Chapter 89
Viewers 23k

Chapter 89


ခဏလောက်အကြာမှာတော့ နေရာတစ်ခုလုံးဟာ ရုတ်တရက်မဲမှောင်သွားတာကြောင့် ရွှီဇီယန် အံ့ဩစွာ ခေါင်းမော့လိုက်သည်။ ကောင်းကင်ပေါ်က အဖြူရောင်အလင်းတန်းတွေ ဖြာထွက်နေပြီး စင်မြင့်တစ်ခုလုံးဆီကျရောက်နေမှန်း သူမြင်လိုက်သည်။


"အဲ့ဒါဘာကြီးလဲ?" ရွှီဇီယန်အလိုက်သင့်ပြုမူလိုက်ပြီး စင်မြင့်ရှိရာသို့ကြည့်လိုက်သည်။ ဒီလန်ယွဲ့ယွမ်နေရာကို သူတို့တွေ ဘယ်လိုများပြင်ဆင်ခဲ့လည်းဆိုတာ သူသေချာမသိပေမယ့် သူတို့တွေထောင့်နားမှာ နေထားတာတောင် စင်မြင့်ကိုရှင်းလင်းစွာ မြင်နေရသည်။


အစေခံလေးကို အစတုန်းကတော့ တစုံတခုမေးမလို့ပဲ ဒါပေမယ့် သူကရုတ်တရက်ထွက်သွားသည်။ ဒါပေမယ့် ရွှီဇီယန်ကလည်း စိတ်မရှိတာကြောင့် သူနောက်ကျမှာနည်းလမ်းရှာပြီး အဲ့ဒီဆန်းကျယ်သည့်အရာကို သူဖော်ထုတ်တော့မည်။ 


ရွှီဇီယန်ကတော့ စင်မြင့်ကိုသာ ကြည့်နေပေမယ့် ရွှီဇီရုန်၏မျက်လုံးတွေကတော့ သူ့ကိုကိုနဲ့စင်မြင့်ဆီ၌ အာရုံစိုက်ထားသည်။


သွယ်လျပြီးကြော့ရှင်းသည့် အမျိုးသမီးတစ်ယောက်ဟာ စင်မြင့်ထက်မှာပေါ်လာပြီး သူ၏အနည်းငယ် ပျင်းရိနေသည့် အမူအရာဟာ တဖြည်းဖြည်း ဝင်းလက်လာတော့သည်။


ကံအားလျော်စွာ သူ့ကိုကိုက အဲ့ဒီမိန်းကလေးတွေပေါ်လာတာတောင် ရွံရှာတဲ့အကြည့်တွေမပြလာပဲ အသိအမှတ်ပြုသည့် အကြည့်ဖြင့်သာ ကြည့်လို့နေသည်။


အလွန်လှပသည့်ရွှီဇီရုန်အနေနဲ့ အဲ့ဒီအကြည့်တွေက ဘယ်လိုခံစားနေရမှန်း သူသိကာ သူ့မှာသာကြီးမားသည့် စွမ်းအားရှိနေပါက အဲ့ဒီကလူတွေအားလုံးကို သူရှင်းပစ်ချင်သည်။ အဲ့ဒီလူတွေကလည်း ရွှီဇီရုန်က တကယ့်အဆိပ်မှန်း အကြည့်တွေကနေ သတိပေးနေတာကြောင့် သူတို့တွေသာ သူ့အနားကိုကပ်လာရင် ဘာဖြစ်မလဲဆိုတာ သိထားသည်။(အဓိပ္ပါယ်ကတော့ မင်းတို့ရဲ့အသက်ဆုံးရှုံးမယ်လို့ ဆိုလိုတာပါ)


အစတုန်းကတော့ သူ့ကိုကိုက ဆောင်ကြာမြိုင်ဆီလာတာ အဲ့ဒီမိန်းကလေးတွေနဲ့ တစ်ခုခုလုပ်ချင်နေတာလို့ သူစိုးရိမ်ခဲ့ပေမယ့် သူ့ကိုကိုက ဒီအတိုင်း ‌ကြည့်ရှုရုံသက်သက်ပဲဆိုတာကို သူယုံကြည်သွားသည်။


