Chapter 67
Viewers 11k

🌍Chapter 67




လူတိုင်း မီး​တောက်မီးညွှန့်များကို သတိထားမိသည့်နှယ် ​ထိုအ​ဆောက်အဦးကို ​မော့ကြည့်လိုက်ကြသည်။


ထန်​မော့တို့ တိုက်အဖွဲ့အစည်း၏​ဌာနကို ပြန်​ရောက်လာချိန်တွင် ည​​နေခင်း ၃နာရီထိုး​နေခဲ့ပြီဖြစ်သည်။


ထန်​ရှောင်းက ​လော့ဖုန်းချန်းထံသို့ ဗလာအမူအယာဖြင့် ​လျှောက်သွားလိုက်ပြီး ယမ​နေ့က ခြုံခို​တိုက်ခိုက်မှုအ​ကြောင်း အ​သေးစိတ်ကို ​ပြောပြလိုက်သည်။


​​သေဆုံးသွား​သော အဖွဲ့၀င်များ၏ အ​ကြောင်းကို နား​ထောင်ရစဥ် လော့ဖုန်းချန်း၏ အမူအယာမှာ ​တောင့်တင်း​​နေခဲ့​လေသည်။ မကြာခင်မှာပင် သူ၏အမူအယာမှာ ပြန်လည်တည်ငြိမ်လာခဲ့ပြီး ဆိုလိုက်သည်။


"ခိုး၀င်သူ​တွေကအရမ်းသန်မာလွန်းတယ် အခုလို​​မှောင်ခိုသာ၀င်မတိုက်ရင် ငါတို့​တွေသူတို့ကို အခုလိုရှင်းနိုင်လိုက်မှာ​တောင်မဟုတ်ဘူး...အဲဒီမျက်လုံးကာနဲ့​ကောင်​လေးက ၀င်မတိုက်ပဲနဲ့​တောင် ဆံပင်တိုတိုနဲ့ မိန်းက​လေးက လူ၃​ယောက်​တောင်သတ်နိုင်တယ်ဆိုရင် သူတို့ကို အဲဒီအတိုင်းလွှတ်ထားခဲ့ရင်  မ​တွေးရဲစရာပဲ"


ပြင်းပြင်းထန်ထန်ဒဏ်ရာရထား​သော လူ၂​ယောက်အား အ​ရေး​ပေါ်ခန်းထဲသို့ပို့လိုက်ပြီး ​ကျောက်ကျန်းမှာ​တော့ ခတ္တအနားယူ​နေခဲ့သည်။


ထန်​မော့၏ နှာ​ခေါင်းရိုးမှာ ဆံပင်တိုတိုနှင့်မိန်းက​လေး​ကြောင့် ကျိုးသွားခဲ့ပြီး သူ၏ကိုယ်တွင်​တော့ ပြတ်ရှရာနှင့် တခြားဒဏ်ရာများ ထူထဲစွာရှိ​နေခဲ့​လေသည်။ သူသည်ထိုဒဏ်ရာများကို ဂရုမစိုက်အား​ချေ။ ကျန်လူများကထွက်ခွာသွားပြီး​နောက် ရုံးခန်းထဲတွင် သူနှင့် ​လော့ဖုန်းချန်းသာ ကျန်ရစ်​လေသည်။


"အစားကြူးတဲ့ မျက်နှာဖြူ​လေးက အဲဒီမျက်လုံးကာနဲ့​ကောင်​လေးဖြစ်မယ်" 


ထန်​မော့ကဆိုလိုက်သည်။


​လော့ဖုန်းချန်းက ​မေးလိုက်သည်။


"ဘာလို့လဲ"


"အဲဒီ​ကောင်​လေးရဲ့ စွမ်းရည်က ထူးဆန်းတယ် တိုက်ခိုက်နိုင်စွမ်းမရှိသ​လောက်ပဲ သူ့စွမ်းရည်​ကြောင့်သာမဟုတ်ရင် အဲဒီခိုး၀င်သူ​တွေက သူနဲ့ပူး​ပေါင်းမှာ မဟုတ်ဘူး၊"


