Chapter 100
ဒါပေမယ့် လက်ရှိမှာတော့ ရွှီဇီရုန်က ဒီလိုမျိုး ပြဿနာကို ဖန်တီးလိုက်တာကြောင့် သူ့အပေါ်ထားသည့် ရွှီဇီယန်၏အမြင်က ရေခဲမှတ်အောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့အပြင် သူ၏အနှစ်သာရအမြုတေကလည်း အကျိုးသက်ရောက်မှုမရှိသေးတာကြောင့် ရွှီဇီယန်နဲ့ ပြောဆိုဆက်ဆံဖို့ သူ့အတွက်နည်းလမ်းရှိတော့မည်မဟုတ်ပေ။ တစ်နည်းဆိုရရင် ရွှီဇီယန်ကိုဆွဲဆောင်ဖို့ သူ့အတွက် နည်းလမ်းမရှိတော့ပေ။
"ချီးပဲ ရွှီ ဇီ ရုန်!" ပိုင်ဟွအံကြိတ်ကာ သွားကြားထဲကလေသံဖြင့် ခါးသက်သက်ပြောလိုက်ပြီး ရွှီဇီယန်လို နှစ်ကိုယ်တူကျင့်ကြံဖို့ ကောင်းမွန်တဲ့ပစ်မှတ်ရဖို့ဆိုတာ အတော်လေး ခက်ခဲလှသည်။ အခုချိန်အထိ သူကလူသုံးယောက်တည်းပဲ ရှာလို့တွေ့သေးသည်။
ထိုလူသုံးယောက်အတွင်း ရွှီဇီယန်၏ခန္ဓာကိုယ်က အများဆုံးယန်ဓာတ်ရှိပြီး သူကလူပျိုဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသာရွှီဇီယန်နဲ့ တစ်ခါလောက်သာ နှစ်ကိုယ်တူကျင့်ကြံလိုက်ပါက အစောပိုင်းအဆင့် အခြေခံကျင့်ကြံခြင်းကနေ အလယ်အလတ်အဆင့် အခြေခံကျင့်ကြံခြင်းအထိ တက်လှမ်းသွားနိုင်သည်။
ဒါပေမယ့် ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးမျိုးကို ရွှီဇီရုန်ကဖျက်ဆီးသွားတာကြောင့် ပိုင်ဟွ သူ့ကို ဘာလို့မမုန်းရမှာလဲ?
သူဒေါသထွက်နေပေမယ့် ပြဿနာက ဖြစ်ပြီးသွားပြီဖြစ်တာကြောင့် သူဖြေရှင်းဖို့နည်းလမ်းရှာရမည်။
ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ရွှီဇီရုန်ဘာလို့များ သူ့အပေါ်ဒီလိုဆက်ဆံရတာလဲဆိုတာ ပိုင်ဟွတွေးတောလိုက်သည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာတုန်းကလည်း သူနဲ့ရွှီဇီရုန်၏ဆက်ဆံရေးက ရက်အနည်းငယ်ကလွဲရင် ဘာမှမပိုပေ။ ရွှီဇီရုန်က ထိုအချိန်ကတည်းက အေးစက်တယ်ဆိုပေမယ့် သူတိုက်ရိုက်ကြီး ငြင်းဆန်တဲ့အပြုအမူမျိုး မပြတာကြောင့် ဘယ်အရာကများ သူ့ကိုဒီလိုပုံစံဖြစ်အောင် လုပ်လိုက်တာလဲ?
