Chapter 58
Viewers 4k

Chapter 58


ရွှီဇီရုန်၏အမူအရာဟာ ပိုဆိုးလာပြီး လော့တကျောင်အား ပြင်းထန်သည့်အကြည့်မြှားတွေ ပစ်နေတော့သည်။


လော့တကျောင်ဟာ နားလည်ခြင်းမရှိဘဲ တံခါးအားကန်ကာ အိပ်ရာဘေးသို့လျှောက်သွားပြီး ရွှီဇီရုန်ကိုဘေးသို့တွန်းပို့ကာ ရွှီဇီယန်၏ပခုံးကို ပုတ်လိုက်သည်။

"အသုံးမကျတဲ့တပည့်လေး ပထမဆုံးမိုးကြိုးသွားကို ဘယ်လိုခံစားခဲ့ရလဲ?"


ရွှီဇီယန်၏အမူအရာဟာ အနေခက်သွားပြီး ရွှီဇီရုန်မျက်နှာကလည်း ပိုဆိုးရွားသွားသည်။


သူတို့ရဲ့ဆရာသခင်က ဒီလိုဆိုးရွားလှသည့်အကြောင်းကိစ္စကို တကယ့်ယူဆောင်လာဖို့ ရည်ရွယ်ထားသေးသည်။ သူတို့နှစ်ယောက်စလုံး ဒီကိစ္စနဲ့ပြဿနာဖြစ်ပြီးတာတောင် သူကဒီအကြောင်းကို လာပြောနေသေးသည်။


"ဘာဖြစ်တာလဲ? မင်းက ပထမဆုံးမိုးကြိုးသွားကိုတောင် မဖြတ်ကျော်နိုင်လိုက်ဘူးလား?" လော့တကျောင်ဟာ ထိတ်လန့်သွားသည်။


သူတို့ဆရာသခင်၏မျက်နှာ အမူအရာကိုကြည့်ပြီး ရွှီဇီယန် မှားသွားသလို ခံစားလိုက်ရသည်။ ကြမ်းတမ်းလှသည့်မိုးကြိုးသွားက အရမ်းကြီးခက်ခဲတာတော့မဟုတ်ပေမယ့် သူမဖြတ်ကျော်နိုင်တာနဲ့ပဲ သူကအခြားသူအား အပြစ်တင်မရဘူးလေ မဟုတ်ဘူးလား?


"ကျွန်တော့်ကိုကိုက ဆိတ်ငြိမ်းခန်းထဲမှာ သုံးရက်တောင် သတိလစ်နေတာ" ရွှီဇီရုန်အေးစက်စက်ပြောလိုက်၏။ သူ့အကြည့်တွေက ရေခဲတမျှအေးစက်နေပြီး ဖြေရှင်းချက်ပေးဖို့ သူစောင့်ဆိုင်းနေသည်။


"သုံးရက်ထဲလား? ပထမဆုံးအကြိမ်အတွက် မဆိုးဘူးပဲ" လော့တကျောင်ဟာ မေးစေ့နားအထိ ကျနေသောဆံပင်တွေကို ပွတ်သပ်လိုက်ပြီး ခေါင်းကိုလှုပ်ရမ်းလိုက်သည်။


ရွှီဇီရုန်ဟာ ဒေါသထွက်သွားတော့သည်။ သုံးရက်တောင် သတိလစ်နေတာက ကောင်းစရာလား? အကယ်၍ သူသာအဲ့အထဲမှာ ဆက်ကြာကြာနေသွားရင် မိုးကြိုးသွားတွေ ထပ်ပြီးတိုက်ခိုက်လို့ သူကင်ပြီးသားဖြစ်သွားလိမ့်မည်။


