Chapter 137
တကယ်တော့ ရွှီဇီယန်ဟာ ရွှီဇီရုန်ပုံဖော်ထားသည့် ညီငယ်ဇီရုန်ပုံစံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိပါ။ နောက်ဆုံးတွင် သူကဝိညာဉ်ကူးပြောင်းလာသူဖြစ်တာကြောင့် သူတို့တွေ၏သွေးသားဆက်ဆံရေးသည် ဤမျှအရေးကြီးသည်ဟု သူမထင်ပါ။
သူ့မျက်လုံးထဲတွင် ရွှီဇီရုန်နှင့်ရင်းနှီးမှုသည် ထိုလိင်တူစုံတွဲများကဲ့သို့ပင် ဆိုးရွားပုံမပေါ်ပါဘူး (ခြုံပြောရရင် သူကကူးပြောင်းလာသူဖြစ်တာကြောင့် ဇီရုန်နဲ့ ဘာမှမတော်စပ်ဘူးလို့ သူ့ကိုယ်သူထင်နေတာပါ)။ ဒါကြောင့် ရွှီဇီရုန်ဘက်မှအကြီးမားဆုံးအနှောင့်အယှက်ကို ရွှီဇီယန်မှလျစ်လျူရှုခဲ့သည်...
သူက ရွှီဇီရုန်၏နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများနှင့် ညင်သာစွာဖိကပ်လိုက်၏။ လူပျိုကြီးတစ်ယောက်အနေနဲ့ … ခဏလေး သူကအတွေ့အကြုံရှိပြီးသွားပြီဆိုတော့ လူပျိုမှမဟုတ်တော့တာ =_=
ရွှီဇီယန်နမ်းတာမတော်ပါဘူး။ ဇီရုန်ကနမ်းဖို့အတွက် တောင်းဆိုသည့်အခါ သူဘယ်လိုလုပ်မှန်းမသိတော့ပါ။ သူခဏမျှသာ ရွှီဇီရုန်ကိုနမ်းလိုက်တာကြောင့် မကျေမနပ်ဖြင့် မျက်လုံးဖွင့်လာသည့် ရွှီဇီရုန်ဟာ သူ့ကိုကို၏ခေါင်းကိုကိုင်ကာ လုံလောက်သည်အထိ အပြင်းအထန်နမ်းလိုက်သည် …
ရွှီဇီယန်ဟာ ရွှီဇီရုန်ရဲ့အနမ်းကိုရပ်တန့်ရန် ရုန်းကန်နေချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်တွင် ဘောင်းဘီတစ်ထည်သာ ကျန်တော့သည်။
ရွှီဇီယန်ဒေါသထွက်သွားပြီး ရွှီဇီရုန်၏ခေါင်းကိုခေါက်လိုက်ကာ "ဘာပဲဖြစ်ဖြစ် ငါကမင်းရဲ့အစ်ကိုဖြစ်နေတုန်းပဲ။ ငါမင်းကိုလက်ခံတယ်ဆိုရင်တောင် ငါတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားရမယ်။ သူများတွေ ငါတို့ကို ဘယ်လိုထင်လဲ ငါဂရုမစိုက်ပေမယ့် ဖြစ်လာနိုင်မယ့် ပြဿနာတွေကိုတော့ ရှောင်ရှားရမယ်။ ငါတို့က လျှိုကွမ်းဂိုဏ်းရဲ့တပည့်တွေဖြစ်တာကြောက့် ငါတို့ကဒီလိုဆက်ဆံရေးမျိုးရှိနေတယ်ဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။"
"ကောင်းပြီ …" ရွှီဇီရုန် လျင်မြန်စွာ သဘောတူလိုက်၏။ သူ့ကိုကိုနဲ့ အတူတူနေနိုင်သ၍ သူ့အတွက် ဘာပြဿနာမှ မရှိဘူး။
ရွှီဇီရုန်၏အာမခံချက်ကြောင့် ရွှီဇီယန်လည်း စိတ်သက်သာရာရသွားသည်။ ဇီရုန်၏စိတ်သဘောထားကြောင့် သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြားဖြစ်သွားစေမှာကို သူအမှန်တကယ် စိုးရိမ်နေမိသည်။
တခြားသူတွေ ဘယ်လိုတွေးလဲ သူတကယ် ဂရုမစိုက်ဘူး။ သူ့ညီအရင်းဖြစ်သူက ဂေးမှန်းသူသိသွားတဲ့အခါ လူတော်တော်များများက သူတို့ထင်မြင်ချက်ပေးကြတာတောင် သူဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး။ သို့သော် သူ့အနားမှာ အနှောင့်အယှက်ပေးမယ့် သူတွေနည်းပါးတာက ပိုကောင်းလိမ့်မည်။
"ကောင်းပြီ အခုပြန်ရအောင်" ရွှီဇီယန်က ရွှီဇီရုန်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး "မင်းမျက်နှာပေါ်က ဒဏ်ရာတွေကိုကုပြီး ငါ့ရှေ့မှာ သနားစရာပုံစံဟန်ဆောင်မနေနဲ့"
ရွှီဇီရုန် ခပ်ရေးရေးပြုံးလိုက်ပြီး သူ့လက်ချောင်းထိပ်များမှ အစိမ်းရောင် အလင်းတန်းအနည်းငယ်ကို အသုံးပြု၍ မျက်နှာပေါ်ရှိ နီရဲနေသော အနီစက်များကို ပျောက်ကင်းစေလိုက်သည်။ သဲလွန်စပင် လုံးဝမကျန်ခဲ့ပါ။
ရွှီဇီယန်သည် ပြီးပြည့်စုံသော မျက်နှာကိုကြည့်ပြီး သူ့ကိုယ်သူပင် သနားသွား၏။ ရှင်းရှင်းပြောရရင် ရွှီဇီရုန် ဟန်ဆောင်နေတယ်ဆိုတာ သူသိပြီးသားပါ။ မဟုတ်ရင် ဝိညာဉ်ကြောချဲ့ထွင်ခြင်း ကျင့်ကြံသူတစ်ယောက်က သူ့ကို ဒီလိုမျိုးအရိုက်ခံရအောင် ဘယ်လိုလုပ်,လုပ်ခွင့်ပြုနိုင်ရမှာလဲ?