ရွှီဇီရုန်အနည်းငယ် စိတ်အေးသွားပေမယ့်လည်း အနည်းငယ်တော့ စိတ်မသက်မသာဖြစ်နေသေးသည်။ အဲ့ဒါသာမန်သဘောကျရုံပဲဆိုရင်တောင်မှ သူ့ကိုကိုရဲ့အာရုံကို ဆွဲဆောင်စေသည့် အရာအားလုံးကို သူမုန်းသည်။


သူ့ကိုကို,ကို ဆွဲဆောင်စေသည့် အရာအားလုံးကို သူသတ်ပစ်ချင်သည်!


ရွှီဇီရုန်၏မျက်လုံးတွေဟာ မဲနက်လာပြီး ထိုမျက်လုံးတွေထဲ၌ ရှုပ်ထွေးသည့်အတွေးတွေကို ဖုံးကွယ်ထားသည်။ သူ့အကိုတော်ဘယ်လိုများ တုံ့ပြန်လာမလဲဆိုတာ သူပုံဖော်မကြည့်နိုင်တာကြောင့် အဲ့ဒီအတွေးတွေကို သူ့ကိုကိုအရှေ့၌ သူထုတ်မပြရဲပေ။


သူ့ကိုကို၏နောက်ဆုံး သည်းခံနိုင်သည့် အကန့်အသတ်ကို သူသိထားတာကြောင့် သူနဲ့သူ့ကိုကိုကြားက ဆက်ဆံရေးကို ဖျက်ဆီးစေမည့်အမှားကို သူမလုပ်ချင်တာကြောင့် သူထိုအကန့်အသတ်ကို မဖြတ်ကျော်ရဲပေ။


သူ့ကိုကို,ကို သူပိုင်ဆိုင်ချင်ပေမယ့် သူ့ကိုကို၏ရန်သူအဖြစ်တော့ သူမဖြစ်ချင်ပေ။ သူ့ကိုကို,ကို အကျဉ်းချတာက အဆိုးဆုံးနဲ့ နောက်ဆုံးသော နည်းလမ်းဖြစ်လိမ့်မည်။ အခွင့်အရေးသာရှိမယ်ဆိုရင် ထိုအခွင့်အရေးက ဘယ်လောက်ပဲ သေးငယ်နေပါစေ သူလုံးဝလက်လွတ်မှာမဟုတ်ဘူး!


စင်မြင့်ပေါ်ကအလှလေးတွေဟာ သူတို့၏ထိပ်တန်း စွမ်းရည်တွေကို တစ်ခုပြီးတစ်ခုပြသနေကြပြီး ထိုစင်မြင့်အောက် အနီးနားစားပွဲခုံတွေက ဧည့်သည်တွေဟာ သူတို့ပေးနိုင်သည့် အမြင့်ဆုံးငွေကြေးကို အော်ပြောနေကြသည်။


အဲ့ဒီလှုပ်ရှားမှုတွေက လေလံပွဲပုံစံလိုမျိုးဆိုတာကို ရွှီဇီယန်သဘောပေါက်သွားပေမယ့် သူပါဝင်ဖို့တော့ စိတ်မဝင်စားပေ။ သူ၏မူလအစီအစဉ်ကကို လေ့လာဖို့သက်သက်သာဖြစ်သည်။


စင်မြင့်ပေါ်က အမျိုးသမီးတွေဟာ သူတို့ရဲ့အကောင်းဆုံး အရည်အချင်းတွေဖြစ်သည့် တေးဂီတသံစဉ်တွေ တီးခတ်ခြင်း၊ ကပြခြင်း၊ သူတို့၏သာယာလှသည့်အသံဖြင့် သီချင်းဆိုပြခြင်းတွေကို ပြသကြသည်။ ထိုစင်မြင့်ပေါ်ကလူအားလုံးဟာ သာမန်မဟုတ်ပဲ အရည်အချင်းပြည့်မှီကြသည်။


ရွှီဇီယန် ထိုလေလံပွဲကို ပျော်ရွှင်စွာကြည့်ရှုနေစဉ် သူ၏မျက်လုံးအနီးနားကနေ ထူးဆန်းသည့်အသံမျိုး ထွက်ပေါ်လာသည်။


