Chapter 104
Viewers 19k

👻Chapter 104

ခင်ဗျား တစ်ခု ပြောရင် ကျွန်တော်က တစ်ထပ် ချွတ်ချမယ်....




ကျင်းထျန်းယိက မရှောင်လိုက်ပဲ ဝမ်းပန်းတသာနှင့် အကန်ခံလိုက်သည်။ သူ့ဇနီးရဲ့ ခြေရာက သူများတွေနဲ့ မတူဘူး...


သူတို့က စနောက်နေကြသော်လည်း ရှောင်လော့ကိစ္စကို လုပ်ပေးပြီးနောက် ချူဟွိုက်က ညလေတဖြူးဖြူးနှင့် ဝရံတာတွင် ထိုင်နေရင်း ဆေးလိပ်သောက်ချင်လာရသော်လည်း မည်သို့သောက်ရမှန်းမသိ၍ ရေနွေးပူပူလေးသာ သောက်လိုက်မိသည်။ 

  

သူ ဘယ်လိုပဲကြည့်ပါစေ လေထုက ဝမ်းနည်းစရာကောင်းအောင် လေးလံနေတာပဲ...


ရှောင်လော့ သေသွားပြီးနောက် ချူဟွိုက်က ရုတ်တရက် တစ်ခုခုကို နားလည်သွားသည်။


သူက အခုဆို အဆင့်တော်တော်များများ ဖြတ်ကျော်ပြီးသွားလို့ သွားစရာ သိပ်မကျန်တော့ဘူး....သူသာ တကယ် အသက်ရှင်ခဲ့မယ်ဆိုရင် ကမ္ဘာအစစ်ကို ပြန်ရဖို့က သိပ်မလိုတော့ဘူး....


ချူဟွိုက်က ပါးစပ်က မပြောသော်လည်း ခန့်မှန်းကြည့်မိသည်။ ပြန်သွားတာက မေ့သွားသလိုမျိုးဆိုပေမယ့် သေခြင်းတရားက အဆုံးမရှိတဲ့ အဖော်တစ်ယောက်ပဲ.... 

  

ဒါကြောင့် သူနဲ့ကျင်းထျန်းယိတို့ ထွက်သွားကြတာနဲ့ သူစိမ်းတွေ ဖြစ်လာကြပြီး အချင်းချင်း မှတ်မိကြတော့မှာ မဟုတ်ဘူးပေါ့....


ဒါပေမယ့် ချူဟွိုက်က ကျင်းထျန်းယိအတွက်နဲ့ ဒီနေရာမှာ တစ်သက်လုံး မနေချင်မိသလို ကျင်းထျန်းယိကလည်း သဘောတူမှာ မဟုတ်ပါဘူး....


တစ်ချို့အရာများကြောင့် ချူဟွိုက်က ကျင်းထျန်းယိ သူ့ကို ပေးခဲ့သည့် ကတိများက အမြဲတမ်း သူတစ်ယောက်တည်း ဆုံးဖြတ်ခဲ့သည့် သူ့ဆန္ဒများသာ ဖြစ်မှန်း နားလည်သဘောပေါက်သွားရသည် 


" ကျင်းထျန်းယိက အမြဲတမ်း ချူဟွိုက်နောက်လိုက်ပြီး ကာကွယ်ပေးသွားမှာ...."


သို့သော်လည်း ကျင်းထျန်းယိက သူယုံကြည်သည့်အရာမှလွဲ၍ သူ့အပေါ် လိုအင်ဆန္ဒမျိုး မရှိခဲ့ဖူးပေ။ သူက ကတိတောင်းခဲ့ခြင်းမျိုး မရှိခဲ့သလို သူ့ဘက်က ပြန်လိုချင်သည့်အရာ ဆိုသည်မျိုးလည်း မရှိခဲ့ဖူးပေ။


သူတို့နှစ်ယောက်ကြားမှာ တစ်သက်လုံး တည်မြဲနေတာမျိုး မရှိဘူးဆိုတာ ရှောင်လော့သေသွားတဲ့အချိန်ကတည်းက အကြောင်းရင်းက ပေါ်သွားပြီးပြီ... 


