထိုဖိအားတွေက ထိုအရာတွေကို ဖျက်စီးလိုက်ပေမယ့်လည်း ဖိအားကတည်ငြိမ်သွားပြီးနောက် ထိုအရာတွေဟာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်။ ဖျက်စီးလိုက် ပြန်လည်ကောင်းမွန်လိုက်နှင့် ထိုဖိအားဟာ ရွှီဇီယန်၏ကိုယ်အတွင်းက ကျင်းလော့ကို ထုနှက်လိုက် အညစ်အကြေးတွေကင်းစင်သွားလိုက်ဖြင့် အချိန်ဘယ်‌ေလာက်မှ သိပ်မကြာလိုက်ပဲ မာကျောပြီးအကြမ်းခံနိုင်လာတော့သည်။


ကျင်းလော့ဟာ မာကျောပြီးအကြမ်းခံနိုင်လာရင် အကျိုးအမြတ်တွေ ရရှိလိမ့်မည်ဆိုတာကို ပြောစရာပင်မလိုပေ။ သိထားသင့်သည်က အခြေခံကျင့်ကြံခြင်းအဆင့်ပြီးနောက် အဆင့်မြင့်ကျင့်ကြံခြင်းကို မရောက်ခင် ကျင်းလော့ကို အညစ်အကြေးကင်းစင်စေပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ ပိုဝင်ဆန့်နိုင်အောင် ချဲ့ထွင်ရပေသည်။


ဒါပေမယ့်——


လီးပဲ! သေလောက်နာတယ်ဟ!!!


ရွှီဇီယန် အလွန်နာကျင်လွန်းလို့ သူငိုချမိတော့မည်။


ယောင်္ကျားမှန်ရင် မငိုရဘူးလို့ လာမပြောနဲ့။ ဒီနာကျင်မှုနဲ့ဆိုရင် ဘယ်သူမဆို ပထမနေရာမှာတင် ငိုနိုင်လောက်တယ်………


ပုံမှန်ဆိုရင် ရွှီဇီရုန်က သူ့ဘေးမှာရှိနေတာကြောင့် ရွှီဇီယန်က 'အစ်ကိုဂုဏ်သိက္ခာ'ကို ထိန်းသိမ်းနေရသည်။ အကယ်၍ သူနာကျင်နေရင်တောင် သူတောင့်ခံနေရသည်။ ဒါပေမယ့် အခုချိန်မှာ သူ့ဘေး၌ ဘယ်သူမှမရှိပေ။ ထိုအဓိပ္ပါယ်ကတော့ အကယ်၍ သူနာကျင်ရင်လို့ မြေပြင်ပေါ်မှာ လိမ့်နေရင်တောင် ဘယ်သူမှသူ့ကိုမြင်ရမှာမဟုတ်ပေ။


“လီးပဲဟေ့! ဒါကသေချင်စရာကောင်းလောက်အောင်ကို နာတာဟ အား!!” ရွှီဇီယန် သူ့ကိုယ်သူ ချုပ်တည်းထားတာကြောင့် သူ့မျက်နှာဟာ နီရဲနေတော့သည်။ သူ့မျက်လုံးတွေဟာ စိုစွတ်လာပြီး သူ၏မျက်လုံးထောင့်တွေမှာ အရည်ကြည်လေးတွေ ထွက်ပေါ်လာသည်။ သူဟာမြေကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကြောင့် သူ့လက်သည်းတွေဟာ ပဲ့ထွက်လာတော့သည်။


သူဟာသေခြင်းနဲ့ရှင်းခြင်းကြားမှာ နာကျင်နေရတာတောင် ရန်သူနဲ့တွေ့ဆုံလာရင် သူ၏စိတ်အာရုံဖြန့်ကျက်စွမ်းအားကို ပြောင်းလဲရန် ရွှီဇီယန် မမေ့သေးချေ။ ထိုအရာက သိပ်ပြီး အကျိုးသက်ရောက်မှုမရှိပေမယ့် ဖြိုဖျက်နေသည့်ဖိအားကို သူလုံးဝစိတ်မလျော့သလို သူ၏စိတ်အာရုံဖြန့်ကျက်စွမ်းအားကလည်း ဘာမှမလုပ်ပဲတောင် ပြန်လည်ကောင်းမွန်လာသည်။


