Chapter 17
Viewers 2k

🌍Chapter 17




ပွေးကြီး၏အီးနံ့မှာ၄င်းခံတွင်းနံ့လိုပင် အလွန်ဆိုးရွားလွန်းလှသည်။ ၄င်းအနံ့မှာမြေအောက်လှိုဏ်ဂူကြီးအတွင်း အချိန်တော်တော်ကြာ စွဲလျက်ကျန်ရစ်နေကာ သူတို့လည်းမနေနိုင်ပဲထပ်အန်မိရပြန်သည်။

ပွေးကြီးကအလွန်ကျေနပ်စွာပြုံးလိုက်ပြီး 

ထောင့်သို့ပြေးသွားကာ သူ၏ကျင်းများကိုဆက်တူးနေလိုက်သည်။


၄င်းကထိုလူငါးဦးကိုနည်းနည်းမှတောင် ဂရုမစိုက်တော့ချေ။ လူငါးဦးမှာလဲ အဆိုပါပွေးကြီးကို မည်သို့ရန်စဝံ့မည်နည်း။


လင်းရှောင်က ကျောင်းသူလေး၏အရိုးဖြူဖြူများသာ ကျန်တော့သောသွေးအိုင်ဆီသို့လျှောက်သွားလိုက်သည်။ ထို့နောက်တွင် သူကသက်ပြင်းချလိုက်ကာ သူမ၏အပေါ်အင်္ကျီကိုချွတ်၍ ထိုအရိုးများအပေါ်၌ဖုံးလွှမ်း ပေးလိုက်သည်။


လီပင်းလည်းထိုနည်းတူပါပင်။

တောင့်ခဲနေပြီဖြစ်သော စားဖိုမှူး၏အလောင်းကို ထောင့်နားဆီရွေ့ပြောင်းလိုက်ပြီး သူ၏ဂျက်ကပ်နှင့် စားဖိုမှူး၏မျက်နှာအား ဖုံးလွှမ်းပေးလိုက်သည်။


ကျောင်းသူကလေးမလေး၏ ရုတ်တရက်တိုက်ခိုက်မှုမှာ စားဖိုမှူးလည်းသေဆုံးသွားသလို သူမကိုယ်တိုင်လည်း ပွေးကြီးဆီမှာချက်ချင်းအစားခံလိုက်ရသည်။


ဒါတွေအားလုံးဖြစ်ပျက်ဖို့  ၅မိနစ်မျှသာကြာလိုက်သည်။


အနက်ရောင်မျှော်စင်က သူတို့သည်ဒုတိယအရံမစ်ရှင်ခွဲလေးကိုပြီးမြောက်ကြောင်း ကြေညာပေးပြီးနောက် နောက်ထပ်မစ်ရှင်များ ထပ်မပေးလာခဲ့ပေ။ သူတို့၏အဓိကမစ်ရှင်မှာ အသက်ရှင်ရန်ဟုပင်။


သာမာန်လူတစ်ဦးမှာရေလုံး၀မသောက်ရပဲ ၇ရက်သာအသက်ရှင်လိမ့်မည်။ မစားမသောက်ရပဲဆိုလျှင် ရက်၃၀ကအလွန်ဆုံးပင်။ 


သို့သော်လက်ရှိ သန်မာသောခန္ဓာကိုယ်အနေအထားနှင့်ဆိုလျှင် ထန်မော့သည် အနည်းဆုံးတစ်လကျော်ခန့်တော့အေးအေးဆေးဆေး ရှင်သန်နိုင်လောက်သည်ဟုမှန်းဆမိသည်။


ပွေးကြီးကသူတို့ကိုသေစေလိုသည့်ဆန္ဒမရှိသ၍​ပင်


ထို့ကြောင့်သူက အနက်ရောင်မျှော်စင်၏ ရှင်သန်ရာဂိမ်းမှာ ဤမျှနှင့် မရပ်တန့်သေးမည်ကိုသာ စိုးရိမ်နေခဲ့သည်။


ထန်မော့ကဂရုတစိုက်ဖြင့်မေးလိုက်သည်။


"ဦးပွေးကြီးခင်ဗျ ကျွန်တော်တို့ဒီကဘယ်လိုထွက်ရမှာလဲ"


ပွေးကြီးကထူးဆန်းသောရယ်သံကြီးဖြင့်


"ထွက်ချင်တယ်ဟုတ်စ။ မင်းတို့်ကောင်တွေ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းအဆင့်ကို ဒီတိုင်းထွက်လို့ရမယ်များ ထင်နေလား။ မင်းတို့လုပ်ရမှာက ကြိုးစားပြီးအသက်ရှင်နေရုံပဲ၊ ထွက်ဖို့များစိတ်ကူးယဉ်နေသေးတယ်"