ထန်​မော့ ခတ္တမျှ ရပ်တန့်သွားပြီးမှ ထပ်​ပေါင်း၍ ဆိုလိုက်သည်။ 


"သူ့စွမ်းရည်က အဲဒီခိုး၀င်သူ​တွေ နှလုံး​တွေစားပြီး သန်မာလာတာနဲ့ဆိုင်​လောက်တယ်"


​လော့ဖုန်းချန်းက ​ခေါင်းညိတ်လက်ခံလာခဲ့သည်။


" ခိုး၀င်သူ​တွေဆီက​နေ ကာကွယ်ခံရတဲ့သူ... စွမ်းရည်ကလည်း တိုက်ခိုက်စွမ်းရည်မဟုတ်ဘူး... သူ့စွမ်းရည်က အဲဒီခိုး၀င်သူ​တွေသန်မာလာတာနဲ့ သက်ဆိုင်တာမျိုး ဖြစ်နိုင်ပါတယ် ဒါ​ပေမယ့်လည်း ငါတို့မှာ သူ့စွမ်းရည်ကို သိခွင့်မရှိ​တော့ဘူး"


ထိုမျက်လုံးကာနှင့်​ကောင်​လေးမှာ ဖက်တီး​လေးထံမှ အသတ်ခံလိုက်ရပြီး ထန်​မော့မှာ ထို​ကောင်​လေး၏ စွမ်းရည်ကို မရရှိလိုက်​ချေ။ သို့​သော် သူ့တွင် ခန့်မှန်းချက်တချို့ရှိ​နေဆဲပင်။


"ခါးပါတ်နက်ရဲ့စွမ်းရည်က နှလုံး​တွေကို စားရတာနဲ့ဆိုင်မယ်ထင်တယ်"


ထို့​နောက်သူတို့သည် ဤအ​ကြောင်းကို ဆက်မ​ပြောကြ​တော့​ချေ။ ​လော့ဖုန်းချန်းသူ့အား ကြည့်လျက် ​မေးလာခဲ့သည်။


"မင်းဘယ်​လောက်ကြာကြာ​နေဦးမှာလဲ"


ထန်​မော့သူ့အားပြန်ကြည့်လိုက်သည်။ 


"ဒီ​နေ့က ၂၃ရက်ပဲ ကျွန်​တော်မနက်ဖြန်ထွက်သွား​တော့မယ်" 


"မင်းတကယ် ဆက်မ​နေချင်ဘူးလား"


"ခိုး၀င်သူ​တွေက စုကျိုးကလာတာ စုကျိုးမှာ အနည်းဆုံး​တော့ သူတို့ထဲက ၃​ယောက်​တော့ရှိ​နေဦးမှာ ကျွန်​တော်ကစုကျိုးမှာ နှစ်၂၀​လောက်​နေလာခဲ့တာ ရှန်ဟိုင်းမှာ​နေမယ့်အစား အဲဒီကိုပဲ ပြန်ချင်တာ သဘာ၀ပါပဲ"


​လော့ဖုန်းချန်း သူ့အားမတားခဲ့​ချေ။


 á€‘န်​မ္ဏအထွက်မသွဏးခင်တွင် ​လော့ဖုန်းချန်းက ​မေးလာခဲ့ပြန်သည်။ 


"ငါကြားတာ ဖက်တီး​လေးက သူ့အတန်း​ဖော်ရဲ့စကား​ကြောင့် အဲဒီ​ခေါင်မိုး​ပေါ်မှာ ​စောင့်​နေခဲ့တာဆို"


ထန်​မော့​​ခြေလှမ်းတို့တန့်သွားလျက် ​လော့ဖုန်းချန်းကို လှည့်ကြည့်လိုက်သည်။ 


​လော့ဖုန်းချန်းက ပြုံးလိုက်သည်။


"သူက​တော်သားပဲ ဒါ​ပေမယ့် ၁၅နှစ်ပဲရှိ​သေးတာဆို​တော့ သင်ယူစရာ​တွေအများကြီးရှိ​သေးတယ် ဒီကမ္ဘာကြီးမှာ​ပို​ကောင်း​ကောင်းမွန်မွန်နေထိုင်ဖို့ အတွက် နည်းလမ်း​တွေကို သင်ယူရဦးမယ်"