ကမ္ဘာအစစ်ကို ပြန်သွားရရင် သူစိမ်းတွေ ဖြစ်လာပြီး တစ်သက်လုံး မေ့သွားကြတော့မှာ....


အဲ့ဒီလူက သိနေခဲ့တာပဲ....

 

ချူဟွိုက်က သွားယားလာသည်ထိ ဒေါသထွက်လာ၍ အံတင်းတင်းကြိတ်ပြီး မျက်လုံးများပင် အနည်းငယ် နီရဲလာသည်။


သူ ထွက်သွားလို့ရအောင် တတ်နိုင်သမျှ ကူညီပေးမယ်ဆိုတာ သူကောင်းကောင်း သိလိုက်ရပြီ....

 

ချူဟွိုက်က အနာဂတ်က အရှည်ကြီး ကျန်ပါသေးသည်ဟု တွေးလေ့ရှိသော်လည်း ရုတ်တရက် သူတို့ကို အချိန်စတွက်နေပြီမှန်း နားလည်သွားခဲ့သည်။ 


သူက အရွေးမှားသွားပြီး ကျင်းထျန်းယိက သူ့ကို သရဲသတ်ခံရအောင် ကြံစည်ခဲ့ရင်တော့ သူက ဒီကမ္ဘာကြီးထဲက ထွက်မသွားနိုင်ပဲ တစ်သက်လုံးပိတ်မိနေရင်း သူနဲ့အတူတူရှိနေတော့မှာ... 


ကျင်းထျန်းယိက ဒီလို လုပ်လိုက်လို့ရတယ်...


ဒါပေမယ့် သူ မလုပ်ခဲ့ဘူး...သူ့မှာ အဲ့ဒီလိုမျိုး စဥ်းတောင်မစဥ်းစားခဲ့မိလို့ ဖြစ်မှာပါ....


ကျင်းထျန်းယိက သူဒီနေရာကို မုန်းတီးနေမှန်း ကောင်းကောင်းသိတယ်....သူ လွတ်လွတ်လပ်လပ်အသက်ရှင်ချင်မှန်းလည်း သိတယ်... အရင်တုန်းက ကြိုးစားရုန်းကန်ခဲ့ရသမျှကို အလဟဿမဖြစ်စေချင်မှန်းလည်း သူသိတယ်...သူက သရဲဖြစ်လာပြီး ဒီကမ္ဘာကြီးကနေ ထိန်းချုပ်ခံရမှာကို မလိုလားမှန်းလည်း သိတယ်....ဒါကြောင့် သူက သူ့ကို တိတ်တိတ်လေး ကူညီပေးနေတာပဲ....  


ပိုပြီးသိတဲ့သူတွေက အမြဲတစေ အသံတိတ်နေတတ်တယ်....မျှော်လင့်ချက်ကို နည်းနည်းပဲထားတတ်တယ်....မတုန်မလှုပ်နေတတ်တယ်....ကျင်းထျန်းယိက အဆုံးသတ်ကို မြင်နေရပြီး သူရွေးချယ်မည့် အရာကိုလည်း သိနေ၍ သူ့အတွက် တိတ်တိတ်လေး လမ်းခင်းပေးထားခဲ့သည်။


ကျင်းထျန်းယိက စကားနည်းသည့်သူဖြစ်သော်လည်း အမှန်တရားက ထွက်ပေါ်လာ၍ ချူဟွိုက်က ပိုပြီးနက်နက်ရှိုင်းရှိုင်း တူးဆွရမည်ဖြစ်ပြီး ဖုန်တက်မနေသော နှလုံးသားတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။ 


ဒါနဲ့ သူ့အတွက် ဒရမ်မာဆန်ဆန် လုပ်နေစရာအကြောင်း ဘာရှိလို့လဲ....


သူသာ တကယ် ထွက်သွားချင်တယ်ဆိုရင် သူဘယ်သူလဲဆိုတာ မေ့မသွားဖို့ သူ့ရဲ့အမှတ်တရတချို့ကို ချန်ထားခဲ့ရမှာမို့လား....


