Chapter 127
Viewers 23k

Chapter 127


ထိုသေတ္တာသည် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေမှ သူရရှိခဲ့သည့်ခရမ်းရောင်မိုးကြိုးသွားပင်ဖြစ်သည်။ ယခင်ဆုတ်ခွာစဉ်က သူကမိုးကြိုးသွားကိုစုပ်ယူရန် နည်းလမ်းတစ်ခုကိုတီထွင်ခဲ့သည်၊ သို့သော် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ ရောက်ပြီးမှသာသုံးနိုင်သည်။ ဒီလိုမှမဟုတ်ရင်သူ၏စွမ်းအင်တည်ရှိမှုက ဘယ်လောက်ထိပဲပြင်းထန်နေပါစေ အဲဒါကိုမစုပ်ခင်မှာပင် မိုးကြိုးသွား၏ပြင်းထန်သည့်စွမ်းအားကြောင့် ပေါက်ကွဲထွက်သွားနိုင်သည်။


အဖုံးကိုဖွင့်ပြီးနောက် ခရမ်းရောင်မိုးကြိုးသွားသည် အနီရောင်ကြိုး၏အကျိုးသက်ရောက်မှုအောက်တွင် အလွန်တရာနူးညံ့သိမ်မွေ့နေသည်။ သို့သော်မည်မျှပင်ပျော့ပြောင်းနေပါစေ၊ ၎င်းသည်ကမ္ဘာပေါ်တွင်အပြင်းထန်ဆုံးသောခရမ်းရောင်မိုးကြိုးသွားပင်ဖြစ်သည်။ အနီရောင်ကြိုးသာမပါရှိပါက အဲဒါကသူလက်လှမ်းမှီသည့်အရာအားလုံးကို တိုက်ခိုက်နိုင်သည့်အကြမ်းတမ်းဆုံးစွမ်းအင်ဖြစ်လာလိမ့်မည်။


အပြင်မှာတိုက်ပွဲကပြီးဆုံးသွားပြီ။ အရေအတွက်များပြားပြီးသေးငယ်သည့်ပင့်ကူတွေရဲ့ဝိုင်းရံမှုအောက်မှာ ရွှေရောင်တောကောင်ဟာဝဲပြာကျသွားသည်။ ရွှေရောင်တောကောင်ကိုအနိုင်ယူပြီးနောက် ပင့်ကူကြီးသည်ပတ်၀န်းကျင်တွင် အဖြူရောင်ပင့်ကူအိမ်တွေကိုဆက်လက်လုပ်နေဆဲဖြစ်သည်။


မျှော်လင့်ချက်၏နောက်ဆုံးအလင်းရောင်ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသည့်အခါ ရွှီဇီယန်သည်အနီရောင်ကြိုးကိုဖြည်ပြီး ခရမ်းရောင်မိုးကြိုးသွားမလှုပ်နိုးလာခင် သူ၏ပါးစပ်ထဲသို့ထည့်လိုက်တော့သည်။


ပြင်းထန်သောစွမ်းအင်သည် သူ့လည်ချောင်းထဲသို့ ရောက်မှနိုးထလာပြီး ရွှီဇီယန်၏ချီပင်လယ်ထဲသို့ အမြန်ပြေးဝင်သွားသည်။


ခရမ်းရောင်မိုးကြိုးသွားဝင်ရောက်သွားသောအခိုက်အတန့်တွင် ချီပင်လယ်၏အတားအဆီးသည် အက်ကြောင်းများဖြစ်ပေါ်သွားသည်။ ချီပင်လယ်ကွဲအက်သွားလျှင် ဤအခိုက်အတန့်၌စွမ်းအင်အမြောက်အမြားပေါ်ထွက်လာမည်ဖြစ်ပြီး ရွှီဇီယန်သည်သူ၏ကျင့်ကြံခြင်းစွမ်းရည်အားလုံးဆုံးရှုံးသွားလိမ့်မည်။ ထိုသို့သောအခြေအနေများသည် သေခြင်းတရားနှင့်ဆင်တူလိမ့်မည်။ ထို့ကြောင့် ရွှီဇီယန်သည်သူ၏စိတ်ဝိညာဉ်စွမ်းအားအားလုံးကိုသာစည်းရုံးလိုက်ပြီး ခရမ်းရောင်မိုးကြိုးသွားကိုမချေဖျက်မီ သူ၏အသက်ကိုကယ်တင်ရန်ကြိုးစားနေသည်။


