Chapter 235
Viewers 22k

Volume 11 : ဓာတုဗေဒဌာန


Chapter 235 (ဓာတုဓာတ်ပြုမှု ၁၀)

အချိန်သည် မကြာမီ မွန်းတည့်ချိန်သို့ ရောက်လာသည်။

နေ့လယ်စာစားချိန်၌ လူတိုင်းသည် ကန်တင်းသို့ အတူတူလာရောက်ကြပြီး အလယ်ဗဟိုတွင် ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က စားသောက်နေစဉ် ဓာတုဗေဒစက်ရုံမှ ဝန်ထမ်းများကို ကြည့်ရှုခဲ့ကြသည်။

မနီးမဝေးက စားပွဲဝိုင်းမှ ဆွေးနွေးချက်များ ထွက်ပေါ်လာသည်။

"အစ်မချန်က ဘာ‌လို့ ရုတ်တရက် နှုတ်ထွက်တာလဲ။"

"သူမ နေမကောင်းဖြစ်ပြီး နှစ်နှစ်လောက် အိမ်ပြန်အနားယူမလို့တဲ့။ အစက ညနေ့ခင်းမှာ သူမကိုနှုတ်ဆက်ဖို့ ညစာစားပွဲကျင်းပပေးချင်ပေမဲ့ သူမကငြင်းဆန်ပြီး ခရီးဆောင်အိတ်တွေကို အမြန်ထုပ်ပိုးပြီး အရေးတကြီးတဲ့ကိစ္စတစ်ခုခုရှိသလို ထွက်သွားခဲ့တယ်။"

"ဒါနဲ့ ပြောရရင် သူတို့ စက်ရုံကို တစ်သုတ်တည်းအတူတူလာတဲ့လူတွေ လွန်ခဲ့တဲ့ ခြောက်လလောက်က တစ်ယောက်ပြီးတစ်ယောက် နှုတ်ထွက်သွားတယ်။ တစ်ခုခုတော့ မူမမှန်ဘူးလို့ ငါအမြဲတမ်း ခံစားရတယ်။"

စကားပြောနေတုန်း ညစာပန်းကန်တွေသယ်လာပြီး စားပွဲကို လူနှစ်ယောက် ဖြတ်သွားတော့ အတင်းပြောနေသော ဝန်ထမ်းတွေက ချက်ချင်း စကားရပ်သွားသည်။

ပန်းကန်ပြားကို သယ်ဆောင်လာသူမှာ ရွှယ်ရှောင်လျန် ဖြစ်သည်။

အဲဒီတုန်းက စက်ရုံကို အတူတူလာခဲ့ကြသော လူတွေထဲမှာ နှုတ်မထွက်ရသေးသောသူတွေက ရွှယ်ရှောင်လျန်နှင့် လင်းယွိစန်းတို့ပဲ ဖြစ်သည်။ ရွှယ်ရှောင်လျန်၏ အလေးချိန်မှာ 150 ကီလိုဂရမ်ကျော်ရှိမည်ဟု ခန့်မှန်းရပြီး သူမ၏မျက်နှာပေါ်တွင် အနက်ရောင် မွေးရာပါအမှတ်ရှိပြီး အနည်းငယ်ထူထပ်သော မျက်ခုံးမွှေးများက သူမ၏မျက်နှာတစ်ခုလုံးကို ကြမ်းကြုတ်ပြီးတင်းမာစေသည်။ သူမသည် စက်ရုံတွင် လူကြိုက်များပုံမပေါ်ဘဲ ထောင့်တစ်နေရာတွင် စားသောက်နေကာ ဖြတ်သွားသောလူများက သူမကို ရှောင်ကြသည်။

