Chapter 193
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 193

ဂုဏ်သတင်းပျက်ယွင်းခြင်း (၁)



စွေ့ချီချောင်းက သူ့နဖူးကို တွန်းလွှတ်ကာ ပြောလိုက်သည်။ 

“အပြင်ထွက်တာ ကောင်းလိမ့်မယ်နော် ...”


ကျန်းထန်ဝေ့က လုံးဝ မလှုပ်ရှားတော့ဘဲ သေချင်ယောင်ဆောင်နေလိုက်တော့သည်။ သူ၏ လုပ်ရပ်များကြောင့် သနားဖွယ်ရာ အဆုံးသတ်နှင့် ကြုံရနိုင်ကြောင်း သိနေသည့်တိုင် သူ့လုပ်ရပ်များကို သူကိုယ်တိုင်လည်း မရပ်တန့်နိုင်ခဲ့ချေ။ 


စွေ့ချီချောင်းမှာ မည်ကဲ့သို့ တုံ့ပြန်ရမည်မှန်း မသိတော့သည့်ဟန်ဖြင့် ပြောခဲ့ပြီးသည့် စကားကိုသာ နောက်တစ်ကြိမ် ထပ်ပြောလိုက်ရတော့သည်။ 

“ထတော့ ...”


ကျန်းထန်ဝေ့က သုန်မှုန်စွာဖြင့် ပြောလိုက်သည်။ 

“မိဘတွေ ထွက်သွားတဲ့ ပထမဆုံးနေ့က ... ကျွန်တော်က ကျောင်းမှာ အတန်းဖော်တွေနဲ့အတူ လက်မှုပစ္စည်းလေးတွေ လုပ်နေခဲ့တာလေ... အဲဒီ့တုန်းက အိမ်ပြန်ရောက်ရင် သူတို့ကို ပြရမယ်ဆိုပြီး အရမ်း စိတ်လှုပ်ရှားနေခဲ့တာ ... ဒါပေမယ့် သူတို့က အပျော်ခရီး ထွက်သွားကြတော့ ပြန်လာတဲ့အခါ အဲဒါကို တန်းမြင်ရအောင် ဆိုပြီး သူတို့ရဲ့ စားပွဲပေါ်ကို တင်ထားပေးခဲ့တာ ...”


စွေ့ချီချောင်း:  “ ...”


ကျန်းထန်ဝေ့:  “ ဒါပေမယ့် သူတို့က ဘယ်တော့မှ ပြန်မလာတော့ဘူးလို့တော့ ဘယ်သူက တွေးခဲ့မိမှာလဲ… အိပ်မက်ဆိုးမက်လို့ လန့်နိုးလာတဲ့အခါတိုင်း အမေကို လိုက်ရှာခဲ့ပေမယ့် .. ပွေ့ဖက်ပေးမယ့်သူဆိုလို့ စက်ရုပ်တစ်ရုပ်ပဲ ဘေးမှာရှိနေခဲ့တယ်လေ ...”


စွေ့ချီချောင်း: “...”


ကျန်းထန်ဝေ့:  “သူတို့နဲ့ အဆက်အသွယ်ရအောင် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ဖူးတယ် ဒါပေမယ့် ဘယ်လိုနည်းနဲ့မှ မရှာနိုင်ခဲ့ဘူး… ကျွန်တော့်ဆရာက အမှန်တရားကို လက်ခံလာဖို့ အသာတကြည် နားချခဲ့ပေမယ့် ကျွန်တော်ကတော့ သူတို့တွေကို လူဆိုးတွေက ပြန်ပေးဆွဲသွားတာလို့ပဲ ယုံကြည်ထားပြီး ခေါင်းမာမာနဲ့ အင်တာနက်ပေါ်ကနေ ဆက်တိုက် ရှာနေမိခဲ့တယ်လေ ...”


စွေ့ချီချောင်း:  “မင်းလက်ကို ဒီ့ထက်ပိုပြီး အောက်ဆင်းရဲ ဆင်းကြည့် တကယ် ရိုက်ပစ်တော့မှာ ...”


ကျန်းထန်ဝေ့က မသိမသာ တုန်ရီသွားတော့သည်။ သူက စွေ့ချီချောင်း ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်ကြောင်း သိထားသည့်တိုင် အရှုံးမပေးမီ နောက်ဆုံးအကြိမ် ကြိုးစားကြည့်လိုစိတ်များ ရှိနေသေးပေသည်။ 


“ကျွန်တော့်ဘဝက အရမ်းကို သနားဖို့ကောင်းခဲ့ ...”


