Volume 3 : အမြန်ရထား
Chapter 84 (4 of Hearts – အမြန်ရထား ၁၇၊ မိန်းကလေးခုနစ်ယောက်နှင့် ဇာတ်လမ်းတစ်ပုဒ်) Part-1
ဤကိစ္စသည် ရှောက်လုံ၏ အမြင်သုံးခုကို လုံးဝပြန်လည်ဆန်းသစ်စေခဲ့သည်။
ကျိုးချွမ်သည် အိမ်သာထဲမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သူ့အင်္ဂါကို ဖြတ်တောက်သွားတာ တွေ့ရှိခဲ့သည်။ သူ့မျက်နှာမှာလည်း လက်ဖဝါးရာများဖြင့် အမျိုးသမီးတစ်ဦး ပြစ်မှုကျူးလွန်ရန် အလားအလာပိုများသည်ဟု အကြောင်းပြချက်ပေးသည်။ လူသတ်သမားနှင့် ကျိုးချွမ်တို့သာ စိတ်ပိုင်းဆိုင်ရာ ငြင်းခုံမှုတွေ ရှိခဲ့ဖူးသည်။
ချက်ချင်းဆိုသလိုပဲ ကျိုးချွမ်ဖုန်းထဲမှာ ငရဲသို့ရထားဓာတ်ပုံကို သူတို့တွေ့ခဲ့ပြီး ကျိုးချွမ်က Harem ဝတ္ထုတွေ အများကြီးကို ဖတ်ခဲ့သည်။ ကျိုးချွမ်သည် မိန်းကလေးများစွာနှင့် မရေရာသော ဆက်ဆံရေးရှိခဲ့ပြီး N လှေများပေါ်တက်ကာ တိမ်းမှောက်သွားခဲ့သည်ဟု ယူဆရသည်။ မိန်းကလေးတစ်ယောက်က ဒေါသကိုဖွင့်ထုတ်ရန် သူ့ကို သတ်ပစ်လိုက်သည်။
ကျိုးချွမ်၏ ကျောပိုးအိတ်ရှိ USB ကတ်က အလွန်အရေးကြီးသော သဲလွန်စတစ်ခုကို ပေးစွမ်းသည်။ သူနှင့် ရင်းနှီးခဲ့ပုံရသော မိန်းကလေးခုနစ်ယောက်၏ ဓာတ်ပုံများကို စုဆောင်းခဲ့သည်။ ပိုအရေးကြီးတာက ဒီအချိန်မှာ မိန်းကလေးခုနစ်ယောက်စလုံး ရထားပေါ်မှာ ရှိနေသည်။ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ပါ။
ရှောက်လုံသည် ရထားပေါ်က မိန်းကလေး ခုနစ်ယောက်ကို သေသေချာချာ ပြန်သတိရပြီး ဘောပင်နဲ့ စာရွက်ကို ကောက်ကိုင်လိုက်ပြီး ပုံကို အမြန်ဆွဲလိုက်သည်။
ရထား၏ ဖြန့်ဖြူးမှုမှာ အရှေ့ကနေ နံပါတ် 9 ရထားတွဲ၊ နံပါတ် 8 ရထားတွဲ၊ နံပါတ် 7 ရထားတွဲ… နံပါတ် 6 ရထားတွဲ၊ အိမ်သာ၊ ထမင်းစားရထားတွဲ၊ နံပါတ် 4 ရထားတွဲ၊ အိမ်သာ၊ နံပါတ် 3 ရထားတွဲ…
ရထားတစ်စင်းသည် ယေဘုယျအားဖြင့် ဦးတည်ချက်နှစ်ခုရှိသည်။ ဂိတ်သို့ရောက်ပြီးနောက် ရှေ့မျက်နှာစာ အနေအထားကို ပြောင်းသွားကာ ဦးတည်ချက်ပြောင်းသွားနိုင်သည်။ အရှေ့ဘက်ရှိ နံပါတ် 9 ရထားသည် ရှေ့နှင့်အဝေးဆုံးဖြစ်လာမည်ဖြစ်သည်။
ရထားတွင် တံခါးနှစ်ပေါက်၊ ရှေ့တစ်ပေါက်နှင့် အနောက်တစ်ပေါက်ရှိသည်။ ထိုင်ခုံများကို ဖြန့်ဝေပုံအရ ပထမတန်းသည် ရှေ့တံခါးနှင့် နီးကပ်နေပြီး 15 တန်းသည် နောက်တံခါးနှင့် နီးကပ်သည်။
ရှေ့နှင့်နောက်တံခါးတွင် ခရီးသည်များက အတက်/အဆင်းပြုလုပ်ကြကာ နောက်ဆုံး 15 တန်းမှ တံခါးကို မျက်နှာမူခဲ့သည်။
ဘူတာရုံမှာ ကျိုးချွမ်နှင့် သူ့ချစ်သူသည် ပထမဆုံးတက်ပြီး 8 တန်းမှာ ထိုင်ခဲ့သည်။ အမျိုးသမီးသူငယ်ချင်းအုပ်စုသည် အတန်း 15 တွင်ထိုင်နေပြီး ကျိုးချွမ်၏ထိုင်ခုံကို ဖြတ်သွားစရာမလိုပေ။ ထို့ကြောင့် ကျိုးချွမ်သည် သူ့ချစ်သူနှစ်ယောက်က သူ့နောက်တွင် ထိုင်နေမှန်း မသိပေ။
ရှောက်လုံသည် ရထားထိုင်ခုံများ၏ မြေပုံကိုဆွဲကာ ကျိုးချွမ်နှင့် သူ့ချစ်သူများ၏ နေရာကို စက်ဝိုင်းများဖြင့် အမှတ်အသားပြုသည်။
သူက ယွီဟန်ကျန်းကို ပြောလိုက်သည်။ "ကျိုးချွမ်က သူမသေခင်မှာ သူ့ချစ်သူတွေ စုဝေးနေမှန်း မသိခဲ့ဘူး။ ထိုင်ခုံဖြန့်ဝေမှုအပေါ် အခြေခံပြီး၊ ကျိုးချွမ်၊ သူ့ညီနဲ့ သူ့ချစ်သူ ယွဲ့ရှောင်ချွမ်တို့က ရှစ်တန်းမှာ ထိုင်ကြပြီး အမျိုးသမီးသူငယ်ချင်း 5 ယောက်က 15 တန်းမှာ ထိုင်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် ဝေးကွာနေကြတယ်။ ရထားပေါ်တက်တဲ့ အချိန်တွေကလည်း လွဲနေပြီး တိုက်ရိုက်မဆုံဖြစ်ဘူး။"