ယွဲ့ရှင်းဝမ်သည် သူမ၏ လှုပ်ရှားမှုများကို မျက်လုံးထောင့်မှ ကြည့်ကာ သူမတစ်ယောက်တည်း စားသောက်နေပြီး သူမ၏ အမူအရာမှာ တည်ငြိမ်နေကာ သူမပတ်ဝန်းကျင်က မှတ်ချက်များကို သူမ ဂရုမစိုက်ပုံပေါ်နေသည်။ ခဏအကြာတွင် ကျစ်ဆံမြီးနဲ့ မိန်းကလေးက ပန်းကန်ပြားတစ်ခုနှင့် ဆန့်ကျင်ဘက်ထိုင်ကာ ပြောလိုက်သည်။ "အစ်မရွှယ်၊ မနေ့ညကအတွက် ကျေးဇူးတင်ပါတယ်။ နောက်မှ ‌အစ်မဆီ ရေနွေးအိုး ပြန်လာပေးပါ့မယ်။"

ရွှယ်ရှောင်လျန်က သူမကို မော့ကြည့်ပြီး ပြောသည်။ "ရပါတယ်၊ ငါ့မှာ ရေနွေးအိုးတစ်လုံးရှိသေးတာကြောင့် နင် အဲဒါကို အရင်သုံးလို့ရတယ်။"

ကျိုးချီချီက ပြုံးပြသည်။ "ကျေးဇူးပါ အစ်မရွှယ်၊ ဒါဆို ကျွန်မ အဲဒါကို အရင်သုံးပြီး ပိတ်ရက်မှ ဒီအကြောင်းထပ်ပြောမယ်။"

သူတို့နှစ်ယောက်က ထမင်းစားနေစဉ် စကားစမြည်ပြောရင်း ဆက်ဆံရေးကောင်းပုံရသည်။

ယွဲ့ရှင်းဝမ်က သူ့စိတ်ထဲမှာ မတွေးဘဲမနေနိုင်ပေ။ ကျိုးချီချီသည် လက်ရှိ သူတို့သံသယရှိနေသောလူများထဲမှ တစ်ယောက်ဖြစ်ပြီး ဓာတုဗေဒဌာနမှ ဘွဲ့ရရှိခဲ့ကာ စက်ရုံအတွင်းရှိ ပစ္စည်းများကို သိုလှောင်ရန် ခွင့်ပြုချက်အတွက် တာဝန်ယူထားသူဖြစ်ပြီး အဆိပ်ရှိကုန်ကြမ်းများကို အလွယ်တကူ ထုတ်ယူနိုင်သည်။ ထို့အပြင် သူမ၏မျိုးရိုးနာမည်မှာ ကျိုး ဖြစ်ပြီး သူမသည် ထိုအဖြစ်အပျက်တုန်းက အသတ်ခံခဲ့ရသော ကျိုးကျားနန်၏ သွေးအရင်းအချာဖြစ်နိုင်သည်။

သို့သော် သူမသည် လူသတ်သမားဖြစ်ပြီး လက်စားချေရန် ရောက်လာပါက ရွှယ်ရှောင်လျန်နှင့် သူမ၏ဆက်ဆံရေးသည် အဘယ်ကြောင့် ဤမျှကောင်းမွန်သနည်း။ ရွှယ်ရှောင်လျန်သည် အဲဒီနှစ်က အဖြစ်အပျက်မှာ မပါဝင်ခဲ့တာ ဖြစ်နိုင်သလား။

ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ သံသယတွေကို မြင်ပြီး တိုးတိုးပြောသည်။ "ကျိုးကျားနန်ရဲ့သေဆုံးမှုက ရွှယ်ရှောင်လျန်နဲ့ ဘာမှမဆိုင်တာလား၊ ဒါမှမဟုတ် ရွှယ်ရှောင်လျန်က ကျိုးချီချီကို အမှန်တရား ပြောပြခဲ့တာလား။"