ထန်​မော့ ​လော့ဖုန်းချန်းအား စိုက်ကြည့်​နေခဲ့သည်။


သူ တစ်ဖက်လူဆိုလိုသည်ကို နားလည်​ပေသည်။


ထန်​မော့သည် ရုံးခန်းမှ ထွက်ခွာလာပြီး​နောက် ​ကားပါကင်​ထောင့်တစ်​နေရာတွင် ​ရှောင်​​ဖေး​ဖေး၏စကားများကို နား​ထောင်​ပေး​နေ​သော က​လေးမ​လေးကို​တွေ့လိုက်ရ​လေသည်။ ချန်ရှန်းရှန်းမှာ ထန်​မော့၏ ဒဏ်ရာရထား​သော ပုခုံးနှင့် ညာ​ခြေ​ထောက်တို့ကို မြင်လျှင် ထရပ်လာခဲ့သည်။


"အစ်ကိုထန် အဆင်​ပြေရဲ့လား"


"​ပြေပါတယ်" 


နှစ်​ယောက်သားမှာ တစ်​ယောက်ကိုတစ်​ယောက် ခတ္တမျှကြည့်လိုက်ပြီး​နောက် ချန်ရှန်းရှန်းက ထန်​မော့​နောက်မှ လိုက်လာခဲ့​လေသည်။ 


ထန်​မော့က ​လော့ဖုန်းချန်း၏စကားများကို သူမအား ပြန်လည်မျှ​ဝေလိုက်သည်။ က​လေးမ​လေးမှာ ​ခေါင်းကိုငုံ့လျက် ကြမ်းပြင်သို့ တိတ်တဆိတ်စိုက်ကြည့်​နေခဲ့​လေသည်။


ထန်​မော့ကာ အသာဆိုလာခဲ့သည်။


"မနက်ဖြန် ည​နေမှာ ငါစုကျိုးကို ပြန်​တော့မယ် မင်းစဥ်းစားကြည့်ပါ" 


သူကအပိုစကားတခွန်းမျှမဆိုပဲ သူမကို​ရွေးချယ်​စေခဲ့သည်။


​နောက်တစ်​နေ့ ည​နေခင်းတွင်ထန်​မော့သည် သူ၏ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး လွယ်အိတ်အသစ်တစ်လုံးကို​ပြောင်းလွယ်လိုက်သည်။ သူ၏ဘယ်လက်​နောက်​နေရာတွင် ​လောင်ကျွမ်းရာတချို့သာကျန်ရစ်​တော့​လေသည်။


ထိုခြုံခိုတိုက်ခိုက်မှုတွင် ထန်​မော့ ခိုး၀င်သူနှစ်ဦးကို သတ်ခဲ့ပြီး စွမ်းရည်၂မျိုးကို ရှိခဲ့​လေသည်။


[စွမ်းရည်: ငါကပင်လယ်ဓါးပြဘုရင် ဖြစ်လာမယ့်လူကွ] 


[ပိုင်ရှင်: လျိုကျန်း (ခိုး၀င်သူ)]


[အမျိုးအစား: လက်​တွေ့အသုံးချ]


[အသုံးပြုပုံ: လက်ဖ၀ါးမှ ဆွဲငင်အားအလွန်​ကောင်း​သော ရာဘာကြိုးတစ်ကြိုးစီပစ်ထုတ်နိုင်။ ပစ်မှတ်မှာ ၁မိနစ်အတွင်း ထိုရာဘာကြိုး၏ချည်​နှောင်မှုမှ မလွတ်​မြောက်နိုင်]


[အဆင့်: ၃] 


[မှတ်ချက်: မင်းကပင်လယ်ဓါးပြဘုရင်ဖြစ်မလာရင်လည်း ပင်လယ်ဓါးပြဘုရင်ရဲ့ အမှုထမ်း​လောက်​တော့ ဖြစ်နိုင်ပါ​သေးတယ်ကွာ]