စွေ့ချီချောင်း:  “မင်းကိုယ်မင်း သနားချင်ယောင်ဆောင်နေရင်း ငါ့ကို ပွတ်သပ်မနေနဲ့ ...”


ကျန်းထန်ဝေ့:  “...”


ကျန်းထန်ဝေ့က နောက်တစ်ကြိမ် ကြိုးစားလိုက်ပြန်သည်။ 

“ဒါပေမယ့် ကျွန်တော်က ဘာလုပ်နေလို့လဲ ကြည့်ပါလား ... မာတောင် မာနေပြီ .. ဒါကို အာရုံစိုက်နေဖို့ မလိုပါဘူး ...”


သူ အကောင်းဆုံး ကြိုးစားလိုက်သည့်တိုင် စွေ့ချီချောင်း၏ ငြင်းဆန်ခြင်းကို ခံလိုက်ရစမြဲပင်။ 


ကျန်းထန်ဝေ့လည်း သက်ပြင်းအသာချကာ လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


စွေ့ချီချောင်းက သူ့ကို ပြောလိုက်သည်။ 

“ရေချိုးခန်းထဲ သွား ...”


သူက ကျန်းထန်ဝေ့ကို သနားစရာကောင်းသည့် ပုံစံမျိုး ဟန်ဆောင်သည့်အပေါ် ဆူပူလိုက်သည့်တိုင် ယခင် ဖြစ်ရပ်များကြောင့် သူ့ကို မသိမသာ အလိုလိုက်မိနေခဲ့ဆဲ ဖြစ်သည်။ 


သားရဲသဖွယ် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ကျန်းထန်ဝေ့မှာ စွေ့ချီချောင်း၏ ခံစားချက်များကို ထွင်းဖောက်မြင်နေရသည့်ဟန်ပင်။ သူက တံတွေးတစ်လုတ် မျိုချကာ မေးလိုက်သည်။ 

“တံခါးကို ပိတ်မထားလို့ ရလား ...”


စွေ့ချီချောင်း “ဟမ်...”


ကျန်းထန်ဝေ့က သူ့ကို အလွန်ရိုးသားသန့်စင်ကာ မည်သည့်အရာကိုမှ မသိနားမလည်သူသဖွယ် စိုက်ကြည့်နေခဲ့၏။ 


စွေ့ချီချောင်းက သူ့ရေချိုးခန်း ရှိရာသို့ ဖျတ်ခနဲ လှည့်ကြည့်မိလိုက်သည်။ သူ့တိုက်ခန်းမှာ များစွာ မကြီးလှပေ။ ရေချိုးခန်းမှာ ဧည့်ခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေရာ အကယ်၍ ကျန်းထန်ဝေ့သာ တံခါးကို မပိတ်ပါလျှင် စွေ့ချီချောင်းအနေဖြင့် အထဲသို့ ဖျတ်ခနဲ လှမ်းမြင်နေရနိုင်ပေရာ...


စွေ့ချီချောင်း “...”


သူက စိတ်ကို ထိန်းချုပ်မထားနိုင်တော့ဟန်ဖြင့် အမှိုက်သရိုက်များဖြင့်သာ ပြည့်နှက်နေသော ကျန်းထန်ဝေ့၏ နောက်စေ့ကို အားဖြင့် ရိုက်လိုက်မိတော့သည်။ ထို့နောက် သူသာ ပေါက်ကရလုပ်ရပ်များအား ရပ်တန်းမှ မရပ်ပါလျှင် ချက်ခြင်း တိုက်ခန်းအပြင်ဘက်သို့ ကန်ထုတ်လိုက်မည်ဟုပါ တစ်ပါတည်း ခြိမ်းခြောက်သတိပေးလိုက်သည်။ 


ကျန်းထန်ဝေ့ကလည်း ခါးသီးမှုများစွာဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားရတော့သည်။ သူက သူ့ကိုယ်သူ အလွန်သာမန်ဖြစ်လွန်းသူ တစ်ဦးဟုသာ ခံယူထားပေသည်။ စွေ့ချီချောင်းသာ မရှိပါလျှင် သူ့ထံတွင် လိင်မှုဘဝဟူ၍လည်း ရှိမည် မဟုတ်ချေ။ ထို့ကြောင့် စွေ့ချီချောင်းနှင့် နီးနီးကပ်ကပ် နေရ၊ ပွတ်သပ်ရသည့်အခါတိုင်း မာလာတတ်သည်မှာ ပုံမှန်ပင်ဖြစ်ကာ မူမမှန်သူမှာ စွေ့ချီချောင်းသာ ဖြစ်ပေသည်။ စွေ့ချီချောင်းက သွေးနိုးထလာချိန်မှစ၍ သူ၏ လိုအင်ဆန္ဒအားလုံးကို စိုက်ပျိုးရေးအပေါ်တွင်သာ စုပုံထားခဲ့တော့သည်။ သူက စွေ့ချီချောင်းကို ဆရာဝန်နှင့် သွားပြရန်ပင် အကြံပေးလိုခဲ့သော်ငြား ထိုသို့ အကြံပေးခြင်းမှာ အလွန်အမင်း ဘောင်ကျော်လွန်းသည့်ပုံ ဖြစ်နေပေသည်။ 