သူ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ရွှီဇီယန် မျက်လုံးတွေဟာ ရဲရဲနီနေတော့သည်။ သူကစိတ်အားမတင်းထားပဲ ဖိအားကို လုပ်ချင်သလို လုပ်ခိုင်းလိုက်ပါက သူသတိလစ်သွားတာ ကြာလောက်ပြီ။


ထိုဖိအားစက်ဝန်းဟာ ရွှီဇီယန်ကိုယ်ထဲမှာ လည့်ပတ်နေသည်။ ထိုအဓိပ္ပါယ်က ထိုအရာဟာ သူ၏ကိုယ်ထဲက စိတ်အာရုံဖြန့်ကျက်စွမ်းအားတွေအကုန်လုံးကို ဖျက်စီးပြီးသွားပြီဆိုသည်ပင်။


ရွှီဇီယန်အတွက် အကျိုးအမြတ်ကတော့ ကြီးမားသည့် နာကျင်မှုတွေသာ ရရှိလိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် အခုချိန်မှာ သူဟာအသိစိတ်အားလုံး ပျောက်ဆုံးသွားတော့သည်။


ဒါပေမယ့် ရွှီဇီယန်၏အပြုအမူတွေဟာ အမတဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူအား ဆွဲဆောင်သွားစေသည်။ ပြီးတော့ ထိုကျင့်ကြံသူဟာ ဒီနယ်မြေတစ်ခုလုံး၏ နောက်ကွယ်က ကြိုးကိုင်သူပင်ဖြစ်သည်။ သူ့နာမည်က လော့ယွင်တောက်ကျွင်းဖြစ်ပြီး ဒီအခင်းအကျင်းတစ်ခုလုံးကို ထိန်းချုပ်နေသူဖြစ်သည်။ 


“ဟီး ဟီး စိတ်ဝင်စားစရာကောင်းသားပဲ” ခန်းမဆောင်၏တစ်နေရာရာကနေ အသက်အလယ်အလတ်နဲ့ ထိုလူဟာ အနည်းငယ် ရယ်မောလိုက်သည်……


ရွှီဇီယန် သူ့မျက်လုံးကိုဖွင့်လိုက်ပြီးနောက်——ယိုစိမ့်ပြီး အပေါက်တွေနဲ့ မျက်နှာကြက်ကို မြင်လိုက်ရသည်။


တောင်ထိပ်က နေရောင်ဟာ အပေါ်ကထဲက သူ့မျက်နှာကို ထိုးလာတော့သည်။ ထိုအရာကြောင့် သူလန့်နှိုးသွားတော့သည်။


သူ၏လက်မောင်းကို မချင်တာကြောင့် အားအတော်လေးသုံးလိုက်ရသည်။ ဒါပေမယ့် သူ့လက်မောင်းက ဘာမှတောင်မခံစားရတော့ဘူးဆိုတာ ရွှီဇီယန်သိလိုက်သည်။ ချက်ချင်းပင် သူချွေးအအေးတွေပြန်လာတော့သည်။


“ကိုကို နိုးလာပြီလား?” တံခါးဖွင့်သံနဲ့အတူ ရွှီဇီရုန်ဟာ ရေဇလုံကိုယူကာ အခန်းတွင်းသို့ လျှောက်လာခဲ့သည်။ ရွှီဇီယန်မျက်လုံးဖွင့်နေတာကို သူတွေ့လိုက်ရတော့ သူချက်ချင်းပင် အံ့ဩဝမ်းသာစွာ ခေါ်လိုက်သည်။