ပင့်ကူကြီးကတော့အပြင်မှာအလုပ်ရှုပ်နေသည်။ ရွှီဇီယန်သည်ကုဗတုံးထဲ၌ အချိန်ကိုတိုက်ခိုက်နေရသည်။ စစ်မြေပြင်တစ်ခုလုံးတွင် လုံခြုံသောထောင့်၌ပုန်းအောင်းနေသော အဖြူရောင်သိုးကသာ မပြီးဆုံးခဲ့သောဤတိုက်ပွဲကိုချီးကျူးနေသည်။


ခရမ်းရောင်မိုးကြိုးသွား၏စွမ်းအားသည် သူ၏ချီပင်လယ်ထဲတွင်လုံးဝပေါက်ကွဲသွားသည်။ အနီရောင်ကြိုးကိုလွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ချည်နှောင်ထားခဲ့သောကြောင့် ခရမ်းရောင်မိုးကြိုးသွားသည်မမျှော်လင့်ဘဲမြင့်မားခဲ့သည်။


ရွှီဇီယန်တိတ်တဆိတ်ညည်းညူလိုက်သည်။ အများအားဖြင့် ၎င်းသည်သာမန်ခရမ်းရောင်မိုးကြိုးသွားကို ချေဖျက်ရန်ခက်နေပြီဖြစ်တာကို ဤခရမ်းရောင်မိုးကြိုးသွားသည် ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုသို့အသွင်ပြောင်းချင်နေသည်။ ၎င်းသည်ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုကိုအနည်းငယ်မျှသာခံစားခဲ့ရသော်လည်း ၎င်းသည်ကျင့်ကြံသူတစ်ေယာက်သေဆုံးပြီးနောက်တွင်သာ အသုံးပြုနိုင်သောမြင့်မြတ်သောမိုးကြိုးသွားအမျိုးအစားတစ်ခုဖြစ်သည်။ ရွှီဇီယန်ကဲ့သို့သောသာမန်ကျင့်ကြံသူ ခံနိုင်ရည်ရှိသည့်အရာမျိုးမဟုတ်ပေ။  


သူ၏ချီပင်လယ်ထဲရှိ အက်ကွဲကြောင်းများကပိုပိုကြီးလာပြီး ရွှီဇီယန်သည်တိုက်ပွဲအပြီးတွင် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အများကြီးကုန်ထားပြီးဖြစ်သည်။ သူ၏ပြန်လည်ကောင်းမွန်လာသည့်အမြန်နှုန်းသည် သိသိသာသာနှေးကွေးသွားပြီး၊ ခရမ်းရောင်မိုးကြိုးသွား၏ဖျက်ဆီးခြင်းအရှိန်ကိုအမီမလိုက်နိုင်ပေ။


ချီပင်လယ်သည်၎င်း၏ခံနိုင်ရည်အားအကန့်အသတ်သို့ရောက်သွားတာကြောင့် ရွှီဇီယန်သည်သူ၏ချီပင်လယ် အကွဲကွဲအပြားပြားဖြစ်သွားပြီး သူ၏ကျင့်ကြံခြင်းစွမ်းရည်ကိုပျက်စီးသွားမည့်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်။ မမျှော်လင့်ပဲဤအချိန်၌ သူ၏ချီပင်လယ်ကိုလွှမ်းမိုးနေသော အစိမ်းရောင်မိုးကြိုးသွားကရုတ်တရက်ထွက်ပေါ်လာသည်။ သွေးအနံ့ကိုရသောငါးမန်းတစ်ကောင်လို ခရမ်းရောင်မိုးကြိုးသွား၏ဘေးသို့ အပြေးအလွှားသွားကာပြင်းထန်စွာကိုက်လိုက်ပြီး ခရမ်းရောင်မိုးကြိုးသွား၏အစအနအနည်းကိုကိုက်ယူလိုက်သည်။