လူငါးဦးမှာပွေးကြီး၏အဖြေကြောင့် အလွန်မကျေမနပ်ဖြစ်မိသော်ငြား စောဒကတော့မတက်ရဲပေ။


တိတ်ဆိတ်သောလှိုဏ်ဂူကြီးထဲတွင် ပွေးကြီး၏မြေကြီးအား တူးနေသည့်အသံက ပဲ့တင်ထပ်နေခဲ့သည်။


လီပင်းကသူ၏လက်ထဲမှ ကျောင်းသူလေး၏ စွမ်းရည်ဖြင့်ပုံတူကူးထားသောဓာတ်မီးကိုသေချာကြည့်လိုက်ကာ


"ဒါကအတော်စိတ်၀င်စားစရာပဲ.."


ထန်မော့ကသူ့အားကြည့်လိုက်သည်


"ခင်များလိုချင်လို့လား။ ကျွန်တော်ရောတချက်လောက်ကြည့်လို့ရမလား"


သူလည်းလူတစ်ဦး၏စွမ်းရည်သက်သက်ဖြင့် ဖန်တီးထားသောပစ္စည်းတစ်ခုကို စိတ်၀င်စားသည်သာ။


လီပင်းကမူတွန့်ဆုတ်မနေပဲ ဓာတ်မီးအား ထန်မော့လက်ထဲကပြာကယာထည့်ပေးလိုက်သည်။


"ရော့ ရော့. ငါဒါကြီးကိုမလိုချင်ပါဘူး"


ထန်မော့လက်ထဲသို့ဓာတ်မီးရောက်လာခဲ့ပြီးနောက် သူကပါးစပ်ကိုဖွင့်၍တစ်ခုခုမပြောမိခင်တွင် သူ၏မျက်လုံးမှာဖျက်ခနဲတချက်တောက်ပသွားခဲ့သည်။


လော့ဖုန်းချန်းကလည်းလျှောက်လာကာ


"ငါလည်းကြည့်ချင်တယ်"


ထို့နောက်ဓာတ်မီးကိုလှမ်းယူလိုက်သည်။


သို့သော်ထန်မော့က ဓာတ်မီးအားမကမ်းပေးလိုက်ပေ။ ထိုအချိန်မှာပင် တက်ကြွရွှင်လန်းနေသော 

ကလေးငယ်၏ကြေညာသံက အချိန်ကိုက်ထွက်ပေါ်လာပြီး လော့ဖုန်းချန်း၏အံ့ဩမင်သက်သောအမူအယာကိုသာ တွေ့လိုက်ရတော့သည်။


ထိုက​လေးသံက လှိုဏ်ဂူထဲရှိပွေးကြီးနှင့် လူငါးဦးအပေါ်တွင် ပျော်ပျော်ရွှင်ရွှင်သီဆိုနေခဲ့သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


ရင်းနှီးနေသောပွေးကြီး၏အသံကို လူတိုင်းကြားလိုက်ကြရသည်။


"တင်းတောင်~~တရုတ်ပြည်ခရိုင် ၁ ခိုး၀င်သူ ဖူ၀မ်သော်က အနက်ရောင်မျှော်စင်ရဲ့ပထမထပ်ကို အောင်မြင်စွာရှင်းလင်းလိုက်ပါပြီ"


ပွေးကြီးကခေါင်းကိုခါယမ်းရင်းနောက်တစ်ကြိမ် ထပ်ပြောပြန်သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


ထန်မော့သည်လက်ထဲမှဓာတ်မီးအား တင်းတင်းဆုပ်လိုက်မိသည်။ အနက်ရောင်မျှော်စင်၏ကြေညာသံပြီးသည်နှင့် ထန်မော့သည်မိမိအမြင်အာရုံမှာအလွန်ဝါးတားတား ဖြစ်လာသည်ကိုခံစားလိုက်ရသည်။


သူကြည့်နေရင်းကပင် မိမိခေါင်းကိုကိုင်ကာ 

အံ့ဩနေသောပွေးကြီးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ အလားတူပင် လော့ဖုန်းချန်း၊ လင်းရှောင်၊ လီပင်းနှင့် လီ၀မ်တို့မှာလည်း သူ၏မျက်စိရှေ့တွင်ပင် ဝေဝါးကာ ပျောက်ကွယ်သွားကြသည်။ သူ၏အမြင်အာရုံမှာလုံး၀အမှောင်ကျသွားခဲ့ပြီး နောက်တစ်ကြိမ်သူ၏မျက်လုံးများကို 