ယွဲ့ရှင်းဝမ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ပြောခဲ့သည်။ "တစ်နည်းအားဖြင့်ပြောရရင် အဲဒီနှစ်က တစ်သုတ်တည်း စက်ရုံထဲကို ဝင်လာတဲ့ လူခုနစ်ယောက်ထဲမှာ အရင်ကနှုတ်ထွက်ခဲ့တဲ့ ဖန်၊ ချိန်၊ ရိအပါအဝင်၊ ဒီနေ့နှုတ်ထွက်သွားတဲ့ ချန်ရှို့မိန်နဲ့ ဓာတ်ခွဲခန်းထဲက လင်းယွိစန်းတို့ လူငါးယောက်ဟာ 'အဲဒီအဖြစ်အပျက်'မှာ ပါဝင်ခဲ့တယ်။"

"အင်း၊ ချန်ရှို့မိန်က မနေ့ညက ခေါင်မိုးပေါ်မှာ လင်းယွိစန်းနဲ့ တွေ့ဆုံခဲ့ပေမဲ့ ရွှယ်ရှောင်လျန်နဲ့ သီးသန့်မဆက်သွယ်ခဲ့ဘူး။ အဲဒါကလည်း ရွှယ်ရှောင်လျန်က 'အဲဒီအဖြစ်အပျက်'နဲ့ ဘာမှမဆိုင်ဘူးလို့ ပြသနေတယ်။"

"ဒါဆို လူသတ်သမားရဲ့ နောက်ထပ်ပစ်မှတ်က လင်းယွိစန်းဖြစ်နိုင်တယ်မလား။"

လင်းယွိစန်းသည် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ဆောင်ကာ သူတို့ကိုဖြတ်သွားသောကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချက်ချင်းပင် စကားရပ်သွားကြသည်။ ငွေရောင်မျက်မှန်တပ်ထားသည့် ဒီဓာတ်ခွဲခန်း ဒါရိုက်တာသည် “ငါ့အနားလာသူတိုင်း သေရလိမ့်မယ်” ဟူသော အေးစက်သော အရောင်အဝါများ ရှိသည်။ ထို့အပြင် သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များ နှုတ်ထွက်ခြင်းအတွက် ထိတ်လန့်မှုတစ်စုံတစ်ရာ မပြခဲ့ပေ။

ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ချတ်ချန်နယ်တွင် စာရိုက်ပြီး မေးခဲ့သည်။ "ရှင်းယန်၊ သူ မင်းကိုလုပ်ခိုင်းထားတဲ့ စမ်းသပ်ချက်က ပြီးသွားပြီလား။"

ရှင်းယန်: "တစ်ဝက်ပြီးသွားပြီ။ ငါ နေ့ခင်းဘက် ဆက်လုပ်ရမယ်။ ခယ်ရှောင်ပင်းက ဒီလူရဲ့ကိုယ်ရေးအကျဉ်းကို အသေးစိတ်စစ်ဆေးပြီး အရမ်းထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် 20 က မီးထဲမှာ သေဆုံးသွားခဲ့တဲ့ ကျိုးကျားနန်နဲ့ လင်းယွိစန်းတို့က အထက်တန်းကျောင်းသားဟောင်းတွေပဲ။"

ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။ "အထက်တန်းကျောင်းသားဟောင်းလား။ အတန်းတူလား။"

ခယ်ရှောင်ပင်းက ထွက်လာပြီး ပြောသည်။ "အင်း၊ ငါ လင်းယွိစန်းရဲ့ကွန်ပျူတာကို ဟက်ခ်ပြီး အထက်တန်းကျောင်းဆင်းပွဲဓာတ်ပုံတစ်ပုံကို တွေ့ခဲ့တယ်။ သူတို့နှစ်ယောက်က ဓာတ်ပုံတစ်ပုံတည်းမှာ ရှိနေတာကို တွေ့လိုက်ရပြီး အဲဒါက လော့ချန်အထက်တန်းကျောင်းရဲ့ တတိယနှစ်က အတန်း 7 ကျောင်းဆင်းဓာတ်ပုံပဲ။ လင်းယွိစန်းက သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနဆီ တက်ရောက်ခဲ့ပေမဲ့ ကျိုးကျားနန်က တက္ကသိုလ်ဝင်ခွင့်မရခဲ့ဘဲ အထူးပြုလေ့ကျင့်ရေးကျောင်းမှာသာ သင်ယူခဲ့တယ်။ ကျိုးကျားနန်က စက်ရုံမှာ အရင်ဆုံး အလုပ်လာလုပ်ပြီး လင်းယွိစန်းက ဓာတုစက်ရုံကိုဝင်ရောက်တာ သူမထက်တစ်နှစ်နောက်ကျတယ်။"