ရေချိုးပြီးနောက် သူက စောင်တစ်ထည်ကို ခြုံကာ နူးညံ့အိစက်လှသည့် ဆိုဖာထက်တွင် လှဲလျောင်းမှေးစက်လိုက်တော့သည်။ မီးလာပိတ်သည့် စွေ့ချီချောင်းကို တွေ့လိုက်သည့်အခါ သူက တီးတိုး ပြောလိုက်၏။

“ကျွန်တော့်ကို လာနမ်းပါဦး ...”


စွေ့ချီချောင်းက ထိုတောင်းဆိုမှုကို လျစ်လျူရှုထားမည်ဟု တွေးထားသော်ငြား ထိုအခိုက်အတန့်တွင် တစ်ဖက်သူ၏ မျက်ဝန်းများနှင့် အကြည့်ချင်း ဆုံမိသွားတော့သည်။ မှန်နံရံများ၏ ဖောက်ထွင်းမြင်ရမှုကို လျော့ချထားပြီး ဖြစ်သည့်အပြင် ဧည့်ခန်းထဲတွင် ဖြာကျနေသော ခပ်ဖျော့ဖျော့ ကြယ်ရောင်များကြောင့် ကျန်းထန်ဝေ့၏ မျက်နှာကို အမှောင်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရတော့သည်။ 


သူ့မျက်နှာထက်တွင် ယခင့်ယခင်က ရှိခဲ့ဖူးသော ဉာဏ်များလွန်းသည့် အရိပ်အယောင်များ ပျောက်ကွယ်နေကာ ကြယ်ရောင်တို့ ရောင်ပြန်ဟပ်နေသည့် ခဲပြာရောင် မျက်ဝန်းလွှာတို့မှာ မြင်ရသူတိုင်းကို ကြယ်ရောင်အလား အထင်မှားလောက်စရာပင်။ ရှည်သွယ်သွယ် ခြေလက်များကို ကွေးထားသည့် သူ့ပုံစံမှာ သူ့ကိုယ်သူ ကာကွယ်ရန် အလိုလို ပြုလုပ်မိသည့် ပုံစံမျိုး ဖြစ်ပေသည်။ 


စွေ့ချီချောင်းက အနားသို့ လျှောက်လာကာ ဆိုဖာပေါ် လက်ထောက်၍ ကျန်းထန်ဝေ့ကို တစ်ခဏမျှ ငေးကြည့်နေပြီးနောက် သူ့မျက်ခုံးကို ပွတ်သပ်လိုက်သည်။ ကျန်းထန်ဝေ့မှာ ချမ်းမြေ့ဖွယ် ခံစားချက်များအကြား နစ်မြောနေသည့်အလားပင်။ စွေ့ချီချောင်းက ခေါင်းကို ငုံ့လိုက်ပြီးနောက် သူ့မျက်ခွံ၊ ထို့နောက် နှာခေါင်းထိပ်ဖျားပိုင်းနှင့် မေးစေ့တို့ကို အနမ်းပေးလိုက်သည်။ 

“ကောင်းသောညပါ ...”


.....


နောက်တစ်နေ့ မနက် ရိုက်ကွင်းသို့ ရောက်သည့်အခါ သူတို့နှစ်ဦးလုံး လင်းလင်းကို နောက်တစ်ကြိမ် တွေ့လိုက်ရပြန်သည်။ 


သူမက သူတို့ကို ပြုံးပြလိုက်၏။ 

“ကျွန်မ ကြားတာတော့ မနေ့က ရှင်တို့နှစ်ယောက် မစ္စတာကျန်းရဲ့မိဘတွေနဲ့ တွေ့ခဲ့ကြတယ်ဆို ...”