အရင်ဘဝက သူမိစ္ဆာကျင့်စဉ်နဲ့ တိုက်ခိုက်ခဲ့တာတောင် သူ့လက်ထဲမှာ သေဆုံးခဲ့ရသည့် လူသိပ်မများပေ။ ရွှီမိသားစုကိုဖျက်စီးတာရယ် သူ၏အလှတရားတွေကို မက်မောကာ ချဉ်းကပ်ကြသည့် အဲ့ဒီအမှိုက်ကောင်တွေရယ်ကိုသာ သူသတ်ခဲ့သည်။ သူ၏သွေးအနှစ်သာရကို အာရုံစိုက်နေသည့်အချိန်တွင် ကြမ်းတမ်းလှသည့်မိုးကြိုးသွားဟာ သူ့အားသတ်နိုင်လောက်သည့် နေရာအနားသို့ကျရောက်လာသည်။ အကယ်၍ သူသာဖြတ်ကျော်ရန် ခြွင်းချက်ရွေးချယ်မှုကို မပြင်ဆင်ထားပါက မိုးကြိုးသွားအောက်မှာ သူအမှုန်ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဒဏ်ရာရသွားရင်တောင် တရားမျှတသည့်ကျင့်ကြံသူတွေလက်ထဲမှာ သေရဖို့သေချာသလောက် ဖြစ်သွားနိုင်သည်။


သာမန်လူတိုင်း ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ? ထိုအရာတွေ အတုအယောင်တွေဆိုပေမယ့် ရင်ဆိုင်ဖို့ ဖိအားတွေရှိနေသေးသည်။ လော့တကျောင်က သူ့ကိုကို,ကို သေတွင်းထဲပို့ဖို့ ရည်ရွယ်ထားတာလား?


ရွှီဇီရုန်အကြည့်တွေဟာ သွေးဆာလာတော့သည်။ လော့တကျောင်ယူဆထားတာက အကယ်၍ ဒီကလေးကသာ သူ့ကိုတိုက်ခိုက်ဖို့ မျှော်လင့်ချက်ထားနေတယ်ဆိုရင် တာဝန်ပေးလိုက်တာနဲ့ သူ့အားချက်ချင်းသတ်လိမ့်မည်။


ဘာပဲဖြစ်ဖြစ်…အာ သူ့တပည့်ဖြစ်သူ ဒီလိုပုံစံဖြစ်နေတာက ဘာလို့များ ခံစားလို့အတော်ကောင်းနေရတာလဲ? သူ၏လူကောင်းလေးဖိနပ်နှစ်ရံတပည့်တွေထက်စာရင် ဒီလိုအနှောင့်အယှက်ပေးတတ်သည့် တပည့်မျိုးကို ရွေးချယ်လိုက်တာ အရမ်းကိုအားရကျေနပ်စရာကောင်းတာပဲ။


ထိုကလေး၏မျက်နှာက အလွန်ကိုဒေါသထွက်နေတယ်ဆိုပေမယ့် သူရှုံးသွားတာကိုသိလို့ သူ့ကိုယ်သူထိန်းချုပ်ထားတာကို ကြည့်လိုက်ရင်း လော့တကျောင်ဟာ အမတဝိညာဉ်အခြေတည်စအဆင့်၌ ပိတ်ဆို့နေသောအရာတွေ ပွင့်ထွက်သွားသလို လန်းဆန်းတက်ကြွသွားသည်။


ရွှီဇီရုန်၏သတ်ဖြတ်ချင်နေသည့် အကြည့်တွေကို မသိသလိုဟန်ဆောင်လိုက်ရင်း လော့တကျောင်ဟာ ရွှီဇီယန်အား ကြည့်ကာ ချီးမွမ်းလိုက်သည်။

"များပြားလှသည့်စွမ်းအင်တွေကို ယူလာနိုင်တာ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ ပြန်တွေးရရင် ငါ့ရဲ့အထက် ရှစ်ရှုန်းတွေထဲက တစ်ယောက်ကလည်း မင်းလိုမျိုးလေ့ကျင့်ရင်း ထိခိုက်ဖူးတယ် ဒါပေမယ့် သူကမင်းထက်ပိုပြီးတော့ ဆိုးရွားထိခိုက်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ နှစ်ဝက်လောက်အချိန်ယူလိုက်တယ်"


လော့တကျောင်အား ခံစားချက်မရှိသည့်မျက်နှာဘေးဖြင့် ရွှီဇီယန်ကြည့်လိုက်သည်။ သူ့ဆရာသခင်က သူ့ကိုချီးမွမ်းနေတာလား? ဆရာသခင်စကားကို နားထောင်ပြီးနောက် ဘာလို့များ ဆရာသခင်ကို သူရိုက်ချင်လာရတာလဲ?