ပြန်ဖွင့်လိုက်ချိန်တွင် စူးရှသောနေရောင်က သူ့မျက်လုံးထဲတိုး၍၀င်လာခဲ့သည်။


ထန်မော့သည်ရေနစ်နေရာမှာလွတ်မြောက်လာသော သူတစ်ဦးကဲ့သို့ လတ်ဆတ်သောလေကို အငမ်းမရရှူသွင်းလိုက်ကာ သူ၏မျက်လုံးများမှာလည်းတောက်ပသောနေရောင်ခြည်ကိုကျင့်သားရရန် ကြိုးပမ်းလိုက်သည်။


သူ၏အမြင်အာရုံရှင်းလင်းသွားသည်နှင့် ထန်မော့သည် စတီရင်ယာအားလျင်မြန်စွာလှည့်လိုက်ပြီး ကားသည်လည်း ဘေးတိုက်ပွတ်ဆွဲသွားပြီး 

တစ်စီးနှင့်တစ်စီးထပ်နေသော ကားများဘေးတွင် တဖြည်းဖြည်းရပ်သွားခဲ့သည်။


ထန်မော့သည်ကားကိုမရပ်တန့်နိုင်ခင် လမ်းဘေးသို့ မီတာ၂၀ကျော်ခန့်ချော်သွားခဲ့သည်။


သူ၏ရင်ဘတ်မှာတော့ မြေအောက်လှိုဏ်ဂူထဲတွင်ကြုံတွေ့ခဲ့ရသည်များကြောင့် အလွန်လျင်မြန်စွာခုန်နေဆဲပင်။ ထန်မော့သည် တည်ငြိမ်အောင်

ကြိုးစားလိုက်ပြီးနောက် မိမိမှာမူလမောင်းနှင်လာသောကားထဲတွင်သာ ရှိနေသေးကြောင်း အတည်ပြုလိုက်သည်။


ကားမွာ အနက်ရောင်မျှော်စင်ဂိမ်းထဲသို့ဆွဲထည့်မခံရခင် လီ၀မ်နှင့်အတူမောင်းလာသော ကားဖြစ်နေဆဲပင်။


ဒါပေမယ် လီ၀မ်ကဘယ်မှာလဲ...


ထန်မော့သည် ကားကိုပြန်ကွေ့ပြီးရှာကြည့်လိုက်သော်လည်း လီ၀မ်ကိုမတွေ့တော့ပေ။


ဘယ်လိုမှရှာလို့မတွေ့တာကြောင့် ထန်မော့လည်းကားကိုလမ်းဘေးတွင်ထိုးရပ်လိုက်ကာ သူ၏အိပ်ကပ်ထဲမှ ဓာတ်မီးလေးကို ထုတ်ကြည့်လိုက်မိသည်။


ဤဓာတ်မီးမှာ လီပင်းထံမှပေးခဲ့သော ဓာတ်မီးလေးဖြစ်သည်။ ဓာတ်မီး၏ပိုင်ရှင်မှာ မိမိတို့မျက်စိရှေ့၌ပင် ဆိုးရွားစွာသေဆုံးသွားသည်မို့ လီပင်းက 

ထိုဓာတ်မီးကိုထန်မော့ထံမြန်မြန်ထိုးပေးခဲ့သည်။


သူမ​တွေးမိခဲ့သည်က ဒီဓာတ်မီးနဲ့အတူ 

စွမ်းရည်တစ်ခုကိုပါ လက်ခံရလိုက်မည်ဟုပင်။


ထန်မော့သည်သူ၏စွမ်းရည်စာအုပ်အား လေထဲမှာဆွဲထုတ်ကာ လှန်လှောလိုက်သည်။


[စွမ်းရည် :စက်၀ိုင်းလေးဆွဲပြီးကျိန်စာတိုက််မယ်]


[ပိုင်ရှင် :လီ၀မ်(တရား၀င်ကစားသမား)]


[အမျိုးအစား :စပါယ်ရှယ်အမျိုးအစား]


[အသုံး၀င်ပုံ :အကျိုးနဲ့အကြောင်းပေါ်မူတည်ပြီး 

တစ်ယောက်ယောက်ကို အကျိုးနဲကံဆိုးစေလိမ့်မယ်]


[စွမ်းရည်အဆင့် : ၁ ]


[ခြွင်းချက် : တစ်နေ့မှာလူတစ်ယောက်ကိုပဲ တစ်ကြိမ်သာ ကျိန်စာတိုက်လို့ရ၊ ကျိန်စာတိုက်ပြီးနောက် ထိုလူအပေါ်ကျရောက်လာမည့် အညံ့များကို ထိန်းချုပ်၍မရ]


[မှတ်ချက် :ထန်မော့ကတော့ထန်မော့ပါပဲ၊ 

ဓာတ်မီးလေးတလက်ကိုတောင် အလကားယူပြီး ပိုက်ဆံမပေးပြန်ဘူး၊ အရေထူချက်ပဲ]


ထန်မော့ "..."