[ထန်​မော့ဗားရှင်းအသုံးပြုရန်အညွှန်း: တစ်​နေ့တွင် တစ်ကြိမ်သာအသုံးပြုနိုင်။ ရာဘာကြိုးတစ်​ချောင်းသာထုတ်လွှတ်နိုင်မည်။ ပစ်မှတ်မှာ စက္ကန့်၃၀အတွင်း ရာဘာကြိုးထံမှ မလွတ်​မြောက်နိုင်။ ငါ့အမြင်​တော့ ထန်​မော့အခု​တ​လော အသစ်ရထားတဲ့ စွမ်းရည်​တွေက ညစ်ညစ်ပတ်ပတ်​လေး​တွေ။ သူနဲ့လိုက်သားပဲ]


ထန်​မော့ ​နောက်ဆုံးစာ​ကြောင်းနှစ်​ကြောင်းကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။


ထို့​နောက် ထန်​မော့သည် မီးအမျိုးသမီး၏ စွမ်းရည်ကို ကြည့်လိုက်ပြန်သည်။ 


[စွမ်းအင်: မီး​တောက်] 


[ပိုင်ရှင်: ဒုန်စီ (ခိုး၀င်သူ)]


[အမျိုးအစား: ​ပေါက်ကွဲအမျိုးအစား]


[အသုံးပြုပုံ : ပူပြင်းလွန်း​သောမီး​တောက်တစ်ခုကို ဖန်တီးလိုက်ပါ။ မီး​တောက်၏အပူချိန်မှာ ၁၅၃၅ဒီဂရီဆဲစီးရပ်အထိ ​ရောက်ရှိနိုင်]


[အဆင့်: ၄]


ထန်​မော့၏မျက်လုံးများမှာ အဆင့် ၄ဟူ​သော စာလုံးများတွင် ခတ္တရပ်တန့်​နေခဲ့မိ​လေသည်။


ဤသည်မှာ သူပထမဆုံးအကြိမ်မြင်ဖူး​သော အဆင့် ၄စွမ်းရည်ပင်။ 


အမှန်တကယ်ကိုပင် ဤခိုး၀င်သူအမျိုးသမီး၏ စွမ်းရည်မှာ သန်မာလွန်းလှသည်။


[ကန့်သတ်ချက်: မီး​တောက်၏အပူချိန်ကို ထိန်းညှိ၍မရပါ။ ဤစွမ်းရည်ကို တစ်ကြိမ်အသုံးပြုလိုက်တိုင်း အသုံးပြုသူကိုယ်၏ ​ရေဓါတ်ခမ်း​ခြောက်မှုမှာတိုးလာမည်။]


[မှတ်ချက်: မီးအပူချိန်ပိုမြင့်လာဖို့က ​သေ​လောက်​အောင်ကြာလွန်းတယ်၊ အဲဒါဒုန်စီ မ​သေခင်​တွေးခဲ့တဲ့အ​တွေးပဲ]


[ထန်​မော့ဗားရှင်းအသုံးပြုရန်အညွှန်း: တစ်​နေ့တွင် ၃ကြိမ်သာအသုံးပြုနိုင်၊ အသုံးပြုစဥ် အသုံးပြုသူကိုယ်၏ ​ရေဓါတ်ခမ်း​​ခြောက်မှု ၂ဆတိုးလာမည်။ အရမ်းစိတ်ဓါတ်ပြင်းထန်တဲ့အမျိုးသမီးက အရမ်းမြန်တဲ့​ယောကျာ်းနဲ့ ထိပ်တိုက်​တွေ့ခဲ့တာပဲ]


ဤစွမ်းရည်၂မျိုးစလုံးမှာ အလွန်ပြင်းထန်ပြီး အား​ကောင်းလှသည်။ တိုက်ခိုက်စွမ်းစည်များများစားစားမရှိ​သေး​သော ထန်​မော့အတွက် အလွန်အကျိုးရှိသည်ပင်။ သူ၏အိတ်ထဲသို့ စွမ်းရည်စာအုပ်ကို ပြန်ထိုးထည့်လိုက်ပြီး​နောက် ​လော့ဖုန်းချန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားရန်ပြင်လိုက်သည်။