ဒါပေမယ့် ... သူကတော့ ပျော့ညံ့နေဆဲပါပဲ။ အစကတည်းက ရွှီဇီရုန်ဟာ သူ့ကို ထိန်းချုပ်နိုင်ထားပြီးသား။ ဒီနေ့ သူလက်မခံဘူးဆိုရင်တောင် တစ်နေ့နေ့မှတော့ သူ ရွှီဇီရုန်ကို ခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။
ထားလိုက်ပါတော့၊ သူလက်ခံပြီးတာတောင် ဘာလို့ ဒီလောက်ထိတွေးနေသေးတာလဲ?
ရွှီဇီယန် သူ့ကိုယ်သူ ရယ်မောလိုက်ပြီး ဇီရုန်၏ ဖြောင့်စင်းသော အသွင်ကို ကြည့်လိုက်ရင်း သူ့ရင်ဘတ်ကို အသာအယာ ထိလိုက်သည်။
အဲ့ဒီနေ့မှစပြီး ဇီရုန်ကို ချစ်သူကဲ့သို့ ဆက်ဆံရမည်။ အစပိုင်းတွင် သူသည်မပြုမူတတ်ပေမယ့် ဇီရုန် သူ့အားသစ္စာမဖောက်သ၍ — ဇီရုန်ကို သစ္စာရှိသည့်ချစ်သူတစ်ယောက်အနေနဲ့ သူဆက်ဆံမည်။
ရွှီဇီရုန်၏အကြည့်သည် ရုတ်တရက် ပို၍လေးနက်လာသည်။ ဒါကို ဇီရုန်နဲ့ ကောင်းကောင်းဆွေးနွေးရမယ်လို့ သူထင်သည်။ ဇီရုန်ကို သူသိထားစေချင်သည့် အရာတစ်ခုရှိသည်။ ဇီရုန်သည် သူ့ချစ်သူဖြစ်ရန် အတင်းအကျပ်ခိုင်းသောကြောင့် ဇီရုန်ကလည်း သူ၏ကန့်သတ်ချက်များကို သိထားရမည်။ ဆက်ဆံရေးတစ်ခုမှာ အမှားတစ်စုံတစ်ရာမရှိရမည်ကို ရွှီဇီရုန်သိထားရမည်။
ဒီဆက်ဆံရေးကို သူအလေးအနက်ထားရလိမ့်မည်။ သို့သော် ဇီရုန်သည် သူ့နောက်ကွယ်တွင် ဆက်ဆံရေးတစ်ခုကို စတင်ရဲပါက၊ သူကလည်း ဇီရုန်အား ဘယ်တော့မှ မမေ့နိုင်မည့် "အံ့အားသင့်စရာ" ကို သေချာပေါက် ပေးရလိမ့်မည်။
ညီအစ်ကိုနှစ်ယောက်—မဟုတ်တော့ပဲ၊ ချစ်သူတွေအဖြစ် တည်းခိုခန်းသို့ ပြန်လာသောအခါ၊ ဖန်မောင်နဲ့ရွှယ်ထွမ်တို့သည် နေရောင်မရှိသောမြို့ကို ရောက်ရှိချိန်တွင် ပုန်းကွယ်နေပြီးနောက် တစ်ဖန်ပေါ်လာသည်။
"Meh!"
"Puff puff!"
"ဟင်… ဒါဆို မင်းတို့ နှစ်ယောက် ပြန်လာကြပြီလား?" ရွှီဇီယန် စိတ်ကောင်းဝင်နေပြီး ထိုင်ချကာ ရွှယ်ထွမ်၏ပျော့ပျောင်းသောဆံပင်ကို ပွတ်သပ်လိုက်သည်။
သူနဲ့ရွှီဇီရုန်ဟာ အခုလေးတင်မှ ပြီးပြည့်စုံပြီး စေ့စေ့စပ်စပ်ဆွေးနွေးထားပေမယ့် သူ့ကိုဝမ်းနည်းစေသည့်အရာကတော့ – ဇီရုန်ဟာ သူ့အား မူလရွှီဇီယန်မဟုတ်ဘူးဆိုတာကို သိပုံရသည်။ သို့သော် သူ့ညီ၏ဇာစ်မြစ်သည် မရိုးရှင်းကြောင်းကို ရက်ပိုင်းလောက်ကမှသာသိရှိခဲ့ပြီး ဇီရုန်သည်ပြန်လည်မွေးဖွားလာပြီးနောက် တစ်စုံတစ်ယောက်ကဲ့သို့ ထိုအကြောင်းကို ကောင်းမွန်စွာဝှက်ထားခဲ့သည်။
အပြန်အလှန်ယုံကြည်မှုရှိခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤကဲ့သို့ ဖုံးကွယ်ထားသည့် အပြုအမူကို ရွှီဇီယန်နားမလည်ခဲ့တာက အခြားသူများ၏မျက်လုံးထဲတွင် ငတုံးတစ်ယောက်နဲ့တူနေပေလိမ့်မည်။
ဇီရုန်နှင့် သူ၏ဆက်ဆံရေးသည် သာမန်စုံတွဲတစ်တွဲကဲ့သို့ မရိုးရှင်းကြောင်း၊ ဇီရုန်ဟာ မည်မျှ အစွန်းရောက်တယ်ဆိုတာ သူခံစားမိပြီး၊ သူသည် လက်စားချေဖို့ ကြိုတင်အစီအစဉ်ရှိထားပါက ထိုအရာဟာ အလွန်အန္တရာယ်များမည်ဖြစ်သည်။
ပြန်လည်မွေးဖွားလာသော ဇီရုန်သည် သူ၏အရင်ဘဝကကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုမရှိတော့သော်လည်း သူဟာ သူ့ဘေးနားအမြဲရှိနေမည်ဆိုသည့်အချက်ဖြင့်သာ ကန့်သတ်ထားရသည်။ သူတစ်ခါလောက်ထွက်သွားတာနဲ့ ဒီကလေးက သူ့ထုံးစံအတိုင်း အမြင်လွဲမှားနေသည့်ရူးသွပ်စရာတွေ လုပ်နေနိုင်သည်...
အရင်တုန်းက ဇီရုန်အနီးမှာသာသူမရှိခဲ့ရင် တစ်စုံတစ်ယောက်က သူ့ကိုများအနိုင်ကျင့်မှာလားဆိုပြီး အမြဲစိုးရိမ်နေရသည်။ အခုအချိန်မှာ ဇီရုန်က တခြားသူတွေအား အနိုင်ကျင့်မှာကိုသာ စိုးရိမ်နေမိတော့သည်...