ခရမ်းရောင်မိုးကြိုးသွားသည် ဤရန်စမှုကြောင့်ချက်ချင်းပင်ဒေါသထွက်သွားသည်။ အဆင့်အရဆိုလျှင် အစိမ်းရောင်မိုးကြိုးသွားဟာ ခရမ်းရောင်မိုးကြိုးသွားထက်နိမ့်သည်။ ရွှီဇီယန်၏နှစ်ပေါင်းများစွာလေ့ကျင့်မှုကြောင့် ဤချီပင်လယ်၌ အစိမ်းရောင်မိုးကြိုးသွားသည်အနည်းငယ်သာအားပြင်းလာသည်။ ခရမ်းရောင်မိုးကြိုးသွားထက်တော့အားနည်းနေသေးသည်။


အားနည်းသောရန်သူတစ်ဦး၏ရန်စတာကိုခံလိုက်ရပြီး ၎င်း၏ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအင်တချို့လည်းပါသွားတာကြောင့် ခရမ်းရောင်မိုးကြိုးသွားကဒေါသထွက်ပြီး ရွှီဇီယန်၏ချီပင်လယ်ထဲ၌ ဖြန့်ကျက်ထားသည့်စွမ်းအင်တွေကို ပြန်လည်စုစည်းလိုက်ပြီး အစိမ်းရောင်မိုးကြိုးသွားဆီသို့ပြေးသွားသည်။  


ချီပင်လယ်လေးဟာ ရုတ်တရက်မိုးကြိုးမုန်တိုင်းနှစ်ခု၏စစ်မြေပြင်ဖြစ်လာသည်။ မူလကခရမ်းရောင်မိုးကြိုးသွားဟာလွယ်လွယ်ကူကူအနိုင်ယူနိုင်သော်လည်း အစိမ်းရောင်မိုးကြိုးသွားက ရွှီဇီယန်၏ခန္ဓာကိုယ်အတွင်း၌ရှိနေပြီးဖြစ်၍ ရွှီဇီယန်သည်ခရမ်းရောင်မိုးကြိုးကဲ့သို့အစွမ်းထက်စေရန် ၎င်းအားအထောက်အပံ့ပေးလေသည်။


နှစ်ဖက်စလုံးသည်အာရုံစူးစိုက်မှုအပြည့်ဖြင့် အစိမ်းရောင်မိုးကြိုးသွားကြောင့်ဆုံးရှုံးခဲ့သောစွမ်းအားသည် ရွှီဇီယန်၏ချီပင်လယ်ထဲတွင်ဆက်လက်တည်ရှိနေပြီး ပြန်လည်စုပ်ယူနိုင်သည်။ ခရမ်းရောင်မိုးကြိုးသွား တစုံတခုသာမှားယွင်းသွားပါက အစိမ်းရောင်မိုးကြိုးသွားစုပ်ယူပြီးချေဖျက်တာကိုခံရလိမ့်မည်။


ခဏအကြာ ခရမ်းရောင်မိုးကြိုးသွားကိုအစိမ်းရောင်မိုးကြိုးသွားကမြည်းစမ်းခဲ့ပြီး ၎င်း၏မူလတန်ခိုးများစွာပျောက်ကွယ်သွားသည်။ ၎င်း၏အရွယ်အစားကိုလည်းလျှော့သွားသည်။။ ယခုအချိန်တွင် ၎င်းတွင်ပါရှိသောချီပင်လယ်ငယ်လေးကိုတောင် တိုက်ခိုက်ရန်စွမ်းအင်မရှိတော့ပေ။ အဲဒီ့အစားအစိမ်းရောင်မိုးကြိုးသွားကို တိုက်ခိုက်ဖို့ကြိုးစားလေသည်။


အစိမ်းရောင်မိုးကြိုးသွား၏စွမ်းအားဖြင့် ခရမ်းရောင်မိုးကြိုးသွားကိုလွင့်ပြယ်သွားစေရန် ရွှီဇီယန်အတွက်ရုတ်တရက်ပိုမိုလွယ်ကူလာသည်။ သူ၏ချီပင်လယ်ထဲရှိ လျှပ်စီးရောင်ခြည်နှစ်ခု၏ရိုက်ခတ်မှုကြောင့် စွမ်းအင်အများစုဟာအစိမ်းရောင်မိုးကြိုးသွားစုပ်ယူခံလိုက်ရပြီး သူကကျန်အစိတ်အပိုင်းငယ်လေးများကိုပင်အခွင့်ကောင်းယူလိုက်သည်။