သူကသံသယဖြစ်စွာ လှည့်ကြည့်လိုက်သည်။


……ရွှီဇီရုန်၏ပခုံးပေါ်၌ အပန်းရောင်ယုန်လေးဟာ လဲလျောင်းနေရင်း မုန်လာဥစားနေသည်။ ရွှီဇီယန်၏အကြည့်တွေကို မြင်လိုက်သည့်အခါ ထိုယုန်ဟာ သူ၏ခေါင်းကိုလှည့်ကာ ရွှီဇီယန်အားကြည့်လိုက်ပြီးနောက် အနောက်ဘက်ကို ပြန်ပြီးတွန့်ကွေးသွားသည်။ ထိုအကောင်ဟာ စက္ကန့်ပိုင်းအတွင်း မုန်လာဥကို စားလို့ပြီးသွားသည်နှင့် နောက်ထပ်တစ်ခုကို ထပ်စားနေပြန်သည်။


……


……


……


ဘယ်လိုဖြစ်တာလဲ? ဘယ်အချိန်တုန်းက ဒီယုန်ပေါ်လာတာလဲ?


ရွှီဇီယန်ထိတ်လန့်သွားသည်။ သူ၏တံခါးပိတ်ကျင့်ကြံခြင်း ပြီးသွားကတည်းက ဒီယုန်ကို သူမမြင်ရသေးမှန်း သူရုတ်တရက် သတိရလိုက်သည်။ ရွှီဇီရုန်၏ကိုယ်ပိုင် စိတ်ဝိညာဉ်တောကောင်ကို သူမေ့လုနီးနီးဖြစ်သွားသည်။


ဒါပေမယ့် ဒီယုန်က ဘယ်နေရာကနေ ရောက်လာတာလဲ? ဒီနေရာနဲ့ လျှိုကွမ်းဂိုဏ်းနဲ့က မိုင်ပေါင်းထောင်ချီဝေးသည်။ ချွမ်းယွင်စော၏အရှိန်ကို အမှီလိုက်နိုင်သည့် တောကောင်တွေက သိပ်များများစားစားမရှိတာကြောင့်…ဘယ်လိုလုပ်များ ဒီယုန်က ဒီနေရာမှာ ပေါ်လာရတာလဲ?


"ကိုကိုတံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဖန်မောင်(ပန်းရောင်အမွေးထူ/ပန်းရောင်အကောင်လေး)က ခဏခဏပျောက်ပျောက်သွားတယ် ပြီးရင် ရုတ်တရက်ပြန်ပြန်ပေါ်လာလေ့ရှိတယ် ထိုအကောင်က ကျွန်တော့်ကို ဘယ်လိုပြန်ရှာတွေ့လည်းဆိုတာတော့ ကျွန်တော်လည်းမသိပေမယ့် သူ့ကိုဘယ်တော့မှ ရှာမတွေ့တော့ဘူးဆိုတာမျိုးမရှိဘူး" ရွှီဇီယန်ထိတ်လန့်နေတာကို မြင်လိုက်တာကြောင့် ရွှီဇီရုန်က အသေးစိတ်ရှင်းပြလေသည်။


ရွှီဇီရုန်က ထိုအကောင်ကို'ဖန်မောင်'လို့ခေါ်လိုက်ချိန် သူ၏ခန္ဓာကိုယ်‌မာတောင့်သွားတယ်ဆိုတာ ရွှီဇီယန်ကျိန်ပြောရဲသည်။ အဲ့လိုနာမည်မျိုးကို သူလုံးဝရှာမတွေ့ခဲ့ဘူး…


ခဏနေအုန်း! အခုချိန်က ယုန်နာမည်နဲ့ပတ်သက်ပြီး ဆွေးနွေးရမှာမဟုတ်ဘူးလေ ဒီ‌အကောင် ဘယ်လိုစိတ်ဝိညာဉ်တောကောင်လဲ? ဒီအကောင်က သူသွားချင်တဲ့နေရာတိုင်း ဘယ်လိုလုပ် သွားလို့ရနေတာလဲ?