ရွှီဇီယန်သည် သူ့နားထင်ကို တိတ်တဆိတ်ထိလိုက်ပြီး သူ့ဘဝတစ်လျှောက်လုံး စိတ်ပူနေရမည်မှာ အမှန်ပင်။ ဇီရုန်ကို ငြင်းပယ်ဖို့ထက် သူ့အားစိတ်မပူစေဖို့က ပိုခက်လိမ့်မည်။
"Meh!" ရွှယ်ထွမ်ဟာ ဖန်မောင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။ (မင်းသခင်က အရှက်လည်းမရှိဘူး၊ သူ့အစ်ကိုနဲ့တောင် လုပ်ခဲ့ပုံရတယ်။)
"Puff puff!" ဖန်မောင်က သူ့နားရွက်များကို သူ၏လက်သည်းတွေဖြင့် ကုတ်နေသည်။ (သူ့အစ်ကိုကလည်း လိုလိုလားလားပေးတာကို၊ မင်းနဲ့ ဘာဆိုင်လို့လဲ?)
"Meh!" (မင်းရဲ့အနာဂတ်အတွက် ငါစိတ်ပူမိတယ်။ စည်းမရှိတဲ့ ဒီလိုသခင်မျိုးနဲ့သာဆိုရင် တစ်နေ့နေ့ မင်းကို ရောင်းစားမှာ စိတ်မပူဘူးလား?)
"Puff puff!" ဖန်မောင်က မထီမဲ့မြင်ပြန်လှည့်လာသည်။ (မင်းကိုယ်မင်းသာ အရင်ဆုံး စိတ်ပူလိုက်၊ မင်းအစားကြီးတဲ့အတွက် မင်းရဲ့သခင်ကသာ မင်းကိုစွန့်ပစ်သွားနိုင်တယ်။)
စိတ်ဝိညာဉ်တိရိစ္ဆာန်နှစ်ကောင်သည် မပျော်မရွှင်ဖြင့် ထွက်သွားကြပြီး ရွှီဇီယန်ဟာ ၎င်းတို့အား စိတ်ရှုပ်ထွေးစွာကြည့်ပြီး ပခုံးတွန့်ကာ သူ့အခန်းထဲသို့ပြန်သွားတော့သည်။
ရွှီဇီရုန်၏မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်မှုကြောင့်
ရွှီဇီယန်၏ 'ဒဏ်ရာ' သည် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
အားလုံးက သူ့အတွက် ပျော်ရွှင်နေချိန်မှာ သူတို့ကတော့ သက်ပြင်းချနိုင်ရုံကလွဲလို့ ဘာမှမတတ်နိုင်ကြပါ။
သူတို့လေးယောက်ထဲမှာ ရွှီဇီယန်ဟာ ဝိညာဉ်ကြောချဲ့ထွင်ခြင်းကို ပထမဆုံးရောက်ရှိခဲ့သည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံစုပ်ယူပြီးနောက် သူဟာ အလွန်ရယ်စရာကောင်းလောက်အောင် “အကြောသေခြင်း” ဖြစ်သွားသည်။
ယခု ရွှီဇီယန်နှင့် ရွှီဇီရုန်တို့ဟာ အစောင့်များအဖြစ် ဝိညာဉ်ကြောချဲ့ထွက်ခြင်းအဆင့်သို့ ရောက်ရှိသွားကာ လုံခြုံမှုအဆင့်ဟာ တိုးမြင့်လာခဲ့သည်။ ရွှေအမြုတေအဆင့် ရန်သူများနှင့်ရင်ဆိုင်ရပါက အနည်းဆုံးတော့ အနည်းငယ်တိုက်ခိုက်နိုင်သည်။
တည်းခိုခန်းတွင် ရက်အနည်းငယ်ကြာ အနားယူပြီး သူ့ခန္ဓာကိုယ်တွင် ပုန်းအောင်းနေသည့်အန္တရာယ်များမရှိကြောင်း အတည်ပြုပြီးနောက်၊ ရွှီဇီယန်သည် အတော်အတန်လုံခြုံသော ခြံဝင်းမှထွက်ကာ လျှိုကွမ်းဂိုဏ်းမှတည်ထောင်ထားသည့်ဆိုင်ကို ရှာဖွေရန်သွားခဲ့သည်။
နေရောင်မရှိသောမြို့၏အမည်မှာ နေရောင်မရှိသောတောင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤတောင်သည် နေရောင်မရှိသောမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ တောင်တန်းတစ်ခုလုံးကို တိမ်မည်းများဖြင့် ဖုံးလွှမ်းထားသည်။ တောင်ပေါ်ရှိ မည်သူမဆို တစ်နှစ်ပတ်လုံး မှောင်နေသကဲ့သို့ ခံစားမိကြမည်ဖြစ်သောကြောင့် "နေရောင်မရှိသောတောင်" ဟူသော အမည်ကို ပေးထားသည်။
ချီလျန်မိသားစုသည် အရင်းအမြစ်မျိုးစုံ ပေါကြွယ်ဝသောကြောင့် နေရောင်မရှိသောမြို့ကို ဖန်တီးခဲ့သည်။ တောကောင်အမျိုးမျိုး၊ စိတ်ဝိညာဉ်ပန်းပွင့်များနှင့် စိတ်ဝိညာဉ်တွင်းထွက်ပစ္စည်းများမှလွဲ၍ တောင်တန်းရှိ အကျော်ကြားဆုံးမှာ ၎င်း၏စိတ်ဝိညာဉ်တွင်းပင်ဖြစ်သည်။
