Chapter 60
Viewers 4k

Chapter 60


သူတို့တွေဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျိုးဆက်သစ်တွေကို သူတို့တွေ ဘယ်လိုမှမကျော်လွန်နိုင်ကြောင်းကို ပြောနေကြသည်။ ထို့နောက် သူတို့တွေဟာ ဆက်လက်ပြီး လေ့ကျင့်နေကြပြန်သည်။ 


သူဟာသန့်စင်သည့်အရှိန်အဝါတွေကို ဖြုန်းတီးမနေပေ။ ရွှီဇီယန်၏အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုအခြေအနေက ပြေပြစ်နေတာကို အတည်ပြုပြီးနောက် ရွှီဇီရုန်ကလည်း ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လေသည်။


“ဆရာသခင်ရယ် နောက်နေတာလား……” ရွှီဇီယန်၏မျက်နှာဟာ ရှုံ့မဲ့နေပြီး ချွေးတွေဖြင့် အပြစ်တင်ပြောဆိုလိုက်သည်။


သူ၏လက်ရှိအခြေခံကျင့်ကြံခြင်းတည်ဆောက်မှုဟာ အဆင့်တိုင်း လွယ်ကူချောမွတ်နေပေမယ့် သူ၏အသက်သွေးကြောထဲက နံရံကိုဖြိုခွဲကာ ကျယ်ပြန့်အောင် လုပ်ပြီဆိုရင် အံ့ဩဖွယ်ကောင်းလှသည့် အစိမ်းရောင်မိုးကြိုးသွားဟာ အသက်သွေးကြောထဲမှာ သူသိုလှောင်ထားသည့် အရှိန်အဝါတွေအားလုံးကို ပြိုကွဲသွားတော့သည်။


အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုအတွက် အရှိန်အဝါတွေကို စုဆောင်းသည့်အဆင့်က အောင်မြင်ပေမယ့် စိတ်ဝိညာဉ်စွမ်းအင်တွေကို ရွှီဇီယန် သိပ်ထည့်ဖို့ကြိုးစားသည့် အချိန်တိုင်း အံ့ဩဖွယ်ကောင်းလှသည့် အစိမ်းရောင်မိုးကြိုးသွားဟာ ထိုအရာတွေအားလုံးကို ပျောက်ကွယ်အောင်ပြုလုပ်ပစ်သည်။


ဒီနေ့မှာတော့ အစိမ်းရောင်မိုးကြိုးသွားဟာ ဆိုးသွမ်းသည့်ကလေးအတိုင်းပဲ ရွှီဇီယန်၏အသက်သွေးကြောထဲမှာ တောင်းကြမ်းနေသည်။ အရှိန်အဝါကိုတစ်ခါစုစည်းလိုက် ထိုအရာက ပြန်ဖြိုခွဲလိုက်နဲ့ ရွှီဇီယန် အရှိန်အဝါတွေကို သိပ်ထည့်ဖို့ အခွင့်အရေးမ‌ရနေပေ။


တစ်ကြိမ်ပြီးတစ်ကြိမ်ကြိုးစားပြီးနောက် ရွှီဇီယန်ဟာ ချွေးတွေရွှဲကာ ပင်ပန်းလာတော့သည်။ ချီလင်မျှော်စင်ထဲမှာ အဆုံးမရှိသည့်အရှိန်အဝါတွေ ရှိတယ်ဆိုပေမယ့် ဒီလိုအခြေအနေမျိုးသာဆက်ဖြစ်နေပါက သူ၏အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုက အနည်းနဲ့အမြန်ကျရှုံးသွားတော့မည်။


ဒီအချိန်မှာတော့ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုဆေးလုံးကို သူမသုံးတာကိုပဲ ကျေးဇူးတင်ရမည် မဟုတ်ရင် ဆေးလုံးထဲကအရှိန်အဝါတွေကို အသုံးပြုရင်း သူကျရှုံးသွားပါက သူသေချာပေါက်ဒဏ်ရာရသွားလိမ့်မည်။