"မင်းရဲ့စိတ်ဝိညာဉ်တောကောင်က သူသွားချင်တဲ့နေရာ သွားလို့ရတာလား?" ရွှီဇီယန်မျက်မှောင်ကြုတ်နေသည်။ ဒီစိတ်ဝိညာဉ်တောကောင်နဲ့ ရွှီဇီရုန်နဲ့ဟာ တူညီတဲ့ဆက်နွှယ်သည့်အမှတ်အသားတွေရှိမှန်း သူမသိခဲ့ပေ။ ထိုစိတ်ဝိညာဉ်တောကောင်က ရွှီဇီရုန်နဲ့ဆက်နွှယ်ဖို့ တောင်းပန်ခဲ့တာလို့ သူအမြဲတမ်းတွေးခဲ့မိသည်။ 


ရွှီဇီရုန်၏မျက်လုံးထောင့်တွေ ကျဉ်းမြောင်းသွားသည်။ ဒီယုန်ရဲ့တကယ့်အစစ်အမှန်က ဘာဖြစ်မလဲ? သူအခုထိအကြောင်းကို ဖော်ထုတ်လို့မရသေးပေ။ ဒါပေမယ့် ဒီယုန်က သူပေါ်ချင်တဲ့နေရာ၌ ပေါ်လာတာကြောင့် အားနည်းသည့်အကောင်မျိုးတော့ မဟုတ်ပေ။ လက်ရှိမှာတော့ ရွှီဇီရုန် ထိုအကောင်ကို သတ်လို့မဖြစ်သေးဘူးလို့ သူတွေးထားသည်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဒီယုန်လေးက အံ့ဩစရာကောင်းအောင် ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်နေပေမယ့် ထိုအကောင်လေးက သူ့ကိုဘာအနှောင့်အယှက်မှ မပေးပေ။ သူကလည်းထိုအကောင်ကို လျစ်လျူရှုထားလိုက်သည်။ သူ၏ပခုံးပေါ်၌တင်ထားရတာ ဝန်ထုတ်ဝန်ပိုးတော့ဖြစ်ပေမယ့် ထိုအကောင်က သူ့အစာတွေကို သူ့ဟာသူသယ်တာကြောင့် ထိုအကောင်လေးကို သူဂရုစိုက်စရာမလိုပေ။


"ဖန်မောင်က အတော်လေး စိတ်ကောက်တတ်တယ် သူကထွက်သွားပြီးရင် ရုတ်တရက်ကြီး ပြန်ပေါ်လာလေ့ရှိတယ်"


အဲ့ဒီစကားမှာ တစ်ချို့သောဒေါသထွက်မှုတွေကို ရွှီဇီယန်ခံစားမိလိုက်ကာ…သူဆက်မေးလိုက်ရင် ဇီရုန်စိတ်တိုသွားလိမ့်မယ်ဆိုတာ သူသိတာကြောင့် ထိုအကြောင်းကို သူကျော်လိုက်တော့သည်…


"အိုး ငါသိပြီ…" ရွှီဇီယန် အကြောင်းအရာကို ပြောင်းလဲရန်ဆုံးဖြတ်လိုက်ကာ

"သူ့ရဲ့နာမည်ကို မင်းမှည့်ပေးလိုက်တာလဲ?"


"ဟုတ်တယ် ကိုကိုရော အဲ့ဒီနာမည်ကို ဘယ်လိုသဘောရတာလဲ?" ထိုမေးခွန်းကိုကြားတော့ ရွှီဇီရုန်ပြုံးလိုက်သည်။


ရွှီဇီယန် ထိုယုန်အားကြည့်လိုက်ကာ သူအမြင်ပဲမှားလို့လားတော့မသိပေမယ့် အဲ့ဒီယုန်၏မုန်လာဥစားနိုင်တဲ့နှုန်းဟာ ပိုပြီးကြီးမားလာသလို သူခံစားမိသည်။ 