သူစကားမှားသွားမှန်း သိလိုက်တာကြောင့် လော့တကျောင်ဟာ အခြားခေါင်းစဉ်ဘက်သို့ပြောင်းလိုက်သည်။

"အဟားဟားဟား…ငါကတာဝန်မဲ့တဲ့ဆရာသခင်မျိုး မဟုတ်ပါဘူး အဲ့ဒီအကြီးအကဲက ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို ပဉ္စမအဆင့်(ချီစွမ်းအင်စုဆောင်းမှုအဆင့်)တည်းနဲ့ ကြိုးစားတုံ့ပြန်ခဲ့တာ ငါတွေးမိတာကတော့ မင်းကချီစွမ်းအင်စုဆောင်းမှုအဆင့်အထိ ရောက်ရှိထားပြီဆိုတော့ မင်းကဒီလောက်မညံ့ပါဘူး"


ရွှီဇီယန် စကားမပြောနိုင်အောင် မှင်တက်သွားသည်။ အဲ့ဒီကျင့်ကြံသူက ပဉ္စမအဆင့်ထဲနဲ့ ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို စိန်ခေါ်ခဲ့တာလား? သူ့ဆရာသခင်ရဲ့ရှစ်ရှုန်းက ရူးများရူးသွားတာလား?


ရွှီဇီယန်၏သံသယဖြစ်နေတာတွေကို လော့တကျောင်ဟာ လျစ်လျူရှုလိုက်တော့သည်။ သူ့အားပစ်လွှတ်ခဲ့သည့် မိုးကြိုးသွားအဖြစ်အပျက်ကို လော့တကျောင်ဟာ ဂရုတစိုက်မေးမြန်းပြီးနောက် တွက်ချက်ကြည့်လေသည်။


ထိုကိစ္စကြောင့်နဲ့ သူကတာဝန်မဲ့သည့် ဆရာသခင်တော့ မဖြစ်ချင်ပေ။ လျှို့ဝှက်ထားသောမိုးကြိုးသွားဟာ လျှိုကွမ်းဂိုဏ်း၏ အလွန်ထူးခြားသည့်ပစ်လွှတ်အားရှိပြီး အလွန်ကိုစွမ်းအားကြီးတာကြောင့် ရုပ်ပိုင်းဆိုင်ရာအလွန်ခံနိုင်ရည်ရှိသည့်လူမှ လေ့ကျင့်နိုင်လိမ့်မည်။ ရွှီဇီယန်က ထိုမိုးကြိုးစိတ်ဝိညာဉ်အမျိုးအစားကို ခုခံနိုင်သည့် သန်မာသောရုပ်ပိုင်းဆိုင်ရာမျိုး ရှိနေပေမယ့် အားလုံးကိုလေ့ကျင့်လို့ရပြီလို့ လော့တကျောင်အကြံဉာဏ်မပေးနိုင်ပေ။


ထိုကျင့်စဉ်အမျိုးအစားဟာ ရွှီဇီယန်၏ပုံစံကို သတ်ဖြတ်ခြင်းအသွင်းသို့ ယူဆောင်သွားလိမ့်မည်။ ဘာလို့လဲဆိုတော့ သူ၏မိုးကြိုးမြှားတွေမှာပင် မြှားပုံစံဖော်ဖို့ သူအာရုံစူးစိုက်မှုတွေနဲ့ အားစိုက်မှုလုပ်ရတာတွေ ပါဝင်နေတာကြောင့် အကယ်၍ လျှို့‌ဝှက်ထားသောမိုးကြိုးသွားအတွက်နဲ့ သူ၏ကျင့်ကြံခြင်းအဆင့်ကို မြင့်တင်သွားနိုင်ပါက သူ၏မြှားပုံစံဖော်ရာတွင်မကဘူး သူ၏ခန္ဓာကိုယ်ကပါ နတ်ဘုရားအဆင့်မိုးကြိုးသွားသို့ ပြောင်းလဲသွားလိမ့်မည်။