ကျန်းထန်ဝေ့၏  မျက်နှာမှာ မသိမသာ မည်းမှောင်သွားကာ စကားသံ တစ်ခွန်းမှ ထွက်မလာတော့ပေ။ သူက သူ့မိဘများကို သဘောမကျသည့်အပြင် သူ၏ ခေါင်းစီးသတင်းတွင် ပါလာမည့် အခွင့်အရေးကို ဖြတ်ချခဲ့သူ လင်းလင်းကို အမြင်မကြည်သည့်အတွက် သူမနှင့် စကားပြောလိုခြင်း အလျဉ်းရှိမနေပေ။ 


စွေ့ချီချောင်းက သူမကို ဖျတ်ခနဲ ကြည့်လိုက်သည်။ 

“သူတို့က မင်းကိုပါ လာရှာပြီးသွားပြီလား ...”


ထိုသူများနှင့် တွေ့ခဲ့စဉ်က ပန်းခြံထဲတွင် မည်သူမှ ရှိမနေခဲ့။ ထို့ကြောင့် ထိုအကြောင်းကို လင်းလင်း သိနေခြင်းမှာ အံ့ဩဖွယ်ရာ ကိစ္စတစ်ခုဖြစ်ပေသည်။ 


သူမက ခေါင်းညိတ်ပြလိုက်သည်။ 

“ဟုတ်တယ် မနေ့ညက ဆက်သွယ်လာကြတာ… သူတို့က ဖြစ်ခဲ့တာတွေ အကုန်လုံးကို ပြောပြခဲ့တယ်… မစ္စတာကျန်းက သူတို့ရဲ့ကလေးတဲ့ ရှင်နဲ့ မစ္စတာကျန်းကြားက ဆက်ဆံရေးကို ရေရေရာရာ မသိကြသေးပေမယ့် မနေ့က မစ္စတာကျန်းကို ရှင် ခေါ်ထုတ်သွားခဲ့တာဆိုတော့ သူတို့က ရှင်များ မစ္စတာကျန်းကို မွေးစားထားတာလား ဆိုပြီးတော့ကျွန်မကို လာမေးတာ… ပြီးတော့ မစ္စတာကျန်းနဲ့ တွေ့ခွင့်ရအောင် လုပ်ပေးဖို့ပါ အကူအညီ တောင်းသွားသေးတယ်...”


သူမက ကျန်းထန်ဝေ့ကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။ 

“အဲဒါနဲ့ ကျွန်မလည်း သူတို့ကို မေးလိုက်တယ်လေ မစ္စတာကျန်းက သူတို့ရဲ့ကလေး ဖြစ်နေတုန်းပဲလို့ တကယ်ကြီး ထင်နေတာလားလို့… ပြောရရင် သူတို့တွေ သူ့ကို မတွေ့ရတဲ့ နှစ်တွေမှ မနည်းတော့တာ တကယ်ကို သူတို့ကလေးအဖြစ် သဘောထားသေးတာ ဆိုရင်တော့ ကောင်းတာပေါ့… ကျွန်မတို့ဆာဗာတွေထဲကို မစ္စတာကျန်း ပထမဆုံးအကြိမ် ခိုးဝင်လာတုန်းက အသက်မပြည့်သေးဘူးလေ… သူ ခိုးဝင်လိုက်တာက ကျွန်မတို့ကုမ္ပဏီအတွက် ကြီးကြီးမားမားကို နစ်နာသွားခဲ့ရတာ မဟုတ်လား အဲဒီ့ နစ်နာမှုတွေအတွက် သူ့ဘက်က ပြန်လျော်မပေးနိုင်လို့ ဒီမှာ အလုပ်လုပ်နေတာလေ… အဲဒါကြောင့် သူတို့သာ မစ္စတာကျန်းရဲ့ မိဘတွေလို့ ခံယူထားတုန်းပဲဆိုရင် သူ့အကြွေးတွေကို ဆပ်ပေးရလည်း ပြဿနာမရှိဘူးမလား ...”


စွေ့ချီချောင်း “...”


ကျန်းထန်ဝေ့ “...”


သူမကို ကြည့်နေသည့် ကျန်းထန်ဝေ့၏ အမူအယာများ ပြောင်းလဲသွားကာ မျက်နှာထားမှာလည်း ဆက်တိုက် ဝင်းပလာတော့သည်။ 

“အစ်မ လုပ်သွားတာ အရမ်းကိုမိုက်တာပဲ ...”


ဒီလို ပြောင်မြောက်တဲ့ လုပ်ရပ်အတွက် နဖူးစည်းစာတန်းတစ်ခုပို့ပြီးတောင် ဂုဏ်ပြုပေးချင်လာပြီ ...