ဤစိတ်ဝိညာဉ်တွင်းသည် ကြီးကြီးမားမားမဟုတ်ပါ။ နှစ်ရာနှင့်ချီ၍ တူးဖော်ပြီးနောက်၊ အခြေခံအားဖြင့်တွင်းထဲ၌ စိတ်ဝိညာဉ်ရေးကျောက်တုံးများ လုံးဝမရှိပါ။ ချီလျန်မိသားစုသည် တွင်းပိုင်ဆိုင်သော လျှိုကွမ်းဂိုဏ်းထံမှ ဤကုန်ခမ်းသွားသော တွင်းကိုဝယ်ရန် စိတ်ဝိညာဉ်ကျောက်တုံးအမြောက်အမြားသုံးစွဲသောအခါတွင် လူအများအပြားက သူတို့ကို ရယ်မောကြသည်။ သို့သော်လည်း သူတို့သည် တွင်းကိုဝယ်ပြီးနောက် သူတို့ကိုယ်တိုင် အမြတ်ထုတ်ခြင်းမပြုဘဲ မြို့တော်တွင်အမြတ်ထုတ်ရန် ကန့်သတ်ချက်တွေဖြင့် ရောင်းချခဲ့ကြသည်။
အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးငါးရာမျှဖြင့် လူတစ်ဦးသည် တွင်းထဲသို့ဝင်ရောက်ကာ တစ်လကြာအောင်နေနိုင်သည်။ တစ်လအတွင်းတူးနိုင်သမျှ အရာအားလုံးကို သူပိုင်ဆိုင်နိုင်သည်။
ဤနည်းအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးဖော်ခြင်းသည် လောင်းကစားတစ်မျိုးဖြစ်လာသည်။ အဆင့်နိမ့်စိတ်ဝိညာဉ်ရေးကျောက်တုံးငါးရာသည် သင့်တင့်သောစျေးနှုန်းဖြစ်သည်။ ထိုကျောက်တုံးများကို တူးဖော်နိုင်သူတိုင်းသည် သူတို့၏ကုန်ကျစရိတ်ကို ပြန်လည်ရရှိမည်ဖြစ်ပြီး၊ အဆင့်မြင့်သောကျောက်တစ်လုံးကို တူးဖော်ပါက ချမ်းသာလာမည်ဖြစ်သည်။
ထို့အပြင် သတ္ထုတွင်းထွက်ကြောများတွင် လူများသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ ပေါက်ဖွားလာသော စိတ်ဝိညာဉ်သတ္တုရိုင်းများကို ရံဖန်ရံခါ တွေ့ရှိနိုင်သည်။ တစ်ခါက ကျင့်ကြံသူတစ်ဦးသည် စွန့်ပစ်ထားသော တွင်းတစ်ခုတွင် သစ်သားပုံစံ စိတ်ဝိညာဉ်သလင်းကျောက်တစ်ပိုင်းကို တူးဖော်ခဲ့သည်။ လက်မအရွယ်ရှိသော သစ်သားအမျိုးအစား စိတ်ဝိညာဉ်သလင်းကျောက်သည် ရာနှင့်ချီသော အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများနှင့် တန်ဖိုးတူညီသည်။ ထိုကဲ့သို့ သတင်းများသည် မြို့တွင်းရှိ လူအများအပြားကို တွင်းတူးဖော်စေရန် ဆွဲဆောင်ခဲ့သည်။
ချီလျန်မိသားစု၏ ရင်းနှီးမြုပ်နှံမှုသည် အခြားသူများ မျှော်လင့်ထားသည့်အတိုင်း မည်သည့်ဆုံးရှုံးမှုမှ မသက်ရောက်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ထူးခြားသောလည်ပတ်မှုနည်းလမ်းသည် သူတို့အား ကြီးမားသောအမြတ်အစွန်းများရရှိစေပြီး လူများစွာကို ထိတ်လန့်စေခဲ့သည်။
ချီလျန်မိသားစုသည် ထိုကဲ့သို့သော လည်ပတ်မှုနည်းလမ်းကို ချမှတ်နိုင်ခဲ့ပြီး ၎င်းအရာကတော့ မိသားစုက ကတိများကို အလွန်တန်ဖိုးထားသည့်အချက်နှင့် ဆက်စပ်နေသည်။
ချီလျန်၏လေလံအိမ်တော်တွင် လုံခြုံရေးအဆင့်မြင့်ထားသည်။ အိမ်ပြင်ထွက်ပြီးတာနဲ့ လုယက်ခံရမှာကို ဘယ်သူမှ စိတ်ပူစရာမလိုပါဘူး။
လေလံအိမ်တော်တစ်ခုစီတွင် အနည်းဆုံး ထွက်ပေါက်ငါးဆယ်ကျော်ရှိပြီး ယင်းထွက်ပေါက်များကို မြို့တွင်းနှင့်အပြင်သို့ ဖြန့်ဝေထားသည်။ ၎င်းတို့ထဲမှ နှစ်ဆယ်ကို လေလံပွဲတိုင်းတွင် ဖွင့်လှစ်ထားသည်။ ဤနည်းအားဖြင့် ဝယ်သူများနှင့် ရောင်းချသူများ၏ ဘေးကင်းမှုကို အပြည့်အဝ အာမခံထားသောကြောင့် သူတို့တွေက ဝယ်သူတွေကို ထိုက်တန်သည့်အရာများဖြင့် ပျော်ရွှင်စွာနေထိုင်ပြီး ခံစားနိုင်စေရန်ဖြစ်သည်။
"ကိုကို၊ ကျွန်တော် လျှိုကွမ်းဂိုဏ်းကို သွားမေးကြည့်တော့ သူတို့က ကုန်ပစ္စည်းတစ်သုတ်ပို့ပြီး နောက်တစ်ကြိမ်က ၃ လလောက်ကြာလိမ့်မယ်တဲ့။ ကျွန်တော် ဒီမှာပဲစောင့်နေရမလား?"