…


ကျင်းထျန်းယိက မှန်ပြတင်းပေါက်ကို ခေါက်လိုက်မိပြီး လော့ကို စမ်းကြည့်ပြီးမှ ချူဟွိုက်က ဝရံတာတွင်နေပြီး သူ့ကိုယ်သူ လော့ချထားမှန်း နားလည်သွားသည်။


ချူဟွိုက်က ဝရံတာတွင် ကိုယ်ကို မှီထားရင်း ရုတ်တရက် လှည့်ကြည့်လိုက်သည်။


ကျင်းထျန်းယိက ဂျာကင်တစ်ထည်ကို ကိုင်ထားပြီး သူ၏ချောမောသော မျက်နှာအစိတ်အပိုင်းများက အမှောင်ယံညအလယ် ပိုပြီးနွေးထွေးသက်ဝင်နေသည်။


ချူဟွိုက်က စိတ်ခံစားချက်များကို ဖုံးကွယ်ထားလိုက်ရင်း တံခါးလော့ဖွင့်ကာ အပြုံးလေးနှင့် လက်ဆန့်ပြလိုက်သည်။


" မင်း အဲ့ဒီမှာ အကြာကြီး ဘာရပ်လုပ်နေတာလဲ....မအေးဘူးလား...." ကျင်းထျန်းယိက တုံ့ဆိုင်းနေသည့်သူ့ကို တွေ့လိုက်သည့်အချိန် ဂျာကင်လေး ခြုံပေးလာလေသည်။


ချူဟွိုက်က မှီခိုလာပြီး မြူဆွယ်သလိုလုပ်လာ၍ သူနည်းနည်း လန့်နေမိ၏။


ကျင်းထျန်းယိက မျက်လုံးမှိတ်ပြလိုက်သည် " ညီငယ်လေး...မင်းဘာတွေ တွေးပူနေတာလဲ....အချစ်ပြဿနာလား....မိသားစု ကွဲတဲ့ကိစ္စလား....မိတ်ဆွေအပေါင်းအသင်းတွေ ဆုံးသွားကြလို့လား....အစ်ကို့ကို ပြောပြလေ...."  


စကားတစ်ခွန်းမဆိုပဲ ချူဟွိုက်က သူ့ကို အထဲခေါ်သွားပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်တာ လှဲလိုက်ရင်း ခေါင်းစောင်းကြည့်လာသည်။ ထို့နောက် သူက လည်ချောင်းရှင်းလိုက်ရင်း စကားစပြောလာသည် " ဂိမ်းကစားကြရအောင်...." 


" ဂိမ်းလား..." ကျင်းထျန်းယိက ရှောင်လော့ကြောင့် ဝမ်းနည်းနေခြင်းဖြစ်မည်ဟု တွေးမိရင်း သူစိတ်ပျော်သွားအောင် စနောက်လာသည် " ဘာဂိမ်းလဲ...အချစ်ဂိမ်းလား...." 


သူက မရေမရာပြောလိုက်သော်လည်း သူ့မျက်လုံးများက ကြည်လင်သွားရသည်။


ချူဟွိုက်မျက်နှာက ရှက်သွေးဖြာမသွားပဲ အရေးကြီးကိစ္စတစ်ခုလိုမျိုး ခေါင်းညိမ့်ပြလာသည်။


ကျင်းထျန်းယိမှာ အံ့သြသွားရသည်။


ချူဟွိုက်က ထူးဆန်းသည့်စကားကို ပြောလာသည် " အခု ခင်ဗျားအခန်းထဲ သွားပြီး အဝတ်ထပ်ဝတ်ချေ..."


" မင်းကရော....."


" ကျွန်တော်လည်း အဲ့ဒီအတိုင်း လုပ်မှာလေ...." ချူဟွိုက်က ပြုံးလိုက်ပြီး ထပ်ဖြည့်ပြောလာသည် " ခင်ဗျားဝတ်နိုင်သလောက် များများထပ်ဝတ်ခဲ့...."