အားအတော်လေးသုံးလိုက်ပြီးမှ ရွှီဇီယန် သူ့ခေါင်းကိုလှည့်ကာ ရွှီဇီရုန်အား လှည့်ကြည့်လိုက်သည်။ သူပြုံးပြဖို့ ကြိုးစားပေမယ့်လည်း ကံမကောင်းစွာ သူမပြုံးနိုင်လိုက်ပေ။


ရွှီဇီယန် သူ့ဘေးပတ်လည်အား ကြည့်လိုက်သည်။ ဒါပေမယ့် သူဒီလိုအခြေအနေကို ရောက်နေတာဆိုတော့ သူချက်ချင်း သူရင်ထဲအေးစိမ့်သွားတော့သည်။ သူတို့တွေက လက်ရှိမှာ စုတ်ပြတ်နေသည့် တစ်ထပ်အိမ်လေးမှာ နေနေခြင်းဖြစ်သည်။ ဒီအိမ်ခန်းထဲမှာ ကုတင်တစ်လုံး၊ သစ်သားစားပွဲခုံတစ်လုံးနဲ့ သစ်သားခုံကလွဲရင်——ဘာမှမရှိပေ။


သူတို့တွေက ဒီလိုနေရာကို အပို့ခံလိုက်ရတယ်ဆိုတော့ နောက်ဆုံးစာမေးပွဲမှာ သူရှုံးသွားတယ်ပေါ့ ဟုတ်လား?


သူစကားပြောဖို့ သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူ့ပါးစပ်ကအာချောက်နေ၏။ ကံကောင်းပေလို့ သူ့မှာ အရမ်းအလိုက်သိတတ်သည့် ညီငယ်လေးရှိနေသေးသည်။ သူ့အမူအရာတွေကိုမြင်တော့ ရွှီဇီရုန်က ချက်ချင်း ခွက်တစ်ခုနဲ့ ရေနွေးယူလာပေးပြီး သူ့ကိုထိုင်လို့ရအောင် ပြင်ဆင်ပေးကာ သူ့ကိုကိုဖြစ်သူအား ဂရုတစိုက် ရေတိုက်လိုက်သည်။


“ကိုကို စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကပြောတယ် ကိုကိုက အကောင်းဆုံးရလဒ်နဲ့ အောင်မြင်တယ်တဲ့ ပြီးတော့ ဆုတွေကိုလည်း ကိုကိုအများဆုံးပဲရတာ ကိုကို့ရဲ့ကိုယ်က ခံနိုင်ရည်မရှိသေးလို့ ဒါကြောင့် ကိုကို ဆေးဘက်ဝင်အပင်တွေနဲ့ ရေစိမ်ပေးမှ ပြန်လည်ကောင်းမွန်လာမှာ အဲ့ဒါကြောင့် ကိုကို့ရဲ့ ခြေတွေလက်တွေက အခုထိ ဘာမှခံစားလို့ရအုန်းမှာမဟုတ်သေးဘူး ဒါပေမယ့် ရက်အနည်းငယ် ကြာတာနဲ့ ကိုကိုပြန်ကောင်းလာမှာပါ” သူ၏စိုးရိမ်မှုကို ခန့်မှန်းမိတာကြောင့် ရွှီဇီရုန်က သူ့အားအကုန်ရှင်းပြလေသည်။


ရွှီဇီယန် ခေါင်းညိတ်လိုက်ကာ စကားမပြောခင် သူ၏ဘေးပတ်လည်ကို ကြည့်လိုက်သည်။

“ဒါဆို ဒီနေရာက……”


ရွှီဇီရုန် အမူအရာပြောင်းလဲသွားပြီး သူ့ပုံစံက မပျော်မရွှင်ဖြစ်သွားသည်။

“စာမေးပွဲပြီးတော့ ဂိုဏ်းချုပ်က ကိုကို့,ကို သူ့တပည့်အဖြစ်လက်ခံချင်တာ ဒါပေမယ့် အရူးကျင့်ကြံသူတစ်ယောက်က သူ့ကိုတားလိုက်တာ”