"သုံးလ…" ရွှီဇီယန် မျက်မှောင်ကြုတ်သွား၏။ လျှိုကွမ်းဂိုဏ်းဆီ ပြန်သွားရန် ချွမ်းယွင်စောကို သုံးလလောက်ကြာအောင်မောင်းနင်ဖို့ လုံလောက်ပေမယ့် လမ်းခရီးမှာ သူတို့ရဲ့လုံခြုံရေးကို အာမခံချက် မပေးနိုင်ဘူး။
ယခု သူတို့သည် မိစ္ဆာကျင့်ကြံသူများ၏ နယ်မြေတစ်ဝက်ကျော်ကို ဖြတ်ကျော်ဝင်ရောက်လုနီးပါးဖြစ်နေပြီဖြစ်သော်လည်း လမ်းတွင်သူတို့ကြုံတွေ့ရမည့်အရာများကို မည်သူမျှမသိနိုင်ချေ။
သူတို့တွေသာ ရွှေအမြုတေကျင့်ကြံသူအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပါက ပို၍ လုံခြုံလာမည်မှာ သေချာပါသည်။ သို့သော် သူတို့သည် နေရောင်မရှိသောမြို့တွင် ၃ လကြာနေလိုပါက၊ သူတို့၌ရှိသော စိတ်ဝိညာဉ်ကျောက်တုံးပမာဏသည် ကြီးမားသောပြဿနာဖြစ်လာလိမ့်မည်။
ဝိညာဉ်ကူးပြောင်းလာပြီးနောက် ရွှီဇီယန်သည် ဆင်းရဲခြင်းဆိုသည့် ခံစားချက်ကို ပထမဆုံးခံစားခဲ့ရခြင်းဖြစ်သည်။ တစ္ဆေတောင်မှာ တွေ့ရှိခဲ့သည့် ပစ္စည်းတွေကို ဆေးဝါးနဲ့ဆေးပြားတွေအဖြစ် ရောင်းချထားပြီးဖြစ်သည်။ အခု သူတို့မှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၄ ခုပဲ ကျန်တော့သည်။
ဤစိတ်ဝိညာဉ်ကျောက်တုံးပမာဏဖြင့် ငှားရမ်းခပေးချေရန် (သို့မဟုတ်) ကျင့်ကြံခြင်းအတွက် လိုအပ်သောဆေးပြားများဝယ်ရန် သူတို့အတွက် လုံလောက်မည်မဟုတ်ပါ။ (ရွှီဇီယန်သည် သူတို့တည်းခိုသော တည်းခိုခန်းက အကောင်းဆုံးတည်းခိုးခန်ဖြစ်ကြောင်း ရိပ်မိသွားပြီး တစ်နေ့ကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုပေးချေရမှာပါ။)
ချန်ခွင်အိတ်အလွတ်ကိုကြည့်ပြီးနောက် ရွှီဇီယန်အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ လော့ယွင်ပေးခဲ့သော အရာများသည် အသက်ကယ်ရတနာများဖြစ်ပြီး မည်သည့်နည်းနှင့်မျှ မရောင်းချနိုင်သော်လည်း ၎င်းတို့တွင် အဖိုးတန်သောအရာများပင် မရှိခဲ့တော့ဘူး — ထိုအကြောင်းကို တွေးတောရင်း သူ့အား စိတ်မကောင်းဖြစ်စေခဲ့သည်။ _(:3∠)_
"တကယ်လား? တစ်ယောက်ယောက်က ဒြပ်စင်ငါးမျိုး သလင်းကျောက်ကို တူးဖော်နိုင်ခဲ့တာလား?" ထိုအချိန်တွင် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ထိတ်လန့်တကြားဖြင့် ဝင်လာကြသည်။
"ဟင်? ဘယ်လို ဒြပ်စင်ငါးမျိုး သလင်းကျောက်လဲ?" တစ်စုံတစ်ယောက်က ဒီလိုတန်ဖိုးကြီးသည့် စိတ်ဝိညာဉ်သတ္တုရိုင်းအကြောင်း ပြောသောအခါ ရွှီဇီယန်က ပိုပြီးဂရုတစိုက် သေချာနားထောင်နေသည်။
"အခုလေးတင် လမ်းလျှောက်ထွက်ပြီး လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်ယောက်က ဒြပ်စင်ငါးမျိုး သလင်းကျောက်ကိုတူးပြီး ပိုက်ဆံအများကြီးနဲ့ ရောင်းလိုက်တယ်လို့ လက်ဖက်ရည်ဆိုင်မှာ လူတစ်ယောက်ပြောနေတာ ကြားလိုက်ရတယ်။" ကျန်ရင်းက ရှင်းပြလိုက်သည်။
"ဒြပ်စင်ငါးမျိုး သလင်းကျောက်" ရွှီဇီ
န် သူ့မေးစေ့ကို ထိလိုက်၏။ သူ၏မူလခန္ဓာကိုယ်သည် မိစ္ဆာကျင့်ကြံခြင်းနယ်မြေများတွင် ခြေချဖူးချင်းဖြစ်ပေမယ့် ၎င်းကိုတစ်ခါမှ မကြားဖူးပါ။
ထိုစကားလုံးကိုကြားသောအခါ ရွှီဇီရုန်၏မျက်လုံးများ တောက်ပလာကာ ထိုအချိန်တုန်းက သူထွက်ပြေးရန် အလုပ်ရှုပ်နေသော်လည်း နေရောင်မရှိသောမြို့ရှိ စွန့်ပစ်ထားသော စိတ်ဝိညာဉ်တွင်းများတွင် ဒြပ်စင်ငါးမျိုးသလင်းကျောက် တူးဖော်ထားကြောင်း သတင်းကိုလည်း သူကြားသိခဲ့ရသည်။ ရက်များကို တွက်ချက်ပြီးနောက်၊ ၎င်းသည် တစ်လ (သို့မဟုတ်) နှစ်လအတွင်း ဖြစ်သင့်သည်။
ထိုအချိန်တုန်း ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်သူသည် အလွန်ညံ့ဖျင်းသော အခြေအနေတွင်ရှိနေသော အခြေခံကျင့်ကြံခြင်းအဆင့်ကနေ ထိုသလင်းကျောက်ကို ရောင်းပြီးနောက် ရရှိထားသည့် ဆေးပြားတွေဖြင့် ရွှေအမြုတေအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ ထိုသလင်းကျောက်ဟာ ဘယ်လောက်တန်တယ်ဆိုတာ သိသာလှသည်။
မှန်ပါသည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်သာ သူ့လက်ထဲသို့ ရောက်လာပါက၊ သူဟာ ၎င်းကို ဘယ်တော့မှ ရောင်းချမည်မဟုတ်ပါ။ ဒြပ်စင်ငါးမျိုးသလင်းကျောက်၏ အကြီးမားဆုံးလုပ်ဆောင်ချက်မှာ စိတ်ဝိညာဉ်စွမ်းအင်အရင်းအမြစ်ဖြစ်လာနိုင်သည်။ တစ်နည်းဆိုရသော် တစ်စုံတစ်ဦးသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်အနီးတွင် ကျင့်ကြံသ၍၊ ကြီးမားသည့်မင်္ဂလာရှိသောမြေကြီးကို သယ်ဆောင်သွားခြင်းနှင့် တူညီလုနီးပါးရှိသည်။