ထိုအချိန်၌ ရွှီဇီယန်ဟာ အရှိန်အဝါတွေကို အသက်သွေးကြော၏ထောင့်နားသို့ သိပ်ထည့်ရန်ကြိုးစားလိုက်ပေမယ့်လည်း အစိမ်းရောင်မိုးကြိုးသွားဟာ စမ်းသပ်ကိရိယာပုံစံမျိုး လုပ်လာပြန်သည်။ ထိုနေရာသို့သိပ်ထည့်လိုက်သည့် အရှိန်အဝါတွေဟာ ချက်ချင်း ပျောက်သွားပြန်တော့သည်။


ရွှီဇီယန်စိတ်ထဲ၌ ထိုအရာကို အတော်လေးမုန်းတီးနေပြီး အစိမ်းရောင်မိုးကြိုးသွားသာ သူ့အရှေ့သို့ ကလေးပုံစံဖြင့် ပေါ်လာပါက သူရိုက်စုတ်လိုက်ပြီးဖြစ်သည်……


ဒီလိုနဲ့ ရွှီဇီယန်နဲ့ အစိမ်းရောင်မိုးကြိုးသွားဟာ သူ၏အသက်သွေးကြောထဲက ကျီစယ်နေသလိုလိုနဲ့ တိုက်ခိုက်နေသည်။


သူတို့တွေဟာပျော်ရွှင်စွာ ကစားနေကြပေမယ့် ရွှီဇီရုန်ကတော့ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသွားပြီဖြစ်တာကြောင့် စိတ်ဝိညာဉ်လေဗွေတွေကို စိုးရိမ်တကြီးနဲ့ ကြည့်လို့နေသည်။


ရွှီဇီယန်လုပ်ဆောင်နေတာ ၇ရက်လောက်တောင် ရှိနေပြီဖြစ်ပြီး စကားအရပြောရရင် ယခုအချိန်မှာ သူ၏အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသင့်နေပေမယ့် ဘာလှုပ်ရှားမှုတစ်ခုမှ မဖြစ်လာသေးပေ။


အရင်ဘဝတုန်းက ရွှီဇီယန်ဟာ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ကျရှုံးခဲ့လားဆိုတာ သူသေချာမသိပေမယ့် စိတ်ဝိညာဉ်စွမ်းအင်လေဗွေတွေဟာ တဖြည်းဖြည်းအားနည်းလာတာကို သူမြင်နေရတာကြောင့် ရွှီဇီယန် ဘယ်လိုမှမကျော်ဖြတ်နိုင်တော့ဘူးဆိုတာ သိသာနေသည်။


“ချီးပဲ! ဘာတွေဖြစ်နေတာလဲ?” ရွှီဇီရုန် ဒေါသထွက်လာတော့သည်။ အထူးသဖြင့် သူဒီနေရာမှာ ရှိနေရင်တောင်မှ သူ့ကိုကို မတော်တဆ တစ်ခုခုဖြစ်သွားကို သည်းမခံနိုင်ဘူး။


အရင်တုန်းကတော့ သူဟာသူ့ကိုယ်သူ အမြဲတမ်း ယုံကြည်မှုရှိလေသည်။ သူအမြဲတမ်းတွေးခဲ့တာက သူ၏စွမ်းအားအနည်းငယ် အားနည်းရုံကလွဲ၍ သူ၏အရင်ဘဝတုန်းက မှတ်ဉာဏ်တွေကို အမှီပြုကာ သူ့ကိုကို,ကို ကာကွယ်ပေးနိုင်မယ်ပေါ့။ မမျှော်လင့်ပဲ လျှိုကွမ်းဂိုဏ်းကိုဝင်ရောက်တာ ခြောက်လကြာသွားတာတောင် လက်တွေ့ကတော့ သူထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပင်ဖြစ်နေသေးသည်။ သူ့ကိုကိုက ဘာစွမ်းအင်မှမရှိပဲ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှု ကျရှုံးနေတာကို သူမျက်မြင်တွေ့နေရသည်။