ထန်မော့၏လက်များမှာ အဆိုပါစာမျက်နှာကို ခပ်တင်းတင်းဆုပ်ကာ နှစ်ကြိမ်ခန့်အသက်ပြင်းပြင်းရှူ လိုက်ပြီးမှ ဆက်၍ဖတ်လိုက်သည်။


[ထန်မော့ဗားရှင်းအသုံးပြုရန်အညွှန်း :

တစ်နေ့မှာတစ်ကြိမ်ပဲသုံးနိုင်၊ စွမ်းရည်အကျိုးသက်ရောက်နိုင်ချေ30% ခန့်သာရှိ၊ ထမင်းစားနေတုန်းဖြစ်ဖြစ်ရေသောက်နေတုန်းဖြစ်ဖြစ် အဲဒီလူကတော့သေမတတ် သီးသွားလိမ့်မယ်၊ ဒီအမိုက်စားစွမ်းရည်က ထန်မော့နဲ့ လိုက်သားဟ]


သူရဲ့ကိုယ်ပိုင်စွမ်းရည်သာဖြစ်မနေရင် ထန်မော့ဒီစာအုပ်ကို အကြိမ်တစ်ရာမီးရှို့ပြီးနေလောက်ပြီ၊


ထန်မော့အနည်းငယ်ခန့်မှန်းမိလိုက်သည်။ သူ့အနေနဲ့အခြားသူတစ်ဦး၏စွမ်းရည်ကိုရလိုလျှင် ပထမဆုံးနည်းမှာ ထိုလူကိုသတ်ရန်ဖြစ်သည်။ ဥပမာ ရှန်စန်းခွန်နဲ့တုန်းကလိုပင် သို့ဆိုလျှင်သူကထိုလူရဲ့စွမ်းရည်ကိုရလိမ့်မည်။


ဒုတိယနည်းကတော့ သူ့စွမ်းရည်​၏နာမည်အတိုင်းပင် တစ်ယောက်ယောက်ဆီက ပိုက်ဆံမ​ပေးပဲအလကားယူခြင်းပင်။ ဥပမာ လီပင်းကသူ့ကိုဓာတ်မီးပေးလိုက်ပြီးတော့ ထန်မော့ကလီပင်းကိုဘာမှပြန်မပေးခဲ့​ချေ။


တနည်းအားဖြင့်စားပြီးနားမလည်လုပ်ခြင်းပင်။


ဒါပေမယ့် ဓာတ်မီးကို ပိုက်ဆံမ​ပေးပဲ ဒီတိုင်းယူလာတာမျိုးလို စွမ်းရည်တစ်ခုရဖို့ကဒီလောက်တောင် လွယ်ပါ့မလား


ထိုမျှရိုးရှင်းတာတော့မဖြစ်နိုင်ချေ။ သူမသိနိုင်သောကန့်သတ်ချက်တစ်စုံတစ်ရာလည်း ရှိကောင်းရှိလိမ့်မည်။ ထန်မော့ကစာအုပ်ကိုပိတ်ရန်ပြင်လိုက်ချိန်တွင် နောက်ထပ်စာကြောင်းများ ပေါ်လာသဖြင့် ဆက်၍ဖတ်လိုက်သည်။


[မှတ်ချက် :စက်၀ိုင်းလေးဆွဲပြီးကျိန်စာတိုက်မယ်

(ပိုင်ရှင်:လီပင်း)စွမ်းရည်ကိုအောင်မြင်စွာ အသက်သွင်းခဲ့သည်]


"အောင်မြင်စွာအသက်သွင်းတယ် ဘယ်တုန်းကလဲဘယ်သူ့ကိုလဲ "


အဆိုပါစာလုံးများမှာအလွန်ဖျော့တော့နေပြီး ၄င်းဈေးပေါသောစာအုပ်၏ ကြောင်တောင်တောင် မှတ်ချက်များတော့မပါရှိပေ။


ထန်မော့သည်အတော်ကြာအောင် စဉ်းစားနေသော်လည်း ဘာသဲလွန်စမှထွက်မလာခဲ့ချေ။

ထို့နောက်တွင် သူသည်မိမိအင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ကာ တစ်စုံတစ်ခုကိုထုတ်ယူလိုက်သည်။


"ကြက်ဆင်ဥ"