သာမန်အားစိုက်ထုတ်မှုက နတ်ဘုရားအဆင့်မိုးကြိုးသွားနဲ့ မတူညီနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သာမန်မိုးကြိုးသွားတွေနဲ့ ကျင့်သားရနေရင်တောင် နတ်ဘုရားအဆင့်မိုးကြိုးသွားကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ ထိုမြှားတွေဟာ ကျင့်ကြံသူတစ်ယောက်၏အဆင့်ထက်မြှင့်ထက်ပြီး ဒဏ်ရာရအောင်လုပ်နိုင်တယ်လို့ လော့တကျောင်ဟာ ပြောဖို့ဝေးပါသေးသည်။


ရွှီဇီယန်၏အတွေ့အကြုံခံစားမှုတွေနဲ့ သူ၏ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ကာ လော့တကျောင်ဟာ လျင်မြန်စွာ ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို တုံ့ပြန်ရန်နည်းလမ်းကို ဖန်တီးလိုက်တော့သည်။


အကယ်၍ သူသာထိုနည်းလမ်းကို ‌ကောင်းမွန်စွာ အသုံးချပါက ကျင့်ကြံနေစဉ်အတွင်း ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို သူတုံ့ပြန်နိုင်လိမ့်မည်။ ဒါပေမယ့် ထိုနည်းလမ်းက ရွှီဇီယန်လိုအခြေခံမိုးကြိုးသွား အားစိုက်မှုရှိသည့်လူမှသာ အသုံးပြုလို့ရလိမ့်မည်။


တစ်နည်းဆိုရရင် လော့တကျောင်က ဒီနည်းလမ်းကို ရွှီဇီယန်အတွက် အထူးဖန်တီးပေးထားခြင်းဖြစ်သည်။ ထိုနည်းလမ်းက ဘယ်သူနဲ့မှ ကိုက်ညီမှုရှိလိမ့်မည်မဟုတ်ပေ။


ရွှီဇီရုန်ဟာလော့တကျောင်ကို အလွန်ကိုအမြင်ကပ်ပေမယ့် သူတို့တွေဆွေးနွေးတာနဲ့ပတ်သက်ပြီး ဘာမှမနှောင့်ယှက်ပေ။


အစတုန်းကတော့ သူအလွန်ကိုဒေါသထွက်နေပေမယ့် နောက်ဆုံးတော့ သူတို့ဆွေးနွေးနေတာကိုသာ သူနားထောင်နေလိုက်တော့သည်။


အရင်ဘဝတုန်းက အမတဝိညာဉ်အခြေတည်စအဆင့်အထိ သူကျင့်ကြံခဲ့ပေမယ့် လော့ယွင်တောက်ကျွင်း၏ အတွေ့အကြုံတွေနဲ့ အသိပညာတွေက သူ့ထက်သာလွန်လှသည်။ လော့တကျောင်ဟာ အားလုံးကိုရှင်းပြပြီးနောက် ထိုအရာတွေကနေ ရွှီဇီရုန် အကျိုးအမြတ်ရတယ်လို့ ခံစားရသည်။


ပိုပြီးသူနားထောင်လေ ပိုပြီးသူထိတ်လန့်လာလေဖြစ်သည်။ လော့တကျောင်၏ရှင်းပြချက် နည်းလမ်းတွေက တစ်ချိန်တည်းမှာ ရှုပ်ထွေးပြီးနားလည်နိုင်သည်။ သူအတော်လေး သင်ယူလိုက်ရတယ်လို့ ခံစားရသည်။


ဒီလူကဘာလားဟ……


သူ့စိတ်ထဲမှာ သံသယအရိပ်အယောင်တွေပေါ်လာပြီး သူ့အရှေ့က လော့တကျောင်အပေါ်ထားသည့် သံသယတွေဟာ ပိုပိုပြီးနက်ရှိုင်းလာတော့သည်။


……


လော့တကျောင်ဟာ 'မိုးကြိုးသွားကိုတားဆီးခြင်း'ဆိုသည့် ကျင့်စဉ်ကို ရွှီဇီယန်အတွက် ဖန်တီးပေးလိုက်ပြီး သူစတင်ပြီး သူ၏ကျင့်စဉ်ကို လုပ်ဆောင်လေတော့သည်။


ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို အစပြုနိုင်ဖို့ မိုးကြိုးသွားကို ဖမ်းဆုပ်ခြင်း၊ ထုတ်လွှတ်ခြင်း၊ သတိပြုမိခြင်းနဲ့ နောက်ပြန်သွားခြင်းတွေကို အထပ်ထပ်အခါခါ လေ့ကျင့်ရပေသည်။


တစ်ခါပြီးတစ်ခါ သူကျေနပ်မှုရရှိလာပြီး မိုးကြိုးသွားကိုပစ်လွှတ်တိုင်း သူပြန်ထုတ်လွှတ်ဖို့ အချိန်ကိုခဏလေးသာယူရတော့သည်။


၁၇ရက်လောက်ကြာတော့ သူသတိမေ့သွားခဲ့သည့် ပထမဆုံးကြမ်းတမ်းလှသည့် မိုးကြိုးသွားကို သူလုပ်ဆောင်နိုင်သွားသည်။ သူထပ်ခါထပ်ခါလေ့ကျင့်မှုကြောင့် အောင်မြင်မှုဟာ လိုက်ပါလာတော့သည်။


သူ့ကိုကိုနေ့တိုင်း နာကျင်နေရတာကို ကြည့်ပြီး ရွှီဇီရုန် စိုးရိမ်ပူပန်ပေမယ့် ကျင့်ကြံခြင်းလောကမှာ စွမ်းအားမရှိသည့်သူက လူရာမဝင်ဘူးဆိုတာ သူသေချာနားလည်သည်။


ဒီတော့သူ့ကိုကိုအတွက် အရာအားလုံးကို တိတ်ဆိတ်စွာ ပြင်ဆင်ထားရုံသာ သူတတ်နိုင်တော့သည်။ သူ့ဟာသူကျင့်ကြံလို့ရမရ လော့တကျောင်က အရာအားလုံးကို မေးမြန်းသည်။ ထို့အပြင် သူ၏ကျင့်ကြံခြင်းစွမ်းအင်က လုံလောက်စွာစုမိထားပြီးဖြစ်သည်။ သူ့မှာအရင်ဘဝက မှတ်ဉာဏ်တွေရှိတာကြောင့် ကျင့်ကြံခြင်းအတွက် သူအနှောင့်အယှက်မရှိပေ။ ဒီအဆင့်ကနေ သူမကြာခဏ လေ့ကျင့်လိုက်ပါက လွယ်ကူစွာ ဖြတ်ကျော်လို့ရပေသည်။


ခြောက်လလောက်ကြာပြီးနောက် ရွှီဇီယန်ဟာ မမျှော်လင့်ပဲ အန္တရာယ်တွေကို ကြုံပြီးရင်းကြုံကနေ သူခိုးခဲ့သည့် အစိမ်းရောင်မိုးကြိုးသွားအမျှင်လေးကို သူအောင်မြင်သွားလေသည်။


သူ့လက်ဖဝါးပေါ်မှာ အစိမ်းရောင်မိုးကြိုးသွားအမျှင်လေးဟာ နဂါးသေးသေးပုံစံဖြင့် ကူးလူးနေတာကို စိုက်ကြည့်နေရင်း ရွှီဇီယန် ငိုချင်စိတ်တောက်ပေါက်လာတော့သည်။


နေ့တိုင်းမိုးကြိုးသွားတွေကိုပဲ သည်းခံနေရတဲ့ ခံစားချက်ကို ဘယ်သူနားလည်မှာလဲ!!!


အခုသူလမ်းလျှောက်နေရင်း မိုးကြိုးသွားနဲ့လျှပ်စစ်ကို လှုံ့ဆော်လိုက်တာကြောင့် အပြင်ဘက်၌ မုန်တိုင်းထန်သွားတော့သည်……


"နှစ်ဝက်အတွင်း ရသွားတယ်ဆိုတော့ မဆိုးဘူး အတော်လေးတော်တယ်" ရွှီဇီယန်၏လက်ချောင်းကြားမှာ ကူးလူးနေသည့် မိုးကြိုးသွားအမျှင်ကို သူမြင်လိုက်တာကြောင့် လော့တကျောင်၏အမူအရာယာ ရွှင်ပြနေသည်။