ဒြပ်စင်ငါးမျိုးသလင်းကျောက်တွင် ဒြပ်စင်ငါးခုပါရှိသောကြောင့် မည်သည့်ပတ်ဝန်းကျင်တွင်မဆို အဆုံးမဲ့စွမ်းအင်ဖြင့် သန့်စင်သောအရှိန်အဝါကို ထုတ်လုပ်ပေးနိုင်သည်။ သို့သော် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ချန်ခွင်အိတ်ထဲသို့ထည့်၍မရပါ၊ ထို့ကြောင့် ၎င်းကိုပိုင်ဆိုင်သူတိုင်းသည် အမတဝိညာဉ်အခြေတည်စအဆင့်နှင့် အထက်တွင်ရှိကြသည်။
အဲဒီတုန်းကတူးဖော်သည့်သူဟာ အရမ်းဉာဏ်ကောင်းသည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်၏ အကျိုးသက်ရောက်မှုကို သူသတိပြုမိသော်လည်း ဤရတနာမျိုးသည် သူထိန်းသိမ်းထားနိုင်သော အရာမဟုတ်ကြောင်းကိုလည်း သူသိသည်။ ထို့ကြောင့် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်ပြီးနောက်၊ သူသည် နေရောင်မရှိသောမြို့သို့ ချက်ချင်းပြန်သွားပြီး ချီလျန်မိသားစု၏ လေလံပွဲ၌ပုန်းနေခဲ့သည်။ လေလံပွဲအပြီးတွင် သူသည်စိတ်ဝိညာဉ်ကျောက်တုံးများစွာဖြင့် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် လူတို့ကို ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေနိုင်သည်မှလွဲ၍ ကျင့်ကြံသူအများစုသည် ၎င်းအားအခြားနေရာတွင်အသုံးပြုရာမှာလည်း နှစ်သက်ကြသည်။
လူတိုင်းသိကြသည့်အတိုင်း အမတဝိညာဉ်အခြေတည်စအဆင့်သို့ရောက်ပြီးနောက်၊ 'ကိုယ်ပိုင်နေရာ'အတွင်းရှိ အချို့သောစည်းမျဉ်းများကို သိရှိနိုင်မည်ဖြစ်သည်။ အချို့သောကျင့်ကြံသူများသည် နေရာ၏မန္တန်များကိုသိရှိပြီး သူတို့ကိုယ်ပိုင် နေရာတစ်ခုကိုဖန်တီးနိုင်သည်။
ဤနေရာမျိုးကို ကျင့်ကြံသူများက "ရွှီမီ" ဟု ခေါ်ဝေါ်ကြသည်။
ယေဘူယျအားဖြင့် “ရွှီမီ” ကို သိုလှောင်မှု ထောက်ပံ့ရေးပစ္စည်းများအတွက် အစားထိုးအဖြစ်သာ အသုံးပြုနိုင်သည်။ တစ်ခုတည်းသောအားသာချက်မှာ ပိုင်ရှင်၏ခွင့်ပြုချက်မှလွဲ၍ ထိုနေရာတွင် ဝှက်ထားသောအရာများကို ဖယ်ရှား၍မရပါ။
သို့သော် သာမန် “ရွှီမီ” သည် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ခွင့်မပြုနိုင်ပါ။ ကျင့်ကြံသူသည် ဆန်းကျယ်သောနေရာတစ်ခုကို ဆောက်လုပ်လိုပါက ၎င်းထဲတွင် အသန့်စင်ဆုံး ဒြပ်စင်ငါးမျိုးဖြင့် ရတနာများကို ထားရှိရမည်ဖြစ်သည်။ ၎င်းဟာ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်း (ဒါမှမဟုတ်) ၎င်းကို ဘယ်သူမှ မကြည့်ရဲကြပါ။
ဤအကြောင်းကြောင့်ပင် သက်ရှိများကိုနေခွင့်ပြုထားသော "ရွှီမီ" ဖြင့် ကျင့်ကြံသူအများစုသည် နတ်ဘုရားကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိကြပြီး၊ ဤကျင့်ကြံခြင်းအဆင့်ဖြင့်သာ ဒြပ်စင်ငါးမျိုး၏ အဆုံးစွန်သောရတနာများကို လုံလုံလောက်လောက်စုဆောင်းနိုင်စေရန် အာမခံနိုင်သောကြောင့်ဖြစ်သည်။
ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် ဤရတနာမျိုးအတွက် အလွန်ကောင်းမွန်သော အစားထိုးကောင်းဖြစ်လိမ့်မည်။
ရွှီမီတွင် ဤဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တစ်စုံတစ်ယောက်ဆီ၌ထား,ထားသ၍၊ ၎င်းသည် ဒြပ်စင်ငါးခု၏အရှိန်အဝါ ဖြည်းညှင်းစွာထုတ်လွှတ်ခြင်းဖြင့် အတွင်းပတ်ဝန်းကျင်ကို တဖြည်းဖြည်းပြောင်းလဲစေပြီး ပိုမိုတက်ကြွလာစေသည်။
ရွှီဇီယန်က ကုဗတုံးရှိကြောင်း ဝန်ခံထားပြီးဖြစ်သောကြောင့် ရွှီဇီရုန်ဟာ ဤမှော်ဆန်သော ကုဗတုံးအကြောင်းကို အမြဲတမ်း သိချင်နေခဲ့သည်။
ကျင့်ကြံသူကိုယ်တိုင်တည်ဆောက်ထားသည့် ရွှီမီနဲ့ လုံးဝကွဲပြားသောကုဗတုံးဟာ လူသားတွေကို နှစ်မီတာအတွင်း အမှန်တကယ်ရှင်သန်ခွင့်ပေးနိုင်ပါသည်။ ၎င်းသည် ရွှီမီနှင့်ပတ်သက်၍ ရွှီဇီရုန်၏သိမြင်မှုအားလုံးကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။
ကံကောင်းထောက်မစွာ၊ သူဟာ ပြန်လည်မွေးဖွားခြင်းနှင့် ဝိညာဉ်ကူးပြောင်းလာခြင်းဆိုသည့် အံ့ဖွယ်နှစ်ခုကိုပင် ကြုံတွေ့ခဲ့ရသောကြောင့် ကုဗတုံး၏တည်ရှိမှုသည် သူ့အတွက် အလွန်တုန်လှုပ်စရာမဟုတ်ပါဘူး။ ╮(╯▽╰)╭
"ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ကုဗတုံးထဲမှာထည့်လိုက်ရင် ဘယ်လိုဖြစ်လာမလဲ?" ရွှီဇီယန်က သူ့မေးစေ့သူကိုင်ထားရင်း သူ့ကိုယ်သူရေရွတ်လိုက်၏။ ဒြပ်စင်ငါးမျိုးသလင်းကျောက်အကြောင်းကို သူ့ကိုကိုအား ပြောပြပြီးနောက် ကျန်ရင်းကို ထွက်သွားခိုင်းလိုက်တော့သည်။
ထိုအကြောင်းနှင့်စပ်လျဉ်း၍ ရွှီဇီရုန်သည်လည်း သူအရမ်းကံကောင်းသည်ဟု ခံစားမိသည်။ သူ့ကိုကိုဟာ ထိုလူယုတ်မာကောင်၏ယခင်ဘဝက မှတ်ဉာဏ်များအားလုံးကို ပိုင်ဆိုင်ထားခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူ့ကိုကိုဟာ သူ့အား ဒီလိုမျိုး အလိုလိုက်မှာမဟုတ်ဘူး။
သူ၏ပြန်လည်မွေးဖွားခြင်းနဲ့ သူ့ကိုကို၏ ဝိညာဉ်ပြောင်းခြင်းကြောင့် သူတို့နှစ်ယောက်၏မှတ်ဉာဏ်တွေကို ပေါင်းစပ်ကြည့်ပါက ရွှမ်းယွိနယ်မြေရှိ အကြီးမားဆုံးသော အနာဂတ်ကိုခန့်မှန်းသူတစ်ယောက်လိုပါပဲ။
ဒါတင်မကသေးဘဲ သူ့ကိုကိုဟာ ပိုင်ဟွရဲ့အတွေ့အကြုံတွေထဲက တစ်စိတ်တစ်ပိုင်းကိုတောင် မြင်တွေ့ထားခဲ့တာကြောင့် ဇီရုန်သည် အဲ့ဒီလူယုတ်မာကို ရှိသမျှအခွင့်အရေးအားလုံးကိုသုံးကာ ပိုပြီးတော့တောင် ဝေးဝေးသို့ထွက်သွားခိုင်းစေချင်သည်။
ထိုရတနာများ၊ စိတ်ဝိညာဉ်တိရစ္ဆာန်များမပါဘဲ၊ အထောက်အပံ့များစွာမရှိဘဲနဲ့ ပိုင်ဟွသည် ရွှမ်းယွိနယ်မြေကို ဆက်လက်စိုးမိုးထားနိုင်ဦးမလားဆိုတာ သူမြင်ချင်သေးသည်။
"ဒြပ်စင်ငါးမျိုးသလင်းကျောက်က ကောင်းတဲ့အရာပါပဲ၊ ဒါပေမယ့် အဲ့ဒါက ဘယ်မှာလဲ မင်းသိလား? စွန့်ပစ်ထားတဲ့တွင်းက အကြီးကြီးကို" ရွှီဇီယန်က သူ့ညီလေးအား သံသယဖြစ်စွာကြည့်လိုက်သည်။
အကယ်၍ ရွှီဇီရုန်သာ ထိုနေရာမှာရှိခဲ့ပါက၊ ရွှီဇီယန်လည်း ဤကဲ့သို့သံသယများရှိနေမည်မဟုတ်သော်လည်း ထိုအရာကောလဟာလတစ်ခုသာဖြစ်သေးသည်။ ဒီလိုမှမဟုတ်ရင် ထိုအရာရဲ့တည်နေရာကို အလွယ်တကူရှာလို့ မရနိုင်ဘူး။
ရွှီဇီရုန်၏နှုတ်ခမ်းထောင့်ဟာ ကော့တက်သွားပြီး
"ချီလျန်မိသားစုကို ကျေးဇူးတင်ရမှာပေါ့။"
"ဟမ်?" ရွှီဇီယန် အံ့ဩသွားရပြီး ချီလျန်မိသားစုနဲ့ ဘာဆိုင်လို့လဲ?
"ဘာလို့လဲဆိုတော့ ကျင့်ကြံသူတစ်ယောက်က ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်ပြီးနောက် ချီလျန်မိသားစုက တွင်းရဲ့လိုဏ်ဂူကို ချက်ချင်းပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ အဲ့ဒီသတ္တုတွင်းကို တူးချင်တဲ့သူက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်ကိုပေးရတယ်"
"ဈေးကဆယ်ဆတောင်?" ရွှီဇီယန်အံ့သြသွားသည်။
"ဟုတ်တယ်။ နောက်ဆုံးတော့ အဲ့ဒါက ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်ခဲ့တဲ့နေရာပဲ၊ ဒြပ်စင်ငါးမျိုးသလင်းကျောက်က အရှိန်အဝါနဲ့ပြည့်နက်နေတယ်ဆိုတာ လူတိုင်းသိထားကြပြီး အဲ့ဒီနေရာမှာ ကျွန်တော်တို့ရှာဖွေနိုင်တဲ့ အခြားသောစိတ်ဝိညာဉ်ရတနာတွေလည်း ရှိကောင်းရှိနိုင်တယ်။" ရွှီဇီရုန် လှောင်ပြောင်လိုက်၏။
ရွှီဇီယန်လည်းချက်ချင်း လှောင်ပြောင်လိုက်ပြီး "ချီလျန်မိသားစုက ဉာဏ်ကောင်းတာကြောင့် ဥမင်လိုဏ်ခေါင်းကို သေသေချာချာ မှန်းဆထားမှာပေါ့။ သူတို့က ဘာမှချန်ထားခဲ့ဖို့ မဖြစ်နိုင်ပါဘူး … ဒါမှမဟုတ် တခြားလူတွေကို ဥမင်လိုဏ်ခေါင်းတူးရာတွင် ဆွဲဆောင်ဖို့ သူတို့က တန်ဖိုးနည်းတဲ့ သတ္တုရိုင်းအချို့ကို အမှန်တကယ် ချန်ထားခဲ့နိုင်ပါတယ်။"
ရွှီဇီရုန်က သူ့ကိုကိုအား လက်မထောင်ပြလိုက်ပြီး "ကိုကိုပြောတာ မှန်တယ်။ အဲဒီအခါ ထိုဥမင်လိုဏ်ခေါင်းထဲမှာ လူတွေက သတ္တုရိုင်းတချို့ကို အသွားအလာ တူးကြပေမယ့် ငွေအများကြီးမတန်သလို အများအပြားလည်း မရှိခဲ့ဘူး။"
"ကျွတ် ကျွတ်၊ သူတို့တွေက တကယ့်ကို စီးပွားရေးသမားတွေလို့ ခေါ်တွင်လောက်ပါတယ်။ သူတို့ရဲ့အကြံအစည်ကတော့ မိုက်နေတာပဲ!" ရွှီဇီယန်ဟာ ရှေးခေတ်က ဤလူများအပေါ် သူ၏အထင်ကြီးမှုကို ပြန်လည်ဆန်းသစ်စေခဲ့သည်။ သူတို့၏တွေးခေါ်ပုံမှာ ယနေ့ခေတ်စီးပွားရေးသမားများထက် ပို၍ယုတ်ညံ့သည်မဟုတ်ပါလား။
"ဒါဆို ကျွန်တော်တို့ ဒီသုံးလအတွင်းမှာ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်မယ်လေ။ ကိုကို ဘယ်လိုသဘောရလဲ?"