ခယ်ရှောင်ပင်းသည် ရှောင်ထူကူးယူထားသော ဓာတ်ပုံကို WeChat အဖွဲ့ထံသို့ ပို့လိုက်သည်။ ယွဲ့ရှင်းဝမ်က သူ့ဖုန်းကိုဖွင့်ကာ ကြည့်လိုက်ရာ ဓာတ်ပုံထဲတွင် ခယ်ရှောင်ပင်း ဝိုင်းပြထားသော လူနှစ်ယောက်ကို သူမြင်လိုက်ရသည်။

ကျိုးကျားနန်က ဒုတိယတန်းမှာ ရပ်နေပြီး လင်းယွိစန်းက တတိယတန်းမှာ ရပ်နေသည်။ ထိုအချိန်က ဓာတ်ပုံများသည် အဖြူအမည်းများ ဖြစ်ကြသော်လည်း လူနှစ်ဦး၏ရုပ်ရည်ကြောင့် ခွဲခြားရန် လွယ်ကူသည်။ လင်းယွိစန်းသည် မျက်မှန်တပ်ထားပြီး ပုံတုံးသောအဖွဲ့ထဲတွင် ကြောရှင်းနေသည်။ ကျိုးကျားနန်သည် ထိုအချိန်က အလွန်ရေပန်းစားခဲ့သော ကျစ်ဆံမြီးနှစ်ခုဖြင့် အနက်ရောင်ဘောင်းဘီ၊ ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားကာ သန့်ရှင်းလှပပြီး သူမမှာ နူးညံ့သောအပြုံးတစ်ခုရှိသည်။

လင်းမန့်လော်က အဖွဲ့ထဲတွင် ပြောခဲ့သည်။ "ကျိုးကျားနန်က အရမ်းလှတာပဲ၊ ဖြူစင်တဲ့သဘာဝအလှလပဲ။"

လန်ယာရုန်: "သူမက ကျိုးချီချီနဲ့ အရမ်းဆင်တူတယ်လို့ ထင်လား။"

ခယ်ရှောင်ပင်းသည် ကျိုးချီချီကို လှမ်းကြည့်ပြီး အလျင်အမြန် စာရိုက်ခဲ့သည်။ ကျိုးချီချီရဲ့ မျက်နှာသွင်ပြင်ကို ခွဲခြမ်းစိတ်ဖြာဖို့ ကျိုးကျားနန်ရဲ့အချက်အလက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့ ရှောင်ထူလုပ်ခိုင်းလိုက်မယ်။ ကြည့်ကြည့်ရအောင်။" သူပြောပြီး ကွန်ပျူတာခွဲခြမ်းစိတ်ဖြာသော အချက်အလက်ကို အဖွဲ့ထဲပို့လိုက်သည်။

ဓာတ်ပုံထဲက မျက်နှာနှစ်ခုကို သီးခြားစီ ဖြတ်ထုတ်လိုက်ပြီး ထပ်နေသော ခွဲခြမ်းစိတ်ဖြာမှုပြီးနောက် ထပ်နေသောအတိုင်းအတယက အလွန်မြင့်မားသည်။