“ဟမ်? ဒီရှစ်တိက အခုထိ အခြေခံကျင့်ကြံခြင်းတည်ဆောက်လို့ မပြီးသေးဘူးလား?” မိန်းကလေးဟာ တရားထိုင်နေရာကနေ နိုးလာပြီး စိတ်ဝိညာဉ်လေဗွေအားကြည့်ကာ အံ့ဩစွာဆိုလိုက်သည်။


“စိတ်ဝိညာဉ်စွမ်းအင်တွေက မတည်မငြိမ်ဖြစ်ပြီး အားနည်းလာတာက ဒီအခြေခံကျင့်ကြံခြင်းတည်ဆောက်မှုမှာ သူအန္တရာယ်တစ်ချို့တွေ့နေလို့ဖြစ်မယ်” သန်မာလှသည့်ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


“အာ? မဖြစ်နိုင်တာ ချီလင်မျှော်စင်ထဲမှာ ဘယ်သူကများ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ကျရှုံးနိုင်မှာလဲ?” မိန်းကလေးဟာ သူမပါးစပ်ကိုကာပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။


ရွှီဇီရုန်ဟာ သူမအား ကြောက်စရာကောင်းလှသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီမိန်းမက ဘာကိုများ သွယ်ဝိုက်ပြောဆိုချင်ရတာလဲ? သူ့ကိုကိုက အသုံးမကျဘူးလို့ အဲ့မိန်းမကဆိုလိုချင်တာလား?


ရွှီဇီရုန်၏ကြောက်စရာကောင်းလှသည့် မျက်လုံးအားမြင်လိုက်တာကြောင့် ထိုမိန်းကလေးဟာလန့်သွားပြီး သူမစကားမှားသွားမှန်း သဘောပေါက်သွားသည်။ သူမဟာ ပါးစပ်ကိုပိတ်ကာ သန်မာလှသည့်ကျင့်ကြံသူအနောက်၌ ပုန်းနေတော့သည်။


ဒီမိန်းကလေးက အမှားလုပ်မိသွားမှန်း သန်မာသည့်ကျင့်ကြံသူက သိလိုက်ပေမယ့် ရွှီဇီရုန်၏သတ်ဖြတ်ချင်နေသည့် အကြည့်တွေကြောင့် သူပိုပြီးတော့တောင် သိလိုက်သည်။


သူ့ရင်ထဲတုန်လှုပ်သွားပြီး သန်မာလှသည့်ကျင့်ကြံသူဟာ သူ့ဟာသူတွေးလိုက်သည်။

'ဒီကောင်လေးက ငယ်ငယ်လေးနဲ့ သူ၏သတ်ဖြတ်ချင်သည့်ပုံစံက ဘာလို့များ ဒီလောက်အားကောင်းနေရတာလဲ? ဒီပုံစံက အသက်ကြီးပြီး အတွေ့အကြုံရှိသည့် ကျင့်ကြံသူတစ်ယောက်က မရေမတွက်နိုင်အောင် လူတွေသတ်ဖူးထားတာနဲ့ တူမနေဘူးလား?'


သန်မာလှသည့်ကျင့်ကြံသူက သူ၏အကြည့်တွေကို ပြောင်းလိုက်ပြီးနောက် ရွှီဇီရုန်ကလည်း သတ်ဖြတ်ချင်သည့်စိတ်ကို အနည်းငယ်ထိန်းချုပ်လိုက်သည်။ လက်ရှိမှာ သူ့ကိုကိုက ပြဿနာကြုံတွေ့နေရတာကြောင့် သူ့ကိုကိုအား နောက်ထပ်ပြဿနာ ထပ်မဖြစ်စေချင်ဘူး။


စိတ်ဝိညာဉ်လေဗွေဟာ တဖြည်းဖြည်း နည်းသထက်နည်းလာတာကို ထိုသုံးယောက်ကကြည့်နေရင်း သူတို့တွေဟာ စိတ်မကောင်းစွာ သက်ပြင်းချနေကြသည်။


အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုက ဘာအန္တရာယ်မှတော့ မရှိပေမယ့် တပည့်အသစ်တွေဆိုရင်တော့ တစ်ချို့သောစိတ်ဖောက်ပြန်မှုတွေ ဖြစ်ပေါ်နိုင်သည်။


သူ့ဆရာသခင်က သူ့တပည့်တွေထဲက သစ်သားစိတ်ဝိညာဉ်သွေးကြောနဲ့ ကျင့်ကြံသူအကြောင်းပြောပြတာ သန်မာလှသည့်ကျင့်ကြံသူ ကြားဖူးထားသည်။ ထို့နောက်မှာတော့ သူလေ့လာကြည့်သည့်အခါ ထိုသူဟာ အဲ့ဒီနှစ်ကအတော်ဆုံး တပည့်ဖြစ်ခဲ့ပြီး သူဟာဘယ်တုန်းကမှ နှောင့်နှေးကြန့်ကြာတာမျိုးလည်း မရှိခဲ့ပေမယ့် သူပထမ‌ဆုံး အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို စတင်သည့်အချိန်၌ သူမတော်တဆဖြစ်ကာ ကျရှုံးသွားသည်။


နောက်ပိုင်းမှာတော့ ကျရှုံးတယ်ဆိုသည့် အရိပ်မဲကြီးဟာ သူ့အနောက်သို့လိုက်ပါလာပြီး အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကိုပြီးဖို့ သုံးနှစ်လောက် အချိန်ယူလိုက်ရသည်။ ထိုသူဟာလေးကြိမ်မြောက်မှ အောင်မြင်သွားခဲ့သည်။


သူအောင်မြင်သွားတယ်ဆိုပေမယ့် သူ၏အရင်ကတက်ကြွမှုတွေ ပျောက်ဆုံးသွားပြီးဖြစ်သည်။ နောက်ပိုင်းမှာ ထိုသစ်သားစိတ်ဝိညာဉ်သွေးကြောနဲ့ ကျင့်ကြံသူဟာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ပြီးမြောက်သည့်အထိသာ ကျင့်ကြံနိုင်လိုက်ပြီး ထပ်ပြီးမတိုးတက်လာတော့သည်။ ထိုသူဟာသူ့ကိုယ်သူလည်း အရမ်းကိုစိတ်ပျက်သွားတော့သည်။


မတည်မငြိမ်ဖြစ်နေသည့် စိတ်ဝိညာဉ်လေဗွေတွေဟာ ဘာမှတောင်သိပ်မရှိတော့တာကို သန်မာလှသည့်ကျင့်ကြံသူ မြင်လိုက်တာကြောင့် သူသက်ပြင်းချလိုက်သည်။ လက်ရှိမှာတော့ ဒီဂိုဏ်းတူညီလေးက စိတ်ဝိညာဉ်သွေးကြောနဲ့အတူ သူ့ကိုယ်သူပြန်ရုန်းထကာ ဆရာဦးလေးအတိုင်း မဖြစ်သွားဖို့ သူမျှော်လင့်ယုံသာရှိတော့သည်။


ဘုန်း!


အားလုံးဟာ ရွှီဇီယန်က အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ကျရှုံးပြီလို့ သူ့အတွက်သက်ပြင်းချနေကြစဉ် ကြီးမားသည့် စိတ်ဝိညာဉ်စွမ်းအင် လေဗွေကြီးဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး စွမ်းအားကြီးလှသည့် မိုးကြိုးလျှပ်စစ်တွေ ထွက်ပေါ်လာတော့သည်။


“သတိထား!” သန်မာလှသည့်ကျင့်ကြံသူက သူ့လက်ကောက်ဝတ်က ခဟကီးဒိုင်းကာကို ဖွင့်လိုက်ပြီး သူတို့သုံးယောက်အား ကာကွယ်နိုင်အောင်ခံထားပေးသည်။

“ယွိလင် သူ့ကိုသွားကယ်လိုက်”