ပွေးကြီးက သူ့အား အရွယ်ရောက်ပြီးသောအမျိုးသားတစ်ဦး၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော ဥတစ်လုံးအားပေးခဲ့သည်။ ထန်မော့ကထိုဥကို သူ့အင်င်္ကျီအိတ်ကပ်ထဲ၌ ထည့်ထားခဲ့ပြီး ဂိမ်းအပြင်သို့ပါလာမည်ဟုမထင်ထားခဲ့ချေ။


၄င်းမှာသာမာန်ဥဖြူကြီးတစ်လုံးသာဖြစ်သည်။

အရွယ်အစားနည်းနည်းပိုကြီးသည်ကလွဲ တခြားဥများနှင့် ကွာခြားချက်မရှိချေ။ ပွေးကြီးကတော့ လူသားတွေက ကြက်ဆင်ဥကိုအကောင်ဖောက်လို့မရဘူးဟု ဆိုကာ သူ့အားထိုဥကိုစားရန်ပေးခဲ့ခြင်းပင်။

သို့နှင့်ထန်မော့မှာထိုဥကို ကစတီရင်ယာ၌ ခေါက်ကြည့်လိုက်သည်။


ဒုန်း...


အတော်လေးကျယ်သောအသံတစ်သံထွက်လာပြီး ထန်မော့ဆွံ့အစွာကြည့်လိုက်သည်။


"..."


ဥမှာအက်ရာလေးတောင်မထင်ပဲ စတီရင်ယာတွင်မူ အက်ကြောင်းကြီးပေါ်သွားခဲ့ချေသည်။


ဒါကြီးကိုစားလို့ရလို့လား ဒါကိုစားဖို့ဆို သူ့သွားတွေကို သံမဏိချောင်းတွေအစားထိုးရမယ့်ပုံပဲ။


ထိုစဉ်တွင် မြေအောက်နိုင်ငံ၏ ပွေးကြီးလှိုဏ်ဂူထဲတွင် တစ်စုံတစ်ခုဖြစ်ပျက်နေသည်ကို ထန်မော့မသိလိုက်ပေ။


ပွေးကြီးကခေါင်းတခါခါနှင့်လေချွန်လျက်


"အနက်ရောင်မျှော်စင်ရဲ့ပထမထပ်ကို အခုအခြေအနေနဲ့တကယ်ကြီးရှင်းသွားတယ်ပေါ့"


သူကထိုစကားကိုထပ်ကာထပ်ကာရွတ်နေခဲ့ပြီးမှ 

သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။


"တော်သေးတာက သူနဲ့ရင်ဆိုင်ရတာငါမဟုတ်လို့ပေါ့"


ထို့နောက်တွင် သူကအလွန် ကလိမ်ကကျစ်ပြုံးလိုက်ပြီး မြေကြီးအားအလျင်အမြန်တူးလိုက်သည်။


"ငါဒီနေ့ ဒီလောက်တောင်မှအရသာရှိတဲ့ကြက်ဆင်ကို စားလိုက်ရတာအတော်တန်တာပဲ။ အဲဒီငတုံးက မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံကဘယ်လောက် အဖိုးတန်တယ်ဆိုတာသိမှာမဟုတ်ဘူး။ အာ.. ဘယ်တော့မှများ အဲဒီငတုံးတွေငါ့ဆီမီးခြစ်ဆံ

နောက်တစ််ချောင်းထပ်ယူလာပေးမှာလဲကွာ.."


ပွေးကြီးက ကြီးစွာသောတွင်းကြီးကိုတူးလိုက်ပြီး 

မရေတွက်နိုင်သော ဥဖြူဖြူများပေါ်လာခဲ့သည်။

ထိုအထဲမှသာမာန်ဥတစ်လုံးကိုသာထုတ်ပြီး ထန်မော့အားပေးခဲ့ခြင်းပင်။ ပွေးကြီးကအလွန်ဂုဏ်ယူစွာ ပြုံးလိုက်ပြီးဆက်၍တူးလိုက်သည်။


"ငါ့ရဲ့ဘေဘီဥလေးကမင်းအတွက်မဟုတ်ဘူး၊ ငါကအဲဒါလေးကို လှောင်ချိုင့်ထဲကထုတ်ပြီးတော့ကို ညတိုင်းဖက်အိပ်ဦးမှာ၊ ငတုံးကောင်က ရိုးရိုးဥကိုအဟုတ်မှတ် 

အား...ငါ့ဥ.. ငါ့ဥ.ဘယ်မှာလဲ "


ဥဖြူဖြူများအကြားတွင် သေးငယ်သောစတီးလှောင်ချိုင့်ငယ်လေးရှိကာ ထိုလှောင်ချိုင့်ထဲတွင် ဗလာကျင်းလျက်၊


*****

အနက်ရောင်မျှော်စင်ရဲ့ ကြက်ဆင်သိုက်အတွင်းမှာတော့..