“ နာရီဝက်ပဲနော်..." ချူဟွိုက်က စားပွဲပုလေးပေါ် နာရီနှိုးစက် ချလိုက်ပြီး ဆက်ပြောလာသည် " ကျွန်တော် ဒီမှာ နာရီဝက်အတွင်း စောင့်နေမယ်...."


ကျင်းထျန်းယိ၏ သိချင်စိတ်က ဖွားခနဲပေါ်လာ၍ သူက နာနာခံခံနှင့် အပေါ်ထပ် တက်သွားပြီး အဝတ်အစားသွားလှဲသည်။

  

သူထွက်သွားသည်နှင့် ချူဟွိုက်က ချက်ချင်း ထရပ်လိုက်ပြီး သူ့အဝတ်ဗီရိုကို လှန်လှောရှာနေမိသည်။


နာရီဝက်ကြာပြီးနောက် ကျင်းထျန်းယိက အထဲဝင်လာပြီး ဘောလုံးလေးတစ်လုံးလို ပတ်ခြုံထားသည့် ချူဟွိုက်ကို မြင်သောအခါ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။


ချူဟွိုက်က ဆိုဖာပေါ်တွင် ထိုင်နေပြီး လူသားတောင်တစ်ခုလို အထပ်အထပ် ဖြစ်နေသည်။  


သူ့လည်ပင်းကို အားစိုက်ပြီး လှည့်ကြည့်လာရင်း ချူဟွိုက်က သတိပေးလာသည် 


" ခင်ဗျား အဲ့ဒီလို ဝတ်ထားလို့ နောက်မှ နောင်တရမယ်နော်....ခင်ဗျားကို သတိမပေးဘူးဆိုပြီး အပြစ်တင်မလာနဲ့...."


" လာ....ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်...." 


ကျင်းထျန်းယိက မနေနိုင်ပဲ ရယ်မိသွားသည်။


ချူဟွိုက်က စားပွဲကို ဖန်ခွက်နဲ့ ခေါက်လိုက်ပြီး သတိပေးလာသည် " အတည်ပြောနေတာနော်....အတည်ကစားမှာ...." 


ကျင်းထျန်းယိက ကြိုးစားပြီး မျက်နှာပိုးသတ်လိုက်ရသည် " အိုကေလေ..." 


ချူဟွိုက်က သူ့ကို ရေတစ်ခွက် ငှဲ့ပေးလာသည် " ဒီမှာ လာပြီ....ကျွန်တော်တို့ကြားမှာ တော်တော်လေး စိတ်ညစ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်....ကျွန်တော်ပြောတဲ့ထဲမှာ ကန့်ကွက်စရာရှိလား...." 


ကျင်းထျန်းယိက အံ့သြသွားရသည် " မရှိပါဘူး..."


" ခင်ဗျားမှာ သေချာပေါက် ကျွန်တော့်ထက် ပိုပြီး လျှို့ဝှက်ချက်တွေ များနေတယ်....ကန့်ကွက်စရာ ရှိလား...." 


“ မရှိပါဘူး...."


" ခင်ဗျား အရင်တုန်းက ကျွန်တော့်ကို ဝန်ခံမယ်ဆိုပြီး ပြောခဲ့တာလေ...အဲ့ဒါက စကားသက်သက်ပဲလား...."


" အဲ့ဒါက အပြောသက်သက်ပါပဲ...." 


“ ကောင်းပြီ...." ချူဟွိုက်က သူ့အဖြေနှင့် သဘောထားကို ကျေနပ်သွားသလို ခေါင်းညိမ့်ပြလာသည်


 " ကျွန်တော် မေးတာ ပြီးသွားပြီ....အခု စည်းကမ်းချက်တွေအကြောင်း ပြောလို့ရပြီ..."