ငယ်ရွယ်သည့် ယောင်္ကျားလေးဟာ ချက်ချင်း ‌ရွှေရောင်စွမ်းအင်ကို ဝှေ့ယမ်းလိုက်ကာ ထိုဒိုင်းကာပေါ်၌ ရွှေရောင်ဖျော့ဖျော့လေးတွေပေါ်လာသည်။ 


ထိုမိန်းကလေးကလည်း အချိန်ကိုက် ကူညီပေးသည်။ သူမဟာ ညာလက်ကိုချက်ချင်းထုတ်ကာ လက်ကောက်ဝတ်က ကြိုးကို ရွှီဇီရုန်အား ‌သွားရောက်ရစ်ပတ်စေသည်။


ကြိုးဟာ ရွှီဇီရုန်၏ခါးကို လာရစ်ပတ်သည့်အချိန်တွင် ရွှီဇီရုန်ဟာချက်ချင်း ကြိုးကိုဖြတ်ရန် သွေးဖြင့်ဓားပုံစံဖန်တီးလိုက်သည်။ 


ကံကောင်းစွာ သူတုံ့ပြန်ရန် လုပ်နေစဉ်၌ တစ်ဖက်လူက သူ့အားတိုက်ခိုက်ဖို့မဟုတ်ပဲ သူ့အားကယ်ဆယ်ဖို့ပင်ဖြစ်နေသည်။


သူကထိုအရာကို မသုံးပြုလိုက်ပဲ တိုက်ခိုက်ချင်သည့်စိတ်ကို ချုပ်တည်းထားကာ ထိုမိန်းကလေးက သူ့အားကြိုးဖြင့် ဆွဲခေါ်သွားတာကို ခွင့်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် ကြီးမာသည့်ဒိုင်းကာ အနောက်သို့ ‌ဆွဲခေါ်သွားတော့သည်။


တစ်ချိန်တည်း၌ သန်မာလှသည့်ယောင်္ကျားလေးနဲ့ ငယ်ရွယ်သည့်ယောင်္ကျားလေးဟာ သူ့ဘေးနှစ်ဖက်ကနေပိတ်ထားပြီး သူနဲ့ထိုမိန်းကလေးကို လုံခြုံအောင်ကာကွယ်ပေးထားသည်။


အရှေ့မှာကြီးမားသည့် ဒိုင်းကာကလည်းရှိနေပြီး ဘေးနှစ်ဖက်၌ ရှစ်ရှုန်းနှစ်ယောက်ကလည်း ရှိထားသည်။ ထိုအချိန်၌ ရွှီဇီရုန်ဟာ လုံခြုံနေတယ်ဆိုပေမယ့် သူစိမ်းဖြစ်သူက ကာကွယ်ပေးတာကြောင့် စိမ်းသက်သက်ခံစားနေရသည်။


“အဲ့ဒီမှာ!” သန်မာလှသည့်ယောင်္ကျားလေးက အော်ပြောလိုက်သည်။


ခရမ်းရောင်မိုးကြိုးသွားတွေဟာ စိတ်ဝိညာဉ်လေဗွေ အလယ်ကနေ ပေါ်ထွက်လာတာကို သူမြင်လိုက်ရပြီး အားလုံးဟာ ခုန်ထွက်လာကာ အခန်းတိုင်း နေရာတိုင်းကို ထိမှန်ကုန်ပြီး ကျယ်လောင်သောအသံတွေ ထွက်ပေါ်လာတော့သည်။


ရွှီဇီရုန်၏မြင်ကွင်းဟာ ကွယ်နေသည်။ သူ့ကိုကို၏အခြေအနေကို ကြည့်ဖို့ သူကြိုးစားချင်ပေမယ့် သန်မာလှသည့်ယောင်္ကျားလေးက သူ့အားချုပ်ထိန်းထားသည်။ ဘယ်သူကမှသူ့ကိုဖျောင်းဖျမနေပေမယ့် ထိုသူ၏လက်ဟာ သူ၏ခေါင်းကို ကိုင်ထားရုံနဲ့ သူဘယ်မှလှုပ်ရှားလို့မရတော့ပေ။


ရွှီဇီရုန်အရမ်းကိုစိတ်ညစ်နေသည်။ သူ့ရဲ့စွမ်းအားကိုမပြောနဲ့ဦး အခြားသူတွေထက် သူအားနည်းနေတာကိုက အရမ်းကိုဆိုးဝါးလွန်းလှသည်!