ကျားတစ်ကောင်ရဲ့အရွယ်တမျှကြီးမားသော ကြက်ဆင်ကြီးက သွေးသံတရွဲရွှဲနှင့်လဲလျောင်းနေခဲ့သည်။ ၄င်း၏ချွန်ထက်သော လက်သည်းများတွင်လူသွေးများနှင့်အသားဖတ်များ ပေကျံနေသော်လည်း ၄င်းမှာမထနိုင်တော့ချေ။ နောက်တစ်ချက်သာတိုက်ခိုက်ခံရလျှင် သေသွားတော့မတက်။


ကံကောင်းချင်တော့ ၄င်းကိုတိုက်ခိုက်ထားသောလူမှာလည်း ထရပ်ဖို့အားပင်မရှိတော့ချေ။


"ကတော်  ခိုး၀င်သူစုတ်  ကတော် နင့်ကိုကျွတ်ကျွတ်ဝါးပစ်မယ်"


အနက်ရောင်၀တ်ဆင်ထားသောအမျိုးသားမှာကြက်ဆင်ကြီးလက်ချက်ကြောင့် ညာဖက်ခြေထောက်မှာ ပြုတ်ထွက်သွားပြီး သွေးများကထိုနေရာမှ ယိုစီးကျနေသည်။သူ၏ဘယ်ဘက်လက်မှာတော့ ကြက်ဆင်ကြီး၏နှုတ်သီးနှင့် အဆိတ်ခံထားရ​သော အပေါက်များစွာရှိကာ ညာဘက်လက်မူ လက်မောင်းကစပြီး ပုံမှန်လက်ပုံစံမရှိချေ။ ထိုအစား ပြောင်လက်နေသော ငွေရောင်သတ္တုကတော့ချွန်ပုံသဏ္ဍာန်ကနေရာယူထားသည်။


အမျိုးသားမှာ ပြင်းထန်စွာချောင်းဆိုးလိုက်ပြီး 

သွေးတချို့အန်ထုတ်လိုက်သည်။ ထို့နောက်တွင် သူ၏ညဘက်လက်ကိုေ၀့ယမ်းလိုက်သည်တွင် 

အဆိုပါသတ္တုကတော့ချွန်ကြီးတဖြည်းဖြည်းပျောက်သွားပြီး မူလလက်ပြန်ပေါ်လာခဲ့သည်။ထို့နောက်တွင် သူကလက်နှစ်ဖက်ကိုသုံး၍ ကြက်ဆင်သိုက်ထံအားယူ၍ တက်သွားလိုက်သည်။


သူကအနည်းငယ်စူးစမ်းကြည့် ပြီးသည့်နောက်တွင် အသိုက်၏အလယ်မှ ကြက်ဆင်၏ရတနာဥကိုတွေ့သွားတော့သည်။


ကြက်ဆင်ကြီးမှာဒေါသတကြီး ဟိန်းဟောက်လာသည်။


"ငါ့ဥကိုပြန်ချထားလိုက်"


"ငါတို့တိုက်ခိုက်နေတုန်း ဒီဥကိုမင်းအသည်းအသန်ကာကွယ်နေခဲ့တာ"


အမျိုးသားကသူ၏နှုတ်ခမ်းမှသွေးများကို ပွတ်သုတ်ရင်းဆိုသည်။ သူကတည်ငြိမ်စွာဆက်၍ပြောလိုက်သည်။


"ဒီဥကမင်းရဲ့ရတနာပဲ"


ကြက်ဆင်ကြီးကအတောင်ကိုတဖတ်ဖတ်နှင့်

အားကုန်ခပ်နေသော်လည်း ထရပ်ဖို့အားမရှိတော့ချေ။ ပထမဆုံးအကြိမ်အဖြစ် ခိုး၀င်သူတစ်ယောက်အားမြင်ကာ ၄င်းကိုစားချင်စိတ်ဖြစ်မိခြင်းအပေါ်နောင်တရမိသွားသည်။


 á€žá€°á€žá€Źá€’ဎခိုး၀င်သူကိုငမ်းငမ်းတက်ဖဟစ်မန္ခဲအပဲ နောက်မှာအသာပုန်းနေပြီးမှ အလစ်တိုက်ခိုက်ခဲ့ရင် သူတို့နှစ်ယောက်လုံးဒီအခြေအနေထိရောက်အောင် ရင်ဆိုင်စရာလိုမှာလည်းမဟုတ်ဘူး...