မနေ့ည 9:30 တွင် ကျိုးချွမ်သည် သူ့ချစ်သူကို လက်ညာဘက်ရှိ နံပါတ် 6 ရထားတွဲဆီသို့ စေလွတ်လိုက်သည်။ မိန်းကလေး သုံးဦးသည် နောက်ဖေးတံခါးအနီး ညာဘက်ခြမ်းတွင် ရှိနေသဖြင့် သူတို့ကို တွေ့ရန် အခွင့်အရေး လွတ်သွားခဲ့သည်။
ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "မနေ့ညက ချန်ကျိုးဘူတာမှာ ရထားရပ်လိုက်တဲ့အချိန် ယွီလင်က နံပါတ် 6 ရထားတွဲပေါ်မှာ ရှိနေတယ်။ သူမက ပထမဆုံး တက်လာပြီး အခန်းတံခါးကို ပိတ်လိုက်တယ်။ ကျိုးချွမ်က သူ့ချစ်သူကို နံပါတ် 6 ရထားတွဲဆီ လိုက်ပို့ပြီး တံခါးပိတ်ထားတဲ့ အိပ်ခန်းပါအခန်းထဲမှာ ဘယ်သူလဲဆိုတာ မမြင်ရဘူး။ အဲဒီနောက် စစ်းရိ၊ ယန်ရူရူနဲ့ ချန်မုတို့က နံပါတ် 4 ရထားတွဲ နောက်ဖေးတံခါးပေါက်နေ တက်လာကြတယ်။ သူတို့အားလုံးက ကျိုးချွမ်နဲ့ လုံးဝကို လွဲသွားကြတယ်။”
"ကျိုးချွမ်က သူ့ချစ်သူကို ပို့ပြီး ပြန်လာတော့ ရထားပေါ်က မိန်းကလေးတချို့က အရမ်းရင်းနှီးတာကို သူ သတိမထားမိခဲ့တာ ဖြစ်ကောင်းဖြစ်တယ်။ ဒါ့အပြင် သူတို့က ဝေးလွန်းတယ်။ ချန်မုနဲ့ ယန်ရူရူတို့ တက်လာတဲ့အခါ အိပ်ပျော်ဖို့ ဦးထုပ်တွေနဲ့ မျက်နှာကို ဖုံးအုပ်ထားတာ ကျွန်တော် မှတ်မိတယ်။ အချိန်က 9:30 ပဲရှိသေးပေမဲ့ သူတို့ အရမ်းပင်ပန်းနေတာကြောင့်လို့ ထင်ခဲ့တာ။ တကယ်တော့ သူတို့ကို စောစောတွေ့သွားမှာ ကြောက်နေတာပဲ။"
ကျိုးချွမ်သည် သူ့ချစ်သူ ခုနစ်ယောက်စလုံး ရထားပေါ်မှာ ရှိနေတယ်ဆိုတာ ကြိုသိခဲ့ရင် သူ တုန်လှုပ်သွားပြီး သတိရှိသွားလိမ့်မည်။ Bondage ဂိမ်းကစားရန် သူတို့ထဲမှ တစ်ဦးနှင့်အတူ အိမ်သာသို့ လိုက်ခဲ့မည်မဟုတ်ပါ။
ကျိုးချွမ် မသေဆုံးမီတွင် မိန်းကလေးခုနစ်ဦးသည် သူ့ကိုအသုဘချရန် ရောက်လာလာခဲ့ကြောင်းကို ကျိုးချွမ်မသိခဲ့ပေ။
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "ဒါက စနစ်တကျ စီစဉ်ထားတဲ့ လူသတ်မှုဖြစ်ပြီး လူခုနစ်ဦးစလုံး ပါဝင်ခဲ့တယ်။ သူတို့ကိုယ်တိုင် မလုပ်ခဲ့ဘူးဆိုရင်တောင် သူတို့မှာ WeChat အဖွဲ့ ဒါမှမဟုတ် Q အဖွဲ့ရှိမယ်လို့ ထင်မိတယ်။ မိန်းကလေးတစ်ယောက်က ကျိုးချွမ်သတိမထားမိအောင်၊ လူတိုင်းကို ကျိုးချွမ်နဲ့တွေ့မဲ့ အခွင့်အရေးကို ရှောင်ရှားနိုင်စေဖို့ လူတိုင်းရဲ့ လှုပ်ရှားမှုတွေကို တစ်ညီတစ်ညွတ်တည်းဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်။"
ဥပမာအားဖြင့် ဘူတာရုံတွင် အမျိုးသမီးသူငယ်ချင်းအုပ်စုသည် ကျိုးချွမ်ထက်စောရောက်ခဲ့လျှင် ကျိုးချွမ်က သူတို့ကို တွေ့နိုင်ဖွယ်ရှိသည်။ ခရီးတွင် ကျိုးချွမ်သည် အိမ်သာမှပြန်လာသောလမ်းတွင် မိန်းကလေးတစ်ဦးနှင့် ထိပ်တိုက်တွေ့တာမျိုးဖြစ်နိုင်သည်။
သို့သော် ထိုအဖြစ်အပျက်များ မဖြစ်ခဲ့ပါ။ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ဘူး။ တစ်စုံတစ်ယောက်သည် ကျိုးချွမ်၏ လှုပ်ရှားမှုများကို ညှိနှိုင်းရန် တာဝန်ယူခဲ့သည်။ ကျိုးချွမ်သည် ရုတ်တရက် အိမ်သာသို့သွားလျှင် အဖွဲ့ချတ်တွင် 'ကျိုးချွမ် လာနေပြီ' ဟု အော်နိုင်ပြီး လျှိုရှောင်ယန့်နှင့် စုန့်ရှောင်ယွီတို့က သူ့ကို ရှောင်နိုင်ကြသည်။