"နာမည်လေးကလှပါတယ် ပြီးတော့ ငါမှတ်မိသေးတယ် မင်းငယ်ငယ်တုန်းကလည်း အပန်းရောင်ကြိုက်သေးတယ်လေ" ရွှီဇီယန် သူ့နှာခေါင်းကိုထိကာ ပြောလိုက်သည်။


ရွှီဇီရုန်၏မျက်နှာဟာ ရုတ်တရက်အေးခဲသွားပြီး သူ့ပခုံးပေါ်ကယုန်ဟာ စတင်ပြီး တခစ်ခစ်ရယ်လေတော့သည်။


ရွှီဇီယန် ထိုယုန်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ မင်းငါ့ကိုလာနောက်နေတာလား? ယုန်ကရယ်နိုင်လို့လား?


အစာစားနေရာကနေ ဘယ်လိုတုံ့ပြန်လာရတာလဲ—ဒီယုန်က သူအစာစားနေတာကို ဘယ်တော့မှ နှောင့်ယှက်ခွင့်ပြုတာမဟုတ်ဘူး!


"ကျွတ် ကျွတ် ကံကောင်းလို့ သိပ်မနောက်‌ကျသေးဘူးပဲ မဟုတ်ရင်တော့ အချောဆုံးမိန်းကလေး‌ကတော့…" လိုက်ကာဘေးကနေ ရုတ်တရက် ယောင်္ကျားလေးအသံထွက်လာသည်။


ရွှီဇီယန်လှည့်ကြည့်လိုက်ပြီး သူမျက်မှောင်ကြုတ်လိုက်သည်။


ဆယ်ကျော်သက်နဲ့ လူငယ်လေးဟာ လိုက်ကာဘေး၌ မတ်တပ်ရပ်နေသည်။ ထိုဆယ်ကျော်သက်ကိုကြည့်ရတာ အတော်လေး ရင်းနှီးနေသည်။ သူက အသီးပန်းကန်တွေလိုက်နေတဲ့ အစေခံလေးပြီး ထိုလူငယ်ကအံ့ဩစွာ ရွှီဇီရုန်ကိုစိုက်ကြည့်နေသည်။ 


"အာ တောင်းပန်ပါတယ် တောင်းပန်ပါတယ် သခင်လေးယွီ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်အမှားလုပ်မိသွားတယ် ဒီနေရာမှာ ဧည့်သည်တွေရှိနေပြီးသားကြီးပါ" ဆယ်ကျော်သက်လေးဟာ အလွန်ကြောက်သွားပြီး လူငယ်လေးကို ထပ်ခါတလဲလဲ တောင်းပန်လေသည်။


ထိုလူငယ်လေးဟာ ရုတ်တရက် သဘောပေါက်သွားသည်။ သူကရွှီဇီရုန်ကိုကြည့်ပြီးနောက် ရွှီဇီယန်အားကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူတစ်စုံတစ်ခုကို နားလည်သွားကာ သူ့မျက်နှာ မဲမှောင်သွားတော့သည်။ သူကရွှီဇီရုန်ကို လက်ညှိုးထိုးကာ ဆယ်ကျော်ကိုပြောလိုက်သည်။

"ဘယ်လိုဖြစ်လို့ ငါသူ့ကိုတစ်ခါမှမမြင်ဖူးရတာလဲ? လျှိုယွင်အဆောက်အအုံမှာ ဒီလိုအလှလေးရောက်နေတာကို မင်းကဘာလို့များ ငါ့ကိုအသိမပေးရတာလဲ?"


ဆယ်ကျော်သက်၏မျက်လုံး‌ထဲမှာ ပျော်ရွှင်မှုတွေရှိနေပေမယ့် သူကကြောက်လန့်နေသည့်ပုံစံဖြင့် ဖုံးကွယ်လိုက်ကာ သူ၏လက်လျင်မြန်စွာ ဝှေ့ယမ်းလိုက်ကာ

"မဟုတ်ပါဘူး…သခင်လေးယွီ ဒီလူက လျှိုယွင်ဆောက်အအုံက မဟုတ်ပါဘူး သူတို့နှစ်ယောက်စလုံးက လန်ယွဲ့ယွမ်ကို လာလည်ကြတဲ့ ဧည့်သည်တွေပါ"