လျှိုကျောက်ချင်း: "မျက်နှာသွင်ပြင်က မျိုးရိုးဗီဇနိယာမတွေနဲ့ ကိုက်ညီတယ်။ ကျိုးချီချီက ကျိုးကျားနန်ရဲ့သမီးဖြစ်နိုင်တယ်။"

ဤကောက်ချက်ချမှုသည် လူတိုင်းကို ထိတ်လန့်သွားစေပြီး ကျိုးချီချီ၏ သံသယသည် ချက်ချင်းပင် အမြင့်ဆုံးသို့ တက်လာခဲ့သည်။ သို့သော် လက်ရှိအချိန်မှာတော့ ရှင်းပြရခက်သော အကြောင်းအရာတွေ အများကြီးရှိနေသေးတာကြောင့် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "ကျိုးချီချီက သူမအမေရဲ့မျိုးရိုးနာမည်ကိုယူထားတယ်။ သူမအဖေက ဘယ်ရောက်သွားတာလဲ၊ ရှောင်ခယ်၊ မင်းရှာနိုင်လား။"

"လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က အချက်အလက်တွေကို ငါရှာကြည့်တော့ သူမအဖေအကြောင်း အချက်အလက်မတွေ့ဘူး။ ပိုထူးဆန်းတာက ကျိုးကျားနန်ရဲ့ ကိုယ်ရေးအကျဉ်းမှာ 'လက်မထပ်ရသေးဘူး'ဆိုတာ အမြဲတွေ့ရတယ်။ ဒီတော့ ဒီကလေးက တရားမဝင်ကလေးလားလို့ ငါသံသယဖြစ်မိတယ်။ အရင်က အားလုံး သံသယဖြစ်ခဲ့တဲ့ နံပါတ် 2 အလုပ်ရုံဒါရိုက်တာက သူ့ကိုယ်ရေးအကျဉ်းမှာ 'မုဆိုးဖို'လို့ရေးထားပြီး သူ့အသက်အရွယ်၊ အသက်မွေးဝမ်းကြောင်းနဲ့ ရာထူးတွေအားလုံးက လူသတ်သမားနဲ့ကိုက်ညီပြီး ပြစ်မှုကျူးလွန်းဖို့လည်း လွယ်ကူတယ်။"

"မင်းဆိုလိုတာက သေဆုံးသူအတွက် လက်စားချေဖို့ အဖေနဲ့သမီးက ပူးပေါင်းခဲ့တာလား။" ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"မဟုတ်ရင် အသက်နှစ်ဆယ်ကျော် မိန်းကလေး ကျိုးချီချီက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အသက် 50 ဝန်းကျင် ဝန်ထမ်းဟောင်းသုံးယောက်ကို သတ်ဖို့ ခက်ခဲတယ်မဟုတ်ဘူးလား။ ဒီအရွယ်ရောက် ယောင်္ကျားကြီးသုံးယောက်ကို သူမ ဘယ်လိုထိန်းချုပ်မှာလဲ။" ခယ်ရှောင်ပင်းက မေးသည်။ 

"ဒီတစ်ခါ ရှောင်ခယ်ရဲ့အတွေးက အဓိပ္ပါယ်ရှိတယ်လို့ ငါထင်တယ်။ ‌ကျိုးချီချီက အရမ်းငယ်သေးပြီး စက်ရုံမှာ အချိန်အကြာကြီး မနေဖူးဘူး။ သူမက ဒီလူကြီးတွေနဲ့ သိပ်မရင်းနှီးနိုင်ဘူး။ သူမက သူတို့ကို တိတ်တဆိတ် အဆိပ်ပြီး တစ်ခါတည်း လူသုံးယောက်ကို တစ်ခါတည်း ဘယ်လိုလုပ်သတ်ပစ်နိုင်မှာလဲ။" ကျိုဖုန်းက သေသေချာချာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ "ကြံရာပါတွေ ရှိနေရင် ပိုလွယ်လိမ့်မယ်။"