ကျိုးချွမ်၏ လှုပ်ရှားမှုအားလုံးကို ဘယ်သူက တိတိကျကျ ဆုပ်ကိုင်နိုင်မှာလဲ။ သူ့ဘေးတွင် ထိုင်နေသော လက်ရှိချစ်သူ ယွဲ့ရှောင်ချွမ်သာရှိသည်။
ရှောက်လုံက ပါးစပ်ကို ဖွင့်လိုက်သည်။ "ယွဲ့ရှောင်ချွမ်က သူလျှိုဖြစ်ပုံရတယ်။ ကျိုးချွမ်ကို အခြားမိန်းကလေးတွေနဲ့ တိုက်ရိုက်ထိတွေ့တာ တားဆီးဖို့ ကျိုးချွမ်ရဲ့လှုပ်ရှားမှုတွေကို ပြောပြခဲ့တယ်။ ဒါကြောင့် ကျိုးချွမ်နဲ့ မိန်းကလေးတွေက ရထားတွဲပေါ်မှာ မဆုံဖြစ်ခဲ့ကြဘူး။"
ယွီဟန်ကျန်းသည် အမှုများစွာကို ဖြေရှင်းခဲ့ဖူးသော်လည်း လူယုတ်မာတစ်ယောက်ကို သတ်ရန် ချစ်သူခုနစ်ယောက် ပူးပေါင်းတာကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ပို၍ကြောက်စရာကောင်းတာက ဒီလူခုနစ်ယောက်သည် ရန်သူတွေဖြစ်သင့်ပေမဲ့ သူတို့က စည်းလုံးညီညွတ်ကြသည်။ အခြားသူတစ်ဦးကို မျက်ရည်ကျစေသည့် သာမန်ဖောက်ပြန်မှုကိစ္စများနှင့် မတူပါ။ ကျိုးချွမ်သည် မိန်းကလေးခုနစ်ယောက်က သူ့ကို အလွန်မုန်းတီးသွားအောင် လုပ်ခဲ့သော အရာတစ်ခုကြောင့် ဖြစ်ပေမည်။
ရှောက်လုံက သူ့နားထင်ကို ဖိလိုက်သည်။ "ယွဲ့ရှောင်ချွမ်က ဒီလူသတ်မှုကို စီစဉ်ခဲ့မယ်ဆိုရင် သံသယများစွာကို ရှင်းပြနိုင်တယ်။"
ယွီဟန်ကျန်းက တိုးတိုးပြောသည်။ "ကျိုးချွမ်က သူ့ရဲ့အခြားချစ်သူတွေကို သူဘယ်သွားမယ်၊ ဘယ်မှာထိုင်မယ်ဆိုတာ ပြောရလောက်တဲ့အထိမတုံးဘူး။ ကျိုးချွမ်ရဲ့လက်မှတ်အချင်အလက်တွေကို သူနဲ့အတူခရီးသွားတဲ့ ယွဲ့ရှောင်ချွမ်က အခြားခြောက်ယောက်ဆီ ပြောပြလိုက်တာသိသာတယ်။"
ရှောက်လုံက ကျိုးကျန့်ကို ပြန်ကြည့်သည်။ "မင်းတို့လေးယောက် ဖျော်ဖြေပွဲ အတူတူ သွားကြည့်ဖို့ အဆိုပြုခဲ့တဲ့သူက ယွဲ့ရှောင်ချွမ်လား။"
ကျိုးကျန့်က ဒါကိုကြားပြီး သူ့အမူအရာက အလွန်ရုပ်ဆိုးနေသည်။ သူက လက်သီးကို တင်းတင်းဆုပ်ပြီး အော်ဟစ်လိုက်သည်။ "Shit၊ ယွဲ့ရှောင်ချွမ်က စိတ်ပုံမှန်မဟုတ်တဲ့လူပဲ။ သူမက ကျွန်တော့်အစ်ကို သတ်ခဲ့တာလား။ ကျွန်တော် သူမကို ခေါ်လိုက်မယ်…"
ယွီဟန်ကျန်းက သူ့ကို အေးစက်စွာ ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ "အလျင်စလို ကောက်ချက်မချပါနဲ့။ ငါတို့ကိုပြောပါ။ ဒီဖျော်ဖြေပွဲကို ယွဲ့ရှောင်ချွမ်က အဆိုပြုခဲ့တာလား။"
ကျိုးကျန့်က တင်းမာစွာ ခေါင်းငြိမ့်ပြပြီး ခဏမျှ ငြိမ်သက်သွားခဲ့သည်။ "ဟုတ်တယ်၊ ယွဲ့ရှောင်ချွမ်က သူမအကြိုက်ဆုံး အဆိုတော်က နတ်ဘုရားမဖြစ်ပြီး နတ်ဘုရားမကလည်း သုံးနှစ်တစ်ကြိမ်မှ ဖျော်ဖြေပွဲလုပ်တယ်။ ဒီနှစ်က အားလပ်ရက်မှာ ကျင်းပတာဆိုတော့ သူမ မလွတ်ချင်ဘူး။ နောက်တော့ ရန်ရန်လည်း သွားချင်ပြီး ကျွန်တော့်အစ်ကိုကို ပြောလိုက်တယ်။ ဆွေးနွေးပြီးနောက် ကျွန်တော်တို့လေးယောက် အတူတူသွားဖို့ ဆုံးဖြတ်ခဲ့တယ်။"
ရှောက်လုံက မေးလိုက်သည်။ "မင်းနဲ့ မော့ကျားရန်က အိပ်ခန်းပါရထားတွဲ လက်မှတ်မဝယ်ခဲ့တဲ့အတွက် ငြင်းခုံခဲ့တာကို ငါမှတ်မိတယ်။ မင်းက အိပ်ခန်းပါလက်မှတ်တွေကို ဝယ်မလို့လား။"
ကျိုးကျန့်လည်း တစ်ခုခုမှားနေပြီဆိုတာ ခံစားလိုက်ရပြီး သူ့အမူအရာက မည်းမှောင်သွားသည်။ "အစကတော့ အိပ်ခန်းပါလက်မှတ်တွေကိုဝယ်ဖို့ ကျွန်တော် စိတ်ကူးထားတာ။ ကျွန်တော် ဝယ်ခါနီးမှာ ယွဲ့ရှောင်ချွမ်က ရုတ်တရက် စာပို့လာတယ်။ သူမက အားလပ်ရက်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်ပြီး တိကျတဲ့ထွက်ခွာချိန်ကို မဆုံးဖြတ်ရသေးဘူးတဲ့။ ကျွန်တော် သူမအတွက် စောင့်နေခဲ့တာ… ရလဒ်အနေနဲ့ ထွက်ခွာမဲ့ရက်မတိုင်ခင် တစ်ပတ်အလိုမှာ အချိန်ဆုံးဖြတ်ထားပြီလို့ သူမပြောခဲ့တယ်။ အဲဒီနောက် ကျွန်တော် လက်မှတ်ဝယ်တဲ့အခါ အိပ်ခန်းပါရထားတွဲ လက်မှတ်တွေက ကုန်သွားပြီး မာကျောကျောထိုင်ခုံတွေကိုပဲ ဝယ်လို့ရခဲ့တယ်။"