သူထိုကျင့်ကြံသူအကြောင်းစပြောသည်နှင့် ရွှီဇီရုန်ပုံစံဟာ အံကြိတ်ပြီး အလွန်ကိုဒေါသထွက်နေတော့သည်။ ထိုကျင့်ကြံသူအား သူကိုက်ပစ်ချင်တာ သူ့ပါးစပ်ကို ယားနေတာပဲ။


“အိုး သူတို့တားလိုက်တယ်ဆိုရင်လည်း အဆင်ပြေပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါပထမနေရာရလည်း ငါ့ဆရာသခင်အဖြစ် ဂိုဏ်းချုပ်ကို မဆည်းကပ်ချင်ဘူး” ဒီသတင်းအတွက် ရွှီဇီယန် ဘာမှမဖြစ်ပေ။ ထို့အပြင် သူဟာသူ၏ဆရာသခင်အဖြစ် မှေးမှိန်ပြီးတော့ နာမည်သိပ်မကြီးသည့်သူကိုပဲ ဆည်းကပ်ဖို့ ရည်ရွယ်ထားတာဖြစ်သည်။ ထိုကျင့်ကြံသူနာမည်ကိုတော့ သူမသိသေးပေမယ့် ထိုကျင့်ကြံသူက ဘယ်နေရာမှာမဆို ပျင်းရိပြီး အိပ်ရတာနှစ်သက်တာကိုတော့ သူသိသည်။


“ဒါပေမယ့်……” ရွှီဇီရုန်ဟာ အလွန်ကိုဒေါသထွက်နေ၏။ “သူကဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်မယ့် ကိုကို့,ကို တားရုံသက်သက်ဆိုရင် ကျွန်တော်လက်ခံနိုင်ပါသေးတယ် ဒါပေမယ့် ထိုလူက သူရဲ့ကြမ်းတမ်းတဲ့အသားအရေကြီးနဲ့ သူ့တပည့်ဆိုပြီး ပြတ်ပြတ်သာသားပြောပြီးတော့ ကိုကို့,ကိုသယ်သွားတာ သူက လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ကိုကိုနိုးလာတဲ့အထိတောင် မစောင့်ဘူး အခုတော့ ကိုကိုက သူ့တပည့်ဖြစ်နေပြီ”


ရွှီဇီယန် တိတ်ဆိတ်သွားသည်။ ဒီဆရာသခင်အသစ်က အတော်လေးနားလည်ရခက်ပြီး ဒီလိုပုံစံမျိုးက——တကယ့်ကို မတွေးတတ်တော့အောင် ခက်ခဲနက်နဲလှသည်။


“ကျွန်တော်တောင်းပန်ပါတယ် ကိုကို ကျွန်တော်သူ့ကိုမတိုက်နိုင်လိုက်ဘူး အဲ့ဒါကြောင့် ကျွန်တော် သူ့ကိုမတားနိုင်လိုက်ဘူး” ရွှီဇီရုန် စိတ်ဓာတ်ကျစွာပြောလိုက်သည်။ သူ၏မူလစွမ်းအားတွေ ဆုံးရှုံးပြီးနောက် လက်ရှိသူဟာ တကယ့်ကို အားနည်းလွန်းလှသည်။ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ကျင့်ကြံနေသည့် ကျင့်ကြံသူတစ်ယောက်ကို သူဘယ်လိုမှမတိုက်ခိုက်နိုင်ပေ။


အစကတော့ ရွှီဇီယန် အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားနေရသည်။ ဒါပေမယ့် ရွှီဇီရုန်၏စကားလုံးတွေကြားတော့ သူမရယ်ဘဲမနေနိုင်ပေ။ အားစိုက်လိုက်ကာ ရွှီဇီရုန်၏ခေါင်းကို သူပုတ်လိုက်သည်။ “မင်းကငယ်ပါသေးတယ် အနာဂတ်မှာ မင်းရင့်ကျက်လာတော့မှ ကိုကို မင်းရဲ့ကာကွယ်မှုကို မှီခိုပါ့မယ်”