ခရမ်းရောင်မိုးကြိုးသွား၏ပြင်းထန်သောရိုက်ခတ်မှုကြောင့် ယခုသူ၏ချီပင်လယ်သည်ပျက်စီးလုနီးပါးဖြစ်နေသည်။ ခရမ်းရောင်မိုးကြိုးသွားဘက်မှ တိုက်ခိုက်ခြင်းမရှိတော့သောကြောင့် ရွှီဇီယန်အံကြိတ်ကာ ဝိညာဉ်ကြောချဲ့ထွင်ခြင်းဆီသို့ပြေးလွှားသွားသည်။


စိန်ခေါ်မှုတွေမရှိဘဲနဲ့ အောင်မြင်မှုတွေမရှိလာနိုင်ပေ။ သူသာဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်ရှိချင်ပါက သူ၏ချီပင်လယ်နဲ့ရင်ဆိုင်ရလိမ့်မည်။ သူလည်းဒီလိုလုပ်ရန် အခွင့်အရေးရယူရမည်။


မိုးကြိုးသွားနှစ်ခုသည် တစ်ဦးနှင့်တစ်ဦးရင်ဆိုင်တိုက်ခိုက်နေကြပြီး ရွှီဇီယန်၏ချီပင်လယ်ထဲရှိ အပြောင်းအလဲများကိုဂရုပြုရန်အချိန်မရှိပေ။ ဤအခွင့်အရေးကိုအသုံးချ၍ သူသည်အာဟာရဆေးလုံးတစ်ပုလင်းလုံးကိုမျိုချလိုက်ပြီး သူ၏ချီပင်လယ်မှတဆင့် စိတ်ဝိညာဉ်စွမ်းအားများအရှိန်အဟုန်ပြင်းစွာစီးဆင်းလာသည်။ ၎င်းသည်၎င်း၏အရွယ်အစားနှစ်ဆကျယ်ပြန့်လာသောအခါ ချီပင်လယ်အသစ်တစ်ခုကိုထပ်မံဖွဲ့စည်းလိုက်သည်။


၎င်း၏“အိမ်” သည်အလွန်ပြင်းထန်သောအပြောင်းအလဲများနှင့်အတူ အစိမ်းရောင်မိုးကြိုးသွား၏မိုးကြိုးပစ်သံတွေဖြင့်လွှမ်းမိုးနေသည်။ ရွှီဇီယန်သည်အသစ်ဖွဲ့စည်းထားသောချီပင်လယ်ကို ပြန်လည်ပြုပြင်ရန်ဆေးလုံးများကိုမျိုချလိုက်ပြီးနောက် အစိမ်းရောင်မိုးကြိုးသွား၏မိုးကြိုးပစ်သံကြောင့် ကျန်ရှိသောစွမ်းအင်များအားလုံးကုန်ဆုံးသွားတော့သည်။


ဤမျှပြည့်ဝသောအစာစားပြီးနောက် အစိမ်းရောင်မိုးကြိုးသွားသည်ခရမ်းရောင်မိုးကြိုးသွားဆီသို့တစ်ဖန်ပြေးပြန်လေသည်။ ၎င်းဟာဘယ်လောက်ပဲလောဘကြီးပါစေ ခရမ်းရောင်မိုးကြိုးသွားကိုမမျိုချရမချင်း ၎င်းဟာလုံးဝလက်မလွှတ်ပေ။


ရွှီဇီယန်သည်သူ၏စိတ်ဝိညာဉ်စွမ်းအင်ကိုသုံး၍ သူ၏ခန္ဓာကိုယ်၌ ကျင်းလော့များကိုထပ်ကာထပ်ကာကျယ်စေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်သည် ချီပင်လယ်ကိုဖြတ်ကျော်ပျံသန်းသည့်အခါတိုင်း ခရမ်းရောင်နှင့်အစိမ်းရောင်မိုးကြိုးသွားနှစ်ခု၏မူလစွမ်းအားသည် ဤစိတ်ဝိညာဉ်စွမ်းအင်ဆီသို့အနည်းငယ်ပေါင်းစည်းလိမ့်မည်။


စိတ်ဝိညာဉ်စွမ်းအင်သည် ကျင်းလော့ကိုပုံစံသွင်းပေးခဲ့ပြီး ရွှီဇီယန်၏ခန္ဓာကိုယ်ရှိ ကျင်းလော့အားလုံးသည် ပိုမိုပြင်းထန်လာခဲ့သည်။


သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျင်းလော့များသည် ခရမ်းရောင်အလွှာများဖြင့်လွှမ်းမိုးနေသည်ကိုမြင်သောအခါ ရွှီဇီယန်အနည်းငယ်စိတ်သက်သာရာရသွားသည်။ သူ့ဆီ၌စိတ်ဝိညာဉ်သွေးကြောတွေရှိသည်မှာမှန်သည်၊ သို့သော်ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်သောအခါ ၎င်းသည်မိုးကြိုးသွား၏မူလစွမ်းအားကို ကျင်းလော့ထဲသို့ပေါင်းစပ်ပေးနိုင်သည်ကို သူတစ်ခါမှမကြားဖူးပေ။


သူ၏ခန့်မှန်းတွက်ချက်မှုအရ သူ၏တိုက်ခိုက်နိုင်စွမ်းသည် ယခုတည်ဆောက်မှုအဆင့်ထက်အနည်းဆုံးအဆ ၂၀ လောက်ကွာခြားသည်။ သူကဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ ရောက်ရှိသွားရုံသာမကဘဲ သူ၏ခန္ဓာကိုယ်ရှိမိုးကြိုးသွားစွမ်းအင်များလည်းပိုမိုအားကောင်းလာသည်။


ဗုန်း ……!


ရွှီဇီယန်၏ခန္ဓာကိုယ်ရှိသွေးခုန်နှုန်းများသည် ရုတ်တရက်ပိုမိုတက်ကြွလာပြီး သူ၏ခန္ဓာကိုယ်ရှိသွေးများကတစုံတခုကြောင့်နှိုးဆွလာသည်။ ၎င်းဟာသူ၏ခန္ဓာကိုယ်မှစတင်စီးဆင်းလာသည်။ ခဏအတွင်းမှာပင် ရွှီဇီယန်ဟာသွေးများဖုံးလွှမ်းသွားပြီး သူ၏အဝတ်အစားအားလုံးနီးပါးစိုစွတ်သွားသည်။


ရွှီဇီယန်မအော်ခင်မှာပင်အမှောင်ထုထဲကိုကျသွားတော့သည် ...


သွေးများကအဝေးသို့စီးဆင်းသွားပြီး ရွှီဇီယန်ပတ်ပတ်လည်၌ ထူးဆန်းသောအခင်းအကျင်းကိုခင်းကျင်းထားသည်။ အခင်းအကျင်း၏အလယ်တွင် သွေးအနှစ်သာရငါးစက်ဖြင့်ဖွဲ့စည်းထားသော အခြားသေးငယ်သည့်ခင်းကျင်းမှုတစ်ခုရှိသည်။ အခင်းအကျင်းအားလုံးတစ်လျှောက် သွေးများစတင်စီးဆင်းလာသည်။ ၎င်းသည်ဗဟို၌ရှိသောသွေးငါးစက်ကိုဖြတ်သွားတိုင်း ၎င်းကပျစ်ခဲသွားလိမ့်မည်။


ယင်းကဲ့သို့မွမ်းမံပြီးနောက် ရွှီဇီယန်၏သွေးအတွင်းမှအညစ်အကြေးများအားလုံးထွက်လာပြီး အခင်းအကျင်းတစ်ဝိုက်တွင် အမည်းရောင်အစွန်းအထင်းများကျန်ရစ်ခဲ့သည်။


သန့်စင်ထားသောသွေးသည်အရောင်တောက်ပပြီး အနည်းငယ်ကြည်လင်တောက်ပသည့်ခံစားမှုမျိုးရှိနေသည်။ အခင်းအကျင်း၏အလယ်ဗဟိုရှိ သွေးအနှစ်သာရငါးစက်သည် အဆက်မပြတ်သန့်စင်ပေးနေပြီး ရွှီဇီယန်၏ခန္ဓာကိုယ်ထဲကသွေးတွေဖြင့်တဖြည်းဖြည်းပေါင်းစပ်သွားသည်။


သွေးကိုသန့်စင်ပြီးသောအခါ အလယ်ဗဟိုရှိသေးငယ်သောအခင်းအကျင်းသည်ပြိုကျသွားပြီး တိုးချဲ့ထားသောသွေးများဖြင့်ဖွဲ့စည်းထားသောအခင်းအကျင်းများသည် ပြန်လည်အသက်ဝင်လာခဲ့ပြီး သွေးအားလုံးကိုရွှီဇီယန်၏ခန္ဓာကိုယ်သို့ပြန်ပို့လိုက်သည်။