မော့ကျားရန်က သူ့ကို ဆူပူကြိမ်းမောင်းသောအခါ အလွန်တရားမျှတမှု မရှိဟု သူခံစားခဲ့ရသော်လည်း 'အချိန်ကို မဆုံးဖြတ်ခြင်းအတွက် ယွဲ့ရှောင်ချွမ်ကို အပြစ်တင်ပါ' ဟူ၍ သူမပြောနိုင်ပေ။ သူ့အစ်ကို ဒေါသထွက်မှာဖြစ်သလို၊ ယွဲ့ရှောင်ချွမ်လည်း ဒေါသထွက်ပြီး မော့ကျားရန်က ခေါင်းရှောင်သောလူလို့ သူကိုထင်သွားလိမ့်မည်။ သူက သူ့အမှားကို ဝန်ခံလိုက်ရုံပါပဲ။
ဒီကိစ္စကြောင့် သူ့ချစ်သူက သူ့ကို ကဲ့ရဲ့ရှုတ်ချခဲ့ပေမဲ့ တကယ်တမ်းတော့ သူ့အပြစ်ချည်းပဲမဟုတ်ဘူး။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး သဲလွန်စများကို ဆက်စပ်နေပးသည်။ ကျိုးကျန့်နှင့် မော့ကျားရန်တို့က ထိုင်ခုံနေရာများအတွက် ကြီးမားသော ရန်ပွဲဖြစ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ကျိုးကျန့်သည် အိပ်ခန်းပါရထားတွဲလက်မှတ်များ မရသည့် အကြောင်းရင်းမှာ ယွဲ့ရှောင်ချွမ်ကြောင့်ဖြစ်သည်။
အချိန်နှင့်ပတ်သက်ပြီး သေချာမှုမရှိဟု သူမကပြောသော်လည်း ၎င်းသည် လက်တွေ့စမ်းသပ်မှုမျှသာနှင့် မသက်ဆိုင်ပါ။ သေချာတာကတော့ သူမသည် အခြားချစ်သူခြောက်ယောက်နှင့် အချိန်ညှိနှိုင်းနေခြင်းဖြစ်သည်။
လူခြောက်ယောက်စလုံး အချိန်ကို ဆုံးဖြတ်ပြီးသည်နှင့် သူမက ကျိုးကျန့်ကို လက်မှတ်ဝယ်ရန် အကြောင်းကြားခဲ့သည်။ ရလဒ်မှာ ကျိုးကျန့်သည် မာကျောကျောထိုင်ခုံများကိုသာ ဝယ်ယူနိုင်ခဲ့ပြီး အခြားမိန်းကလေးများအတွက် ရထားလက်မှတ်များ ဝယ်ယူရန် အဆင်ပြေသွားခဲ့သည်။
ရှောက်လုံက တွေးဆသည်။ "မင်း လက်မှတ်တွေဝယ်ပြီးတော့ ယွဲ့ရှောင်ချွမ်ကို ပို့ခဲ့တာလား။"
ကျိုးကျန့်က တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းငြိမ့်သည်။ "ကျွန်တော်တို့ လေးယောက်က ခရီးသွားတဲ့အခါ ဆက်သွယ်ရတာ အဆင်ပြေစေဖို့ WeChat အဖွဲ့ကို ထောင်ခဲ့တယ်။ လက်မှတ်အချက်အလက်တွေကို အဖွဲ့ဆီ တိုက်ရိုက်ပို့ပေးလိုက်တာ။"
သူလိမ်တာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် ဖုန်းကိုထုတ်ပြီး ရှောက်လုံနှင့် ယွီဟန်ကျန်းတို့အား ချတ်မှတ်တမ်းတွေကို ပြသခဲ့သည်။
အစောဆုံးမှတ်တမ်းများကို လွန်ခဲ့သည့်တစ်လကမှ ပြန်လည်ခြေရာခံနိုင်သည်။ လူလေးယောက်က ဖျော်ဖြေပွဲသွားဖို့ ဆွေးနွေးကြသည်။ ယွဲ့ရှောင်ချွမ်သည် 'နတ်ဘုရားမ ဖျော်ဖြေပွဲ' ဟုခေါ်သော အဖွဲ့ထဲသို့ လူတိုင်းကို ဆွဲခေါ်ခဲ့ပြီး ဒီအဖွဲ့ချတ်သည် အများအားဖြင့် ဒီခရီးစဉ်ကို စီစဉ်ခြင်းအကြောင်းဖြစ်သည်။ ယွဲ့ရှောင်ချွမ်က အကြံပြုသည်။ "ငါတို့အားလုံး အပြင်ထွက်ပြီး ကစားကြမှာဆိုတော့ AA(Algebraic Average) စနစ်ပဲ မဟုတ်လား။ ကုန်ကျစရိတ်အားလုံးကို ညီတူညီမျှ ခွဲပေးကြမယ်လေ။"
ကျိုးချွမ်က ပြန်ပြောသည်။ "မိန်းကလေးတစ်ယောက်ကို ငါက ဘယ်လိုလုပ် ပေးခိုင်းရမှာလဲ။ ဒီခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ငါတာဝန်ယူပြီး မင်းတို့နှစ်ယောက်စလုံး ကစားလို့ရတယ်။”