“ဟူး! အတော်လေးကို အန္တရာယ်များတာပဲ!”


သူတို့သုံးယောက်ဟာ သတိရှိစွာ မိုးကြိုးလျှပ်စစ်တွေကို ရှောင်ရှားနိုင်လိုက်ပြီး အခိုးအငွေ့တွေဟာလည်း ပျောက်ကွယ်သွားပြီးနောက် စိတ်ဝိညာဉ်လေဗွေထဲမှာ ဘယ်သူရှိလဲဆိုတာ ပေါ်လာတော့သည်။


ရွှီဇီယန်၏ဆံပင်တွေဟာ ရှုပ်ပွနေပြီး သူ့မျက်နှာကလည်း မဲတူးနေကာ သူ့အင်္ကျီအားလုံးဟာလည်း မိုးကြိုးလျှပ်စစ်စွမ်းအားကြောင့် ပျက်စီးလုနီးနီဖြစ်သွားသည်။ ကံကောင်းစွာ သူအပြင်ဝတ်ရုံတစ်ခုကို ရှာတွေ့လိုက်တာကြောင့် စိတ်ဝိညာဉ်လေဗွေတွေ မရှင်းလင်းခင် အချိန်မီဝတ်လိုက်ကာ မဟုတ်ရင် သူကတော့တကယ့်ကို အရှက်ကွဲပေတော့မည်။


“ဇီရုန်!” ရွှီဇီယန်၏အသံကို ကြားတာနဲ့ ရွှီဇီရုန် ဆက်ပြီး မသည်းခံနိုင်တော့ပေ။ သန်မာလှသည့်ယောင်္ကျားလေး၏လက်ကို သူတွန်းထုတ်လိုက်ကာ ဒိုင်းကာအနောက်ကနေ ပြေးထွက်သွားတော့သည်။


သွေးအနှစ်သာရဟာ တည်ရှိနေသေးတာကြောင့် ရွှီဇီယန်၏လုံခြုံမှုကို သူစိတ်ပူတာတော့မဟုတ်ပေမယ့် သူအလွန်ကိုအားနည်းနေသည့်အချိန်၌ ရွှီဇီယန်ကအန္တရာယ်နဲ့တွေ့ကြုံရတာကို သူကြည့်နေရုံသာတတ်နိုင်သောကြောင့်ဖြစ်သည်။ 


လက်ရှိမှာသူစိုးရိမ်ပူပန်နေတာက သူ့ကိုကို,ကို အချိန်ကြာကြာမမြင်လိုက်ရသည့်အတွက် ထိုခံစားချက်ကနောက်တစ်ခါ သူ့ရင်ထဲ၌ဖြစ်ပေါ်လာလို့ပင်ဖြစ်သည်။ သူ့ကိုကို၏အသံကို ကြားလိုက်ရသည့်အချိန်၌ သူချက်ချင်းနွေးထွေးသွားရသည်။


ဘာအန္တရာယ်မှမရှိတော့တာကို မြင်လိုက်တာကြောင့် သန်မာလှသည့်ယောင်္ကျားလေးကလည်း ရွှီဇီရုန်ကိုမတားလိုက်တော့ပဲ ပြေးသွားခိုင်းလိုက်သည်။


ဒီကလေးက ခံစားချက်မရှိဘူးဆိုပေမယ့် သူ့အကို,ကို အလွန်အားကိုးလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။


“အဟွတ် အဟွတ်……အဆင်ပြေပါတယ် အဆင်ပြေပါတယ် မင်းကိုစိတ်ပူအောင် လုပ်သွားမိလို့ ငါတောင်းပန်ပါတယ်” ရွှီဇီယန်က အားနာစွာကြည့်လိုက်ပေမယ့် သူ့ညီကလေးလေးရဲ့ နွေးထွေးစွာ ဖက်လာတာကိုတော့ မတားဆီးလိုက်ပေ။