ပိုင်ဟွ သူ၏မျက်လုံးတွေကို မှိတ်လိုက်ကာ ခန်းမအတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို အစကနေပြန်လည်တွေးတောလိုက်သည်။ သူခန်းမအတွင်းသို့ ဝင်လာသည့်အချိန်ကစလို့ အချက်အလက်အားလုံးကို မှတ်မိအောင် ကြိုးစားနေသည်။
အချိန်ကိုတဖြည်းဖြည်းချင်း ပြန်ဆုတ်ပြီး ကြည့်လိုက်ပြီးနောက် ပိုင်ဟွက ဖြည်းညင်းစွာ ပြုံးလာသည်။ ထို့နောက် သူ့မျက်လုံးတွေကို ဖွင့်လိုက်သည့်အချိန်၌ သူ၏အကြည့်တွေက အံ့ဩမှုတွေနဲ့ ပြည့်နက်နေသည်။
"သိသွားပြီ…အဲ့ဒါကအဲ့ဒီလိုကို…" ပိုင်ဟွ တီးတိုးရေရွတ်လိုက်ပြီး မထိန်းချုပ်နိုင်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရွှီဇီရုန် ရွှီဇီရုန် သိသွားပြီ…မင်းကမင်းအကို,ကိုချစ်နေတာလား?" ပိုင်ဟွက သူ၏အောက်နှုတ်ခမ်းကို သူ၏လက်ချောင်းဖြင့် ထိလိုက်ကာ တီးတိုးရေရွတ်နေပြီး "ဟားဟားဟား…ဒါကဘယ်လိုမှကို မထင်ထားတဲ့အရာပဲ မင်ကမင်းအကိုအပေါ်မှာ ဒီလိုမျိုးရွံစရာကောင်းတဲ့အတွေးတွေရှိနေမှန်း ပေါ်သွားရင်"
"မဖြစ်သေးဘူး…ငါ ရွှီဇီယန်ကို ပြောလို့မရသေးဘူး ငါသာသူ့ကို တိုက်ရိုက်ပြောလိုက်ရင် သူသေချာပေါက် ငါ့ကိုယုံမှာမဟုတ်ဘူး" ပိုင်ဟွပြုံးကာ သူ၏နဖူးကိုခေါက်လိုက်ရင်း "ကဲပါ ဒီကိစ္စက လွယ်ကူမယ့်ပုံမပေါ်ပေမယ့်…ငါကစိန်ခေါ်မယ့်ကိစ္စတွေဆိုရင် အရမ်းကြိုက်တာ…"
ထို့နောက်မှာတော့ သူပိုပိုပြီး ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး "ရွှီဇီယန်က ငါ့ကိုချစ်သွားတဲ့အခါကျရင် မင်းမျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာ ငါအရမ်းကိုတွေ့ချင်မိတယ်…မဟုတ်ဘူး မင်းအကိုက ငါနဲ့အတူ ကုတင်ပေါ်မှာရှိနေတာကို မင်းမြင်တာက ပိုကောင်းတယ်"
ပိုင်ဟွဟာ သူ၏လျှာကိုထုတ်ကာ နှုတ်ခမ်းကိုသပ်လိုက်ရင်း သူ၏ချောမောသည့်မျက်နှာဟာ ရုတ်တရက် ပိုပြီးတော့ဆွဲဆောင်မှုရှိလာသည်။ သူ၏ချောမွတ်လှသည့် အသားအရေကို ထိလိုက်ရင်း သူ၏မျက်နှာထက်၌ အောင်ပွဲခံသည့် အပြုံးရှိနေသည်။
"ရွှီဇီယန် ငါမင်းရဲ့ယန်ဓာတ်ကို ရအောင်ယူပြမယ်!"