"ဧည့်သည်တွေ?" သခင်လေးယွီဟာ ရွှီဇီရုန်က သံသယဖြစ်စွာ ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက တပ်မက်မှုတွေနဲ့ ပြည့်လို့နေသည်။ ဆယ်ကျော်သက်လေးက ရွှီညီအကိုနှစ်ယောက်အတွက် ကြိုးစားပြီးရှင်းပြနေပေမယ့် လျှိုယွင်အဆောက်အအုံဆီလာတာ သူတို့၏ပထမဆုံးအကြီးမှန်း သူသိလိုက်ရသည်။


ဝူတျီမြို့မှာနေထိုင်ကြတဲ့လူတိုင်း တျိန်ရှင်းလုံနဲ့လန်ယွဲ့ယွမ်၏ကွဲပြားချက်ကို သိထားကြသည်။ အစေခံမက သူတို့တွေကို ဒီနေရာဆီပို့လိုက်တယ်ဆိုတော့ ဝူတျီမြို့ကိုရောက်လာတာ သူတို့ရဲ့ပထမဆုံးအကြိမ်‌ဆိုတာ သိသာလှသည်။


ဒီသခင်လေးယွီက ချက်ချင်းကောက်ချက်ပြီးနောက် ရွှီညီအကိုနှစ်ယောက်အား အနိုင်ကျင့်ရန် သူဆုံးဖြတ်လိုက်သည်။ 


"မင်းရဲ့မျက်လုံးတွေကို ပြန်ရုတ်လိုက်စမ်း!" ခဏလောက်ကြာပြီးနောက် ရွှီဇီယန်အတော်လေး ဒေါသထွက်လာသည်။ သို့ပေမယ့် ဒီဆယ်ကျော်သက်က အတော်လေးငယ်သေးတာကြောင့် သူကသရုပ်ဆောင်သိပ်မကောင်းသေးပေ။ ထိုဆယ်ကျော်ကသက်က တမင်တကာ သခင်လေးယွီကို သူတို့ရှိရာဆီခေါ်ဆောင်ခဲ့မှန်း ရွှီဇီယန်လွယ်ကူစွာ သိသွားသည်။


ထိုဆယ်ကျော်သက်က ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာ သူမသိပေမယ့် အဲ့ဒီသခင်လေးယွီ၏တပ်မက်ပြီး ညစ်ညမ်းတဲ့အကြည့်တွေက သူ့ကိုအပြင်းအထန် ဒေါသထွက်သွားစေသည်။


"မင်းဘာပြောလိုက်တယ်?!" သခင်လေးယွီကိုယ်တိုင်က‌ကို အစကတည်းက စကားများချင်တာကြောင့် ရွှီဇီယန်က လမ်းဖွင့်ပေးသလိုဖြစ်သွားသည်။


ယွီနျန့်ပိုင်ဟာ ကျင့်ကြံဖို့ စိတ်ဝိညာဉ်သွေးမရှိပေမယ့် သူကမိသားစုထဲမှာ အကြီးဆုံးသားဖြစ်သည်! ဝူတျီမြို့၌ သူဂရုစိုက်ရသည့်လူတွေဆိုလို့ ဖန့်မိသားစုနဲ့ကျန်မိသားစုတွေသာဖြစ်ပြီး ကျင့်ကြံသူတွေတောင်မှ သူ့အပေါ်အမှားမလုပ်ရဲကြပေ။ သူကျင့်ကြံသူမဟုတ်ပေမယ့် သူ့အဖေကတော့ ချီစွမ်းအင်စုဆောင်မှု နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားသူဖြစ်သည်။


အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်၌ အနည်းဆုံးတော့ အမွေဆက်ခံမည့်သူရှိသင့်သည်။ ယွီနျန့်ပိုင်ဟာ ကျင့်ကြံခြင်းအတွက် ဘာစွမ်းရည်မှမရှိပေမယ့် သူ့အဖေကသူ့ကိုအလိုလိုက်တာကြောင့် သူကမောက်မာသည့်လူဖြစ်လို့နေသည်။