ရွှီဇီရုန်က မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူစိတ်ထဲမှာတော့ ထိုအရူးကျင့်ကြံသူနဲ့ပတ်သက်ပြီး သူစိတ်လေးနေသေးသည်။ ဂိုဏ်းချုပ်၏သဘောထားဟာ ထိုလူအရှေ့မှာ အတော်လေးကို ထူးဆန်း‌လှသည်။ ပြီးတော့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က ဂိုဏ်းချုပ်ကို အတိုက်အခံလုပ်ရဲသည်။ ထိုဝူချိန်တောက်ကျွင်းဆီမှာ ဒီလိုပင်ကိုယ်စရိုက်မျိုးရှိတယ်ဆိုရင်တော့ အဲ့ဒါကရှင်းပြလို့မရဘူး။


ဖြစ်နိုင်တာက……


ထိုကျင့်ကြံသူအပေါ် ရွှီဇီရုန် သူ၏အထင်သေးမှုတွေကို ထိန်းချုပ်လိုက်သည်။ ဂိုဏ်းချုပ်၏သဘောထားကိုတောင် ထိုလူပုဂ္ဂိုလ်ကပြောင်းလဲနိုင်မှတော့ ထိုလူကသာမန်တော့မဟုတ်လောက်ဘူး။ အခုသူမသိသေးတာက ဂိုဏ်းချုပ်က အရူးကျင့်ကြံသူကို အခြားလူတွေ ကြောက်ရွံ့သွားအောင် တမင်လုပ်လိုက်တာလား ဒါမှမဟုတ် ဂိုဏ်းချုပ်ကပဲ ထိုကျင့်ကြံသူအနောက်ကနေ ထိန်းချုပ်ထားတာလား။


“အာ ငါ့လက်မောင်းလှုပ်လို့ရသွားပြီ” ရွှီဇီယန် အံ့ဩစွာအော်လိုက်သည်။


သူ့လက်က ရွှီဇီရုန်ခေါင်းပေါ် ရောက်သွားတာတောင် သူသေချာမသိသေးဘူး။ သူ့လက်လှုပ်လို့ရသွားလို့ လက်ရှိမှာတော့ သူအတော်လေးအံ့ဩနေမိသည်။


သူက‌အတော်နာကျင်ခံစားခဲ့ရပေမယ့် သူပြန်လည်ကောင်းမွန်လာပြီးဖြစ်သည်။


ရွှီဇီရုန်ပြုံးလိုက်၏။ လျှိုကွမ်းဂိုဏ်းရဲ့ ဆေးဘက်ဝင်ရေစိမ်ကန်က အတော်လေးအသုံးဝင်တာနဲ့တင် လုံလောက်ပါပြီ။


ဒါပေမယ့် ထိုအရူးကျင့်ကြံသူက အခွင့်အရေးကို အသုံးချကာ ရွှီဇီယန်ကို အတင်းခေါ်ယူသွားပြီး သူသာ ဆေးဘက်ဝင်ရေစိမ်ကန်ကို ဆေးညွှန်းမပေးလိုက်ပါက ရွှီဇီယန်က သူ့ရဲ့တပည့်ဖြစ်လာမှာမဟုတ်ပေ။ ရွှီဇီရုန် ထိုအရာကို ပြန်သတိရသွားပြီး သူမပျော်ရွှင်တော့ပါ။


သူ့လက်မောင်းတွေ လှုပ်ရှားလို့ရပြီးနောက် ရွှီဇီယန် သူ့ခြေထောက်တွေ လှုပ်ရှားလို့ရရန် ကြိုးစားလေသည်။ ကံမကောင်းစွာဖြင့် အစကလိုပဲ သူ့ခြေထောက်ကို ဘာမှမခံစားရသေးပေ။ ကြည့်ရတာတော့ သူ့ခြေထောက်တွေပြန်ကောင်းဖို့ နှစ်ရက်လောက်တော့ စောင့်ရဦးမည်။