ဒီခိုး၀င်သူက ဒီလောက်တောင်သန်မာပြီး အနက်ရောင်မျှော်စင်ရဲ့ပထမထပ်ကိုတောင် ရှင်းနိုင်မယ်လို့ဘယ်သူထင်ထားမှာလဲ...


ပြီးတော့ သောက်မျှော်စင်ပထမထပ်ကိုရှင်းတာမရှင်းတာ အသာထား အရေးကြီးတာက သူ့ဥ

အဲဒါသူ့ရဲ့ရတနာဥလို့...


"ငါ့ဥကိုပြန်ပေး "


အလွန်အားကုန်နေသောကြက်ဆင်ကြီးမှာ မမျှော်လင့်ထားစွာ ထရပ်လာပြီး ထိုအမျိုးထံပြေး၀င်သွားခဲ့သည်။ ၄င်းမှာထိုလူသားထံကိုရောက်လုဆဲဆဲ 

ဥကိုထိလုဆဲဆဲတွင် အနက်ရောင်မျှော်စင်၏ ကြေညာသံကထွက်ပေါ်လာခဲ့သည်။ ထို့နောက်ထိုအနက်ရောင်၀တ်အမျိုးသားမှာ တမဟုတ်ချင်းပျောက်ကွယ်သွားပြီး ကြက်ဆင်ကြီးမှာလည်း လဲကျသွားတော့သည်။


"ကတော် ကတော်  ငါ့ဥ..."


****

တရုတ်ပြည်ခရိုင်၏ ကစားသမားများအားလုံးလည်း တချိန်ထဲမှာပင် မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းထဲမှ ထွက်လာကြသည်။


ဖူ၀မ်ေသာ်သည်လည်း လွတ်မြောက်လာခဲ့ပြီး သူ၏ညာဘက်ခြေထောက်မှာတော့ ကြက်ဆင်သိုက်ထဲတွင် ပြတ်ကျကျန်နေခဲ့သည်။


အနက်ရောင်မျှော်စင်မှ ထွက်လာပြီးသည့်နောက် သူသည် ဘယ်သူမှမရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ တစ်နေရာတွင် လဲလျောင်းနေခဲ့သည်။


သူ၏ပိုင်းသွားသောညာဘက်ခြေထောက်မှ အသံတချို့ထွက်လာပြီး အနီးကပ်ကြည့်မိလျှင် ထိုနေရာမှအသားများတဖြည်းဖြည်း ပြန်လည်ဖွံ့ဖြိုးလာသည်ကို တွေ့ရမည်ဖြစ်သည်။


အရှိန်မှာနှေးကွေးသော်လည်း သူ၏ပြတ်သွား​သော​ခြေ​ထောက်ကတဖြည်းဖြည်းပြန်ထွက်လာသည်မှာ အမှန်ပင်ဖြစ်သည်။


အလားတူအဖြစ်အပျက်အချို့မှာလည်း အခြားကစားသမားများထံတွင်ဖြစ်ပေါ်လျက်ပင်။


တရုတ်ပြည်ခရိုင်မှကစားသမားများအားလုံး မျှော်စင်ကိုတိုက်ခိုက်ရန် ရုတ်တရက်ဆွဲသွင်းခံလိုက်ရသည်။ ကြီးကြီးမားမားမကြုံတွေ့ရပဲ ဒဏ်ရာပင်မရသူတချို့လည်းရှိသည်။ ဥပမာထန်မော့က မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံကြောင့် ကံကောင်းသွားသလိုမျိုးပင်။


သို့သော်လည်း အရေအတွက်မှာ အလွန်နည်းလှသည်။ အများစုမှာ ဖူ၀မ်သော်ကဲ့သို့ပင် မျှော်စင်မွန်းစတားများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။


တချို့မှာထိုမျှော်စင်ပထမထပ်တွင် သေဆုံးသွားကြကာ တချို့ကတော့ရှင်ကျန်ရစ်သည်။


လူတချို့မှာလည်းရတနာနှင့်အတူလွတ်မြောက်လာကြသည်။ သေလောက်သည့်ဒဏ်ရာများရနေတာတောင်မှ အခက်အခဲများအဆုံးမှအသီးအပွင့်ကို ခူးဆွတ်လာနိုင်သောကြောင့် ၄င်းတို့မှာပျော်ရွှင်နေကြသည်။


ညာဘက်ခြေထောက်မှ အပြည့်အ၀ပြန်လည်ကောင်းမွန်သွားချိန်၌ ဖူ၀မ်သော်သည်မှိတ်ထားသောမျက်လုံးကိုဖွင့်လိုက်ပြီး အိတ်ကပ်ထဲမှ ကြက်ဆင်ဥအားထုတ်ယူလိုက်သည်။