စွေ့ချီချောင်း၏ မျက်နှာထက်တွင်လည်း ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ 

“သူတို့က ဘယ်လို ပြန်ပြောလဲ ...”


လင်းလင်းက လှောင်ရယ်လိုဟန်ဖြင့် ပြောလိုက်သည်။ 

“ကျွန်မက သူ့ရဲ့ မွေးစားရင်းကို နောက်တစ်ခေါက် ပြန်စစ်ကြည့်ပြီး အစစ် ဟုတ်မဟုတ် အတည်သွားပြုရဦးမှာလို့ ပြောလိုက်တာ ဒါပေမယ့် ဥပဒေအရ ပြောရရင် သူတို့ကို သားသမီးရဲ့ အကြွေးတွေ ဆပ်ပေးရမယ်လို့ အတင်း ဖိအားပေးလို့တော့ မရဘူး ...”


သူမက ကျန်းထန်ဝေ့၏ ပုခုံးကို အသာပုတ်ပေးကာ ဆက်ပြောလိုက်သည်။

“ငါတို့ရဲ့ ကြယ်စင်စုထဲမှာလေ အဲဒီ့လို မိဘမျိုးတွေကို အများကြီး မြင်ဖူးတယ်…ပြောရရင် ဒီလို လုပ်ရပ်မျိုးက ခေတ်စားခဲ့တဲ့ အဖြစ်မျိုးလို့တောင် ပြောလို့ရတယ် ဒီကိစ္စတွေရဲ့ အရင်းအမြစ်က ဘဝကို လွတ်လွတ်လပ်လပ် နေချင်စိတ်များလာခြင်းရဲ့ ဆိုးကျိုးတွေလို့ ထောက်ပြခဲ့တဲ့ လူတွေလည်း အများကြီးပဲ… သူတို့ရဲ့ ကိုယ်ပိုင်ဘဝနောက်ကို လိုက်ခွင့်ရှိတယ် ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကိုကျ မေ့နေကြတယ်လေ... အခုဆို ပိုပြီး တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ရှိလာပြီး မျိုးဆက်ပြန့်ပွားခွင့် အသိအမှတ်ပြုလက်မှတ် ရလာဖို့က ပိုပြီး ခက်လာပြီ ဆိုပေမယ့် ဟင်း ... သူတို့တွေကလေ မင်းလို ဒီလောက် အသက်ငယ်ငယ်ကလေးကို ဘယ်လိုစိတ်နဲ့များ ချန်ထားရက်နိုင်ကြရတာလဲ ...”


သူမအနေဖြင့် ကျန်းထန်ဝေ့မှာ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ကြီးပြင်းလာရခြင်းဖြစ်ကြောင်း နားလည်ပေးနိုင်ပေသည်။ စက်ရုပ်များထံမှ ပညာရေး၊ စောင့်ရှောက်မှုနှင့် နေ့စဉ်ဓူဝ လိုအပ်ချက်များနှင့် စပ်လျဉ်းသည့် အထောက်အပံ့များကို ရနိုင်သည့်တိုင် အချို့သော ခံစားချက်များကိုမူ မည်သို့သောအခါမှ သင်ယူနိုင် နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သူမ၏ ကျန်းထန်ဝေ့အပေါ် ခံစားချက်များမှာ စာနာသနားမှုနှင့် ကိုယ်ချင်းစာခြင်းများသာမက သူမ၏ ဆံပင်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းသည့် စိတ်များလည်း ပါဝင်နေပေသည်။ 


“ဟုတ်တယ် အရမ်းကို အထီးကျန်ပြီး ကူကယ်ရာ မဲ့နေခဲ့ရတာ ...”

ကျန်းထန်ဝေ့၏ ခဲပြာရောင်မျက်ဝန်းများမှာ စိုစွတ်ကာ ငွေ့ရည်ဖွဲ့လာတော့သည်။ သူ့မျက်ဝန်းများမှ အကြည့်များကြောင့် စွေ့ချီချောင်းပင်လျှင် စိတ်ထိခိုက်သွားရသည့်အတွက် လင်းလင်းမှာ ပို၍ပင် စိုးရိမ်ပူပန်လာမိတော့သည်။ 


ကျန်းထန်ဝေ့က စကားပြောနေလျက်နှင့်ပင် မှီခိုရန် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်ဟန်ဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို စွေ့ချီချောင်းရှိရာဘက်သို့ မှီလိုက်ကာ သူ့လည်တိုင်တွင် မျက်နှာအပ်ထားလိုက်တော့သည်။ 


စွေ့ချီချောင်း “...”