​လော့ဖုန်းချန်းမှာ အလွန်ထူးဆန်း​သော ဓါတု​​ဗေဒဖော်မျူလာတစ်ခုကို ​ရေး​နေခဲ့ခြင်းဖြစ်ကာ ထန်​မော့၄င်းကိုတစ်ချက်သာကြည့်ကာ အကြည့်လွှဲလိုက်​လေသည်။


​လော့ဖုန်းချန်းကဆိုလိုက်သည်။ 


"ဒီက​လေးမ၂​ယောက်ကအရမ်း​တော်တယ် ပြီး​တော့တိုက်အဖွဲ့အစည်းကိုလည်း ၀င်ဖို့ဆုံးဖြတ်လိုက်ပြီ"


သူ ခတ္တမျှအံ့အားသင့်သွားခဲ့​သော်လည်း ၄င်းမှာ ကျိုး​ကြောင်းသင့်​သော ​​ရွေးချယ်မှုပင်။


​​ရှောင်​ဖေး​ဖေး၏ ကစားသမားအမျိုးအစားခွဲ​သော စွမ်းရည်မှာ အသုံမ၀င်ဟုထင်ရ​သော်လည်း တိုက်အဖွဲ့အစည်းအတွက်မူ ၄င်းမှာ ရှားပါးစွမ်းရည်ဖြစ်သည်။ တိုက်အဖွဲ့အစည်းမှာ အလားအလာရှိ​သော စွမ်းရည်မျိုးနှင့် တရား၀င်ကစားသမားများကိုသာ လက်ခံ​လေ့ရှိသည်။ တရား၀င်ကစားသမားများမှာ စွမ်းရည်ရှိရန်လိုအပ်​သော်လည်း စွမ်းရည်ပိုင်ဆိုင်​သော အရံကစားသမားမျိုးရှိမရှိ မည်သူမျှမသိကြ​ချေ၊


​ရှောင်​​ဖေး​ဖေးနှင့်သာဆိုလျှင်ခိုး၀င်သူတစ်​ယောက်​ယောက်မှာ တိုက်အဖွဲ့အစည်းထဲ ၀င်​ရောက်ရန် စိုးရိမ်​နေစရာမလို​တော့​ချေ။


ချန်ရှန်းရှန်းအတွက်မှာမူ...


"အဲဒီက​လေးမ​လေးက ငါ့ဆီမ​နေ့ညက​ရောက်လာတယ်​လေ ငါသူ့ကို​မေးခွန်းနည်းနည်းပါးပါး​မေးလိုက်​တော့ သူမ​ဖြေနိုင်ခဲ့ဘူး အဲဒါနဲ့ ငါ့လက်​အောက်မှာ သင်ယူရင်း ​နေရစ်​တော့မယ် ဆုံးဖြတ်လိုက်တယ်"


ထန်​မော့ ဤအ​ခြေအ​နေကို​မျှော်လင့်ထားပြီးသားပင်။ 


"သူ့ကိုခင်များတပည့်အ​နေနဲ့လက်ခံတာလား"


"အင်း သူက​အ​တော်​လေးထက်တယ်​လေ...ငါ​တွေ့ဖူးသမျှ သု​တေသနပညာရှင်​တွေထက်​တောင် ထက်​သေး...ဒါ​ပေမယ့် သူသိတာနည်း​သေးတယ် ဖက်တီး​လေးကို ​ခေါင်မိုး​ပေါ်မှာ ​စောင့်​နေခဲ့ခိုင်းတုန်းကလို​ပေါ့...အဲ​နေ့ကရှန်ဟိုင်းမှာ ဘာလို့မိုးအဲ​လောက်ရွာလဲ သူမသိဘူး​လေ တစ်ရက်မှမ​စောသလို တစ်ရက်မှလည်း ​​နောက်မကျဘူး"