ရွှီဇီယန်ကတော့ သူ၏ယန်ဓာတ်အား ယူမှာနဲ့ပတ်သက်ပြီး ဘာမှမသိပေမယ့် ဖန့်အိမ်တော်ကနေ ထွက်လာခဲ့တာက သူတကယ်တစ်ခုခုလုပ်စရာရှိလို့ဖြစ်ပြီး ဒေါသတစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။
မနက်ဖြန်ပြီးရင် တစုံတယောက်ဟာ မြို့ဂိတ်၏အခင်းအကျင်းအား ဖျက်ဆီးပစ်မှာကို သိနေတာကြောင့် ရွှီဇီယန် သေချာပေါက် ပြင်ဆင်ထားရမည်။
သူကရွှီဇီရုန်အား ဆိုင်အတော်များများမှာ တချို့သော ပစ္စည်းတွေကို ဝယ်ခိုင်းလိုက်ပြီး သူတို့နှစ်ယောက်ဟာ ဝူတျီမြို့၏အနောက်ဘက်ဂိတ်သို့ မြန်မြန်လာခဲ့ကြသည်။
မိသားစုလေးစု၏အစောင့်တွေဟာ မြို့ဂိတ်၌ အလှည့်ကျ ကင်းစောင့်ရတာဖြစ်ပြီး ဒီလက ကျန်မိသားစု၏အလှည့်ပင်ဖြစ်သည်။ ထိုနေရာ၌ အဆင်ပြေချောမွေ့မှုတွေသာ မရှိနေရင် ကျန်ထျန်းရဲက အခြားမိသားစုတွေ စောင့်ကြည့်မှုအောက်ကနေ ဂိတ်၏အခင်းအကျင်းကို အလွယ်တကူ ဖျက်ဆီးလို့ရမှာမဟုတ်ပေ။
မြို့ဂိတ်၌ ပထမ ချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူနှစ်ယောက်က စောင့်ကြပ်နေကြသည်။ ဒီလိုကျင့်ကြံသူတွေလောက်ကတော့ ရွှီဇီယန်၏စွမ်းအားကို ဖိနှိပ်နိုင်သည်။ သူကဘာမှဖုံးကွယ်စရာမလိုတာကြောင့် ရွှီဇီရုန်အား သူ့အပေါ်သို့ ဖုံးကွယ်နိုင်သည့်အတတ်ပညာကို အသက်သွင်းခိုင်းလိုက်သည်။ သူတို့တွေက အဲ့ဒီကျင့်ကြံသူနှစ်ယောက်၏အရှေ့က မြို့ဂိတ်အား စတင်စစ်ဆေးလေသည်။
စစ်ဆေးရေးတာဝန်ခံကတော့ ရွှီဇီရုန်ဖြစ်သည်။ သူ၏အခင်းအကျင်း ပုံဖော်နိုင်သည့်စွမ်းရည်က ရွှီဇီယန်ထက် အများကြီးမြင့်မားသည်။ သူကအခင်းအကျင်းအား သေချာစစ်ဆေးလိုက်ပြီး အများစုလိုင်းတွေက ကောင်းမွန်ပေမယ့် ဒါဇင်လောက်အဖုတွေက ပြဿနာဖြစ်ထားသည်။
"အဲ့ဒါကလူဖျက်ဆီးထားတာလား?" ရွှီဇီယန်မေးလိုက်သည်။
ရွှီဇီရုန်ခေါင်းရမ်းလိုက်ပြီး အခင်းအကျင်း၏တစ်ချို့သောအမှတ်တွေကို ညွှတ်ပြလိုက်ကာ
"ဒီအမှတ်အသားတွေက အတော်လေးအိုဟောင်းနေလို့ဖြစ်မယ် ပြီးတော့ ဒီအခင်းအကျင်းက နှစ်ပေါင်းများစွာ တည်ရှိနေပြီဖြစ်တာကြောင့် အိုဟောင်းနေတာမဆန်းတော့ဘူး ဒါပေမယ့် ဒီနေရာမှာ တစ်ခုခုမှားနေတယ် လူပြုပြင်ထားတဲ့ အရိပ်အယောင်တွေလည်း ရှိနေတယ်"
"ဟမ်" ရွှီဇီယန်ခေါင်းညိတ်ကာ အခြားသောသံသယဖြစ်ဖွယ် နေရာတွေကို ပုတ်လိုက်ပြီး "ဒါဆို ဒီဟာတွေကရော?"
"အဲ့ဒါတွေက အိုဟောင်းနေတာလား လူလုပ်ထားတာလားဆိုတာ ကျွန်တော်လည်း သေချာမပြောနိုင်ပေမယ့် အကယ်၍ အဲ့ဒါတွေကို လူလုပ်ထားတယ်ဆိုရင် ဒီနေရာတွေကို လူတစ်ယောက်တည်းက ပြုပြင်ထားတာ ဘယ်လိုမှမဖြစ်နိုင်ဘူး အခြားအဖွဲ့ကလူတွေဖြစ်လိမ့်မယ် ဒီနေရာကို ပြုပြင်ထားတဲ့ လူတွေရဲ့အရည်အချင်းက အရင်တစ်ခုကထက် ပိုမြင့်နေတယ် နေရာတချို့ကို သူပြုပြင်ပြီးတော့ ကောင်းမွန်စွာ ဖုံးကွယ်ထားတယ် ဒီအခင်းအကျင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတာကို ကျွန်တော်မသိလိုက်ဘူးဆိုရင် အဲ့ဒီအရာကို ကျွန်တော်ရှာလို့မတွေ့နိုင်မှာပဲ စိုးရိမ်မိတယ်"
"အခြားအဖွဲ့?" ရွှီဇီယန်မှင်တက်သွားပြီး ခေါင်းကိုက်စွာ သူ၏နားထင်ကို ပွတ်လိုက်ရင်း "မင်းဆိုလိုတာက ဒီဂိတ်ကို အဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်ချင်နေတာလား?"