လင်းလင်းက သူတို့ကို အားရကျေနပ်စွာဖြင့် ကြည့်နေလိုက်သည်။ 


စွေ့ချီချောင်းက သူ့ကို စိုက်ကြည့်နေကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 

“အခြေခံ နာခံတတ်မှုသင်တန်းကို နောက်တစ်ကြိမ် ထပ်သင်ချင်နေတာလား ...”


ကျန်းထန်ဝေ့က ခေါင်းကို အသာမော့လာကာ ပြောလိုက်သည်။ 

“မှီရုံလေးပဲ မှီနေတာလေ... မာနေတာတောင် မဟုတ်တာကို...”


စွေ့ချီချောင်း  “...”


လင်းလင်း  “...”


သူတို့တွေ ဘာတွေ ပြောနေကြတာလဲ ...


......


ကျန်းထန်ဝေ့၏ မိဘများမှာ လင်းလင်း၏ ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသည့်အပြင် သူ့အပေါ်တွင်လည်း နက်နက်ရှိုင်းရှိုင်း တွယ်တာခြင်းမျိုး မရှိသည့်အတွက် နောက်တစ်ကြိမ် လာမရှာကြတော့ချေ။ သူတို့သာ LJJ နှင့် လက်မှတ်ထိုးမထားမိပါလျှင် လင်းလင်းဘက်မှ အကြွေးဆပ်ခိုင်းရန် လာရှာမည်ကို ကြောက်ရွံ့စိတ်ကြောင့် ချက်ခြင်း ထွက်ပြေးမိကြတော့မည် ဖြစ်သည်။ ကျန်းထန်ဝေ့နှင့် စွေ့ချီချောင်းကို နောက်တစ်ကြိမ် တွေ့ကြသည့်အခါ စွေ့ချီချောင်းအပေါ် သူတို့၏ သဘောထားမှာလည်း များစွာ ထူးဆန်းနေခဲ့ကြသည်။ 


ကျန်းထန်ဝေ့က တစ်ခဏမျှ ကြောင်အသွားပြီးနောက် ထိုသူများမှာ သူ့ကို အကြွေးဆပ်နိုင်ရန်အတွက် စွေ့ချီချောင်းထံ ကိုယ့်ကိုယ်ကိုယ် ရောင်းစားထားသူဟု  ထင်နေကြခြင်း ဖြစ်ရမည်ဟု သဘောပေါက်သွားတော့သည်။ ထို့အပြင် သူတို့က စွေ့ချီချောင်းကို သူ၏ သကြားဖေဖေ သို့မဟုတ် ပိုင်ရှင်ဟုပါ တွေးမိနေခဲ့ကြသည့်ဟန်ပင်။ 


သူက ထိုဇနီးမောင်နှံကို အကြိမ်တစ်ရာခန့် တိတ်တခိုး ကျိန်ဆဲလိုက်သည်။ 

ငါကမှ စွေ့ချီချောင်းကို မြေတွေသုံးပြီး သိမ်းပိုက်ချင်နေတဲ့ကောင်ပါကွ ...


စင်စစ်အားဖြင့် ကူကယ်ရာမဲ့မှုနှင့် ဒေါသစိတ်တို့ကို ခံစားအပြီးတွင် သူ့ထံ၌ စိတ်သက်သာရာ ရမှုများသာ ကျန်ရစ်တော့ပေသည်။ သူ့မိဘများ၏ သရုပ်မှန်ကို ယခုမှသာ မျက်ဝါးထင်ထင် မြင်တွေ့ရခြင်း ဖြစ်သည့်တိုင် အမှန်တရားကိုမူ ယခင်ကတည်းက သိထားနှင့်ခဲ့ပြီး ဖြစ်သည်။ 


သူ၏ ဂရုစိုက်မှုနှင့် မထိုက်တန်သူများကို ရှေ့ဆက်ပြီး အာရုံစိုက်နေရန် မလိုအပ်တော့ချေ။ 


သူ၏ ယခင်ပုံစံမှာ သူ့မိဘများနှင့် ပတ်သက်သည့် အမှန်တရားအချို့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်များ ဖြစ်သော်ငြား ယခုမူ သူ့တွင် စွေ့ချီချောင်း ရှိနေပြီ ဖြစ်သည့်အတွက် ယခင်နှင့်မတူ ကွဲပြားလာတော့မည်   ဖြစ်ပေသည်။ 


.....