ကျင်းထျန်းယိက စိတ်ရှည်ရှည်နားထောင်နေပြီး သူ့အကြည့်က စူးရှနေသည်။


ချူဟွိုက်က စကားပြောရန် အသက်ပြင်းပြင်းရှူလိုက်သော်လည်း စကားတစ်လုံးမှ ညစ်မထုတ်နိုင်၍ ရုတ်တရက် အရှိန်ပျက်သွားပြီး ရေရွတ်လာသည် 


" အမ်.....ကျွန်တော့်ကို အဲ့ဒီလို ကြည့်မနေနဲ့လေ...ပြောရမှာတောင် ရှက်နေပြီ.....အဲ့ဒါက အရမ်းကြီး ပြင်းထန်တဲ့ စည်းကမ်းချက်တစ်ခု မဟုတ်ပါဘူး...အရင်ဆုံး ရေသောက်လိုက်ရုံလေးပါ...." 

 

ကျင်းထျန်းယိက အကဲခတ်သလို မျက်လုံးများနှင့် ရေသောက်လိုက်သည်။


" ဒါဆို...." ချူဟွိုက်က အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလာသည် " ခင်ဗျားတစ်ခု ဝန်ခံလာမယ်ဆိုရင် ကျွန်တော်က အဝတ်တစ်ထပ် ချွတ်ပေးမှာ...." 


ကျင်းထျန်းယိက ရေသီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ အသက်မရှူနိုင်တော့သလို မျက်လုံးအပြူးသားနှင့် ချူဟွိုက်ကို စိုက်ကြည့်လာ၏။


ချူဟွိုက်က စိုးရိမ်သွားသလို တစ်သျှူးစ ကမ်းပေးလာပြီး မျက်နှာကလည်း နီမြန်းသွားရသည် " ဘာလို့ အရမ်းကြီးဖြစ်သွားရတာလဲ.....ကျွန်တော်က ဆုံးအောင် မပြောရသေးဘူးလေ...."


ကျင်းထျန်းယိက တစ်ခဏမျှ အသံတိတ်သွားပြီး သူ့မျက်လုံးများက အနည်းငယ် မှေးမှိန်လာသည်


 " မင်း ဒီဂိမ်းကို အတည်ကြီး လုပ်နေတာလား...." 

 

ချူဟွိုက်က အဖြေကို ရှောင်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် လက်ကို အကြောဆန့်လိုက်ရင်း ဖုံးဖိရယ်လိုက်သည်


 " ကျွန်တော်က အထပ်ထပ်ဝတ်ထားတာမို့လို့ ခင်ဗျားကို မျက်နှာသာပေးနေတာပဲ မဟုတ်ဘူးလား....ခင်ဗျား ဆန္ဒရှိရင်....အကုန်လုံးကို ရှင်းရှင်းလင်းလင်းဝန်ခံရမယ်...."  

 

ကျင်းထျန်းယိမျက်လုံးထဲတွင် မသိလိုက်မသိဘာသာနှင့် ညှို့ယူနေသော ကောင်လေးအား ချက်ချင်း အိပ်ရာပေါ် ပစ်တင်ချင်မိသည်အထိ ချူဟွိုက်က ချစ်စရာကောင်းလွန်းနေသည်။ 


“ ကျွန်တော့်ကို အဲ့ဒီလို ကြည့်မနေနဲ့လေ...." 


ချူဟွိုက်သည် မျက်လုံးများကသာ သားရိုင်းကောင်လို တလက်လက်ဖြစ်နေပြီး ပါးစပ်က ပြန်ဖြေမလာသည့် ကျင်းထျန်းယိကို တွေ့လိုက်၍ ခေါင်းမာမာနှင့်သာ ဆက်ပြောရတော့သည် 


" ကျွန်တော့်ဘက်ကလည်း အရှုံးမရှိပါဘူး....ကျွန်တော် ဝန်ခံရင် ခင်ဗျားဘက်ကလည်း အဝတ်တစ်ထပ် ချွတ်ပေးရမှာ...." 


ကျင်းထျန်းယိက သူပြောချင်သည့် အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွား၍ ပြုံးပြလာသည်


 " စိတ်ရင်းအတိုင်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရမယ်...ပြီးတာနဲ့...."   