ဥာဏ်ထက်ခြင်းမှာ အသိပညာကြွယ်၀ခြင်းနှင့်မတူ​ချေ။ 


အသိပညာကြွယ်၀သူတို့က အ​ခြေခံဗဟုသုတအများအပြားလိုအပ်​သည်။ ထန်​မော့​ လော့ဖုန်းချန်းကို ပထမဆုံးအချိန်စ​တွေ့စဥ်ကကဲ့သို့ပင် ထိုလျို့၀ှက်ဆန်းကြယ်​သော အနက်​ရောင်​မျှော်စင်သု​​တေသနပညာရှင်မှာ သူမသိ​သော အ​ကြောင်းအရာမျိုးစုံဖြင့် ဖြစ်စဥ်များကို ခွဲခြမ်းစိတ်ဖြာပြသွားခဲ့သည်။


၄င်းမှာ ချန်ရှန်းရှန်း ယခု​လိုအပ်​နေ​သောအရာပင်ဖြစ်သည်။


သို့​သော် ထန်​မော့တွင်အ​တွေးတချို့ရှိ​နေဆဲပင်။


"သူ့ကို ခင်များရဲ့ လက်​ထောက်အဖြစ်ထားမယ်ထင်ခဲ့တာ"


"လက်​ထောက်ဆိုတာလည်း တပည့်တစ်​ယောက်ပါပဲ" 


​လော့ဖုန်းချန်းကဆိုလိုက်သည်။


"ငါဟိုးအရင်တုန်းက လက်​ထောက်တစ်​ယောက်ဖြစ်ခဲ့ဖူးတာပဲ ငါ၁၉နှစ်​လောက်ကစပြီး ၁နှစ်နီးပါး​လောက်​ပေါ့ ပြီး​တော့ ငါ့မှာကစွမ်းရည်မရှိဘူး​လေ ဒီတိုင်းအရံကစားသမားပဲ"


ထန်​မော့မှာ ​လော့ဖုန်းချန်းအားကြည့်​နေခဲ့ပြီး ​လော့ဖုန်းချန်းမှာလည်း ထန်​မော့အား ကြည့်​နေခဲ့​လေသည်။ 


အချိန်အ​တော်ကြာပြီး​နောက်တွင် ​လော့ဖုန်းချန်းက ရယ်လျက် 


"တစ်​နေ့မှာ ငါလည်း အနက်​ရောင်​မျှော်စင်​ကြောင့် ​သေရမယ့်အချိန်​ရောက်လာမှာပဲ ငါ​သေပြီးရင်လည်း ငါ့တပည့်ကအသက်ရှင်​နေသ၍ ငါအသက်ရှင်နေသလိုပဲ​​ပေါ့"


ထန်​မော့ သူ၏​ရှေ့မှလူကိုကြည့်ရင်း နှုတ်ခမ်းတို့ တွန့်​ကွေးလာခဲ့သည်။ 


"ခင်များ သိပ်အ​တွေးလွန်​နေပြီ"


လူနှစ်​ယောက်မှာ နှစ်ခြိုက်စွာ ရယ်​မောလိုက်ကြသည်။ 


*****


ရှန်ဟိုင်း၏ အ​ရှေ့ဘက်ခရိုင်၊ သာမာန်ဆန်လှ​သော ၃ထပ်အ​ဆောက်အဦးတစ်ခု။


အနက်​ရောင်ကို၀တ်ဆင်ထား​သော အရပ်မြင့်မြင့်နှင့် ​ချော​မော​သော အမျိုးသားတစ်ဦး အ​​ဆောက်အဦး​လေးထဲသို့ ​​လျှောက်သွားခဲ့သည်။ သူသည် ပထမထပ်မှအခန်းထဲတွင် တစ်စုံတစ်ခုကိုရှာ​ဖွေ​နေသည့်နှယ်။


၎င်းမှာ သာမာန်အ​ဆောက်အဦး​လေးတစ်ခုသာဖြစ်ကာ ထူးခြားသည့်အရာဟူ၍ အခန်းတစ်ခုစီ၏တံခါးတိုင်းတွင် မျက်ကြည်လွှာနှင့် အသံကိုအတည်ပြုကာဖွင့်ရ​သော ​​လော့စနစ်များတပ်ဆင်ထားခြင်းပင်။ ယခုအချိန်တွင် လျှပ်စစ်မီးများမရရှိ​တော့​သော်လည်း အ​ဆောက်အဦး​လေးရှိ​ထို​​လော့များမှာမှာ ဆိုလာစွမ်းအင်ဖြင့်ကောင်းစွာအလုပ်လုပ်​နေဆဲပင်။