မော့ကျားရန်က တွေးဆသည်။ "ဒါက အဆင်ပြေလို့လား။ နင်ကလည်း ကျောင်းသားတစ်ယောက်ပဲ။ နင့်မှာ ဘယ်လိုလုပ် မုန့်ဖိုးတွေအများကြီးရှိနိုင်မှာလဲ။"
ကျိုးချွမ်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။ "ငါက ဆော့ဖ်ဝဲလ်လေးတစ်ခု တီထွင်ဖန်တီးရာမှာ ကျောင်းသားအနည်းငယ်နဲ့ အလုပ်လုပ်ခဲ့ပြီး ဝယ်သူတစ်ဦးကို တွေ့ရှိခဲ့တယ်။ မူပိုင်ခွင့်ကြေးက သန်းအနည်းငယ်ဆိုတော့ ဒီတစ်ခါ ငါမင်းတို့ကို ပြုစုပါ့မယ်။"
မော့ကျားရန်က ချီးကျူးသည်။ "အစ်ကိုကြီးက အရမ်းတော်တာပဲ။ (လက်မထောင်ပြခြင်း)"
ယွဲ့ရှောင်ချွမ်က ပြုံးပြုံးလေးသာ ပြုံးပြလိုက်သည်။
Volume 3 : အမြန်ရထား
Chapter 84 (4 of Hearts – အမြန်ရထား ၁၇၊ မိန်းကလေးခုနစ်ယောက်နှင့် ဇာတ်လမ်းတစ်ပုဒ်) Part-2
နောက်ပိုင်းတွင် လူလေးဦးမှ ထွက်ခွာမည့်အချိန်ကို ဆွေးနွေးခဲ့ကြသည်။ ကျိုးချွမ်သည် မကြာသေးမီက အလုပ်များနေသောကြောင့် ကျိုးကျန့်က လက်မှတ်များနှင့် ဟိုတယ်များကို ဘွတ်ကင်လုပ်ရန် စတင်လုပ်ဆောင်ခဲ့သည်။
မူလက ဇူလိုင် 1 ရက်တွင် လက်မှတ်ဝယ်ရန် စီစဉ်ထားသည်။ သူတို့က ဇူလိုင် 20 ရက်မှာ ထွက်ပြီး လမြို့မှာ ဖျော်ဖြေပွဲကို မကြည့်ခင် ရက်အနည်းငယ်လောက် ကစားကြမည်။ ရလဒ်အနေဖြင့် ကျိုးကျန့်သည် ယွဲ့ရှောင်ချွမ်နှင့် သူ၏ သီးသန့်ချတ်မှတ်တမ်းကို ဖွင့်ပြခဲ့သည်။ "ဇွန် 30 ရက်မှာ ယွဲ့ရှောင်ချွမ်က ကျွန်တော့်ကို သီးသန့်လာရှာတယ်။"
ယွဲ့ရှောင်ချွမ်: "ကျိုးကျန့်၊ ငါ တောင်းပန်ပါတယ်။ အားလပ်ရက်မှာ စမ်းသပ်မှုတွေ လုပ်ရနိုင်ပြီး 20 ရက်နေ့မှာ ငါ ထွက်နိုင်ပါ့မလား သေချာမသိဘူး။ လက်မှတ်ဝယ်ဖို့ နင်အလျင်စလိုနေစရာမလိုပါဘူး။ ငါ့ဆရာနဲ့ အချိန်ကို တတ်နိုင်သမျှ ငါဆုံးဖြတ်လိုက်မယ်။"
ကျိုးကျန့်က သံသယမရှိသလို သူမသတင်းကို စောင့်မယ်လို့ ရိုးရိုးလေးပြောခဲ့သည်။ အဲဒီနောက်မှာတော့ ကျိုးကျန့်က သူမကို တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုပေးဖို့ နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့သည်။ "ငါ စမ်းသပ်မှုကို 24 ရက်နေ့မှာ အပြီးသတ်မယ်။ 25 ရက်နေ့မှာ စလို့ရလား။"
ကျိုးကျန့်က စိတ်ပူသွားသည်။ "ဖျော်ဖြေပွဲက 29 ရက်နေ့လေ။ 25 ရက်နေ့ ထွက်ရင် 28 ရက်နေ့မှ ရောက်မှာ။ ဒီအချိန်က အရမ်းတင်းကြပ်နေတယ်မဟုတ်လား။"
"မတတ်နိုင်ဘူးလေ။ အစောဆုံးသွားနိုင်တာက 25 ရက်နေ့ပဲ။ တစ်ညလုံး အနားယူပြီး နောက်နေ့ ဖျော်ဖြေပွဲကို ကြည့်လို့ရပါတယ်။ အခြားအစီအစဉ်တွေကို ရက်အနည်းငယ်ရွှေ့ဆိုင်းလို့ရတယ်။ နင့်အစ်ကိုကို ငါပြောပြီးပြီမို့ နင့်ကိုပဲ ဒုက္ခပေးရတော့မယ်။"
သူ့အစ်ကိုမှာ ဘာအထင်အမြင်မှမရှိသောကြောင့် ကျိုးကျန့်က သဘောတူလိုက်ရသည်။
ကြိုတင်စာရင်းသွင်းခြင်းနှင့်ပတ်သက်ပြီး ယွဲ့ရှောင်ချွမ်နှင့် စကားပြောဆိုရာတွင် သူသည် မလိမ်လည်ကြောင်း သက်သေပြခဲ့သည်။
ယွီဟန်ကျန်းက သူ့မေးစေ့ကို ထိလိုက်သည်။ "ဒီမိန်းကလေး ခုနစ်ယောက်ထဲက အများစုက တက္ကသိုလ်ကျောင်းသူတွေဖြစ်ပြီး နွေရာသီ အားလပ်ရက်တွေ ပေါများတယ်။ ဒါပေမဲ့ စစ်းရိနဲ့ လျှိုရှောင်ယန့်တို့က အလုပ်လုပ်ပုံပေါ်ပြီး ထွက်ခွာဖို့ အဆင်မပြေဘူး။ ယွဲ့ရှောင်ချွမ်က ထွက်ခွာမဲ့အချိန်ကို 25 ရက်မြောက်နေ့ကို ရွှေ့ဆိုင်းခြင်းက မိန်းကလေးခုနစ်ဦးစလုံး ဒီရထားကိုမီနိုင်အောင် အချိန်ကိုညှိနှိုင်းတာ ဖြစ်နိုင်တယ်။"