သူအစတုန်းက အစီအစဉ်ဟာ ရွှီဇီယန်အတွက် အတော်လေးစွန့်စားရကျသည်။ ဒါပေမယ့် ရွှီဇီယန်က အစိမ်းရောင်မိုးကြိုးသွားကို ခိုးလာနိုင်တာကြောင့် မိုးကြိုးသွားကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာ သင်ကြားပေးဖို့က သိပ်အဆင်မပြေပေ။ သူပိုပြီးစွမ်းအားကြီးလာလေ သူ၏မိုးကြိုးသွားက ပိုတိုးတက်လာလေဖြစ်သည်။ အနာဂတ်အတွက် သူ့ကိုမြှင့်တင်ပေးလိုက်ရင် ကြမ်းတမ်းလှသည့်မိုးကြိုးသွားနဲ့ ပျံသန်းနိုင်သည့်အတတ်ပညာကိုပါက သူကျွမ်းကျင်စွာတတ်မြောက်သွားလိမ့်မည်။ 


ထိုအရာက အတော်လေးတော့ ယုံရခက်လိမ့်မည်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရတော့ ကြမ်းတမ်းလှသည့်မိုးကြိုးသွားဟာ သူ့ဆီမှာတည်ရှိနေပြီးဖြစ်သည်။


သူကလျှို့ဝှက်ထားသောမိုးကြိုးသွား၏ ထူးခြားချက်ကို နားလည်ဖို့ သူ့ကိုသူအတော်လေး ကြိုးစားရလိမ့်မည်။ နှစ်ဝက်အတွင်း သူကပထမအဆင့်ကို ပြီးဆုံးသွားသည်။ ပထမဆုံးနတ်ဘုရားမိုးကြိုးသွားကနေ သူစုပ်ယူပြီး အစိမ်းရောင်မိုးကြိုးသွားအဖြစ် ပြောင်းလဲနိုင်သွားပြီဆိုတော့ သူ၏တည်ဆောက်ခြင်းဟာ ကျောက်တုံးလိုအစိုင်အခဲဖြစ်လာပြီဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။


နှစ်ဝက်အတွင်း ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ရွှီဇီယန်ဟာ အစိမ်းရောင်မိုးကြိုးသွားကို ကျော်လွှားနိုင်သွားသည်။ တစ်ချိန်လုံး ရွှီဇီရုန်ဟာ သူ့ဘေး၌နေကာ သူ့ကိုဂရုစိုက်ပေးတာကြောင့် ရွှီဇီရုန်အတွက်လည်း ကူညီရကျိုးနပ်သွားလေသည်……


ရွှီဇီယန်ဟာ ထိုအရာနဲ့ပတ်သက်ပြီး ရှက်မိပေမယ့် ရွှီဇီရုန်ကတော့ ရင့်ကျက်လာပြီမို့ အိမ်မှုကိစ္စအားလုံးကို သူသာလုပ်မည်လို့သာ ပြောခဲ့သည်။ သူကအခြားသော သတိပြုစရာ အတွေ့အကြုံတွေကြောင့် ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ကျော်ဖြတ်နိုင်သွားသည်။


ညီအကိုနှစ်ယောက်ဟာ ကျင့်ကြံခြင်းတည်ဆောက်ရမည့် အခြေခံလိုအပ်ချက်တွေကို အောင်မြင်ပြီးသွားတာကြောင့် စည်းမျဉ်းအရ ဂိုဏ်းကနေ တည်ဆောက်ခြင်းစွမ်းအင်ဆေးလုံးတွေကို ပေးဖို့တောင်းခံလေသည်။ ဒါပေမယ့် လော့တကျောင်ကတော့ သဘောမတူပေ။


သူ့အမြင်မှာတော့ နှစ်ယောက်စလုံးက စွမ်းရည်ရှိပေသည်။ တည်ဆောက်ခြင်းစွမ်းအင်တွေနဲ့ သူတို့တွေ၏တိုးတက်မှုတွေ နှေးကွေးသွားရင် ဘယ်လိုလုပ်မလဲ? ဆေးလုံးကိုမှီခိုတာထက် ချီလင်မျှော်စင်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကို အသုံးချတာက သူတို့တွေ၏တည်ဆောက်ခြင်းကို ပိုတိုးတက်စေလိမ့်မည်။ အကယ်၍ သူတို့တွေသာ ဆေးလုံးကို မသုံးမပြုပဲလုပ်ဆောင်ပါက သူတို့တွေ၏အလားအလာရှိသည့် အနာဂတ်ဟာ စိတ်ကူးဖို့ခက်ခဲလှသည်။