ဖူ၀မ်​သော်သည်သူ၏ညာလက်ကို​မြှောက်လျက် ၄င်းအား ချွန်ထက်​သောအနက်​ရောင်ထုချွန်သဏ္ဍာန်​ပြောင်းလိုက်​လေသည်။ ထို့​နောက်တွင် ထူထဲလှ​သော သံတံခါးကြီးကို တိုက်ရိုက်ထိုး​ဖောက်လိုက်​လေ၏။


သူသည်အခန်း​စေ့သို့၀င်ပြီး ​စေ့​စေ့စပ်စပ်ရှာ​ဖွေ​နေခဲ့သည်။ ​နောက်ဆုံးတွင် ၃ထပ်​မြောက်မှ ​နောက်​ဆုံးအခန်းသို့​ရောက်လာခဲ့သည်။ ထိုအခန်းတံခါးတွင် ချိတ်ဆွဲထားသော အမည်ကတ်မှာ ...


[ပိုလာဇီ၀သိပ္ပံစူးစမ်း​လေ့လာ​ရေးအုပ်စု: ​လော့ဖုန်းချန်း]


ဖူ၀မ်သော် ထိုအခန်းထဲသို့၀င်လိုက်ပြီး အချိန်အကြာကြီး ရှာ​ဖွေကြည့်ရှု​နေခဲ့သည်။ သို့​သော် မည်သည့်သဲလွန်စကိုမှ မ​တွေ့ပါ​ချေ၊ သို့နှင့်လှည့်ထွက်သွားရန်ပြင်လိုက်စဥ် သူ၏အကြည့်များမှာ ​ဘေစင်​​ဘေးမှ ​ကြွေခွက်က​လေးကို ​တွေ့သွားခဲ့​လေသည်။ ထိုခွက်မှာ သန့်စင်စွာ​ဆေး​ကြောထားပြီး အဖုံးလည်းဖုံးထားခဲ့သည်။ တစ်စုံတစ်ဦးကအလျင်အမြန်​ဆေး​ကြောခဲ့သလိုမျိုး ​ရေစက်များစင်​နေခြင်းလည်းမရှိ​ချေ။ တစ်ဖက်လူမှာ ​ဘေစင်ကို စိတ်ရှည်လက်ရှည်သုတ်ပြီးမှ ထွက်သွားခဲ့ခြင်းဖြစ်သည်။


ဖူ၀မ်သော်၄င်းကိုကြည့်လိုက်သည်။ ထို့​နောက်တံခါး၀တွင်ရပ်လျက် အခန်းတစ်ခုလုံးကို ခြုံလျက် တစ်ချက်ကြည့်လိုက်သည်။ 


"သူ​ပျောက်သွားတာမဟုတ်ဘူးလား"


*****


တစ်ချိန်တည်းမှာပင် ထန်​မော့သည် ​မောလ်ထဲမှ ​ကျောပိုးအိတ်ကိုလွယ်လျက်ထွက်လာခဲ့​လေသည်။


ချန်ရှန်းရှန်းမှာ သူနှင့်အတူပါမလာခဲ့​ချေ။ သို့​သော် သူ့အ​နေနှင့် ဤက​လေးမ​လေးမှာ သူ၏အသင်း​ဖော်အဖြစ် အလွန်သင့်​တော်သည်ဟု ​တွေးမိခဲ့တာဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင်လည်း သူတွန့်ဆုတ်​နေမည်မဟုတ်​ချေ။


သို့​သော် တစ်ဦးတည်းလှုပ်ရှားရသည်မှာလည်း ၀က်လိုအသင်း​ဖော်ရှိ​နေခြင်းထက် အများကြီးပို၍ သက်​တောင့်သက်သာရှိ​လေသည်။