ရွှီဇီရုန် ထိုင်ခုံပေါ်ကနေ သူ့ဘေးနားသို့ နေရာရွေ့လာလေသည်။ ထို့နောက်မှာတော့ ညီအကိုနှစ်ယောက်ဟာ ဒီရက်တွေမှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတွေကို ပြောဆိုနေကြတော့သည်။


ရွှီဇီယန် ဘာမှလှုပ်ရှားလို့မရသေးဘူးဆိုတော့ သူ့အနေနဲ့ နားထောင်ဖို့သာ တတ်နိုင်တော့တာပေါ့။ ပြီးတော့ ဒီရက်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ရွှီဇီရုန်အနေနဲ့လည်း သူ့ကိုပြောပြဖို့ တာဝန်ရှိပေသည်။


အမှန်အတိုင်းပြောရရင် အဲ့ဒါကအနည်းငယ် တိုင်ဆိုင်သွားရုံပါ။ လျှိုကွမ်းဂိုဏ်း၏ဒီနှစ်စာမေးပွဲ ရလဒ်ဟာ ဆယ်စုနှစ်တစ်စုစာမှာ အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။ 


ထိုနေရာမှာ လူသုံးယောက်ဟာ ပြီးပြည့်စုံသည့် အမွေအနှစ်တွေကို ရရှိသွားကြသည်။ သူတို့တွေကတော့ ဝေ့ချင်၊ ရှဟုန်လျန်နဲ့ ရွှီဇီယန်ပဲဖြစ်သည်။


ဟူယွိထျန်၏ပုံစံကလည်း အတော်လေးကို ကောင်းမွန်သည်။ ဒါပေမယ့် သူကသည်းခံစွာမကြိုးစားပဲ တစ်ချို့အပြုအမူတွေမှာ အနည်းငယ်အားနည်းသွားတာကြောင့် သူက ပြည့်စုံသည့်အမွေအနှစ်တွေကို လက်လွှတ်လိုက်ရသည်။ 


သူတို့တွေအပြင် အဲ့ဒီကအခြားသော အတွဲလိုက်တပည့်တွေကလည်း အတော်လေးကောင်းမွန်ကြသည်။ ဒါပေမယ့် ဘယ်သူမှတော့ အဆုံးသတ်အထိ မကျန်ရှိကြပေ။


ညီအကိုနှစ်ယောက်ဟာ ပျော်ရွှင်စွာ စကားပြောနေကြရင် အချိန်တွေဟာ ကုန်လွန်သွားပြီးနောက်——


ကျယ်လောင်လှသည့် အသံနဲ့အတူ တံခါးကို ကန်ဖွင့်လိုက်ပြီး အစဖြင့်ချုပ်ထားသည့် ဖိနပ်ကိုဝတ်ဆင်ထားသည့် ပိုင်ရှင်၏ခြေထောက်ဟာ ပေါ်ထွက်လာတော့သည်။ သစ်သားတံခါးဟာ ကျွီခနဲမြည်သွားပြီး အတော်လေး အိုဟောင်းနေပြီးမို့ မြေပြင်ပေါ်သို့ ဗမ်းခနဲဆိုပြီး ပြုတ်ကျသွားတော့သည်။


“အိုင်းယား! စိတ်မရှိပါနဲ့! ငါ့လက်ကိုအသုံးပြုရမှာ ပျင်းနေတာနဲ့ ငါဒီလောက်ထိ အားသုံးလိုက်မိမယ်မှန်း မထင်လိုက်ဘူး!” ကျင့်ကြံသူဟာ စုတ်ပြတ်နေသည့် အဝတ်ကိုဝတ်ဆင်ထားပြီး ပါးစပ်မှာ ပန်းသီးကိုက်ကာ အထဲသို့ဝင်လာသည်။