အခင်းအကျင်းကိုချိုးဖျက်နေသည့်ရွှီဇီရုန်ဟာ ရုတ်တရက်ပါးစပ်မှသွေးများထွက်လာသည်။ ကြောက်ရွံ့မှုကိုပြရမည့်အစား သူကစိတ်လှုပ်ရှားနေလေသည်။


မစိုက်ပျိုးခဲ့သောအစေ့များဟာ နောက်ဆုံးတွင်မြင့်မားသောသစ်ပင်ကဲ့သို့ယနေ့တွင်ဖြစ်ထွန်းလာသည်။ သူ့ကိုကို၏ခန္ဓာကိုယ်၌ထားရှိခဲ့သော ရွှီဇီရုန်၏သွေးအနှစ်သာရဟာ လုံးဝပေါင်းစည်းသွားပြီးဖြစ်သည်။ အနာဂတ်တွင်ဘယ်လိုကိစ္စတွေဖြစ်ပါစေ၊ ကျင့်ကြံခြင်းအဆင့်မည်မျှပင်မြင့်မားသူဖြစ်စေကာမူ သူတို့တွေ၏အနှောင်အဖွဲ့ကိုအနှောင့်အယှက်ပေးနိုင်မည်မဟုတ်တော့ပေ။


"ကိုကို … ကျွန်တော်မကြာခင်လာခဲ့မယ်!" ရွှီဇီရုန်ဟာ သူ၏ပါးစပ်မှသွေးများကိုသုတ်လိုက်ပြီး သူ၏စွမ်းအားတွေအားလုံးဖြင့် လုံး၀ပိတ်ထားသောအခင်းအကျင်းကိုတစ်ဖန်စတင်ချိုးဖျက်ပြန်သည်။ အခင်းအကျင်းတစ်ခုလုံးကို ဆုံမှတ် ၁၀၈ ခုနဲ့ဖွဲ့စည်းထားပြီး အခုသူကဆုံမှတ် ၃၉ ခုကိုချိုးဖျက်ပြီးဖြစ်ကာ၊ ကျန်တဲ့ အခု၆၀ အတွက် ယေဘူယျပုံစံကိုသူရှာဖွေထားပြီးဖြစ်သည်။ အားလုံးအဆင်ပြေရင် အဲဒါကိုနာရီဝက်အတွင်းဖွင့်နိုင်လိမ့်မည်။


"Meh!"


ရွှီဇီယန် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်သို့ရောက်သွားသောအခါ သိုးငယ်၏မျက်လုံးများသည်အနည်းငယ်မှေးစင်းကာ ကျေနပ်သောအမူအရာကိုပြနေသည်။


ရွှီဇီယန်ကိုသူ၏သခင်အဖြစ်ရွေးချယ်ခဲ့တယ်ဆိုပေမယ့် သူ့အတွက်အရမ်းကြီးမလိုအပ်ပေ။ အကယ်၍များရွှီဇီယန်သာ အဲ့ဒီအတွေ့အကြုံကနေအသက်မရှင်ခဲ့ပါက ကျယ်ပြောလှသည့်ထိုနေရာသို့ပြန်သွားရုံသာရှိသည်။


သူရွေးချယ်ခဲ့သောသခင်များသည် အားလုံးကထက်မြက်သောအရည်အချင်းများဖြင့်လူသားကျင့်ကြံသူများဖြစ်သည်။ သူ့ရှေ့ကလူက အရင်ရွေးချယ်မှုတွေထက် နည်းနည်းပိုဆိုးပုံရသည်။ ဒါပေမယ့်ထိုသူကအရသာရှိတဲ့ကြက်သားကိုပေးတဲ့အတွက် သူ့ကိုနောက်ထပ်အခွင့်အရေးပေးဖို့အတွက်လည်း ကိစ္စမရှိပေ!