ရှောက်လုံက ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။ "စမ်းသပ်မှုတွေလုပ်ခြင်းနဲ့ပတ်သက်တဲ့ သူမရဲ့စကားတွေဟာ အလိမ်အညာဖြစ်ရမယ်။"
ယွီဟန်ကျန်းက ထပ်ပေါင်းပြောသည်။ "ယွဲ့ရှောင်ချွမ်သာ ကျိုးချွမ်ရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်နိုင်ပြီး အခြားသူတွေကို အသိပေးနိုင်တာ။"
ရှောက်လုံ: "ဒါ့အပြင် ယွဲ့ရှောင်ချွမ်က ဆေးပညာကို လေ့လာနေတာ။ သူမက လူ့ခန္ဓာဗေဒနဲ့ ရင်းနှီးပြီး နောက်ဆုံးထိုးနှက်ချက်မတိုင်ခင် သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေကို ရှောင်ရှားဖို့ ဓားဒဏ်ရာ 29 ချက်ကို လုပ်နိုင်တယ်။ ဒါ့အပြင် ဒီနေ့ သူမရဲ့အဝတ်အစားတွေကို ပြောင်းလဲခဲ့တယ်။ မနေ့ညက သူမအဝတ်အစားတွေက သွေးတွေစွန်းနေလို့လား။"
လက်ရှိ သဲလွန်စများအရတော့ တကယ့်ချစ်သူ ယွဲ့ရှောင်ချွမ်က တကယ့်ကို သံသယအရှိဆုံးသူပါ။ သို့သော်…
မိန်းကလေး၏ အသွင်အပြင်၊ သူမ၏ ဂရုမစိုက်သော အမူအရာနှင့် 'အပြင်ကကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ဘူး' လို့ အမြဲပြောနေသော သူမ၏အကြည့်ကို တွေးကြည့်ရင် သူမ၏ချစ်သူကို သတ်ပစ်ဖို့ အဆုံးစွန်အထိသွားလိမ့်မယ်လို့ ရှောက်လုံမယုံနိုင်ခဲ့ဘူး။
ကျိုးကျန့်က တုန်လှုပ်သွားသည်။ "ကျွန်တော် မမြင်ခဲ့မိဘူး။ ယွဲ့ရှောင်ချွမ်က ဘယ်လိုလုပ် ဒီလောက်အထိ စိတ်ဖောက်နေရတာလဲ။" သူလှည့်ထွက်သွားပြီး တစ်ဖက်လူကို ရိုက်ချင်လာသည်။ ထို့နောက် ယွီဟန်ကျန်းက သူ့ကို ငြိမ်သက်စွာ တားလိုက်သည်။ "အရမ်းမတုန်လှုပ်ပါနဲ့။ ဒါက ငါတို့ရဲ့ ကနဦးကျိုးကြောင်းဆင်ခြင်ခြင်းသာဖြစ်ပြီး သူမက လူသတ်သမားဖြစ်ကြောင်း သက်သေမပြနိုင်ဘူး။"
ကျိုးကျန့်က ဒေါသထွက်သွားသည်။ "မသိသာဘူးလား။ သူမက အစ်ကို့ကို ဖျော်ဖြေပွဲသွားဖို့ အကြံပေးပြီး အစ်ကို့ရဲ့ ထိုင်ခုံနံပါတ်ကို သိနေခဲ့တယ်။ သူမသာ ကျွန်တော့်တို့ရဲ့ ခရီးသွားအစီအစဉ်တွေကို အခြားမိန်းကလေးတွေဆီ ထုတ်ဖော်နိုင်တာ။"
ရှောက်လုံက ပြုံးလိုက်သည်။ "ဟုတ်ပါတယ်၊ သူမဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ပြီး ခရီးသွားချိန်ကို ညှိနှိုင်းဖို့ တာဝန်ယူရမှာ၊ ဒါပေမဲ့ သူမက နောက်ဆုံးထိုးနှက်ချက်ကို ကိုင်တွယ်ခဲ့သူလားဆိုတာ ဆုံးဖြတ်လို့မရဘူး။"
ယွီဟန်ကျန်းက အဆိုပြုသည်။ "မမေ့နဲ့ဦး၊ မင်းအစ်ကိုက အဲဒီလူနဲ့ လိင်မဆက်ဆံခင် သေသွားတာ။ ယွဲ့ရှောင်ချွမ်က ဘယ်မှာလဲ။"
ကျိုးကျန့်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ "သူမက နံပါတ် 6 ရထားတွဲကို ပြောင်းခဲ့တာမဟုတ်ဘူးလား။"
ရှောက်လုံက ခွဲခြမ်းစိတ်ဖြာသည်။ "မင်းအစ်ကိုရဲ့လက်တွေခြေတွေကို ကြိုးနဲ့ချည်ထားတယ်။ သူက အိမ်သာထဲကလူနဲ့ bondage ကစားခြင်းမှာ ပါဝင်နေပုံရတယ်။ ဒါက ခိုးကြောင်ခိုးဝှက် စိတ်လှုပ်ရှားစရာရှာနေတာနဲ့ ပိုတူတယ်… ယွဲ့ရှောင်ချွမ်နဲ့ သူက ချစ်သူတွေဖြစ်ပြီး သူမက မနေ့ညက နံပါတ် 6 ရထားတွဲပေါ်မှာ အိပ်ခဲ့တယ်။ အဲဒါက သူမဖြစ်မယ်လို့မဆိုလိုဘူး။"
ကျိုးကျန့်၏မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေသည်။ "ဘာကိုဆိုလိုတာလဲ။"
ယွီဟန်ကျန်းက အေးစက်စွာပြောလိုက်သည်။ "မင်းအစ်ကိုက N လှေတွေပေါ်တက်ပြီး မိန်းကလေးတော်တော်များများကို စော်ကားထားတယ်။ လက်ရှိမှာ ယွဲ့ရှောင်ချွမ်ရဲ့ သံသယက အကြီးဆုံးဖြစ်ပေမဲ့ အခြားခြောက်ယောက်မှာလည်း ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ အခွင့်အရေးတွေရှိတယ်။"