"ဒါက သက်သေမပြနိုင်ဘဲ ထင်ကြေးသက်သက်ပါ။" ကျန်းဖျင်စစ်သည် လူတိုင်း၏ အတွေးတွေကို အေးအေးဆေးဆေး နှောင့်ယှက်ခဲ့သည်။ "လက်ရှိမှာ သက်သေတွေနဲ့ စတင်ရမယ်၊ အရင်ဆုံး သံသယရှိသူက ပြစ်မှုကျူးလွန်ဖို့ အချိန်ရှိမရှိကို အရင်စစ်ဆေးမယ်၊ နောက်ပြီး အလောင်းတည်နေရာကို တတ်နိုင်သမျှမြန်မြန် ရှာရမယ်။"

"ဟုတ်တယ်၊ ဖျင်စစ်နဲ့ ငါက အဲဒီလူတွေရဲ့ အလောင်းတွေဟာ ဓာတုစက်ရုံထဲမှာ ရှိကောင်းရှိနိုင်တယ်လို့ သံသယဖြစ်မိတယ်။" ယွဲ့ရှင်းဝမ်က ဆိုသည်။

"ဓာတုပစ္စည်းတွေကြောင့် အလောင်းတွေကို ပျက်စီးစေတယ်လို့ ဆိုလိုတာလား။" ရှင်းယန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ "ဓာတုစက်ရုံမှာ အများအားဖြင့် မိလ္လာသန့်စင်ကန်တွေရှိတယ်။ ထုပ်လုပ်ရေးလိုင်းကို ဖြတ်သန်းပြီးနောက် ထွက်လာတဲ့ ရေဆိုးတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို မစွန့်ပစ်မီ သန့်စင်ဖို့ လိုအပ်တယ်။ ရေဆိုးကန်ရဲ့အနံ့က စူးရှပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး ပစ်ချလိုက်ရင် ရှာရခက်လိမ့်မယ်။"

"ထမင်းစားချိန်အတွင်း အလောင်းတွေဖြတ်တောက်တဲ့အကြောင်းတွေ ဆွေးနွေးတာကို ရပ်ပေးနိုင်မလား။" ခယ်ရှောင်ပင်းသည် ပန်းကန်ပြားပေါ်ရှိ ဝက်သားပြုတ်ကိုကောက်ယူပြီး ခါးသက်သက်မျက်နှာဖြင့် ဆိုသည်။ "ဒါက စားချင်စိတ်ကို အရမ်းထိခိုက်စေတယ်။"

လျှိုကျောက်ချင်းက အပြုံးဖြင့် ပြောလာသည်။ "ကျင့်သားရအောင်လုပ်လိုက်ပါ။ ငါတို့ပထမနှစ်က လူ့ခန္ဓာဗေဒကို လေ့လာတဲ့အခါ အလောင်းတွေ၊ ဆရာတွေဘေးမှာ ငါတို့လည်း ကျင့်သားရအောင် နေ့လယ်စာစားဖူးတယ်။"

"..." ခယ်ရှောင်ပင်းသည် အော့အန်ချင်စိတ်ကို တွန်းလှန်ပြီး မမြင်ရအောင် ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်သည်။

ထမင်းစားပြီးနောက် ရွှီယိရှန်းနှင့် ကျန်းရှောင်နျန်တို့လည်း ပြန်လာကြပြီး သူတို့စစ်ဆေးသည့် ဂိုဒေါင်ဘက်မှာလည်း ရလဒ်ထွက်ပေါ်ခဲ့သည်။