ရွှီဇီရုန်ခေါင်းညိတ်လိုက်သည်။
ရွှီဇီယန် လက်ရှိမှာ အတော်လေး အံ့ဩသင့်သွားသည်။ သူ၏အရင်ဘဝတုန်းက ကောလဟာလစကားတွေ သူကြားခဲ့ရပေမယ့် ဒီအချက်ကိုတော့ မပြောထားပေ။ အဲ့ဒီအဖွဲ့ဟာ ကောင်းမွန်စွာ ဖုံးကွယ်ထားတာကြောင့် သူတို့တွေကို ဘယ်တော့မှ ရှာမတွေ့ခဲ့တာလည်း ဖြစ်နိုင်လိမ့်မည်။
"ဒါဆိုအခုပိုပြီးတော့ ပြဿနာကြီးသွားပြီ" ရွှီဇီယန် အကူအညီမဲ့စွာ ခပ်တိုးတိုးပြောလိုက်သည်။ အစတုန်းက ရန်သူကအလင်းထဲမှာဖြစ်ပြီး သူကအမှောင်ထဲမှာဖြစ်တာကြောင့် မြို့ကိုဝိုင်းအုံလာမည့် တောကောင်အတွက် ရှိသမျှနည်းလမ်းထုတ်သုံးရမယ်လို့ သူရည်ရွယ်ထားပေမယ့် ကျန်မိသားစုထဲက အတွင်းလူတစ်ယောက်ဟာ ဒီပြဿနာထဲပါဝင်နေမှန်း သူသိလိုက်ရပြီးနောက် ပိုပြီးတော့စိုးရိမ်လာတော့သည်။
သူကဇာတ်ကြောင်းကို သိထားတာကြောင့် ဂိတ်ဆီသို့ ပြဿနာတွေရောက်လာမှာကို သူတားဆီးရမည်။ အကယ်၍ ဂိတ်လေးခုစလုံးသာ စောင့်ကြပ်ထားပါက တောကောင်တွေ မြို့ထဲဝင်ပြီး စတင်သတ်ဖြတ်ဖို့ အတော်လေးခက်ခဲလိမ့်မည်။
ဒါပေမယ့် အဲ့ဒီမှာဒုတိယအဖွဲ့ရှိသေးတယ်ဆိုသည့် အချက်က ရွှီဇီယန်အား မလှုပ်မယှက်နိုင်အောင် ဖြစ်သွားစေပြီး သူထိုအရာတွေကို ပွင့်ပွင့်လင်းလင်း မရှင်းပြနိုင်တော့ပေ။ သူကကျန်မိသားစု၏ဂိတ်ဘက်၌ စောင့်ကြပ်နေသည့်အချိန်တွင် ဒုတိယအဖွဲ့က အခြားသောဂိတ်ဘက်ကို တိုက်ခိုက်ကာ ချိုးဖျက်ဝင်ရောက်လိမ့်မယ်လို့ ဘယ်သူပြောနိုင်မှာလဲ?
သူ၏ခေါင်းအား စိတ်ညစ်စွာ ခေါက်လိုက်ရင်း သူတွေးနေသည်က အကယ်၍ သူသာကျန်ခေါင်းဆောင်နဲ့ ဆက်သွယ်ဖို့ ရည်ရွယ်လိုက်ပါက သူ၏ပုံစံအနေအထားကိုများ ဖော်ထုတ်မိသလိုဖြစ်သွားမလား?