ကျိုးကျန့်: "…"
ရှောက်လုံက ထပ်ပေါင်းပြောသည်။ "ပူးတွဲပြစ်မှုကျူးလွန်နိုင်ခြေကိုလည်း ငါတို့ ဖယ်လို့မရဘူး။"
ကျိုးကျန့်: "…"
ယွီဟန်ကျန်းက သူ့ကို ပြောလိုက်သည်။ "မင်း အေးအေးဆေးဆေးနေဖို့ မျှော်လင့်ပြီး ဘယ်မိန်းကလေးကိုမှ စိတ်မြန်လက်မြန် မတွေ့ဖို့ ငါမျှော်လင့်တယ်။ အခု ကျေးဇူးပြုပြီူ နံပါတ် 9 ရထားတွဲမှာ တစ်ရက်လောက် ပုန်းနေလိုက်ပါ။ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ငါတို့မင်းကို အကြောင်းပြန်ပါ့မယ်။"
ကျိုးကျန့်၏သဘောတူညီမှုမရှိဘဲ ယွီဟန်ကျန်းသည် ကျိုးကျန့်၏ပခုံးကို ညင်သာစွာဆုပ်ကိုင်ကာ နံပါတ် 9 ရထားတွဲပေါ်သို့ အတင်းဆွဲခေါ်သွားခဲ့သည်။
ကျိုးကျန့်၏ မျက်နှာသည် မှိန်းမောတွေဝေနေပြီး သူ့အာရုံများ ပြန်မလာသေးချေ။ သူ့အစ်ကိုက သူ့ကိုမြေမြုပ်ဖို့ရောက်လာသော မိန်းမခုနစ်ယောက်ကို အံ့သြတုန်လှုပ်အောင် ဘယ်လောက်များယုတ်မာထားတာလဲ။ ကြောက်စရာကောင်းလှသည်။ အိမ်သာထဲက ကြေကွဲဖွယ်မြင်ကွင်းကို တွေးရင်း ကျိုးကျန့်သည် အေးစက်သွားသလို ခံစားလိုက်ရ၏။
သူ အိပ်မက်ဆိုးတွေ မက်တော့မယ်။
***
ကျိုးကျန့်ကို အဝေးပို့လိုက်ပြီးနောက် ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က ရုံးခန်းသို့ ပြန်လာပြီး တိတ်ဆိတ်သွားခဲ့သည်။
သံသယရှိသူ ခုနစ်ဦးစလုံးတွင် ရည်ရွယ်ချက်ရှိကြပြီး အမှုသည် နံပါတ် 6 ရထားက လီကျယ်မင် သေဆုံးခြင်းထက် ပိုမိုရှုပ်ထွေးပါသည်။
ယွီဟန်ကျန်းသည် သူ့အတွေးများကိုစုစည်းရန် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ "လက်ရှိအချိန်မှာတော့ အဓိကကျတဲ့ သဲလွန်စတွေ ရှိနေသေးတယ်။ ကျိုးချွမ်ရဲ့ လက်ခြေတွေကို ချည်ထားတဲ့ကြိုးက ဘာဖြစ်သွားတာလဲ။ ကျိုးချွမ်ကို သတ်လိုက်ခြင်းကနေ လူသတ်မှုကျူးလွန်သူရဲ့ အဝတ်အစားတွေက သွေးတွေစွန်းထင်းနေတယ်။ သူမ ဘယ်မှာဝှက်ထားတာလဲ။ ဒီသဲလွန်စနှစ်ခုကို ရှာဖွေခြင်းက ကိုယ်တို့ရဲ့ကျိုးကြောင်းဆင်ခြင်ခြင်းကို အထောက်အကူဖြစ်စေမှာ သေချာတယ်။"
ရထားတွဲ၏ အကြီးမားဆုံး အားသာချက်မှာ သက်သေအထောက်အထားများကို ဖျက်ဆီးရန် ခက်ခဲကာ အလုံပိတ်ထားသော နေရာတစ်ခုဖြစ်သည်။ ရထားပေါ်မှာ သက်သေအထောက်အထားတွေ ရှိနေရမည်။
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ယွဲ့ရှောင်ချွမ်ကို အရင်မေးရအောင်။"
လူနှစ်ယောက်က ရထားတွဲပေါ်ပြန်သွားကြသည်။ ယွဲ့ရှောင်ချွမ်နှင့် မော့ကျားရန်တို့သည် ဖုန်းကိုင်ကာ တီဗီဒရာမာတစ်ခုကို အတူကြည့်နေကြသည်။ ရထားစောင့်များကို မြင်ပြီး မော့ကျားရန်က မော့ကြည့်လိုက်သည်။ "ရှင်တို့ ကျိုးကျန့်ကို ဘယ်ခေါ်သွားတာလဲ။"
ရှောက်လုံက သူမကို ပြုံးပြလိုက်သည်။ "ကျိုးကျန့်က မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ နေလို့မကောင်းဘူးတဲ့။ အဲဒါကြောင့် ငါ သူ့ကို နံပါတ် 9 ရထားတွဲမှာ ခဏအိပ်ခိုင်းလိုက်တယ်။"
မော့ကျားရန်က ပြုံးလိုက်သည်။ "ရထားစောင့်တွေက အရမ်းသဘောကောင်းတာပဲ။"
ယွီဟန်ကျန်းက အေးအေးဆေးဆေး အဆိုပြုလိုက်သည်။ "မစ္စယွဲ့၊ ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ။ မင်းချစ်သူက မင်းကိုရှာနေတယ်။"