ရွှီယိရှန်းက အဖွဲ့ကို ဓာတ်ပုံနှစ်ပုံပို့ခဲ့သည်။ "စက်ရုံမှာရှိတဲ့ ဂိုဒေါင်မန်နေဂျာတွေက အသက် 60 ကျော် သက်ကြီးရွယ်အိုတွေပဲ၊ တစ်ယောက်က ဓာတုစက်ရုံပိုင်ရှင်ရဲ့ ဝမ်းကွဲဖြစ်တဲ့ လီတချန်လို့ခေါ်တယ်။ ဂိုဒေါင်ကို စောင့်နေတဲ့အချိန် Fight the Landlord ကစားရတာကို နှစ်သက်ပြီး ညဆိုင်းတွေမှာ မကြာခဏ အိပ်လေ့ရှိပေမဲ့ သူဌေးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ဘယ်သူမှ သူနဲ့ပတ်သက်ပြီး မပြောရဲဘူး။ အခြားတစ်ယောက်က ကျိုး လို့ အမည်ရတဲ့ အငြိမ်းစားဝန်ထမ်းတစ်ယောက်ကို ခန့်ထားတယ်။ လူသုံးယောက် နှုတ်မထွက်ခင်ညက ဇူလိုင် 19၊ ဩဂုတ် 2 နဲ့ ဩဂုတ် 16 တွေမှာ လီတချန်က ညဆိုင်းဆင်းခဲ့တယ်။"

ကျန်းရှောင်နျန်က ထပ်ပေါင်းပြောသည်။ "ကျွန်တော်တို့က ဂိတ်စောင့်ကိုလည်း စစ်ဆေးခဲ့တယ်။ ဓာတုစက်ရုံမှာ တာဝန်ကျနေတဲ့ ဂိတ်စောင့်သုံးယောက်ရှိတယ်။ ဇူလိုင် 19၊ ဩဂုတ် 2 နဲ့ ဩဂုတ် 16 ရက်တွေမှာ တာဝန်ကျတဲ့လူတွေက မတူဘူး။ စီနီယာအစ်ကိုရွှီက သူတို့ကို အဲဒီအကြောင်းမေးကြည့်ခဲ့ပြီး လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ထူးထူးခြားခြားအသံတွေမကြားခဲ့ရသလို ညဘက် ဘယ်သူမှ အပြင်မထွက်ဘူးလို့ အားလုံးက ပြောတယ်။"

ယွဲ့ရှင်းဝမ်သည် အဖွဲ့အတွင်းရှိ စာမှတ်တမ်းများကို ကြည့်ရှုပြီး သူ၏ အတွေးများကို အသေအချာ စီစစ်လိုက်သည်။

ဂိုဒေါင်မန်နေဂျာ လီတချန်သည် သူဌေးနှင့် ဆက်ဆံရေးရှိတာကြောင့် ဂရုမစိုက်ဘဲ တာဝန်ကျချိန်တွင် Fight the Landlord ဆော့တာ၊ ဒါမှမဟုတ် အိပ်လေ့ရှိတာကြောင့် လူသတ်သမားက သူသယ်ဆောင်လာသော ဂိုဒေါင်သော့ကို ခိုးယူသွားရန် ဖြစ်နိုင်ခြေရှိပြီး သူက သော့အပိုပြန်တပ်ထားနိုင်သည်။ ထို့နောက် လူသတ်သမားသည် သူအာရုံမစိုက်တာကို အခွင့်ကောင်းယူပြီး ဂိုဒေါင်ထဲကိုခိုးဝင်ကာ သူလိုအပ်သော အဆိပ်ပြင်းဆေးကို ယူလိုက်သည်။

ကျိုးချီချီသည် ကျိုးကျားနန်၏သမီး ဖြစ်နိုင်ခြေများသော်လည်း သူမတစ်ယောက်တည်း ပြစ်မှုကျူးလွန်နိုင်ခြေမှာ အလွန်နည်းပါးပါသည်။ ထို့ကြောင့် သူမတွင် ကြံရာပါရှိတာ ဒါမှမဟုတ် သူမသည် တကယ့်လူသတ်သမားမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နိုင်သည်။