သူ့ညီလေးက သူ့အနားကို ကပ်ရတာသဘောကျမှန်း သူသိနေပြီး သူ့ညီက အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ၃ရက်သာကြာခဲ့ပြီး သူကတော့ ၇ရက်ကြာသွားတာတောင် ကျရှုံးမလိုဖြစ်သွားတာကြောင့် သူ့ညီကသေလောက်အောင် စိတ်ပူနေမှာပေါ့။


ရွှီဇီရုန်ဟာ သူ့ခေါင်းကို သူ့ကိုကိုလက်မောင်းကြားထဲ တိုးဝင်နေပြီး အားကောင်းလှသည့် နှလုံးခုန်သံကို နားထောင်နေသည်။


ဒုတ်! ဒုတ်!


အရေပြားတွေကနေ သူ့ကိုကို၏သွေးတွေ စီးဆင်းနေတာကို ကြားနေရပြီး ထိုအသံတွေကို သူအရမ်းသဘောကျသည်။


သူကအသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့နှာခေါင်းထဲသို့ မရင်းနှီးသည့်အနံ့မျိုး ပြည့်နက်စွာ ဝင်ရောက်လာသည်!


ချီးပဲ! အဲ့ဒီနူးညံ့သည့်အနံ့လေးက ဘာဖြစ်သွားတာလဲ? ကိုကို, ကိုကို အခြေခံကျင့်ကြံခြင်းတည်ဆောက်ခြင်းမှု လုပ်နေရင်း အတွင်းပိုင်းတွေကို မီးကင်လိုက်တာလား?


ရွှီဇီယန်အား သူမကျေမချမ်းဖြစ်ကာ ကြည့်လိုက်သည်။ သူ့ကိုကိုဆီကနေ အခြားအနံ့ကိုရနေတာ သူမကြိုက်ဘူး


ဟင်း……အဲ့ဒါကသူ့ကိုယ်ပိုင်ရနံ့ဖြစ်နေရင်တော့ တစ်မျိုးပေါ့။ ဒါ့အပြင် ရွှီဇီယန်၏အနံ့ဟာ သူ့အပိုင်ပဲ! ထိုအရာကို ညစ်ညမ်းစေဖို့ ကြိုးစားသည့်လူတိုင်းဟာ သူ့ရန်သူပဲ!


“အဲ……ဆရာသခင်က ငါ့ကိုတော့ အပြစ်မပေးလောက်ဘူးမလား?” ရွှီဇီယန်ဟာ သူ့ညီ၏ဝမ်းနည်းနေသည့် မျက်လုံးကိုမသိလိုက်ပဲ သူကစိတ်မသန့်စွာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။


အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို သူအောင်မြင်သည့်အချိန်က ပေါ်ထွက်လာသည့် မိုးကြိုးလျှပ်စစ်တွေဟာ သူ့ခန္ဓာကိုယ်ထဲက အစိမ်းရောင်မိုးကြိုးသွားတွေပင်ဖြစ်သည်။ ထိုစွမ်းအားဟာ ခရမ်းရောင်မိုးကြိုးသွား၏ သဘာဝစွမ်းအင်အဆင့်နှစ်သာရှိသေးသည်။


လက်ရှိမှာတော့ နံရံတွေမှာရော အခန်းကြမ်းပြင်မှာရော များပြားလှသည့် မီးလောင်ရာတွေ ရှိနေပြီး အနံ့ထွက်နေတော့သည်။


ကံကောင်းစွာဖြင့် ချီလင်မျှော်စင်ကို ရွှီဇီယန် ထုတ်လွှတ်လိုက်သည့် မိုးကြိုးလျှပ်စစ်နဲ့လည်း မဖျက်စီးနိုင်သလို——အကယ်၍ သူအစိမ်းရောင်မိုးကြိုးသွားကို ထုတ်လွှတ်ရင်တောင် မပျက်စီးပေ။


#TK