စွေ့ချီချောင်း၏ နောက်ဆက်တွဲဇာတ်လမ်းကို season တစ်ခုသာ ထုတ်လွှင့်ပြသမည် ဖြစ်သည့်အပြင် ယခင်အပိုင်းများ၌ အရိပ်အယောင် ပြသခဲ့သည့် အမှန်တရားများကို နောက်ဆုံးအပိုင်းတွင်မှသာ ဖော်ပြမည် ဖြစ်သည့်အတွက် အွန်လိုင်းမှ ကြည့်ရှုသူ အရေအတွက်က  တစ်ဟုန်ထိုး ထိုးတက်သွားတော့သည်။


ဘုရင်စနစ်ကို ကျင့်သုံးသည့် နိုင်ငံသုံးနိုင်ငံလုံးက စွေ့ချီချောင်းကို သူတို့၏ တိုင်းပြည်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ကြကာ အချို့က သူ့ကို သူတို့၏ တော်ဝင်သွေးသားများနှင့် ရင်ခွင်ပိုက် အုပ်ချုပ်ရမည့် နိုင်ငံ့ဖခင် ဖြစ်စေလိုကြကာ အချို့ကမူ သူတို့၏ မင်းသမီးများနှင့် ထိမ်းမြားစေလိုကြသည်။ အရက်စက်ဆုံးသော နိုင်ငံကမူ သူတို့၏ နောက်ဆုံးသော ရုပ်သေးရုပ် တော်ဝင်မိသားစုကို စွန့်ပစ်ကာ နောက်ထပ် တော်ဝင်သွေးသားအား မဲနှိုက်ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကံထူးသူမှာ စွေ့ချီချောင်းပင် ဖြစ်ပေသည်။ 


သို့သော် စွေ့ချီချောင်းမှ ဆုံးဖြတ်ချက် ချသည့်အပိုင်းသို့ ရောက်သည့်အခါတွင်မူ ဇာတ်ကြောင်းမှာ ချောမွေ့ပြေပြစ်ခြင်း မရှိတော့ချေ။ နောက်ထပ် season အသစ်တစ်ခုတွင် မည်သည့်အရာများ ဖြစ်လာမည်ကို ကြိုတင်မသိနေကြ၍ ကြည့်ရှုသူများမှာ မကျေမနပ် ဖြစ်သွားကြတော့သည်။ 


ထိုဇာတ်လမ်းကို ကြိမ်ဖန်များစွာ ကြည့်ပြီးကြသည့်တိုင် နောက်ထပ် ဆက်ဖြစ်လာမည့် အကြောင်းအရာကို သိလိုနေကြဆဲပင်။ ထုတ်လုပ်သူများကလည်း သူတို့၏ သိလိုစိတ်များကို တမင်တကာ နှိုးဆွပြီး အချိန်ဆွဲထားခဲ့ကြသည်။ 


နောက်ဆုံးတွင်မူ LJJ ဘက်မှ မူရင်းဇာတ်လမ်း၏ သရုပ်ဆောင်များသည်လည်း နောက်ထပ် season တွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်လာမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည့်တိုင် ဧည့်သရုပ်ဆောင်များနှင့် ပတ်သက်၍ အသေးစိတ် မဆုံးဖြတ်ရသေးချေ။ ထိုသို့ဖြင့် ဤအကြောင်းအရာသည်လည်း အွန်လိုင်းပေါ်တွင် ဆွေးနွေးမှု များပြားသည့် အကြောင်းအရာ ဖြစ်လာတော့သည်။ 


“ အမှိုက်လို LJJ ငါတို့ကို ဘယ်လိုတောင် တန်းလန်းကြီး ချန်ထားရဲရတာလဲ အခုချက်ခြင်း ဇာတ်ညွှန်းရေးဆရာကို နောက် season အတွက် ဇာတ်ညွှန်းရေးခိုင်းပြီး ချက်ချင်းရိုက်… ချက်ချင်း ရုပ်သံလွှင့်ခိုင်းလိုက်စမ်း ထီးနန်းဆက်ခံတဲ့ စွေ့ချီချောင်းကို အခုကို တွေ့ချင်နေပြီလို့ ...”


“အရင်ဆုံး မဖြစ်နိုင်တဲ့ အချက်တွေကို ပယ်ထားလိုက်ကြမလား… စွေ့ချီချောင်းက မင်းသမီးတစ်ပါးနဲ့ လက်ထပ်လိုက်တယ် ဆိုတာမျိုးလေ ...”