သူ၏ကုတင်ဘေးကို ဟိတ်ဟန်ကြီးစွာ လျှောက်လာသည့် ထိုလူအားကြည့်နေရင်း ရွှီဇီယန်လန့်လာသည်။ ဒီနေရာမှာ ဘာထိုင်ခုံမှ မရှိတာကြောင့် ကျင့်ကြံသူဟာ ရွှီဇီယန်ကို ကုတင်အတွင်းဘက်သို့တိုးလိုက်သည်။ အဲ့ဒီနောက်မှာတော့ ထိုလူဟာ ကုတင်အစွန်းနားမှာ ထိုင်နေလေသည်။


“မင်းစားချင်လို့လား?” ဘယ်ကနေရောက်လာမှန်း မသိသည့် ထိုလူက နောက်ထပ်ပန်းသီးတစ်လုံးကို ထုတ်ကာ ရွှီဇီယန်အရှေ့မှာ ပြလိုက်သည်။


ရွှီဇီယန် သူစားချင်နေသည့် စိတ်ကို မျိုချလိုက်သည်။ ထိုလူပုဂ္ဂိုလ်၏ အချက်အလက်တွေကို သူသိထားပေမယ့် တစ်ဖက်လူက ဒီလိုပုံစံဝတ်ပြီး ဒီလိုနေရာမှာ ပေါ်လာလိမ့်မယ်လို့ သူမထင်ထားမိဘူး။


ဒီလူကအိပ်ဖို့ နေရာလိုက်ရှာနေရမှာ မဟုတ်ဘူးလား? သူကဘာလို့ အရှက်မရှိသည့် အမူအရာနဲ့ ဒီနေရာကိုဘာလာလုပ်တာလဲ?


“ဆရာသခင်?” ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ ညစ်ပတ်စွာဝတ်ဆင်ထားသည့် ကျင့်ကြံသူအားကြည့်လိုက်သည်။


“ခဏလေး ဇီရုန် မင်းသူ့ကိုဘယ်လိုခေါ်လိုက်တာလဲ?” ရွှီဇီယန် အံ့ဩတုန်လှုပ်သွားသည်။ ဒီလူက ကံစီမံရာအတိုင်းပဲ တပည့်တွေလက်ခံတာမဟုတ်ဘူးလား? အစတုန်းက အတွင်းဂိုဏ်းတပည့်စာမေးပွဲမှာ ထိပ်ဆုံးနေရာကိုယူဖို့ သူစီစဉ်ထားပြီး ထိုအခွင့်အရေးကို အသုံးချကာ ဒီလူ‌ဆီမှာ တပည့်ဖြစ်ရန် သူတွေးထားတာဖြစ်သည်။ ဇီရုန်က ဘယ်လိုလုပ် ရုတ်တရက်ကြီး သူ့တပည့်ဖြစ်သွားရတာလဲ?


“သေချာတာပေါ့ 'ဆရာသခင်'မဟုတ်ရင် ဘာဖြစ်ရအုန်းမှာလဲ? ပြောရအုန်းမယ် ကောင်လေး မင်းငါ့ကိုမြင်ရင် ဘယ်လိုခေါ်ရမလဲဆိုတာ မင်းမသိဘူးလား?” မသပ်ရပ်သည့်ကျင့်ကြံသူဟာ သူ့ခြေထောက်ကို အသုံးပြုကာ ရွှီဇီယန်အား ကန်လေသည်။


ရွှီဇီယန် အနည်းငယ် နှေးကွေးလေးလံသွားသည်။ ငါကသူ့ကိုဘယ်လိုခေါ်ရမှာမလို့လဲ?