ရွှီညီအကိုနှစ်ယောက်ဟာ လော့တကျောင်၏အကြံကို သဘောတူလိုက်တော့သည်။


အကယ်၍ ထိုနေရာမှာသာ မျက်စိနှောက်စရာကောင်းသည့် အရာတွေမရှိနေပါက ရွှီဇီရုန်အတွက် သူ၏တည်ဆောက်ခြင်းကို စတင်နိုင်ဖို့ သိပ်မလိုတော့ပေ။ ရွှီဇီယန်ကတော့ ကြိုးစားချင်သေးသည်။ အကယ်၍ သူကျရှုံးသွားရင်တောင် တည်ဆောင်ခြင်းစွမ်းအင်ဆေးလုံးနဲ့ လုပ်ဆောင်လို့ရသေးသည်။ ဒါပေမယ့် သူသာ အကောင်းဆုံးမကြိုးစားလိုက်ပါက သူ့ကိုယ်သူစိတ်ပျက်မိလိမ့်မည်။


ချီလင်မျှော်စင်ဟာ လျှိုကွမ်းဂိုဏ်း၏ဘေးဘက်က တောင်ထိပ်၌ တည်ရှိပေသည်။ မူလနာမည်ကတော့ မေ့သွားကြပြီဖြစ်ပြီး ချီလင်မျှော်စင်က ထိုနေရာ၌တည်ရှိတာကြောင့် ချီလင်တောင်ထွတ်လို့သာ ခေါ်ဝေါ်ကြတော့သည်။


ချီလင်တောင်ထွတ်ဟာ မြေပြင်ကနေ သိပ်မမြင့်ပေ။ ညီအကိုနှစ်ယောက်ဟာ တောင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ဖို့ အချိန်သိပ်မယူလိုက်ရပါ။ တောင်ထွတ်၌ အစိမ်းရောင်ကျောက်တုံးတွေ ခင်းကျင်းထားသည့် မြေကွက်လပ်တွေရှိပြီး အလယ်၌ လေး‌ထောင့်ပုံစံသစ်သားမျှော်စင် အထပ်ခုနစ်ထပ်ရှိပေသည်။


မျှော်စင်ဟာသိပ်မမြင့်ပေမယ့် နက်ရှိုင်းသည့် အရှိန်အဝါတွေနဲ့ ပြည့်နက်နေသည်။ အဝေးကနေကြည့်ရုံနဲ့ ရှေးဟောင်းသမိုင်းဝင်မြင်ကွင်းကို မြင်တွေ့နိုင်သည်။


ပြင်းထန်လှသည့်အရှိန်အဝါတွေဟာ ရွှီဇီယန်အား တုန်လှုပ်စေပြီး သူ့မျက်လုံး၌ အကြောက်တရားတွေ ပေါ်လာတော့သည်။


ဒဏ္ဍာရီအရတော့ ချီလင်မျှော်စင်ကို ချီလင်ဆိုသည့်အလောင်းနဲ့ တည်ဆောက်ထားတယ်ဟု ဆိုကြသည်။ ထိုအရှိန်အဝါတွေဟာ သေဆုံးပြီးတာတောင် စွဲကျန်ရစ်နေတာက သူ့ခန္ဓာကိုယ်အတွင်းထဲသို့ ‌အကြောက်တရားတွေ စိမ့်ဝင်သွားစေသည်။


ထိုအချက်တွေကြောင့် ချီလင်မျှော်စင်ဟာ သေဆုံးထားသည့်သတ္တဝါနဲ့ တည်ဆောက်ထားသည်ဟု အကြောင်းပြု၍ဖြစ်ပေါ်လာတော့သည်။ ထိုသတ္တဝါဟာ အသက်ရှင်နေစဉ်အတွင်း ဘယ်လောက်တောင်စွမ်းအားကြီးမယ်ဆိုတာကတော့ ခန့်မှန်းရခက်ပေသည်။


#TK