“ဟားဟားဟားဟားဟားဟား  ... ဟုတ်သားပဲ ဒီပရိုဂရမ်က တကယ် ဖြစ်ခဲ့တာတွေကနေ အိုင်ဒီယာ ယူထားတာဆို ... ကျင့်ကြံရေးကမ္ဘာက သူ့ရဲ့ လက်တွဲဖော်ဟောင်းတွေကို အကဲခတ်လိုက်ရင်ကို သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုက ဘာဆိုတာ သိနေပြီးသားပဲလေ… သူက ယောကျာ်းတွေပဲ ကြိုက်တာ ...”


“ဘာလို့ သူ့အတွက် ထီးနန်းဆက်ခံဖို့ အရှုပ်ထွေးဆုံး နည်းလမ်းအကြောင်းကို ဘယ်သူမှ မပြောကြတာလဲ မဲပေါက်တာလေ ...”


“အနုပညာဆိုတာက နေ့စဉ်ဘဝတွေကနေ ဖြစ်ပေါ်လာတာတဲ့ ပြီးတော့ တကယ့် အဖြစ်မှန်ထက် ပိုပြီး မကောင်းနိုင်ဘူးလေ မင်းတို့သိကြလား အဲဒါက တကယ် ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တဲ့… XX ဂြိုဟ်က  XX တော်ဝင်မိသားစုလေ ပြီးခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က အစပျောက်သွားတော့ အဲဒီ့တုန်းက ဘာဖြစ်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတောင် အကြီးအကျယ် ဆွေးနွေးခဲ့ကြသေးတယ်မလား… သူတို့က အစတုန်းက ရွေးကောက်ပွဲ လုပ်ချင်ခဲ့ကြတာတဲ့ ဒါပေမယ့် တစ်နိုင်ငံလုံးက လူတွေရဲ့ ဆန္ဒတွေကြောင့် စကြဝဠာတစ်ခုလုံးကို မဲနှိုက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြရတယ်လေ ပထမဆုကို နှိုက်မိတဲ့သူက ဘုရင် ဖြစ်လာမှာတဲ့ ...”


“ဟားဟားဟားဟား... ဒီလိုမျိုး ရူးကြောင်ကြောင် တိုင်းပြည်မျိုးလည်း ရှိသေးတာပဲလား တကယ်ကို ဒီအစီအစဉ်ရဲ့ စတိုင်နဲ့ ကွက်တိကျနေတာပဲ ...”


“ဒါနဲ့ အရွေးခံရတဲ့သူက သင်္ဘောဦးပြယုဂ်တဲ့ အရွေးခံရတဲ့သူက ခွေးတစ်ကောင် ဆိုရင်ကို ဘာမှ မဟုတ်သေးဘူး ...”


“စွေ့ချီချောင်းကို တော်ဝင်မိသားစုက သွေးသားကိုပဲ သူ့သွေးသားလို့ သဘောထားစေချင်ကြတဲ့ လူတွေကလည်း ကောင်းမနေပါဘူး.... ပြောရရင် အဲဒီ့တော်ဝင်မိသားစုမှာဆို ထီးနန်းကို ငမ်းငမ်းတက် လိုချင်နေကြတဲ့ လူတွေမှ အများကြီးပဲ သူသာ အဲဒီ့အထဲ ရောက်သွားရင် အစီအစဉ်ရဲ့ စတိုင်က အရမ်းကို ပြောင်းလဲသွားမှာမလား ..."


“ငါကတော့ နောက်ထပ်season မှာ ပါလာမယ့် ဧည့်သရုပ်ဆောင်တွေကို တအား သိချင်နေပြီ… အဲဒါ မူရင်း ဇာတ်လမ်းမှာ ရွှေရောင်ဇာတ်ညွှန်းစာသားတွေ အများကြီး ရခဲ့တဲ့ ဟိုနောက်လိုက်ပဲ ဖြစ်လိမ့်မယ် ထင်တယ်… သူက အခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ဖြစ်လာအောင် တခြားသူတွေကို တိတ်တိတ်လေး ယှဉ်ပြိုင်နေပြီး စွေ့ချီချောင်းကိုလည်း အမြဲတမ်း ကြောက်နေခဲ့တာလေ သူတို့နှစ်ယောက်ကို ကြည့်ရတာ CP အနံ့လေးတောင် ရလာသလိုပဲ ...”


“မင်းမေကြီးကို CP နေလိုက် ...”


“ ဘာလဲ ငါပဲ မှားမြင်လိုက်မိတာလား ဘာလို့ အိုင်ဒီမသိရတဲ့ တစ်ယောက်က အပေါ်ထပ်ကို ရုတ်တရက် ရောက်လာပြီး ငါ့ကို ကျိန်ဆဲနေတာလဲ ...”



🌲🌲🌲