နောက်ဆုံးရလဒ်ကိုတိတ်တဆိတ်စောင့်ဆိုင်းနေပြီး ရွှီဇီယန်ပျောက်သွားတဲ့နေရာကို စိတ်ရှည်ရှည်နဲ့ငေးကြည့်နေခဲ့သည်။ ဒီမျက်လုံးရှစ်လုံးပါသည့်ပင့်ကူကတကယ်ခေါင်းမာသည်။ သခင်အသစ်ကရွှေအမြုတေအဆင့်ကိုရောက်မှ ထွက်လာမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင် ဒီပင့်ကူကိုတိုက်ဖို့ရန်,သူရှောင်လွှဲဖို့နည်းလမ်းရှိမည်မဟုတ်ပေ။


"Meh …" သိုးငယ်သည်ဤအချိန်၌ သူရွေးချယ်ခဲ့သည့်သခင်အားကျေနပ်အားရစွာဖြင့် ရွှင်လန်းစွာအော်ဟစ်နေသည်။ ရွှီဇီယန်သည်သူ၏အခြေခံကျင့်ကြံခြင်းအဆင့်နဲ့ သူ၏ကိုယ်ပိုင်ရွှီမီနယ်မြေကိုပိုင်ဆိုင်ထားသည်။ အတွင်းပိုင်းကမကြီးပေမယ့် သူ့ရဲ့သခင်အသစ်က ကံကောင်းတဲ့သူတစ်ယောက်ဆိုတာသက်သေပြနေသည်။


ကံကောင်းသူများသည်အောင်မြင်နိုင်ခြေပိုများပြီး သိုးငယ်သည်သခင်အသစ်အတွက် မျှော်လင့်ချက်အနည်းငယ်ပိုရှိနေသည်။


သွေးများစွာဆုံးရှုံးပြီးသတိမေ့မြောသွားသောရွှီဇီယန်သည် သွေးများသူ့ခန္ဓာကိုယ်သို့ပြန်ဝင်လာပြီး မကြာမီနိုးလာသည်။ သူကသူ့အနားမှအနက်ရောင်အစွန်းအထင်းအရည်ကိုကြည့်ပြီး သူမျက်မှောင်ကြုတ်လိုက်သည်။


ရွှီဇီရုန်တစ်ယောက်တည်းကသာ သွေးပင်လယ်နှလုံးကျင့်စဉ်ကိုကျွမ်းကျင်တာကြောင့် သူ့သွေးထဲမှာဒီလောက်ပြင်းထန်တဲ့အပြောင်းအလဲတွေကို ဖန်တီးခဲ့ခြင်းဖြစ်လိမ့်မယ်ဆိုတာသံသယဖြစ်စရာမလိုပေ။ ဒါပေမယ့် … သွေးတွေသူ၏သွေးကြောထဲပြေးလွှားနေသည့်အခါ ရွှီဇီယန်၏ရင်ထဲမသက်မသာခံစားနေရသည်။

『K: ဇီရုန်က သွေးစာချုပ်ချုပ်ထားတာကြောင့် သူ့ကိုကိုအတွက်ရဲ့မသန့်စင်တဲ့သွေးတွေကို ဖယ်ထုတ်လိုက်လို့ ဒဏ်ရာရသွားတာပါ၊ ဇီယန်ကသူနိုးလာတော့ ချက်ချင်းသတိထားမိတာပါ၊ သွေးစာချုပ်ကြောင့်ဆိုတာကိုတော့မသိသေးပါဘူး』


ရွှီဇီရုန်၏နှလုံးသားထဲမှာ ဟိုတုန်းကတည်းက ရွှီဇီရုန်ဟာ သူ့အစ်ကိုအား သူ၏ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ အရိပ်အမြွက်ပြောခဲ့ပြီးသားဖြစ်သော်လည်း ရွှီဇီယန်ထိုအကြောင်းအရာကိုသဘောပေါက်ရန်နှေးကွေးခဲ့သည်။


သူသာ ရွှီဇီရုန်၏ခံစားချက်များကို စောစောစီးစီးသိခဲ့ပါလျှင် သူ ...


ရွှီဇီယန်ခေါင်းကိုညင်သာစွာခါလိုက်သည်။ သူအချိန်တွေကိုနောက်ပြန်မလှည့်နိုင်တော့ဘူး။ အခုဆိုရင် ရွှီဇီရုန်ရဲ့ချစ်ခြင်းမေတ္တာကို သူဘယ်လိုတုံ့ပြန်ရမလဲဆိုတာစဉ်းစားဖို့လိုနေပြီ။


#TK