“မင်းငါ့ကိုဘယ်လိုခေါ်ရမှာလဲ? ငါ့ကို'ဆရာသခင်'လို့ခေါ်ပေါ့! အခြားကောင်စုတ်လေးတွေက မင်းကငါ့တပည့်ဖြစ်သွားပြီဆိုတာ အခုထိမပြောပြသေးဘူးလား?” မသပ်ရပ်သည့်ကျင့်ကြံသူဟာ တမင်တကာ အသံမြင့်မြင့်ဖြင့် ပြောလိုက်သည်။


『TK: ဇီယန်တို့ စာမေးပွဲဝင်ခွင့်ဖြေဆိုပြီးသွားဆိုတော့ အသစ်ပါခဲ့တဲ့ ဇာတ်ကောင်တွေကို ရောသွားမှာစိုးလို့ ပြန်လည်မိတ်ဆက်ပေးတာပါ။

အစကပါခဲ့တယ်လူတွေကို ပြန်မပြောတော့ပါဘူး။

အပိုင်း [၃၁-၅၁] ကြားက အသစ်ပေါ်လာတဲ့ ဇာတ်ကောင်နာမည်တွေကိုသာ ဖော်ပြလိုက်ပါ့မယ်။』


*****************

#ဝေ့မိသားစု

-ဝေ့ရင်း(လျှိုကွမ်းဂိုဏ်း၏တပည့်)

-ဝေ့ချင်*(လျှိုကွမ်းဂိုဏ်း၏ ထိပ်ဆုံးသုံးယောက် အတွင်းဂိုဏ်းတပည့်)

[ဝေ့ရင်းနဲ့ဝေ့ချင်ရဲ့ တော်စပ်ပုံကတော့ တူအရီးတော်စပ်ပါတယ် ဝေ့ရင်းကဦးလေး၊ ဝေ့ချင်ကတူပါ]

-မိန်းမစိုးဝမ့်(ဝေ့ချင်ဘေးက အစေခံ)


#ဟူမိသားစု

-ဟူယွိထျန်(လျှိုကွမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်)


#ရှဟုန်မိသားစု

-ရှဟုန်လျန်(လျှိုကွမ်းဂိုဏ်း၏ ထိပ်ဆုံးသုံးယောက် အတွင်းဂိုဏ်းတပည့်)


-ဦးလေးလျှို*(ရွှီဇီယန်၏ကိုယ်ရံတော်)


-လဲ့ဟူ*(လူရိုင်းမျိုးနွယ်စု၏ အဖွဲ့ဝင်)


-ချီလျန်ဟုန်ယွင်(လျှိုကွမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်၊ဉာဏ်များပြီး ကလိမ်ကကျစ်နည်းတွေနဲ့ ကျော်ကြားသူ)


-ရဲ့ကွေး*(ပထမစာမေးပွဲ၏ ကြီးကြပ်သူ)


-ရွှယ်ယန်(ရွှီညီအကိုထောင်ချောက်၌ မိသွားသူ ရှစ်ကျဲ)


-ယွီဟော်*(ဝေ့ချင်နဲ့ရွှီညီအကိုထံမှ ကျောက်စိမ်းပြားတွေ လုခံရသူ)


-ကျိုးရွယ်ထင်(ရှူယွင့်တောင်ထွတ် လျှိုကွမ်းဂိုဏ်း၏တပည့်)


-ရှောင်ထောင်(ရှူယွင့်တောင်ထွတ် လျှိုကွမ်းဂိုဏ်း၏တပည့်)


-ဝူချိန်တောက်ကျွင်း*(လျှိုကွမ်းဂိုဏ်း၏ဂိုဏ်းချုပ်၊ ချန်ယွမ်တောင်ထွတ်၏အကြီးအကဲ)


-လော့ယွင်တောက်ကျွင်း*(လျှိုကွမ်းဂိုဏ်း ထျန်လော်တောင်ထွတ်၏အကြီးအကဲ၊ ရွှီညီအကိုနှစ်ယောက်၏ဆရာသခင်)


**********************

(*)Starပြထားတဲ့သူတွေကို ဦးနှောက်ထဲအသေမှတ်ထားပေးပါနော် နောက်ပိုင်းလူသစ်တွေအများကြီး ပြန်ပါလာပြီး မေ့သွားမှာစိုးလို့


#TK