သူ၏သုံးသပ်ချက်အရဆိုရင်…ကျန်ခေါင်းဆောင်ကလည်း အတော်လေး ဉာဏ်အမြောအမြင်ရှိတာကြောင့် လော့ယွင်တောက်ကျွင်း၏မျက်နှာဖြင့် ရွှီဇီယန် လိမ်နေတယ်လို့ သူသိသွားရင်တောင် သူပြောလာလိမ့်မည်မဟုတ်ပေ။
ထိုအရာကိုသဘောပေါက်သွားပြီးနောက် ရွှီဇီယန် တည်ငြိမ်သွားသည်။ မြို့ကိုတောကောင်တွေ ဝိုင်းအုံမယ့်ကိစ္စကို အခြားလူတွေအား သူပြောပြလို့မဖြစ်သေးပေမယ့် ဂိတ်၏အခင်းအကျင်းကို တစ်ယောက်ယောက်က ဖျက်ဆီးထားပြီဆိုတာကိုတော့ သူအသိပေးရမည်။
ကျန်ထျန်းရှင်က အသေးအဖွဲ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အခင်းအကျင်းကို စစ်ဆေးဖို့ အချိန်ရှိမည်မဟုတ်ပေ။ အခင်းအကျင်းကို လူဖျက်ဆီးထားတယ်ဆိုတာ ရှာတွေ့သွားရင်တော့ ကျန်ထျန်းရှင် ပိုပြီးတော့ သတိရှိသွားလိမ့်မည်။ ထို့နောက် ရွှီဇီယန် သူ၏စုံစမ်းစစ်ဆေးမှုကိုပါ ထပ်ပေါင်းပြောဖို့ စီစဉ်လိုက်ရင် ကျန်ထျန်းရှင်က အနီးနားကတောအုပ်တွေထဲကို လူတွေလွတ်ပြီး သဲလွန်စတွေရှာဖွေခိုင်းလိမ့်မည်။
မြို့ကိုတောကောင်တွေ ဝန်းရံလာသည့်အချိန်တုန်းက အရေအတွက်က အတော်လေးများသည်။ ဒီလောက်များတဲ့ တောကောင်အရေအတွက်နဲ့သာဆိုရင် သဲလွန်စမကျန်ပဲ မနေပေ။
သူ၏အရင်ဘဝတုန်းက ဝူတျီမြို့ဟာ လျင်မြန်စွာ ဝိုင်းခံလိုက်ရသည်။ မြို့ထဲကမှာနေထိုင်တဲ့လူတွေကို ဘေးဖယ်ထားရင်တောင် ဒီမြို့သေးလေးတွေက အနောက်ဘက်နယ်မြေနဲ့ အတော်လေးကွာခြားလှပြီး ဘာသတိပေးချက်မှလည်း မရခဲ့ကြပေ။
"သွားကြစို့ ငါတို့တွေ အခုပြန်လှည့်ကြမယ်" ရွှီဇီယန်လှည့်ကာ ထွက်သွားဖို့ပြင်လိုက်သည်။ သူထွက်သွားမလို့ပြင်လိုက်ချိန်တွင် အနည်းငယ်ကွာဝေးသည့် နေရာကနေ တစုံတယောက်၏အော်သံကို သူကြားလိုက်ရသည်။
"ဘယ်သူက ဒီအနီးနားတစ်ဝိုက်ကို ခိုးဝင်လာတာလဲ?"