"ကောင်းပြီ၊ အဲ့ဒီလိုပဲ လုပ်ကြတာပေါ့။ စကားမစပ် ငါတို့တွေ ကျန်ရင်းကိုပါ ခေါ်သွားရမယ်။ အဲ့ဒါက ငါပဲအမြင်မှားတာလား၊ ဘာလားတော့ ငါလည်းသေချာမသိဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က ငါတို့ကိုစောင့်ကြည့်နေသလို ခံစားနေရတယ်။" ရွှီဇီယန်ပြောလိုက်၏။
"ကောင်းပြီ" ရွှီဇီရုန်လည်း ပုံမှန်အတိုင်း ကန့်ကွက်ခြင်းမရှိပါ။ ထို့ကြောင့် သူတို့နှစ်ဦးသည် ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့ကို အကြောင်းကြားပြီး နောက်တစ်နေ့တွင် နေရောင်မရှိသောတောင်၏ သတ္တုတွင်းသို့သွားရန် သဘောတူခဲ့ကြသည်။
နောက်တစ်နေ့မနက်တွင် ၎င်းတို့လေးယောက်အဖွဲ့သည် နေရောင်မရှိသောမြို့ရှိ ချီလျန်မိသားစု တည်ထောင်ထားသည့် ရုံးချုပ်သို့သွားကြသည်။ တစ်ယောက်စီ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးငါးလုံးကို ပေးဆောင်ပြီးနောက် မထင်ရှားသော သံတုံးငယ်တစ်ခုစီကို ရရှိခဲ့သည်။ ဤသံတုံးသည် သတ္တုတွင်းသို့ ဝင်ရောက်ခြင်း၏ သက်သေပင်ဖြစ်သည်။ ဂူထဲသို့ဝင်သောအခါ သံတုံးများကို ချီလျန်မိသားစုမှကျင့်ကြံသူ စစ်ဆေးရန်အတွက် ကိုင်ဆောင်ထားရမည်။
သူဟာ သံတုံး ၄ တုံးကို ကုဗတုံးထဲသို့ ပစ်ချလိုက်သည်။ ကုဗတုံးဟာ နေရာအတွင်း ထုတ်လွှင့်မှုမှတစ်ဆင့် ပေါက်ကွဲထွက်လာသည့် စွမ်းအင်များကို အချိန်တိုင်း စုပ်ယူနိုင်သောကြောင့် ၎င်း၏တည်ရှိမှု ခံစားချက်သည် အလွန်တိုးမြင့်လာခဲ့သည်။ ထို့အပြင် ရွှီဇီရုန်ကလည်း ကုဗတုံးထဲတွင် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကိုထည့်ရန် ရည်ရွယ်ထားသောကြောင့် ရွှီဇီယန်သည် ၎င်း၏နာခံမှုအဆင့်ကို စတင်လေ့ကျင့်ခဲ့ရသည်။
(ကုဗတုံး: အိုး အိုး၊ ငါအရမ်းထိတ်လန့်သွားတယ် … နောက်ဆုံးတော့ ငါဖောက်ထွင်းမမြင်နိုင်တော့ဘူး!)
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးငါးခုသည် နေရောင်မရှိသောမြို့မှ နေရောင်မရှိသောတောင်သို့သွားရန် ကုန်ကျစရိတ်မပါဝင်သောကြောင့် ရွှီဇီယန်နှင့် အခြားသူများသည် သူတို့၏ ဓားရှည်များဖြင့် တောင်ပေါ်သို့ပျံသန်းသွားခဲ့ရသည်။ ကံကောင်းထောက်မစွာ ချီလျန်မိသားစုသည် အမြတ်အစွန်းအတွက်သာမဟုတ်ဘဲ သတ္တုတွင်းများ၏ အကွာအဝေးကို မှတ်တမ်းတင်ထားသည့် မြေပုံတစ်ခုအား သူတို့အဖွဲ့ကိုပေးခဲ့သည်။
"ခဏလေး၊ ငါတို့ အနောက်ဘက်ကို သွားရမှာမလား?" ကျန်ရင်းသည် မြေပုံပေါ်ရှိ ထိပ်လေးကို ညွှန်ပြပြီး မေးလိုက်၏။
"မဟုတ်ဘူး။ ငါတို့တောင်ဘက်ကို သွားသင့်တယ်လို့ထင်တယ်။" ဖန့်ထျန်းရွေ့၏ ထူထဲသော မျက်ခုံးမွှေးများက မျက်မှောင်ကြုတ်နေသည်။ သူကမြေပုံပေါ်တွင် သူတို့၏တည်နေရာကို ရှာဖွေရန် ကြိုးစားနေ၏။
"ငြင်းပွားမနေကြနဲ့၊ အဲ့ဒီဘက်ကို သွားရအောင် …" ရွှီဇီယန်ကပျော့ပြောင်းစွာဆိုလိုက်ပြီး အရှေ့ဘက်ကို ညွှန်ပြလိုက်သည်။
"ဘာကြောင့်လဲ? မြေပုံမှာက အနောက်ဘက်ကို ညွှန်ပြထားတယ်။" ကျန်ရင်းကမယုံကြည်နိုင်သေးဘူး။
ရွှီဇီရုန်က တိတ်တဆိတ် အောက်ဘက်ကိုညွှန်ပြလိုက်ပြီး ကျန်ရင်းအောက်ကို ငုံ့ကြည့်လိုက်ရင်း — အရှေ့ဘက်သို့ မြှားတစ်စင်းရဲ့သင်္ကေတပုံစံဖြင့် ခုတ်ထစ်ထားသည့် ထူထပ်သောတောအုပ်ကြီးတစ်ခုရှိနေသည်။
ကျန်ရင်း၊ဖန့်ထျန်းရွေ့: " … "
မြေပုံကိုလွှင့်ပစ်လိုက်ပြီးနောက် ကျန်ရင်းသည် မြေပုံပေါ်ရှိ အစက်အပြောက်များကို လေးလေးနက်နက် စစ်ဆေးနေခဲ့တာနဲ့ပတ်သက်ပြီး သူအရမ်းတုံးတာပဲလို့ ခံစားလိုက်ရသည်-____-
အလားတူ မြှားပေါင်းများစွာကို ဖြတ်ကျော်ပျံသန်းပြီးနောက် ဒဏ္ဍာရီဆန်ဆန် စွန့်ပစ်ထားသော သတ္တုသွေးကြောကို ရှာဖွေတွေ့ရှိရန် သူတို့အတွက် အချိန်အတော်ကြာခဲ့သည်။
#TK