ညနေခင်းနေရောင်၏နောက်ခံတွက် အဆိုပါကြက်ဆင်ဥမှာ ရွှေရောင်အလင်းတချက်လင်းလာခဲ့ပြီး သေးငယ်သောစာလုံးများကဥခွံပေါ်တွင် ပေါ်လာခဲ့သည်။


[ပစ္စည်း :မော့မော့ ] MoMo*


[ပိုင်ရှင် :ဖူဝမ်သော်]


[အရည်အသွေး :ရှားပါး ]


[အဆင့် :၂ (upgradeလုပ်နိုင်)]


[တိုက်ခိုက်စွမ်းအား :သာမာန်]


[အသုံးပြုပုံ :ဂိမ်း၏လက်ရှိစမှတ်ကိုသိမ်းနိုင်]


[ကန့်သတ်ချက် :ခုနှစ်ရက်တွင်တစ်ကြိမ်သာအသုံးပြုနိုင်၊စမှတ်သိမ်းနိုင်သည့်ကြာချိန် တစ်နာရီသာ]


[မှတ်ချက် :ဒီခေတ်ကြီးထဲကတရုတ်အမျိုးသားတွေများ မော့မော့ဆိုတာကဘာကြီးလဲ၊ မင်းရင်ထဲမှာတိတ်တိတ်လေး gayနေတာလား]


တချိန်ထဲမှာပဲ ထန်မော့သည်လည်း ထိုမာကျောပြီး ထူးဆန်းသောဥကြီးကို သေချာလေ့လာနေခဲ့သည်။ သူကထိုဥကြီးကိုပစ္စည်းမျိုးစုံနှင့်ထုကြည့်ပြီး​​ချေပြီ။ သူ့စာအုပ်တောင်ပါသေးသည်။


ဘယ်လိုမှအဖြေရှာမရ၍ အချိန်ထပ်မဖြုန်းတော့ပဲ ဥကိုဘေးပို့ကာ ရှန်ဟိုင်း ကျင်းအန်ခရိုင်ဆီသို့မောင်းလာလိုက်သည်။ ဥကိုဘေးခုံတွင်တင်ထားချိန်တွင် ညနေခင်းနေရောင်က ပြတင်းပေါ်မှတဆင်ဥအပေါ်ဖြာကျနေပြီး ထိုဥပေါ်တွင်ရွှေရောင်စာလုံးတချို့ကိုတွေ့လိုက်ရသည်။ ထန်မော့လည်းကားကိုချက်ချင်းရပ်လိုက်ပြီး ဥကိုစူးစမ်းကြည့်လိုက်သည်။


[ပစ္စည်း :#@$%2 (ပျက်စီးနေ)]


[ပိုင်ရှင် :ထန်မော့]


[အရည်အသွေး :ရှားပါး]


[အဆင့် :#@@ (upgradeလုပ်နိုင်)]


[တိုက်ခိုက်စွမ်းအား :သာမာန်]


[အသုံးပြုပုံ :သိမ်း #%^ game @$@#]


[ကန့်သန့်ချက် :@#$#%@$@!#]


[မှတ်ချက် :ကဲ့သို့@$@$%@#$!@#]


ထန်မော့"..."


ဘာကြီးလဲဟ


ထန်မော့သည် လက်ညှိုးအားကွေးလိုက်ပြီး ဥအားအကြိမ်အနည်းငယ်တောက်ကြည့်လိုက်သည်။

သူသုံးကြိမ်မြောက်တောက်မိချိန်တွင် ဥအတွင်းမှ လေသံနိမ့်နိမ့်နှင့် ခပ်ဩဩအမျိုးသားအသံတစ်ခုထွက်လာခဲ့သည်။


"မော့မော့"


ထန်မော့ရုတ်ချည်းအေးခဲသွားလေသည်။


ဒီဥကအသက်ရှိနေတာလား။ သူ့ရဲ့ ချစ်စနိုးနာမည်ကိုတောင်သိ​​နေ​သေးတယ်


ဒါပေမယ့်လည်း သူ့ကိုရုတ်တရက်ကြီးမော့မော့လို့ ခေါ်တာကကျအရမ်းကြီးပရောပရီဖြစ်မနေဘူးလား


အတော်ကြာတိတ်ဆိတ်နေပြီးနောက် ထန်မော့က အမ်းဟုပြန်ဖြေလိုက်သည်။


"မင်းကကြက်ဆင်လား ဒီအတိုင်းဥပဲလား"


တဖက်မှအသံကရုတ်ချည်းပြတ်တောက်သွားသည်။


ထို့နောက်တွင်အလွန်အေးစက်လေလေသံအား ကြားလိုက်ရတော့သည်။


"ဘယ်သူလဲ"



🪩