ရွှီဇီယန်ရင်ထဲလှုပ်ရှားသွားပြီး ရွှီဇီရုန်ကို ဆွဲကာ လမ်းကြားထဲ၌ ဝင်ပုန်းနေသည်။ ဂိတ်မှာစောင့်ကြပ်နေသည့် ကျင့်ကြံနှစ်ယောက်က အသံအကျယ်ကြီးကို ကြားလိုက်ရသည်။ သူတို့တွေထိတ်လန့်သွားပြီး လျင်မြန်စွာ မန္တန်တစ်ခုကို အသက်သွင်းလိုက်သည်။ အနီရောင်အလင်းတန်းဟာ မြို့ဂိတ်၏အောက်ဘက်၌ လင်းလက်သွားသည်။ ကြီးမားသည့်အခင်းအကျင်းဟာ ပေါ်ထွက်လာတော့သည်။
"အရိပ်လိုက်အခင်းအကျင်း?" ထိုအချိန်၌ ရွှီဇီရုန် အံ့ဩသွားပေမယ့် သူလျင်မြန်စွာ များပြားသည့် သွေးလုံးတွေကို လွတ်လိုက်ပြီး ပစ်မှတ်ဆီသို့ အာရုံပြောင်းလိုက်သည်။
အနီရောင်စက်ဝိုင်းပေါ်လာပြီးနောက် ဂိတ်တစ်ခုလုံးဟာ ပိတ်သွားတော့သည်။ ဂိတ်မှာစောင့်နေသည့် ကျင့်ကြံနှစ်ယောက်ဟာ အထဲ၌ရှိနေသည့်လူအိုကြီးကို စောင့်ကြည့်နေသည်။ လူအိုကြီးက မြင်း၏ဇာတ်ကြိုးကို ကိုင်ထားကာ ကြောက်ရွံ့ထိတ်လန့်နေပြီး တုပ်တုပ်မျှမလုပ်ရဲပေ။
လူအိုကြီးကလည်း မလှုပ်ရှားတာကြောင့် ကျင့်ကြံသူနှစ်ယောက်ကလည်း မတိုက်ခိုက်ဘူး။ ထို့အပြင် လူအိုကြီးဆီကနေလည်း စိတ်ဝိညာဉ်အတက်အကျတွေမရှိတာကြောင့် သူကချောင်းမြောင်း တိုက်ခိုက်လာမည်ပုံမပေါ်ပါ။
နောက်ထပ်လူအိုတစ်ယောက်ဟာ မဲမှောင်နေသည့်မျက်နှာဖြင့် ဂိတ်ဘေး၌ပေါ်လာသည်။ သူ၏မဲမှောင်နေသည့် မျက်လုံးတွေဖြင့် ပတ်ဝန်းကျင်ကို သတိရှိစွာလိုက်ကြည့်နေသည်။ ဘာမှရှာမတွေ့တာကြောင့် အခင်းအကျင်းကို ချက်ချင်းပြုလုပ်ရန် သူအကြံပေးလိုက်ပြီး အခင်းအကျင်းထဲက အချက်အလက်ကြောင့် သူ၏မျက်နှာအမူအရာဟာ ကြီးမားစွာပြောင်းလဲသွားသည်။
လူအိုကြီး၏မျက်နှာအမူအရာဟာ အရမ်းကိုခါးသက်သက်ဖြစ်နေပြီး အစောင့်နှစ်ယောက်ကလည်း မချဉ်းကပ်ရဲကြပေ။ အခင်းအကျင်းကို အသက်သွင်းပြီးနောက် ထိုအထဲ၌ ပိတ်မိနေသည့် လူအိုကြီးကလွဲရင် သူတို့နှစ်ယောက်ဟာ ဘာမှရှာလို့မတွေ့ပေ။
အခင်းအကျင်းအလယ်၌ ပိတ်မိနေသည့် လူအိုကြီးကလည်း စွမ်းအားရှိပုံမပေါ်ဘူး။ ဒီအခြေအနေကို အကြီးအကဲချီက ရှာတွေ့သွားပြီနောက် သူကအဝေးကနေ ပြေးလာသည်။
"အသုံးမကျတဲ့ကောင်တွေ!" အကြီးအကဲချီက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ကျင့်ကြံသူနှစ်ယောက်အား ဆူလိုက်သည်။ သူတို့တွေမလွန်ဆန်ရဲတာကြောင့် အကြီးအကဲ သူတို့တွေအား ဆူချင်သလောက် ဆူဖို့ကိုသာ ခွင့်ပြုထားလိုက်သည်။