ဒါပေမယ့် ယွီနျန့်ပိုင်က ငတုံးတော့မဟုတ်ပေ။ သူကလူတိုင်းကို မောက်မာစွာပြုမူချင်တယ်ဆိုပေမယ့် မှန်ကန်သည့်ပစ်မှတ်ကို ဘယ်လိုရှာရမလဲဆိုတာ သူသိသည်။ လန်ယွဲ့ယွမ်၌ သူကသူ့ကိုယ်သူ ယုံကြည်မှုရှိပြီး ထင်တိုင်းကျဲနေရတာလဲဆိုတော့ ထိုနေရာက သာမန်လူတွေအတွက်သာ အဓိကတည်ဆောက်ထားခြင်းဖြစ်သည်။ 


သူ့အဖေအပါအဝင် ကျင့်ကြံသူတော်တော်များများကို သူမြင်ဖူးပြီးဖြစ်သည်။ ကျင့်ကြံသူတွေက သာမန်လူတွေကို ပုရွက်ဆိတ်တစ်ကောင်လိုသာ သဘောထားတာကြောင့် အဲ့လိုလူတွေက ပုရွက်ဆိတ်တွေ အတူနေမယ်တဲ့လား? သေချာပေါက်မဟုတ်ဘူးပေါ့!


ကျင့်ကြံသူတွေဟာ အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာကို သဘောကျကြပြီး ကျင့်ကြံသူတွေက အနည်းငယ်ကျင့်ကြံခြင်းအဆင့်ပဲ ရှိနေမယ်ဆိုရင်တောင် သူတို့တွေက လျှိုယွင်အဆောက်အအုံက တျိန်ရှင်းလုံကိုသာ ရွေးချယ်လိမ့်မည်!


——ရွှီဇီယန်ဆီမှာတော့ အဲ့ဒီလိုခံစားချက်တွေမရှိပေ!


သူ၏အဆင့်အတန်းကြောင့် ယွီနျန့်ပိုင်ဟာ အသစ်သောအရာတွေနဲ့ တွေ့ကြုံမှုရှိချင်ပြီး အခုလေးတင် သူခက်ခဲသည့်အရာကို ရှာတွေ့သွားသည်…


ယွီနျန့်ပိုင်၏အဖေဟာ သူ့သားဖြစ်သူ မတော်တဆထိခိုက်မိသွားကိုစိုး၍ ချီစွမ်းအင်စုဆောင်းမှုအဆင့်ရောက်ရှိပြီးသားသူဖြစ်သည့် သက်တော်စောင့်နှစ်ယောက်ကို သူ့သားအနားမှာအပြည့်အစုံထား,ထားသည်။ ဒီစွမ်းအားနဲ့သာဆိုရင် ဝူတျီမြို့က သူလိုချင်တာမှန်သမျှ ယူလိုက်ရသည်။ အကယ်၍ သူကအဆင့်မြင့်ကျင့်ကြံသူတွေနဲ့ ကြုံတွေ့လာခဲ့ရင်တောင် ဒီသက်တော်စောင့်နှစ်ယောက်က သူ့ကိုကာကွယ်ပေးလို့ ယွီနျန့်ပိုင်ဘာမှကြောက်စရာမလိုပေ။


ကံမကောင်းစွာ ယွီနျန့်ပိုင်သာ လျှိုယွင်အဆောက်အအုံမှာ အဲ့ဒီလိုပြဿနာနဲ့ရင်ဆိုင်ရရင် ဒီနေရာက ကျင့်ကြံသူတွေနဲ့ သာမန်လူတွေကို ရှင်းလင်းအောင် ခွဲခြားဖို့လိုသည်!


ယွီနျန့်ပိုင်က ရွှီညီအကိုနှစ်ယောက်ဟာ ဝူတျီမြို့ကို ဖြတ်သန်းသွားသည့် သာမန်လူတွေလို့သာ ဆုံးဖြတ်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရွှီဇီယန်ကို အရင်ဆုံးသတ်ရန် သူဆုံးဖြတ်လိုက်ပြီး ရွှီဇီရုန်ကိုတော့ သူ၏ကိုယ်လုပ်တော်ကျွန်အဖြစ် အကျဉ်းချထားမည်။


#TK