ထန်​မော့ ကီလိုမီတာ ၁ခုစာ​လျှောက်လာပြီး​နောက် ​နေမှာ အ​နောက်အရပ်သို့ တဖြည်းဖြည်း ၀င်သွားခဲ့သည်။ တစ်ခြမ်း​ကွေးလက​လေးက ​​မှောင်မည်း​သော​ကောင်းကင်​ပေါ်တွင် ချိတ်ဆွဲ​နေခဲ့​လေသည်။


ထန်​မော့သည် ​လျှောက်လာရင်းနှင့်မှ ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို သတိရသွားမိ​လေသည်။


"ဒီ​နေ့က ခရစ်စမတ်​နေ့လား"


ယ​နေ့မှာ ဒီဇင်ဘာ ၂၄ရက် ခရစ်စမတ်​နေ့ပင်။


သူသည်​မောလ်ထဲတွင် ဆက်​နေပြီး မနက်ဖြန်မှ ခရီးဆက်လျှင်လည်း ကိစ္စမရှိဟု ​တွေးလိုက်မိသည်။


ထိုသို့ဂရုတစိုက်​တွေး​တောရင်း လမ်းတစ်ခုကိုအဖြတ်တွင် ​အေးစက်​သော​လေညင်းတစ်ခုကဖြတ်တိုက်သွားလျက် ထန်​မော့​ခြေလှမ်းတို့ရပ်တန့်သွားမိသည်။ ထို့​နောက် ​က​လေးများ၏တောက်ပပြီး ​ရွှင်မြူးဖွယ် သံပြိုင်သီဆို​နေ​သောသီချင်းသံတစ်ခုက ရှန်ဟိုင်းတခွင်ပျံ့နှံ့သွားခဲ့သည်။


"မယ်ရီခရစ်စမတ်ပါကွယ်


မယ်ရီခရစ်စမတ်ပါလို့ ဆု​တောင်း​ပေးပါတယ်


​​ပျော်ရွှင်စရာနှစ်သစ်နဲ့ လှပတဲ့ခရစ်စမတ်​လေးဖြစ်ပါ​စေလို့ ဆု​တောင်း​ပေး​နေပါတယ်..."


ထန်​မော့ကြက်သီး​မွှေးညင်းများ ထသွားလျက် ​ခေါင်းကို​လှည့်ကာ ဟွမ်ဖူမြစ်၏တစ်ဖက်ကမ်း ​ကောင်းကင်​ပေါ်တွင် တွဲလွဲခို​​နေ​သော အနက်​ရောင်​မျှော်စင်ကြီးကို ​မော့ကြည့်လိုက်မိ​လေသည်။


ထိုမြူးကြွ​သော မယ်ရီခရစ်စမတ်သီချင်းပြီးဆုံးသွားသည်နှင့် ​ရင်းနှီး​နေပြီး​သော က​လေးတစ်ဦး၏ ​ကြေညာသံကထွက်​ပေါ်လာခဲ့သည်။


"တင်း​တောင်~ အံ့သြဖွယ်ခရစ်စမတ်ဂိမ်း​လေးကို တရုတ်ပြည်ရဲ့ခရိုင်​တွေအတွက် ဖွင့်လှစ်​ပေးလိုက်ပါပြီ တရုတ်ပြည်ကစားသမား​တွေအားလုံးပဲ ဂိမ်းက​လေးကို ​ပျော်ရွှင်စွာ ပါ၀င်ဆင်နွှဲ​ပေးကြပါ​နော်"


“တင်း​တောင်~ အံ့သြဖွယ်ခရစ်စမတ်ဂိမ်း​လေးကို..."


ထို​ကြေညာသံမှာ ၃ကြိမ်၃ခါတိတိ ရှန်ဟိုင်းတခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထို​ကြေညာမှုပြီး​နောက်တွင် အနက်​ရောင်​မျှော်စင်ကြီးမှာ ခတ္တတန့်သွားခဲ့သည်။ က​လေးသံမှာဆက်၍မ​​ကြေညာ​တော့ပဲ တိတ်ဆိတ်​နေပြီးမှ ရုတ်ချည်းကျယ်​လောင်စွာ ဆု​တောင်း​ပေးလာခဲ့သည်။


"တင်း​တောင်~ မယ်ရီခရစ်စမတ်ပါ"



🪩