ဒီအကြီးအကဲချီက ကျန်မိသားစုက ဧည့်သည်ဖြစ်သည်။ သူကအလွန်မျက်နှာထားဆိုးလွန်းပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာအထောက်အထားမှ မရှိပေမယ့် သူကအလွန် စိတ်သဘောထားသေးသိမ်ပြီး အကြောင်းပြချက်တစုံတရာဖြင့် သူ့ကိုအပြစ်လုပ်သည့်လူတိုင်းကို သတ်ပစ်လေ့ရှိတယ်လို့ ကောလဟာလတွေရှိထားသည်။
ကျင့်ကြံသူနှစ်ယောက်ဟာ ပထမ ချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုသာ ရောက်ရှိသေးတာကြောင့် သူတို့တွေက သာမန်လူတွေထက် အနည်းငယ်သာရုံသာရှိသည်။ သူတို့တွေ၏ကျင့်ကြံခြင်းသာ ပိုမိုမြင့်မားလာပါက ဂိတ်စောင့်တာထက် ပိုအရေးကြီးသည့် တာဝန်တွေကို ခန့်အပ်ခံရလိမ့်မည်။
အကြီးအကဲချီဟာ မဲမှောင်နေသည့် မျက်နှာဖြင့် ထွက်သွားတော့သည်။ သူကစိတ်တိုနေရအောင် ဒီနေ့တွေမှာ ဘာဖြစ်ထားတာလဲ။ ကျန်ရင်း(မ)၏လက်ထပ်ပွဲရောက်ဖို့ တစ်ရက်သာ ကျန်ရှိတော့တာကြောင့် ဒီကိစ္စကို တစ်ယောက်ယောက်နဲ့ သူပိုပြီးဆွေးနွေးကြည့်ရမည်။
"ဒီလူရဲ့ပုံစံမူမမှန်ဘူး" အကြီးအကဲချီထွက်သွားတာကို ကြည့်လိုက်ပြီး ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟမ်?" ရွှီဇီယန် သူ့အား သံသယဖြစ်စွာ ကြည့်လိုက်သည်။
"အရိပ်လိုက်အခင်းအကျင်းက ဒီမြို့ဂိတ်မှာ တည်ရှိနေတာဆိုတော့ ဘယ်သူမဆို ဒီအခင်းအကျင်းကို တိတ်တဆိတ်ပြုပြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး အရိပ်လိုက်အခင်းအကျင်းက ခုခံမှုသိပ်မကောင်းဘူးဆိုပေမယ့် လူတိုင်းက ဒီအခင်းအကျင်းကို တိတ်တဆိတ် ပြုပြင်ဖို့ဆိုတာ သေချာပေါက် ဘယ်လိုမှမဖြစ်နိုင်ဘူးလေ အရိပ်လိုက်အခင်းအကျင်းကို ထိန်းချုပ်နိုင်တဲ့လူကသာ ဒီအခင်းအကျင်းကို ပြင်ဆင်နိုင်မှာလေ" ရွှီဇီရုန်၏မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့ကိုကို ကျန်မိသားစုကအတွင်းလူကို ရှာမတွေ့မှာ စိတ်မပူဘူးလား? ကျန်ရင်း(က)က သံသယဖြစ်စရာလူကို အကြံပြုခဲ့ပေမယ့် အဲ့ဒါက ခန့်မှန်းချေတာဖြစ်ပြီး ဘာသေသက်အထောက်အထားမှ မရှိဘူး။ ရွှီဇီယန်ကလည်း ကျန်ထျန်းရဲအား တိုက်ရိုက်ကြီး ဘာမှသွားလုပ်လို့မရဘူး။
『TK』
【ကျန်မိသားစု】
ကျန်ထျန်းရှင် [ခေါင်းဆောင်]
ကျန်ရင်း(က) [အကို,သားဖြစ်သူ]
ကျန်ရင်း(မ) [ညီမ,သမီးဖြစ်သူ]
ကျန်ထျန်းရဲ [ကျန်ထျန်းရှင်၏ညီဖြစ်သူ၊ ကျန်ရင်းအမွှာမောင်နှမ၏ဦးလေး]
【ဖန့်မိသားစု】
ဖန့်မျန့် [ခေါင်းဆောင်]
ဖန့်ထျန်းရွေ့ [ဖန့်မျန့်၏သားဖြစ်သူ]
ဖန့်ချင် [ဖန့်မျန့်၏ညီဖြစ်သူ]
ဖန့်ထျန်းယွင် [ဖန့်ချင်၏သားဖြစ်သူ]
#TK