ယွဲ့ရှောင်ချွမ်သည် မျက်ခုံးများကို ညင်သာစွာ ပင့်လိုက်ပြီး သူတို့နောက်သို့ လိုက်ရန် ထလိုက်သည်။ လူနှစ်ယောက်က သူမကို အိမ်သာသို့ ခေါ်သွားသည်။ ယွီဟန်ကျန်းက သူမကို အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်ကာ အိမ်သာတံခါးကိုပိတ်နေစဉ် ရှောက်လုံက အပြင်တွင်ရပ်နေခဲ့သည်။
ယွဲ့ရှောင်ချွမ်သည် မြေပြင်ပေါ်တွင် ကျိုးကျန့်ကို မြင်ပြီး ချက်ချင်း သူမပါးစပ်ကိုအုပ်ကာ "အားးး—"ဟု အော်လိုက်သည်။
သူမ၏မျက်လုံးအိမ်များက တင်းတင်းကျပ်ကျပ် ဖြစ်နေပြီး သူမ၏မျက်နှာမှာ ထိတ်လန့်သွားခဲ့သည်။
ယွီဟန်ကျန်းသည် သူမ၏အမူအရာကို ဂရုတစိုက်ကြည့်ကာ တိုးတိုးလေးပြောခဲ့သည်။ "ဒါ မင်းရဲ့ချစ်သူမဟုတ်ဘူးလား။ သူ့ကို ဘယ်သူသတ်လဲ မင်းသိလား။"
ယွဲ့ရှောင်ချွမ်က ခေါင်းယမ်းလိုက်သည်။ "ကျွန်-ကျွန်မ မသိဘူး။ မနေ့ည 9:30 မှာ နံပါတ် 6 ရထားတွဲကိုပြောင်းပြီး ညသန်းခေါင်အထိ တီဗီကြည့်နေခဲ့တာ။ ပြီးတော့ မိုးလင်းတဲ့အထိ ကျွန်မအိပ်တယ်။ ကျွန်မ သူ့ဆီ စာပို့ခဲ့ပြီး သူ စာမပြန်တော့ သူ့ဖုန်းအားကုန်သွားတယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ။"
ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "မနေ့ညက နံပါတ် 6 ရထားတွဲကနေ မင်းမထွက်ခဲ့တာကို တစ်ယောက်ယောက်က သက်သေပြနိုင်လား။"
"ရန်ရန်က ကျွန်မဘေးက ကုတင်မှာရှိတယ်။ မနေ့ညက အိပ်ရာဝင်တဲ့အခါ အခန်း 5 တံခါးကို အတွင်းကနေ သော့ခတ်ပြီး ကျွန်မ တစ်ညလုံး အပြင်မထွက်ခဲ့ဘူး။"
မြေပြင်ပေါ်ရှိ သွေးများနှင့် အဖြူရောင်အရည်များကို ကြည့်ကာ သူမသည် အန်ချင်စိတ်ကို ထိန်းထားရန် ပါးစပ်ကို အုပ်ကာ ခေါင်းကို လှည့်လိုက်သည်။
ယွီဟန်ကျန်းသည် သူမအား အခင်းဖြစ်ပွားရာနေရာမှ ခေါ်ထုတ်ကာ ရုံးခန်းသို့ ခေါ်ဆောင်သွားပြီး သူမကို ငြိမ်သက်စေခဲ့သည်။ မိန်းကလေး အန်ချင်စိတ်မရှိတော့တာနဲ့ ယွီဟန်ကျန်းက မေးလိုက်သည်။ "မင်းက ဆေးပညာကို လေ့လာနေပြီး ကျိုးချွမ် မသေခင် ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုတွေ ကြုံခဲ့ရတာကို မင်းတွေ့လောက်မှာပေါ့။ သူ့မှာ ဘယ်သူနဲ့ ဒီလောက်ကြီးမားတဲ့ ရန်ငြိုးရန်စရှိသလဲဆိုတာ မင်းသိလား။"
ယွဲ့ရှောင်ချွမ်က ခေါင်းယမ်းလိုက်သည်။ "ကျွန်မ မသိဘူး၊ သူက သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကျွန်မကို ပြောပြခဲတယ်။"
ယွီဟန်ကျန်းက သူမမျက်လုံးတွေကို စိုက်ကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။ "မင်းနဲ့ အခြားမိန်းကလေးခြောက်ယောက်တို့ ထောင်ထားတဲ့ WeChat အဖွဲ့ရှိသေးလား။"
ယွဲ့ရှောင်ချွမ်၏အမူအရာက အလွန်ရုပ်ဆိုးလာသည်။
ယွီဟန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ချတ်မှတ်တမ်းတွေကို ဖျက်ပစ်လောက်ပြီပေါ့။ WeChat အဖွဲ့မှာ မင်းအပြင် ယွီလင်၊ လျှိုရှောင်ယန့်၊ စုန့်ရှောင်ယွီ၊ စစ်းရိ၊ ယန်ရူရူနဲ့ ချန်မုတို့ရှိသင့်တယ်။ ငါပြောတာမှန်တယ်မလား။"
ယွဲ့ရှောင်ချွမ်: "…"
ယွီဟန်ကျန်းသည် သူတို့၏လျှို့ဝှက်ချက်ကို ထိမိခဲ့ကြောင်း သူမ၏မျက်နှာပေါ်မှ ထိတ်လန့်သောအမူအရာက သက်သေပြခဲ့သည်။ သူတို့၏ အစီအစဉ်က ချောမွေ့တယ်လို့ သူတို့ထင်ခဲ့ကြပေမဲ့ ကျိုးချွမ်က သူ့ချစ်သူများ၏ ဓာတ်ပုံများကို စုဆောင်းရတာ ဝါသနာပါမယ်လို့ သူတို့မထင်ထားခဲ့ဘူး။ သူသည် လူတိုင်း၏ ဓာတ်ပုံများကို USB ကတ်ထဲတွင် ထည့်ထားခဲ့သည်။
#TK