လက်ရှိတွင် အကြီးမားဆုံးသံသယရှိသူမှာ မုဆိုးဖိုအဖြစ် စာရင်းသွင်းထားသည့် အလုပ်ရုံ နံပါတ် 2 ၏ ဒါရိုက်တာ ယွီချန်မင်းနှင့် အထက်တန်းကျောင်းဆင်းပွဲဓာတ်ပုံတွင် ပေါ်လာပြီး သေဆုံးသူနှင့် အတန်းတူဖြစ်ကာ အခု ဓာတ်ခွဲခန်းဒါရိုက်တာဖြစ်လာသည့် လင်းယွိစန်းတို့ဖြစ်သည်။

နောက်ထပ် ဦးစားပေးကတော့ သေဆုံးသူများ၏ အလောင်းကို ရှာဖို့ပါပဲ။

နေ့ခင်းဘက်တွင် လူတိုင်းသည် သူတို့၏ သက်ဆိုင်ရာ နေရာများတွင် အလုပ်လုပ်ကြပြီး ယခုအချိန်အထိ ရရှိသော အချက်အလက်အားလုံးကို စုစည်းကာ ခွဲခြမ်းစိတ်ဖြာပြီး မိန်းကလေး လေးယောက်သည် စက်ရုံပိုင်ရှင်၏ အချက်အလက်ကို အစကနေအဆုံးထိ လိုက်စုံစမ်းပြီး ဘာမှမလွတ်ကြောင်း အတည်ပြုခဲ့သည်။

မှောင်လာသောအခါ ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ချတ်ချန်နယ်တွင် ပြောလိုက်သည်။ "အလောင်းရှာမဲ့အဖွဲ့၊ သွားလိုရင် စာရင်းသွင်းပါ။"

ကျန်းဖျင်စစ်: "အားလုံး လှုပ်ရှားစရာမလိုဘူးး၊ တစ်ဝက်ဆို လုံလောက်ပြီ။ ကျန်တဲ့သူတွေက အိပ်ဆောင်ထဲမှာ သံသယရှိသူတွေကို စောင့်ကြည့်ထားနိုင်တယ်။"

လျှိုကျောက်ချင်းက သူ့လက်ကို မြှောက်လိုက်သည်။ "ငါစာရင်းသွင်းမယ်၊ အလောင်းတွေကို ငါမကြောက်ဘူး။"

ရှင်းယန်: "အားလုံး မတော်တဆ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ မထိတွေ့မိအောင် ငါလည်းသွားမယ်။"

ချင်လု‌က မေးသည်။ "ငါ့ရဲ့တယ်လီပို့စွမ်းရည်ကို နင်တို့လိုအပ်သလား။"

ယွဲ့ရှင်းဝမ်: "အင်း၊ နောက်ပြီး စီနီယာအစ်မမန့်လော်လည်း သွားဖို့လိုတယ်၊ စီနီယာအစ်မရဲ့နွယ်ပင်တွေက အသုံးဝင်နိုင်တယ်။"

ကျန်းဖျင်စစ်က သူ့ညာလက်ကို အမြန်ဆန့်လိုက်သည်။ "စီနီယာအစ်ကိုလျှိုနဲ့ ရှင်းယန်က ရှင်းဝမ်နဲ့ ကျွန်တော့်ရဲ့ အိပ်ဆောင်ကို လာခဲ့ပါ။ စီနီယာအစ်မမန့်လော်နဲ့ ချင်လုတို့က မတူညီတဲ့ အနေအထားနဲ့ အောက်ထပ်ကိုဆင်းသွားပြီး ဝတ်ဖို့ အနက်ရောင်အဝတ်အစားတွေကို ရှာထားကြပါ။ သုံးမိနစ်အကြာမှာ ညာဘက်အခြမ်း အိပ်ဆောင်ရဲ့ အမှောင်ရိပ်မှာ စုရုံးကြမယ်။"

#TK