 

ချူဟွိုက်က ရှက်သွေးဖြာသွားပြီး ကြားဖြတ်ပြောလိုက်ရသည် " ပေါက်ကရပြောတာတွေ ရပ်လိုက်တော့....ကန့်ကွက်စရာမရှိရင် စပြီ....ခင်ဗျားကို အရင်ဆုံး မေးမယ်...."


ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။


ချူဟွိုက် " ခင်ဗျားက လူသားလား...." 


ဤမေးခွန်းက သူ့ကို စော်ကားနေသလိုမျိုး တော်တော်လေး ထူးဆန်းနေသည်။ ကျင်းထျန်းယိက တစ်ခဏမျှ ထူးဆန်းသွားပုံပေါ်သွားကာ ဂရုတစိုက် စဥ်းစားပြီးမှ ဝန်ခံလာသည်


 " ကိုယ် ဖြစ်ခဲ့နိုင်ပေမယ့် အခု မဟုတ်တော့ပါဘူး..." 

 

ချူဟွိုက်က အဖြေကို ခန့်မှန်းထားပြီးသား ဖြစ်သော်ငြား ကျင်းထျန်းယိပြန်ဖြေလာသည်ကို ကြားလိုက်သောအခါ အံ့သြမိသွားသည်။


“ 'ဖြစ်ခဲ့နိုင်တယ်' ဆိုတာ ဘာကို ပြောတာလဲ...." 


" ကိုယ့်မှတ်ဥာဏ်တွေက မပြည့်မစုံနဲ့ ပြတ်ပြတ်သားသား မရှိဘူး....ဒါပေမယ့် ကိုယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိတယ်...."


ချူဟွိုက်က အံ့သြသွားရပြီး သူထပ်ပြီးဖုံးကွယ်လို့ မရတော့မှန်း ခံစားမိ၍ မေးလိုက်တော့သည် " ခင်ဗျားက သရဲလား...." 


ကျင်းထျန်းယိက မျက်မှောင်ကြုပ်လိုက်သည် " ကိုယ် အသေအချာတော့ မပြောနိုင်ဘူး....ဒါပေမယ့် အဲ့လို ဖြစ်နိုင်လောက်တယ်...."


ချူဟွိုက်က စိတ်တိုလာ၍ စားပွဲခုံကို ရိုက်ချလိုက်သည် " ခင်ဗျား တော်တော်များသွားပြီနော်...."


ကျင်းထျန်းယိက ကူကယ်ရာမဲ့သွားသလို ပြန်ဖြေလာသည် " ဒီအချိန်ကျမှ ကိုယ် ဘယ်လိုလုပ် လိမ်နိုင်တော့မှာလဲ....မင်း မြန်မြန်လေး ပြောလိုက်ဖို့တောင် မျှော်လင့်နေတာ ကိုယ်က....."

 

ချူဟွိုက်က ထပ်မံ ရှက်သွေးဖြာသွားပြီး ဆက်ပြောလာသည် " အိုကေ....နောက်မေးခွန်းတစ်ခု....'အစောင့်အရှောက်' ဆိုတာ ဘာကို ပြောချင်တာလဲ...." 


ကျင်းထျန်းယိက လိုရင်းတိုရှင်း ပြန်ဖြေလာသည် " တကယ်တော့ အဲ့ဒါက ထူးခြားတဲ့လူတစ်ချို့ကို စောင့်ကြပ်ပေးရတာပါ...."


ချူဟွိုက်က စိတ်တိုလာ၍ စားပွဲခုံကို ခေါက်ချလိုက်သည်


 " ခင်ဗျား ပြောထွက်လာအောင် သွားတိုက်ဆေးပါ ညစ်ပေးရဦးမလား....တည့်တည့်ဖြေပေးလို့ မရနိုင်ဘူးလား ခင်ဗျား....သိတဲ့သူတွေက ဝန်ခံသွားကြပြီးပြီ...."


ကျင်းထျန်းယိက သက်ပြင်းချပြီး စကားဆိုလာသည် 


" အစောင့်အရှောက် တစ်ချို့တော့ ရှိနိုင်ပေမယ့် သူတို့နဲ့ တစ်ခါမှ မတွေ့ဖူးဘူး....ကိုယ်တို့မစ်ရှင်က မင်းနဲ့လော့ဇီယန်တို့လို အပြစ်မလုပ်ထားပဲ ပရလောကထဲ ဝင်လာရတဲ့သူတွေကို စောင့်ကြပ်ပေးဖို့ ခေါင်းထဲစွဲနေအောင် မှတ်ထားရတာ....ရှောင်လော့ရဲ့ ဥာဏ်ရည်က ရှောင်ယဲ့ကိစ္စကြောင့် သက်ရောက်မှုရှိသွားခဲ့တယ်....ပြင်ပအကူအညီသာ မရှိရင် သူက အသက်ရှင်လျက် အိမ်ပြန်နိုင်မှာ မဟုတ်ဘူး....ဒါကြောင့် ကိုယ့်မှာ သူ့ကို ကူညီပေးဖို့ တာဝန်ရှိတယ်...."  


ချူဟွိုက်က မေးလာသည် " ခင်ဗျားရဲ့ မျက်လုံးတွေကရော...."


ကျင်းထျန်းယိက ပြန်ဖြေလာသည် " ကိုယ်မွေးလာကတည်းက အဲ့ဒီမျက်လုံးနဲ့ပဲ....အဲ့ဒီအကြောင်း သိပ်မသိဘူး....နောက်မေးခွန်း...." 


ချူဟွိုက်က ပြန်မေးလာသည် " အတိတ်ကနေ တစ်ခုခု ကြုံတွေ့ရတာမျိုး ရှိလား....ဗလာသက်သက် အခြေအနေပဲလား....."


ကျင်းထျန်းယိက ပြန်ဖြေလာသည် " ဟုတ်တယ်...." 


ချူဟွိုက်က ဖိမေးလိုက်သည် " ခင်ဗျား မစ်ရှင်ဘယ်လောက် အောင်ထားပြီးပြီလဲ...."


ကျင်းထျန်းယိက တစ်ခဏမျှ တွန့်ဆုတ်နေရာမှ မော့ကြည့်လာသည် " ဆယ့်သုံးခု...."


ချူဟွိုက်က မျက်လုံးအပြူးသား ဖြစ်သွားရသည် " ခင်ဗျားပြောတော့ အဆင့်ကိုးက ဂိတ်ဆုံးဆို...." 


“ ဒါကြောင့်လည်း ကိုယ်က ပြိုင်ပွဲဝင်မဟုတ်သလို ထျန်းကျီမှတ်လည်း မရှိဘူးလေ...." ကျင်းထျန်းယိက ရယ်မောလိုက်သည်


 " နောက်ပိုင်းမှာ တွေ့လာပါလိမ့်မယ်...." (အဝတ်ချွတ်လိုက်ရင်🌚)


“ မရိုးမသား လာမလုပ်နဲ့...." ချူဟွိုက်က သူ့ကို ဆူငေါက်လိုက်ရင်း နားရွက်များ နီရဲသွားရသည်။


ချူဟွိုက်က တုန်တုန်ယင်ယင် မေးလိုက်သည် " ခင်...ခင်ဗျား ဒီလောကကြီးအကြောင်း ဘယ်လောက်သိထားလဲ...." 


ကျင်းထျန်းယိက ပြန်ဖြေလာသည် " ဒီလောကကြီးက သေချာပေါက် ကောင်းတဲ့အရာမဟုတ်ဘူးလို့ပဲ ကိုယ် ပြောနိုင်မယ်...." 

 

…


နှစ်နာရီမျှ စကားပြောပြီးနောက် ချူဟွိုက်မှာ အာခေါင်ခြောက်လာပြီး စိတ်ရှုပ်သွားရသည်။ သူက ရေတစ်ငုံသောက်လိုက်ပြီး ပြောလာသည်


 " ခင်ဗျားတကယ်ပဲ ကျွန်တော့်ကို မလိမ့်တပတ်လုပ်နေတာ မဟုတ်ဘူးမို့လား....ဘာလို့ ကျွန်တော်က ခင်ဗျားကို မယုံသလို ဖြစ်နေရတာပါလိမ့်...."


ကျင်းထျန်းယိက ကူကယ်ရာမဲ့သွားရသည်။ သူက ပြည့်ပြည့်စုံစုံ မဖြေမိမှန်း အစကတည်းက သိလေသည်။ သို့သော်လည်း သူစဥ်းစားသည့်နည်းလမ်းက ရှင်းလင်းပြီး မှတ်ဥာဏ်ချွတ်ယွင်းနေရင်တောင်မှ သူ့အသိစိတ်နှင့်အပြုအမူက ပြောင်းလဲခြင်းမရှိပဲ ပုံသေကျနေသည်။


ချူဟွိုက်က စိတ်မရှည်တော့ပေ။ သူက ကျင်းထျန်းယိနှင့် စကားပြောပြီးနောက် အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားသလို တွေးမိသည်။ သို့သော်လည်း သူပိုပြီးမေးလေလေ ပိုပြီးခေါင်းရှုပ်လာလေလေ ဖြစ်လာသည်။


ချူဟွိုက်က အားမရှိသလို မေးလာသည် " ခင်ဗျားက အတိအကျ ဘာလဲ...." 

 

ကျင်းထျန်းယိက အနည်းငယ် နှုတ်ခမ်းသပ်လိုက်မိသည်။ ဒီစကားက သူ့ကို စော်ကားနေသလိုပဲ...


ချူဟွိုက်က ဆက်ပြီး ညည်းတွားလာသည့်အချိန် ကျင်းထျန်းယိက ရုတ်တရက် သူ့ကို တွန်းလှဲပစ်ရင်း ဆိုဖာပေါ် ဖိထားကာ သူ့နှုတ်ခမ်းကို နမ်းရှိုက်လာသည်။


ချူဟွိုက်က မျက်လုံးအပြူးသား ဖြစ်သွားရင်း ရုန်းကန်လာသော်လည်း ကျင်းထျန်းယိ၏ အကြည့်စူးစူးအောက်တွင် နစ်မြောသွားရသည်။ သူ လွတ်မြောက်သွားသည့်အချိန် ရှက်ရှက်နှင့် အော်ပစ်လိုက်တော့သည်။


" သောက်ကျိုးနည်း....ခင်ဗျား စည်းဖောက်တာ....ကျွန်တော် အင်္ကျီတောင် မချွတ်ရသေးဘူး....ကျွန်တော့်ကို လွှတ်ပေး....."  


ကျင်းထျန်းယိက သူ့ကို အိပ်ရာဆီ သယ်သွားပြီး သဘောကျရယ်မောလာသည် " ကိုယ်မင်းကို ကျန်တာ ကူညီပေးမယ်လေ...." 


ချူဟွိုက်က ကုတင်ပေါ် ပစ်တင်ခံလိုက်ရ၍ စောင်ထဲတွင် ချိုင့်ရာကြီးတစ်ခု ဖြစ်လာသည်။ သူက ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ကျင်းထျန်းယိက ဖြတ်ပြောလာသည် " ကိုယ်က လူကြီးလူကောင်းတစ်ယောက်လို့ မင်းတကယ် ထင်နေတာလား....ကိုယ် မင်းကို နှစ်နာရီလောက် သည်းခံပြီး မျက်နှာသာပေးထားတာနော်....." 

 

ချူဟွိုက်က ဒေါသထွက်လာရသည် " ခင်ဗျား...."


" ကလေးတွေပဲ ဂိမ်းဆော့ကြတာ....အရွယ်ပြီးတဲ့သူတွေကတော့....." ကျင်းထျန်းယိက စကားစရပ်လိုက်သည်။


ကျင်းထျန်းယိက လှောင်ရယ်လိုက်သည် " မင်း နောက်ပိုင်းကျ သိလာပါလိမ့်မယ်...."



👻